အပိုင်း ၁၂၇-၁၂၈
Viewers 21k

PART 127


လုချွမ်းဖန်က ယုဝူဇီ အားကူတွဲထားရင်း နှစ်သိမ့်ပေးနေခဲ့သည် ။ သူမက ပိုက်ဆံသုံး၍ တန်ဖိုးကြီးလက်ဆောင်တချို့ဝယ်ရန်အတွက် ထောက်ပံ့ရေးနှင့်သမဝါယမရုံးသို့သွားကြသည် ။ သူမ၏အစ်ကိုအား တရားသေလွှတ်ပေးရန်အတွက် တော်လှန်ရေးကောင်စီ ညွှန်ကြားရေးမူးနှင့် ပြည်သူ့လုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးတို့အား လာဘ်ထိုးရန် ကြံစည်နေခဲ့ကြသည် ။ 


လုချွမ်းဖန် ကသူမ၏ယောက်ျားအား ဖြတ်လမ်းမှတစ်ဆင့် ကွန်မြူနတီရုံးသို့လိုက်ပို့ခိုင်းခဲ့သည် ။ ထို့နောက်တွင် တော်လှန်ရေးကော်မတီဒါရိုက်တာဆီသို့ သူမအားခေါ်သွားပေးကန် တစ်စုံတစ်ယောက်အားမေးမြန်းအကူအညီတောင်းခဲ့သည် ။


သို့သော်လည်း တော်လှန်ရေးကောင်စီညွှန်ကြားရေးမူးက လက်ခါပြီးငြင်းဆိုခဲ့သည် ။


" ပြည့်သူလုံခြုံရေးဗျူရိုကို သွားရှာကြလေ အဲ့ဒီလိုကိစ္စမျိုးတွေကို သူတို့ဘက်ကတာဝန်ယူထားတာ "


သူမတို့က ပြည့်သူလုံခြုံရေးဗျူရိုညွှန်ကြားရေးမှူးထံ သွားရောက်ခဲ့သော်လည်း ညွှန်ကြားရေးမှူးအဟောင်းမှာ အနားယူသွားပြီဖြစ်ကာ အသစ်ကရုံးမလာသေးကြောင်းသိခဲ့ရသည် ။


လုချွမ်းဖန်က အလောတကြီးမေးလိုက်သည် ။


" ဒါဆိုရင် ညွှန်ကြားရေးမှူးအသစ်က ဘယ်သူလဲဟင်.. သူဘယ်မှာနေတာလဲ "


ထိုလူက အချိန်အတန်ကြာစဥ်းစားပြီးမှပြောလိုက်သည် ။


" အိုး...ငါမှတ်မိပြီ...သူ့နာမည်က ဟန်ချင်စုန့်တဲ့ မင်းတို့နဲ့တစ်ရွာထဲကဘဲလေ "


လုချွမ်းဖန်က မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားနေရသော်လည်း သူမ၏ခင်ပွန်းကမူပျော်ရွှင်နေခဲ့သည် ။


" ဟန်ချင်စုန့်ဆို ပိုပြီးတော့တောင် အဆင်ပြေတာပေါ့ ငါတို့ကတစ်ရွာတည်းသားချင်းတွေဆိုတော့ စကားပြောဆိုရအဆင်ပြေမှာပါ "


လုချွမ်းဖန်က ဒေါသထွက်လွန်း၍ မျက်ရည်များပင်ကျလာခဲ့သည် ။ 


ဘာလို့ ဒီလိုအသုံးမကျတဲ့ယောက်ျားကို လက်ထပ်မိတာပါလိမ့်!


ဟိုမိန်းမကိုကြည့်စမ်းပါဦး! ဒီလောက်ဆိုးသွမ်းနေတာတောင် ကောင်းကောင်းစားသောက်နေရတယ်! သူ့ယောက်ျားက စစ်သားဘဝကနေအလုပ်ပြောင်းတာနဲ့ ညွှန်ကြားရေးမှူးတန်းဖြစ်သွားတယ်!


ဘယ်လောက်တောင် မမျှတလိုက်သလဲ!


...


လင်းလန်က ယခုအချိန်အထိ စောင်တစ်ထည်ချုပ်ရန် ရုန်းကန်နေဆဲဖြစ်သည် ။ အချိန်အတော်ကြာသည်အထိ စောင်မည်သို့ချုပ်ရမည်မှန်း သူမမသိသေးချေ ။ ကြက်ခြေခတ်ပုံစံ မလှမပချုပ်ရိုးလိုင်းအနည်းငယ် ချုပ်ပြီးသည့်နောက်တွင် ပိတ်စထဲ၌အပ်ရှာမတွေ့ခြင်းနှင့် လက်ထိပ်အားအကြိမ်များစွာ ထိုးမိခြင်းတို့ဖြစ်ပေါ်နေခဲ့သည် ။


စောင်ချုပ်ခြင်းက သူမနှင့်လုံးဝမသင့်တော်ချေ ...


လင်းလန်က အံကြိတ်ရင်း ထိုင်တွေးနေခဲ့သည် ။ ဤသို့သော ပြဿနာမျိုးက ဥာဏ်ကောင်းခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မူတို့ဖြင့် မဖြေရှင်းနိုင်ကာ အချိန်ကြာမြင့်စွာကျွမ်းကျွမ်းကျင်ကျင်လေ့ကျင်မူဖြင့်သာ ကျော်ဖြတ်နိုင်လိမ့်မည် ။ 


သူမ တကယ်ကိုရူံးနိမ့်သွားလေပြီ !


အချိန်အတော်ကြာသော နောက်တွင်ပင် လင်းလန်က ရလဒ်ကောင်းမရနိုင်သေးပဲ အပ်နှင့်ထိုးမိဆဲဖြစ်သည် ။ ထို့သူမ ခဏရပ်ထားလိုက်ပြီး ဟင်းသီးဟင်းရွက်သွားခူးရန်သာဆုံးဖြတ်လိုက်သည် ။


သူမက ဆောင်းရာသီအတွင်းစားသောက်ရန် ဂေါ်ဖီထုပ် ၊ မုန်လာဥနှင့် အာလူးများကိုစုဆောင်းထားခဲ့သည် ။ သူမ၏ကလေးငါးယောက်သည် အစားအစာမလုံလောက်သော အဖြစ်အားကြုံတွေ့ခဲ့ရ၍ ကောင်းကောင်းမွန်မွန်ကျွေးမွေးပြုစုရန် ဆုံးဖြတ်ထားခဲ့သည် ။


နေလည့်၌ သူမအိမ်ပြန်ရောက်ခဲ့ပြီး ကလေးများလည်းတစ်ယောက်ပြီးတစ်ယောက် ပြန်လာခဲ့ကြသည် ။ ထို့ကြောင့် လင်းလန်က အမြန်ပင်နေ့လည်စာ ချက်ပြုတ်ရတော့သည် ။ 


အားဝမ်က စန်းဝမ်နှင့်ကပ်နေကာ မိုင်စွေ့က ရှောင်ဝမ်ကိုကြည့်ရူနေခဲ့သည် ။ ရှောင်ဝမ်က ဝမ်ဝမ်လေးနှင့် ဘဲပေါက်လေးနှစ်ကောင်လို စကားပြောနေခဲ့ပြီး တဝမ်က အခုထိအိမ်ပြန်မလာသေးပေ ။ 


ခဏအကြာတွင် ရှောင်ဝမ်က လင်းလန်ဆီဝမ်းသာအားရပြေးလာခဲ့သည် ။


" မားမား... မားမား သားဒါကိိုမူတ်တတ်သွားပြီ "


သူက လင်းလန်ပေးထားသော ပုလွေလေးအားကိုင်ကာ မူတ်ပြလိုက်သည် ။ လင်းလန်က မျက်ခုံးပင့်ကာပြောလိုက်သည် ။


" ရှောင်ဝမ်လေးက အရမ်းအံ့သြဖို့ကောင်းလိုက်တာ "


အားဝမ်က ပြောလိုက်သည် ။


" သားတို့မြက်နုတ်ဖို့သွားရင်း ကျောင်အုပ်ကြီးနဲ့တွေ့ခဲ့တာမားမား...သားတို့ကို ပုလွေ နဲ့ ဘယ်လိုမှုတ်ရမလဲသင်ပေးခဲ့တယ် "


( TN /  ကလဲရီနက် ၊ ဆက်ဆိုဖုန်း ၊ နှဲ စတဲ့တူရိယာတွေမှာအသုံးပြုတဲ့ဝါးအမျိုးအစားပါ ရှေးခေတ်ရိုးရာပုလွေတစ်မျိုးပြုလုပ်ရာမှာ အသုံးပြုပြီး ဒီထဲမှာတော့ ရိုးရိုးရှင်းရှင်းပုလွေလို့သာ သုံးပါမယ် ။ တူရိယာပစ္စည်းတွေအကြောင်းသိပ်မသိတော့ အမှားပါခဲ့ရင် နားလည်ပေးကြပါကုန်)


လင်းလန်က ထိုအကြောင်းတွေးမိသောအခါ သူမအမှန်တကယ်ပေါ့ဆနေကြောင်း သိလိုက်ရသည် ။ ထောက်ပံ့ရေးနှင့် သမဝါယမရုံးတွင် ပုလွေများအားရောင်းချလေ့မရှိပေ ။ သို့သော်လည်း သူမက ကလေးများဆော့ကစားရန်အတွက် တူရိယာအချို့အား ရှာဖွေဝယ်ယူပေးမည်ဖြစ်သည် ။


ရှောင်ဝမ်က လမ်းညွှန်သင်ပြပေးမည့်သူမရှိဘဲ ပုလွေမူတ်နိုင်နေမည်ဟု မည်သူထင်မည်နည်း?


ကိုယ်တိုင် လေ့လာရန်လွယ်ကူသောအရာမဟုတ်ပေ ။ မိုင်စွေ့က ကုတင်ပေါ်ရှိချုပ်လက်စ ဂွမ်းစောင်အား တွေ့သောအခါ ပျော်ရွှင်စွာအော်ပြောလိုက်သည် ။


" မားမား သမီးအတွက်စောင်တစ်ထည်ချုပ်ပေးနေတာလား... "


မိုင်စွေ့က မိသားစုထဲရှိတစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သောကြောင့် အသက်ကြီးလာသည်နှင့် စောင်မျှခြုံရန်မဖြစ်နိုင်တော့ပေ ။ ထို့ကြောင့် သူမအတွက်သီးသန့်စောင်တစ်ထည် သေချာပေါက်လိုအပ်သည် ။


သူ၏မောင်လေးများက ဤကဲ့သို့အထူးဆက်ဆံမူမျိုးအား မရနိုင်ပေ ။ မိုင်စွေ့က စောင်အားယူရန်လှမ်းလိုက်သောကြောင့် လင်းလန်အမြန်ပြောလိုက်သည် ။


" အခုထိချုပ်လို့မပြီးသေးဘူး မားမားအရင်ချက်ပြုတ်လိုက်ဦးမယ် "


အားဝမ်က လင်းလန်၏ ဖုံးကွယ်ထားလိုသော ပုံစံအားမြင်သောကြောင့် တိုးတိုးလေးကပ်ပြောလိုက်သည် ။


" မားမား ဘယ်လိုချုပ်ရမလဲမသိရင် အကြီးဆုံးအဒေါ်ကို မေးလိုက်လေ "


" မင်းရဲ့အကြီးဆုံးအဒေါ်က အလုပ်လဲသွားရသေးတယ် အိမ်အတွက်လည်းချက်ပြုတ်ပေးရသေးတယ်လေ ငါသူ့ကိုအလုပ်ပိုစေလို့ဖြစ်ပါ့မလား "


အားဝမ်က စနောက်လိုသောပုံစံလေးနှင့် ပြုံးနေခဲ့သည် ။ 


" နေ့လည်စာအရင်ချက်ကြရအောင် ကြက်ဥဘယ်နှလုံးကျန်သေးလဲ ကြက်သွန်မြိတ်နဲ့ကြက်ဥမွှေကြော်လုပ်စားကြမယ် "


" မားမားသားတို့ ခရမ်းချည်သီး စွပ်ပြုတ်ပါလုပ်စားကြမလားဟင် "


စန်းဝမ်က ချွေးစီးကျနေသောကြောင့် နဖူးအားလက်ဖြင့်သုတ်ရင်းပြောလိုက်သည် ။ သူ၏နဖူးမှ လခြမ်းပုံအမာရွတ်မှာ အလွန်ထင်ရှားနေသည် ။ ထိုအမာရွတ်၏ အရောင်မှာအနည်းငယ် ရင့်နေမည်ဆိုပါ ကပေါင်ချိန်နှင့်ပင်တူနေလိမ့်မည် ။


( TN/ ပေါင်ချိန်ကတော့လူတိုင်းသိကြတဲ့အတိုင်းဘဲ နဖူးမှာလခြမ်းပုံစံ အမာရွတ်ကြီးရှိတဲ့တရားသူကြီးပါ)


Xxxxx

Part 128


လင်းလန်က စန်းဝမ်၏အမာရွတ်ကြောင့် သနားစိတ်ဝင်သွားကာ ပြောလိုက်သည် ။


" ကောင်းပြီ...စန်းဝမ်အကြိုက်ချက်စားရအောင် "


အိမ်တွင်ကြက်မသုံးကောင်ရှိသောကြောင့် ကြက်ဥကုန်သွားမည်အား စိတ်ပူစရာမလိုသော်လည်း ဆီအတွက်တော့သူမတစ်ခုခုကြံစည်ရမည်ဖြစ်သည် ။ 


သူမချက်ပြုတ်နေသောအချိန်အတွင်း ကလေးများကရေဒီယိုနှင့်ဆော့ကစားနေကြသည် ။ အချိန်ကြာလာသည်နှင့် အမျှအသံထွက် တဂျစ်ဂျစ်ဖြစ်လာပြီး နောက်ဆုံးတွင်စက်ပိတ်သွားတော့သည် ။


အားဝမ်က မိုင်စွေ့ အားအပြစ်ပြောနေခဲ့သည် ။


" အစ်မ ကြွားဖို့ထုတ်လာပြန်ပြီလား "


မိုင်စွေ့၏ ပါးပြင်များနီရဲလာသော်လည်း ဝန်ခံရန်ငြင်းဆိုခဲ့သည် ။ 


" မဟုတ်ပါဘူး ငါတစ်နေကုန်မြက်နုတ်နေတာလေ ဘယ်မှာထုတ်ဖို့အချိန်ရှိလို့လဲ "


စန်းဝမ်းက ခရမ်းချဥ်သီးတစ်လုံးအားကိုက်လိုက်ကာ ပြောလိုက်သည် ။


" ဒုတိယအစ်မက ရေဒီယိုကိုယူထုတ်လာပြီး ယုရုံ ၊ မန်မန်တို့နဲ့အတူတူနားထောင်နေကြတာမဟုတ်ဘူးလား "


မိုင်စွေ့က ဒေါသထွက်သွားကာ စန်းဝမ်အားပြေးရိုက်တော့သည် ။


" နင်ဘာလို့နေရာတကာ ဝင်ပါနေတာလဲ "


စန်းဝမ် ထွက်ပြေးတော့သည် ။ ထိုအချိန်မှာပင် တဝမ်က သစ်ကိုင်းကြီးတစ်ကိုင်းအား စက်ဘီးပေါ်တင်ကာပြန်ရောက်လာခဲ့သည် ။ ဆောင်းဦးနှောင်းပိုင်း၌ အချို့ကျေးရွာများတွင် သစ်ပင်အချို့ကိုခုတ်လှဲကြ၍ သစ်ကိုင်းများအားထင်းစိုက်ရန် သွားရောက်ယူဆောင်နိုင်သည် ။


စန်းဝမ်က တဝမ်နောက်တွင် ဝင်ပုန်းကာပြောလိုက်သည် ။


" အစ်ကိုကြီး... ကယ်ပါဦး...ဒုတိယအစ်မက သားကိုသတ်မလို့လုပ်နေတယ် "


တဝမ်က မိုင်စွေ့ကိုကြည့်လာသောကြောင့် သူမက နူတ်ခမ်းဆူရင်းပြောလိုက်သည် ။


" သူပေါက်ကရတွေလျှောက်ပြောနေတာ "


" သားပေါက်ကရပြောတာမဟုတ်ပါဘူး ဒုတိယအစ်မ ခဏခဏထုတ်ပြတာသားမြင်သားဘဲ " 


လင်းလန်က နေ့လည်စာစားရန် လှမ်းအော်လိုက်သည် ။


" မြန်မြန်လက်ဆေးကြတော့ ထမင်းစားကြမယ် "


အားဝမ်က ရေဒီယိုပျက်သွားပြီထင်၍ မကျေမနပ်ဖြစ်နေသောကြောင့် လင်းလန်ကနှစ်သိမ့်လိုက်သည် ။


" ရေဒီယိုကပျက်သွားတာမဟုတ်ဘူး ဓာတ်ခဲအားကုန်သွားတာ အသစ်လဲလိုက်ရင်ပြန်ကောင်းသွားလိမ့်မယ် စိတ်မကောင်းမဖြစ်နဲ့တော့ "


" ဒါပေမဲ့ မားမားရယ် ဓာတ်ခဲတွေကရှာဝယ်ဖို့ အရမ်းခက်တာကို "


" မင်းတို့အဖေကို ဝယ်ခိုင်းလို့ရတယ်လေ "


အားဝမ်က အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း မိုင်စွေ့ အကြောင်းပြောရန်မမေ့ပေ ။


" မားမားဂရုစိုက်ရမယ်နော် မိုင်စွေ့ကို အလိုမလိုက်နဲ့ အသက်ကြီးလာရင်ဆိုးသွမ်းသွားလိမ့်မယ်... "


မင်းကမှ မိုင်စွေ့ထက်ပိုပြီးပြဿနာရှာတတ်မေတာမဟုတ်ဘူးလား....


" မားမားအလိုမလိုက်ပါဘူး စိတ်ချ အားဝမ်လေးက ရိုးသားကြိုးစားတဲ့ကလေးလေးမလို့ သားကိုအတုယူပြီး သူမဆိုးသွမ်းသွားမှာမဟုတ်ပါဘူး... သားကတစ်မိသားစုလုံးရဲ့ စံပြလေးဘဲမဟုတ်လား "


အားဝမ်က မြှောက်ပင့်ခံရ၍အလွန် ပျော်ရွှင်သွားခဲ့သည် ။ 


" ဒါဆိုရင် သားစကားနားထောင်ဖို့ မားမားပြောပေးရမယ် အမြဲတမ်းအစ်မကြီးဆိုပြီးအနိုင်ကျင့်ချင်နေတာ "


" ဟုတ်ပါပြီ "


လင်းလန်က ပြုံးရင်းမိုင်စွေ့အား ပြောလိုက်သည် ။


" အားဝမ်လေးဘယ်လောက် လိမ္မာလိုက်လဲကြည့်စမ်းပါဦး ဟင်းကောင်းကောင်းချက်တတ်တဲ့အပြင်ကို သမီးအတွက်အလုပ်ကူလုပ်ပေးသေးတယ် ယောက်ျားလေးတွေကမိန်းကလေးတွေထက် ပိုပြီးပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်  သူ့ပြောစကားနားထောင်ပြီးအလိုလိုက်ရမယ်နော် "


မိုင်စွေ့က တခစ်ခစ်ရီရင်းပြောလိုက်သည် ။


" အဲ့တာဆိုရင် အဖေကအလုပ်အများကြီးလုပ်နေရတာဘဲ မားမားအလိုလိုက်မှာလား "


" စားစရာရှိတာသာ စားစမ်းပါ! "


ထမင်းစားနေဆဲအချိန်တွင် လင်းလန်ကပြောခဲ့သည် ။


" နောက်နှစ်ရက်ဆိုရင် ကျောင်းတွေစဖွင့်တော့မယ် ကျောင်းအုပ်ကြီးဆီသွားပြီး မားမားမင်းတို့ကို ကျောင်းအပ်ပေးမယ် "


ကျောင်းတက်ရန်အသက်မပြည့်သေးသည့် ရှောင်ဝမ်မှ လွဲ၍အကုန်ကျောင်းသွားတက်ရမည်ဖြစ်သည် ။ စန်းဝမ်က တူကိုချရင်းပြောလိုက်သည် ။


" စားနေသောက်နေတုန်းမှာ အဲ့လိုကိစ္စတွေမပြောပါနဲ့လား မားမားရယ် သားအေးအေးဆေးဆေး ထမင်းစားချင်လို့ပါ "


အားဝမ်နှင့် မိုင်စွေ့က အသက်ပြည့်ပြီးဖြစ်ကာ လင်းလန်၏ ဦးနှောက်ဆေးသောစကားများအား နေ့တိုင်းနားထောင်နေရသည်ဖြစ်၍ မကန့်ကွက်ခဲ့ပေ ။


ရှောင်ဝမ်က အသက်မပြည့်သေးသောကြောင့် ထည့်စဥ်းစားရန်မလိုအပ်သေးချေ ။ တဝမ်က အသက်ကြီးနေပြီဖြစ်၍ နားလည်နေပြီဖြစ်၍ စန်းဝမ် ကသာအဓိကဖြစ်နေသည် ။ 


" ကျောင်းတက်နေတာကို အသုံးမဝင်ဘူးပြောနေတဲ့လူတွေအကုန်လုံးက အရူးတွေချည်းဘဲ ကျောင်းတက်မှသာ သူများတွေထက်အရာရာနားလည်နေပြီး မင်းကိုမလှည့်စားနိုင်ကြမှာ "


စန်းဝမ်က သူ၏နှဖူးပေါ်မှ အမာရွတ်လေးအားထိကာ အချိန်အတော်ကြာစဥ်းစားနေပါသော်လည်း ကျောင်းမသွားချင်သေးပေ ။ 


" သားရေကူးရတာကြိုက်တယ်မဟုတ်လား ဒါဆိုရင်လူတွေကဘာလို့ရေပေါ်မှာကိုယ်ဖော့နေနိုင်ရတာလဲ...ရေထဲမှာချောင်းဆိုးမိရင် ဘာလို့ရေနစ်သွားရတာလဲသိလား "


" အသက်အောင့်ထားရင် ရေပေါ်ပေါ်တယ်ဆိုတာဘဲ သားသိတယ် ပါးစပ်ထဲရေတွေဝင်ရင်သေကုန်မှာပေါ့ "


အားဝမ်က ပြောလိုက်သည် ။ 


" ရေနစ်သွားတဲ့လူက ကိုယ့်ဖော့စရာမလိုဘဲ ရေထဲမှာမျောသွားနိုင်တယ်လေ " 


စန်းဝမ်က သူတို့ဘာတွေပြောနေကြလဲ နားမလည်သော်လည်း ကျောင်းမတက်ချင်နေဆဲဖြစ်သည် ။ လင်းလန်က စကားအများကြီးမပြောတော့ချေ ။ ကျောင်းတက်ဖို့က မဖြစ်မနေလိုအပ်သောကြောင့် ဟန်ချင်စုန့် ပြန်လာသည်ကိုသာစောင့်၍ ပြောပြရန်ဆုံးဖြတ်လိုက်သည် ။


အချိန်အနည်းငယ်ကြာပြီးနောက် တပ်မဟာဌာနချုပ်မှ အသံထွက်လာသည်။ 


စန်းဝမ် ထရပ်လိုက်သည်။ 

" အဖေပြန်လာပြီ... သား သူ့ကို ညစာစားဖို့ သွားခေါ်လိုက်မယ်..."


တဝမ်က သူ့တူကို စားပွဲပေါ်ချလိုက်သည်။ 

" ကျွန်တော် စားပြီးပြီ..."


လင်းလန် : "..."


" ဘယ်တုန်းက စားပြီးလိုက်တာလဲ..."


တဝမ်က ခြင်းတောင်းကို လက်ညှိုးထိုးပြကာ

" ကျွန်တော် ပန်ကိတ်ကို နှစ်ခုနဲ့တစ်ဝက် စားထားတယ်.."


လင်းလန် ကြည့်လိုက်သောအခါ အမှန်တကယ်ပင် ခြင်းတောင်းထဲရှိပန်ကိတ်များ တစ်ဝက်ထက်မကကုန်သွားမှန်း မြင်လိုက်ပေသည်။ ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ်တစ်ပန်းကန်ကို သူသောက်ထားသော်လည်း ကြက်သွန်နှင့်ရောကြော်ထားသော ကြက်ဥမွှေကြော်ကိုတော့ သူမစားထားပေ။ 


ထိုအချိန်လေးအတွင်း၌ ပန်ကိတ်နှစ်လုံးလုံး သူစားပြီးခဲ့ပြီဖြစ်သည်။ 


လင်းလန်မှာ သူစားပြီးမှန်း အမှန်တကယ်မသိလိုက်ချေ။ 


သူမ ကြင်ကြင်နာနာပြုံးလိုက်သည်။ 


" တဝမ် သားဗိုက်ပြည့်သွားပြီလား... စားချင်သေးရင် ထပ်စားဦး... အဆာခံမနေနဲ့နော်..."


တဝမ် ကြက်သီးထသွားသည်။ 


" ကျွန်တော်စားပြီးပါပြီဆို... မြက်သွားရိတ်တော့မယ်..."


သူတို့ မြက်မရိတ်ဖြစ်သည်မှာ ကြာလှပြီဖြစ်သဖြင့် ယခု၌ များများရိတ်ထားဖို့လိုပြီး ဆောင်းတွင်း၌ တိရိစ္ဆာန်များစားနိုင်ရန် နေပူထဲအခြောက်လှမ်း သိမ်းထားရမည်ဖြစ်သည်။ 


ရိတ်ထားသောမြက်တစ်ခြင်းကို ထုတ်လုပ်ရေးအဖွဲ့က အပိုရမှတ်တစ်ဝက်ကျော်ကျော်အထိ ပေးလေ့ရှိသည်။


Xxxxxx