အပိုင်း ၁၃၁-၁၃၂
Viewers 24k

Part 131


အရှေ့အခန်း‌တွင် ပုန်း၍ခိုးနားထောင်နေသော အဖွားကြီးဟန်၏ အငယ်ဆုံးသမီးဟန်ကျင်းရှန်က ပိတ်စနှစ်ထည်အကြောင်းကြားသောအခါ အခန်းထဲမှ ချက်ချင်းထွက်လာပြီး သူမအမေအား တတိယအကိုကြီးကို ရှာရန် ဆော်သြတော့သည်။ 


" ဒါက သေချာပေါက် တတိယအစ်ကိုကြီး သူတို့တွေကို အာမခံမပေးအောင် ဟိုကြွက်စုတ်မက နောက်ကနေ လှည့်စားထားတာပဲဖြစ်ရမယ်..."


လုချွမ်းဖန်သည် သူမ၏လက်နှစ်ဖက်ကို ချက်ချင်းဆုပ်ကိုင်လိုက်သည်။ 


"ညီမလေးကျင်းရှန်က သိပ်တွေးခေါ်တတ်တာပဲ..."


ဟန်ကျင်းရှန်မှာ အနည်းငယ်မြှောက်တက်သွားသည်။ 


" အမေ တတိယအစ်ကို အခုချိန်ပြန်ရောက်နေလောက်ပြီ... သမီးတို့ သူ့ဆီသွားရအောင်..."


အစ်ကိုကြီးဟန်က သူတို့ကို မသွားရန် ဖျောင်းဖြလိုက်သော်လည်း အဖွားကြီးဟန်၏အဆူသာ ခံလိုက်ရသည်။ 


" မင်းတို့အကုန်လုံး စတုတ္ထလေးကို အိမ်ပြန်မလာခိုင်းစေချင်ကြဘူးပေါ့..ဟုတ်လား.. ယုတ်မာလိုက်ကြတဲ့ဟာတွေ..."


အစ်ကိုကြီးဟန်သည် အဖွားကြီးဟန်၏ဆူပူမှုများကြောင့် မျက်နှာပင် သွေးရောင်များမရှိတော့ဘဲ ဖြူစုတ်စုတ်ဖြစ်သွားသည်။ သူသည် ထိုသို့မဟုတ်ကြောင်း အတတ်နိုင်ဆုံး ရှင်းပြပါသော်လည်း အဖွားကြီးဟန်သည် နားထောင်ခြင်းအလျင်းမရှိဘဲ ဆူပူကြိမ်းမောင်းရင်း လင်းလန်၏အိမ်သို့ ထွက်သွားခဲ့သည်။ 


အစ်ကိုကြီးဟန်ကလည်း ဒီအခြေအနေတစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းပေးဖို့ သူ့အဖေကို ပြောပြမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။


ပထမချွေးမဟန်က ခပ်ထေ့ထေ့ပြောလာသည်။ 

" ရှင်က ဘာကိုမှ သဘောမပေါက်ရလောက်တဲ့အထိ အရမ်းရိုးသားလွန်းတာပဲ..."


အဖိုးကြီးဟန်သည် အခုရက်ပိုင်းအတွင်း ထမင်းလည်း မစားသလို ဘယ်သူနှင့်မှလည်း စကားမပြော၊ မျက်နှာချင်းမဆိုင်တော့ဘဲ လယ်ကွင်းထဲ၌သာ အလုပ်လုပ်နေတော့သည်။ သူထိုသို့လုပ်နေခြင်းမှာ အဖွားကြီးဟန်သည် တတိယသားအား ပြဿနာရှာ၍ပဲဖြစ်ဖြစ် စတုတ္ထလေးကို အတင်းပြန်ခေါ်ခိုင်းစေချင်သည်မှာ သိသာလှသည်။ 


သူပြန်လာပြီး ကိစ္စတစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းပေးမည်ဆိုသည့်အရာမှာ အိပ်မက်ထဲမှာသာဖြစ်နိုင်လိမ့်မည်။ 


လိပ်လိုမျိုး အခွံထဲကနေ ခေါင်းမထွက်ရဲဘဲ လုံးဝငြိမ်ကုပ်သွားတဲ့ ဒုတိယအစ်ကိုနဲ့ သူ့ဇနီးကို သူတို့မတွေ့ကြဘူးလား...


စတုတ္ထကလေးသာပြန်လာကြည့်ပါလား... အကြီးဆုံးအခန်းကိုအပိုင်ရထားတဲ့ ဒုတိယအစ်ကိုတို့မိသားစုက ဘုံပျောက်သွားမှာလေ... အဲ့တော့ သူတို့တွေ ဒီကိစ္စမှာ လုံးဝဝင်မပါရဲဘဲ လက်ရှောင်နေကြတာပေါ့...


ဒါပေမဲ့ ဒီအကြီးကောင်က ဒါလေးကို မတွေးနိုင်ဘူး... ဘယ်လိုတောင် တုံးချက်...


ပထမချွေးမဟန်သည် အလွန်ဒေါသထွက်နေသော်လည်း ကိုယ်ပိုင်ယုံကြည်ချက်နှင့်ပတ်သက်လာလျှင် ဘယ်သူ့စကားမှ နားမထောင်တတ်သော သူ့ယောက်ျား၏ အကျင့်ကိုသိသဖြင့် ငြိမ်ငြိမ်နေနေရသည်။ 


ညစာစားပြီးသည့်နောက် လင်းလန်က ဂွမ်းစောင်ကို ဆက်ချုပ်ရန်ပြင်လိုက်သည်။ သူမ၏ ရှုပ်ရှက်ခတ်နေသော ချုပ်သားများကို ဟန်ချင်စုန့်မြင်မည်အား စိုးရိမ်သဖြင့် စကားစကာအာရုံလွှဲလိုက်သည်။ 


" ဒါနဲ့ ရှင်အလုပ်ပြောင်းလိုက်တယ်မလား... ဘယ်လိုအလုပ်မျိုးလဲ... အလုပ်သွားစရာကော မလိုဘူးလား..."


ဟန်ချင်စုန့်က ပြန်ဖြေသည်။ 


" လုံခြုံရေးပိုင်းကို ခန့်ခွဲဖို့ အုပ်ချုပ်ရေးမှူးရုံးကို သွားရုံပါပဲ... ဒါပေမဲ့ ကိုယ်မနက်က အစီရင်ခံစာတင်ပြီးပြီ... အလုပ်ကပါးတော့ အဲ့တာပြီးဘာမှလုပ်စရာမရှိတော့ဘူး... အဲ့တာကြောင့် နေ့တိုင်းရုံးသွားစ‌ရာတော့မလိုဘူးပေါ့..."


အမှန်ဆိုရလျှင် သူ့တွင် ရာထူးသုံးခုရှိသော်လည်း ယခုကာလ၌ ပြည်သူ့လုံခြုံရေးဗျူရိုမှာ အလှသက်သက်သာရှိသေးသည်။ ထုတ်လုပ်ရေးအဖွဲ့မှ ဝန်ထမ်းများနှင့်ပင် လုပ်ငန်းတာဝန်များကို ပြဿနာမရှိလုပ်ဆောင်နိုင်ပေသည်။ သူ့အတွက် နိုင်ငံရေးအကျဥ်းသားအနည်းငယ်ကို လက်ခံရုံကလွဲပြီး သူတို့ကို ကိုယ်တိုင်ပို့ဆောင်စရာတော့မလိုအပ်ပေ။ 


သူ၏ရာထူးသုံးခုမှာ သူ့လစာမြင့်မားလာရန် ပံ့ပိုးပေးထားသောထောက်တိုင်ကြီးဖြစ်သဖြင့် အလုပ်ပြောင်းလုပ်လျှင်တောင် သူ့အတွက် အရှုံးမရှိပေ။ 


လင်းလန်က သူ၏ရာထူးမှာ လုံခြုံရေးဒါရိုက်တာရာထူးနှင့်ဆင်တူနေသည်ဟု တွေးမိလိုက်သည်။ 

" သူတို့က ရှင့်ကို ပြည်သူ့စစ်ကုမ္မဏီရဲ့တပ်ခွဲမှူးရာထူးပေးလိုက်တာပေါ့..."


၎င်းတို့ကို တန်းတူအဆင့်ဟုဆိုနိုင်သော်လည်း ပြည်သူ့စစ်ကုမ္ပဏီ၏တပ်ခွဲမှူးရာထူးသည် သူစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့စဥ်က တပ်ခွဲမှူးရာထူးနှင့် နှိုင်းယှဥ်၍မရချေ။ အကွာကြီးကွာလွန်းသည်။ ပြည်သူ့စစ်ကုမ္ပဏီ၏လစာမှာ တော်တော်ကောင်းမွန်လေရာ သူ့အား လယ်ထဲတွင် အလုပ်လုပ်ခိုင်းသည်ထက် ပို၍သာပေသည်။ 


ဟန်ချင်စုန့်က ခေါင်းငြိမ့်သည်။ 


" အဲ့လိုမျိုးပါပဲ..."


မည်သို့ပင်ဆိုစေ ပြည်သူ့စစ်ကုမ္ပဏီသည် ယခု၌ သူ့ထိန်းချုပ်မှုအောက်တွင်သာရှိသည်။ 


လင်းလန်သည် သူ၏အလုပ်ရာထူးအတွက် သိပ်ပြီးမမျှော်လင့်ထားချေ။ ရွာထဲရှိလုံခြုံရေးဒါရိုက်တာပင် လခအများကြီးမရသဖြင့် အလုပ်ရမှတ်အချို့ကို ကိုယ်တိုင်ရှာဖြည့်နေရသည်။ ယခင် တပ်ခွဲမှူးသည်လည်း ထိုရာထူးမှ လစာအများကြီးရခဲ့သည် မရှိချေ။ 


တစ်လလျှင် ၁၀ယွမ်လောက်ပင် ရချင်မှရနိုင်လိမ့်မည်။ 


သို့သော် ယခု သူမလက်ထဲ၌ ယွမ်၂၀၀၀ကိုင်ထားသည်ဖြစ်သဖြင့် ၁၀ယွမ်လောက်ကို အတွေးထဲ မထည့်တော့ချေ။ 


အကောင်းဘက်မှတွေးကြည့်သော် သူသည် ယခု၌ တာဝန်ရှိသူတစ်ဦးဖြစ်သွားသဖြင့် အစားအသောက်တံဆိပ်များ၊ အဓိက စားသောက်ကုန်တံဆိပ်များကို အ‌ဆင်ပြေပြေ ထုတ်နိုင်တော့မည်ဖြစ်သည်။ 


၎င်းမှာ လင်းလန်သဘောအကျဆုံးအချက်ပင်...


ရွာသူ၊ ရွာသားများသည် သူတို့လက်ထဲ၌ အဝတ်အထည်လက်မှတ်၊ ဝါဂွမ်းလက်မှတ်၊ ရေနံဆီလက်မှတ်စသည်တို့မှလွဲပြီး ဘာမှမရှိကြသည့်အပြင် ပိုက်ဆံလည်းမရှိကြချေ။ ယခု၌ ဟန်ချင်စုန့်လည်းအလုပ်ရပြီဖြစ်သည့်အတွက် လိုနေချိန်၌ ၎င်းတို့အား များများဝယ်လို့ရပြီဖြစ်သည်။ 


သူမသည် သူ အုပ်ချုပ်ရေးမှူးရုံးမှ ယခုတင်ပြန်ရောက်လာသော်လည်း မန်နေဂျာများနှင့်ဆက်သွယ်ရန် တပ်မဟာသို့ သွားဖို့လိုသေးသည်ဟု တွေးမိလိုက်သဖြင့် ပြောလိုက်သည်။ 


" ရှင် သွားစရာရှိတာသွားပြီး လုပ်စရာရှိတာဆက်လုပ်လိုက်တော့လေ..."


ဟန်ချင်စုန့်သည် ဖျာပေါ်ရှိခေါက်ထားသောဂွမ်းစောင်ထံ မျက်လုံးရောက်သွားသည်။ 


" ကိုယ်ဘာမှလုပ်စရာမရှိတော့ဘူး... မင်းစောင်ချုပ်နေတာလား..."


သူ့လက်ကိုဆန့်ထုတ်၍ ဖျာပေါ်၌ လင်းလန်ခေါက်တင်ထားသော ဂွမ်းစောင်ကိုဆွဲယူလိုက်သည်။ 


လင်းလန်က မြန်မြန်တားလိုက်သည်။ 

" ထားလိုက်ပါ... ကျွန်မဘာသာကျွန်မချုပ်ပါ့မယ်..."


ဟန်ချင်စုန့်မှာ သူ့လက်နှင့် ခေါက်ပြီးသားဂွမ်းစောင်ကို ဖြေလိုက်လေရာ ချည်မျှင်များနှင့်ရှုပ်ယှက်ခတ်နေသော ချုပ်ကြောင်းရာက အထင်းသားပေါ်လာတော့သည်။ 


လင်းလန်သည် ချည်မျှင်ကို အနည်းငယ်ခပ်ရှည်ရှည်ဆွဲ၍ နှစ်ပင်လိမ်ကျစ်ပြီး ထပ်ခါထပ်ခါချုပ်ထားခြင်းဖြစ်သည်။ ယခု၌ ထိုနေရာက အဖုအကြီးကြီးဖြစ်နေပြီး ကြည့်ရဆိုးနေရာ သူမကိုယ်သူမပင် တိတ်တဆိတ် လှောင်ရယ်မိလိုက်သည်။


Xxxxxxx

Part 132


ဟန်ချင်စုန့် : "..."


သူ့မျက်ခုံးများ တွန့်ချိုးသွားသည်။ 


ရှက်ဖို့ကောင်းလိုက်တာ....


ဟန်ချင်စုန့်သည် အပ်ချည်နှင့်အပ်ကို ကောက်ကိုင်လိုက်သည်။ 

" ကိုယ် ကူပေးမယ်..."


လင်းလန်သည် သူအဝတ်ချုပ်တတ်မှန်း မသိခဲ့သဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ 


သူသည် လင်းလန်၏ အံ့သြဘနန်းဖြစ်နေသောမျက်နှာအား မြင်သောအခါ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ 


သူ၏လက်ချောင်းများသည် ရှည်သွယ်ပြီး လက်ဆစ်တစ်ဆစ်ချင်းစီတိုင်းမှာ အချိုးစားကျနကာ ထင်ရှားပြတ်သားသည်။ ၎င်းပေါ်တွင် ပွန်းပဲ့ဒဏ်ရာများ၊ အမာရွတ်များရှိနေပါသော်လည်း လှပသောလက်ဖြစ်မှန်း ငြင်းစရာမလိုပေ။ 


လင်းလန်က သူ့လက်ကို ဆွဲယူလိုက်ပြီး လှုပ်ခါကြည့်သည်။ သန်မာလိုက်တဲ့လက်... ဒီလက်နဲ့ ကလေးတစ်ယောက်ကို ရိုက်ရင် သေချာပေါက်နာမှာ...


" ကိုယ်နောက်နေတယ်လို့ မင်းထင်လို့လား..."


လင်းလန် : "..."


သူသည် ယခုအခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး သူမ၏လက်နှစ်ဖက်လုံးကို သူ့လက်များနှင့် ရစ်ပတ်လွှမ်းခြုံလိုက်သည်။ 


သူ၏လက်များမှာ နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့မှုများကြောင့် နွေးခြောက်ခြောက်နှင့် ကျစ်လစ်သန်မာလှသည်။ 


လင်းလန်၏နှလုံးခုန်သံများ စတင်မြန်ဆန်လာခဲ့ပြီး ထိုခံစားချက်နှင့် သူမ စိမ်းသက်နေရာ လက်များကို ခပ်မြန်မြန်ဆွဲထုတ်လိုက်သည်။ 


ဟန်ချင်စုန့် : " အပ်ထောက်ကော..."


လင်းလန်၏ပါးပြင်မှာ ရှက်သွေးကြောင့်ပန်းရောင်မို့မို့သန်းနေပြီး အပ်ထောက်ကို အပ်ချည်ဘူးထဲမှ အမြန်ထုတ်ပေးလိုက်သည်။ 


ဟန်ချင်စုန့်သည် ၎င်းကို သူ့လက်ချောင်းများ၌ အံဝင်ခွင်ကျတပ်ဆင်လိုက်ပြီး မကြာမီ သူ့ပုံစံက ကြင်နာတတ်သောအမေအိုကြီးတစ်ယောက်အသွင်ဖြစ်သွားကာ စောင်ကိုစချုပ်တော့သည်။ 


လင်းလန် : "..."


ဟန်ချင်စုန့်သည် အရပ်ရှည်သည်။ ထို့ကြောင့် သူဖျာပေါ်ထိုင်နေသော်လည်း ဖျာ၏အရွယ်အစားမှာ သူနှင့်ယှဥ်လျှင် အနည်းငယ်သေးသယောင် ထင်သွားရသည်။ သူသည် ညာဘက်လက်ဖြင့် စောင်အောက်အနားကို ကိုင်ထားပြီး ဘယ်လက်တွင် အပ်ကိုကိုင်ကာ တစ်ဆစ်ပြီး တစ်ဆစ် ကျွမ်းကျင်စွာ စချုပ်တော့သည်။ 


" စောင်က အရမ်းထူတယ်... အဲ့တာကြောင့် စောင်နဲ့ဂွမ်းကို ဒီလို သေချာညှပ်ကိုင်ပြီး အပ်နဲ့ ထောင့်ဖြတ်ထိုးပြီး ထောင့်ဖြတ်ပြန်ထွက်မှ ရမယ်..." 


ဟန်ချင်စုန့်သည် အဓိကအချက်များကို သူမအား ရှင်းပြလိုက်သည်။ 


လင်းလန်မှာ ကြက်သေသေနေသည်။ ယခုတွင်မတော့ `အိမ်ထောင်မှုနိုင်နင်းတဲ့ ယောက်ျားတွေက ခန့်ညားတယ်´ဆိုတဲ့ဆိုလိုရင်းကို သူမနားလည်သွားပြီဖြစ်သည်။ 


မိနစ်အနည်းငယ်ကြာပြီးနောက်ဟန်ချင်စုန့်က ပြောသည်။ 


" ဒီချုပ်ကြောင်းပေါ်မှာ မျဥ်းဖြောင့်မှတ်လို့ရမယ့်အမှုန့်တစ်မျိုးရှိရင်ပိုကောင်းမယ်... မဟုတ်ရင် ချုပ်ကြောင်းက စွေစောင်းသွားလိမ့်မယ်..."


လင်းလန်က ကိုယ်ကိုစောင်းငဲ့၍ ကြည့်လိုက်သည်။ 

" မစောင်းပါဘူး... အဆင်ပြေပါတယ်..."


မည်သို့ပင် စွေစောင်းနေပါစေ သူမ၏ချုပ်ရာနှင့်ယှဥ်လျှင် အပုံကြီးသာသည်။ 


ဟန်ချင်စုန့်က စောင်ကို ချလိုက်သည်။ 

" ကိုယ် မရီးဆီမှာ ခဏသွားငှားပြီး ပြန်လာခဲ့မယ်..."


လင်းလန် ချက်ချင်းပြောလိုက်သည်။ 

" ကျွန်မသွားလိုက်မယ်..."


တစ်အောင့်ကြာပြီးနောက် သူမသည် ကန့်ကူကျောက်မှုန့်အိတ်ကို ငှား၍ ပြန်ရောက်လာသည်။ ဟန်ချင်စုန့်ညွှန်ကြားသည့်အတိုင်း ထိုကန့်ကူအမှုန့်နှင့် အဖြူရောင်မျဥ်းဖြောင့်များဆွဲ၍ စောင်ပေါ်မှတ်လိုက်သည်။ 


" မင်း ဒီမှတ်ရာအတိုင်းချုပ်ရင် မစွေစောင်းတော့ဘူး..."


ထိုသို့နှင့် သူစောင်ကို ဆက်ချုပ်တော့သည်။ 


လင်းလန်လည်း အမှီလိုက်လာသည်။ 

" ကျွန်မ ဒီကနေစချုပ်လိုက်မယ်... အတူတူချုပ်တော့ မြန်မြန်ပြီးတာပေါ့..."


သူမသည် ဟန်ချင်စုန့်၏အကြံပေးချက်များကိုနားထောင်ရင်း ကျွမ်းကျင်စွာချုပ်တတ်သွားလျှင်လည်း သူမအတွက် အရှုံးမရှိဟု တွေးမိလိုက်သည်။ သို့သော် အောက်ကလက်တစ်ဖက်မှာ စောင်နှင့်ကွယ်နေသဖြင့် အပ်နှင့်ထိုးမိရန် လွယ်ကူနေပေသည်။ 


" အား..."  သူမလန့်သွားပြီး လက်ကိုလည်း မြန်မြန်ဆွဲထုတ်လိုက်သည်။ 


ဟန်ချင်စုန့်သည် အပ်နှင့်အပ်ချည်ကို ပစ်ချလိုက်ပြီး သူမလက်ကိုဆွဲယူလိုက်ကာ သွေးများထွက်လာသည်အထိ ဆက်တိုက်ညစ်ပေးနေခဲ့သည်။ 


လင်းလန်မှာ ဒရမ်မာထဲကအတိုင်း သူမ၏လက်ချောင်းများကို သူ့ပါးစပ်ထဲထည့်လိုက်မည်အား တွေးလိုက်မိပြီး စိုးရိမ်သွားကာ လက်များကို မြန်မြန်ပြန်ရုတ်လိုက်သည်။ 


" ဘာမှမဖြစ်ပါဘူး... စောင်ချုပ်ဖူးတဲ့သူဘယ်သူမဆို လက်ကိုအပ်ထိုးမိတာတော့ ပုံမှန်ပါပဲ..."


လင်းလန်သည် ဟန်ချင်စုန့်ယူလာခဲ့သော ရေနွေးကရားကိုထုတ်လိုက်ပြီး ရေပူတစ်ခွက်လောင်းထည့်လိုက်သည်။ 


" ကျွန်မ အိမ်မှာ သာမိုမီတာမဝယ်ရသေးဘူး... အဲ့တာကြောင့် ရေလေးနည်းနည်းအေးလာအောင် ခဏလောက်စောင့်လိုက်တာပေါ့..."


ဟန်ချင်စုန့်သည် ၎င်းကို စိတ်ထဲမထည့်ပေ။ 

" ကိစ္စမရှိပါဘူး... ကိုယ် အပြင်သွားတိုင်း ရေနွေးပဲ သောက်ရတာကများတယ်..."


လင်းလန်သည် သူ့အား ရေနွေးကရားကို ပေးလိုက်သည်။ သို့သော် သူက သူမလက်ကိုကိုင်လိုက်ပြီး သူ့ခေါင်းကိုငုံ့၍ သောက်လိုက်သည်။ ထို့ကြောင့် လင်းလန်လည်း ကရားကို သူ့နှုတ်ခမ်းနှင့်တေ့အောင် အနည်းငယ်စောင်းပေးလိုက်ရသည်။ 


ရေတိုက်ပြီးသည့်နောက် သူ့နှုတ်ခမ်းစပ်၌ ရေစက်များတင်နေမှန်း သူမ သတိထားမိလိုက်သည်။ ထိုရေစက်များ စောင်ပေါ်ကျလာမည်စိုး၍ သူမလက်ကောက်ဝတ်နှင့် သူ့နှုတ်ခမ်းစပ်ကို သုတ်ပေးလိုက်သည်


ဟန်ချင်စုန့်က ဘာလို့ထူးထူးဆန်းဆန်းပုံစံနဲ့ သူ့ကိုယ်သူလျှာနဲ့လျက်နေရတာလဲ?


သူမရဲ့လက်ဖဝါးကိုတောင်လျှက်မိမလို့ဖြစ်သွားသေးတယ်!


လင်းလန်က ဓာတ်လိုက်သလိုခံစားလိုက်ရ၍ လက်ကိုအမြန်ဆွဲယူလိုက်ကာ ရှက်ရွံ့မူအားဖုံးကွယ်ရန် လက်ဖက်ရည်တစ်ခွက်အမြန်ယူသောက်လိုက်သည် ။


ပြီးသောအခါမှ ထိုခွက်သည် ဟန်ချင်စုန့်သောက်ထားသောခွက်ဖြစ်ကြောင်းသတိထားမိသွားပြီး ပိုမိုရှက်ရွံ့သွားသည် ။


ဟန်ချင်စုန့် ကလင်းလန်၏ ခရမ်းချဥ်သီးတစ်လုံးကဲ့သို့နီရဲနေသောမျက်နှာအားကြည့်ရူနေသည် ။ သူမ၏ခံစားချက်မှာမျက်နှာပေါ်၌ ဖုံးဖိမထားခဲ့ပေ ။ တစ်ခါတစ်ရံ ရှက်ရွံ့နေကာတစ်ခါတစ်ရံတွင် စိတ်ဆိုးသလိုဖြစ်နေတတ်သည် ။ သူမ၏ခေါင်းသေးသေးလေးထဲတွင် မည်သည့်အရာများစဥ်းစားနေကြောင်း ဟန်ချင်စုန့်မသိသော်လည်း အမူအယာအမျိုးမျိုးပြောင်းလဲနေပုံကို စောင့်ကြည့်ရသည်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည် ။


ဟန်ချင်စုန့် ၏အကြည့်များထဲ၌ ထူးဆန်းသောအပူလိူင်းများပါဝင်သောကြောင့် လင်းလန် အလျှင်အမြန်ပြောလိုက်သည် ။


" ကျွန်မ...ကျွန်မ ရှင့်အိတ်ကိုမကြည့်ရသေးဘူး "


သူမက အမြန်ပင်လွယ်အိတ်အား စတင်မွှေနှောက်တော့သည် ။ အများစုမှာ အဝတ်အစားများပင်ဖြစ်၏ ။ ဆွယ်တာနှစ်ထည် ၊ ကုတ်အရှည်နှစ်ထည်နှင့် စစ်ယူနီဖောင်းတို့ဖြစ်သည် ။ ထို့အပြင် ဖိနပ်နှစ်ရံနှင့် ခြေအိတ်များအပြင် ဟိုဟိုဒီဒီပစ္စည်းအနည်းငယ်သာပါရှိသည် ။


သူမမွှေဖွနေသောအချိန်အတွင် ဟန်ချင်စုန့်က သန့်ရှင်းရေးလုပ်နေသည် ။ 


ဆပ်ပြာနှစ်တုံးအပြင် မုတ်ဆိတ်ရိတ်ဓားနှစ်ချောင်းနှင့် ဘလိတ်ဓားတစ်ဘူးပါသည် ။ လင်းလန်က လက်မှတ်လိပ်လေးတစ်လိပ်အား ယူကြည့်လိုက်သည် ။ စစ်တပ်မှအသားလက်မှတ် များအားတစ်နိုင်ငံလုံးအနှံ့ဖြန့်ဝေထားပြီး အထည်အလိပ်လက်မှတ်များနှင့် သကြားလက်မှတ်များလည်း ထိုနည်းတူစွာပင် ။


အသားလက်မှတ်သည် ဆီပါဝယ်ယူ၍ရကြောင်းလင်းလန် သိသွားချိန်၌ အလွန်တရာစိတ်လူပ်ရှားနေတော့သည် ။


Xxxxxxx