Part 133
အစားအစာတွေအပြင် ဆီကိုပါဝယ်လို့ရတော့မယ်!
အလူမီနီယံ သေတ္တာလေးအားမလိုက်သောအခါ သူမခါးပင်ကျိုးတော့မည်လားမှတ်ရသည် ။
ဘာလို့ဒီလောက် လေးနေရတာလဲ?
အထဲမှာရွှေတုံးတွေများလား?
သေတ္တာလေးအားဖွင့်လိုက်သောအခါတွင် သူမ၏မျက်လုံးများပင် ကန်းလုနီးနီးဖြစ်သွားရသည် ။
များလိုက်တဲ့ ဂုဏ်ပြုတံဆိပ်တွေ !
ပထမအဆင့် ၊ ဒုတိယအဆင့် ၊ တတိယအဆင့် ။ ဂုဏ်ပြုဆုတံဆပ်အပြည့်နဲ့ နေ့လည်စာဘူးကြီး!
သူမကတစ်ခုချင်းစီ စေ့စေ့စပ်စပ်ကြည့်ရူပြီးသည့်နောက် ဟန်ချင်စုန့် မည်မျှကြိုးစားခဲမှန်းသတိပြုမိလာသည် ။
သူမက ဟန်ချင်စုန့် အားလှည့်မကြည့်ဘဲမနေနိုင်တော့ချေ ။
သူမ၏အကြည့်များအား ခံစားမိပုံရသဖြင့် ဟန်ချင်စုန့်ကငဲ့စောင်းကြည့်လာသည် ။ ရွှေအိုရောင်နေခြည်က သူ၏မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်သို့ လင်းလက်စွာဖြာကျနေသည် ။ မျက်ခုံတန်းများအပြင် စေ့စပ်သောနူတ်ခမ်းနှင့် တိကျသောမေးရိုးတို့မှာ သန်မာသောယောက်ျားသားပုံစံအားဖော်ကျူးနေသည် ။
ဟန်ချင်စုန့်က သူမအားတစ်စုံတစ်ခုပြောလိုသော်ပုံစံဖြစ်နေသော်လည်း လင်းလန်က ခေါင်းငုံ့သွားသောကြောင့်မပြောလိုက်ရချေ ။ သူမ လွယ်အိတ်ကိုသာ ဆက်လက်မွှေနှောက်နေသည် ။ အနီရောင်ရတနာစာအုပ်များနှင့် လက်ဖဝါးအရွယ်မှတ်စုတစ်အုပ်အားတွေ့လိုက်ရပြီး ထိုထဲမှစာတစ်စောင်လျှောကျလာသည် ။
ထိုစာပေါ်တွင် ပေးပို့သောလိပ်စာအပြင် လက်ခံမည့်လိပ်စာလည်းမပါရှိချေ ။ ဤကဲ့သို့စာမျိုးမှာ သေချာပေါက်အမည်မသိ တိုင်ကြားစာမျိုးပင်ဖြစ်မည် ။
သူစိတ်ဝင်တစားဖတ်ရူလိုက်သောအခါ အလွန်အံ့သြသွားရသည် ။ စာပါအကြောင်းအရာမှာ ဟန်ချင်စုန့်က အမျိုးသမီးတစ်ယောက်နှင့်တိတ်တိတ်ပုန်း ပွေရူပ်နေသောကြောင့် အရာရှိဖြစ်ရန်မသင့်လျှော်ဟုသော အခြေအမြစ်မရှိသည့်စွပ်စွဲစာဖြစ်သည် ။
ဟန်ချင်စုန့် အိမ်သို့အမြန်ပြန်လာရသည့် အကြောင်းအရင်းတစ်ခုမှာ ဤစာကြောင့်ပင်ဖြစ်သည် ။ စာအရေးအသားမှာ ဟာကွက်များတစ်ပုံတစ်ပင်ဖြင့် ရီချင်စရာပင် ။
အဲ့တာကဘာနဲ့တူလဲဆိုတော့...
ဘုရားရေ...စာက မူလလင်းလန် ပိုးသတ်ဆေးမသောက်ခင် ရေးခဲ့တာမဟုတ်လား...
လင်းလန်က ရှက်ရွံ့သွားရသည့်အပြင် ချွေးစေးများပါထွက်လာခဲ့သည် ။
ဟန်ချင်စုန့် သိနေတာဖြစ်နိုင်လောက်လား...
သူက အခုထိမမေးသေးဘူးဆိုတော့ အခွင့်ကောင်းကိုရှာပြီး သူမနဲ့စာရင်းရှင်းမလို့များလား...
သူမ၏ ရင်ထဲတွင်ဒရမ်တီးနေသကဲ့သို့ တုန်လူပ်နေသည်အားထိန်းချုပ်မရပေ ။ လှည့်လိုက်ကာ ဟန်ချင်စုန့်အား တိတ်တိတ်ချောင်းကြည့်လိုက်သည် ။
သူမ၏အကြည့်အားခံစားမိ၍ ဟန်ချင်စုန့် နောက်တစ်ကြိမ်လှည့်ကြည့်လာသည် ။ လင်းလန်က ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ရင်း စာအားပြန်ထိုးထည့်လိုက်ကာ အနီရောင်ရတနာစာအုပ်ကိုကိုင်ရင်းပြောလိုက်သည် ။
" ရှင် စာအုပ်ကိုတောင်ပြန်ယူလာခဲ့တာလား ..
လင်းလန်က အနီရောင်ရတနာစာအုပ်အားကိုင်၍ လေးနက်စွာပြောလိုက်သည် ။
" အနီရောင်ရတနာစာအုပ် ကျွန်မတို့မိသားစုမှာလဲ အနီရောင်ရတနာစာအုပ်ရှိပြီ "
ထိုစာအုပ်တွင် ဆောင်ပုဒ်များစွာပါဝင်သည် ။ အထက်ဖော်ပြပါမှတ်ချက်များမှာ ဥက္ကဌမော်၏မိန့်ခွန်းစကားများအပြင် ပါတီလမ်းစဥ်အားလိုက်နာဆောင်ရွက်ခြင်းတို့ဖြစ်သည် ။
ဟန်ချင်စုန့်က စစ်တပ်ထဲတွင်စာသင်ကြားခဲ့ရသည်ဖြစ်၍ စာအုပ်အတွင်းတွင် သူ၏လက်ရေးမှတ်ချက်များရှိသည် ။ ထိုစာရွက်နောက်တွင်ငွေရောင်မှင်ဖြင့်ရေးသားထားသော သူ၏လက်ရေးလက်သားများမှာ သေသပ်လှပသည် ။
သူမစာအုပ်ကို ဖတ်ရူလိုက်သောအခါ ပထမစာမျက်နှာတွင် ဥက္ကဌမော်၏ ကိုးကားချက်မိတ္တူစာပိုဒ်အောက်၌ ဟန်ချင်စုန့်ရေးသားထားသည့် ကိုယ်ပိုင်အတွေးအမြင်စာကြောင်း အနည်းငယ်ရေးသားထားသည် ။
အပိုအလိုစာသားမပါရှိ ရိုးရှင်းတိကျ သို့သော်လည်း လင်းလန်၏မျက်လုံးထဲတွင် ချစ်စရာကောင်းသော တုံးအမူလေးပင် ။
သူမမနေနိုင်ဘဲ မျက်လုံးသာလှိမ့်မိသည် ။
" မင်းဖတ်နိုင်လား... "
ဟန်ချင်စုန့် ၏ ခပ်သြသြအသံကသူမနောက်မှထွက်ပေါ်လာခဲ့သည် ။ လင်းလန်က အံ့သြတကြီးလှည့်ကြည့်လိုက်သည် ။
ဘယ်တုန်းကရောက်နေတာလဲ?
ဘာခြေသံမှမကြားလိုက်ဘူးနော်?
" အင်း "
ထို့နောက် သူမကစိတ်ဆုံးဖြတ်ထားပုံနှင့် စာတစ်ကြောင်းအားရွတ်ပြလိုက်သော်လည်း စာလုံးလေးလုံးသာမှန်ကန်သည် ။ အမှားပြန်ပြင်ပေးရင်း ဟန်ချင်စုန့်၏ မျက်ဝန်းထဲတွင် စိတ်သက်သာရရသောအပြုံးလေးထွက်ပေါ်လာသည် ။
အလေးအနက်ကြည့်နေတော့ သူမနားလည်တယ်လို့တောင်ထင်တော့မလို့...
ဟန်ချင်စုန့်ပြုံးနေသည့်ပုံမှာ ပုံမှန်မျက်နှာတည်နှင့်စာရင် ပိုမိုချောမောသည်ဟု တွေးမိသည် ။
" ရှင်တို့ စစ်တပ်ထဲမှာစာကောင်းကောင်းသင်ခဲ့ရတယ်မဟုတ်လား? ကျွန်မကိုပြန်သင်ပေးပါလား... "
မည်သို့ပင် စာတစ်လုံးတည်းသာတတ်သည်ဆိုသော်လည်း ကြိုးစားလေ့လာသင်ယူချင်စိတ်ရှိသရွေ့ အနာဂတ်၌ စာရေးစာဖတ်ပြုလုပ်လာနိုင်လိမ့်မည် ။
လင်းလန်တောင်းဆိုသည်အား ဟန်ချင်စုန့်မငြင်းဆန်ခဲ့ပေ ။ သူမထံမှလွယ်အိတ်ကိုပြန်ယူကာ စာအားအိပ်ကပ်ထဲထည့်ပြီး နောက်စာအုပ်တချို့ထုတ်ယူလိုက်ပြီးနောင် လင်းလန်လက်ထဲသို့ထည့်ပေးလိုက်သည် ။
" ကိုယ့်အစားမင်းသိမ်းပေးထား "
ထို့နောက် အပ်ကိုင်ကာစောင်ထိုင်ချုပ်နေတော့သည် ။ လင်းလန်ကအနွေးကုတင်ကိုမှီထိုင်နေပြီး ပထမစာမျက်နှာမှစာသားများကို ဟန်ချင်စုန့်ကရွတ်ပြနေသည် ။ အကြိမ်အနည်းငယ်ရှင်းပြ အလွတ်ရွတ်ဆိုပြီးနောက်တွင် ဒုတိယစာမျက်နှာသို့အမြန်ကူးရန် လင်းလန်မစောင့်နိုင်တော့ပေ ။
" ပထမစာမျက်နှာကိုသေသေချာချာနားလည်မှ ဒုတိယစာမျက်နှာကိုကြည့်ကြလဲ နောက်မကျသေးပါဘူး...မလောနဲ့ "
လင်းလန်၏ မျက်လုံးများက အခြားသောအမျိုးသမီးများကဲ့သို့ တွက်ချက်မူကင်း၍ ကလေးတစ်ဦးကဲ့သို့ဖြူစင်သောကြောင့် ဟန်ချင်စုန့် ငေးမကြည့်ဘဲမနေနိုင်တော့ချေ ။
သူမအားအချိန်ကြာမြင့်စွာ စိုက်ကြည့်နေသောကြောင့် လင်းလန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမေးလိုက်သည် ။
" ကျွန်မကိုဘာလို့ အရမ်းစိုက်ကြည့်နေတာလဲ "
ဟန်ချင်စုန့်က ချက်ချင်းပင်အကြည့်လွှဲလိုက်သည် ။
" ဘာမှမဟုတ်ပါဘူး ပထမစာမျက်နှာကိုသေသေချာချာဖတ်ဦး "
လင်းလန် ရွတ်ပြ၍အမှားပါတိုင်း ဟန်ချင်စုန့်က စိတ်ရှည်လက်ရှည် အမှန်ပြန်ပြင်ပေးသည် ။
" ကျွန်မမှတ်မိတာမို့လို့ မြန်မြန်စာမျက်နှာများများသင်ပေးပါလားဟင် "
ဟန်ချင်စုန့်က နောက်ထပ်စာမျက်နှာနှစ်မျက်နှာ သင်ပေးလိုက်သည် ။ ထိုထဲမှစာတစ်ကြောင်းမကျန် လင်းလန်ကတိတိကျကျအလွတ်ရွတ်ပြလိုက်သောအခါ ဟန်ချင်စုန့် ကြောင်အသွားရသည် ။
လင်းလန်က မျက်ခုံးပင့်ကာ ဂုဏ်ယူနေသောလေသံဖြင့် ပြောလိုက်သည် ။
" ပါတီအတွင်းရေးမူးက စာသင်ဖို့သင်တန်းတချိူ့ကိုစီစဥ်ပေးတယ်လေ အမျိုးသား တွေကတပ်မဟာမှာသွားလေ့လာပြီး အမျိုးသမီးတွေကအချင်းချင်းသင်ပေးကြတယ် ကျွန်မစကားလုံးအများကြီးသိပါတယ် "
သူမကအရမ်းကို သင်ယူဖို့စိတ်အားထက်သန်တာဘဲ....
Xxxxxxx

Part 134
ဟန်ချင်စုန့်က လင်းလန်ကိုတစ်ဖန်ပြန်မော့ကြည့်လိုက်ပြီး သူ့နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက်တစ်ခုပေါ်လာသည် ။ နောက်ဆုံးအကြိမ်က လင်းလန်သူ၏ ပါးကိုနမ်းခဲ့သည်အားတွေးမိကာ ရုတ်တရက် ရှက်လာ၍ စောင်ကိုသာ ပြန်ကိုင်ချုပ်နေရသည် ။
စာကျက်နေသော လင်းလန်၏ အသံမှာစည်းချက်ညီညာ၍ သူမခေါင်းကိုခါယမ်းလိုက်တိုင်း လှပသိမ့်မွေ့သောမိန်းမပျိုလေး၏ လည်တိုင်လေးမှာလှစ်ဟထားသကဲ့သို့ပင် ဆွဲဆောင်မူရှိနေသည် ။
ဟန်ချင်စုန့်အနေဖြင့် မည်သည့်နည်းနှင့်မျှ စောင်ဆက်မချုပ်နိုင်တော့ပါချေ ။
" ကိုယ်မင်းကို ဘယ်လိုစာရေးရမလဲသင်ပေးမယ် "
ဟန်ချင်စုန့်၏ နားရွက်များမှာမထိန်းချုပ်နိုင်စွာပင်နီရဲနေသည်အား လင်းလန်တွေ့၍ စနောက်သောအနေဖြင့် ယပ်တောင်နှင့်လှမ်းပုတ်ရင်းပြောလိုက်သည် ။
" မရဘူးလေ...ရှင်ကအခုစောင်ချုပ်နေတာမဟုတ်ဘူးလား "
စောင်ချုပ်ခြင်းလုပ်ငန်းစဥ်မှာ အလွန်ပင်ပန်းကြောင်းလင်းလန်သတိထားမိသည် ။ ဟန်ချင်စုန့် ကအရမ်းအာရုံစိုက်နေရ၍ သူ၏နဖူးနှင့်နှာတံတစ်လျှောက်တွင်ပင် ချွေးများစီးကျနေသည် ။
အဓိကအချက်မှာ ဟန်ချင်စုန့်စာရေးသင်ပေးသည်အား သူမမခံလိုပေ ။ သူမ၏လက်ရေးက သူ့ထက်များစွာသာလွန်သောကြောင့် ဟန်ချင်စုန့် စိတ်ဓာတ်ကျသွားမည်အား မမြင်လိုချေ ။
ထို့အပြင် ဟန်ချင်စုန့် ကအလွန်အကဲဆတ်သောသူဖြစ်၍ သူမအားသံသယဖြစ်စေမည့် အသေးအမွှားသဲလွန်စလေးကိုပင် မပေးချင်ပေ ။
ဟန်ချင်စုန့် ထံမှစာလုံးများနှင့် အသံထွက်များကိုပါသင်ယူရန်လိုအပ်ပြီး ကလေးများကျောင်းတက်သည့်အခါ သူတို့ထံမှ စာရေးနည်းသင်ယူခဲ့သည်ဟု အကြောင်းပြချက်ပေး၍ဖြေရှင်းနိုင်သည် ။
ဟီး...ဟီး..
အဖွားကြီးဟန်က ယုဝူဇီနှင့်အတူခြံဝန်လေးထဲသို့ ကျယ်လောင်စွာအော်ရင်းဝင်လာသည်။
" တတိယလေး...တတိယလေး..."
ဟန်ချင်စုန့်က သူ၏အမေအော်သံအားကြား၍ အနွေးကုတင်ပေါ်မှအမြန်ထကာ လင်းလန်နှင့်အတူအိမ်ရှေ့သို့ထွက်လာသည် ။ လင်းလန်က သေချာပေါက် ကိစ္စတစ်ခုခုဖြစ်တော့မည်ဟု အာရုံရနေသောကြောင့် ပြောလိုက်သည် ။
" ဟန်ချင်ဟွ ကိုပြန်မခေါ်ပေးသရွေ့ လာသောင်းကျန်းနေကြဦးမှာဘဲ "
ခြံဝန်းလေးထဲတွင်ရပ်နေသောလူအုပ်ကြီး အားကြည့်ကာ ဟန်ချင်စုန့် မေးလိုက်သည် ။
" အမေသူတို့တွေက ဘယ်သူတွေလဲ..."
" တတိယလေးမင်းက အစိုးရအရာရှိတစ်ယောက်ဆိုတာ အမေ့ကိုဘာလို့မပြောတာလဲ... အမေသေချာပေါက် မင်းအတွက်ဂုဏ်ပြုပွဲလုပ်ပေးမှာပေါ့ "
အဖွားကြီးဟန်၏ မျက်နှာထားမှာမူန်ကုပ်ကုပ်နှင့် လေသံကလုံးဝဂုဏ်ပြုချင်လွန်းသောကြောင့် ပြောနေခြင်းမဟုတ်ပေ ။
" အမေ ရာထူးမခွဲခြားဘဲ ပြည်သူ့ဝန်ထမ်းတစ်ယောက်ဖြစ်ရတာက ဂုဏ်ယူစရာပါ... ဒီလောက်လေးအတွက်နဲ့ ဂုဏ်ပြုပွဲလုပ်စရာမလိုပါဘူး "
လုချွမ်းဖန်က ဟန်ချင်စုန့်အား အလွန်အားကျလေးစားမြတ်နိုးသောအကြည့်များဖြင့်ကြည့်ကာပြောလိုက်သည် ။
" မဟုတ်တာ အစ်ကိုချင်စုန့်ကအရမ်းတော်တာပါ... ဒါရိုက်တာရာထူးကအရမ်းမြင့်တာကို ကွန်မြူနတီတစ်ခုလုံးရဲ့လုံခြုံရေးကို ဒါရိုက်တာကဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ တော်လှန်ရေးကော်မတီကလူတွေပြောတယ် "
ဟန်ချင်စုန့်အား ခန့်အပ်ပေးသောရာထူးအသစ်မှာ ၌မျှအရေးပါမည်ဟု လင်းလန်မထင်သောကြောင့် အရမ်းဝမ်းသာသွားရသည် ။ သို့သော်လည်း လုချွမ်းဖန် ၏ဝါးစားမတတ်ကြည့်နေသောမျက်လုံးမျက်ကြောင့် စိတ်မသက်မသာဖြစ်ကာ သိပ်မပျော်ရွှင်တော့ပေ ။
" ငါ့ယောက်ျားရဲ့ရာထူးက အရမ်းအံ့သြဖို့ကောင်းလဲ နင်နဲ့ဘာဆိုင်လဲ "
လုချွမ်းဖန် ကခဏမျှမှင်သက်သွားပြီးနောက် ဒေါသတကြီးပြောလိုက်သည် ။
" ငါတို့ရွာက ခေါင်းဆောင် ရဲ့စီရင်ပိုင်ခွင့်အောက်မှာရှိတာဆိုတော့ သေချာပေါက်ငါပက်သက်စရာရှိတာပေါ့ "
ဟန်ချင်စုန့် ကပြောလိုက်သည် ။
" ငါ့ရဲ့ရာထူးက လုံခြုံရေးခေါင်းဆောင် "
အဖွားကြီးဟန်က အမြန်ဝင်ပြောလိုက်သည် ။
" ဘာဘဲဖြစ်ဖြစ်လေခေါင်းဆောင်က ခေါင်းဆောင်. ဘဲမဟုတ်ဘူးလား...ချင်စုန့် မင်းကအရာရှိတစ်ယောက်ဘဲ မြန်မြန်မင်းညီလေးကိုပြန်ထုတ်ပေး... မင်းကခေါင်းဆောင် တစ်ယောက်မို့လို့ မင်းဆီကစကားတစ်ခွန်းထဲနဲ့ဖြေရှင်းလို့ရသင့်တယ် "
" အမေကျွန်တော့ရာထူးကို အလွဲသုံးစားလုပ်လို့မဖြစ်ဘူး "
ဟန်ချင်စုန့်၏တည်ကြည်နေသောမျက်နှာပေးမှာ ပို၍ပင်ချဥ်းကပ်ရခက်ခဲသော ပုံစံဖြစ်လာသည် ။
အဖွားကြီးဟန်က လုံးဝလက်မလျော့ပေ ။
" တတိယလေး အမေတို့ကသူ့အပြစ်ကိုလုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူး...ဒါ့ကြောင့် သူ့ကိုအိမ်ပြန်ခေါ်ပြီး သေချာပေါက်တင်းတင်းကြပ်ကြပ်ဆုံးမပေးမှာပါ "
ယုဝူဇီကလည်း ကျယ်လောင်စွာထအော်သည် ။
" ဟုတ်တယ်...ငါ့သားလေးကလည်း မသိတတ်သေးလို့ပါ ငါတို့ဘာသာအိမ်မှာကောင်းကောင်းဆုံးမပေးလို့ရတယ် "
ယုဝူဇီက အဖွားကြီးဟန် ဘက်သို့လှည့်ကာဆက်လက်အတွန့်တက်ပြန်သည် ။
" ယောင်းမရယ် စဥ်းစားကြည့်ပါဦး...ကျွန်မတို့သားလေးတွေက ငယ်ရွယ်ပြီးမသိတတ်သေးလို့ပါ ဒီလိုအပြစ်ပေးမူမျိူးကိုသူတို့မခံစားသင့်ဘူး...အခုတောင်မှ အချုပ်ထဲမှာသူတို့ကိုကောင်းကောင်းမွန်မွန်ကျွေးမွေးကြရဲ့လားမသိဘူး "
ယုဝူဇီပြောဆိုလေ အဖွားကြီးဟန် ပို၍စိတ်မအေးနိုင်လေပင် ။
သူမသားအဖမ်းခံရသည့်နေ့မှစ၍ ညဘက်ပင်ကောင်းကောင်းအိပ်မပျော်နိုင်တော့ဘဲ အချိန်တိုင်း ပြန်ခေါ်ချင်နေမိသည် ။ သူမအုပ်ချုပ်ရေးမူးအား အကူအညီတောင်းသောအခါတွင်လည်း ဟန်ချင်စုန့်ကအိမ်ပြန်အနားယူနေပြီဖြစ်သောကြောင့် နောက်မှပြန်လည်ပြောဆိုရန်အော်ငေါက်ခံလိုက်ရသေးသည် ။
သူမသေမလောက်ဒေါသထွက်နေပါသော်လည်း အငယ်ဆုံးသားလေး ဒုက္ခခံနေရမည်အားတွေးမိကာ တစ်ညလုံးမြိုသိပ်ထားရသည် ။ မနက်မိုးလင်းလင်းချင်းပင် ဟန်ချင်စုန့်အား တပ်မဟာသို့ခေါ်သွားခိုင်းလို၍ လာရောက်ခြင်းဖြစ်သည် ။
သူမသား၏သေခြင်းရှင်ခြင်းအားလုံးဝဂရုမစိုက်သော မျက်နှာသေဖြင့်သွေးအေးသည့်ပုံစံအားကြည့်ကာ ဟန်ချင်စုန့်၏ မျိုးဆက်ကိုးဆက်တိုင်စိတ်ထဲမှကျိန်ဆဲနေတော့သည် ။
မျက်စိတစ်မှတ်အတွင်း ဟန်ချင်စုန့်က ပြည်သူ့လုံခြုံရေးဗျူရို ဖြစ်လာသောကြောင့် ဟန်ချင်ဟွ အတွက်လာရောက်တောင်းဆိုခြင်းဖြစ်သည် ။ သို့သော်လည်း အဖွားကြီးဟန်က သွေးအန်၍သေသွားနိုင်မည့် အခြေအနေပင် ။
ယုဝူဇီ နှင့် အဖွားကြီးဟန် တို့က ဟန်ချင်စုန့် အားဖိအားပေးပြောဆိုနေသောကြောင့် လင်းလန်ဝင်ပါမှဖြစ်ပေမည် ။
" ချင်စုန့်က တွေးစရာတွေအရမ်းများနေတော့ ကျွန်မကပါအတင်းဖိအားမပေးချင်ဘူး သူကအိမ်ပြန်ခေါ်လို့အဆင်ပြေတယ်ဆိုရင်လဲ ပြန်ခေါ်ကြပေါ့ "
လူရှေ့သူရှေ့တွင် လူကောင်းရုပ်ဖမ်းလိုက်သောကြောင့် သူမကဟန်ချင်ဟွကို ချောက်ချခဲ့မည်ဆိုလျှင်တောင်မည်သူမျှ အပြစ်ပြောနိုင်မည်မဟုတ်ချေ ။
xxxxxxx