အပိုင်း ၁၃၅-၁၃၆
Viewers 23k

part 135


အဖွားကြီးဟန်က ချက်ချင်းပင်အခွင့်ကောင်းဝင်ယူတော့သည် ။


" ဟုတ်တယ် တတိယလေးမင်းရဲ့ဇနီးကလဲဝင်ပြောပေးနေတာဘဲ သူမလဲစိတ်မဆိုးတော့ဘူးတွေ့လား "


ဟန်ချင်စုန့်က အာဏာအလွဲသုံးစား လုပ်၍ထုတ်မပေးချင်ချေ ။


" နိုင်ငံတော်မှာ နိုင်ငံတော်ရဲ့ဥပဒေရှိပြီး တပ်မတော်မှာ စစ်ဘက်ဆိုင်ရာစည်းကမ်းတွေရှိတယ် ဘယ်သူမှ ကိုယ်ရေးကိုယ်တာစီးပွားရေးအတွက် ဥပဒေကိုမျက်ကွယ်ပြုပြီး လာဘ်ပေးလာဘ်ယူလုပ်လို့မဖြစ်ဘူး  ဒါတွေကပြည်သူ့ဝန်ထမ်းတစ်ယောက်သိသင့်တဲ့အခြေခံအချက်တွေဘဲ ချိုးဖောက်ခဲ့ရင် ဘယ်လောက်ဘဲရာထူးကြီးနေပါစေ သေချာပေါက်အရေးယူခံရလိမ့်မယ် "


အဖွားကြီးဟန်က တစ်ခုခုပြောလိုသောပုံစံဖြင့် ပါးစပ်ဟလိုက်ပါသော်လည်း မည်သို့ဆက်လက်ပြောဆိုရမည်မသိချေ ။ ဟန်ချင်စုန့် သူမစကားအားနားမထောင်သောကြောင့် ပြစ်တင်ပြောဆိုချင်သော်လည်း သူမကသာ လူအများရှေ့၌ ဥပဒေချိုးဖောက်ရန်တိုက်တွန်းပြောဆိုသောသူဖြစ်နေသည် ။


ယုဝူဇီ ကလည်း ခေါင်းဆောင် တစ်ယောက်ဖြစ်ရက်နှင့် သူ၏သွေးသားရင်းနှင့် တစ်ရွာတည်းသားချင်းကိုပင် မကူညီဟုအော်ဟစ်နေဆဲပင် ။ 


ဟန်ချင်စုန့်၏ မျက်နှာထားမှာဒေါသထွက်လွန်း၍ အလွန်အေးစက်နေပြီဖြစ်သည် ။


" ခင်ဗျားတို့ဘဲ ခေါင်းဆောင် ဝင်လုပ်လိုက်ကြပါတော့လား "


" နင်...နင်...ဘာလို့ဒီလိုပြောရတာလဲ "


ဟန်ချင်စုန့်က မျက်ခုံးတစ်ချက်ပင့်ကာပြောလိုက်သည် 


" အတည်ပြောနေတာလေ "


လင်းလန်က အကျယ်ကြီးအော်ရီချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည် ။


သူတို့က ဟန်ချင်စုန့်လို လူမျိုးနဲ့လာရူပ်ချင်ကြတာပေါ့လေ!


ပွဲကြီးပွဲကောင်းကြည့်ရတော့မှာဘဲ...


ထိုအချိန်တွင် လုံခြုံရေးညွှန်ကြားရေးမူးလည်း ကွန်မြူနတီမှပြန်ရောက်လာပြီး လူအုပ်ကြီးအယးတွေ့၍မေးမြန်းရန်ရောက်လာသည် ။


" မင်းတို့အားလုံးက ချင်စုန့်ကိုထပ်ပြီးဖိအားပေးကြပြန်ပြီလား... သူ့ကိုထောင်ထဲဝင်ရဖို့လမ်းခင်စပေးနေကြတာလားဟမ်...ဒုက္ခမရှာချင်ကြစမ်းပါနဲ့ သူ့ကိုလွှတ်ထားပေးလိုက်ပါ "


ထိုအချိန်တွင်ကျေးရွာတိုင်း၌ အုပ်ချုပ်ရေးမူးများနှင့်အတွင်းရေးရေးမူးများ ၏အာဏာက ကော်မတီနှင့်ခရိုင်မှ ခေါင်းဆောင် များထက်ပိုမိုထိရောက်သည် ။ 


ယုဝူဇီ နှင့်လူအုပ်ကြီးအား လုံခြုံရေးခေါင်းဆောင်မှ လာရောက်လူစုခွဲခိုင်း၍ မကျေမနပ်ဖြင့်သာပြန်သွားကြသည် ။ အဖွားကြီးဟန်က အိမ်ထဲသို့ဝင်ကာ အနွေးကုတင်ပေါ်တွင်ထိုင်၍ ငိုနေသည် ။ 


" အဲ့လောက်ထိငိုနေဖို့မလိုပါဘူး... ဖြေရှင်းနည်းကရိုးရိုးလေးရယ် ကျွန်မရဲ့ယောကျ်ားကိုကြိုးတုပ်ရိုက်နှက်ပြီး ဟန်ချင်ဟွကိုအချုပ်ထဲကပြန်ထုတ်ခိုင်းလိုက်လေ "


အဖွားကြီးဟန်က ဟန်ချင်စုန့်၏အနာဂတ်ပျက်ဆီးသွားမည်အားဂရုစိုက်ခြင်းမရှိချေ ။ သူမ၏အချစ်ဆုံးသားငယ်လေး မထိမခိုက်အိမ်ပြန်လာနိုင်သရွေ့ ပေးဆပ်ရသည်မှာတန်သည်ဟုပင်တွေးနေသည် ။


ဤကဲ့သို့သော တစ်ဦးတည်းအလေးပေးသောစိတ်ဓာတ်အား လင်းလန်အလွန်ပင်ရွံရှာမိသည် ။


" ဒါနင့်ရဲ့ယောက္ခ်မကိုပြောရမဲ့ပုံစံလား... ဟမ်...စတုတ္ထလေးကိုဒီလိုဖြစ်အောင်လဲ ဘေးကနေနင်သွေးထိုးနေတာမဟုတ်လား " 


ဟန်ကျင်းရှန် ကမိသားစုပြဿနာများတွင် ဝင်ပါလေ့မရှိသော်လည်း ယခုမူသူမက အရည်အချင်းများဝင်ရောက်ပြသချင်နေပြီဖြစ်သည် ။


လင်းလန်က မျက်ခုံးပင့်ကာပြောလိုက်သည် ။


" အို...နင်ကငါ့ကိုပြောနေတာလား...ငါတစ်ခွန်းဟလိုက်တာနဲ့ နင်အဖမ်းခံရမှာနော် "


ဘယ်သူကဘယ်သူ့ကိုကြောက်ရမှာလဲဆိုတာ သူမမသိဘူးလား!


ငါ့ကိုများလာခြိမ်းခြောက်ချင်သေးတယ်!


" နင်...နင် "


ဟန်ကျင်းရှန်က ဒေါသထွက်လွန်း၍ ခြေဆောင့်ကာပြောလိုက်သည် ။


" တတိယအစ်ကို...အစ်ကို့မိန်းမကိုကြည့်စမ်းပါဦး "


လင်းလန်က ထိုအရူပ်အထုပ်သားအမိအား အမှန်ပင်သည်းမခံနိုင်တော့ချေ ။


" ရှင်တို့ဘာသာဘာတွေဖြစ်ဖြစ် ကျွန်မစောင်ချုပ်စရာရှိသေးတယ် "


လင်းလန်က အဝတ်စုတ်တစ်ထည်ကိုယူ၍ ဟန်ကျင်းရှန်တွေ့တွင်ဝှေ့ယမ်းပြကာ ဒေါသတကြီးပြောလိုက်သည် ။


" နင်ထပ်ပြီး နေရာတကာဝင်ပါချင်နေသေးရင်... နင့်အမေတောင်မမှတ်မိတဲ့အထိ ငါရိုက်ပေးနိုင်တယ်နော် "


ဟန်ကျင်းရှန်က လင်းလန်နှင့်ရန်ဖြစ်ချင်ပါသော်လည်း သူမမလုပ်ရဲချေ ။ လင်းလန်သူမအား ပုဆိန်နှင့်လိုက်ခုတ်သော မှတ်ဥာဏ်မှာသူမအားခြောက်လှန့်နေဆဲဖြစ်၍ အိပ်မက်ဆိုးများပင်မက်နေဆဲဖြစ်သည် ။


လင်းလန် သူမအားအမှန်တကယ်ရိုက်နှက်မည်ကို ဟန်ချင်စုန့် မတားသောကြောင့် ငိုယိုနေသည့်အဖွားကြီးဟန်တစ်ယောက်တည်းထားခဲ့ပြီး ခြေဆောင့်ကာပြေးထွက်သွားလေသည် ။ 


အဖွားကြီးဟန် ငိုနေဆဲဖြစ်သောကြောင့် ဟန်ချင်စုန့်က ပြောလိုက်သည် ။


" အမေ ချင်ဟွက မြို့မှာမကောင်းတဲ့အပေါင်းအသင်းတွေဆီကနေ အများကြီးသင်ယူခဲ့တယ် ...အခုလဲရွာမှာဖြစ်ခဲ့တဲ့ကိစ္စကသူနဲ့ပက်သက်နေတော့ သေချာပေါက်ပြစ်ဒဏ်ခံရမှာ...မဟုတ်ရင် အနာဂတ်မှာဒီ့ထက်ပိုဆိုးတာတွေကိုတောင်လုပ်လာနိုင်တယ် "


စည်းမျဥ်းစည်းကမ်းများအား ချိုးဖောက်ရန်မှာ ဟန်ချင်စုန့်အတွက်ဖြစ်နိုင်သောကိစ္စမဟုတ်ချေ ။ ထို့အပြင် အဖွားကြီးဟန်ငိုယိုနေသည်မှာလည်း ကိုင်တွယ်ရန်မလွယ်ကူကာ ငိုလွန်း၍ပင်သေသွားနိုင်သည် ။


ဟန်ချင်ဟွ အိမ်ပြန်မရောင်သေးသရွေ့ အဖွားကြီးဟန်၏ဒုက္ခပေးမူမှာပြီးဆုံးနိုင်မည့် လမ်းစမရှိချေ ။ ဟန်ချင်စုန့် အတွက်ကိုင်တွယ်ရန်ခက်ခဲနေမည်စိုးသောကြောင့် လင်းလန်ကပြောလိုက်သည် ။


" နောက်ကျနေပြီ ရှင်အလုပ်သွားတော့လေ "


ဟန်ချင်စုန့် အိမ်မှာမရှိလျှင် အဖွားကြီးဟန်သည်လည်း ဆက်လက်သရုပ်ဆောင်နေမည်မဟုတ်တော့ချေ ။ ထိုအခါမှ သူမနည်းလမ်းဖြင့် ကြိုက်သလိုမောင်းထုတ်၍ရနိုင်မည်ဖြစ်သည် ။ 


သို့သော်လည်း လူရိုးကြီးဟန်ချင်စုန့်မှာ လင်းလန်၏စကားနောက်ကွယ်မှ လျို့ဝှက်အချက်ပြမူအားသဘောမပေါက်ပေ ။


" ကိုယ်မသွားလဲအဆင်ပြေပါတယ် "


လင်းလန် "..."


" ဒါဆိုလဲပြီးတာဘဲလေ ကျွန်မစောင်ချုပ်လိုက်ဦးမယ် ရှင်ကတော့ အဆင်ပြေမယ်ထင်တာသာလုပ်နေ တော့ "


ငိုနေလိုက်...ကြိုက်သလောက်သာဆက်ငိုနေလိုက် တစ်နေကုန်ငိုလို့မှမသေ သွားရင်ကျွန်မအရမ်းအထင်ကြီးမိသွားမှာပါ... ဟိ..ဟိ


သူမက ဟန်ချင်စုန့်စောင်ချုပ်သည်အားကြည့်ပြီး ချုပ်နိုင်မည်ထင်၍ ကုတင်ပေါ်သို့တက်ကာ စောင်ကိုဘယ်လက်ဖြင့် အပ်ကိုညာလက်ဖြင့်ကိုင်ထားသည် ။


ဟန်ချင်စုန့် ကဲ့သို့ လွယ်လွယ်ကူကူချုပ်နိုင်လိမ့်မည်ဟု သူမထင်သည် ။


ချုပ်ရိုးတစ်ကြောင်းချင်းစီက ကြက်ခြေခတ်ပုံစံမညီမညာဖြစ်ပြီး ကြည့်ရအလွန်ဆိုးလှသည် ။


အား...ဘာလို့ဒီလောက်ခက်ခဲနေရတာလဲ!


အဖွားကြီးဟန်က ငိုနေသည်အားရပ်၍ လင်းလန်စောင်ချုပ်နေပုံနှင့် ဟန်ချင်စုန့်၏မျက်နှာအမူအရာအားအကဲခတ်ကြည့်ရူလိုက်သည် ။ လင်းလန်က ပစ္စည်းကောင်းကိုဖြုန်းတီးသောကြောင့် ဟန်ချင်စုန့် ဒေါသထွက်ကာ ဆူပူတော့မည်ဟု ကြိတ်ဝမ်းသာနေသည် ။


ရလဒ်အနေဖြင့် ဟန်ချင်စုန့်ကဒေါသမထွက်သည့်အပြင် သူ၏မျက်နှာအမူအရာမှာပို၍ပင်နူးညံ့လာသည် ။ အဖွားကြီးဟန်က မကျေမနပ်ဖြစ်ကာ ဝင်ရောက်ဆူပူတော့သည် ။


" မိန်းမတစ်ယောက်ဖြစ်နေပြီး ဘယ်လောက်တောင်အသုံးမကျလိုက်လဲ "


လင်းလန် " ...."


ဟန်ချင်စုန့်က အဖွားကြီးဟန် ပြစ်တင်ပြောဆိုနေသည်အား နားထဲပင်မဝင်ချေ ။ လင်းလန်လက်ထိပ်အား နောက်တစ်ကြိမ်အပ်စူးမည်ကိုသာစိုးရိမ်နေသည် ။


ထို့ကြောင့် အပ်နှင့်ချုပ်လက်စစောင်အားဆွဲယူကာ လင်းလန်၏ပခုံးကိုကိုင်၍ပြောလိုက်သည် ။


" မင်းနားနေ ကိုယ်ဘဲဆက်လုပ်လိုက်မယ် "


xxxxxxxxxx

Part 136


အဘွားအိုက လင်းလန်တုန်းကထက်တောင် ပိုပြီးအံ့ဩသွားသည်။ သူမ ငိုယိုဖို့ကိုပင်. ဂရုမစိုက်နိုင်တော့ဘဲ ကျိန်ဆဲလာလေသည်။


‘‘ဘယ်လိုလုပ်ပြီး ယောက်ျားတစ်ယောက်က အပ်နဲ့အပ်ချည်ကိုကိုင်လို့ရမှာလဲ အဲ့လိုဆိုရင် ဇနီးတစ်ယောက်ကိုလက်ထပ်လိုက်တာက ဘာလုပ်မလို့လဲ ’’


ဟန်ချင်စုန့်က ပြောလိုက်သည်။


‘‘စစ်တပ်ထဲမှာဆိုရင်လည်း ဒါတွေကို ကျွန်တော်ကိုယ်တိုင်ဘဲ ချုပ်ရတာပါ’’


လင်းလန်က နှုတ်ခမ်းစေ့လိုက်ကာ ပြုံးလိုက်မိပေသည်။သူ့ကို ကြည့်လိုက်ပြီး သူမအရမ်းစိတ်ကျေနပ်သွား‌မိသည်။


အဖွားအိုဟန် သူတို့နှစ်ယောက်ကိုကြည့်ကာ မူးဝေလာ‌သလို ခံစားလိုက်ရပြီး  သူတို့ကိုလက်ညှိုးထိုးကာ ဆူငေါက်လိုက်သည်။

.

‘‘နင်က နေ့ဘက်မှာအလုပ်မသွားဘဲ အိမ်မှာ မိန်းမနဲ့ လာကစားနေတယ်၊မရှက်ဘူးလား အလှောင်ခံရမှာ မကြောက်ဘူးလားဟဲ့.. နင်ပိုပြီးတော့ ကောင်းကောင်းမွန်မွန်ပြု‌မူလို့မရဘူးလား ’’


ဟန်ချင်စုန့်က အဖွားအိုကိုကြည့်လိုက်မိသည်။


‘‘အမေဘဲ ကျွန်တော့်အတွက် အလုပ်လုပ်ပေးမယ်ဆို မဟုတ်ဘူးလား ’’


အဖွားအိုက သူ့ကိုကြည့်လိုက်ကာ ထပေါက်ကွဲတော့မလိုပင် ဖြစ်လာလေသည်။သူက သူမစကားတွေကို နားမထောင်တော့တာကြောင့် သူမကခြေလှမ်းပြင်းပြင်းနှင့် ရင်ဘတ်ကို‌ ဒေါသတကြီး ထုလိုက်ကာ ထွက်သွားလိုက်၏။


‘‘နင်က အမေ့ကိုထပ်ပြီး ကူညီတော့မှာမဟုတ်ဘူး ၊မိန်းမရသွားတာနဲ့ နင့်မှာအမေရှိတယ်ဆိုတာကို မေ့သွားပြီမလား အားးး’’


 ဟန်ချင်စုန့်က အဖွားကြီးရဲ့သရုပ်ဆောင်မှုကို နေသားကျနေပုံပေါ်‌ပေသည်။ဒါကြောင့် မလှုပ်လာဘဲ စောင်ကိုသာ ဆက်ချုပ်နေတော့သည်။


လင်းလန်က အလျင်အမြန်ဘဲ အော်ပြောလိုက်လေသည်


‘‘အမေ ရေ ဘာလို့ထွက်သွားတာလဲ ညစာစားဖို့အတွက် နေအုံးလေ ’’


အဖွားအိုဟန်က အရမ်းဒေါသထွက်လွန်းတာကြောင့် သူမခြေလှမ်းတွေတောင် ဒယိမ်းဒယိုင်ဖြစ်သွားလေသည်။


လင်းလန်က အခန်းထဲကိုပြန်ရောက်လာပြီး ပြောလာလေသည်။


‘‘အဖွားအိုကြီးက အခုဆို တော်တော်လေး ဒေါသထွက်နေလောက်ပြီ၊ ကျွန်မအခုဘဲ ရှင့်ကို အပြင်ထွက်သွားဖို့ပြောလိုက်တယ်လေ ဘာလို့ဆက်ပြီး စောင်ချုပ်နေသေးတာလဲ အဲ့ဒါကိုဖယ်ထားလိုက် ကျွန်မလုပ်လိုက်မယ်  ’’


ဟန်ချင်စုန့် သူမကိုမော့ကြည့်လိုက်မိသည်။

.

‘‘‌ဒါက ပြီးတော့မှာပါ ’’


အိုးးးးကျွန်မတကယ်ကို ပြောလို့မရပါလားနော်...

 

လင်းလန်က တွေးပြီး ပြုံးလိုက်လေသည်။


ဟန်ချင်စုန့် သူသက်တောင့်သက်သာမရှိသလို့ခံစားနေတဲ့ အချိန်အထိ စိုက်ကြည့်ခံလိုက်ရပေသည်။


‘‘ဟမ် ’’


လင်းလန် : ‘‘ကျောင်းလွယ်အိတ်ချုပ်မလို့လေ’’


သူမ အမလျိုပေးလိုက်တဲ့ ပိတ်စတွေကို ထုတ်ယူလိုက်သည်။


ဟန်ချင်စုန့်က ၎င်းကိုတချက်ကြည့်လိုက်ကာ ပြောလိုက်တော့သည်။


‘‘အဲ့ဒါကိုလုပ်ဖို့ ကြိုးစားမနေနဲ့၊ အပ်ချုပ်စက်မရှိဘဲနဲ့ အဲ့ဒါကလုပ်ဖို့ဖြစ်နိုင်မှာမဟုတ်ဘူး ’’


အိမ်မှာ စစ်တပ်သုံးအိတ်အနည်းငယ် ရှိပေသည်။ဟန်ချင်စုန့်က တစ်အိတ်ကိုအလုပ်ကိုယူသွားလေ့ရှိသော်လည်း သူ ယခုမှ ပြန်ယူလာသော သိပ်မဟောင်းသေးသည့် နောက်တစ်လုံး ရှိနေပေသေးသည်။


သို့သော် လင်းလန်က ကျောင်းလွယ်အိတ်တစ်လုံးကို ကျောင်းသားလေးယောက်က ခွဲဝေလို့ရမှာမဟုတ်ဟု ခံစားလိုက်မိသည်။


၎င်းကို မည်သူ့ကိုမှ မပေးပဲ ဆုလဒ်အဖြစ် ထားလိုက်တာက ပိုကောင်းပေသည်။အချိန်ကျလာရင် စာကိုအလေးအနက်ထားပြီး လေ့လာတဲ့သူကို ထိုလွယ်အိတ်ပေးလိုက်မည်။


မူလတန်းကျောင်းသားတွေသာမက ကောလိပ်ကျောင်းသားတွေကတောင် စစ်တပ်သုံးလွယ်အိတ်လွယ်ရမှာကို ဂုဏ်ယူကြပေသည်။

 

အစပိုင်းတွင် ဟန်ကျင်းပေါင်က သူ့ရဲ့တတိယအကိုဆီက ပြန်ယူမခံရသေးခင်ထိ စစ်ယူနီဖောင်းနဲ့ လွယ်အိတ်ကို ကျောင်းမှာ ရှိုးပြဖို့‌ယူသွားနေကြဖြစ်သည်။


လင်းလန်က ၎င်းကိုလှုံ့ဆော်ပေးတဲ့ နည်းလမ်းအဖြစ်သုံးလို့ရတယ်လို့ တွေးလိုက်မိသည်။နောက်ဆုံးမှာတော့ သူမက အလုပ်နဲ့ ဈေးသွားတဲ့အခါတိုင်း အိပ်ကပ်တစ်ခုတည်းသာပါသော ပိတ်စနဲ့လွယ်အိတ်ကို သုံးနေရတာဖြစ်သည်။


ဟန်ချင်စုန့်က လင်းလန်ဝယ်လာသော အိမ်တွင်းဖြစ်ပိတ်သားစများကို လက်ညှိုးထိုးပြလိုက်သည်။


‘‘ဒီလိုပိတ်စမျိုးက ကျောင်းလွယ်အိတ်တွေ လုပ်ဖို့အတွက်သုံးတာ၊ အဲ့ဒါကထူထဲပြီးတော့ ပွန်းပဲ့စုတ်ပြဲတာတွေကို ခုခံပေးတယ်လေ ’’


လင်းလန်က ခက်ခဲသောပိတ်စနဲ့ အဝတ်အစားတွေလုပ်ဖို့ကို လက်မလျှော့နိုင်ပေ။


ထိုအသင့်ရပြီး ကြီးမားတဲ့ပိတ်စက ကျောင်းလွယ်အိတ်ကိုလုပ်ဖို့ဖြစ်ပေသည်။လင်းလန်က အနည်းငယ်တွန့်ဆုတ်‌နေမိပေသည်။


ဟန်ချင်စုန့်က သူမတွေဝေနေတာကိုမြင်လိုက်တဲ့အခါ ပြောလိုက်သည်။


‘‘တစ်ခုဘဲချုပ်လိုက်ရအောင် ဒီလိုဟာမျိုးက ပစ္စည်းတွေအများကြီးကို သိပ်သုံးဖို့မလိုဘူးလေ တဝမ်ကိုဘဲ လွယ်ဖို့ပေးလိုက်ပါ ’’


လင်းလန်က ကလေးလေးယောက်အတွက် ကျောင်းလွယ်အိတ်တစ်ခုတည်းက အဆင်မပြေဘူးလို့ ခံစားမိပေသည်။အနည်းဆုံးတော့ နှစ်ခုလောက်ရှိမှဖြစ်မည်။ဒါကြောင့် သူတို့က လွယ်အိတ်နှစ်လုံး ချုပ်ရပေမည်။ဒါပေမယ့်လည်း လက်ထဲမှာရှိနေတဲ့ ပိတ်စတွေက စောင်၊အဝတ်နှင့် ဖိနပ်တွေအတွက်ပါ သုံးရမှာဖြစ်သည်။အဲ့ဒါကြောင့် ကျောင်းလွယ်အိတ်အတွက်က ဖြည်းဖြည်းချင်း အချိန်ယူမှသာ‌ဖြစ်ပေမည်။


သူမက ပိတ်စကို ဟိုထိဒီထိလုပ်ကြည့်လိုက်ကာ ကျောင်းလွယ်အိတ်လုပ်ဖို့ကို ပိတ်စတစ်လွှာတည်းက အရမ်းကိုနူးညံ့နေမှာလို့ တွေးလိုက်မိသည်။အထဲဘက်တွင် အစတစ်ခုကို တစ်ကြောင်းထပ်ချုပ်လိုက်ရင် ပိုကောင်းပေသည်။ထိုသို့ဆိုလျင်ကျောင်းလွယ်အိတ်က ပိုပြီးတော့ တောင့်သွားပေလိမ့်မည်။


သို့သော်လည်း ဖိနပ်အောက်ခံပြားအတွက်လည်း သိမ်းထားဖို့လိုသေးပေသည်။အဲ့ဒါက ဖိနပ်နှစ်စုံလုပ်ဖို့အတွက်တောင် မလုံလောက်ပေ။မိသားစုထဲက ကလေးအများကြီးအတွက်လည်း ဖိနပ်လုပ်ဖို့လိုနေသေးသည်။


တွက်ချက်လိုက်ပြီးနောက် လင်းလန်က အရာအားလုံးက ပြတ်လပ်နေတယ်လို့ခံစားလိုက်ရသည်။ပြီးတော့ သူမက အဲ့ဒါတွေကိုရဖို့ နည်းလမ်းရှာရန်လိုနေပေသည် ။


ဟန်ချင်စုန့်က သူမအလေးအနက် ပိတ်စကိုထိကြည့်နေတာကို ကြည့်လိုက်ကာ ပြောလိုက်မိသည်။


‘‘ခြေဖဝါးနှစ်ခုအတွက်ပိတ်စလက်မှတ်ကိုယူပြီး အထောက်အပံ့နဲ့ ဈေးကွက်တင်ရောင်းချတဲ့ သမဝါယမအဖွဲ့စည်းမှာ ဘာလို့ ကျောင်းလွယ်အိတ်သွားမဝယ်တာလဲ’’


လင်းလန် သက်ပြင်းချလိုက်မိသည်။တချိန်တုန်းကဆို သူမက အဝတ်၊လွယ်အိတ်နဲ့ ဖိနပ်အများအပြားကို လွှင့်ပစ်ခဲ့ဖူးသည်။အခုတော့ သူမက အသေးငယ်ဆုံးသော ပိတ်ထည်ကိုတောင် လက်လျှော့လိုက်ဖို့ မဖြစ်နိုင်ပေ။


‘‘ရှင်က အလုပ်မှာ လက်ပွန်းတတီး လုပ်နေကြဆိုတော့ ရှင့်မှာ ပုံမှန်အဖွဲ့ဝင်တွေထက်များတဲ့ ပိတ်စလက်မှတ် နဲ့ ချည်ထည်လက်မှတ်တွေ ပိုရှိနေလား ’’


အခုချိန်တွင် လင်းလန်က ပိုက်ဆံမပြတ်လပ်နေပေ။ သူမအပြတ်လပ်ဆုံးက လက်မှတ်များပင်ဖြစ်သည်။


ဟန်ချင်စုန့်ကခနလောက်တွေးကြည့်လိုက်သည်။


‘‘အနည်းဆုံးတော့ ကိုယ်ကသေချာပေါက် သာမာန်အဖွဲ့ဝင်တွေထက်တော့ လက်မှတ်တွေပိုရမှာပါ၊ကိုယ်ပြန်သွားပြီးတော့ လက်မှတ်တွေကို ဘယ်တော့ဖြန့်ဝေပေးမလဲဆိုတာ သွားမေးကြည့်လိုက်မယ် ’’


သူက အိမ်အတွက် လက်မှတ်များ ပိုလိုချင်ပေသည်။ထိုမှသာ လင်းလန်က သူမကိုယ်ပိုင်ဖိနပ် ဝယ်နိုင်လိမ့်မည်။သူမကို ရွာထဲကအခြားအမျိုးသမီးများကဲ့သို့ ပါးလျနေသောဖိနပ်မျိုးကို မစီးစေချင်ပေ။


အကြောင်းအရင်းတချို့ကြောင့် လင်းလန်က သူမဖိနပ်အောက်ခံပြားတွေကို အခြားအမျိုးသမီးများလို ဘယ်သွားသွားယူသွားတာမျိုးကို မတွေးကြည့်ရဲပေ။


သူတို့ထဲက တ‌စ်ယောက်က စောင်ကိုချုပ်နေကာ ကျန်တစ်ယောက်က ကျောင်းလွယ်အိတ်ချုပ်နေပေသည်။


ထိုအချိန်တွင် ဟန်ချင်းယွမ်က ခြံအပြင်ဘက်ကနေ အော်ဟစ်ပြီး အိမ်ထဲဝင်လာလေသည်။


xxxxxxx