အပိုင်း ၁၃၇-၁၃၈
Viewers 22k

Part 137


လင်းလန်က အလျင်အမြန်ဘဲ သူ့ကိုကြိုဆိုလိုက်ကာ အပြုံးတစ်ခုနှင့် ပြောလာလေသည်။


‘‘ချင်းယွမ်ရောက်လာတာဘဲ ’’


ဟန်ချင်းယွမ်ကလည်း တောက်ပစွာ ပြန်ပြုံးပြလာသည်


‘‘မရီး ကျွန်တော့်ရဲ့ တတိယအကိုက ဘယ်မှာလဲ’’


‘‘ငါဒီမှာ ’’


ဟန်ချင်းယွမ် အိမ်ထဲဝင်လာပြီးနောက် ဟန်ချင်စုန့် စောင်ချုပ်နေတာကို ကြည့်ပြီး ကြောင်အသွားလေသည်။ရွာထဲက ယောက်ျားများက မည်မျှပင် အပျင်းကြီးပြီး ယှဉ်ပြိုင်ချင်စိတ်မရှိနေပါစေ သူတို့က သူတို့ဇနီးရဲ့ အလုပ်ကို ဘယ်တော့မှမလုပ်ပေ။


ချက်ပြုတ် လျှော်ဖွတ် အပ်ချုပ်နဲ့ ဖာထေးပြုပြင်မှုအကုန်လုံးက မိန်းမများရဲ့ အလုပ်ပင်ဖြစ်သည်။


ဘယ်လိုလုပ်ပြီး ယောက်ျားတစ်ယောက်က ဒီလိုအလုပ်မျိုးကို လုပ်ဖို့ဖြစ်နိုင်မှာလဲ။


သူက လင်းလန်ကို အံ့အားတကြီးကြည့်လိုက်မိသည်။


သူမရဲ့ ရှက်ရွံ့မှုကိုဖုံးကွယ်ဖို့အတွက် လင်းလန်ကပြုံးပြလိုက်သည်။


‘‘ကျွန်မ... ကျွန်မက လက်ကိုအပ်ထိုးမိသွားလို့ သူက ကူပြီးတော့ ကြမ်းတဲ့အဖျားပိုင်းကို ဖာထေးပေးနေတာပါ ’’


ဟန်ချင်စုန့်က ဟန်ချင်းယွမ်ကို တချက်ကြည့်လိုက်လေသည်။


‘‘တခုခုမှားနေတာရှိလို့လား ’’


ဟန်ချင်းယွမ်က ပြုံးပြီးပြောလာလေသည်။


‘‘တတိယအကို ကျွန်တော်လည်း အကိုနဲ့အတူတူ စောင်ချုပ်တာကို လေ့လာမယ်လေ’’


သူစနောက်နေတာကို သိတာကြောင့် ဟန်ချင်စုန့်က မပြုံးလာဘဲ ခေါင်းငုံ့ကာ စောင်ကိုဘဲ ဆက်ချုပ်နေလိုက်သည်။


လင်းလန်က ပြောလိုက်မိသည်။


‘‘တကယ်လို့ နင့်မှာ ပြောစရာတခုခုရှိနေရင်လည်း ဒီအတိုင်းဘဲပြောလိုက်ပါ ’’


ဟန်ချင်းယွမ်က ဟန်ချင်စုန့်ချုပ်နေတဲ့ စောင်ကိုကြည့်ဖို့ ကိုယ်ကို ကိုင်းညွတ်လိုက်သည်။


‘‘အဲ့ဒါက ဒီအတိုင်း ယုဝူဇီက ကျွန်တော့်ကို စိတ်အနှောင့်ယှက် ပေးနေလို့ပါ၊...ငိုယိုနေတဲ့မျက်နှာနဲ့ကျွန်တော့်အိမ်ကို ပြေးလာတာလေ၊တတိယအကိုက လတ်တလောကမှခန့်အပ်ခံလိုက်ရတဲ့ ပြည်သူ့လုံခြုံရေး အစိုးရဌာနရဲ့ ​ခေါင်းဆောင် ဆိုတာကို သူတို့အကုန်လုံးက သိနေကြတယ်။...ဒါပေမယ့် သူတို့ကို သူက သနားညှာတာမှုမပေးချင်ဘူးဆိုပြီး အိမ်မှာအဖေ့ဆီကို လာတောင်းဆိုနေကြတာဘဲ၊.... အဖေကလည်း သူတို့ကိုအာရုံစိုက်ပေးဖို့ အရမ်းပျင်းနေတော့ ဆူငေါက်ပြီး‌တော့ ရပ်ခိုင်းလိုက်တာ ပြီးတော့အဖေ က အကို့ဆီကိုလည်း လာပြောခိုင်းလိုက်သေးတယ်...အဲ့ဒါက အကိုအလုပ်လုပ်ဖို့လိုရင် ဒီအတိုင်းအလုပ်ကိုဘဲသွား ...အခြားအဓိပ္ပါယ်မရှိတာတွေကို အာရုံမစိုက်နေနဲ့တဲ့ ...တကယ်လို့ တယောက်ယောက်ကသာ အကို့ကို စိတ်အနှောင့်အယှက်ပေးရဲလာရင် ဒီအတိုင်းသူတို့ကို အဖေ့ကိုလာရှာဖို့သာ ပြောလိုက်တဲ့....သူက သူတို့ကိုဘယ်လိုဖြေရှင်းရမလဲဆိုတာသိတယ်လို့ပြောလိုက်တယ်......အိုးးး တတိယအစ့ကို အကို့ရဲ့အပ်ချုပ်လက်ရာက အရမ်းကောင်းတာဘဲ၊အဲ့ဒါက ကျွန်တော့်အမေရဲ့ လက်ရာထက်လုံးဝမဆိုးနေဘူး ’’


လင်းလန်က ချက်ချင်းဘဲ စိတ်သက်သာရာရသွားတော့သည်။


မြင်တဲ့အတိုင်းဘဲ သူမရဲ့အပ်ချုပ်လက်ရာကဆိုးနေတာမဟုတ်ပါဘူးနော် အဲ့ဒီဟန်ချင်စုန့်ရဲ့ လက်စွမ်းကသာ အရမ်းမြင့်နေတာ....


ဟန်ချင်စုန့်က ခေါင်းညိတ်ပြလာသည်။


‘‘ဦးလေးရဲ့ အကူအညီကြောင့် ငါပြသနာအတော်များများကနေ လွတ်သွားတာ တစ်နေ့လောက်တော့ ငါကိုယ်တိုင်လာပြီး ဦးလေးနဲ့လာသောက်ပါ့မယ် ’’


ဟန်ချင်းယွမ်က ပြုံးပြလိုက်ကာ သူစောင်ချုပ်နေတာကိုဆက်ကြည့်နေလိုက်သည်။


ဟန်ချင်စုန့်က သူ့ကိုတချက်ကြည့်လိုက်လေသည်

‘‘မင်းတကယ်ဘဲ အပ်ချုပ်ဖို့ ငါ့ကိုကူညီချင်နေတာလား’’


ဟန်ချင်းယွမ်က အလျင်အမြန်ဘဲ သူ့ခေါင်းကိုခါလိုက်လေ၏။


ဟန်ချင်စုန့်က ပြောလိုက်လေသည်။


‘‘တကယ်လို့ မင်းမှာအခြားပြောစရာ ဘာမှမရှိတော့ဘူးဆိုရင် ထွက်သွားလို့ရပြီ မင်းပြောဖို့လိုအပ်တာကို ငါသိပြီးပြီလေ ’’


ဟန်ချင်းယွမ်က လင်းလန်ကိုပြုံးပြလိုက်ကာ သူကခြံဝင်းထဲကိုမသွားသေးခင် လင်းလန်နားကို တီးတိုးပြောလိုက်လေသည်။


‘‘မရီး တကယ်လို့ဘယ်လိုအပ်ချုပ်ရမလဲဆိုတာမသိရင် ကျွန်တော့်အမေနဲ့ မရီးတို့ကို ကူညီပေးဖို့ ပြောလိုက်လေ၊တတိယအကိုက ဂုဏ်ရှိတဲ့ ဒါရိုက်တာတစ်ယောက် တကယ်လို့ သူစောင်ချုပ်နေတယ်ဆိုပြီး သတင်းသာပြန့်သွားရင်မကောင်းဘူးမလား’’


အခြေခံအားဖြင့် ရွာထဲကယောက်ျားများက သူတို့အိမ်ပြန်ရောက်လာရင် ဘာအလုပ်မှမလုပ်ကြတော့ပေ။


တကယ်လို့သူတို့က ရေတချို့မှောက်ချမိရင်တောင် မသန့်ရှင်းပေးကြတာ၊အိမ်အလုပ်လုပ်ဖို့ဆို ပြောနေစရာတောင်မလိုတော့ပေ။


သူက ပြတင်းပေါက်ကသူ့အကိုရဲ့ အကြည့်နဲ့ဆုံဖို့ ခေါင်းမော့လိုက်ကာ လက်ရမ်းပြလိုက်လေသည်။


‘‘တတိယအစ်ကို ကျွန်တော်သွားပြီနော်၊တကယ်လို့အချိန်ရရင် ကျွန်တော်အကိုနဲ့ လာသောက်ပါ့မယ်’’


လင်းလန်က အခန်းထဲသို့ပြန်လာကာ အပြုံးတစ်ခုနှင့်ပြောလာ၏။


‘‘အဲ့ဒီ မိတ်ဆွေငယ်လေးချင်းယွမ်က တကယ်ကောင်းတာဘဲ၊သူက ရိုင်းပင်းကူညီတတ်ပြီးတော့ ဖြောင့်မတ်တယ်’’


 ဟန်ကျင်းပေါင်က လင်းလန်အပေါ်ကိုလှည့်စားနေတဲ့အချိန်မှာ ဟန်ချင်းယွမ်က ကူညီခဲ့တာဖြစ်သည် ။


ဟန်ချင်စုန့်က ဆက်ပြီးတော့ စောင်ကိုချုပ်နေလိုက်သည်။


အပြင်ဘက်မှာက လင်းနေသေးပေမယ့် အခန်းထဲမှာတော့ စောစောစီးစီးပင် မှောင်နေပြီဖြစ်သည်။ထို့ကြောင့် လင်းလန်က မီးအိမ်ကိုမီးညှိလိုက်လေသည်။


အခြားတစ်ဖက်တွင်တော့ ဟန်ချင်စုန့်က စောင်ကိုချုပ်လို့ပြီးသွားပြီဖြစ်သည်။


ခေါင်းဆောင် ဟန် ရှင်ကတကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ။


ဟန်ချင်စုန့်က တစ်ချက်ကြည့်လိုက်ကာ အချိန်ရှိသေးတာကိုတွေ့လိုက်ရတာကြောင့် လင်းလန်ကို အခြားတစ်ခုပါယူလာဖို့ လက်ဟန်ပြလိုက်ကာ နှစ်ယောက်အတူတူဆက်ချုပ်ကြ၏။


အိမ်တွင် စစ်တပ်သုံးစောင် နှစ်ခုရှိသည်ဆိုသော် လည်း  တစ်ယောက်သုံး‌စောင်များ သာဖြစ်သည်။သူတို့တွေက လုံလောက်အောင်ထူထဲပေမယ့် လုံလောက်အောင်တော့ မကျယ်တာကြောင့် တခုကိုလူတစ်ယောက်ဆီသာ သုံးလို့ရပေသည် ။ထို့အပြင် စောင်တွေအတွက် ကိုက်ညီမှုရှိတဲ့ အိပ်ရာခင်းများလည်းမရှိပေ။


ဟန်ချင်စုန့်နဲ့ မိုင်စွေ့က တယောက်တစ်ခုဆီရနိုင်ပေသည်။လင်းလန်နဲ့‌ ရှောင်ဝမ်ကတော့ အကြီးတစ်ခုကိုယူလိုက်ကာ ညီအကိုသုံးယောက်ကလည်း ကျန်တဲ့အကြီးတစ်ခုကို မျှသုံးမှရမည်။


လင်းလန်က ချည်သားနဲ့အထည်စနှစ်ခုကို အပ်ချုပ်ဖို့ ပြင်လိုက်သည်။အရင်တုန်းက အိပ်ရာခင်းက အခြားစောင်များကို ပြုလုပ်ထားတဲ့ ကိုယ်တိုင်ဆေးဆိုး‌ထားသော အပြာရောင်ဖြစ်သည်။၎င်း တောအဆန်ဆုံးသော ပုံစံမျိုးဖြစ်သည်။လင်းလန်ဝယ်ခဲ့တဲ့ ဒီအိမ်ရာက ချည်သားကို‌ဆိုးဆေးတင်ထားမျိုးဖြစ်ကာ မဲနယ်ရောင်ဆိုးထားတဲ့ မဲနယ်ရောင်ပိတ်သားစထက် ပို‌ကြည့်ကောင်းပေသည်။အနီ၊အပြာနဲ့အစိမ်း အရောင်သုံးမျိုးက မှေးမိန်နေတဲ့အခန်းထဲမှာ တောက်ပနေပေသည် ။


လင်းလန်က စောင်တစ်ထည်ကိုဘဲ ချုပ်လိုက်သည်။ကျန်တဲ့အထည်စတွေအားလုံးကို မိုင်စွေ့ အတွက် အပေါ်ဖုံးအင်္ကျီလုပ်ပေးဖို့ စီစဉ်ထားတာဖြစ်သည်။


သူတို့နှစ်‌ယောက်က ရိုးရှင်းထဲအပ်ချုပ်လိုင်းကြောင်းကိုဘဲ ဖြန့်ချုပ်လိုက်ကာ ဝါဂွမ်းစများနဲ့ အရောင်သုံးခုပါသည့် သက္ကလပ်အစကို အတူတကွချုပ်လိုက်၏။သူတို့ရဲ့ အရှိန်က ပိုပိုပြီးတော့မြန်လာကာ လင်းလန်ရဲ့လှုပ်ရှားမှုတွေက ပေါ့ပါးပြီးတော့ မြန်ဆန်ပေသည်။


အဲ့ဒါကဖြန့်ချလိုက်ပြီးနောက် ဟန်ချင်စုန့်က အရင်ဆုံးစောင်ရဲ့ လေးဖက်လေးရံကို စချုပ်လိုက်သည်။


‘‘အမေရေ အကြီးဆုံးအကိုက အခြားသူတွေနဲ့ ရန်ဖြစ်ဖို့သွားနေပြန်ပြီ ’’ 


အာ့ဝမ်က အိမ်ကိုအပြေးပြန်လာကာ အော်ပြောလာလေသည်။


သူက ခြင်းတောင်းကို နံရံနဲ့ကပ်ပြီးထားလိုက်ကာ အဓိကအခန်းထဲ၏နံရံတွင် တံစဉ်တစ်ခုကိုချိတ်လိုက်လေသည်။ သူက နောက်လှည့်လိုက်ကာ ရေသောက်ဖို့အတွက် ခွက်ကိုယူရန်လုပ်လိုက်သည်။သူကြည့်လိုက်တဲ့အခါ သူ့အဖေက မီးဖိုပါသောအုတ်အိပ်ရာပေါ်တွင်ထိုင်ပြီး စောင်ချုပ်နေတာကိုတွေ့လိုက်ရပေသည်။

.

‘‘ဖီးးးအဟွတ် အဟွတ်’’


xxxxxxx

Part 138


လင်းလန်က အလျင်အမြန်ဘဲ ‌သူ့နောက်ကျောကို ပုတ်ပေးလိုက်ရသည်။


‘‘ဘာလို့ဒီလောက်တောင် အလျင်စလိုသောက်လိုက်ရတာလဲ’’


အားဝမ်က သူသရဲတစ်ကောင်ကိုမြင်လိုက်ရကဲ့သို့ပင် ဖြစ်နေပေသည်။


‘‘အမေ အမေ ....သူက..အဖေက...သူ’’


‘‘နင်ဘာလို့ ဒီလိုရှူပ်ပွနေအောင်လုပ်လိုက်တာလဲ။မင်းအဖေက အလုပ်မျိုးစုံကို ကျွမ်းကျင်တာဘဲလေ၊တကယ်တော့ နင်လည်း ကိုယ့်အဖေဆီကနေ နည်းနည်းပါးပါးလောက် လေ့လာထားသင့်တယ်၊ အဲ့ဒါမှ အနာဂတ်မှာ ဇနီးလောင်းရှာရင် အခွင့်သာမှာ ’’


အားဝမ်က သူ့ရေကိုဘဲ တိတ်တဆိတ်သောက်နေလိုက်သည်။


လင်းလန်က တဝမ်ရန်ဖြစ်တာကို သတိရသွားကာ ဟန်ချင်စုန့်ကိုပြောလိုက်လေသည်


‘‘ကျွန်မ အတွင်းရေးမှူးခေါင်းဆောင်ဦးလေးနဲ့ ကျောင်းအုပ်ကို တဝမ်ကိုများ သူတို့နဲ့ကျောင်းပို့လိုက်ဖို့ရမလားဆိုတာ သွားမေးကြည့်လိုက်မယ်၊သူကအခုမှ အသက်နှစ်နှစ်ဘဲကျော်လွန်သေးတာ။တကယ်လို့ သူတို့ကိုကျွန်မတို့က ပိုက်ဆံပေးလာရင်တောင် တဝမ်ကိုအတန်းတက်ဖို့ခွင့်မပြုဘဲ‌နေမှာလား ’’


မူလလင်းလန်က တဝမ်ကျောင်းတက်မည့်အသက်အရွယ်အားဘယ်သောအခါမှ ဂရုမစိုက်ခဲ့သောကြောင့် ယခုတွင်လင်းလန်ကျောင်းတက်ခိုင်းသောအခါ အမြဲငြင်းဆန်နေရခြင်းဖြစ်သည် ။ အတန်းတူကလေးများကြား အသက်ကြီးနေရခြင်းကို မနှစ်သက်ပုံရသည် ။


ဟန်ချင်စုန့်က လင်းလန်ဆက်ပြောမည့်စကားအား နားထောင်နေသည် ။


" အသက်ကြီးနေလို့ ကျောင်းမတက်ရဘူးဆိုတာရှင်ပြောတာလား "


" မဟုတ်ပါဘူး...ကိုယ်မပြောဘူး "


" ဘာဘဲဖြစ်ဖြစ် သူ့ကျောင်းအုပ်နဲ့သေချာပေါက် သွားတွေ့ရမယ် ရှင်က တဝမ် ကျောင်းတက်ဖို့မဖြစ်နေကိုဖျောင်းဖြကြရမယ်... ဘယ်လိုနည်းလမ်းဘဲသုံးသုံး ကျောင်းကိုအရောက်ပို့ရမယ် "


အားဝမ်က ပြုံးပြီးပြောလိုက်သည် ။


" ကျောင်းတက်ရတာ ဘာမှအသုံးဝင်တာမှမဟုတ်တာ "


အားဝမ်ဆိုလိုသည်မှာ ဟန်ချင်ဟွနှင့်ဟန်ကျင်းရှန်တို့အကြောင်းမှန်း သဘောပေါက်သည် ။


အဲ့ဒါ ကမတူဘူးလေ ကလေးရယ်...


" နင်တို့ညီအစ်ကိုတွေအကုန်လုံးကို ကြိုးတုပ်ပြီးကျောင်းပို့ရမယ်ဆိုရင်တောင် ငါမရရအောင်ဖမ်းပို့မယ် ဆိုတာမှတ်ထားကြ "


လင်းလန်က အားဝမ်ကိုဟင်းချက်ခိုင်းလိုက်ပြီး ရှောင်ဝမ်ကိုခေါ်ရန် မိုင်စွေ့ကိုခိုင်းလိုက်သည် ။


ရှောင်ဝမ်က သူ၏ပုလွေလေးနှင့်သံစဥ်တချို့မူတ်နိုင်ရန်ကြိုးစားနေသည် ။ မကျွမ်းကျင်သော်ငြား နားထောင်၍ရဆဲပင် ။


" ရှောင်ဝမ်က အရမ်းတော်တာဘဲ... သီချင်းတစ်ခုလုံးမူတ်နိုင်ရင်တကယ်နားထောင်ကောင်းမှာ "


ရှောင်ဝမ်၏ လက်ကလေးများမှာသေးငယ်သောကြောင့် အချိန်အကြာကြီးလေ့ကျင့်ရန်အဆင်မပြေချေ ။ သို့သော်လည်း လင်းလန်၏ ချီးကျူးစကားကြောင့် အလွန်ပျော်ရွှင်နေသည် ။


လင်းလန်က ဟန်ရုံဖန်အား သွားရောက်ရှာဖွေတော့သည် ။ ပြီးခဲ့သောရက်များအတွင်း မိုးရွာသောကြောင့် အလုပ်မဆင်းရသော်လည်းတချို့အလုပ်များကမူ စီမံရန်လိုအပ်ဆဲပင်ဖြစ်သည် ။


ကျေးရွာများရှိ လုံခြုံရေးကော်မတီများရှိ ဒါရိုက်တာနှင့်အဖွဲ့ဝင်များမှာ အလွန်အလုပ်များကြသည် ။ ကျေးရွာလုံခြုံရေးအပြင် လယ်တွင်းအလုပ်ရမှတ်စီမံမူများနှင့် အလုပ်ခွဲဝေပေးရေးအတွက် အစည်းအဝေးများပြုလုပ်ကြရသည် ။


ဟန်ရုံဖန်က အဖွဲ့ဝင်များအားလုံးနှင့်ဆက်ဆံရေးအဆင်ပြေသည့်အပြင် အလုပ်မလုပ်ရမနေနိုင်သူဖြစ်သောကြောင့် လူတိုင်းသဘောကျကြသည် ။ 


လုံခြုံရေးစစ်ဆေးမူများနှင့် လယ်ယာစိုက်ခင်းများအတွင်းစစ်ဆေးထိန်းသိမ်းခြင်းကိုပါ သူကိုယ်တိုင်ပါဝင်ဆောင်ရွက်သည် ။ စပါးခင်းနှင့် မြေပဲခင်းကဲ့သို့သော စားနပ်ရိက္ခာစိုက်ပျိုးမူမှာအဓိကပင်ဖြစ်သည် ။


ယခုအချိန်၌ တိုင်းပြည်ပြန်လည်ထူထောင်နေဆဲကာလဖြစ်၍ အရာအားလုံးစနစ်ကျနေရမည်ဖြစ်ကာ နှောင့်နှေးနေ၍မရပေ ။


လင်းလန်က တပ်မဟာခြံဝန်းထဲတွင် စီးကရက်သောက်ရင်းလူကြီးတချို့အတူနှင့်အနားယူနေသည့် ဟန်ရုံဖန်ကိုတွေ့လိုက်သည် ။


လင်းလန် ကသူမ၏လာရင်းရည်ရွယ်ချက်ဖြစ်သော တဝမ် ၊ စန်းဝမ် ၊ အားဝမ်နှင်မိုင်စွေ့တို့ ကျောင်းထားမည်အကြောင်းပြောပြလိုက်သည် ။ ဟန်ရုံဖန်က မအံ့သြဘဲမနေနိုင်တော့ချေ ။


" သူတို့အကုန်လုံးကိုကျောင်းထားမှာလား? "


အခြားသောလူကြီးများလည်း မယုံနိုင်ကြချေ ။


အိပ်မက်မက်နေတာတော့မဟုတ်ဘူးမလား...


ကလေးတစ်ယောက်အား ကျောင်းထားရန်ပင်အလွန်ခက်ခဲနေပြီဖြစ်ကာ ကျောင်းနေအရွယ်ကလေးများရှိသောမိသားစုသည် ဆင်းရဲခက်ခဲကြသည် ။ သူတို့၏အိမ်ထောင်ဦးစီးမှာ ကေဒါတစ်ဦးမဟုတ်သရွေ့ ကျောင်းထားရန်မတက်နိုင်ကြချေ ။


ကလေးတစ်ယောက်သည် အလုပ်မလုပ်ပါက အလုပ်ရမှတ်များမရရှိမည့်အပြင် အစားအသောက် ၊ အဝတ်အစား ၊ ကျောင်းစရိတ်နှင့် စာအုပ်ဖိုးများကိုလည်းပူပန်နေရဦးမည် ။ ဤကဲ့သို့သော မိသားစုများမှာအများအပြားပင်ရှိ၍ ကျောင်းသားတစ်ဦးကို ပြုစုပျိုးထောင်ရန်အလွန်ခက်ခဲသည် ။


သူမက ကလေးလေးယောက်လုံးအားကျောင်းထားမည်ဖြစ်၍ ဟန်ချင်စုန့် ၏အလုပ်သစ်မှလစာမှာမလောက်ငှပါက ခက်ခဲစွာဖြတ်ကျော်ရလိမ့်မည် ။


လူတိုင်းက သူမဥာဏ်မရှိဘဲ ပြုမူနေသည်ဟုသာ လှောင်ရီကြသည် ။


ဟန်ရုံဖန်က သူမအားမဝေဖန်ပေ။


" မင်းသဘောဘဲလေ စစ်မူထမ်းတဲ့မိသားစုက ကလေးတွေတိုင်းစာသင်ကြတာများတယ် ငါတို့ရွာကကျောင်းလခမပေးရဘူးဆိုရင်တောင် စာအုပ်တွေကိုတော့မင်းတို့ဘာသာဝယ်ရလိမ့်မယ် "


ရွာတွင်ကိုယ်ပိုင်မူလတန်းကျောင်းရှိသော်လည်း စနစ်တကျသင်ပြပေးမူမျိုးမရှိပေ ။ ကလေးများငယ်တွင် သေစာရှင်စာမျှသာသင်ကြားပေးပြီးနောက် မိဘများကကျောင်းဆက်မထားကြတော့ချေ ။


ဤကဲ့သို့ စာသင်ကျောင်းအားအပျော်အပျက်သဘောထားပုံကို သင်ကြားပေးမည့်ဆရာသည် ကျေနပ်ပုံမရပေ ။ ထို့ကြောင့် ဟန်ရုံဖန်က ကျူရှင်လခအားပထမတန်းနှင့်ဒုတိယအတန်းအတွက်စာသင်ချိန်တစ်ခုစာနှင့် တတိယတန်းအတွက်စာသင်ချိန်နှစ်ခုစာပေးဆောင်ရန်သတ်မှတ်လိုက်သည် ။


တစ်နှစ်တာ စာသင်စရိတ်အတွက်လခသုံးယွမ်မှာ သားသမီးများအားကျောင်းမတက်စေချင်သော မိဘများ၏ကိုးဆယ်ရာခိုင်နူန်းကို ဖယ်ချထားပြီးဖြစ်၍ အမှန်တကယ်ပညာသင်ယူလိုသောကျောင်းသားများသာကျန်ရှိလိမ့်မည် ။


သို့သော်လည်း အခြားသောမိသားစုများခက်ခဲစေရန်မရည်ရွယ်ထားပေ ။ အမှန်တကယ်လေ့လာသောကလေးများအတွက် ငါးရက်အတွင်းသုံးကြိမ်အထိ စာရေးကိရိယာများထောက်ပံ့ပေးမည်ဖြစ်ပြီး နှစ်သစ်ကူးကာလတွင်မုန့်ဖိုးများပြန်လည်ပေးအပ်မည်ဖြစ်သည် ။ ဆုကြေးငွေနှင့်မုန့်ဖိုးများဖြင့်ပင် ကလေးများ၏ကျောင်းစရိတ်နီးပါးပြန်လည်ရရှိနိုင်လိမ့်မည် ။


ထို့အပြင် အလုပ်မှတ်သုံးမှတ်မှငါးမှတ်အထိစုဆောင်းမိစေရန် ဆရာနှင့်အတူ မနက်ပိုင်းတွင်မြက်နှစ်ခြင်းစာနှင့်နေ့လည်တွင်မြက်တစ်ခြင်းစာ ရိတ်ခွင့်ပြုမည်ဖြစ်သည် ။


သာမန်လူများမှာ ဤဆုံးဖြတ်ချက်အားနားမလည်နိူင်ဘဲ လွယ်ကူသောကိစ္စကို အာဏာသုံး၍ခက်ခဲစေသည်ဟုပြောဆိုနေကြသည် ။


လင်းလန်ကတော့ ရှင်းရှင်းလင်းလင်းပင်တွေးနိုင်သည် ။


ပါတီအတွင်းရေးမူးနှင့်တိုင်ပင်ဆွေးနွေးပြီးနောက် လင်းလန်ကကျောင်းအုပ်ကြီး ဟန်ချင်းဖျင်ထံသို့စကားပြောဆိုရန်သွားရောက်ရှာဖွေတော့သည် ။


xxxxxx