အပိုင်း ၁၃၉-၁၄၀
Viewers 20k

Part 139


သူမအတွက် သင်ခန်စားများလိုက်လံနားထောင်ရန်နှင့် ယဥ်ကျေးမူဗဟုသုတအချို့ကိုလေ့လာရန် ကျောင်းချိန်ညှိနိူင်းချင်သည် ။ သူမအမှန်ပင် ပင်ပန်းသောအလုပ်များအားမလုပ်ချင်တော့ချေ ။ 


သူမက စာရင်းများတွက်ချက်နိုင်သော်လည်း သံသယဝင်ခံ၍အရည်အချင်းများထုတ်ပြ၍မဖြစ်ပေ ။ ဂဏန်းများတွက်ချက်ခြင်းမှာလူတိုင်းမလုပ်နိုင်သောအရာဖြစ်၍ အရင်သင်ကြားကြောင်းသက်သေရှိမှာသာလျှင် ရှေ့ဆက်သူမအစီအစဥ်ချနိုင်မည်ဖြစ်သည် ။ ထို့အပြင် ကော်မတီမှထောက်ခံအသိအမှတ်ပြုရန်လည်းလိုအပ်သေးသည် ။


ကျေးလက်တွင် ပညာတတ်လူငယ်များအားလုံးကိုစာတတ်မြောက်သည်ဟု ယူဆကြသော်လည်း အဖွဲ့ဝင်များနှင့်လက်တွဲဆောင်ရွက်ကြဆဲဖြစ်သည် ။ မူလတန်းကျောင်းသို့မဟုတ် အလယ်တန်းကျောင်းတက်ဖူးသူ အများအပြားရှိ၍အများစုမှာ အိမ်၌လယ်ပြန်စိုက်နေကြခြင်းမျိုးရှိသည် ။


သူမက လက်ရှိတွင်ကျောင်းတက်ဖူးသူများနှင့်မယှဥ်ပြိုင်နိုင်ပေ ။ မူလပိုင်ရှင်၏ဂုဏ်သတင်းများမှာအလွန်ပင် ဆိုးရွားလှသည် ။


လင်းလန်က ပြင်ဆင်မူမရှိသေးသောကြောင့်အလောတကြီးမပြုမူလိုချေ ။ အရင်စာသင်ကြားကြောင်းအယောင်ပြပြီးမှသာ သူမ၏အရည်အချင်းများကို မှတ်ဥာဏ်ကောင်းသည်ဟုဆင်ခြင်ပေးနိုင်ပေမည် ။


တဖြည်းဖြည်းဇွဲမလျော့ဘဲသင်ယူလေ့လာတဲ့ ဥာဏ်ကြီးရှင်ဆိုပြီးတောင် ကျော်ကြားသွားဦးမယ်... ဟား ဟား


သူမကနွေရာသီတွင် အလုပ်လုပ်ရ၍သေလုနီးပါးမဖြစ်ချင်တော့ပေ ။


လင်းလန်က ရွာအရှေ့ပိုင်းရှိမူလတန်းကျောင်းသို့သွားစဥ် ကျောင်းအုပ်ကြီးနှင့် ဆရာမလေးတစ်ယောက်ကျောင်းထဲ ဝင်သွားသည်ကိုတွေ့လိုက်သည် ။ ဆရာမှာကျောင်းအုပ်ကြီး ဟန်ချင်းဖျင်ဖြစ်ပြီး အသက်သုံးဆယ့်ရှစ်နှစ်ရှိပြီဖြစ်ကာ ဆရာမလေးမှာ မြို့မှလာရောက်တာဝန်ထမ်းဆောင်သော အသက်ဆယ့်ရှစ်နှစ်ရှိသည့် ဟော်ယွမ်ဖြစ်သည် ။


လင်းလန်က ဝမ်းသာအားရလှမ်းခေါ်လိုက်သည် ။


" ကျောင်းအုပ်ကြီးဟန် "


လင်းလန်အားမြင်သည်နှင့် ကျောင်းအုပ်မှာပို၍ပင်မြန်မြန်လျှောက်တော့သည် ။


" ကျောင်းအုပ်ကြီးမကြောက်ပါနဲ့ ကျွန်မလူတွေကိုမရိုက်တတ်ပါဘူး "


သူမထပ်အော်သောအခါ ကျောင်းအုပ်ကြီးမှာထွက်ပြေးမတတ်ပင် ။ လင်းလန်ကအမြန်ကျောင်းအုပ်ကြီးရှေ့၌ပိတ်ရပ်ကာ​ပြောလိုက်သည် ။


" မကြောက်ပါနဲ့ ကျွန်မတကယ်လူတွေကိုမရိုက်ပါဘူး...အခုကကျောင်းတက်မဲ့ကိစ္စလေးပြောချင်လို့ပါ "


ဟန်ချင်းဖျင်ကမယုံကြည်သော်လည်း ဘေးတွင်ဟော်ယွမ်ရှိနေသောကြောင့် အနည်းငယ်သတ္တိရှိသွားသည် ။


သက်သေထွက်ဆိုမဲ့ လူတစ်ယောက်လုံးရှိနေတဲ့နေရာမှာတော့ ထမရိုက်လောက်ဘူးမလား...


ဒီမိန်းမကြမ်းကြီးက သူမရဲ့ကလေးတွေကိုကျောင်းတက်စေချင်တယ်... သရဲရှိတယ်ဆိုတာကမှယုံဖို့ကောင်းဦးမယ်နော်!


" ကျောင်းအုပ်ကြီး ကျွန်မရဲ့ကလေးတွေကပထမတန်းကနေစပြီးတက်ရမှာပါ ကျွန်မနက်ဖြန်ကျောင်းလွှတ်လိုက်မယ်နော် ကျေးဇူးပြုပြီးကြည့်ရူစောင့်ရှောက်ပေးပါဦး "


မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့မျက်နှာပေးဖြစ်နေသည့် ဟန်ချင်းဖျင်အားကြည့်ကာ မနှောင့်ယှက်ချင်တော့သောကြောင့် ပြုံးပြကာနူတ်ဆက်လိုက်သည် ။


သူမထွက်သွားသောအခါမှ ဟန်ချင်းဖျင်အသက်ဝဝရူနိုင်တော့သည် ။ 


ဟော်ယွမ်ကအလွန်စပ်စုချင်နေပြီး ဟန်မိသားစုမှတတိယမြောက်ချွေးမမှာစိတ်ဝင်စားဖို့ကောင်းသည်ဟုတွေးနေသည် ။ တစ်ခါတစ်ရံ သူမကရူးသွပ်စိတ်လွတ်နေသောသူနှင့်တူ၍ တစ်ခါတစ်ရံတွင် အလွန်ညင်သာသိမ်မွေ့နေတတ်သည် ။ ယခုပြောဆိုသွားသောအမူအရာနှင့်လေသံသည် အချိန်မရွေးထသောင်းကျန်းတတ်သောမိန်းမဆိုးပုံရိပ်နှင့် တစ်စက်ကလေးမှဆက်စပ်၍မရပေ ။


မြို့မှယဥ်ကျေးသိမ်မွေ့သော မိန်းမပျိုလေးတစ်ဦးကဲ့သို့ပင် ။ ကျေးဇူးတင်ပါတယ်နှင့် ကျေးဇူးပြုပြီးဟူသောစကားလုံးများမှာ ကျေးလက်နေသူများသုံးစွဲရန် အလေ့အကျင့်မရှိသောစကားများဖြစ်သည် ။


လင်းလန်ကို ယခင်ကကြိမ်းမောင်းခဲ့ဖူးသော ဟန်ချင်းဖျင်မှာပို၍ပင်အံ့သြနေရသည် ။


(ထိုအချိန်က တဝမ်ကိုကျောင်းထားရန်လင်းလန်နှင့် စကားပြောဆိုခဲ့စဥ်အချိန်ဖြစ်သည် ။ ရလဒ်အနေနှင့် လင်းလန်ကကျောင်းတက်နေသူတိုင်းက အရူးများဖြစ်၍အချိန်နှင့်ပိုက်ဆံဖြုန်းနေသူများဟု ပြောဆိုခဲ့သည် ။


"ကျောင်းထားတော့ရောဘာထူးခြားသွားမှာမို့လို့လဲ... မြို့အထိပိုက်ဆံသွားဖြုန်းပြီး ရွာပြန်လယ်စိုက်နေရတဲ့သူတွေမှတစ်ပုံကြီး တကယ်သာအသုံးဝင်ရင်မြို့မှာကောင်းကောင်းနေထိုင်ရမှာပေါ့ စာတတ်ပေတတ်တွေကိုရောဥက္ကဌမော်ကအလုပ်အကိုင်စီစဥ်ပေးလို့လား နောက်ဆုံးမှာရွာပြန်ပြီးအလုပ်လုပ်နေရတာဘဲ စာသင်လည်းအသုံးမဝင်ဘူး "


သူ နောက်တစ်ကြိမ်ပြောဆိုခြင်းမပြုရသေးမှီတွင် တိုက်ရိုက်ကြိမ်းမောင်းခံခဲ့ရသည် ။


"ရှင်ကရောအခုဘာအသုံးဝင်တာတွေများလုပ်နေလို့လဲ ...ကျောင်းဆရာရာထူးကိုဗန်းပြပြီးအလုပ်မလုပ်ဘဲထိုင်စားနေပြီးတော့ အုပ်ချုပ်ရေးမူးဟောင်းကရှင့်ကိုဂရုစိုက်လို့သာမဟုရင် ရှင်စားစရာမရှိလို့​သေသွားတာကြာလောက်ပြီ ကျွန်မကလေးတွေကို ပျော့တိပျော့ဖတ် ဘောပင်တစ်ချောင်းကိုင်ပြီးသုံးစားမရတဲ့လူတွေမဖြစ်စေချင်ဘူး "


ဟန်ချင်းဖျင်က ဒေါသထွက်လွန်း၍ လင်းလန်ကိုလက်ညိုးထိုးကာပြောလိုက်သည် ။


" မင်း...မင်းကရုပ်လေးလှတာဘဲရှိတာ ဦးနှောက်ထဲမှာဘာမှမရှိတဲ့မိန်းမဘဲ မင်းလိုမိန်းမမျိုးကိုလူတိုင်းမုန်းနေတာလဲမဆန်းပါဘူး ချင်စုန့်ကမိန်းမရွေးတဲ့အချိန်မှာ ကန်းနေခဲ့တာဖြစ်မယ် မင်းကငါးသေတစ်ကောင်ရဲ့မျက်လုံးလို မိန်းမဘဲ ")


ထိုအချိန်မှစ၍ လမ်းတွေ့တိုင်း ဟန်ချင်းဖျင်အားပြစ်တင်ရူံ့ချ၍ ထရိုက်မတတ်ပြုမူနေတတ်သည် ။


ယခုတွင် လင်းလန်ကအလွန်ယဥ်ကျေးစွာပြောဆိုနေသောကြောင့် နေသားမကျသလိုပင်ခံစားရသည် ။ ဟန်ချင်းဖျင်၏မှင်သက်နေသောအမူအရာအားတွေ့၍ ဟော်ယွမ်ကရီမောရင်းပြောလိုက်သည် ။


" အခုတော့ သေနေတဲ့ငါးရဲ့မျက်လုံးမဟုတ်တော့ဘူးမလား ကျောင်းအုပ်ကြီး "


ဟန်ချင်းဖျင်က သူ၏နဖူးမှချွေးကိုသုတ်ရင်းပြောလိုက်သည် ။


" အခုငါမသေတော့ဘူးမလား "


မနက်ဖြန်စိတ်ပြောင်းသွားမလားဆိုတာဘယ်သူသိမှာလဲ... 


တကယ်ကြီးမနက်ဖြန် ကလေးတွေကိုကျောင်းပို့လောက်လား...


လင်းလန် အဓိကပြဿနာအားဖြေရှင်းပြီးနောက် ပျော်ပျော်ရွှင်ရွှင်နှင့်အိမ်ပြန်လာချိန်၌ သူမအိမ်နားတွင် ခိုးကြောင်ခိုးဝှက် လုပ်နေသောလုချွမ်းဖန်အားတွေ့လိုက်ရသည် ။


လင်းလန် ကသူမကိုဂရုမစိုက်ဘဲ ခေါင်းမော့ရင်ကော့ရင်းအိမ်ထဲဝင်သွားတော့သည် ။


လုချွမ်းဖန် "....."


သူမအိမ်ထဲရောက်သောအခါ အားဝမ်နှင့်မိုင်စွေ့က ထမင်းဟင်းချက်ပြုတ်ပြီးဖြစ်၍ တဝမ်နှင့်စန်းဝမ်ကတံစက်မြိတ်အောက်၌ထိုင်နေကြသည် ။


လင်းလန်က စနောက်လိုသောလေသံလေးနှင့်ပြောလိုက်သည် ။


" အို...ဘယ်သူ့ကိုများစောင့်နေတာပါလိမ့် "


တဝမ်၏  ပုန်ကန်လိုစိတ်အပြည့်နှင့်ဖြစ်သည် ။ စန်းဝမ်ကလည်း နူတ်ခမ်းကိုက်ရင်း လင်းလန်ကိုစိုက်ကြည့်နေသည် ။ 


သူတို့နှစ်ဦးက အပြစ်ပေးခံနေရခြင်းကိုရပ်တန့်ပေးရန် အသနားခံချင်သော်လည်းပြောမထွက်ကြချေ ။


ဟား ဟား ကလေးဆိုးတွေမှာလဲဒီလိုနေ့ရက်မျိုးရှိသေးတာဘဲလား...


သားတို့ရယ် မင်းတို့အမေအိုကြီးက မင်းတို့အဖေကိုမလွန်ဆန်နိုင်ဘူး...


ဟား ဟား ငါထပ်ရီပါရစေဦး...


ထိုအချိန်တွက်အိမ်ခန်းအတွင်းမှ ချောင်းဟန့်သံထွက်ပေါ်လာသည်နှင့် ကောင်လေးနှစ်ယောက်မှာ ကြောက်လန့်စွာခါးမတ်မတ်ရပ်မိသွားကြသည်။ သူတို့နှစ်ဦး၏ မျက်နှာထားမှာလည်းပို၍လေးနက်လာသည် ။


လင်းလန်က ရီချင်စိတ်ကိုထိန်းချုပ်ရင်းအိမ်ထဲဝင်သွားသည် ။


" အားဝမ်လေးနဲ့မိုင်စွေ့ ဘာအရသာရှိတာတွေချက်ထားလဲ "


" မားမားသား နောက်ထပ်သီချင်းတစ်ပုဒ်မူတ်ပြမယ် "


ရှောင်ဝမ်လေးကပြေးလာ၍ သူ၏လက်သေးသေးလေးဖြင့် မညီမညာသံစဥ်တစ်ပုဒ်ဖန်တီးပြတော့သည် ။ လင်းလန်က ရှောင်ဝမ်၏ အနုပညာပါရမီမှာဤမျှ ကောင်းမွန်မည်မထင်ထားခဲ့ချေ ။


" မားမားရဲ့သားလေးကတော်လိုက်တာ "


xxxxxxx

Part 140


ရှောင်ဝမ်က ဝမ်းသာအားရပြုံးလိုက်သည် ။ 


ထို့အပြင် ဟန်ချင်စုန့်စောင်ချုပ်နေသည်မှာလည်း ပြီးလုနီးနီးပင်ဖြစ်သည် ။


" အိုး...ငါတို့ရဲ့ ​ ခေါင်းဆောင် ဟန်ကလည်း အရမ်းအံ့သြ ဖို့ကောင်းတာဘဲ "


လင်းလန်က လက်မပင်ထောင်ပြလိုက်သေးသည် ။


" မားမား သားနဲ့အဖေဘယ်သူကပိုတော်လဲ "


လင်းလန်ကပြုံး၍ ရှောင်ဝမ် ၏နှာခေါင်းလေးအားညှစ်ပြီးပြောလိုက်သည် ။


" ဒါပေါ့ သားကအများကြီးပိုတော်တယ် သားအဖေကသားလိုသံစဥ်တွေမူတ်နိုင်တာမှမဟုတ်တာ "


ရှောင်ဝမ်ကအလွန်ပျော်ရွှင်နေပြီး ဝမ်ဝမ်၏ဘေးတွင် အကိုကြီးဘဲနှင့်ညီမလေးဘဲသီချင်းကိုတီးမူတ်ပြလိုက်သည် ။


ညစာစားချိန်ရောက်သောအခါ လင်းလန်က တဝမ်နှင်စန်းဝမ်အားထမင်းစားရန်ခေါ်ချင်သော်လည်း ဟန်ချင်စုန့် ကသဘောမတူခဲ့ပေ ။


" သူတို့ကိုအငတ်ထားလိုက် "


လင်းလန်က တိုးတိုးလေးကပ်ပြောလိုက်သည် ။


" ကျောင်းတက်ရမဲ့ကိစ္စကဆက်ပြောလို့ရပါတယ် သူတို့ကိုအငတ်ထားလို့တော့ဖြစ်မလား "


" ပြောစကားနားထောင်ရင် ဗိုက်ပြည့်အောင်စားရမယ် မိဘကောင်းစေချင်လို့ပြောတာကိုမနာခံရင် ဒီတိုင်းအငတ်သာနေခိုင်းလိုက် "


ဟန်ချင်စုန့်၏စကားမှာမှန်နေသောကြောင့် လင်းလန်ဆက်မပြောတော့ပေ ။ ထမင်းစားစားပွဲတွင် တူကိုင်ပြီးမှအဆူခံရ၍ ထထွက်သွားသောအမူအကျင့်ကဲ့သို့ပင် ကလေးများအားဆိုးသွမ်းခွင့်ပေးလို့မရပေ ။


ဟန်ချင်စုန့် ၏မျက်နှာထားသည်လည်းအလွန် တင်းမာနေ၍ ကျားမြီးဆွဲရလောက်သည်အထိသတ္တိမရှိပေ ။


တောင်းပန်ပါတယ် သားတို့ရယ် မားမား ဘာသာဝ​အောင်စားလိုက်မယ်နော်...


ပုံမှန်ညစာများထက်ကွာခြားသောဟင်းတစ်ခွက်မှာ ကြက်ဥမွှေကြော်တွင် ပုစွန်များပါပါဝင်နေခြင်းဖြစ်သည် ။ လင်းလန်ကထိုဟင်းပွဲကိုအလွန်ကျေနပ်နေသည် ။


" အရသာရှိလိုက်တာ အားဝမ်ရဲ့လက်ရာကတစ်နေ့တစ်ခြားပိုပိုကောင်းလာတာဘဲ "


မင်းတို့မားမားက နောက်ကျရင်မင်းတို့ကိုဘဲအားကိုးပြီး သက်တောင့်သက်သာနေထိုင်ရတော့မှာ...ဟား ဟား


အားဝမ်ကချီးကျူးခံရ၍ပျော်ရွှင်မိသော်လည်း သူ့အမေ၏အပြုံးများမှာ တစ်မျိုးတစ်ဖုံကြောက်ဖို့ကောင်းသည်ဟုခံစားမိနေသည် ။ လင်းလန်ကချောင်းဟန့်ရင်း အလေးအနက်ကြေငြာသောလေသံနှင့်ပြောလိုက်သည် ။


" အဟမ်း အဟမ်း ပြောစရာတစ်ခုရှိတယ် "


ဟန်ချင်စုန့် တူကိုချလိုက်သည်အားတွေ့သောအခါ ကလေးများပါတူကိုချထား၍ လင်းလန်ကိုဝိုင်းကြည့်နေသောကြောင့် ရှက်ပင်ရှက်လာရသည် ။


" အရမ်းကြီးအလေးအနက်မဖြစ်ကြပါနဲ့ မားမားက မနက်ဖြန်ကစပြီးမင်းတို့ကျောင်းတက်ရမယ်ဆိုတာပြောမလို့ပါ "


အားဝမ်နှင့်မိုင်စွေ့ကအတွန့်တက်စရာမရှိသော်လည်း အပြင်ဘက်မှနှစ်ယောက်ကတော့သွေးပျက်နေပြီဖြစ်သည် ။ တဝမ်ကဘာမှမပြောသော်လည်း စန်းဝမ်က အသည်းအသန်ပြောလိုက်သည် ။


" မားမားသားကငယ်ငယ်လေးရှိသေးတယ် အခုမှခုနှစ်နှစ်ဘဲရှိသေးတာလေ "


" မင်းကိုယ်မင်းငယ်သေးတယ်လို့ ပြောရဲတာလား လျိုဟူလန် တောင်မှအသက်ဆယ့်ငါးနှစ်ထဲနဲ့တိုင်းပြည်အတွက်အသက်ပေးသွားခဲ့တာနော် "


( TN / လျိုဟူလန် သည်ကူမင်တန်နှင့် ကွန်မြူနစ်ပါတီကြား တရုတ်ပြည်တွင်းစစ်အတွင်း အမျိုးသမီးသူလျိုတစ်ဦးဖြစ်သည် ။ source from google)


" အခုအချိန်လူဆိုးတွေရှိမယ်ဆိုရင်် သားအနစ်နာခံနိုင်တယ် "


လင်းလန်က စားပွဲကိုလက်ဖြင့်ရိုက်ရင်းပြောလိုက်သည် ။


" မင်းဘာလို့စကားအရမ်းများနေတာလဲ "


လာခဲ့စမ်းပါ ဒီကမားမားကအသိစိတ်ပြန်ဝင်တဲ့အထိ မင်းကိုရိုက်နှက်သင်ကြားပေးမယ်! 


ဟန်ချင်စုန့် အသာချောင်းဟန့်လိုက်ချိန်၌ စန်းဝမ်ဘာမှထပ်မပြောရဲတော့ချေ ။ 


သူတို့၏အမေကအပြောဆိုးသော်လည်း ကလေးများကိုသေအောင်တော့ရိုက်မသတ်နိုင်ပေ ။ သူတို့နှလုံးသားမည်းနက်နေသောအဖေကတော့ သေချာပေါက် ပင်ရိုက်သတ်နိုင်သည် ။


နှလုံးသားမည်းနက်နေသလို သနားညှာတာမူလည်းမရှိပေ ။ စန်းဝမ်၏တင်ပါးမှဒဏ်ရာသည် နာနေဆဲဖြစ်ကာ တဝမ်ကပို၍ပင်သနားစရာကောင်းသည် ။ ဖေဖေဟေး၏ အနက်ရောင်မိစ္တာကန်ချက်မှာ ကမ္ဘာမြေပြင်တစ်ခွင်လုံးကိုပင်တုန်လူပ်စေနိုင်သည် ။


( TN / ဖေဖေဟေး means နှလုံးသားမည်းနက်နေသောဟန်ချင်စုန့် ) 


ဖေဖေဟေး၏နောက်ထပ်တစ်ချက်လွှတ်အမိန့်တစ်ခုမှာ မနက်တိုင်းစောစောထလေ့ကျင့်ခန်းလုပ်ရမည်ဖြစ်ပြီး နောက်ကျပါက အနက်ရောင်မိစ္ဆာကန်ချက်အားကိုယ်တိုင်ကိုယ်ကျခံစားရမည့်အပြင် နောက်ထပ်သောအပြစ်ပေးနည်းပေါင်းများစွာထံမှပြေးမလွတ်နိုင်ပေ ။ 


လှပသောကြာပွတ်လေးမှာလည်း သူတို့နှစ်ဦးအားလက်ယပ်ခေါ်နေသကဲ့သိုပင် ။


စန်းဝမ်က အမှန်ပင်ဖေဖေဟေးကို မလွန်ဆန်နိုင်ပါချေ ။ တံစက်မြိတ်ကိုမော့ကြည့်၍တွဲလွဲခိုအပြစ်ပေးထားသည်အား အံကြိတ်ခံရုံသာရှိသည် ။ သူ၏လှပသောလက်ကလေးများမှာ နီရဲစုတ်ပြတ်နေပြီဖြစ်ပါသော်ငြား မကျေမနပ်မပြောရဲချေ။ 


စန်းဝမ်က တဝမ်အားခြေထောက်နှင့်ကန်၍လိုက်စနေသည် ။ တဝမ်ကသူ့အား စိုက်ကြည့်လိုက်ပါသော်လည်း လိုက်စဆဲပင် ။


ညစာစားပြီးသည့်နောက်တွင် ဟန်ချင်စုန့်က ဒုတိယစောင်ကိုစတင်ချုပ်ရန်ပြင်ဆင်ချိန်၌ လင်းလန်ကတိုးတိုးလေးကပ်ပြောလိုက်သည် ။


" ကလေးနှစ်ယောက်ကိုထမင်းစားခိုင်းလိုက်တော့မယ်နော် "


" မင်းသဘောဘဲ "


လင်းလန်က ပြတင်းပေါက်နားသို့သွားကာအော်ခေါ်လိုက်သည် ။


" ထမင်းစားဖို့အထဲဝင်ခဲ့ကြတော့ "


တဝမ်က မကျေမနပ်ပုံစံနှင့်နှာမူတ်လိုက်သော်လည်း စန်းဝမ်ကအိမ်ထဲသို့ပြေးဝင်သွား၍ ဂျုံယာဂုတစ်ပန်းကန်ကို အငမ်းမရစားရင်းပြောလိုက်သည် ။ 


" အရသာရှိလိုက်တာ...အရသာရှိလိုက်တာ "


ဗိုက်ဆာလို့သေတော့မလို့ဘဲ မားမားရဲ့!


လင်းလန်က အစားအသောက်အပေါ်အလွန်ဖြုန်းတီးသည်ဟုမထင်ပေ ။ ဟန်ချင်စုန့် အိမ်မှာရှိသရွေ့ အစားအစာပြတ်လပ်သွားမှာကို ပူပန်စရာမလိုပေ ။ လင်းလန်က ဟန်ချင်စုန့်၏စစ်တပ်သုံးလွယ်အိတ်ကို ယူရင်းပြောလိုက်သည် ။


" မင်းတို့အဖေက ကျောင်းလွယ်အိတ်တစ်လုံးယူလာခဲ့တယ် နှစ်ကူးမတိုင်ခင်စာမေးပွဲမှာ အမှတ်အများဆုံးရတဲ့လူကိုပေးမယ် "


သူမက နံရံပေါ်ရှိသစ်သားချိတ်တွင် စစ်တပ်သုံးကျောင်းလွယ်အိတ်ကိုချိတ်ဆွဲထား၍ ကလေးများလိုချင်ကြိုးစားချင်စိတ်ရှိအောင် ပြသထားသည် ။


အားဝမ်နှင့်မိုင်စွေ့တို့၏မျက်လုံးများထဲတွင် လိုချင်မူများတောက်လောင်နေပြီး စန်းဝမ်လည်းကြည့်၍အလွန်လိုချင်နေသည် ။ တဝမ်က အကြည့်လွှဲထား၍ လိုချင်သောပုံမရပေ ။


လင်းလန်က သူမဝယ်ယူထားသော ခဲတံများနှင်မှတ်စုစာအုပ်များကိုထုတ်ယူလိုက်သည် ။ သူမကလေးတစ်ယောက်စီအတွက်မှတ်စုစာအုပ် တစ်အုပ်ဆီနှင့်ခဲတံတစ်ချောင်း ၊ နှစ်ယောက်လျှင်ခဲဖျက်တစ်တုံးပေးလိုက်သည် ။ ပုံနှိပ်စာအုပ်များမှာစသင်ကျောင်းမှထောက်ပံ့မေးမည်ဖြစ်၍ ကလေးနှစ်ယောက်အတွက်တစ်အုပ်မှာ လုံလောက်သည် ။


ကလေးလေးယောက်အတွက် စားပွဲနှစ်လုံးတွင် ပုံနှိပ်တစ်အုပ်အားနှစ်ယောက်တစ်တွဲကြည့်ရူနိုင်သည် ။


သူမချုပ်ထားသောလွယ်အိတ်ထဲတွင် ကျန်သောခဲတံများအား ကိုယ်တိုင်လုပ်ခဲတံအိတ်ထဲသို့ထည့်ထားလိုက်သည် ။


ခဲတံအိတ်ဝယ်ဖို့အခွင့်အရေးရှိပါသေးတယ်!


အားဝမ်နှင့်မိုင်စွေ့တို့က လင်းလန်၏ခဲတံအိတ်ကိုအလွန်စိတ်ဝင်စားနေကြသည် ။


သုံးရတာလွယ်တဲ့ပုံပေါက်နေပေမဲ့ ဘာလို့အရမ်းရုပ်ဆိုးနေရတာလဲ...


အားဝမ်က ဟန်ချင်စုန့် အားခိုးကြည့်လိုက်သည် ။ ​ စောင်ချုပ်နေဆဲဖြစ်သော ဟန်ချင်စုန့်က  ခဲတံအိတ်လှလှလေးကိုပါချုပ်နိုင်မလားတွေးနေမိသည် ။


ထိုည၌ အိပ်ရသည်မှာအလွန်သက်တောင့်သက်သာရှိလှသည် ။ လင်းလန် ၊ အားဝမ်နှင့်ရှောင်ဝမ်တို့က စောင်အသစ်လေးနှင့် နွေးထွေးစွာအိပ်စက်ကြသည် ။


ဟန်ချင်စုန့်ပြန်ယူလာသောစစ်တပ်သုံးစောင်ဖြင့် ကျန်သောယောက်ျားလေးသုံးယောက် ပူးကပ်အိပ်ကြသောကြောင့် သူတို့ စောင်ခြုံ၍ မလုံပေ။


စန်းဝမ်ကစောင်ကိုဆွဲလိုက်၍ တဝမ်တွင်ခြုံစရာလွတ်သွားသည် ။ တဝမ်ပြန်ဆွဲယူလိုက်သောအခါ ခေါင်းမြီးခြုံထားသောစန်းဝမ်ပါလာပြီး ညီအစ်ကိုနှစ်ယောက်ပူးကပ်ဖက်ပြီးအိပ်ပျော်သွားကြသည် ။


xxxxxxxx