အပိုင်း ၁၄၁-၁၄၂
Viewers 21k

Part 141


နောက်တစ်နေ့မနက်တွင် ဟန်ချင်စုန့် ကမိုးမလင်းမှီအိပ်ရာမှထကာ ကြံတစ်ချောင်းကိုကိုင်၍ ကုတင်ပေါ်မှကလေးများကိုဖြည်းဖြည်းချင်းလူပ်နိုးလိုက်သည် ။ 


တဝမ်ထသည်နှင့်တစ်ပြိုက်နက် အားဝမ်ပါထထိုင်လိုက်သည် ။ တဝမ်ထလိုက်သောအခါတွင် စောင်နှင့်လုံးထွေးနေသော စန်းဝမ်မှာကုတင်ပေါ်မှပြုတ်ကျသွားတော့သည် ။


စန်းဝမ်က အစားအသောက်အကြောင်းယောင်ယမ်းရေရွတ်၍ စောင်နှင့်ပတ်ကာပြန်အိပ်ပျော်သွား၍ ဟန်ချင်စုန့် ပင်နိူးရန်တုံ့ဆိုင်းသွားရသည် ။


လင်းလန်က အရမ်းစောသေးသောကြောင့် ဟန်ချင်စုန့်အားပြောလိုက်သည် ။


" သူတို့နည်းနည်းလေးပိုအိပ်ပါစေဦး ကလေးတွေကအိပ်ချိန်များများလိုအပ်တယ် "


လင်းလန်၏စကားအရ အသက်ကိုးနှစ်ရှိပြီဖြစ်သော တဝမ်ပါနာရီအနည်းငယ်ဆက်လက်အိပ်စက်ခွင့်ရသွားသည် ။ 


တဝမ်ကစဥ်းစားတွေးတောနိုင်နေပြီဖြစ်၍ သူမလိုက်မချုပ်ချယ်ချင်ပေ ။


အားဝမ်က ဆောင်းရာသီ၏အေးစက်မူနှင့် အိပ်ယာလေး၏နွေးထွေးမူတို့ကို နိူင်းယှဥ်ရသော်သေချာပေါက်မထချင်ပေ ။


သူ့အမေ၏ဘေးသို့ဝင်ကာတိုးဝှေ့အိပ်ပစ်လိုက်ချင်သော်လည်း လင်းလန်မရှိသည့်အခါ ဖေဖေဟေး၏ပညာပေးခံရမည်စိုး၍မည်သူမျှပြန်ဝင်မအိပ်ရဲချေ ။


သို့ရာတွင် စန်းဝမ်မှာအရှက်မရှိစွာနှင့်ပင် ရှောင်ဝမ် ၊ မိုင်စွေ့ ၊ ဝမ်ဝမ်လေးတို့နှင့်အတူဝင်အိပ်နေသည် ။


တဝမ်နှင့်အားဝမ်တို့နှစ်ယောက်က ဟန်ချင်စုန့်သင်ပြသည့်အတိုင်း အကြောလျော့ပြီးနောက်သွေးပူလေ့ကျင့်ခန်းလုပ်ကာ ဒိုက်ထိုးကြရတော့သည် ။ မိုးရွာထား၍ လမ်းတွင်ချိုင့်ခွက်များနှင့်မညီမညာဖြစ်နေ၍ အားဝမ်ကပြောလိုက်သည် ။


" အဖေမိုးရွာထားတာ မြေမညီတော့သားတို့ချော်လဲလိမ့်မယ် "


" ရှောင်ပြေးပေါ့ "


ဟန်ချင်စုန့်က အနည်းငယ်မျှပင်မျက်နှာသာမပေးချေ ။


အားဝမ်နှင့်တဝမ် "....."


" ဒါပေမဲ့အဖေရယ် ဖိနပ်မှာရွံ့တွေပေလာရင် မားမားသေချာပေါက်စိတ်ဆိုးလိမ့်မယ် "


ဟန်ချင်စုန့်က အနည်းငယ်စဥ်းစားပြီးနောက်ပြောလိုက်သည် ။


" ဒိုက်ထိုးဖို့ပြင်...တဝမ်ကအကြိမ်လေးဆယ်လုပ် အားဝမ်ကနှစ်ဆယ်ကနေသုံးဆယ်ကြား.... စလုပ်ကြ​တော့... "


တဝမ်အတွက်အခက်အခဲမရှိသော်လည်း အားဝမ်ကမူရုန်းကန်နေရသည် ။ 


လူပ်ရှားမူပုံစံမမှန်ကန်ပါက ဟန်ချင်စုန့်ကလာရောက်ပြသပေးမည်ဖြစ်ကာ စံသတ်မှတ်ပုံစံအတိုင်းမဖြစ်သေးသရွေ့ ထပ်ခါထပ်ခါပြုလုပ်နေရသည် ။ ထို့အပြင်မြင်းထိုင်နည်းနှင့် အိပ်ထမတင်တို့ပါပြုလုပ်ရသောကြောင့် မပြေးရသော်လည်း ကလေးနှစ်ယောက်မှာရေချိုးထားသကဲ့သို့ချွေးများဖြင့်စိုရွဲနေပြီဖြစ်သည် ။


လေ့ကျင့်ပြီးချိန်တွင် မိုင်စွေ့နှင့်စန်းဝမ်တို့ကသမ်းဝေရင်းအိမ်ထဲမှထွက်လာကြသည် ။


" ဘာတွေလုပ်နေကြတာလဲ "


တဝမ်က ဒေါသတကြီးအိမ်ထဲသို့ဝင်သွားပြီး  အားဝမ်ကမိုင်စွေ့အားမနာလိုစွာကြည့်ရင်းပြောလိုက်သည် ။


" မိန်းကလေးဖြစ်ရတာကောင်းလိုက်တာ "


" နင်မိန်းကလေးတစ်ယောက်ဖြစ်ဖို့စိတ်ကူးယဥ်နေတာလား "


သို့သော်လည်း အားဝမ်ကပျော်ရွှင်နေဆဲပင် ။ သူုအဖေ၏ ချောမောခန်ညားသောပုံရိပ်အား အပြည့်အဝခံစားလိုက်ရသည် ။ သန်မာကျစ်လစ်သောကြွက်သားများနှင့် စစ်သားတစ်ယောက်၏လေ့ကျင့်မူပုံစံတို့မှာ သွေးချွေးများနှင့်ရင်းထားရကြောင်းနားလည်သွားသည် ။


ချွေးထွက်များမှ သွေးထွက်နည်းလိမ့်မယ်!


လေ့ကျင့်ပြီးနောက် အစာပိုစားသည်မှာပုံမှန်ဖြစ်၍ လင်းလန်ကမနက်စာကောင်းကောင်းပြင်ပေးရန်မတွန့်တိုပေ ။


" အကြောလျော့ဖို့မင်းတို့နှစ်ယောက်စလုံးရဲ့ခြေထောက်တွေကိုကားလိုက် "


တဝမ်က မထုံတတေးပုံစံလုပ်နေသော်လည်း ဟန်ချင်စုန်က သူ့ကိုအ​ဖက် မလုပ်ပေ ။


အားဝမ်ကအရမ်းကြောက်လန့်နေသောပုံပေါ်နေ၍ လင်းလန်ကပြောလိုက်သည် ။


" မင်းတို့အဖေပြောတာကိုယုံလိုက် တကယ်မနာဘူး "


အားဝမ်ကလင်းလန်ပြောသည့်အတိုင်း ခြေထောက်များကိုဆန့်ကားပေးထားလိုက်ပြီး စန်းဝမ်နှင့်မိုင်စွေ့တို့က တက်နင်းပေးနေကြသည် ။ လင်းလန်က အမေအိုကြီးတစ်ဦး၏မေတ္တာတရားအပြည့်နှင့်ပြောလိုက်သည် ။ 


" မနက်ဖြန်ကျရင် ဘယ်လိုအကျိုးကျေးဇူးရမလဲဆိုတာ သားသိရလိမ့်မယ် " 


မနက်ဖြန်ကျရင် တဝမ်ရဲ့ခြေထောက်တွေက ကိုက်ခဲနေတဲ့အချိန်မှာ သားကတော့ငှက်မွှေးလေးလိုပေါ့ပါးနေပြီး မင်းတို့အဖေမလိမ်ဘူးဆိုတာကိုသိရလိမ့်မယ် ...


လင်းလန်က သူမအချိန်အတော်ကြာအားစိုက်ထုတ်ချုပ်ထားရသောလွယ်အိတ်ကိုယူ၍ မှတ်စုစာအုပ်နှင့်မလှမပခဲတံအိတ်ကိုပါထည့်ကာ တဝမ်ကိုပေး၍ပြောလိုက်သည် ။


" ဒီလွယ်အိတ်ကို ထိန်းသိမ်းထားရမှာကသားရဲ့တာဝန်ဘဲ အတန်းချိန်ပြီးတာနဲ့ သားညီနဲ့ညီမလေးရဲ့စာအုပ်နဲ့ခဲတံကိုပါပြန်ထည့်သိမ်းလာခဲ့ ပျောက်လို့မဖြစ်ဘူး ခဲတံတစ်ချောင်းက သုံးဆင့်တန်တယ်နော် "


သူမက ဟန်ချင်စုန့်ကိုတစ်ချက်ကြည့်ရင်း ပြောလိုက်သည် ။


" ကလေးတွေကျောင်းစတက်တဲ့ပထမဆုံးနေ့ဆိုတော့ ရှင်လိုက်ပို့သင့်တယ်နော် မိဘကသားသမီးကိုကျောင်းလိုက်ပို့တာကပုံမှန်ဘဲလေ "


ဟန်ချင်စုန့်က မငြင်းခဲ့ပေ ။ လင်းလန်က ဟန်ချင်စုန့် ကိုပိုက်ဆံထပ်ပေးလိုက်သည် ။


" ဒါက ကျူရှင်လခနဲ့ ကလေးတွေအတွက်စာအုပ်ဖိုး နှစ်ယောက်အတွက်တစ်စုံစာဆိုရတယ် "


သူမက ဟန်ချင်စုန့်၏ပိုက်ဆံတွေအကုန်လုံးကို အပိုင်သိမ်းထားသည့်အတွက် ယောကျ်ားတစ်ယောက်ပိုက်ဆံမကိုင်ရခြင်းကအဆင်ပြေသည်ဟုထင်သည် ။


ဟန်ချင်စုန့် ကပိုက်ဆံမသုံးရလဲ အဆင်ပြေသော်လည်း လင်းလန်ပေးလိုက်သောကြောင့် သိမ်းထားမည်ဟုတွေးလိုက်သည် ။


 ထို့နောက် ကလေးတစ်သိုက်မှာ ဟန်ချင်စုန့်နောက်မှလိုက်လာကြသည် ။


ဟန်ချင်စုန့်တို့ တစ်သိုက်ကျောင်းရောက်သောအခါတွင် ဟန်ချင်းဖျင်မှာ ကျောင်းထိပ်၌ရပ်စောင့်နေသည် ။ စာသင်ခန်းထဲတွင် ကလေးသုံးလေးဆယ်ရောက်နေပြီဖြစ်သည် ။


စာသင်ခန်းကအလွန်ကျယ် ဝန်းပြီးနံရံရှေ့တွင် ကျောက်သင်ပုန်းနှင့် ဆရာများထိုင်ရန်ထိုင်ခံရှိသည် ။ ဟန်ချင်းဖျင်က ကျောင်းအုပ်ရာထူးအပြင်တစ်တန်းမှငါးတန်းအထိကလေးများကို တရုတ်စာသင်ကြားပေးသည် ။ ကျန်သောဆရာတစ်ယောက်မှာ သချ်ာသင်ကြားပြီး ဟောက်ယွမ်က ယဥ်ကျေးမူနှင့်ဂီတကိုသင်ကြားသည် ။


ငါးတန်းအထိရှိသော်လည်း အငယ်တန်းတွင်ကလေးဦးရေနှစ်ဆယ်ကျော်နှင့် အတန်းကြီးတွင်နှစ်ဆယ်ကျော်ရှိသည် ။ သို့သော်လည်း ကလေးများမှာသေစာရှင်စာမျှသင်ကြားပြီးနောက် ကျောင်းထွက်အလုပ်လုပ်ကြမည်ဖြစ်သည် ။


တရုတ်ဘာသာစကားတန်းတွင် မိသားစုကြီးများ၏ သမိုင်းကြောင်းများကိုသင်ကြားပြီး အတွက်အချက် မှာအနည်းငယ်မျှသိလျှင်တော်ပြီဖြစ်သည် ။ 


ယဥ်ကျေးမူဘာသာရပ်တွင် ရိုးရာသီချင်းများသီဆိုမူကိုသင်ကြားပေးသည် ။.


ထိုအချိန်တွင် ပညာသင်ကြားမူကိုအလေးပေးခြင်းမျိုးမရှိဘဲ စာတတ်မြောက်လျှင်လည်း ရွာ၌လယ်ပြန်စိုက်ရမည်ဟုသာထင်နေကြသည် ။ စက်ရုံများအတွင်းအလုပ်လုပ်ရန်မှာ အဆက်အသွယ်လိုအပ်ပြီး တက္ကသိုလ်များ၏ဝင်ခွင့်မှာလည်းခက်ခဲလွန်းသည် ။


ထို့ကြောင့် ဆရာများ၏စာသင်ကြားရေးလုပ်ငန်းမှာ အလွန်ခက်ခဲပြီး ကလေးများအားအလုပ်ရမှတ်များရရှိစေရန်အတွက်လည်းစီမံရသေးသည် ။ မနက်ပိုင်းနှင့်နေလည်၌ မြက်ရိတ်ရန်ခွင့်ပြုထားရပြီး ကောက်ရိတ်သိမ်းချိန်တွင်လည်းလယ်ထဲဆင်းရန်ကျောင်းပိတ်ပေးရဦးမည် ။


ဤနည်းလမ်းဖြင့်သာ ကလေးများကစာသင်ရင်း အလုပ်လုပ်နိုင်မည်ဖြစ်ပြီး မိဘများကလည်းခွင့်ပြုမည်ဖြစ်သည် ။ 


သို့သော်လည်း ကောက်ရိတ်သိမ်းချိန်ပြီးသောအခါတွင် ကလေးများကျောင်းပြန်တက်သည်မှာနည်းပါးလှသည် ။


xxxxxxx

Part 142


ဟန်ချင်စုန့်ကိုယ်တိုင် ကလေးများအားကျောင်းလာပို့သည်ဖြစ်၍ ဟန်ချင်းဖျင် အလွန်ပျော်ရွှင်နေကာ စကားအများကြီးပြောခဲ့သည် ။


" ချင်စုန့် မင်းမိန်းမက အရင်ကထက်ပိုပြီးသိတတ်လာတယ် ကလေးတွေအကုန်လုံးကိုပညာတတ်ဖြစ်အောင်ကျောင်းထားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး သူမကတကယ်သတ္တိရှိတဲ့မိန်းမတစ်ယောက်ဘဲ "


ပြောလေပို၍စိတ်လူပ်ရှားလေဖြစ်ကာ လင်းလန်အားချီးကျူးနေမူကိုရပ်တန့်မရတော့ပေ ။


" ကျွန်တော့ကလေးတွေမှာ ဖတ်စာ စာအုပ်တွေမရှိသေးဘူး ဒါကြောင့်နှစ်ယောက်ကိုတစ်စုံစာဝယ်ပေးလို့ရမလား "


စားပွဲတစ်ခုတည်း ထိုင်နေသောယောက်ျားလေးသုံးယောက်မှာ နားစွင့်ပြီးနားထောင်နေကြသည် ။


ဟန်ချင်းဖျင်က အားနာစွာပြောလိုက်သည် ။


" စာအုပ်တွေကဖြန့်ဝေပြီးသွားပြီဆိုတော့ ဝယ်ဖို့ခက်ခဲမှာစိုးတယ် "


တဝမ်က မျက်ခုံးပင့်ကာ လွယ်အိတ်ကိုအရှေ့ခုံ၌ထိုင်နေသည့် မိုင်စွေ့၏လက်ထဲသို့ ထိုးထည့်ရင်းပြောလိုက်သည် ။


" သင်စရာစာအုပ်မရှိဘူးဆိုတော့ အတန်းတက်စရာလဲမလိုဘူးမလား "


စန်းဝမ်ကလည်း တဝမ်၏နောက်မှလိုက်ထရန်ပြင်သောအခါ ဟန်ချင်စုန့်ကအေးစက်စွာပြောလိုက်သည် ။


" မင်းတို့မှာဖတ်စာစာအုပ်မရှိရင် ကူးပြီးအလွတ်ကျက်လိုက်လေ... "


တဝမ် "..."


စန်းဝမ် " အားးးး...."


ဟန်ချင်စုန့် ကဟန်ချင်းဖျင်အားပြောလိုက်သည် ။


" အဲ့ဒီကောင်လေးတွေ စကားနားမထောင်တာနဲ့ရိုက်သာရိုက်ပါ အားမနာနဲ့ မသေရင်ပြီးတာဘဲ "


ဟန်ချင်စုန့်က ပြောပြီးနောက်ထွက်သွားတော့သည် ။


ဟန်မိသားစုမှကလေးလေးယောက် "..."


မြက်ရိတ်ချိန်မရောက်သေးခင်အထိ တဝမ်မှာအတန်းထဲတွင် ခဲတံကိုင်ရင်းကျောက်ရုပ်လိုထိုင်နေရန်သာစိတ်ကူးထားသည် ။ ဟန်ချင်းဖျင်က ကလေးများအားအတန်းစည်းကမ်းများနှင့် အချိန်စာရင်းကိုပြောပေးသည် ။


" မပူပါနဲ့ကလေးတို့ မင်းတို့အလုပ်ရမှတ်တွေရဖို့အတွက် မြက်ရိတ်ချိန်လည်းရှိသေးတယ် "


စာမသင်ကြားမှီတွင်မိန့်ခွန်းအနည်းငယ်ပြောပြီးနောက် ဆောင်ပုဒ်တစ်ခုအားရွတ်ဆိုလိုက်သည် ။


" ဥက္ကဌမော် သက်ရှည်ကျန်းမာပါစေ "


ဟန်ချင်းဖျင်က ကလေးများအား ခဲတံကိုင်ပုံကိုင်နည်းကိုစတင်ပြသပေးလိုက်သည် ။ ထို့နောက်တစ်ယောက်ချင်းစီ၏အနေအထားကိုကြည့်၍ ပြုပြင်စရာရှိသည်များကို ပြင်ဆင်ပေးသည် ။


တဝမ်ကစိတ်နှစ်၍ သင်ယူချင်စိတ်မရှိသောကြောင့် ခဲတံအားချိုးမိမလိုဖြစ်သွား၍ စန်းဝမ်ကသတိပေးလိုက်သည် ။


" အစ်ကိုသုံးဆင့်တောင်ပေးရတာနော် "


ခဲတံကျိုးသွားပါက သူ့အမေ၏ပွစိပွစိပြောသံအပြင် ဖေဖေဟေး၏ရိုက်နှက်မူကိုပါခံရနိုင်သည် ။ သူတို့၏မားမား ဝင်မတားသရွေ့ အပြစ်ပေးခြင်းပြီးဆုံးမည်မဟုတ်ပေ ။


အိမ်၌မူ လင်နှင့်မယားမှာအတိုင်အဖောက်ညီနေကြသည်။ တစ်ယောက်ကစောင်ချုပ်ပြီး တစ်ယောက်ကအိပ်ရာခင်းပြုလုပ်ရန်ပြင်ဆင်နေသည် ။


အနွေးကုတင်တွင် အောက်ခံမွေ့ယာမရှိသောကြောင့် သက်တောင့်သာက်သာမရှိပေ ။


ရွာထဲရှိမိသားစုအများအပြားမှာ စောင်အကြီးကြီးတစ်ထည်ကိုစုခြုံကြပြီး သက်တောင့်သက်သာရှိမရှိကိုဂရုမစိုက်ပေ ။ မူလလင်းလန်တွင် စောင်အကြီးနှင့်အသေးတစ်ထည်ရှိသည် ။


ယခုမူ မိသားစုအတွင်းစောင်လေးထည်ရှိသော အိမ်ထောင်စုမှာ တစ်ရွာလုံးတွင်သူမတို့သာရှိသည် ။ ဝါဂဂွမ်းဟောင်းများနှင့်ချည်သားပိတ်ကိုအသုံးပြု၍ အောက်ခံမွေ့ယာအပါးတစ်ထည်ကိုချူပ်လုပ်လိုက်သည် ။


ထိုအရာမှာ မနွေးသော်လည်း ကံကောင်းစွာနှင့်နွေးရန်မလိုအပ်ဘဲ အနည်းငယ်နူးညံ့ရန်သာလိုအပ်သည် ။


ထိုအချိန်တွင် ရှောင်ဝမ်ကဝမ်ဝမ်လေးနှင့်အတူအပြင်မှပြန်လာခဲ့ပြီး လူကြီးနှစ်ယောက်စောင်ထိုင်ချုပ်နေပုံကိုကြည့်ကာမျက်လုံးမလှန်ဘဲမနေနိုင်တော့ချေ ။


လင်းလန်က အခြားသောကလေးများထက်ရှောင်ဝမ်ကိုပိုချစ် သော်လည်း ဖုန်များနှင့်စောင်အသစ်ပျော်တွင်လူးလှိမ့်နေခြင်းမျိုးတော့မဖြစ်စေချင်ပေ ။ ထို့ကြောင့် အမြန်သွားဆေးကြောခိုင်းလိုက်သည် ။ 


သို့သော်လည်း ရှောင်ဝမ်ကအမှန်ပင် စောင်အသစ်လေးပေါ်တွင်လူးလှိမ့်ရန်မစောင့်နိုင်တော့ချေ ။ ဟန်ချင်စုန့် မျက်နှာတည်သွားချိန်တွင် ကလေးအပေါ်အရမ်းမတင်းကြပ်ရန် လင်းလန်အချက်ပြလိုက်သည် ။


ဟန်ချင်စုန့်က သူ၏လေသံကိုအတတ်နိုင်ဆုံးညင်သာထားရင်းပြောလိုက်သည် ။


" မြန်မြန်ဆေးကြောလာခဲ့ ပုံပြင်ပြောပြမယ် "


လင်းလန်က ကလေးများနှင့်အတူပုံပြင်နားထောင်ရန်ဝင်လှဲလိုက်သည် ။


ရှောင်ဝမ်က တခြားကလေးများနှင့်မတူဘဲကြောက်တတ်သောကြောင့် ဟန်ချင်စုန့်နှင့်သိပ်မရင်းနှီးပေ ။ သူကအသံတိုးတိုးလေးနှင့်ပြောလိုက်သည် ။


" ဝမ်ဝမ်လေးက ပုံပြင်နားထောင်ရတာကိုကြိုက်တယ် "


ဟန်ချင်စုန့်က တုံးအသောမိန်းမနှင့်သဘောကောင်းသည့်ယောက်ျားအကြောင်းပြောပြလိုက်သည် ။ တုံးအသောမိန်းမမှာစောင်တစ်ထည်ချုပ်ရင်း သူမကိုယ်သူမပါရောချုပ်မိသွားသည် ။ 


သဘောကောင်းသောယောက်ျားမှာ ဟင်းချက်ရမှာပျင်းသည့်အတွက် မိုးတွင်းတွင်ပြုလုပ်ထားသောပေါင်မုန့်ပြားအားဆောင်းတွင်းရောက်သည်အထိစားသောသူဖြစ်သည် ။


လင်းလန်အတွက်စိတ်ဝင်စားစရာမကောင်းသော်လည်း ရှောင်ဝမ် ကစိတ်ဝင်စားနေသည် ။


" တုံးအတဲ့မိန်းမကစောင်ထဲကပြန်ထွက်လာနိုင်လားဟင် "


ကလေးများကပုံပြင်ဆိုသည်နှင့်

မည်ကဲ့သို့သောပုံပြင်မျိုးပင်ဖြစ်ပါစေ ပျော်ရွှင်စွာနားထောင်ကြသည် ။


" တုံးအတဲ့မိန်းမကြီးနဲ့ သဘောကောင်းတဲ့ယောက်ျားတို့မှာ ရှိတဲ့သမီးလေးကနှစ်ယောက်စလုံးကိုကူညီပေးလိုက်တယ် ".


 ရှောင်ဝမ်ကအရမ်းကျေနပ်သွားသည် ။


ဘာ့ကြောင့်မှန်းမသိ ထိုတုံးအသောမိန်းမမှာသူမကိုရွဲ့ပြောနေသလိုခံစားမိသည် ။ 


သူမကိုတုံးအတယ်လို့လှောင်နေတာမလား?


သူမထက်ပိုပြီး စောင်ချုပ်တော်တယ်ဆိုပြီးကြွားချင်နေတာမဟုတ်လား...


ဟန်ချင်စုန့်၏ စောင်ချုပ်စွမ်းရည်မှာအလွန်ပင်အထင်ကြီးဖွယ်ဖြစ်သည် ။ သူကိုယ်တိုင်ချုပ်နေသောစောင်အပြင် လင်းလန်ကိုပါကူညီပေးသေးသည် ။ လင်းလန်က သူမ၏အိမ်ထောင်ရှင် အမျိုးသမီးဂုဏ်သိက္ခာကျမည်ဆိုသောကြောင့် အသည်းအသန်ငြင်းဆန်သည် ။


" ရတယ်အခု အထူကပုံမှန်ဖြစ်သွားပြီဆိုတော့ ကျွန်မကိုယ်တိုင်လုပ်လိုက်မယ် "


ဟန်ချင်စုန့်က ပြောလိုက်သည် ။


" ဒါဆိုရင်လဲ ကိုယ်အုပ်ချုပ်ရေးမူးဆီသွားပြီး ထင်းဝယ်ဖို့ဆွေးနွေးလိုက်ဦးမယ် "


လင်းလန်က အဝတ်ထည့်ရန်သေတ္တာနှစ်လုံးမရှိစဥ်က သူမပစ္စည်းများထားရန်မလုံခြုံဟုခံစားနေရခဲ့ရသည် ။ 


ထိုအချိန်က လူငယ်များအိမ်ထောင်ပြုသောအခါတွင် ပရိဘောဂများမှာအခြေခံအားဖြင့် စားပွဲခုံတစ်လုံး ၊ခွေးခြေခုံနှစ်လုံးနှင့် ဗီဒိုအပြင်လက်ဆွဲသေတ္တာတစ်လုံးတိုပါဝင်ရမည် ။ ဗီဒိုမှာကျယ်ဝန်းရမည်ဖြစ်ပြီး စောင်များနှင့်ရာသီအလိုက်အဝတ်အစားများထည့်ရန်ပါကျယ်ဝန်းရမည်ဖြစ်သည် ။


အခြေအနေကောင်းသောမိသားစုများတွင် သစ်သားသေတ္တာများလက်ဖွဲ့လေ့ရှိသည် ။


အနွေးကုတင်အောက်မှနေရာလွတ်မှာ ထင်းများသိုလှောင်ရန်အတွက်ဖြစ်သည် ။ ဟန်ချင်စုန့် နှင့်လင်းလန် တို့လက်ထပ်ခဲ့ကြစဥ်ကစားပွဲတစ်လုံးအပြင် လက်ဆွဲသေတ္တာနှစ်လုံးသာပါရှိသည် ။


အရင်အချိန်များကမပြည့်စုံမူများကို ပြန်လည်ဖြည့်ဆည်းပေးရန်အတွက် ဟန်ချင်စုန့်တွင်ပိုက်ဆံရှိနေပြီဖြစ်သည် ။ ထို့ကြောင့်ပရိဘောဂတချို့ပြုလုပ်ရန်အတွက် သစ်ဝယ်ဖို့ဆွေးနွေးရန်ထွက်လာရခြင်းဖြစ်သည် ။ယေဘုယျအားဖြင့် ရွာသားများကလက်သမားတစ်ဦးငှားရမ်းသည့်အခါတွင် ငွေအနည်းငယ်ပေးရသည့်အပြင် အိမ်တွင်ထမင်းတစ်နပ်ကျွေးလိုက်ခြင်းတို့ဖြင့်ဖြေရှင်းကြသည် ။


ဟန်ချင်စုန့်က အုပ်ချုပ်ရေးမူးထံသို့သွားကာ သစ်များဝယ်ယူလိုသည့်အကြောင်းပြောပြခဲ့သည် ။ သစ်ပင်များခုတ်လှဲပြီးသောအခါ တပ်မဟာဌာနသို့ဦးစွာသတင်းပို့မည်ဖြစ်၍  မည်မဟုတ်ပေ ။ 


သူခိုးများ၏လုပ်ရပ်မှာ ပူပူနွေးနွေးသာရှိသေး၍ သစ်တစ်ချောင်းအတွက်နှင့်ထောင်ထဲမရောက်ချင်ကြပေ ။


xxxxxxx