အပိုင်း ၁၄၃-၁၄၄
Viewers 21k

Part 143


ဟန်ချင်စုန့် သစ်များလိုအပ်နေသည်ဟုကြားသောကြောင့် ဟန်ချင်းယွမ်ကအကြံပေးလိုက်သည် ။


" အစ်ကိုချင်စုန့် အိမ်ဆောက်မယ်ဆိုရင် ရွာထဲကနှံကောင်ခြေထောက်ကိုမရှာနဲ့ သူ့လက်ရာကတော်တော်ဆိုးတယ် အစ်ကိုသစ်ကုန်တာဘဲအဖတ်တင်လိမ့်မယ် တောင်ဘက်ပိုင်းကလက်သမားဝမ်ကိုရှာကြည့်ပါလား သူ့ရဲ့လက်ရာကကောင်းတယ်လို့ ဒုတိယအစ်ကိုကထောက်ခံပေးဘူးတယ် "


နှံကောင်ခြေထောက်မှာ ထိုရွာရှိလက်သမား၏အမည်ပြောင်ဖြစ်ပြီးသည် ။ ဝိုင်သောက်ခြင်းကိုအလွန်နှစ်သက်ပြီး နှံကောင်ကြော်နှင့်အမြည်းပြုလုပ်ရသည်ကိုကြိုက်၍ဤသို့ခေါ်ဆိုခြင်းဖြစ်သည် ။


ဟန်ချင်စုန့်တွေးထားသည်နှင့်ထပ်တူပင်ဖြစ်၍ သဘောတူလိုက်သည် ။ 


" ကောင်းပြီလေ "


" ဒါနဲ့အစ်ကိုက ဘယ်လိုပရိဘောဂမျိုးလုပ်မှာမို့လို့လဲ "


" တစ်စုံလုံးစာဘဲ "


ဟန်ချင်းယွမ်က အံ့သြတကြီးပြောလိုက်သည် ။


" တစ်စုံလုံးစာလား... အစ်ကိုအဲ့တာဆိုရင်အစ်ကို့အိမ်ထဲမှာ ဆံ့မှာမဟုတ်ဘူးနော် "


ဟန်ချင်စုန့်က အလေးအနက်စဥ်းစားပြီးနောက်ပြောလိုက်သည် ။


" ဒါဆိုလဲအိမ်အသစ်တစ်လုံးဆောက်လိုက်တာပေါ့ "


" တတိယအစ်ကိုတစ်ကယ်ကြီးပြောနေတာလား "


တတိယအစ်ကိုက အိမ်အသစ်ဆောက်ဖို့ကိုတောင် လွယ်လွယ်ပြောထွက်သောကြောင့် သူ၏သတ္တိမှာနည်းနည်းနောနောပင်မဟုတ်ချေ ။ ရန်သူတွေကိုချေမူန်းဖို့ ဝူနန်နဲ့ဝူနင်းတို့ ကဲ့သို့ယောကျ်ားရွေးမှန်သည်မှာအထင်အရှားပင် ။


ဟန်ချင်းယွမ် အံ့သြသွားသည်မှာမထူးဆန်းပေ ။ ယခုအချိန်၌ ကျေးလက်တွင်အိမ်ဆောက်ခြင်းသည် မယားနှင့်သားကိုကျွေးမွေးစောင့်ရှောက်ရခြင်းထက် အရေးကြီးသောလုပ်ရပ်ဖြစ်ပြီး ရွာသားများအတွက်လည်းအခက်ခဲဆုံးအလုပ်ဖြစ်သည် ။


ချွေးမတစ်ယောက်ရဖို့အတွက် စပါးတွဲတစ်ရာ ၊ ပိတ်အုပ်တစ်အုပ် ၊ အိမ်သုံးပစ္စည်းအနည်းငယ် ၊ အသားတစ်ပိုင်း တို့နှင့်ချွေတာစားသောက်လျှင်တောင် အသက်ရှင်ရုံမျှသာရှိသည် ။ မည်သို့ပင်ဖြစ်စေ ယောက်ျားတစ်ယောက်ကမိန်းမယူပြီးသည်နှင့် သားတစ်ယောက်မွေးဖွားရန်အခက်အခဲမရှိပေ ။


အိမ်တစ်အိမ်ဆောက်ရန်မှာ အမှန်ပင်မလွယ်ကူပေ ။ အိမ်တစ်လုံးဆောက်ရာတွင် သစ်သား ၊ ကောက်ရိုး ၊ ထုံးကျောက် စသည့်အိမ်ဆောက်ပစ္စည်းများအပြင် ဝိုင်းဝန်းကူညီသူများကိုကျွေးမွေးရန်အတွက်အစားအသောက်များလည်းလိုအပ်သည် ။


အလုပ်သမားကြီးနှစ်ယောက် ၊ ပန်းရံဆရာနှင့်လက်သမားတို့အားငှားရန်ပိုက်ဆံရှိလျှင်တောင် ဝိုင်းဝန်းကူညီပေးရန်အလုပ်သမားငယ်များလိုအပ်သေးသည် ။ 


အိမ်တစ်လုံးဆောက်ရာတွင် သစ်သားအမြောက်အမြားလိုအပ်ပြီး ထုပ်တန်းများ ၊ ကန့်လန့်ကာများ စသည်တို့အတွက်အသုံးပြုသောသစ်များမှာ တစ်ကြိမ်တည်း၌ပင်မြောက်မြားစွာကုန်ကျစေနိုင်သည် ။


သာမန်ရွာသားများမှာ ငွေမရှိ၍မဝယ်ယူနိုင်သောကြောင့် နှစ်ပေါင်းများစွာမိမိတို့ကိုယ်တိုင်စိုက်ပျိုးထားသောသစ်ပင်များကိုသာအသုံးပြုရသည် ။ ၎င်းသာမက သစ်သားအစားကောက်ရိုးကဲ့သို့စျေးပေါသောပစ္စည်းများဖြင့်အစားထိုးလျှင်ပင် ထုတ်လုပ်ရေးအဖွဲ့မှအမှတ်များလိုအပ်သေးသည် ။


အလုပ်ရမှတ်များဖြင့် အစားအစာများလည်းလဲလှယ်ရသေးသောကြောင့် ထိုကဲ့သို့ပစ္စည်းများလဲလှယ်ရန်မဖြစ်နိုင်ပေ ။ ရွာသားများမှာတစ်ခါတစ်ရံ ပန်းရံသမား ၊ လက်သမားကြီးများနှင့်လိုက်လံကူညီကြပြီး တစ်ခါတစ်ရံ၌ ကောင်းကောင်းမွန်မွန်စားသောက်နိုင်သည် ။ 


အစားကောင်းတစ်နပ်ကောင်းကောင်းမွန်မွန်း စားသောက်ရခြင်းနှင့် အလကားစားသောက်ရခြင်းသည် ကြီးမားသောကံကောင်းမူကြီးပင် ။


အိမ်တစ်အိမ်တွင်အခန်းသုံးခန်း ပါဝင်သည့်ဓလေ့မှာ ဘိုးဘေးဘီဘင်တွေထံမှမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြပြီး သားတစ်ယောက်မိန်းမယူသည်နှင့်အခန်းတစ်ခန်းထပ်မံတိုးချဲ့ ဆောက်လုပ်ပေးရမည်ဖြစ်သည် ။


အိမ်အသစ်တစ်လုံးဆောက်လုပ်မည်ဆိုလျှင် ယွမ်ရာကျော်ကုန်ကျမည်ဖြစ်ပြီး ခေတ်ကာလအခြေအနေကြောင့် ယွမ်အနည်းငယ်ကုန်ကျနေလျှင်ပင် သွေးမျက်ရည်ကျနိုင်သောအ​ခြေအနေပင် ။


သာမန်မိသားစုတစ်စုမှာ တစ်နှစ်လျှင်ယွမ်ဆယ်ဂဏန်းသာစုဆောင်းနိုင်ပြီး ထိုထဲမှာလူမူရေးကိစ္စများအပြင် ကျန်းမာရေးအတွက်လည်းငွေကြေးသုံးစွဲရသေးသည် ။ 


မိသားစုတစ်ခုတွင် လက်ထပ်ပွဲကျင်းပသည့်အခါတင်တောင်းစရိတ်အပြင် ပွဲအခမ်းအနားတွင်ကျွေးမွေးရန်ကုန်ကျစရိတ်နှာင့် လက်ဖွဲ့ငွေများမှာ အနှစ်နှစ်အလလစုဆောင်းထားသည်များအားလုံး ကုန်သွားစေနိုင်သည် ။ ထို့အပြင် အသုဘအခမ်းအနားတစ်ခုမှာလည်းထပ်တူညီစွာပင် ။


ဝင်ငွေနည်းနည်းသာရှိသော်လည်း ငွေကုန်ပေါက်များမှာအဆုံးသတ်မရှိပေ ။ ပါတီအတွင်းရေးမူးအဖြစ်အနှစ်နှစ်ဆယ်အလုပ်လုပ်မည်ဆိုလျှင့တောင် အိမ်တစ်လုံးဆောက်နိုင်ရန်အတွက် မည်မျှချွေတာရမည်ကို မမှန်းဆနိုင်ချေ ။ 


ဟန်ချင်းယွမ်၏ လက်ထပ်ပြီးသားအစ်ကိုများပင် အိမ်မခွဲနိုင်သေးဘဲ တစ်အိမ်တည်းနေနေရဆဲဖြစ်ကာ သူသည်လည်းနောင်တစ်ချိန်တွင်လက်ထပ်ရဦးမည်ဖြစ်သည် ။ 


ရွာတွင်နေထိုင်ကြသူများမှာ ဆယ်နှစ်သို့မဟုတ်အနှစ်နှစ်ဆယ်ကြာစုဆောင်းမူများရှိသော်လည်း သူတို့၏မိသားစုများက ခွဲထွက်ရာတွင်ထောက်ပံ့ပေးရမည့်ရိက္ခာပစ္စည်းများကိုမတတ်နိုင်ခြင်းမျိုးလည်းရှိသည် ။


ဟန်ချင်စုန့်က အိမ်တစ်လုံးဆောက်မည့်အကြောင်းကို အေးအေးလူလူပြောထွက်သည့်ပထမဆုံးသူဖြစ်သောကြောင့် ဟန်ချင်းယွမ် ကထိုင်ရှိခိုးမိမတတ်ပင်အထင်ကြီးသွားသည် ။


ဟန်ချင်စုန့် ကအကြောင်းအရာများစွာကိုမစဥ်းစားခဲ့ပေ ။ စစ်တပ်ထဲတွင်သာအနေများပြီး ရွာ၏စျေးကွက်အခြေအနေကိုနားမလည်သောကြောင့် စစ်တပ်ထဲမှာလို့အရာအားလုံးအမိန့်ပေးရုံသာဟုထင်နေသည် ။ 


ထို့အပြင် စစ်တပ်ထဲတွင် လူအများအပြားရှိပြီး၎င်းတို့မှာသန်မာအားကောင်းသောလူငယ်များဖြစ်ကြ၍မည်သည့်ကိစ္စကို မဆိုလွယ်လွယ်ကူကူလုပ်ဆောင်နိုင်ကြသည် ။ ဟန်ချင်စုန့် သည်လည်း ဤမျှအသေးအမွှားများစွာကိုပါစီမံရမည်ဟုမထင်ထားချေ ။ ထို့ကြောင့် ချက်ချင်းပင် အကောင်အထည်ဖော်လိုခြင်းဖြစ်သည် ။


အိမ်တစ်အိမ်ဆောက်ခြင်းက မိသားစုတွင်းကိစ္စတစ်ခုသာမဟုတ်ဘဲ လိုအပ်သောအရာများဝယ်ယူရန်နှင့် အုတ်ကြွေပြားများအတွက် အရင်လျှောက်ထားရန်လိုအပ်သည် ။ ရွာသားများအိမ်ဆောက်သောအခါ ပုံမှန်အားဖြင့်​အုတ်ကြွေပြားများအကြောင်းမစဥ်းစားကြပေ ။


အကြောင်းမှာ ဝယ်ယူရန်ပိုက်ဆံမတတ်နိုင်ခြင်းနှင့် ခွင့်ပြုချက်လက်မှတ်မရှိသောကြောင့်ပင် ။ အုတ်နှင့် အုတ်​ကြွေပြားများကို အသုံးမပြုသော်လည်း အခြားသစ်သားနှင့်ကောက်ရိုးများကိုပေါင်းစပ်ရခြင်းမှာ မလွယ်ကူပေ ။


ယခုအချိန်တွင် တစ်ရွာလုံးစုပေါင်းစိုက်ပျိုးလုပ်ကိုင်နေကြပြီး မိသားစုတစ်စုစီ၏ ကိုယ်ပိုင်သီးသန့်နယ်မြေကိုပိုင်းခြားပေးထားပြီး ကျန်သည်များမှာစုပေါင်းရိက္ခာပင်ဖြစ်သည် ။


သစ်သားစုဆောင်းရသည်မှာခက်ခဲသည့်အပြင် ကောက်ရိုးများစုဆောင်းရသည်မှာလည်း ခက်ခဲသည်ပင် ။


ရိုးရာအိမ်များ၏အမိုးမှာ ထုပ်တန်းဘောင်ပေါ်တွင်ကောက်ရိုးရိုးတံများဖြင့် ထုပ်ကာအဝါရောင်ရွံ့ ၊ ဓနိသို့မဟုတ်ဂျုံမြက်များဖြင့် ဖုံးအုပ်မွမ်းမံရသည် ။ ဤနေရာ၏လုပ်ဆောင်ပုံမှာ သစ်သားအစားအခြားသောအရာများကိုအစားထိုး ခြင်းဖြစ်၍ ကုန်ကျစရိတ်မှာသစ်သားထက်များစွာသက်သာသည် ။


သို့သော်လည်း သာမန်အိမ်ထောင်စုအနေဖြင့် ကုန်ကျစရိတ်အနည်းဆုံးဖြစ်စေမည့်ပါဝင်ပစ္စည်းများကိုပင် စုဆောင်းရန်မတတ်နိုင်ချေ ။


ဟန်ချင်စုန့်က အုတ်ကြွပ်ပြားသို့မဟုတ်အုတ်ကြွေပြားများဖြင့်သာဆောက်လုပ်ချင်သည် ။ မိုးသည်းထန်စွာရွာသွန်းပါကာ မြေသားရွံ့စေးအိမ်သည်ပြိုကျနိုင်ပြီး တစ်နှစ်လျှင်အကြိမ်များစွာပြုပြင်ရဦးပေမည် ။ 


xxxxxxxx

Part 144


ဟန်ချင်စုန့် က ဟန်ရုံဖန်ဆီသို့သွား၍ အိမ်ဆောက်မည့်အကြောင်းပြောပြလိုက်သည် ။


" ဦးလေး ကျွန်တော်အိမ်ဆောက်ဖို့စာရင်းပေးချင်လို့ပါ "


ဟန်ရုံဖန်က ပျော်ရွှင်စွာနှင့်ပင် မြေပုံထုတ်ပြရင်းပြောလိုက်သည် ။


" လာလာ တူလေးကြိုက်တဲ့နေရာလာရွေး "


ဟန်ချင်စုန့်က ဟန်ရုံဖန်၏ တက်ကြွသောသဘောထားကြောင့် အံ့အားသင့်သွားရသည် ။ 


" ကျွန်တော်စောင့်ဆိုင်းဖို့မလိုဘူးလား "


ဟန်ချင်စုန့်က နောက်နှစ်လောက်ထိစောင့်ဆိုင်းရလိမ့်မည်ဟုထင်ခဲ့ခြင်းဖြစ်သည် ။ အိမ်တစ်လုံးဆောက်ရန်မလွယ်ကူသော​ကြောင့် မိသားစုများမှာ အခန်းတစ်ခန်းထဲတွင်ကြပ်သိပ်နေထိုင်ကြပြီး ချွေတာရန်သာအာရုံရှိသည် ။ ထို့အပြင် ငွေကြေးအလုံအလောက်မရှိခြင်းတို့ကြောင့် မည်သူမျှအိမ်ဆောက်ရန်စိတ်ကူးမရှိကြချေ ။


ဟန်ရုံဖန် ကခေါင်းခါ၍ပြောလိုက်သည် ။


" မလိုဘူး ဦးလေးမင်းအတွက်စာရင်းပေးပြီတာကြာပြီ "


ဟန်ရုံဖန်သည်လည်း ဟန်ချင်စုန့်၏အလုပ်ပြောင်းလဲလိုမူကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရသည် ။ အမှန်တကယ်တွင် အိမ်ဆောက်ရန်လျှောက်ထားမူမှာ အဖွားကြီးဟန်အားသတိမပေးဘဲ ဟန်ရုံဖန်တစ်ယောက်တည်းစီစဥ်ခဲ့ခြင်းဖြစ်သည် ။


ဟန်ချင်စုန့် ၏ရသမျှပိုက်ဆံအားလုံးအား အဖွားကြီးဟန်လက်ဝါးကြီးအုပ်ထားသောကြောင့် သဘောတူမည်မဟုတ်မှန်းထင်ရှားသည် ။ ထို့ကြောင့်ရှေးရိုးစွဲအယူအဆများဖြင့်သာခြိမ်းခြောက်နေပြီး အိမ်ဆောက်ခိုင်းလိမ့်မည်မဟုတ်ပေ ။အိမ်ခွဲပြီးသည့်နောက်တွင် သားနှင့်ချွေးမတို့မှာသီးခြားနေထိုင်ကြမည်ဖြစ်သည် ။


အဖွားကြီးဟန်၏ သဘောထားအားမည်သူမှအဖက်မလုပ်ပေ!


သူမကိုယ်သူမ ဘုရင့်မယ်တော်ကြီးလို့ထင်နေတာလားပဲ...


မိသာစုတော်တော်များများမှာအိမ်ထောင်စုခွဲမထွက်ရသည့်အကြောင်းအရင်း များစွာရှိသည် ။ တချို့မှာပင်မမိသားစုက ခွဲထွက်လျှင်ပေးရမည့် ပစ္စည်းများမပေးနိုင်သောကြောင့် ၊ တချို့မှာသက်ကြီးရွယ်အိုများက အထီးကျန်မည်ကိုစိုးရိမ်ကြသောကြောင့်ဖြစ်သည် ။


အဖိုးအဖွားတို့မှာ ခွဲခွာရခြင်းကိုမကြိုက်သောကြောင့် သားသမီးမြေးမြစ်များနှင့်အတူ နေထိုင်လိုကြပြီး မိခင်သို့မဟုတ်ဖခင်သေဆုံးသွားသောအခါမှသာ အိမ်ခွဲထွက်ကြသည် ။


ဟန်ရုံဖန်က ဟန်ချင်စုန့် ၏သတင်းကြားသောအခါအလွန်ပူပန်ခဲ့ရသည် ။ ဟန်ချင်စုန့်၏ ရိက္ခာခွဲဝေမူမှာအနည်းငယ်ပိုမိုရူပ်ထွေးသည် ။ သမာရိုးကျအားဖြင့် အခြားသူများအလုပ်ပြောင်းသောအခါ သူတို့၏အိမ်ထောင်စုစာရင်းမှာကျေးရွာကော်မတီများထံသို့ပြန်လည်ရောက်ရှိလာကြသည် ။


သို့သော် ဟန်ချင်စုန့်မှာ ခရိုင်နှင့်ခရိုင်တွင် စုစုပေါင်းရိက္ခာသုံးဆယ်ကတ်တီနှင့် တစ်ချိန်တည်းတွင်ပင်အကျိုးခံစားခွင့်နှစ်ဆဖြစ်သည် ။ ဥပမာအားဖြင့် စားနပ်ရိက္ခာနှင့် လက်မှတ်များမှာ အထွေထွေဝန်ထမ်းများအတွက် တစ်လလျှင်ကတ်တီသုံးဆယ်ရရှိပြီး ပိုမိုကောင်းမွန်သောအခြေအနေရှိသည့်ကေဒါများမှာ သုံးဆယ့်ခြောက်ကတ်တီရရှိနိုင်သည် ။


ဟန်ချင်စုန့် ကလူကြီးတစ်ယောက်၏ခွဲဝေမူနူန်းထားအတိုင်း လေးဆယ့်လေးကတ်တီရရှိပြီး ကျေးလက်တွင်တိုက်ရိုက်ရိတ်သိမ်းသော ဂျုံနှင့်ပြောင်းကဲ့သို့မပြုပြင်ရသေးသောအစေ့များအပြင် သန့်စင်ပြီးဂျုံများလည်းပါဝင်သည် ။


ထို လေးဆယ့်လေးကတ်တီတွင် စားသုံးဆီများအပြင် ဆီဝယ်ယူခွင့်တံဆိပ်ခေါင်းများနှင့် အခြားရှားပါးလက်မှတ်များပါဝင်သည် ။ ဤအရာများမှာကျေးလက်နေပြည်သူများ ရရှိနိုင်မည့်လက်မှတ်များမဟုတ်ပေ ။


ဟန်ရုံဖန်က ချည်မျှင်နှင့်အဝတ်အထည်လက်မှတ်များကဲ့သို့သော အခြားလက်မှတ်များကိုမရရှိသောကြောင့် ရှင်းရှင်းလင်းလင်းမသိသော်ငြား ၎င်းကနှစ်ဆသို့မဟုတ် အဆင့်အတန်းမြင့်လက်မှတ်များဟုသူခန့်မှန်းခဲ့သည် ။


ဥပမာ တစ်စုံတစ်ယောက်၏တစ်နှစ်စာအရထည်ဝေစုမှာ ဆယ်ပေရှိလျှင် ဟန်ချင်စုန့် မှာဆယ်ငါးပေစာရရှိနိုင်သည် ။ အခြားသူများထက် နှစ်ဆပိုမို အခွင့်အရေးခံစားနိုင်သောကြောင့် အိမ်ဆောက်ရန်ပထမဦးဆုံးတောင်းဆိုသည်မှာအဆန်းမဟုတ်ပေ ။


ဟန်ချင်စုန့် ယခုငှားရမ်းနေထိုင်နေသောတပ်မဟာပိုင်အိမ်မှာ ယာယီတည်းခိုရန်အတွက်သာအဆင်ပြေသော်လည်း အချိန်ကြာမြင်စွာနေထိုင်ရန်မဖြစ်နိုင်ပေ ။ လေအေးများ၏ဒဏ်ကိုအကာအကွယ်မပေးနိုင်သကဲ့သို့ မိုးသည်းထန်စွာရွာသွန်းသောအခါ၌ မိုးရေစိမ့်နိုင်သည် ။


ယခုအချိန်၌ ရွာတွင်အိမ်ဆောက်ရန်လျှောက်ထားသူအနည်းငယ်ရှိပြီး အလှည့်ကျစောင့်ဆိုင်းရမည်ဆိုပါက နောက်နှစ်အထိပင်မ​သေချာပေ ။ ကံကောင်းစွာနှင့် ဟန်ရုံဖန်ကသူ့အတွက် လျှောက်ထားပေးခဲ့သည် ။


ဟန်ချင်စုန့်က ခရိုင်တွင်အလုပ်လုပ်သောကြောင့် သူ၏မိသားစုအားခရိုင်သို့ ခေါ်သွားနိုင်မည်ဟုမဆိုလိုပေ ။ သူ၏အလုပ်ရုံးမှာရပ်ကွက်ထဲတွင်ဖြစ်ပြီး ခရိုင်မှသူ့အတွက်မိသားစုနေအိမ်စီစဥ်ပေးရန်မဖြစ်နိုင်သောကြောင့်ဖြစ်သည် ။ 


ဒုတိယတစ်ချက်မှာ လင်းလန်နှင့်ကလေးများ၏အိမ်ထောင်စုစာရင်းမှာ ရွာ၌သာအကျုံးဝင်သေး၍ အိမ်ထောင်စုစာရင်းအားမြို့သို့ရွေ့ပြောင်းရန်အဆင့်ဆင့်လုပ်ဆောင်ရပေဦးမည် ။


ယခုအချိန်တွင်ကျေးလက်မှမြို့ပြသို့ အိမ်ထောင်စုရွေ့ပြောင်းရခြင်းမှာအလွန်ပင်ခက်ခဲသည် ။ ကျေးလက်နေပြည်သူများမှာတိုင်းပြည်၏စားနပ်ရိက္ခာထုတ်လုပ်ရေးအတွက်အဓိကကျသူများဖြစ်သောကြောင့် မြို့ပြသို့အလွယ်တကူရွေ့ပြောင်းခံမည်မဟုတ်ချေ ။


ထို့ကြောင့် ဟန်ချင်စုန့်က ရွာတွင်အိမ်ကောင်းကောင်းတစ်လုံးဆောက်ရန်စီစဥ်ရခြင်းပင် ။ 


ဟန်ချင်စုန့် ကဟန်ရုံဖန်အား အလွန်ကျေးဇူးတင်နေမိသည် ။


" ကျေးဇူးတင်ပါတယ်ဦးလေး ကလေးတွေရဲ့အမေကိုကျွန်တော်နေရာရွေးခိုင်းလိုက်မယ် "


" အေးအေး အိမ်ပြန်ပြီးသူမကိုစိတ်ကြိုက်ရွေးခိုင်းလိုက် "


ဟန်ချင်စုန့်က တပ်မဟာမှဘက်ထရီနှစ်ခဲကိုငှားရမ်းခဲ့ပြီး မှတ်စုစာအုပ်အထူကြီးနှင့်အတူအိမ်ပြန်လာသည် ။ လင်းလန်၏မွေ့ယာမှချုပ်၍ပြီးစီးလုနီးနီးဖြစ်နေပြီး သူမကမှတ်စုစာအုပ်အထူကြီးကိုကိုင်ရင်း မေးလိုက်သည် ။


" ဒါကဘာလုပ်ဖို့လဲ "


ဟန်ချင်စုန့်က မှတ်စုစာအုပ်ကြီးကိုအနွေးကုတင်ပေါ်တင်ပေးလိုက်၍ ရေဒီယိုကိုဘက်ထရီလဲရင်းပြောလိုက်သည် ။


" မင်းအတွက် ကိုယ်ယူလာခဲ့တာ "


" အိမ်နေရာရွေးဖို့လား "


လင်းလန်၏ အလွန်ပျော်ရွှင်နေသောမျက်နှာလေးအား ဟန်ချင်စုန့်အကြည့်မလွှဲနိုင်ပေ ။  သူမကအနွေးကုတင်ပေါ်တွင်လဲလျောင်းလိုက်ကာ စတင်ပြောဆိုတော့သည် ။


" ဘယ်နေရာမှာဆောက်ကြရင်ကောင်းမလဲ...တပ်မဟာအနားမှာလား ဒါမှမဟုတ်ရွာအနောက်ပိုင်းမှာရော ရွာအရှေ့ပိုင်းကလဲကောင်းတာပဲ..စာသင်ကျောင်းဘေးဆို ကလေးတွေကျောင်းတက်ဖို့လွယ်ကူသွားလိမ့်မယ်...ရွာအနောက်ဘက်ဆိုရင် သီးသန့်မြေကွက်တွေနဲ့နီးလို့ ဟင်းသီးဟင်းရွက်စိုက်ရတာအဆင်ပြေလိမ့်မယ် "


ဟန်ချင်စုန့်က သူမလဲလျောင်းနေသောကြောင့် စည်းနှောင်ထားခြင်းမရှိသည့် ဆံနွယ်ပျော့ပျော့များအား မထိဘဲမနေနိုင်တော့ချေ ။


" ဘာလို့လဲ "


လင်းလန်က အူကြောင်ကြောင်မျက်နှာပေးဖြင့်မေးလိုက်သောအခါ ဟန်ချင်စုန့်က ချက်ချင်းသူ့လက်ကိုပြန်ရုတ်ရင်းပြောလိုက်သည် ။ 


" ဘာမှမဟုတ်ဘူး မင်းခေါင်းမှာ အမိူက်ကပ်နေလို့ "


သူမက ခရမ်းချဥ်သီးတစ်လုံးကဲ့သို့နီရဲနေသော ဟန်ချင်စုန့် ၏မျက်နှာကိုကြည့်ကာပြောလိုက်သည် ။


" ဟုတ်လောက်မယ် ကျွန်မကောက်ရိုးပုံနားသွားခဲ့သေးတယ် "


အိမ်အပြင်တွင်ကောက်ရိုးခြောက်များအားထာစလျှင်ရေစိုမည်စိုးသောကြောင့် အိမ်ထဲသို့ရွေ့ပြောင်းနေခြင်းဖြစ်သည် ။ 


" ကလေးတွေပြန်လာတာကိုစောင့်ပြီး အတူတူနေရာရွေးချင်လား "


ဟန်ချင်စုန့်က နေအိမ်ရွေးချယ်မူသည် သူ့ကလေးတွေနှင့်လည်းသက်ဆိုင်သောကြောင့် ခေါင်းညိမ့်ပြလိုက်သည် ။


" အင်းပါ "


လင်းလန်က ပျော်ရွှင်စွာနှင့်ပင်သူမ၏အိပ်ရာခင်းလေးအား အပြီးသတ်ချုပ်လုပ်နေလိုက်သည် ။


 

Xxxxxx