အပိုင်း ၁၄၅-၁၄၆
Viewers 21k

Part 145


ဟန်ချင်စုန့်က ခြံဝန်းထဲသို့တစ်ချက်လှည့်ပတ်ကြည့်လိုက်သောအခါ အိမ်ဆောက်ရန်ပြင်ဆင်ထားသောပစ္စည်းများကိုတွေ့လိုက်ရသည် ။ ဆောင်းဦးရာသီရိတ်သိမ်းချိန်ဖြစ်သော စက်တင်ဘာနှင့်အောက်တိုဘာလအထိစောင့်ဆိုင်းခဲ့ရသော်လည်း ယခုမူပိုက်ဆံပြတ်လပ်ခြင်းမရှိတော့သည့်အတွက် အလုပ်သမားအများအပြားငှားရမ်း၍ အမြန်ဆုံးအပြီးသတ်ဆောက်လုပ်မည်ဖြစ်သည် ။


အခက်အခဲဆုံးအပိုင်းမှာ ပစ္စည်းများကိုပြင်ဆင်သောကြာချိန်ပင် ။ ထို့နောက်တွင် အိမ်နံရံနှင့်ဆန့်ကျင်ဘက်အနေအထားကိုရွေးချယ်၍ ယာယီထင်းတဲတစ်လုံးဆောက်လုပ်တော့သည် ။


စက်ဘီးနှင့်အချို့သော အိမ်သုံးပစ္စည်းများပါထားသိုနိုင်ရန် နေရာကျယ်ကျယ်ဆောက်လုပ်ရန်ပြင်ဆင်သည် ။ တောင်ဘက်တံတိုင်းကိုတစ်ဖက်ခြမ်းတွင် အကာအရံထား၍အမိုးနှင့်ဘေးဖက်နံရံနှစ်ဖက်အား ကျူပင်နှင့်ကောက်ရိုးတို့ဖြင့်အထပ်ထပ်ကာရံကာမိုးလုံအောင်စီမံထားသည် ။


လင်းလန်လည်းဝိုင်းဝန်းကူညီနေပြီး အစ်ကိုကြီးဟန် နှင့် ဟန်ချင်းယွမ်လည်းလာရောက်ကူညီသည် ။ အစ်ကိုကြီးဟန် နှင့်ဟန်ချင်းယွမ်တို့မှာညစာကျွေးသည်ကိုငြင်းဆန်ကာ အမြန်ပြန်သွားကြသည် ။


ဟန်ချင်စုန့်က မိုးစိုသွားသောကောက်ရိုးများအား နေလှန်းရန် ကူညီပေးသည် ။ မိုးရေစိုသွားသောကောက်ရိုးများမှာ ခြောက်သွေ့အောင်မလှန်းပါက ရက်အနည်းငယ်အတွင်းတွင် မြေသြဇာပြုလုပ်နိုင်သောအခြေအနေသို့ရောက်ရှိသွားလိမ့်မည် ။


လင်းလန်က သူမအလုပ်နည်းနည်းသာလုပ်ရ၍အလွန်ဝမ်းသာအားရဖြစ်နေသောကြောင့် လက်ခုပ်တီး၍အားပေးနေသည် ။


" ခေါင်းဆောင် ဟန်က အရမ်းတော်တာပဲ ခေါင်းဆောင် ဟန်မလုပ်နိုင်တဲ့အရာဆိုတာမရှိဘူးနော် "


ဟန်ချင်စုန့်က ပြုံးသာပြုံးနေ၍ဘာမျှမပြောချေ ။


...


ကလေးများနှင့်အတူ ညစာစားချိန်တွင် လင်းလန်က အားဝမ်ကို ရေဒီယိုဖွင့်ပြလိုက်သည် ။


" မားမား ဘက်ထရီတွေဘယ်ကရတာလဲ "


လင်းလန်ကပြုံးရင်းပြောလိုက်သည် ။


" သားတို့အဖေက တပ်မဟာကငှားလာတာ နောက်ကျမှမားမားတို့ပြန်ဝယ်ပေးရမှာ "


အားဝမ်က ပျော်ရွှင်စွာနှင့်ပင် လိုင်းတစ်လိုင်းပြီးတစ်လိုင်းပြောင်းနားထောင်နေသည် ။ ယခုကာလတွင် အစီအစဥ်များ၌ အော်ပရာသီဆိုခြင်းနှင့်ပုံပြင်ပြောကြခြင်းမှာခေတ်စားသည် ။ 


' ဘေကျင်း၏ချစ်မြတ်နိုးဖွယ်ရာများနှင့် ဥာဏ်ကောင်းသောကျားကလေး ' ပုံပြင်များမှာအလွန်ပင်ကျော်ကြားရေပန်းစားနေသည် ။ 


သို့သော်လည်း ကလေးများမှာဆူညံစွာငြင်းခုန်ကြပြန်သည် ။ ဥပမာအားဖြင့် တဝမ်နှင့်စန်းဝမ် တို့ကစစ်ပွဲပုံပြင်များကိုနားထောင်ခြင်းကိုနှစ်သက်ကြပြီး အားဝမ်နှင့်မိုင်စွေ့တို့ကအမျိုးမျိုးသောအော်ပရာသီချင်းများကိုနှစ်သက်ကြသည် ။ ရှောင်ဝမ် မှာဂီတတူရိယာများချည်းသာတီးခတ်သော စာသားမဲ့သီချင်းများကိုအလွန်နှစ်သက်သည် ။


ဆူညံစွာငြင်းခုန်နေကြသောကြောင့် လင်းလန်ကပြောလိုက်သည် ​။ 


" ငြင်းခုန်မနေနဲ့တစ်ယောက်တစ်လှည့်စီနားထောင်ကြ "


" ပုံပြင်ကတစ်နေ့တစ်ပိုင်းလာတာ တစ်ရက်လွတ်သွားတာနဲ့ ဘာမှနားလည်တော့မှာမဟုတ်ဘူး "


" ရေဒီယိုအားကုန်နေတုန်းကရော နားထောင်ရလို့လား ဒီတိုင်းဆက်သွားလည်းအဆင်ပြေတာဘဲကို "


ကလေးများစကားများရန်ဖြစ်နေကြပြီး အခန်းတစ်ခန်းလုံးအသံများဆူညံနေကြသည် ။


" ရပ်ကြစမ်း...ရပ်ကြစမ်း "


လင်းလန်၏ အသံမှာဆူညံနေသောကလေးများ၏အသံကြားတွင်အရာမဝင်ပေ ။ ဟန်ချင်စုန့်က အိမ်ထဲသို့ဝင်လာပြီးလေသံမာမာနှင့်ပြောလိုက်သည် ။


" တိတ်ကြစမ်း "


သို့သော်လည်း ဟန်ချင်စုန့်၏ အသံသည်ပင်ကလေးများကြားတွင်မတိုးပေ ။ မိုင်စွေ့က အော်ပရာသီချင်းအားအကျယ်ကြီး ဖွင့်၍သီဆိုနေပြီး ခုန်ပေါက်နေသေးသည် ။


စန်းဝမ်က သူ့ညီမကိုမကျေမနပ်ကြည့်ပြီး တဝမ်အားတံတောင်နှင့်တွတ်ပြီး ညည်းညူလိုက်သည်မိုင်စွေ့၏မထီမဲ့မြင်ပြုသောပုံစံဖြင့် ရန်စခံလိုက်စသောကြောင့် အော်ပြောလိုက်သည် ။


" ဘာလို့သူပဲ နားထောင်နေရတာလဲ သားလဲနားထောင်ချင်တယ်လေ "


ဟန်ချင်စုန့်က ရေဒီယိုကိုပိတ်ပြီးနောက်ပြောလိုက်သည် ။


" မတရားဘူးထင်ရင် မင်းနားမထောင်နဲ့လေ "


ရုတ်တရက် အခန်းကတိတ်ဆိတ်သွားပြီး ဟန်ချင်စုန့်က ရေဒီယိုကိုလင်းလန်ထံ ပေးလိုက်သည် ။


" နောက်ထပ်ဆူဆူညံညံမလုပ်ကြနဲ့တော့ "


ကလေးများက မကျေနပ်သော်လည်း သူတို့၏အဖေအားမလွန်ဆန်ရဲကြပေ ။ 


" ဘာလို့ မားမားတို့ဘာသာ ပုံပြင်တွေမဖန်တီးရမှာလဲ "


လင်းလန်က အရင်ဘဝ၌အိမ်ထောင်မရှိ..ကလေးမရှိခဲ့သော်လည်း ယခုတွင်ကလေးငါးယောက်ကိုထိန်းကျောင်းနေရသည် ။ သူမကရှေးရိုးစွဲနည်းလမ်းများအတိုင်း မလိုက်နာချင်ခဲ့ချေ ။ ပွင့်လင်းမြင်သာစွာဖြင့် ခေတ်သစ်မိဘများ၏ သားသမီးများအပေါ်ထားရှိသော စိတ်ရှည်မူနှင့်ခင်မင်ရင်းနှီးမူကိုသာဖြည်းဖြည်းချင်းတည်ဆောက်ချင်သည် ။ 


လင်းလန်း၏ ကလေးထိန်းကျောင်းမူနည်းလမ်းမှာ ဟန်ချင်စုန့် ငယ်စဥ်ကတည်းက နားလည်ခဲ့သလိုအကြောက်တရားများဖြင့်ပျိုးထောင်ခြင်းမဟုတ်ပေ ။ ရှေးရိုးစွဲလက်ခံယူဆချက်များဖြင့် ကလေးများကိုမရိုက်နှက်ချင်ပေ ။ 


လူအိုကြီးများ၏ လက်ကိုင်စကားမှာ စကားနားမထောင်လျှင်ရိုက် ဒါမှနားမထောင်သေးရင်နာနာထပ်ရိုက်ပင်ဖြစ်သည် ။ ထို့ကြောင့် သူမက ကလေးများနှင့်ဆက်သွယ်ရန်ပိုမိုငြိမ်းချမ်းသောနည်းလမ်းကို အသုံးပြုကာ အပြုသဘောဆောင်ပြီးထိရောက်သောဖြေရှင်းချက်များကို ရှာဖွေရန်ဆန္ဒရှိသည် ။


သို့သော်လည်း ဤနည်းလမ်းမှာ အားနည်းချက်များရှိပြီး အထူးသဖြင့် EQနိမ့်ကျပြီးနားလည်မူနောက်ကျသော ကလေးများအတွက်မူထိုနည်းလမ်းနှင့်မသင့်တော်ပေ ။ ခေါင်းမာသော အားဝမ်နှင့်မိုင်စွေ့တို့က လင်းလန်၏ကလေးထိန်းကျောင်းမူနည်းလမ်းနှင့်လုံးလုံးပင်မကိုက်ညီချေ ။


ဤကဲ့သို့သော ဖြေရှင်းရခက်သည့်အခြေအနေမျိုးတွင်ငြိမ်ငြိမ်နေလိုက်သည်က အကောင်းဆုံးဖြေရှင်းမူပင် ။ 


ညစာစားချိန်တွင် လေထုတစ်ခုလုံးစိတ်ဓာတ်ကျသည့်အငွေ့အသက်များနှင့်သာပြည့်နှက်နေပြီး ရှောင်ဝမ် ပင်စကားမပြောဘဲလိမ်လိမ်မာမာထမင်းစားနေသည် ။ 


လင်းလန်က လေထုကိုပြန်လည်တက်ကြွလာစေရန် အကြိမ်ကြိမ်ကြိုးစားပါသော်လည်း ကလေးများကစိတ်အားထက်သန်စွာတုံ့ပြန်မူမရှိပေ ။ ထမင်းစားပြီးနောက် လင်းလန်က ကလေးများကိုပြောလိုက်သည် ။


" စာအရင်လုပ်ကြ ပြီးရင်အိမ်ဆောက်ဖို့အကြောင်းဆွေးနွေးကြမယ် "


အိမ်ဆောက်ဖို့! 


ထိုစကားအားကြားသည်နှင့် ကလေးများကစိတ်အားထက်သန်လာကြသည် ။


" မားမား သားတို့တစ်ကယ်အိမ်အသစ်ဆောက်ကြမှာလား "


လင်းလန်က ပြုံးရင်းပြောလိုက်သည် ။


" ဒါပေါ့ ဒီအိမ်ကမားမားတို့ အိမ်မှမဟုတ်တာ တစ်သက်လုံးငှားနေလို့မရဘူးလေ ကိုယ့်အိမ်ကိုယ်ဆောက်ရမှာပေါ့ "


အိမ်စာများလုပ်ပြီးနောက် ကလေးများကအနွေးကုတင်ပေါ်သို့ အလုအယက်ကုတ်တက်လာကြပြီး ထပ်မံစကားများကြပြန်သည် ။ လင်းလန်က ဟန်ချင်စုန့် ၏မျက်နှာမဲမှောင်လာသည်ကိုကြည့်ကာ ချက်ချင်းပင် ဒေါသမထွက်ရန်အချက်ပြလိုက်သည် ။


အမှန်အတိုင်းပြောရလျှင် ကလေးငါးယောက်၏အသံမှာ အိမ်သေးသေးလေးထဲတွင်ဆူညံနေသည် ။


" နေရာကိုရွေးချယ်ချင်တဲ့လူတွေက မဲပေးကြ အရေအတွက်များလေပိုကောင်းလေဘဲ "


ကလေးများကမဲပေးရမည့်ကိစ္စနှင့်ပက်သက်၍ စိတ်ထဲမထားပေ ။ သူတို့ကြိုက်သောနေရာတွင်နေသရွေ့အဆင်ပြေသည် ။ ကလေးငယ်များကြားတွင်အဖွဲ့နှစ်ဖွဲ့ကွဲနေပြီး စန်းဝမ်က တဝမ်နှင့်မိုင်စွေ့တို့ဘက်မှဖြစ်၍ ရှောင်ဝမ် ကိုငယ်သေးသည်ဟုဆိုကာလျှစ်လျူရူထားသည် ။


Xxxxxxx

Part 146


" အဟမ်း အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်နဲ့ရွာအလယ်စာလုံးတွေကိုမှန်အောင်ရေးနိုင်တဲ့လူက နှစ်မဲစာပေးခွင့်ရှိမယ် "


သူမက တဝမ်အားအရင်ဆုံး ရေးခိုင်းသောကြောင့် တဝမ်က မကျေမနပ်စိုက်ကြည့်နေ၍ လင်းလန်ကပြောလိုက်သည် ။


" သားစာမရေးနိုင်ဘူးလား မှန်အောင်ရေးနိုင်တဲ့လူကမဲနှစ်မဲစာပေးခွင့်ရမှာနော် မားမားနဲ့မင်းတို့အဖေကမဲဝင်ပေးမှာမဟုတ်ဘူး ရွေးချယ်ခွင့်ကမင်းတို့ရဲ့လက်ထဲမှာဘဲ "


သူတို့မှန်အောင်ရေးနိုင်မယ်လို့ မယုံပါဘူး!


အားဝမ်ကပြောလိုက်သည် ။


" မားမား သားရေးကြည့်ချင်တယ် "


မိုင်စွေ့သည်လည်း စာရေးရန်စိတ်အားထက်သန်လာသည် ။ ဟန်ချင်ဟွ နှင့်ဟန်ကျင်းရှန်တို့ထံမှ စကားလုံးအနည်းငယ်ကို သင်ယူဖူးသောကြောင့် သူမမှန်အောင်ရေးနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည် ။


ကလေးတိုင်းစာရေးရန် အလွန်စိတ်အားထက်သန်လာပြီး ရှောင်ဝမ်က လင်းလန်ကိုဖက်၍ပြောလိုက်သည် ။ 


" သားသားက မားမားသဘောအတိုင်းဘဲ "


နောက်ဆုံး၌ကလေးများအကုန်ရေးပြီးသွား၍ မိုင်စွေ့နှင့်အားဝမ်တို့ကမှန်ကန်အောင်မရေးနိုင်ကြပေ ။


စန်းဝမ်က တစ်လုံးလေးတောင်မှမရေးနိုင်ခဲ့ဘူး!


အမ်... တဝမ်က မှန်အောင်ရေးနိုင်ခဲ့တယ်ဆိုပေမဲ့လည်း သူ့လက်ရေးကဟန်ချင်စုန့် ထက်တောင်ပိုပြီးရုပ်ဆိုးသေးတယ်!


တဝမ်က စန်းဝမ်ကို မျက်ခုံးပင့်ပြီးကြည့်လိုက်သည် ။


တွေ့လား မင်းအစ်ကိုကြီးက ဘယ်လောက်တောင်တော်လိုက်လဲ!


ထိုသို့ကလေးပိစိလေးများအကြား နှစ်မဲပေးခွင့်အာဏာမှာ သေချာပေါက်ကြီးမားသည် ။


တစ်အိမ်လုံးဘယ်နေရာမှာနေရမလဲ သူဆုံးဖြတ်နိုင်တယ် ဟမ့်!


အားဝမ်က စန်းဝမ်ကို ပြောလိုက်သည် ။


" စန်းဝမ် အစ်ကိုကြီးက ရွာနောက်ဘက်မှာနေချင်တယ် ကျောင်းနဲ့ဝေးတယ်မထင်ဘူးလား...ဆောင်းရာသီမှာ မင်းအိပ်ရာထနောက်ကျမယ်ဆိုရင် ဆရာကမင်းကိုအပြစ်ပေးလိမ့်မယ် ဒါကြောင့်ကျောင်းနဲ့နီးတဲ့ရွာရှေ့ပိုင်းလည်း အရမ်းကောင်းတယ်မထင်ဘူးလား "


စန်းဝမ် ကအားဝမ်ပြောသည်မှာ မှန်ကန်ကြောင်းခံစားနေရသော်လည်း တဝမ်ကသူ့အားစူးစူးဝါးဝါးစိုက်ကြည့်နေသည် ။


မင်းအစ်ကိုကြီးကို သစ္စာဖောက်ရဲရင် သေချာပေါက်မင်းကို မှတ်လောက်သားလောက်ရှိအောင်ရိုက်ပစ်မယ်!


လင်းလန်က ကလေးများအကြားကတင်းမာနေမူကိုပျော်ရွှင်စွာထိုင်ကြည့်နေသည် ။ ကလေးအချင်းချင်း ရန်ဖြစ်ခြင်းသည် ပြဿနာဖြစ်သောအခါအချင်းချင်းပြေပြေလည်လည် ဖြေရှင်းတတ်သောအလေ့အထကိုဖြစ်ပေါ်စေလိမ့်မည် ။


လင်းလန်က ဟန်ချင်စုန့် ကိုမေးလိုက်သည် ။


" ရှင်မနက်ဖြန်အလုပ်သွားရမှာလား "


ဟန်ချင်စုန့်ကခေါင်းငြိမ့်ပြလိုက်သည် ။


" မနက်ဖြန်မှာ စီရင်ချက်ထွက်လာလိမ့်မယ် "


သူတို့၏နှလုံးသားမည်းနက်သောအဖေမှာ အလုပ်သွားရမည်ကြောင်းကိုကြား၍ မနက်ခင်းလေ့ကျင့်ခန်းမလုပ်ရတော့ဟုတွေးကာ စိတ်အေးလက်အေးဖြစ်သွားရသည် ။


နောက်ဆုံး၌ စန်းဝမ်မှာ သူ့အစ်ကိုကြီး၏တိုက်တွန်းမူဖြင့် အတင်းအကြပ်မဲပေးရန်စေခိုင်းခံရသည် ။ အစ်ကိုကြီးမှ နောင်တွင်စစ်သားလုပ်တမ်းအတူတူကစားရမည်ဟု သွေးဆောင်သောကြောင့် ' စန်းအပျင်းလေးဝမ်' မှာ ' တ.လှည့်စားတတ်သော.ဝမ် ' လက်အောက်သို့ပျော်ပျော်ကြီးခုန်ဝင်သွားတော့သည် ။


တဝမ်ကပြောလိုက်သည် ။


" ဒီနေရာမှာအိမ်ဆောက်ရအောင် "


ရူးနေတာလား .. ဒီနေရာကရွာနောက်ဘက်ကြီးလေ!


တဝမ်က ရွာအနောက်ဘက်မှာ အိမ်ဆောက်ရန်အသင့်တော်ဆုံး မြေနေရာဖြစ်ကြောင်းအသံသေးအသံညောင်နှင့် အော်ဟစ်ပြောဆိုနေပြီး လင်းလန်အား အောင်ပွဲခံသည့်မျက်နှာပေးဖြင့်ပင်ကြည့်လိုက်သေးသည် ။


လင်းလန် "...."


ဤနေရာတွင်အိမ်ဆောက်မည့်အကြံမှာ လင်းလန်၏အကြံပင် ။ မြေနေရာကောင်းသည့်အပြင် တပ်မဟာဌာနချုပ်နှင့်နီးသည် ။ အစည်းအဝေးများကျင်းပရန် သို့မဟုတ် ရိက္ခာခွဲသောအခါ၌လည်းအဆင်ပြေ၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးရန်ကောင်းမွန်သည့်အပြင် သီးသန့်ဟင်းရွက်ခင်းများနှင့်လည်းနီးကပ်သည် ။


အားဝမ်နှင့်မိုင်စွေ့တို့က စာသင်ကျောင်းနှင့်လည်းမရမ်းမဝေးသည့်အပြင် ဟင်းရွက်ခင်းနှင့်နီး၍ကျေနပ်သွားကြသည် ။


" နေရာကောင်းတယ် မားမား "


ဟန်ချင်စုန့်က ပြောလိုက်သည် ။


" အဲ့ဒါဆိုရင် မင်းတို့အားနေရင်ကျောက်တုံးသွားကောက်ကြ "


နောက်တစ်နေ့တွင် တဝမ်က ဟန်ချင်စုန့် အလုပ်သွားလျှင်လေ့ကျင့်ခန်းမလုပ်ရတော့ဟုတွေးထားသည် ။ သို့သော်လည်း ဟန်ချင်စုန့် ကစောစောစီးစီးထပြီး ရာသီဥတုသာယာသည်ဟုဆိုကာအိပ်ရာထဲမှာဆွဲထုတ်လာသည် ။


အပြေးလေ့ကျင့်ခြင်း...ဒိုက်ထိုးခြင်း...အိပ်ထမတင်...


တဝမ် မနေ့ညက သူ့အဖေ၏စကားကိုနားမထောင်ခြင်းအကျိုးဆက်အားလက်တွေ့ခံစားနေရပြီး သူ၏ခြေထောက်များမှာ ခေါက်ဆွဲဖတ်များလိုပျော့ခွေနေသည် ။ 


တဝမ်နှင့်ဆန့်ကျင့်ဘက်ဖြစ်စွာပင် အားဝမ်မှာဖြတ်လတ်တက်ကြွနေသောငှက်ကလေးတစ်ကောင်ကဲ့သို့ပင် ။ မနေ့ကခါးသီးသောနေ့တစ်နေ့ဖြစ်ခဲ့သော်လည်း ယနေ့တွင်အလွန်လွတ်လပ်ပေါ့ပါးနေသည် ။


တဝမ်ကအကြောတင်းနေသောကြောင့် ဟန်ချင်စုန့်၏သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျော့ခြင်းကိုနှစ်ဆလုပ်ရပြီး သူ၏တစ်ကိုယ်လုံးချွေးများဖြင့်စိုရွဲနေသည် ။ ဟန်ချင်စုန်က တဝမ်၏ကြွက်သားများကိုနှိပ်နယ်ပေးနေစဥ်တွင် အချိန်ကြာလာသည်နှင်အမျှ တစ်ကိုယ်လုံးပိုမိုနာကျင်လာပြီး တဝမ်မှာအော်ဟစ်နေတော့သည် ။


ဟန်ချင်စုန့် ၏မျက်ဝန်းများမှာ သိမ်းငှက်တစ်ကောင်၏အကြည့်ကဲ့သို့စူးရှနေပြီး ကလေးများ၏မနာခံလိုသောအကျင့်စရိုက်များကို ရှင်းလင်းစွာမြင်နိုင်သည် ။


မနာခံချင်ဘူးလား... အဲ့ဒါဆိုကိုယ့်အပြစ်နဲ့ကိုယ်ခံပေါ့လေ!


သူက အရမ်းကိုပုန်ကန်ဖို့အတွက်စိတ်အားထက်သန်နေမှတော့ သူ့အပြစ်နဲ့သူခံရမှာပေါ့!


အားဝမ်က သူအစ်ကိုကြီး၏မနာခံမူများနှင့် သူတို့၏မားမားကို ဆက်ဆံပုံများအတွက်အပြစ်ပေးနေသည်ဟုထင်သော်လည်း တဝမ်မှာ သတိမထားမိသေးပေ ။


" ကျောင်းတက်တဲ့အခါ ကျောင်းစည်းကမ်းကိုလိုက်နာရမယ် ကျောင်းမှာရန်ဖြစ်တာဒါမှမဟုတ် မင်းရဲ့အတန်းဖော်တွေကိုအနိုင်ကျင့်တာနဲ့ ဆရာတွေကိုမလေးစားတဲ့အပြုအမူတွေလုပ်ရင် ငါမင်းတို့ကိုနှစ်ဆပြန်အပြစ်ပေးမယ် "


ဟန်ချင်စုန့်၏ အသံမှာ ဆောင်းဦးနံနက်စောစောရှိ အဖြူရောင်မြူခိုးများထက်ပို၍အေးစက်နေသည် ။


အားဝမ်က တဝမ်အားချောင်းကြည့်လိုက်သည် ။ ကျောင်းစတက်ရသောနေ့တွင် တဝမ်မှာ ကျောင်းသားအမြားအပြားနှင့်ပဋိပက္ခဖြစ်ခဲ့သည် ။ ထို့အကြောင်းက ရွာထဲတွင်အတော်လေးနာမည်ကြီးခဲ့ပြီး သူတို့အဖေသိသွားမည်မှာအသေအချာပင် ။


ရက်အနည်းငယ်အတွင်းမှာပင် ဆရာနှင့်ကျောင်းသားမိဘများမှာ တိုင်တန်းရန်ရောက်လာချိန်၌ အစ်ကိုကြီးရိုတ်သတ်ခံရလောက်သည် ။ 


သူ့အစ်ကိုကြီး၏ကလိမ်ကကျစ်ကျမူများကြောင့် အမြဲပင်ရေဆိုးများကြားထဲနစ်မွန်းနေခဲ့ရသော်လည်း ယခုမူထိုအရာကိုပင်ကျေးဇူးတင်နေတော့သည် ။


အဖေနဲ့အတူတူလေ့ကျင့်ရတာ အရမ်းပျော်ဖို့ကောင်းတယ်...


ဟန်ချင်စုန့်အလုပ်သွားသောအခါ ကလေးများကျောင်းသွားပြီဖြစ်သည် ။ လင်းလန်က အိမ်သန့်ရှင်းရေးလုပ်နေချိန်တွင် ရှောင်ဝမ်ကိုလမ်းမထက်၌ ကလေးများနှင့်အတူကစားခွင့်ပေးထားသည် ။


" ရှောင်ဝမ်သား လမ်းပေါ်မှာဘဲ သူငယ်ချင်းတွေနဲ့အတူတူကစားနော် အန္ဒရာယ်များတဲ့နေရာတွေကိုလျှောက်မသွားနဲ့ "


ရှောင်ဝမ်အားမှာကြားပြီးနောက် လင်းလန်က မှတ်စုစာအုပ်ကိုယူ၍ ဟန်ရုံဖန်ကိုသွားရှာတော့သည် ။


Xxxxxxxxx