အပိုင်း ၁၄၇-၁၄၈
Viewers 21k

Part 147


ဟန်ရုံဖန်က လင်းလန်ရွေးချယ်ထားသောနေရာကို မှင်နီဖြင့်ဝိုင်း၍ သူမ၏အမည်ကိုရေးထိုးပြီး အိမ်တွင်နေထိုင်ရန်လျှောက်လွှာကိုဖြည့်သွင်းကာ တပ်မဟာတံဆိပ်နှင့်အတူ သူမ၏လက်ဗွေကိုနှိပ်လိုက်သည် ။


ထို့အပြင် ဆောက်လုပ်ရေးပစ္စည်းများအတွက်လျှောက်လွှာတင်ရန်လိုအပ်သေးသည် ။ သစ်သိမ်းဆည်းထားရန်သို့မဟုတ် ဝယ်ယူရန်အတွက်နှင့် တပ်မဟာမှကောက်ရိုးထောက်ပံ့မူရယူရန်အတွက်ဖြစ်သည် ။


နှစ်စဥ်အပူဆုံးနွေရာသီ၌ တပ်မဟာမှထုတ်လုပ်ရေးကော်မတီအဖွဲ့ဝင်များသည် ကောက်ရိုးနှင့်ရွံ့စေရောနှောထားသောအုပ်များကို ရေစိမ်ပြီးနောက်အခြောက်ပြန်လှန်းခြင်းကိုပြုလုပ်ကြသည် ။ အချို့မှာ မိမိတို့မိသားစုအတွက် အသုံးပြုရန်ပါပိုမိုပြုလုပ်လေ့ရှိသည် ။


ရွာပိစိလေးအတွင်းတွင် လျို့ဝှက်ချက်ဟူ၍မရှိပေ ။ ထို့ကြောင့် လင်းလန်အိမ်ဆောက်ပစ္စည်းများအတွက်လျှောက်လွှာတင်ပြီးအိမ်အသစ်ဆောက်သောကိစ္စမှာ အလျှင်အမြန်ပင်ပျံ့နှံ့သွားသည် ။


တစ်စုံတစ်ယောက်က နေ့လည်အလုပ်နားချိန်တွင်တပ်မဟာသို့အပြေးအလွှားသွား၍ပြောဆိုသည် ။


" ကျွန်တော်တို့မိသားစုရဲ့ အိမ်ဆောက်ခွင့်လျှောက်လွှာကိုတင်ထားတာ တစ်နှစ်ကျော်ပြီလေ ဘာလို့သူတို့မိသားစုကိုအရင်ဆောက်ခိုင်းရတာလဲ "


ယုဝူဇီနှင့် လုချွမ်းဖန်တို့၏ မိသားစုမှာလည်း လျှောက်ထားခဲ့ကြသော်လည်း အတည်ပြုချက်မရရှိသေးပေ ။ ထို့ကြောင့်သတင်းကြားသည်နှင့် ပြဿနာစရန်အသုံးချလိုက်ခြင်းဖြစ်သည် ။


သူမ၏ သားဖြစ်သူကိုမလွှတ်ပေးသည့်အတွက် ဟန်ချင်စုန့်အား မကျေမနပ်ဖြစ်နေသည် ။ နှစ်ရက်တိတိဟိုဟိုဒီဒီပြေးလွှားနေရပြီးနောက်တွင် လင်းလန်တို့မိသားစုအိမ်အသစ်ဆောက်မည်ကြားသည်နှင့်တစ်ပြိုင်နက် သူမ၏အကြံအစည်ကိုအကောင်အထည်ဖော်တော့သည် ။


ဟန်ရုံဖန် ကပြောလိုက်သည် ။


" အားလုံးရဲ့ ပြဿနာတွေအကုန်လုံးကိုငါတစ်ယောက်တည်းဖြေရှင်းနေရတာ အခုဝါဂွမ်းတွေကိုလည်း ရိတ်သိမ်းပြီးသွားပြီဆိုတော့ ရက်အနည်းငယ်သစ်ခုတ်ပြီးတာနဲ့ အိမ်ဆောက်ဖို့လုပ်ငန်းစလို့ရပြီ "


" ပါတီအတွင်းရေးမူး သူတို့ကျလျှောက်ထားပြီးရုံနဲ့ဘာလို့ တန်းခွင့်ပြုလိုက်ရတာလဲ ကျွန်မတို့နှစ်နှစ်ကျော်ရှိပြီအခုထိခွင့်ပြုချက်မရသေးဘူး "


ယုဝူဇီ က ဟန်ရုံဖန်၏လက်ကိုဒေါသတကြီးဖမ်းဆွဲလိုက်သည် ။


" ရှင်တို့က ဘက်လိုက်ချင်နေတာ..."


" ထွက်သွားစမ်း "


ယုဝူဇီပြော၍ မပြီးသေးခင်မှာတင် ဟန်ရုံဖန် ကဖြတ်ပြောလိုက်သည် ။


" ခွေးတွေကဆင်စွယ်ကိုတပ်မက်နေသလိုဘဲ ဘာလို့ ချန်ကျန်းအာက တစ်နေ့လုံးခွေးတွေကြက်တွေလိုက်ခိုးနေရတာလဲ မင်းမစဥ်းစားမိဘူးလား သူကလေးဘဝတုန်းကဘယ်လောက်တောင် လိမ္မာလိုက်သလဲ မင်းလိုယောက္ခ်မလက်ထဲရောက်မှသူပျက်ဆီးသွားရတာ "


ဟန်ရုံဖန်က လျှောက်လွှာဖောင်များဖြင့် ယုဝူဇီကိုပစ်ပေါက်ရင်းပြောလိုက်သည် ။


" အဲ့မှာမြင်လား သေသေချာချာကြည့်စမ်း မင်းမသိဘဲဘာမှလာစွပ်စွဲမနေနဲ့ သေသေချာချာကြည့်စမ်း ဟန်ချင်စုန့် ကလွန်ခဲ့တဲ့ခြောက်နှစ်ကတည်းကလျှောက်ထားတာ ဒါပေမဲ့မနေ့ကမှခွင့်ပြုချက်ရတယ်လေ မင်းတို့ရဲ့နှစ်နှစ်လောက်စောင့်ရတာကဘာအရေးပါလို့လဲ "


အုပ်ချုပ်ရေးမူးပင်ဝင်ရောက်ထောက်ခံသည် ။ ဟန်ချင်စုန့် ရာထူးတိုးသောနှစ်က အဖိုးကြီးဟန်လာရောက်လျှောက်ထားမည်ဟုထင်သောကြောင့် ဟန်ရုံဖန်ကအလွယ်တကူပင်လျှောက်လွာဖြည့်ပေးထားခဲ့သည် ။ သို့သော်လည်း နှစ်ပေါင်းများစွာ ကြာသည့်တိုင်ဟန်မိသားစုမှ စကားစမလာ၍ ဤအတိုင်းထားရခြင်းပင် ။


ထို့ကြောင့် လျှောက်လွှာလာတင်သောအခါတွင်ချက်ချင်းခွင့်ပြုချက်ရရှိခြင်းဖြစ်သည် ။ ပြဿနာရှာရန်ရောက်လာသောရွာသားများက ဆက်လက်မကန့်ကွက်တော့သည့်အပြင် ယုဝူဇီအား မသိနားမလည်ဘဲပြောဆိုသည့်အတွက်ဝိုင်းဝန်းကဲ့ရဲ့ကြတော့သည် ။


ဟန်ရုံဖန် ကယုဝူဇီအား အနည်းငယ်မျှပင်မျက်နှာသာမပေးချေ ။


" မင်းမှာနည်းနည်းလောက်စိတ်ကောင်းရှိရင်ကောင်းမယ်.."


.....


ဟန်ချင်စုန့်က ပထမဆုံးတရားဝင်ရုံးစတက်သောနေ့တွင် ကွန်မြူနတီရုံးဝန်းအတွင်း သူ၏လုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ဆုံပြီးနောက် ကိုယ်ပိုင်ကိစ္စများကို​ဖြေရှင်းရန် ရုံးခန်းသို့သွားလိုက်သည် ။


အရင်က သူဝေဖန်ခဲ့သလိုပင် ဝန်ထမ်းများမှာ အလုပ်မလုပ်ဘဲတစ်နေကုန်စကားစမြည်ပြောနေကြသည် ။ ဤအချိန်တွင်အရေးအကြီးဆုံးမှာ စီရင်ချက်ချရန်ခရိုင်မှလွှဲပြောင်းပေးခဲ့သော ကျောက်ကျန်းကော နှင့်ဟန်ချင်ဟွတို့၏စီရင်ချက်ပင်ဖြစ်သည် ။


ယခင်ဥပဒေနည်းဟောင်းအတိုင်းဆိုလျှင် အလုပ်သမားပြုပြင်ပြောင်းလဲရေးစခန်းသို့ပို့ဆောင်းခြင်းခံရမည်ဖြစ်သည် ။စွန်းကျောက်ဝမ် နှင့် ဟွမ်ဝေ့ကျုံး တို့ကရုံးအကြီးအကဲများဖြစ်၍ ညွှန်ကြားရေးမူးမရှိသောအချိန်တွင်တာဝန်ယူကြီးကြပ်ပေးသည် ။


မူလက စွန်းကျောက်ဝမ်သည် ယခင်ညွှန်ကြားရေးမူးပြောင်းရွေ့ပြီးနောက်တွင် ခရိုင်သို့အလျှင်အမြန်​ပြေးသွားကာ ထိုရာထူးမှာသူနှင့်ထိုက်တန်ကြောင်း စာတင်ခဲ့သည် ။ သူက မိမိကိုယ်ကိုဂုဏ်ပြုရန်အသင့်ဖြစ်နေသော်လည်း နောက်ဆုံးတွင် အထက်မှဒေါသကြီးသောစစ်သားတစ်ဦးကိုသာ နေရာချပေးလိုက်သည့်အတွက် သွေးအန်ချင်စိတ်ပင်ပေါက်နေခဲ့သည် ။


စွန်းကျောက်ဝမ်က ဟန်ချင်စုန့်၏အခြေအနေကိုယေဘုယျအားဖြင့်နားလည်အောင်အကဲခတ်လိုက်သည်။ ဟန်ချင်စုန့် ကစီစဥ်စရာရှိသည်များကိုစီမံပြီးနောက်တွင် ဟွမ်ဝေ့ကျုံး ကလက်ဖက်ရည်တိုက်ပြီးပြန်လိုက်ပို့ရန်ပြင်လိုက်သည် ။ 


ဟန်ချင်စုန့်က ၎င်းကိုကြည့်၍ ထိုလူများ၏လှည့်ကွက်များကိုရှင်းရှင်းလင်းလင်းသိမြင်းပြီးဖြစ်၍ မျက်မှောင်ကြုတ် ကာ ပေါ့ပါးစွာပြောလိုက်သည် ။


" ရိုးရှင်းပြီး ကောင်းမွန်တယ်... "


စွန်းကျောက်ဝမ်၏ မျက်လုံးထဲတွင်ပို၍မထီမဲ့မြင်ပြုလိုမူများပေါ်ပေါက်လာသည် ။ ဟန်ချင်စုန့် ကကျောင်းမတက်ဖူးသောကြောင့် ပညာမရှိဘဲ စကားလုံးအသုံးပြုပုံနှင့်စာကြောင်းများအားအသုံးချပုံမှာ ယခင်ညွှန်ကြားရေးမှူးကဲ့သို့ပညာတတ်ပုံစံမပေါက်ကြောင်းတွေးနေသည် ။


ဟန်ချင်စုန့်က လက်ဖက်ရည်ကိုတစ်ချက်ကြည့်၍ပြောလိုက်သည် ။


" ဒါက ပြည့်သူ့လုံခြုံရေးဗျူရိုမှာရှိတဲ့အကျိုးခံစားခွင့်လား "


ယခုအချိန်တွင် လက်ဖက်ရည်သည် တန်ဖိုးကြီးထုတ်ကုန်တစ်ခုဖြစ်ပြီး သာမန်အဖွဲ့ဝင်များက၎င်းကိုမသောက်နိုင်သောကြောင့် ကေဒါငယ်များက လက်ဖက်ရည်မူန့်များကိုအလုအယက်ဝယ်ယူလိုကြသည် ။


ဒီလက်ဖက်ရည်က မဆိုးဘူးဘဲ...


စွန်းကျောက်ဝမ်က သူ၏မာနထောင်လွှားနေပုံကိုဖုံးကွယ်မထားပေ ။


" ဒါက ညွှန်ကြားရေးမှူးတစ်ယောက်ပုံမှန်ခံစားသင့်တဲ့အရာဘဲ "


တကယ်ကို ဖုန်ပေနေတဲ့မုန့်ဘဲ...တစ်သက်လုံးလက်ဖက်ရည်အရသာကိုမမြည်းစမ်းခဲ့ရဖူးဘူးထင်တယ်!


ဟန်ချင်စုန့်က ပြောလိုက်သည် ။


" ထားလိုက်ပါတော့ "


အချိန်မရွေးဖယ်ရှားနိုင်သော အရေးမပါသည့်ဌာနတစ်ခုမှာရူပ်ထွေးနေဆဲပင် ။ အောက်​ခြေမှကေဒါများမှာ အလွန်အကျင့်ပျက်ခြစားနေကြသည်ဟုလူအများပြောနေကြသည်မှာ အံ့သြစရာမဟုတ်ပေ ။ ထို့ကြောင့်ကျေးလက်ဒေသတွင်စာရင်းများကိုစစ်ဆေးရန် နယ်မြေလေးခုကမ့်ပိန်းကို စတင်လုပ်ဆောင်ပြီး အဖွဲ့ဝင်များအား ကွန်မြူနတီနှင့်တပ်မဟာကေဒါများ၏အကျင့်ပျက်ချစားမူနှင့်အဂတိလိုက်စားမူများကို အစီအရင်ခံတင်ပြရန်ဖြစ်သည် ။


Xxxxxxx

Part 148


ဟွမ်ဝေ့ကျုံး မှာဤစာမတတ်သောညွှန်ကြားရေးမူးကိုလိမ်လည်ရန် မလွယ်ကူဟုခံစားရပြီး စွန်းကျောက်ဝမ်ကို ပူးပေါင်းရန်အချက်ပြလိုက်သည် ။ စွန်းကျောက်ဝမ်က လုံးဝအကြောက်အလန့်မရှိပေ ။ အဘယ့်ကြောင့်ဆိုသော် ပြည်သူ့လုံခြုံရေးဗျူရို နှင့်ပြည်သူ့စစ်ကုမ္ပဏီမှညွှန်ကြားရေးမူးဟောင်းတို့၏ လက်အောက်ငယ်သားများကဤသို့ပြောခဲ့၍ဖြစ်သည် ။


' ညွှန်ကြားရေးမူးရာထူးက ဟန်ပြသက်သက်ပါကွာ '


ဟန်ချင်စုန့်က သူခိုးများအတွက်အပြစ်ပေးခြင်းအကြောင်းကိုမေးမြန်းသောကြောင့် စွန်းကျောက်ဝမ်ကဖြေလိုက်သည် ။


" နှစ်အနည်းငယ်ပြစ်ဒဏ်ချပြီး အလုပ်သမားပြုပြင်ပြောင်းလဲရေးဆီကိုပို့လိုက်တာ "


ဟန်ချင်စုန့်က ထိုစာရင်းတွင် ကျောက်ကျန့်ရှယ် ၏အမည်မပါသောကြောင့်ထောက်ပြလိုက်သည် ။


" ဒါကဘယ်လိုဖြစ်ရတာလဲ "


စွန်းကျောက်ဝမ်က ဟန်ချင်စုန့် အာဏာကိုအလွဲသုံးစားအသုံးချခဲ့သလိုစွပ်စွဲပြောဆိုနေသည် ။ 


အဲ့ဒီ အပေါ်မှာကျောက်ကျန့်ရှယ်ရော ဟန်ချင်ဟွရော မပါဘူး !


" သူတို့ကမင်းနဲ့တစ်ရွာထဲက..."


ဟန်ချင်စုန့်က မျက်ခုံးပင့်ရင်းပြောလိုက်သည် ။


" ဘာလို့လဲ ကျွန်တော်နားမလည်ဘူး "


စွန်းကျောက်ဝမ်က အနည်းငယ်ရှက်ရွံ့သွားရပြီး ထိုစစ်သား၏ခေါင်းမာမူကိုတိတ်တဆိတ်ဆဲရေးလိုက်သည် ။


' မင်းရဲ့အစွမ်းအစအာဏာကိုပြလိုက်လေ ဟန်ဆောင်မနေနဲ့ '


" ကျောက်ကျန့်ရွှယ်ကတရားသေ လွတ်သွားတာထင်ရှားနေတာဘဲ "


ဟွမ်ဝေ့ကျုံး ကပြုံးပြီးပြောလိုက်သည် ။


" ဒါမမှန်ဘူးလေ လုံခြုံရေး ဗျူရိုက ဖမ်းမိတာမဟုတ်တဲ့အတွက်အပြစ်မရှိဘူး "


စွန်းကျောက်ဝမ်က ဟန်ချင်စုန့်၏ ပုံစံအစစ်အမှန်ကိုနားမလည်နိုင်တော့ချေ ။ သူကနဂါးဝတ်ရုံကိုဝတ်ဆင်ထားသောမင်းသားတစ်ဦးနှင့်မတူပေ ။


ကျောက်ကျန့်ရှယ် ကိုထောင်ချလိုက်တာဘာအကျိုးရှိမှာမို့လို့လဲ ...


" ဥပဒေအရသူက ထောင်ဒဏ်ငါးနှစ်ကျခံရမှာ ဒါပေါ့အရင်က အပြစ်တွေစုပေါင်းလိုက်ရင် ဆယ်နှစ်ကျော်မှာ သေချာပေါက်ဘဲ "


စွန်းကျောက်ဝမ်၏ အမူအယာမှာပြောင်းလဲသွားသည် ။


" ဒါ..ဒါဆို ဟန်ချင်ဟွ "


" ဟန်ချင်ဟွက တရားမဝင်စာအုပ်တွေကိုကူးယူဖြန့်ဖြူးရောင်းချတဲ့အပြင် ညဘက်တွေမှာလူတွေကို အယူဝါဒအမှားတွေဖြန့်ဖြူးတယ်လို့ သတင်းကြားရတယ် အဲ့ဒီနှစ်ယောက်က... "


စွန်းကျောက်ဝမ်က မျက်ခုံးပင့်၍ မတတ်နိုင်သောပုံစံနှင့်တွေးနေသည် ။ 


ကိုယ့်ညီကိုတောင် ပြန်ပြီးစီရင်ချက်ချခိုင်းနေတာ လား...


အရမ်းရက်စက်တာဘဲ!


ယခုအချိန်တွင် တရားဥပဒေစိုးမိုးရေးအယူအဆမတိုးတက်သေးသောကြောင့် တော်လှန်ရေးကောင်စီ ၏ဆုံးဖြတ်ချက်နှင့် အချို့သောကိစ္စအသေးအမွှားများအတွက် ခရိုင်ညွှန်ကြားရေးမှူးကအပြစ်ပေးနိုင်သည် ။


လွန်ခဲ့သည့်နှစ်များအတွင်း တွင်လူများသေဆုံးသည့်အခါ သက်ဆိုင်ရာကိုပင်အကြောင်းကြားခြင်းမရှိပေ ။ ထို့ကြောင့် ဟန်ချင်ဟွ ကို အိမ်ပြန်ပို့လိုက်ခြင်းသည် ဟန်ချင်စုန့် ၏မျက်နှာကိုဖြတ်ရိုက်သကဲ့သို့ပင် ။


ဤအခိုက်အတန့်တွင် ကွန်မြူနတီတော်လှန်ရေးကော်မတီညွှန်ကြားရေးမှူးမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဟန်ချင်စုန့် ၏ဆုံးဖြတ်ချက်မှာပြောင်းလဲမည်မဟုတ်ချေ ။


အလုပ်သမားပြုပြင်ရေးစခန်းမှာ စစ်သားများ၏စောင့်ကြပ်မူအောက်ရှိ အစွန်အဖျားဒေသတွင်တည်ရှိပြီး ထွက်ပြေးလွတ်မြောက်ရန်ခက်ခဲသည် ။


နေ့စဥ်လယ်ယာစိုက်ပျိုးရေးအပြင် ထိန်းသိမ်းခံအကျဥ်းသားများအား မြောင်းတူးဖော်ခြင်းနှင့်လမ်းပြုပြင်ရေးအတွက် လည်းအကူအညီပေးစေချင်များရှိသည် ။ ၎င်းနေရာအား ပုံမှန်စစ်တပ်ဖွဲ့ကစောင့်ကြပ်ထားသောကြောင့် ကျေးလက်တပ်မဟာကဲ့သို့အလွန်အကျွံရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မူများဖြစ်နိုင်ချေမရှိသည့်အပြင် အသက်အန္ဒရာယ်ကိုလည်းအာမခံသည် ။


ထိုနေရာတွင် လူနှစ်မျိုးနှစ်စားသာရှိပြီး တစ်မျိုးမှာရိုးသားစွာပြန်လည်ထွက်လာသူများနှင့် ပိုမိုဆိုးသွမ်းလာသူများသာရှိသည် ။ အလုပ်သမားပြုပြင်ပြောင်းလဲရေးစခန်းမှာ အခြားသောအကျဥ်းထောင်များနှင့်ကွာခြားသောကြောင့် အများစုမှာနိုင်ငံရေးအကျဥ်းသားများနှင့် သာမန်ပြည်သူများသာရှိသည် ။


ဟန်ချင်စုန့် ၏စကားအားကြားသောအခါ စွန်းကျောက်ဝမ် မျက်လုံးပြူးသွားရသည် ။


သူ့ညီအရင်းကိုတောင် ရက်စက်တယ်!


ဟန်ချင်စုန့်၏ ခံယူချက်မှာ အပြစ်လုပ်ထားလျှင် အမှားကိုသိသည်အထိ ပြစ်ဒဏ်ခံယူရမည်ဖြစ်သည် ။ သို့သော်လည်း စွန်းကျောက်ဝမ်၏ စိတ်ထဲတွင်မူအလွန်ရက်စက်ကြောင်း သာတွေးနေသည် ။


ရောဂါများရှိနေတာလား...


စစ်သားတွေအကုန်လုံးကအဲ့ဒီလို ရက်စက်ကြတာလား...


လူမူရေးကျင့်ဝတ်တွေကို နားမလည်တဲ့ညွှန်ကြားရေးမှူးအသစ်လေးက လောကကြီးမှာရှင်သန်ဖို့ခက်ခဲမှာပဲ...


သို့သော်လည်း စွန်းကျောက်ဝမ်က တိတ်တိတ်လေးကြိတ်ပျော်နေသည် ။ 


မင်းကိုသတိမပေးတဲ့အတွက် အပြစ်မတင်ပါနဲ့!


အနာဂတ်မှာလူတွေမင်းကိုကြည့်ပြီး အကဲဖြတ်ကြလို့ ဒုက္ခရောက်ရင်ငါတို့အပြစ်မဟုတ်ဘူး!


ထိုနှစ်ယောက်၏ အမူအယာကအလွန်ထူးဆန်းနေသောကြောင့် မေးလိုက်သည် ။


" ဘာဖြစ်လို့လဲ "


ဟွမ်ဝေ့ကျုံး ကအမြန်ဝင်ပြောလိုက်သည် ။


" မှန်တယ် မှန်တယ် စည်းမျဥ်းစည်းကမ်းအရ ဗျူရိုကနေပြစ်ဒဏ်စီရင်ပိုင်ခွင့်ရှိတယ် "


ဟန်ချင်စုန့်က မျက်ခုံးပင့်ရင်း လုချွမ်ဟဲကို လက်ညိုးထိုးပြလိုက်သည် ။


" သူတို့ရဲ့အပြစ်တွေက ခွင့်လွှတ်လို့ရမဲ့ပုံပေါက်နေလို့လား "


ဝံပုလွေတစ်ကောင်ကို အကြောင်းမဲ့လွှတ်ပေးလိုက်ခြင်းက နောက်ထပ်ရာဇဝတ်မူများကိုသာလက်ယပ်ခေါ်နေသလိုပင် ။


ဟွမ်ဝေ့ကျုံး က အမြန်နာခံ၍စာရွက်စာတမ်းကိုယူကာပြေးထွက်သွားသော်လည်း စွန်းကျောက်ဝမ်က နောက်မှလိုက်၍ သူ၏နားရွက်ကိုဆွဲလိမ်လိုက်သည် ။ သူတို့နှစ်ဦး မှာရုံးခန်းတစ်ခုတည်းနေထိုင်ကြသောကြောင့် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ကာသဘောတူညီမူရယူပြီးနောက် စာရွက်စာတမ်းများကိုယူကာ ဟန်ချင်စုန့်ထံသို့သွားကြသည် ။


ဟန်ချင်စုန့်က လက်မှတ်ထိုးရင်းပြောလိုက်သည် ။


" ရုံးအတွက်လက်မှတ်က ဘယ်တော့ထုတ်ဝေမှာလဲ "


ဟွမ်ဝေ့ကျုံးကပြောလိုက်သည် ။


" လုံခြုံရေး ဗျူရို တော်လှန်ရေးကော်မ​တီနဲ့ ထောက်ပံ့ပို့ဆောင်ရေးကော်မတီဦးစီးကျောက်က အသားလက်မှတ်တွေနဲ့အဓိကအစားအသောက်လက်မှတ်တွေကို လကုန်မှာထုတ်ပေးပြီး ချည်ထည်လက်မှတ်ကိုနှစ်ကုန်မှာထုတ်ပေးမယ်လို့ပြောတယ် အဲ့တာအပြင်ယာယီလက်မှတ်တွေကိုလည်း ပြုပြင်မွမ်းမံဖို့ရှိသေးတယ် "


ဟန်ချင်စုန့်က ခေါင်းညိမ့်ကာမေးလိုက်သည် ။


" အုတ်ကြွပ်တွေဝယ်ဖို့အတွက်ထောက်ခံစာကို ဘယ်သူရေးပေးတာလဲ "


စွန်းကျောက်ဝမ်၏ မျက်နှာထားမသာမယာဖြစ်နေသောကြောင့် ဟွမ်ဝေကျုံး ကမြင်၍အမြန်ဝင်ပြောလိုက်သည် ။


" တော်လှန်ရေးကော်မတီကဌာနမှူးအပြင် ထောက်ပံ့ရေးနဲ့စျေးကွက်ရှာဖွေရေးသမဝါယမ ကဌာနမှူးနဲ့ စက်ရုံဒါရိုက်တာတို့ကိုသိထားရတာပိုအဆင်ပြေပါလိမ့်မယ် "


စွန်းကျောက်ဝမ်က အံကြိတ်ရင်းပြောလိုက်သည် ။


" လုံခြုံရေးဗျူရိူမှာ အလုပ်ရတာနဲ့အိမ်တန်းဆောက်မလို့လား ပြောင်းရွေ့ကြေးကတော်တော်စျေးကြီးတာနော် "


ကျေးလက်မှလာသောစစ်သားများမှာ ကျော်ကြားခြင်းမရှိသည့်အပြင် ပြောင်းရွေ့ကြေးနည်းပါးပြီး အုတ်အိမ်များဆောက်လုပ်ရန်စရိတ်မတတ်နိုင်ကြချေ ။


ပိုက်ဆံလည်း မရှိဘဲဘာတွေဟန်ဆောင်ပြချင်နေတာလဲ!


ဟမျ့...


ဟန်ချင်စုန့်က ပြောလိုက်သည် ။


" အခန်းသုံးခန်းပါတဲ့ အုတ်အိမ်တစ်လုံးစာကုန်ကျ စရိတ်တော့ကျွန်တော်တတ်နိုင်ပါသေးတယ်... "


xxxxxx