အပိုင်း ၁၅၁-၁၅၂
Viewers 21k

Part 151


အသားရှိကြောင်းကြားသည့်အခါ ကလေးတွေ အပျော်လွန်ပြီး  အော်ဟစ်ကာ အခြားသူများကို မနာလိုဖြစ်အောင် လုပ်မိမှာစိုးသည့်အတွက် သူမ ထုတ်မပြောဘဲ စားသောက်ပြီးမှပဲ  အသားကို ပြုလုပ်ဖို့သူမတွေးလိုက်၏။  ရေခဲသေတ္တာမရှိသဖြင့် အသားများ ပုပ်သွားမှာစိုးရသည် ။အခြေခံအားဖြင့် အပိုင်းပိုင်းတစ်ကာ မွှေကြော်ပြီး ဆီပြန်လာသည်အထိချက်ရပေသည်။  ဆားနှင့်ရေမထည့်သရွေ့ ကျန်ရှိသည်များက ဖြည်းဖြည်းချင်း စားလျှင်ပင်ပုတ်မသွားပါချေ။


    သူမပြုံးနေသည်ကိုမြင်သောအခါ ဟန်ချင်စုန့် အသားက အပေးအယူကောင်းတစ်ခုခံစားရပြီး သားသတ်ရုံခေါင်းဆောင်ကိုပင် ကျေးဇူးတင်မိသွား၏။


    သူပြန်လာသည်ကိုမြင်ရာတွင် အစားကိုအာရုံမစိုက်ဘဲ ရေဒီယိုလုနေကြသည့် ကလေးများက  ချက်ချင်းအဆင်ပြေသလို ဟန်ဆောင်ကာ အဖေဟု နှုတ်ဆက်ပြီး ကမန်းကတန်းစားကြလေသည်။


    လင်းလန်က ဟန်ချင်စုန့် ပြန် ယူလာသည့်စားစရာကို စားပွဲပေါ်တင်လိုက်ပြီး "စားသောက်ဆိုင်ထဲက အစားအသောက်က ငါတို့ထက် ပိုကောင်းသလား ကြည့်ရအောင်  "


    စန်းဝမ်က ကျေနပ်စွာပြောလိုက်၏။

 " စားသောက်ဆိုင်က  အစားအသောက်မှာ အသားဖတ်တွေပါပြီး ဆီတွေရွှဲနေတာပဲ"


    လင်းလန်က ကလေးတွေကို ဟန်ချင်စုန့်  မှာထားသည့် အစားအသောက်ကို စားခိုင်းလိုက်သည်။


    ဟန်ချင်စုန့်က ကောက်နှံတွေကို  တိုင်ကီထဲထည့်ကာ လက်ကိုဆေးပြီး ထမင်းလာစားလေ၏။


    လင်းလန်က ရွှေဖရုံသီးပန်ကိတ်အပြင် ပုစွန်အရေခွံ ကြက်ဥနှပ်လည်းချက်ထားသည်။  ဆောင်းဦးတွင် ဟင်းသီးဟင်းရွက်များ ပိုပိုရှားပါးလာပြီး စိုက်ခင်းထဲတွင်  ဟင်းသီးဟင်းရွက်များနည်းပါးလာခဲ့၏။ဤရက်ပိုင်းမှာ သူ ရွှေဖရုံသီး၊ မုန်လာဥ၊ ဂေါ်ဖီထုပ်နှင့် အခြားအရာများကိုသာ စားနိုင်ခဲ့သည်။


    

လင်းလန်က ပြောလာ၏။

 "စက်ဘီးစီးပါလား... လမ်းမလျှောက်နဲ့လေ " 


    ဟန်ချင်စုန့်က ပြောသည်။

 "မဝေးပါဘူး၊ လမ်းလျှောက်ရတာ ပိုအဆင်ပြေတယ်" 


    ကလေးတွေက ထမင်းစားပြီးသည်နှင့် ဖအေက သူတို့ကို ဖမ်းပြီးလက်ချာပေးမှာစိုးသည့်အတွက်  ကျောင်းကို အမြန် သွားကြ၏။


    လင်းလန်က ပြောလိုက်သည်။

 "အရမ်းကြီးလေးနက်မနေပါနဲ့ ...ကလေးတွေက ရှင့်ကိုကြောက်ကြတယ်"


    ဟန်ချင်စုန့်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "တကယ်ပြောတာလား" 


လင်းလန်က ရွှတ်နောက်နောက်အပြုံးလေးပြုံးပြလိုက်၏။ 

 "ရှင်က မလေးနက်လို့ ကျွန်မကလေးနက်ရမှာလား"


    ဟန်ချင်စုန့် သူမကို ကြည့်လိုက်ရင်း သူ့မျက်လုံးများက စွဲမြဲစွာငြိတွယ်နေမိပြီး နှုတ်ခမ်းထောင့်တွေက အလိုအလျောက် ကွေးတက်သွားခဲ့ကာ

"ဒီလနဲ့ နောက်လရဲ့ နောက်ဆုံးရက်အနည်းငယ်အတွက် အစားအသောက်တံဆိပ်ခေါင်းတချို့ကိုယ်ရခဲ့တယ် ... ကျန်တဲ့ လက်မှတ်တွေကို နှစ်ရက်အတွင်း ထုတ်ပေးမှာ "


    လင်းလန်က ပျော်ရွှင်စွာပြောလိုက်သည်။

 "ရှင်အိမ်ပြန်လာတာ ကောင်းတယ်...ကျွန်မတို့အားလုံး ကောင်းချီးမင်္ဂလာတွေကို ခံစားနိုင်မှာပါ" 


    အစီရင်ခံစာတစ်စောင်ကို တွေးတောရင်း ဟန်ချင်စုန့်က သူမ နှလုံးသားထဲမှာ အမြစ်တွယ်သွားမှာကိုစိုး၍  အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသဖြင့် သူမ သဘာဝအတိုင်းပဲ သူ့ကို ပြန်လာသည့်အတွက်  ကျေးဇူးတင်လိုက်ပြီး  လိုအပ်နေသည့် အောင်မြင်ခြင်းအရသာကို ခံစားစေကာ  သူမနှင့်ကလေးတွေ၏ သူ့အပေါ်မှီခိုအားကိုးမှု၊ ကျေးဇူးတင်မှုတို့ကိုလည်း ခံစားစေလိုက်၏။

    

သူမပြောစကားကိုကြားရာတွင်  အနည်းငယ် စိတ်မသက်မသာခံစားလိုက်ရသည်။ ကျေးလက်ကလူများက စကားပြောကြမ်းကြပြီး သူတို့၏ခံစားချက်တွေကို ဤနည်းဖြင့် ထုတ်ပြောလေ့မရှိသည်ကြောင့် ထိုသည်က လူတွေအား အော်ဂလိီဆန်စေ၏။ 

    

သို့ပေမဲ့ သူစိတ်ထဲမှာ အင်မတန် သက်တောင့်သက်သာရှိသလို ခံစားလိုက်ရသည်။


သူ သူမကို ကျောက်ကျန့်ရှယ်နှင့်လူငါးယောက်ကိုပြစ်ဒဏ်ပေးခြင်း၏   ရလဒ်ကို ပြောပြခဲ့၏။ လင်းလန်က ပျော်ရွှင်နေပေမဲ့ပြောလိုက်သည်။ 


"ကျွန်မတို့မိသားစုမှာ စတုတ္ထလေးရဲ့ ပြစ်ဒဏ်က ဒီလောက်ပြင်းထန်သလား...အမေလက်ခံနိုင်မှာမယ်မထင်ဘူး"


    ဟန်ချင်စုန့်က ပြောလေ၏။

 " လယ်ကွင်းထဲကို သွားရတာ မကောင်းတာတော့ မဟုတ်ဘူး၊ ...တချို့လူတွေက သူတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ စောင့်ကြည့်နေကြတာ...အနာဂတ်မှာ ဒုက္ခမများအောင်လို့ပေါ့"


    လင်းလန်က ဘာမှ ထပ်မပြောတော့ပေ။


 ​နေ့လည်စာ ပြီးသည်နှင့်  သူကအလုပ်ကို လမ်းလျှောက်သွားနေဆဲပင်။ ကွန်မြူနတီကိုရောက်သည့်အခါ ဟွမ်ဝေကျုံးက ရုံးချိန်းသတိပေးချက်ကို နေ့လယ်ပိုင်းမှာ ပေးပို့ခဲ့ပြီး မနက်ဖြန်မနက်မှာ စီရင်ချက်လိမ့်မည်ဖြစ်ကာ ၎င်းနောက်တွင် အလုပ်ကြမ်းစခန်းကို ခေါ်သွားခံရနိုင်ကြောင်း သူ့ကိုပြောပြသည်။

ဟွမ်ဝေကျုံးက ဆို၏။


  "မနက်ဖြန် စီရင်ချက်က တော်လှန်ရေး ကော်မတီကို လွှဲပေးလိမ့်မယ်"


    စွန်းကျောက်ဝမ်က ဟန်ချင်စုန့် က တာဝန်ဝတ္တရားတွေကို ရှောင်လွှဲချင်တာကြောင့် တော်လှန်ရေး ကော်မတီက သူ့ကို စီရင်ချက်ချသည်ဟု လူတွေကို ထင်မြင်အောင်လုပ်နေသည်ဟု ယုံကြည်သည့်အတွက် သူမထိန်းနိုင်ဘဲ ပြောမိလိုက်သည်။


 " ခေါင်းဆောင်ဟန်... တော်လှန်ရေး ကော်မတီရဲ့ စီရင်ချက်က ကောင်းတယ်...ဒါပေမယ့် ရုံးချိန်းလက်မှတ်က ငါတို့ရဲ့ လက်မှတ်ပဲ...ဒါကြောင့် အဲ့ဒါအပေါ်မူတည်လို့မရဘူး"


    ဟန်ချင်စုန့်က သူ့ကို လှည့်ကြည့်၏။

 "ပယ်လိုက်တာလား... စီရင်ချက်က မှားနေတာ လား"


   စွန်းကျောက်ဝမ် ဟန်ချင်စုန့်က ဤမျှထိ တဲ့တိုးဆန်ပြီး လိမ္မာပါးနပ်မှု နည်းနည်းမှ မရှိဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ယင်းက သူ့ကို  အရှက်ရစေပြီး ရာထူးမှဆင်းမပေးချင်အောင်ဖြစ်စေသည်။


    ဟွမ်ဝေကျုံးက  ချက်ချင်းပဲပြောလိုက်၏။

 "မဟုတ်ဘူး မဟုတ်ဘူး ...ခေါင်းဆောင်ဟန်က  စီရင်ချက်ကောင်းကောင်းရထားတယ်"


    ထိုအချိန်၌ အပြင်ကနေ  ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာပြီး

 " ခေါင်းဆောင်ဟန် လော့ဟိုင်ချန် သတင်းပို့ဖို့ရောက်နေတယ်..."


    ဟွမ်ဝေကျုံးက  တန်းပြီးပြောသည်။

 "ခေါင်းဆောင်ဟန်...ဒါက လော့ဟိုင်ချန် ကပ္ပတိန်လော့ဆိုလည်းဟုတ်တယ်...ငါတို့ တပ်မဟာပြည်သူ့စစ်အဖွဲ့ရဲ့တပ်ခွဲမှူး ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ကပ္ပတိန်"


    လော့ဟိုင်ချန်က ခြေလှမ်းကျဲကျဲနှင့်ဝင်လာပြီး

  "ခေါင်းဆောင်ဟန်... "


    ဟန်ချင်စုန့်က ထပြီး လက်ဆွဲနှုတ်ဆက်လိုက်ကာ "ဟဲလို ရဲဘော်လော့ဟိုင်ချန်... "


    စွန်းကျောက်ဝမ်က ဘေးကနေ အနည်းငယ် ချဉ်နေပုံရသည်။ သူ ဗျူရို၏ အကြီးအကဲဖြစ်နေတုန်းကမူ အနှီလော့ဟိုင်ချန်က သူ့ကို ထိပ်တိုက်တွေ့ပြီး လှောင်ပြောင်နေသေး၏။


    ဟန်ချင်စုန့်   တပ်မဟာ၏တရားစီရင်ပိုင်ခွင့်အတွင်း လုံခြုံရေးအခြေအနေများအကြောင်း လေ့လာရန် လော့ဟိုင်ချန်နှင့် စကားအနည်းငယ်ပြောခဲ့သည်။ အဓိကအားဖြင့် ပြည်သူ့စစ်များ၏ လေ့ကျင့်မှုကြောင့် ၎င်းမှာ ဘာအမှားအယွင်းမှမရှိကြောင်း သူသိ၏။

(T/N– ပြည်သူ့စစ်ဆိုတာက  အရေးပေါ်အခြေအနေမှာ ပြည်သူတွေထဲကနေပဲ ရွေးထုတ်ဖွဲ့ထားတဲ့တပ်ပါ ယာယီတပ်ဖွဲ့ပေါ့)


    လော့ဟိုင်ချန်က လေ့ကျင့်ရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ရန်အတွက် ဟန်ချင်စုန့်ကို ကမ်းပေးလိုက်သည်။


"ခေါင်းဆောင်ဟန် ကျေးဇူးပြုပြီး အကြံပေးပါဦး"


xxxxxxxx

Part 152


    ဟန်ချင်စုန့်က တစ်ချက်ကြည့်ကာ..


 "မှန်ပါတယ်... ဒီနည်းနဲ့ လုပ်လို့ရတယ်... တပ်မဟာတစ်ခုချင်းစီရဲ့ ပြည်သူ့စစ်လေ့ကျင့်ရေး အဖွဲ့တွေက  လိုက်လျောညီထွေရှိရမယ်...အားလပ်တဲ့ရာသီနဲ့ အလုပ်များတဲ့ရာသီအတောအတွင်းမှာ လေ့ကျင့်လို့ရတယ်...အလုပ်သမားတွေက တပ်မဟာအသီးသီးရဲ့ ကင်းလှည့်မှုကို အာရုံစိုက်ပါ"


    “ဟုတ်ကဲ့...”


    “မနက်ဖြန် စီရင်ချက်ချပြီးရင် သူတို့ကို စိုက်ခင်းဆီခေါ်သွားဖို့ ကပ္ပတိန်လော့ကိုတောင်းဆိုရမှာပဲ"

ဟု ဟန်ချင်စုန့်ကဆို၏။


    လော့ဟိုင်ချန်က ပြုံးပြီးပြောသည်။

 " ခေါင်းဆောင်ဟန်က အမိန်ပေးမှတော့ အသေ အချာပဲပေါ့"


    စွန်းကျောက်ဝမ် လော့ဟိုင်ချန်ကို လေထဲကိုရောက်အောင်  ကန်ပစ်လိုက်ချင်၏။

 သူက မင်းရဲ့စွမ်းပကားကို လိုအပ်နေတာလေ...

 ဘာတွေဟန်ဆောင်နေတာလဲ...


မွန်းလွဲပိုင်းတွင် ဟန်ချင်စုန့် သူ့ကိုယ်သူ  ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင်လုပ်ရန်  ပြည်သူ့လုံခြုံရေးဗျူရို၏ ယာယီထိန်းသိမ်းရေးစခန်းသို့ သွားခဲ့သည်။


    အကျဉ်းစခန်းလို့ ခေါ်သည့်အရာက  ထောင့်နားက ဝင်းကျဉ်းလေးတစ်ခုသာဖြစ်လေ၏။  ယခုအချိန်မှာ အကျဉ်းသားကို ချည်နှောင်ထားဖို့ မလိုအပ်တော့ဘဲ အထဲမှာ တိုက်ရိုက် ပိတ်လှောင်ထားပြီး စီရင်ချက်ချပြီးနောက် လုပ်သား ပြုပြင်ပြောင်းလဲရေး ခြံကို ပို့လိုက်တော့သည်။ 


    ဟန်ချင်ဟွကို လွန်ခဲ့သည့် နှစ်ရက်က ကွန်မြူနတီကို ပြန်ပို့ခဲ့ပြီး ယခုအခါ ကျောက်ကျန့်ရှယ်နှင့် အခြားလေးဦးတို့နှင့်အတူ ပိတ်လှောင်ခံထားရ၏။


    သူတို့ပထမဆုံးစတွေ့တုန်းက ကျောက်ကျန့်ရှယ်  က ဒေါသထွက်လွန်၍ ဂျပိန်နှင့်ဟန်ချင်ဟွကို ရိုက်နှက်ပစ်လိုက်သည်။


    အကယ်၍ ဟန်ချင်းဟွသာ ယွမ် ၁၅၀၀ အကြောင်းကို မပြောခဲ့ပါက   ဟန်ချင်စုန့်ထံတွင် အဖမ်းခံရရန်အတွက်နှင့်တင် သူ့တွင် မည်သို့ ထိုသို့သော ဆိုးယုတ်သည့် အကြံအစည်များ ရှိလာပြီး  တစ်စုံတစ်ဦးကို ငွေခိုးယူရန် ဦးဆောင်ပါမည်နည်း။ 


    ဟန်ချင်ဟွက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလားဟုပင် တွေးမိခဲ့သော်လည်း  ဟန်ချင်ဟွက သူမှားခဲ့ခြင်းဖြစ်ပြီး သူက အချက်အလက်တွေ ပေးခဲ့ရုံသာဖြစ်သည်ဟုဆို၏။ အဘယ်သို့ သူ့က အပြစ်တင်ခံရပါမည်နည်း။ 


    ထိုအချိန်တွင် တတိယအစ်ကို ပြန်ရောက်လာလိမ့်မည်ဟု သူမသိခဲ့ပေ။


    ဟန်ချင်စုန့်  ခြံဝင်းအတွင်းမှ လူပေါင်းများစွာကို တံတိုင်းအပြင်ဘက်ကနေ ရပ်ကြည့်နေလိုက်သည်။


ကျောက်ကျန့်ရှယ်က သူတို့၏သူဌေးလေး ဖြစ်နေ ဆဲဖြစ်၏။ ဟန်ချင်ဟွကိုကြည့်သောအခါ သူ့အကြည့်က အလွန်အဖော်မရွေဖြစ်နေသည်။ 


    ဟန်ချင်ဟွက ကျောက်ကျန့်ရှယ် သူ့ဆီကို လျှောက်လာသည်ကိုမြင်လျှင် ချက်ချင်းပင်အော်ဟစ်လိုက်၏။


  "ကယ်ကြပါ...ကယ်ကြပါဦး... လူတစ်​ယောက်က ငါ့ကို ထပ်ရိုက်တော့မယ်"


    တာဝန်ခံပြည်သူ့ရဲဘော်က ဟောက်လိုက်သည်။ 

 "ကျောက်ကျန့်ရှယ် ရိုးသားစမ်း..."

   

 "အောက်ခြေ လူတန်းစား လူရမ်းကား...ဘယ်လိုလဲ... ငါက အရမ်းရိုးသားပါတယ်ကွာ... သူက ညွှန်မှူးအသစ်ရဲ့ညီလေး...ငါ ဘယ်လိုလုပ် ထိရဲ့ပါ့မလဲ"

    

ထို့နောက် သူက ဟန်ချင်ဟွကို တံတွေးနှင့်ထွေးကာ အထင်သေးစွာပြောလိုက်၏။


 "မင်းအစ်ကိုက ဗျူရိုရဲ့ညွှန်မှူးလေ... မင်းဘာလို့ သက်ညှာဖို့ အသနားခံပြီး လွှတ်ပေးဖို့မတောင်းဆိုရတာလဲ"


    စကားလုံးများက အတွင်းရော အပြင်မှာပါ ခြိမ်းခြောက်မှုများ ရှိနေပြီး ဟန်ချင်ဟွကို  ရှင်းရှင်းလင်းလင်း စဉ်းစားမိသွားစေသည်။ သက်ညှာမှုကိုတောင်းဆို ၊ ပြီးလျှင် သူ့ကိုပါ လွှတ်ပေးလိုက်သည်က အကောင်းဆုံးပဲဟုပင်။ 


    အမှန်တွင်  ဟန်ချင်စုန့်က သူ့ညီလေးကို လွှတ်ပေးသရွေ့ ကျောက်ကျန့်ရှယ်မှာ သူ့နောက်ကနေထွက် လိုက်ဖို့ နည်းလမ်းရှိလိမ့်မည်ဖြစ်၏။  သူ့ညီလေးကိုပဲ လွှတ်ပေးပြီး တခြားသူတွေကို အကျဥ်းချဖို့ရာ မဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင်လည်း  သူက တိုင်ကြားရန် စာတစ်စောင်ရေးလိုက်ရုံသာဖြစ်လေသည်။


    ထို့ကြောင့် ဟန်ချင်စုန့်က သူ့ညီကို လွှတ်ပေး သရွေ့ သူ လွတ်မြောက်နိုင်၏။


    ဟန်ချင်ဟွက မတရားခံရလွန်း၍ လင်းလန် နှင့်တဝမ်တို့ကို အလွန်မုန်းတီးခဲ့ပြီး သဘာဝအတိုင်း ဟန်ချင်စုန့်ကိုလည်း မုန်းတီကာ  ဒေါသထွက်လေသည်။


    သူအိမ်ပြန်နိုင်ရင် လက်စားချေရလိမ့်မယ်...


    လင်းလန်အတွက်သာမဟုတ်ရင် သူ့ကိုဖမ်းမှာမဟုတ်သလို ကျောက်ကျန့်ရှယ်၏ ရိုက်နှက်ခြင်းကိုလည်း ခံရမှာ မဟုတ်ချေ။ဤနေရာတွင် အချုပ်ခံထားရပြီး အလုပ်ကြမ်းစခန်းကိုအပို့ခံရဖို့ကား ဝေးရော့ပင်။ 


    "သူက ဆွေမျိုးတွေကို တရားမျှမျှတတ ဆက်ဆံတာ...ငါ့ကို ဘယ်လိုလုပ် လွှတ်ပေးမှာလဲ"ဟု ဟန်ချင်ဟွက  ဒေါသတကြီး ပြောလိုက်၏။ 


    ထိုအချိန်တွင် အစောင့်ပြည်သူ့စစ်များက ဟန်ချင်ဟွကို လာခေါ်လေသည်။


ကျောက်ကျန့်ရှယ်က ထူးဆန်းစွာပြောလိုက်၏။

 " ဟေး ဒါက လွှတ်ပေးဖို့နေမယ်"


  ဟန်ချင်ဟွက  ဝမ်းသာအားရနှင့် ချက်ချင်း နောက်ကလိုက်သွား၏ ။


    မကြာခင်မှာ သူ့ကို စစ်ကြောရေး အခန်းထဲ ခေါ်သွားလေသည် ။ထိုနေရာ၌ 

ဟန်ချင်စုန့်ရပ်နေသည်ကို သူတန်းမြင်လိုက်ရပြီး   ချက်ချင်း ခေါင်းမော့ရင်ကော့ကာ ဟန်ကြီးပန်ကြီးဖြင့်ပြောလိုက်၏။


  "ဘာလဲ... ငါ့ကို အခု လွှတ်ပေးမလို့လား"


    ဟမ့် ငါသိတယ်... ငါ့အဖွားကြီး မင်းကို သေတဲ့အထိစကားမပြောမှာစိုးလို့ မင်းငါ့ကို ချုပ်မထားရဲမှန်းငါသိတာပေါ့...


   ဟန်ချင်စုန့်က  ပြတင်းပေါက်နားမှာ  လက်ပိုက်လျက် မတ်တပ်ရပ်နေသည်။ ထိုအချိန်တွင်  သူက သူ့ကို လှည့်ကြည့်ကာ လက်ဟန်ပြပြီး..

 "ထိုင်" 


  ဟန်ချင်ဟွက   လည်ပင်းကိုတောင့်ထားကာ အားပါးတရပြောလိုက်၏။

 "ငါပြောနေတာက နောက်ကျသွားပြီလို့..."


အမေ့ရဲ့ဖိအားပေးမှုကို မခံနိုင်တော့ဘူးမလား...ငါအခုထိမပြန်ရသေးဘူးလား...


    သူက မာန်ဝင့်စွာဖြင့်ပြောလိုက်သည်။ 


"ငါမင်းကိုပြောမယ်... မင်းငါ့ရဲ့ ယွမ် ၁၅၀၀ နဲ့ ၁၀၀၀တန် အကြွေးစာချုပ်ကိုပြန်မပေးရင် ငါမပြန်ဘူး..."


    ဟန်ချင်စုန့်က သူ့ကို အံ့အားသင့်စွာကြည့်ကာဖြင့် "မင်း နားလည်မှုလွဲနေတာလား"


    ဟန်ချင်းဟွ၏နှလုံးသားက စည်းချက်​တွေလွှဲကုန်၏။


 "ဘာလို့လဲ...မင်းငါ့ကို ဘယ်လိုများလွှတ်မပေးဘဲနေရဲတာလဲ"


    ဟန်ချင်စုန့်: "မင်းမှာ လုံးဝနောင်တရဖို့ ရည်ရွယ်ချက်လုံးဝမရှိဘူး"


    ဟန်ချင်ဟွ: "ငါဘာကိုပြောင်းလဲရမှာလဲ...ငါစာအုပ်တစ်အုပ်ဖတ်ရုံလေးနဲ့  တယ်... ဘယ်သူက ကျောင်းမှာ စာအုပ်မဖတ်လို့လဲ... ကျောင်းမှာစာရေးစာဖတ်သွားသင်ရတဲ့ရည်ရွယ်ချက်ကဘာလဲ... တက္ကသိုလ်တက်ခွင့် မရဘူး...အလုပ်မရဘူး... ဒါကြောင့် စာအုပ်ဖတ်ဖို့ ရှိတော့တယ်...စာအုပ်တွေဖတ်ခွင့် မရှိဘူးဆိုရင်  သင်စရာဘာကျန်သေးလို့လဲ"


    ဟန်ချင်စုန့်က မျက်ခုံးပင့်ကာ လက်နှစ်ဖက်ကိုဖြေချ လိုက်ပြီး အေးစက်စွာ စိုက်ကြည့်ရင်း

 “အပြင်လူတွေကို ခိုးဖို့သွေးဆောင်တာအတွက်  မင်းမှာဘာနောင်တမှမရှိဘူးပဲ"


    xxxxxxxxx