Part 153
"နောင်တလား..."
ဟန်ချင်ဟွက မေးမော့ကာဖြင့် "ဘာကိုနောင်တရရမှာလဲ...ငါဘာအမှလုပ်ခဲ့လို့လဲ... မင်းမိန်းမက ငါ့ပိုက်ဆံတွေကို ခိုးပြီး အကြွေးစာချုပ် ရေးခိုင်းတယ်...အဲ့ဒါကိုကျ မင်းဘာလို့ မပြောတာလဲ...သူ့မှာ ယွမ် ၁၅၀၀ ရှိတယ်... ရွာမှာ မသိတဲ့လူဘယ်သူရှိလဲ... မင်းငါ့ကို ဘာလို့မပြောခဲ့တာလဲ... ပြောတော့ရောဘာဖြစ်မှာလဲ... ညီအကိုတွေဆိုတာက တစ်အူထုံ့ဆင်းတွေ...မိန်းမတွေက အဝတ်အစားတွေလိုပဲဆိုတာကို မင်းမေ့သွားတာလား... ငါတို့က မိသားစု အဲဒီမိန်းမက အပြင်လူလေ...အဲ့ဒါကြောင့် မင်းကွာရှင်းသင့်တယ်...မဟုတ်ရင် အနှေးနဲ့အမြန် မင်းအမေက သေလိမ့်မယ်...သူ့ကို ဒေါသထွက်အောင်လုပ်....."
ဟန်ချင်ဟွ "ဘန်း" ခနဲလက်သီးဖြင့်အထိုးခံလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ဟန်ချင်စုန့်ကို မယုံကြည်နိုင်စွာ ကြည့်လျက်
"မင်း ...မင်း ငါ့ကို ရိုက်လိုက်တာလား...မင်းက ငါ့ရဲ့ တတိယအစ်ကို မဟုတ်တော့ဘူးကွ..."
ဟန်ချင်စုန့်က လက်သီးဆုပ်များကို ဖြေလိုက်ပြီး လက်ကောက်ဝတ်ကို အသာအယာ လှည့်ကာ
"ဒါက သတိပေးချက်ပဲ... မင်း စိုက်ခင်းထဲကိုသွားပြီးကိုယ့်ကိုကိုယ် ပြန်သုံးသပ်သင့်တယ်"
သူက သူ့ခွန်အား၏ 10% ကိုသာ အသုံးပြုခဲ့သည်။ ရိုက်နှက်သည်ဟု မည်သို့ခေါ်၍ရပါမည်နည်း။
ဟန်ချင်စုန့်က လှည့်ပြီး ထွက်သွား၏။
ဟန်ချင်ဟွ ၏မျက်နှာမှာ ထိတ်လန့်ခြောက်ခြားမှုကြောင့် ဖြူရော် သွားပြီး သူက မတ်တပ်ထရပ်ဖို့ကို ဂရုမစိုက်ပါဘဲ ဟန်ချင်စုန့်ဆီသို့ တွားသွားကာ "တတိယအစ်ကို... တတိယအစ်ကို ငါ့ကို လျစ်လျူမရှုပါနဲ့ ...တတိယအစ်ကို ငါမှားသွားပါတယ်...ငါမှားတယ်...ကျေးဇူးပြုပြီး ငါ့ကိုမြန်မြန် ပြန်ထုတ်ပေးပါ "
" အလုပ်ကြမ်းစခန်းမှာ ငါ အလုပ်မလုပ်ချင်ဘူး..."
ဟန်ချင်စုန့်က သူ့ကို လျစ်လျူရှုပြီး ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားလေသည်။
ခြံဝင်းကိုဖြတ်သွားတဲ့အခါ ကျောက်ကျန့်ရှယ် ရောက်လာပြီး ပြုံးကာ ဆို၏။
"ခေါင်းဆောင်ဟန်...ဒီမျိုးမစစ်လေးက မျက်လုံးတွေရှိပြီး ထိုက်တောင်ကိုမသိဘူး... စိတ်အေးအေးထားပါခေါင်းဆောင်ဟန်"
ဟန်ချင်စုန့် သူ့ကို မကြည့်ဘဲ ဆက်လျှောက်သွားသည်။
ကျောက်ကျန့်ရှယ်က စိုးရိမ်တကြီးဖြင့် သူ့နောက်ကလိုက်ပြီး
"ခေါင်းဆောင်ဟန်...ကျွန်တော့်လို မျိုးမစစ်လေးလေးလောက် ပညာမမဲ့ပါနဲ့... ကျွန်တော်က ငယ်သေးတယ်..မရင့်ကျက်သေးဘူး... အမြဲတမ်း ဒီလို လူယုတ်မာဖြစ်နေခဲ့တာ...ကျွန်တော့် ဦးလေးက..."
ဟန်ချင်စုန့်က အေးစက်စွာပြောလိုက်သည်။ "မင်းရဲ့ဦးလေးကို ငါဂရုမစိုက်ဘူး... မင်းဦးလေးပဲလေဘာလုပ်ရမှာလဲ.... မင်းပြစ်မှုကျူးလွန်ရင် မင်းကို ပြုပြင်ပြောင်းလဲခိုင်းရမှာပဲ"
ထို့နောက် ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့၏။
ကျောက်ကျန့်ရှယ် သူ အကြင်နာမဲ့စွာ ထွက်ခွာသွားသည်ကို မြင်လိုက်ရပြီး ဟန်ချင်ဟွ၏ ဝမ်းနည်းပက်လက် ငိုကြွေးသံက အနောက်ရှိအခန်းထဲကနေ ထွက်လာသဖြင့် သူငေါ့တော့တော့ပြောလိုက်သည်။
"ဟန်ချင်စုန့် ဝိုင်ကောင်းကောင်းကို မတို့နဲ့မသောက်နဲ့"
ငယ်ငယ်လေးကတည်းက သူ့မိသားစုထံမှ အလိုလိုက်ဖျက်စီးခြင်းခံခဲ့ရသဖြင့် အပြင်မှာ ဒုက္ခတွေ အများကြီးပေးခဲ့၏။ တခြားသူတွေက နင်တို့ကျန့်ရှယ်က ငါတို့ကလေးတွေကို ရိုက်တယ်ဟုပြောပါက သူတို့က " ငါတို့ ကျန့်ရှယ်က လိမ္မာတဲ့ကလေး... ဉာဏ်ကောင်းပြီး လူတွေကို ဘယ်တော့မှ မလုပ်တတ်ဘူး"ဟု ပြန်ပြောလိမ့်မည်။ ဤကဲ့သို့ အပြန်ပြန်အလှန်လှန် လည်ပတ်ပြီးနောက် ကျောက်ကျန့်ရှယ်က ပို၍ ပို၍ ကောက်ကျစ်လာခဲ့သည်။ ထို့အပြင်စက်မှုတော်လှန်ရေး ကော်မတီတွင် ဦးလေးတစ်ယောက် ရှိနေပြီး လူတိုင်းက သူ့ကို ဖားကြရ၏။ဦးလေးမှာ သားမရှိ၍ သူ့ကို အချစ်ဆုံးဖြစ်သဖြင့်
သူကို ပိုပိုကာ သည်းမခံနိုင်လောက်အောင် ဆိုးရွားလာစေခဲ့သည်။
ခရိုင်ထဲမှာ တော်လှန်ရေး ကော်မတီက ဦးဆောင်သည့် ကလေးတွေက မတော်ဘူးဆိုလျှင်ပင် အပြင်မှာ လျှောက်သွားပါက သူ့ကို တော်လှန်ရေး ကော်မတီကညွှန်မှူး၏ သားဟုထင်ကြလိမ့်မည်။
အဆုံးတွင် ဟန်ချင်စုန့်က မျက်နှာသာလုံးလုံးမပေးဘဲနေလိမ့်မည်ဟု မည်သူမျှမထင်ထားခဲ့ကြပေ။ သူက အခြားသူတွေကို ဆန့်ကျင်မိမှာလည်း မကြောက်သလို လူသားတွေ၏ခံစားချက်ကိုလည်း ဂရုမစိုက်ပေ။
ခရိုင်တော်လှန်ရေးကော်မတီ၏ ပြည်သူ့လုံခြုံရေးဗျူရိုရုံး၌ လက်ထောက်ညွှန်ကြားရေးမှူးလီ အပြင်ထွက်ခါနီးတွင် ကျောက်ကျန့်ရှယ်၏
၏ဒုတိယဦးလေးဖြစ်သူက ဝိုင်နှစ်ပုလင်းကို ကိုင်ကာဖြင့် "ဒါရိုက်တာ အပြင်ထွက်မလို့လား"
အဆက်အသွယ်အများကြီးအကြောင်းပြောရပါလျှင် သူ့ဦးလေးက တပ်မတော်ဦးစီးဌာနနှင့် စစ်ရေးဝန်ဆောင်မှုဌာနကနေလူတွေနှင့် သိကျွမ်းသည်ဟု ပြော၍ရပေသည်။ အမှန်တွင် သူ့ဒုတိယဦးလေးက ခရိုင်တော်လှန်ရေး ကော်မတီနှင့် ရင်းနှီးသောဆက်ဆံရေးရှိပြီး ပုံမှန်အားဖြင့် သူက သူနှင့် စကားပြောနိုင်၏။
လက်ထောက်ညွှန်ကြားရေးမှူး လီ နှင့် ဦးလေးကျောက်တို့က မူလတန်းကျောင်းတွင် အတန်းဖော်များဖြစ်ကြပြီး ၎င်းတို့သည် ငယ်စဉ်ကတည်းက ကောင်းမွန်သောဆက်ဆံရေးရှိခဲ့ကြ၏။ လွန်ခဲ့သည့်နှစ်အနည်းငယ်က သူတို့ အရပ်ဘက်နှင့် စစ်ရေးတိုက်ပွဲများတွင်လည်း ပါဝင်လှုပ်ရှားခဲ့ကြသည်။ လီက ပြည်သူ့လုံခြုံရေးဗျူရိုထဲကို ဝင်ရောက်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်လာကာ ကျောက်က စက်မှုတော်လှန်ရေးကော်မတီတွင် ပါဝင်ခဲ့ပြီး သူက တကယ့်အာဏာရှိသည့်အုပ်စုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
သူက ကျောက်အားရှုကို ပြုံးကာ ခေါင်းညိတ်ပြပြီး "မင်း ငါ့ကို ဒီလိုလုပ်နေတုန်းလား... ဘာမှ မဖြစ်ပါဘူး... ဒီအဘိုးကြီး နေလို့မကောင်းဘူး... ဆေးရုံကို ခေါ်ပြပေးပါဦး ... မင်းက ကြက်နှစ်သစ်ကို နှုတ်ဆက်တဲ့ ပိုးကောင်တစ်ကောင်ပဲ ဟားဟား"
စကားအနည်းငယ်ပြောပြီးနောက် ဦးလေး ကျောက်က သက်ပြင်းချကာ "ညီအစ်ကို ...ကျန်းရှယ်က မင်းကို အားကိုးရမှာပဲ"
လက်ထောက်ညွှန်ကြားရေးမှူးလီက ကျောက်ကျန့်ရှယ်၏အလုပ်မှန်း သိခဲ့ပြီး ဟန်ချင်ဟွကို ကွန်မြူနတီကို ပြန်ပို့ရန် ကူညီပေးခဲ့သူဖြစ်လေသည်။
ကျောက်အန်းဖျင် ထိုအကြောင်းကို မတွေးခင်က ပေါင်းသင်းဆက်ဆံရေးကို အများကြီးအားကိုးနေစရာ မလိုသည့်အတွက် ကွန်မြူနတီကို ဟဲလိုဟု နှုတ်ဆက်ရုံပင်။ သူနှင့်စွန်းကျောက်ဝမ်တို့က အပေါက်အလမ်းတည့်ပြီး အကျိုးခံစားခွင့်တွေ ပေးလိုက်ရုံနှင့် ၊ဆောက်လုပ်ရေးကို ပညာရေးဘက် ပြန်ပို့လိုက်ရုံသာဖြစ်၏။
မူလက ရိုးရှင်းသောကိစ္စဖြစ်သော်လည်း ဟန်ချင်စုန့်က သဘောမတူကြောင်း ငြင်းဆိုခဲ့ပြီး ကျန့်ရှယ်ကို ထောင်ဒဏ်ငါးနှစ်အထိ တွန်းအားပေးခဲ့သည်။
သူတို့မိသားစု ရုတ်တရတ်ကြီး ထိတ်လန့်တကြားဖြစ်သွားပြီး ကလေးကို ချက်ချင်းပြန်ထုတ်နိုင်စေချင်ကြ၏။
အစ်ကိုကြီးနှင့် မရီးကလည်း သူ့အကြောင်းကို ညည်းတွားနေကြသည်။ သူတို့က ဆက်ဆံရေးတစ်ခု အရင်တည်ဆောက်ပြီး ကလေးကို ချက်ခြင်း ပြန်ထုတ်လိုကြ၏။ဟန်ချင်စုန့်၏ညီလေးက ခရိုင်ထဲမှာရှိနေတုန်းဖြစ်သည့်အတွက် သူ သူ့ကို လွှတ်ပေးမှာမဟုတ်ချေ။
သူ ဘော့စ်ကြီး ဟန်ချင်စုန့် အကြောင်းကိုပင် တွေးတောရင်း ဖြောင့်မှန်သော စစ်သားဟန်ချင်စုန့်က လိုက်လျောညီထွေဖြစ်အောင် လုပ်ရမည်ကို မသိမှာစိုးသဖြင့် သူ့အစ်ကိုနှင့်အတူ ကြားဝင်ဖြန်ဖြေရန် ခရိုင်သို့ မလာဝံ့ဘဲ လက်ထောက်ညွှန်ကြားရေးမှူးလီကိုသာ ဟန်ချင်ဟွအား ကွန်မြူနတီသို့ ပြန်ပို့နိုင်ခြင်းရှိမရှိကြည့်ရန် ကိုယ်တိုင်တောင်းဆိုခဲ့ရသည်။
xxxxxxx
Part 154
သူတို့က ဟန်ချင်းဟွကို ပြန်ပို့ရန် ဆွေးနွေးခဲ့ကြသည့်အတွက် ဟန်ချင်စုန့်အနေဖြင့် အသနားခံရန် ခရိုင်ကို သွားစရာ မလိုဘဲ သူ့ကို ပညာပေးရုံနှင့် အလုပ်ပြီးအောင် သူ့ညီကို အိမ်ပြန်ခေါ်လာနိုင်ခဲ့၏။
သူ့ညီကို စီရင်ချက်မချပါက ကျန့်ရှယ် သေချာပေါက် စီရင်ချင်အချခံရမှာမဟုတ်ပေ။
ဟန်ချင်ဟွကို ထိုနေရာသို့ ပို့ပြီး ကျောက်ကျန့်ရှယ်ကို ပြန်ခေါ်လာကာ အားလုံး ပျော်ရွှင်နေခဲ့ကြသည်။
အမှန်တွင် ဤသည်က အသေးအဖွဲကိစ္စဟု ပြော၍မရနိုင်သည့် အသေးအဖွဲ ကိစ္စတစ်ခုပင်။
ကျောက်ကျန့်ရှယ်ကို တခြားသူတွေနှင့်ထားခဲ့ချင်ပါက ဟန်ချင်းဟွကို ပြန်ပို့ပြီး နှုတ်ဆက်မလိုချေ။
သူတို့က စွန်းကျောက်ဝမ်ကို ကျောက်ကျန့်ရှယ်က ခရိုင်ပိုင်ဖြစ်ကြောင်း ၊ သူတို့ကို စီရင်ချက်ချရန်အတွက် ခရိုင်သို့ ပြန်ပို့ရမည်ဖြစ်ကာ ကွန်မြူနတီတွင် စွန့်ပစ်ထား၍မရကြောင်း အထူးတလည် ပြောခဲ့၏။
ဒီကမ္ဘာပေါ်မှာ ဒီလောက် ယုတ္တိမဲ့တဲ့သူတွေ တကယ် ရှိတယ် ဆိုတာ ဘယ်သူ သိမှာလဲ...
လက်ထောက်ညွှန်ကြားရေးမှူးလီက ပြန်မထိုင်ဘဲ ဆက်ကာ အပြင်ကို လမ်းလျှောက် ထွက်လေသည်။ ကျောက်အန်းဖျင်က ဝိုင်ပုလင်းနှင့်အတူ သူ့နောက်ကို လိုက်သွား၏။
လက်ထောက်ညွှန်ကြားရေးမှူးလီက ပြောလိုက်သည်။
"ဒီဟန်ချင်စုန့်က မလွယ်ဘူး"
"ဘာလို့ မလွယ်တာလဲ ညီအစ်ကို... မင်းက ခရိုင်မှူးဖြစ်ပြီး သူ့ကို မနိုင်ဘူးလား...ဒါက စီရင်ချက်ချတဲ့ကိစ္စလေးတင်လေ"
ဟု ကျောက်အန်းဖျင်ကပြောလေ၏။
လက်ထောက်ညွှန်ကြားရေးမှူးလီက ခေါင်းလှည့်ကာ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ဘယ်သူမှရှိမနေသည်ကို မြင်ရာတွင် သူကတိုးတိုးလေးဆိုလိုက်သည်။
"ဟန်ချင်စုန့်ကလည်း လက်ထောက်ပဲလေ"
"သူ့လုပ်ခလစာကို တိုးပေးလိုက်... ဒီကလေးက ပိုက်ဆံ လောဘကြီးပုံရတယ်...သူ့ကို ယွမ်နှစ်ရာ ဘာလို့မပေးရမှာလဲ"
လက်ထောက်ညွှန်ကြားရေးမှူးလီ ခေါင်းခါလိုက်ပြီး "အဲဒါက မလွယ်ဘူး... ဒီကောင်ကလည်း သူ့ကို အနိုင်ယူချင်နေတာ။"
လက်ထောက်ဒါရိုက်တာလီက ကျောက်အန်းဖျင်ကို အမှန်တိုင်းမပြောခဲ့ပေ။ သူက ဟန်ချင်းဟွကို ပြန်ပို့ရန် သဘောမတူလျှင်ပင် တခြားလက်ထောက်းညွှန်မှူးကောင်းက ဟန်ချင်စုန့်ကို ဖားချင်နေပြီး ညွှန်မှူးဟောင်းကတောင် မျက်နှာလုပ်ချင်နေ၏။
တကယ်တမ်းတွင် ဟန်ချင်ဟွက စာအုပ်အနည်းငယ်သာဖတ်ခဲ့သည် ။သူ့အတန်းဖော်များ၏ လေးနက်သောအစီရင်ခံချက်ကြောင့်သာမဟုတ်ပါက တော်လှန်ရေးကော်မတီက သူ့ကိုဖမ်းရန် အနှောက်အယှက်အဖြစ်ခံမည်မဟုတ်ပေ။
သူ ကောင်းနှင့် ပွင့်ပွင့်လင်းလင်းရော ကြိတ်ပုန်းခုတ်၍ရော တိုက်ပွဲဝင်ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်ကာ ဗျူရိုအကြီးအကဲဟောင်းကလည်း နှစ်နှစ်နေလျှင် အငြိမ်းစားယူတော့မည်ဖြစ်သည်။ ပုံမှန်အားဖြင့် သူ အမှားမလုပ်လိုပေ။
(နောက်တက်မဲ့ညွှန်မှူးနေရာလုတာပါနော်)
ဒေသခံ နှင့် အခြေခံလူတန်းစားများ များလေလေ၊ ရောထွေးယှက်တင်ပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လေလေဖြစ်၏။
ဟန်ချင်စုန့်က ယဥ်ကျေးမှုအနည်းငယ်သာရှိပြီး လောကအတွေ့ အကြုံကြွယ်ဝသည့် လူကြမ်းကြီးတစ်ယောက်ဖြစ်ပုံရသော်လည်း စစ်ရေး အရည်အချင်းများ ရှိပြီး တပ်တွင်းရှိ တပ်မှူးအများအပြားက သူ့ကို အလွန်တန်ဖိုးထားကြသည်။
အကယ်၍ သူ၏ခေါင်းဆောင်ဟောင်းကသာ နှိုက်နှိုက်ချွတ်ချွတ် ဝေဖန်ခြင်းမျိုးမရှိခဲ့လျှင် ဟန်ချင်စုန့်က အလုပ်ပြောင်းသွားလိမ့်မည်မဟုတ်ပေ၊ သူ နောက်ထပ်ခြေတစ်လှမ်းတိုးရပေလိမ့်မည်။
အခြားမည်သည့်အရာမှ ပြောစရာမလိုပါချေ၊ ခရိုင်တော်လှန်ရေးကော်မတီမှ ညွှန်ကြားရေးမှူးချင်၏ သဘောထားကိုသာ ကြည့်ပါလေ။
ညွှန်ကြားရေးမှူးချင်က လူတွေဘယ်လို အစားအသောက်မှာသလဲဆိုသည်ကို ကြည့်တတ်သူဖြစ်၏။ ညွှန်မှူးဟောင်းအပေါ် လေးစားမှုသိပ်မရှိသော်လည်း ဟန်ချင်စုန့်ကိုမူ ယဉ်ယဥ်ကျေးကျေးဆက်ဆံပြီး ဟန်ချင်စုန့်၏ အိမ်ထောင်စုစာရင်းထဲက ကောက်နှံနှင့်ဆီဝေစုကို မေးမြန်းဖို့ အစပျိုးလုပ်ဆောင်ခဲ့သည်။
သူသည် အရူးတစ်ယောက်ဖြစ်သော်လည်း သူ သည်းမခံနိုင်ပါက အဆက်အသွယ်အချို့ရှိလေ၏။
ထုံးစံအတိုင်း လက်ထောက်ညွှန်ကြားရေးမှူးလီက ကျောက်အန်းဖျင်ကို အမှန်တရားအကုန်လုံးကိုပြောပြမည်မသုတ်ပေ။ ရုန်းကန်မှုများက လျင်မြန်စွာပြောင်းလဲနေပြီး ကံဆိုးမှုများက နေ့ချင်းညချင်း ပေါက်ကွဲထွက်သွားသည့် ဤခေတ်တွင် သူကိုယ်သူသာလျှင် ယုံကြည်နိုင်ပေသည်။
ကျောက်အန်းဖျင်က မရဲတရဲမေးကြည့်လိုက်၏ "ကိုယ်တိုင်ဘာလို့ ဟန် နဲ့ သွားမညှိနှိုင်းတာလဲ"
လက်ထောက်ညွှန်ကြားရေးမှူးလီက သဘောတကျ ရယ်ပြီး ကျောက်အန်းဖျင်၏ပခုံးကို ပုတ်ကာ"ဝန်ကြီးကျန်း နဲ့ စကားပြောခွင့်မရှိဘူးလား...ဟန်ချင်စုန့်က သူ့ရဲ့ တိုက်ရိုက်လက်အောက်ငယ်သားလေ"
(T/N–ဟန်ကျင်းစုန့်က အထက်မှာ ပိုမြင့်တဲ့ရာထူးတွေရှိပေမဲ့ သူ့ကိုအမိန့်ပေးနိုင်တာ ဝန်ကြီးကျောက် ပဲရှိတယ်ပေါ့)
ကွန်မြူနတီ ပြည်သူ့လုံခြုံရေးဗျူရို၏ညွှန်ကြားရေးမှူးဖြစ်သည့်အပြင် ဟန်ချင်စုန့်က ကြည်းရေလေတပ်မတော်၏ အရာရှိလဲ ဖြစ်၏။ ထိုအလုပ်က အခကြေးငွေ မရသည့် အလုပ် ဖြစ်သော်လည်း သူက ခရိုင် တပ်မတော်ဦးစီးဌာန ၏ ဦးဆောင်မှု နှင့် ပတ်သက်နေသည် ။
ဝန်ကြီးကျန်းက သူ၏ တိုက်ရိုက်ခေါင်းဆောင်ဖြစ်၏။
"ညီအကို မင်းမှာ လှည့်ကွက်တစ်ခုရှိသေးတာပဲ ...ငါသွားမေးလိုက်ဦးမယ်"
"သွား...ဖြစ်ချင်တော့ ဝန်ကြီးကျန်းက ဝိုင်နည်းနည်းသောက်ရတာ ကြိုက်တယ်"
လက်ထောက်ညွှန်ကြားရေးမှူးလီက ဝိုင်နှစ်ပုလင်းကို လက်ညှိုးထိုးပြသည်။
ကျောက်အန်းဖျင် ထိုနေရာသို့ အလျင်အမြန်သွားခဲ့သည်။သူ ဝန်ကြီးကျန်းက လက်ထောက်ညွှန်ကြားရေးမှူးလီထက် ပြောရဆိုရလွယ်သည်ဟု သူခံစားရ၏။ သူက ရိုးရှင်းပြီးတည့်တိုးဆန်သည့် စရိုက်ရှိသူဖြစ်ပြီး ဆက်ဆံရေး သို့မဟုတ်ကိစ္စ များရှိနေပါက အလွယ်တကူ စကားပြောနိုင်လေ သည်။ လက်ထောက်ညွှန်ကြားရေးမှူးလီက မြေခွေးအိုတစ်ကောင်သာဖြစ်ပြီး စိတ်ကျဉ်းမြောင်းလွန်းပြီး ဒေါသကြီးသူဖြစ်၏။
သို့သော်လည်း ဝန်ကြီးကျန်းက ဒုညွှန်မှူးကောင်း နှင့် နေ့စဉ်နှင့်အမျှ အနည်းငယ် ရင်းနှီးသော ဆက်ဆံရေးရှိသည်။ သူ့ဆွေမျိုးများအတွက် သူ့ထံ(ကျန်း) တိုက်ရိုက် သွားရန် မလွယ်ကူသောကြောင့် စကားစမြည် ပြောရန် လာခဲ့ခြင်းဖြစ်၏။
လက်ရှိတွင် လက်ထောက်ညွှန်ကြားရေးမှူးလီက ၎င်းကို သူ့ကိုယ်ပိုင်အစီအစဉ်ဖြင့် အဆိုပြုထားသောကြောင့် သူ့တွင် တစ်စုံတစ်ရာ ချို့ယွင်းချက်မရှိသဖြင့် အမြန်ထွက်သွားခဲ့သည်။
ဒုတိယနေ့တွင် ဟန်ချင်စုန့် ကွန်မြူနတီသို့ရောက်သည်နှင့် တော်လှန်ရေးကော်မတီမှ ညွှန်မှူးကျားက သူ့ကိုဖုန်းလှမ်းဆက်ကာ ခေါ် သည်။
ဟန်ချင်စုန့် ရုံးခန်းထဲဝင်သွားလိုက်၏။
ညွှန်မှူးကျားက သူ့ကို ထိုင်ခိုင်းပြီး သူ့အတွက် ရေနွေးတစ်ခွက်ကို ကိုယ်တိုင် ငှဲ့ပေးကာ
"ခေါင်းဆောင်ဟန်..."
ဟန်ချင်စုန့်က သူ ဘာလို့ ဟောဟဲလိုက်နေသည် ကိုနားမလည်သဖြင့် သူ့ကိုပဟေဠိဖြစ်နေသော မျက်နှာထားဖြင့်ကြည့်လိုက်သည်။
"ခေါင်းဆောင်ဟန်...ဟန်ချင်ဟွက ငယ်သေးတယ်... စာအုပ်ဖတ်တာထက် ဘာမှ မပိုဘူး... အမှားတွေ ရှိပေမဲ့လည်း အဆင်ပြေပါတယ်... ပညာပေးရတာ လွယ်တာပေါ့ အာ..."
ဟန်ချင်စုန့် : "ညွှန်မှူး... သူတို့ ဒီအသက်အရွယ်မှာဆိုရင် လမ်းလွဲဖို့ အလားအလာ များပါတယ်... သေးငယ်သောအရာတွေ အတွက် အပြစ်ပေးခံရသလို ကြီးမားတဲ့အရာတွေအတွက်လည်း အပြစ်ပေးခံရမယ်"
တကယ်ကို စကားဦးသန်းနေပြန်ပြီ...
xxxxxxxxxx