အပိုင်း ၁၅၅-၁၅၆
Viewers 23k

Part 155


ညွှန်မှုးကျား အနည်းငယ် ရှက်သွားပြီး နှစ်ကြိမ် ရယ်လိုက်သည် ။ဒီကလေးက တကယ့်ကို ရူးတာပဲ...သူက ရုပ်ချောပြီး တုံးအနဲ့လူနဲ့လည်းမတူပါဘူး...ဘာလို့သွယ်ဝိုက်ပြီးပြောတာကို နားမလည်ရတာလဲ...


    ဟန်ချင်းဟွကို အိမ်ပြန်ခွင့်မပြုရင် ကျောက်ကျန့်ရှယ်ကို ဘယ်လိုပြန်လွှတ်မှာလဲ...


    ခေါင်းကိုက်လိုက်တာ....


    "ပညာပေးတာက  တော်လှန်ရေး ကော်မတီ အစည်းအဝေးမှာ နေ့တိုင်း ဝေဖန်နေတဲ့အရာပဲ...

သူတို့ကို ခြံဝင်းလှည်းကျင်းခိုင်းတာက စိုက်ခင်းထဲသွားတာနဲ့အတူတူနီးပါးပါပဲကွာ"


    "ကျွန်တော်တို့ ဝင်းထဲမှာ တံမြက်စည်း လှည်းတဲ့လူ တစ်ယောက်မှ မရှိဘူးလား"  

ဟန်ချင်စုန့် အနည်းငယ်အံ့အားသင့်သွားပြီး

 "ဒါဆို တာဝန်ကျနေတဲ့  ပြည်သူ့စစ်တချို့ကို  ခေါ်လိုက်မယ်လေ"


    ညွှန်ကြားရေးမှူးကျား : "..."


    ငါနှယ်... ဒါက တံမြက်စည်းလှည်းရမဲ့ကိစ္စလားကွ...


    "ခေါင်းဆောင်ဟန် ကြည့်ပါ...သူတို့က ငယ်သေးတယ်... မစဥ်းစားတတ်ကြသေးဘူး"


    "ဒါဆို လယ်ထဲ ပို့ပြီး ပညာကောင်းကောင်းယူခိုင်းလိုက်မယ်လေ"


 ဟန်ချင်စုန့်၏ ချောမောခန့်ညားသေ မျက်နှာက တည်ကြည် လေးနက်နေပြီး  သူ့နှုတ်ခမ်းအနားသတ်များက  တဖြောင့်တည်းဖြစ်လုနီးပါးပင်။  နောင်တရသည့်သူတွေက ပညာကောင်းကောင်းယူရမည်ကို ဟန်ချင်းဟွမသိရှာပေ၊ ယင်းက  ကျေးလက်ကိုသွားရသည့် ပညာတတ်လူငယ်တွေနှင့် ဆင်တူလေသည်။


     သူ့ကို တည့်တိုးမရှင်းပြရင် နားလည်မည်ပုံမရကြောင်း ညွှန်မှူးကျား သိရှိသွားသော်လညိး  တိုက်ရိုက်ပြောရသည် တကယ်စိတ်ပျက်စရာကောင်း၏။ 


    အကြံတစ်ခုဖြင့် သူ စွန်းကျောက်ဝမ်ကို ခေါ်လိုက်သည်။


    မကြာခင်မှာပဲ စွန်းကျောက်ဝမ်  ဝင်လာပြီး သူ့မျက်နှာပေါ်ရှိ မာနကို ဖုံးကွယ်မထားနိုင်ဘဲ ဘာကိစ္စပဲရှိရှိ သူ့ကိုဆုံးဖြတ်ခိုင်းသည်ဟူသောမျက်နှာထားဖြစ်နေ၏။ 


ညွှန်မှူးကျားက သူ့ကိုအကြည့်တစ်ချက်ပေးပြီး စကားပြောခိုင်းလေသည်။


 စွန်းကျောက်ဝမ် ဟန်ချင်စုန့်ကိုပြောလိုက်၏။ "ခေါင်းဆောင်ဟန်... ကျောက်ကျန့်ရှယ်က ခိုးခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး...ရလဒ်တစ်ခုမှ မရှိခဲ့ပါဘူး...ဒါကို ကြံစည်အားထုတ်မှုလို့ပဲ ခေါ်ပါတယ်... အထက်အရာရှိတွေက ငါတို့ရဲ့ စီရင်ချက်က နည်းနည်းကြီးလေးတယ်လို့ ထင်နေကြတာ.

..တစ်နှစ်ပညာယူတဲ့အပြစ်ဒဏ်ဆီကို ဘာလို့ မပြောင်းရမှာလဲ...ဒီလောက်ပါပဲ"


 တစ်နှစ်အတွက်မူ   အစနှင့်အဆုံး ဖြတ်တောက် ပြီး အဆင်သင့်ဖြစ်နေပါက   အလုပ်ကြမ်းစခန်းကို တကယ် သွားစရာ မလိုပါချေ။


 ဟန်ချင်စုန့်က ပြောလိုက်သည်။ 

"ကျွန်တော်က အခုမှ ရာထူးယူထားတော့ စည်းမျဥ်းစည်းကမ်းတွေကို နားမလည်ဘူး... ဒါကြောင့် ဆယ်နှစ်နီးပါး ပုံမှန်လုပ်ထုံးအတိုင်း ဆုံးဖြတ်ခဲ့တဲ့ ညွှန်မှူးကရော ဘယ်လိုထင်ပါသလဲ "


  ညွှန်မှူးကျားက ရယ်ပြီး 

"အင်း ပြည်သူ့လုံခြုံရေးဗျူရိုက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ...ကော်မတီက အုပ်ချုပ်ရေးနဲ့ စီးပွားရေးကို အဓိကထားတာ ဟားဟား... ဆုံးဖြတ်ပိုင်ခွင့်က မင်းလက်ထဲမှာပါ "

ယခုအချိန်တွင် ခရိုင်အတွင်းရှိ တရားရုံးများနှင့် ရှေ့နေများ ရှုပ်ထွေးနေကြသည်။ကွန်မြူနတီကို မဆိုထားနှင့် သူတို့ဘာသူတို့ပင် ရှုပ်ယှက်ခက်နေကြ၏။


   စွန်းကျောက်ဝမ်၏မျက်လုံးများက ဝိုင်းစက်သွားကြသည်။ ပုံမှန်လုပ်ထုံးအရဟူ၍ဆိုလာသည်ဖြစ်ရာ  အနှီ ဟန်ချင်စုန့် ရူးမနေပါချေ။ ပုံမှန်လုပ်ထုံးအရ ကျောက်ကျန့်ရှယ်သည် ဆယ်နှစ်ထောင်ကျပြီး လမ်းတွေပေါ်မှာ ဆိုင်းဘုတ်ကိုင်ပြီး ပတ်လှည့်မည်ဖြစ်သည်။ စည်းမျဥ်းအတိုင်း ဖြစ်နိုင်ပါ့မလား...


    ဟန်ချင်စုန့်က စွန်းကျောက်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး

 "ညွှန်မှူးက အလုပ်ရှုပ်နေတယ်ထင်တယ်... လက်ထောက်ညွှန်မှုးစွန်းက စီရင်ချက်ချတော့မယ်ဆိုတော့"


 သူကထိုသို့ပြောလိုက်ရင်း ညွှန်မှူးကျားကိုလည်း

 "  တခြားသူတွေ ကျွန်တော်တို့ ကွန်မြူနတီရဲ့ အမိန်ကို မလိုက်နာဘဲ စာရိတ္တပျက်ပြားခြင်းမရှိရအောင် ဝေဖန်ရေး အစည်းအဝေးလုပ်ကြရင်ကောင်းမလား"


 "   လူအင်အား အလုံအလောက် မရှိဘူး ဆောင်းဦးရိတ်သိမ်းချိန် နှစ်ရက်အတွင်း အလုပ်ရှုပ်သွားလိမ့်မယ်...ကေဒါတွေကလည်း ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းမှုကို ညွှန်ကြားဖို့  ကျေးလက်ဒေသကို သွားရင်း အလုပ်ရှုပ်နေကြတယ်…”


သူကထိုစကားကို     ပြောလိုက်သောအခါ ရုံးရှိ ကေဒါများ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိတ်တိတ်လေး "လမ်းညွှန်ချက်"ပေးရန် အလျင်လိုကုန်ကြသည်။ 


 စွန်းကျောက်ဝမ်၏ မကျေမနပ်မှုများပြည့်နေသော မျက်လုံးမှေးမှေးများက ​ဒြပ်ရှိအဖြစ်သို့ပြောင်းလဲသွားပြီ ဟန်ချင်စုန့်ကို အပေါက်နှစ်ပေါက် ဖြစ်သွားစေလုနီးပါးပင်။


ဟန်ချင်စုန့်က အလွန်အရေထူသောကြောင့် လျစ်လျူရှုကာ ညွှန်မှူးကျားကို နှုတ်ဆက်ပြ သူ့ရုံးခန်းသို့ ပြန်လာခဲ့သည်။


    ဟွမ်ဝေကျုံးက  "ဝန်ကြီးဟန်... ခရိုင်စစ်တပ်ဌာန ဝန်ကြီးကျန်း က ဖုန်းဆက်နေတယ်"


    ကွန်မြူနတီတော်လှန်ရေးကော်မတီတွင် စာတိုက်နှင့် ချိတ်ဆက်ထားသည့် တယ်လီဖုန်းတစ်လုံးရှိပြီး စာတိုက်မှတဆင့် လွှဲပြောင်းပေး၏။


    တယ်လီဖုန်းက ညွှန်မှူးရုံးခန်းတွင်မဟုတ်ပါဘဲ တော်လှန်ရေး ကော်မတီ၏ လျှို့ဝှက်အခန်းတွင် ရှိပြီး  ဖုန်းခေါ်ဆိုမှုများကို စာရင်းသွင်းကာ တင်းကြပ်စွာ မှတ်တမ်းတင်ထားရမည်ဖြစ်သည်။


    ဟန်ချင်စုန့်က မျက်ခုံးမွှေးထူထူများကို ပင့်လိုက်၏။  ကွန်မြူနတီတွင် အရေးပါသော စစ်ဘက်ဆိုင်ရာဌာန လုံးဝမရှိပေ။သူက တစ်ဦးတည်းသော အမည်ခံခေါင်းဆောင် ဖြစ်သည်။ ခရိုင်စစ်ဌာနက သူ့ကို ဘာကြောင့် ခေါ်မှန်း သူမသိပေ။


    ပြောစရာပင် မလိုပါချေ၊ ဤအကြောင်းကြောင့်သာ မဟုတ်ပါက ဘယ်သူကမှ သူ့အကြောင်းကို အချိန်ပြည့်စဥ်းစားနေမှာမဟုတ်ပေ။  သူ့ရာထူးကို ဖယ်ရှားပြီး သူ့လစာကိုစားချင်နေသူများမှလွှဲ၍ပင်။ 


    သူလျှို့ဝှက်ခန်းကိုသွားလိုက်ပြီး အမျိုးသမီးအော်ပရေတာက ဖုန်းနံပါတ်ကို စာရင်းသွင်း၍ နံပါတ်ရိုက်ရန် ကူညီခဲ့ကာ ဟန်ချင်စုန့် ကို ဖုန်းပေးခဲ့သည်။ 


    ထိုနေရာရှိ ဖုန်းသည် ချက်ချင်း မြည်လာပြီး တစ်ဖက်က စောင့်နေပုံရ၏။


  ဟန်ချင်စုန့်: "ဟဲလို"


    သူ့အသံက နဂိုကတည်းကမှ ဩပြီး သံလိုက်ဓာတ်ပါနေသည်ဖြစ်ရာ  ယခု သူစိတ်အခြေအနေမကောင်းသည်တွင် အသံက ပို၍ပင် ဩသွားသည်။


    သူ့ကို ချောင်းကြည့်နေသည် အော်ပရေတာ အမျိုးသမီး ကြောက်လွန်း၍ အကြည့်ကိုချက်ချင်း ရုပ်သိမ်းလိုက်၏။


  ထိုတွင် ဝန်ကြီးကျန်း စကားကို ကရားရေလွှတ်တတွတ်တွတ်ပြောနေရင်း စောင်းပါရိပ်ခြည်ဖြင့် ကျောက်ကျန့်ရှယ် ဆီကို ခေါင်းစဉ်ပြောင်းရန် ကြိုးစားနေလေရာ ဟန်ချင်စုန့်အနေဖြင့် ခပ်မြန်မြန် လွှတ်ပေးသင့်ပြီး ကဖျက်ကယက်လုပ်မနေသင့်ပါချေ။

    "ဟန်ချင်စုန့် မင်းမှာတောက်ပတဲ့အနာဂတ်ရှိတယ်... မင်းရဲ့အနာဂတ်ကို ကွန်မြူနတီမှာတင် ကန့်သတ်မထားသင့်ဘူး...မင်းရဲ့အနာဂတ်က တောက်ပတယ်...မင်းရှေ့ကိုမျှော်ပြီး ရည်မှန်းချက်ကြီးကြီးထားရမယ်... ခရိုင်ကိုလာမဲ့မင်းရဲ့အနာဂတ် အကြောင်းကို စဥ်စားပါ "


    မျက်မှောင်ကြုတ်ပြီး "ဖုန်းပျက်နေတယ်... ​ကျွန်တော် ရှင်းရှင်းလင်းလင်း မကြားရဘူး" ဟုရေရွတ်လိုက်၏။


 ထို့နောက် သူက   အော်ပရေတာ အမျိုးသမီးထံသို့ ဖုန်းကို ပေး၍ လှည့်ထွက်လာခဲ့သည်။


    

xxxxxxxxx

Part 156


တစ်ဖက်မှ စိတ်အားထက်သန်စွာ စည်းရုံးနေသည့် စကားလုံးများကို ကြားလိုက်ရသည်တွင်  အော်ပရေတာအမျိုးသမီးက နားကန်းလုမတတ်ဖြစ်သွားပြီး  ကျယ်ကျယ် အော်ပြောလိုက်၏။ 


 “ဖုန်းက တကယ်ပျက်နေတာ...ဘာမှ ရှင်းရှင်းလင်းလင်း မကြားရဘူး...ဒါကြောင့် ကျွန် မ အမြန်ပြင်ပေးဖို့ တစ်ယောက်ယောက်ကို ခေါ်ရတော့မှာ...လူကြီးမင်းဟန် စိတ်မပူပါနဲ့....ကျွန်မချက်ချင်းပြင်ပေးမယ့်လူကို ရှာလိုက်မယ်"


    သူမက ဖုန်းကို စားပွဲပေါ်တင်ပြီး အော်လေသည်။


 "ရှောင်ကျဲရေ ရှောင်ကျဲ ဒီဖုန်းစုတ်က ပျက်သွားပြန်ပြီ--" 


 ဖုန်းတစ်ဖက်မှ ၀န်ကြီးကျန်း : "... ... "

ကျောက်အန်းဖျင်က ဝန်ကြီးကျန်းကို မျှော်လင့်တကြီးကြည့်ကာ "ဘယ်လိုလဲ ဝန်ကြီး ကျန်း... သူသဘောတူလား"


    ဝန်ကြီးကျန်းက သံသယဖြစ်နေသည့် အမူအရာနှင့် ဖုန်းချလိုက်သော်လည်း ဘာမှဖြစ်မနေပေ။


    "ဖုန်းခေါ်လို့ မရဘူး... မင်းဘာလို့ လူကိုယ်တိုင် မသွားတာလဲ...တွေ့ပြီးစကားပြောမကြည့်ရင် ရင်နှီးမှာ မဟုတ်ဘူးလေ... မင်းရောက်လာတာနဲ့ ကွဲပြားသွားလိမ့်မယ် " 

ဝန်ကြီးကျန်းက ကျောက်အန်းဖျင်ကို ပြောလိုက်သည်။


ကျောက်အန်းဖျင်က ပြော၏။    

"ဝန်ကြီးကျန်း... ကျန့်ကျန့်ကို ခရိုင်ကို ပြန်ခေါ်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ညီလေးကို ကွန်မြူနတီကို ပြန်ပို့လိုက်တာ... ကျန့်ကျန့်ကို ဘာလို့ ပြန်မပို့တာလဲ"


   ဤသိုပြော၍ တကယ်ကို မရပါချေ။ ဤနေရာ၌ တိကျသေချာသည့် စည်းမျဥ်းတွေရှိမနေပါဘဲ ဒေသဆိုင်ရာလုပ်ထုံးများနှင့် ဒေသ၏ပုံစံပေါ်မူတည်ပေသည်။ 


    ခိုးခြင်းအမှုမှာ အခြေခံအားဖြင့် ​ပြည်တွင်းမှာ အပြစ်ပေးခံရ၏။နိုင်ငံခြားသားတစ်ယောက်က ပြည်တွင်းမှာ ခိုးသည်ကို ဖမ်းမိပါက  ဒေသခံ ပြည်သူ့စစ်တွေက ကိုင်တွယ်ဖြေရှင်းပေးမှာ ဖြစ်လေသည်။ တခြားနေရာတွေကို ပြန်ပို့သည်က ခဲတောင့်ခဲယှဥ်းပင်။ 


ထို့အပြင် ဤသည်က ကိစ္စကောင်း လည်းမဟုတ်ပေ။  ခရိုင်တော်လှန်ရေးကော်မတီနှင့် ပြည်သူ့လုံခြုံရေးဗျူရိုက ကွန်မြူနတီ၏အရေးပါသည့် လူတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုခိုင်းရပါမည်လော။


  နောက်တစ်ချက်သည်ကား  မျက်နှာလည်း သိပ်မကြီးချေ။

(T/N–အကောင်ကြီးကြီးမဟုတ်ဘူးပေါ့)


    မဟုတ်ပါက ယခုလို ကျောက်အန်းဖျင် တစ်ယောက်တည်း လှည့်ပတ်သွားနေစရာမလိုပါချေ။


ကျောက်အန်းဖျင် အိမ်မှာ    ငိုယိုပြီး မျက်ရည်တွေသုတ်နေမည့်သူ့မရီးကို တွေးကာ ခေါင်းညိတ်ပြပြီး  

"ကောင်းပြီ...ကျွန်တော်  သွားပြီးတော့ သူ့ကို ဒီလူရဲ့မျက်နှာသာပေးလိုက်မယ်... မဟုတ်ဘူး

ဝန်ကြီးကျန်းရဲ့မျက်နှာပေါ့"


    သူက တော်လှန်ရေး ကော်မတီမှ ထွက်ခွာပြီး ပြင်ဆင်ရန် ချက်ချင်း ပြန်သွားခဲ့သည်။ အစ်ကိုကြီးလည်း သူနှင့်အတူ ရှိနေသဖြင့် သူတို့ ယွမ်သုံးရာနှင့် အခြားလက်ဆောင်များ ယူသွားခဲ့သည်။


 စွန်းကျောက်ဝမ်  သူတို့ကို ခဏလောက် အချိန်ဆွဲထားလိမ့်မည်ဖြစ်ပြီး စီရင်ချက်က ထွက်လာလျှင်ပင်  စိုက်ခင်းကို ခေါ်မသွားခင် နေ့လည်စာစားပြီးသည်အထိ စောင့်ရလိမ့်မည်ဟု သူထင်ခဲ့၏။ ရလဒ်အနေဖြင့် သူတို့ ရှန်ရွေ့ ကွန်မြူနတီသို့ အပြေးအလွှားရောက်သွားသောအခါတွင် တက်ကြွလှုပ်ရှားနေသော လော့ဟိုင်ချန်က ၎င်းတို့ငါးဦးကို အစားအသောက်မကျွေးဘဲ  လုပ်သားပြုပြင်ပြောင်းလဲရေးခြံသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့သည်။


ကျောက်အန်းဖျင်တို့  ညီအကိုနှစ်ယောက်  ဒေါသထွက်ရန်အတွက်ကို သတိမရပါဘဲ အုပ်စုနှစ်စုခွဲပြီး အစ်ကိုအကြီးက သူတို့နောက်ကို လိုက်သွားပြီး ကျောက်အန်းဖျင်က ဟန်ချင်စုန့်ကို သွားရှာခဲ့၏။


ဟန်ချင်စုန့်က ကန်တင်းမှာ နေ့လယ်စာစားနေသည်။ဒီနေ့တွင်မူ  ဘာမှထူးထူးခြားခြားမရှိဘဲ  သာမာန်ဟင်းပွဲတွေသာရှိနေသည်ကို တွေ့သောကြောင့် သူ အိမ်ပြန်ပို့မနေတော့ချေ။


 သူက ခေါက်ဆွဲရောမုန့်ပေါင်မုန့်ပေါင်းများကို ဝယ်ခဲ့ပြီး ပါးလျှပ်လျှပ်မုန့်ပေါင်းနှစ်ခုစာအတွက် လက်မှတ်တွေသုံးခဲ့သည်။ သူက နေရာမှာထိုင်ချလိုက်ပြီး အာလူးအချိုမုန်လာဥနှပ်နှင့်တွဲစားခဲ့သည်။


    မြန်မြန်စားပြီး နေ့လည်စာ ထမင်းဘူးကို သူဘာသူ ဆေးကြောကာ ရုံးပြန်ယူသွားလိုက်၏။


သူမသိသည့်လူတစ်​ယောက်ကလွဲ၍ ရုံးထဲမှာဘယ်သူမှရှိမနေပေ။


    "ခင်ဗျားဘယ်သူကိုရှာနေတာလဲ"


ကျောက်အန်းဖျင်က ချက်ချင်းထရပ်လိုက်ပြီး "ကျွန်တော်  နောက်ကျသွားတယ် မိနစ်အနည်းငယ်စောစောလာပြီး  ခေါင်းဆောင်ဟန်ကိုထမင်းစားဖို့ ဖိတ်လိုက်ရမှာ" လို့ ပြုံးပြုံးလေးပြောလိုက်သော်လည်း အမှန်တွင် သူက ဒေါသအတော်ထွက်နေသည်။


 ဟန်ချင်စုန့်က သူ့အတွက်သူ နေ့လည်စာဘူးထဲကို ရေနွေးတစ်ခွက်ငှဲ့ပြီး နှစ်ကြိမ် ဖြည်းဖြည်းချင်း  သောက်လိုက်၏။  သူ့လက်ဖက်ရည်ခွက်ကို လင်းလန်အသုံးပြုရန်  အိမ်မှာ ထားခဲ့သဖြင့်  အလုပ်မှာ စား/ သောက်ရန်အတွက် နေ့လယ်စာဘူးကိုပဲ အသုံးပြုရသည်။

(ဪ)


    “ကျွန်တော့်ကို အလုပ်ချိန်အတွင်း ထမင်းစားဖို့  ဖိတ်သူတိုင်းကို  ထောင်ထဲမှာ ထိုင်ခိုင်းရလိမ့်မယ်"

 ဟန်ချင်စုန့်က ပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း သူ့မျက်နှာက အလွန်ကို အတည်ပေါက်ဖြစ်နေ၏။


ကျောက်အန်းဖျင်    ခဏလောက်နင်သွားပြီး "ခေါင်းဆောင်ဟန်က ဟာသလုပ်နည်းကို တကယ်သိတာပဲ"


   ဟန်ချင်စုန့် :"ကျွန်တော် ဟာသလုပ်နေတာမဟုတ်ဘူး"


ကျောက်အန်းဖျင် တစ်ဖက်လူက တကယ့်ကို တုတ်ချောင်းကြီးဟု ခံစားလိုက်ရ၏။ 

(ဖြောင့်မတ်လွန်းနေလို့)


    ဒီလို ဉာဏ်မမီတဲ့ ပုဂ္ဂိုလ်က ဗျူရိုရဲ့အကြီးအကဲ ဘယ်လိုများဖြစ်လာတာလဲ...


  ဘာလို့  အလုပ်ပြောင်းပြီး သူ့မိသားစုကို ကမ္ဘာမြေကြီးကိုပဲ မပြုပြင် ခိုင်းလိုက်တာလဲ...


  တအားစိတ်တိုရတယ်...


    စစ်တပ်ခေါင်းဆောင်ကို ဆန့်ကျင်ပြီး ပြန်မောင်းထုတ်ခံထားရသည့် ဟန်ချင်စုန့်ကို သူ မဆဲဘဲမနေနိုင်ပေ။သူက များများစားစားချီးကျူးလောက်စရာလည်း ဘာတစ်ခုမှလုပ်မထားချေ။  သူကသာ  အခြားသူများကို  စစ်ရေးဂုဏ်တက်စရာတွေ အများကြီးပေးထားပါက  ဌာနချုပ်သို့ စောစောသွားရမည်ဖြစ်သည်။


 သေစမ်း ဒီကောင် ရာထူးတိုးသွားတာက ပိုကောင်းတယ်... အဲ့ဒါမှ ငါတို့ကိုပြန်လာပြီး ဒုက္ခမပေးနိုင်မှာ...


ကျောက်အန်းဖျင်  ဒေသခံအရာရှိများ၏ သူရာထူးတိုးရန်အတွက် ဟိုင်ရွေ့အပေါ်ငွေမတည်လိုသည့် စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း နားလည် ခံစားမိသွားပြီး ဖြစ်နိုင်ပါက ဟန်ချင်စုန့်ရာထူးတိုးသွာသည်ကို သူဝမ်းမြောက်ဝမ်းသာဖြစ်နေမည်ဖြစ်သည်။


    "ခေါင်းဆောင်ဟန် မိုးကောင်းကင်ကိုဖွင့်ပြီး ရိုးရိုးသားသားပြောရအောင်" 

ကျောက်အန်းဖျင်  စိတ်ပျက်လက်ပျက်ဖြစ်နေ၏။


 ဟန်ချင်စုန့်က သူ့ကိုကြည့်ရင်း "ကျောက်ကျန့်ရှယ်ရဲ့ မိသားစုဝင်တွေက ဒီကိစ္စကို ပြောနေစရာ မလိုပါဘူး... စီရင်ချက်ချပြီးပြီ လူတွေကိုလည်း စိုက်ခင်းကို ပို့လိုက်ပြီ... အဲဒီမှာဧည့်တွေ့ခွင့်  ကန့်သတ်ထားတာမရှိပါဘူး


ကျောက်အန်းဖျင်  သူ အချိန်မရွေး သွေးအန်တော့မလို ခံစားနေရသည်။

     " ခေါင်းဆောင်ဟန် အဲ့အကြောင်းကို မပြောဘဲနေကြရအောင်...မင်းအလိုက်အထိုက်နေသင့်တယ်"

  

   ဟန်ချင်စုန့်က သူ့ကို လေးလေးနက်နက်ကြည့်ကာ

 "ခင်ဗျားက ကျောက်ကျန့်ရှယ်ရဲ့ဦးလေးလား"


ကျောက်အန်းဖျင်က   ပြုံး၍  ခေါင်းညိတ်လိုက်ပြီး သူ့နဖူးမှာမူ ချွေးတွေသီးနေကာ သူ ပိုက်ဆံပဲ တန်းထုတ်လိုက်ရမလားဟု တွေးနေမိသည်။သူက ဝိုင်ပုလင်းနှစ်ပုလင်းနှင့် လက်ဖက်ခြောက် နှစ်ထုပ်ကို သူ့ခြေရင်းမှာ ထားလိုက်ပြီး ဟန်ချင်စုန့်ကို ယူရန် အချက်ပြလိုက်၏။


  ဟန်ချင်စုန့်က မျက်ခုံးပင်မလှုပ်ဘဲ 

"အမြန်ပြန်ယူပါ... ပုံစံပေါက် လာဘ်ပေးလာဘ်ယူ နမူနာတစ်ခုအနေနဲ့ ကျွန်တော် ခင်ဗျားကို ဖမ်းနေရမှာစိုးလို့...ဟာသလုပ်နေတာမဟုတ်ဘူးနော် "


xxxxxxxxxx