အပိုင်း ၁၅၇-၁၅၈
Viewers 23k

Part 157


ကျောက်အန်းဖျင် နှာခေါင်းရှုံ့လိူက်သည်။


 "ခေါင်းဆောင်ဟန် ဟာသလုပ်နေတာပါပဲဗျာ...

 မင်းဒီဟာလေးကို မကြိုက်ဘူးဆိုတာ ငါသိပါတယ် “     


 သူထပ်ယူလိုက်ပြီး လက်မှတ်တစ်ပုံတစ်ခေါင်းထွက်လာကာ   အထည်လက်မှတ်၊ ချည်လက်မှတ်၊ ဆီလက်မှတ်၊ ရေနံဆီလက်မှတ်စသည်ဖြင့် လက်မှတ်မျိုးစုံ အစုအပုံလိုက်ကြီးဖြစ်နေ၏။ 

 

 လက်မှတ်တစ်စောင်ရရန်အတွက် ပိုက်ဆံကုန်သည့်အပြင် ကျောက်အန်းဖျင်က နောက်ထပ် ယွမ်တစ်ရာ ထပ်ဖြည့်ပေးလိုက်သည်တွက်မည်သူမှ သွေးဆောင်မခံရဘဲ နေမှာမဟုတ်ချေ။ 


ဟန်ချင်စုန့်က ရောင်စုံလက်မှတ်တွေကို ကြည့်ပြီး တစ်စောင်ကို ကောက်ယူကြည့်လိုက်ရာတွင်  မြေပဲဆီကတ်တီ၂၀ဖြစ်နေသည်။

  အိုး...စေတနာကောင်းလိုက်တာ...


ကျောက်အန်းဖျင်     မျက်နှာတွင် ပြုံးနေသော်လည်း သူ့စိတ်ထဲမှာ အလွန်အမင်း မထီမဲ့မြင်ပြုနေ၏- သူငယ်ချင်းလေး  မင်းမြင်အောင်ကြည့်စမ်းပါ... အဘိုးက မင်းကို လက်မှတ်နဲ့ ဖိသတ်နိုင်တယ်ကွ...


  ဟန်ချင်စုန့်၏ ချောမောခန့်ညားသော မျက်နှာထက်တွင် တိမ်ထူထူများ ဖုံးလွှမ်းသွားပြီး သူ၏ ပြင်းထန်သော အငွေ့အသက်များ ပျောက်ကွယ်သွားကာ ကျောက်အန်းဖျင်ကို စိတ်မသက်မသာ ဖြစ်စေသည်။     


သို့သော်လည်း ကျောက်အန်းဖျင်က ဟန်ချင်စုန့်သည် ငွေကြေးအတွက် လောဘကြီးသူဖြစ်မည်ဟု ယုံကြည်၏။ထိုအရာကို မလိုချင်ပါလျှင်လည်း သူကအလိုကြီးပြီး နည်းလွန်းသည်ဆိုကာ သဘောမကျခြင်းပဲဖြစ်လိမ့်ပေမည်။ 


    သူ့မှာ အကြံကောင်းတစ်ခုရှိပြီး  ဟန်ချင်စုန့်ကို သူလိုချင်သလောက်ပေးကာ  သူ့တူလေးကို အရင်ထုတ်လိုက်မည်။  ၎င်းကို ပေးပြီးနောက်တွင် သူက  ခရိုင်တော်လှန်ရေးကော်မတီထံသို့ ချက်ချင်းသွားကာ ထိုအ​ကြောင်းကို တိုင်ကြားပြီး ယုတ္တိကင်းမဲ့ပြီး ငွေကြေးလောဘကြီးသော ဟန်ချင်စုန့်ကို  ချေမှုန်းပစ်လိုက်မည်။


    "ခေါင်းဆောင်ဟန် မင်းစကားတစ်ခွန်းပြောလိုက်သရွေ့ မင်းလိုချင်သလောက်ရနိုင်တယ်... ခေါက်ဆွဲကောင်းကောင်းနှစ်ရာကတ်တီ ရှိတယ်" 

ကျောက်အန်းဖျင်က သူ့မျက်လုံးတွေကို မှေးကျဥ်းလိုက်ပြီး အလွန်စိတ်ကြီးဝင်နေဟန်ပင်။


 "မင်းအိမ်တစ်လုံးဆောက်တော့မယ်လို့ ငါကြားတယ်... အုတ်ကြွပ်ပြားတွေ အုတ်တွေ ကို ငါဒကာခံမယ်ကွာ ဘယ်လိုလဲ"

 

ဟန်ချင်စုန့်က မျက်မှောင်တင်းတင်းကြုတ်ပြီး စကားလုံးတစ်လုံးချင်းစီပြောလိုက်၏။ 


 "ကွန်မြူနတီအဖွဲ့ဝင်တွေမှာ စားနပ်ရိက္ခာနဲ့ ဆီအလုံအလောက်မရှိတာ... အဝတ်အစားလည်း မလုံလောက်တာ  အံ့သြစရာမရှိဘူးပဲ....အကုန်လုံးက ခင်ဗျားဆီရောက်နေတာပေါ့"


ကျောက်အန်းဖျင် ကြက်သေသေသွားပြီး- ဒါက ဘာအဓိပ္ပာယ်လဲ...


    ငါ့ဘက် ဘယ်လိုလုပ်မြှားဦးလှည့်လာတာလဲဟ...


    သူက ပြုံးပြီးပြောလိုက်သည်။


 "ခေါင်းဆောင်ဟန်က ဥာဏ်ကောင်းတဲ့သူတစ်ယောက်ပါ... နှစ်နှစ်လောက်ကြာရင် မင်းအများကြီးစားနိုင်မှာမဟုတ်ဘူး... ပြီးရင်ငါ ပိုက်ဆံပြောင်းဖို့ကူညီပေးပါ့မယ်..."


 (ပြောချင်တာက ဟန်ချင်စုန့်ဘတ်ထားတဲ့ဟာတွေကို သူက ငွေအဖြစ်ပြောင်းပေးပါ့မယ်ပေါ့)


    "ကောင်းပြီ ခင်ဗျားပြန်စရာမလိုတော့ဘူး... ကျောက်ကျန့်ရှယ်နဲ့အတူတူ စိုက်ခင်းကို လိုက်သွားလိုက်။" 


ဟန်ချင်စုန့်က ငွေစာရင်းနှင့် ပိုက်ဆံတွေကို ဖိုင်အိတ်ထဲကို ပစ်ထည့်လိုက်ပြီး ကျောက်အန်းဖျင် ကို သူ့လက်ကြီးဖြင့် ဖမ်းကိုင်လိုက်ကာ

 "သွားကြစို့"


     သူ့ကို ကိုယ်တိုင်ပိုက်ဆံလာပေးသည့်လူတွေက သူ့တို့ကိုယ်သူတို့ တကယ်ကို အဖမ်းခံချင်နေကြ၍ပင်။


ကြွယ်ဝခြင်းနတ်ဘုရားကို   ဒီလိုမျိုးအာခံတဲ့လူရှိလို့လားကွာ...


    "ဟန်...ဟန်ချင်စုန့် မင်း ဘာကိုဆိုလိုတာလဲ"


    ဟန်ချင်စုန့်က မျက်မှောင်ကြုတ်ပြီး "ခင်ဗျားက ငတုံးလား...ကျွန်တော်  ရှင်းအောင်မပြောမိလိုက်ဘူးလား"


    "မင်းလုပ်ရဲတယ်ပေါ့... "  

ကျောက်အန်းဖျင် ဟန်ချင်စုန့်က ​​ဟာသလုပ်နေခြင်းမဟုတ်ပါဘဲ  အတည်ပေါက်ဆိုသည်ကို သိလိုက်ရပြီး တစ်ခါတည်း တုန်လှုပ်သွားတော့၏။


ကျောက်အန်းဖျင်က  ဆက်ဆံရေးများစွာကို စီမံခန့်ခွဲခဲ့ပြီး ယခုလို အရှက်မဲ့သူကို တစ်ခါမျှ မတွေ့ခဲ့ဖူးပါချေ။  ကေဒါများအတွက် ရှက်စရာပင်။


    ဟန်ချင်စုန့်က သူ့ကို ပလာယာလို လက်ကြီးတွေနှင့် ဆုပ်ကိုင်ထားပြီး မျက်နှာသာ နည်းနည်းမှမပေးပါချေ။ ထိုအချိန်တွင်  စွန်းကျောက်ဝမ်နှင့်ဟွမ်ဝေကျုံးတို့က  ညွှန်မှူးကျားကို သူဆီလာဖို့ ဖိတ်ခေါ်လိုက်ကြသည်။


  ညွှန်မှူးကျား ပြုံးကာ ပြော၏။


 "နားလည်မှုလွဲနေတာ... နားလည်မှုလွဲနေတာပါ ခေါင်းဆောင်ဟန်... စိတ်လိုက်မာန်ပါမလုပ်ပါနဲ့"


    သူက ရှေ့ကို လှမ်းတက်ပြီး ဟန်ချင်စုန့်၏လ လက်ကောက်ဝတ်ကို ကိုင်ကာ ကျောက်အန်းဖျင် ကို ဆွဲထုတ်ဖို့ ကြိုးစားလေသည်။


  ဟန်ချင်စုန့်၏လက်သည် တစ်စုံတစ်ခုကို ဆုပ်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဆွဲဖြုတ်၍မရသော လင်းယုန်၏ ခြေသည်းများနှင့်တူ၏။


  ညွှန်မှူးကျား အတော်လေး  ရှက်ရွံ့သွားပြီး ပြုံးကာဖြင့်

 "ခေါင်းဆောင်ဟန် စကားပြောဖို့အခွင့်အရေးပေးပါဦး"


 ဟန်ချင်စုန့်က ပြောလိုက်သည်။


 "ညွှန်မှူး...  ကျွန်တော် ကျောက်အန်းဖျင်ကို တိုင်ကြား ချင်ပါတယ်...သူ့လစဉ် လစာဘယ်လောက်လဲ... ကွန်မြူနတီကေဒါကို  လာဘ်ထိုးဖို့ ဘယ်လောက်တောင်ရက်ရောလိုက်သလဲလို့"


 ဟန်ချင်စုန့် ဖိုင်အိတ်ထဲက အရာတွေကို ခါထုတ်လိုက်ပြီး စားပွဲတစ်ခုလုံးကို ပြန်ကျဲ့သွား၏။


စွန်းကျောက်ဝမ်  အထည်လက်မှတ်များနှင့် အစားအသောက်လက်မှတ်များပါရှိသော သူ့အိတ်ကပ်ကို မသိစိတ်ဖြင့် ကိုင်မိလိုက်သည်။


 ညွှန်မှူးကျား မျက်နှာပိုပူသွား၏။


ဟန်ချင်စုန့်က ဆိုသည်။ 


"သူ့အမူအကျင့်က ကျောက်ကျန့်ရှယ်ထက် အဆတစ်ရာ ပိုဆိုးတယ်...အလုပ်ကိစ္စ....."


    "ဟန်ချင်စုန့် သူများအပေါ်တံတွေးမထွေးချင်စမ်းနဲ့...  ငါထုတ်ပြီး ရေတွက်တာဆိုရင် ဘယ်လိုလုပ်မလဲ...မြင်တာနဲ့ မင်းလိုချင်မှာပဲ... မင်းလိုချင်တာ ငါမင်းကိုမပေးရင် မင်းလူတွေကို သွေးစင်အောင်လုပ်မှာလေ...." 


ကျောက်အန်းဖျင် ရွေးချယ်စရာမရှိပဲ  "မင်းငါ့ကို ဖမ်းပိုင်ခွင့်မရှိဘူး...ငါကို ခရိုင်ကပိုင်တာ"ဟု ပြောလိုက်ရတော့၏။


စွန်းကျောက်ဝမ် ကျောက်အန်းဖျင်ကို ရူးနှမ်းသည့်အတွက်  စိတ်ထဲမှာ ကျိန်ဆဲလိုက်ရင်း သူနှင့်အတူ လိုက်ပြောလိုက်ရသည်။


"ခေါင်းဆောင်ဟန် ငါတို့မှာ တကယ်ကို  ဖမ်းပိုင်ခွင့်မရှိဘူး" 


    သူ့မျက်လုံးကို ကောင်းကင်အထိ လှန်ပစ်မိလုမတတ်ပင်။   မင်းက ဟန်ချင်စုန့်ကိုပြောတယ်ပေါ့ ... မင်းမှာမျက်နှာရောပါရဲ့လား... ဘယ်လိုမျက်နှာမျိုးနဲ့ မင်းကိုယ်မင်း ဗျူရိုရဲ့ အကြီးအကဲလို့ တကယ်ကြီးထင်နေတာလဲ...


ကွန်မြူနတီ၏  ဗျူရိုအကြီးအကဲဟောင်းက  ကေဒါကောင်းမဟုတ်ပေ။


    နှမ်းနှင့် မတ်ပဲ အများစုကို ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမ ညွှန်ကြားရေးမှူးနှင့် စပါး စီမံခန့်ခွဲရေးရုံးမှညွှန်ကြားရေးမှူးတို့ပင် မရနိုင်ပါချေ။  အများစုကတော့ လုံခြုံရေးညွှန်မှူးတစ်ယောက်ကဲ့သို့ပင် ။

(မြင်သာမြင်မကြင်ရပေါ့)

မင်းက ဘာကိုအတင်းဆွဲခေါ်နေတယ်ပြောတာလဲ... အရာရှိအသစ်က ရာထူးတက်တော့မယ်ကွ...


ကျောက်အန်းဖျင်က တကယ်ကို ပိုက်ဆံအများကြီး သုံးစွဲခဲ့ပြီး ဟန်ချင်စုန့်ကလည်း သူ့ကို သူ့ကိုအင်မတန် ရက်ရက်ရောရော ဂရုစိုက်ပေးလိုက်၏။  လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပင်  သူ့ကို ထိမျှထိမပေးခဲ့ဖူးချေ။ 


အဆင်ပြေပါတယ်... ငါဒုညွှန်မှုးလီဆီသတင်းပို့ရမယ်...


  ဟန်ချင်စုန့် :"ဒါဆို ခင်ဗျားက ကျောက်ကျန့်ရှယ် အတွက် အသနားခံဖို့ လာတာမဟုတ်ဘူးလား"


ကျောက်အန်းဖျင်  ဓားနှင့်ထိုးခံရသလိုမျိုးခံစားလိုက်ရပြီး ဆွံ့အသွားလုနီးပါပင်။ 


ဟန်ချင်စုန်  : "ကျွန်တော့်ရုံးခန်းကိုရောက်လာပြီး ကျွန်တော့်ကို တစ်ယောက်တည်းလာတွေ့တာက...  ကျောက်ကျန့်ရှယ်အတွက် အသနားခံဖို့ မဟုတ်ဘဲ ခင်ဗျားရဲ့ လက်မှတ်တွေကို ရေတွက်ဖို့ ပေါ့"


    လူတိုင်း : ...


ကျောက်အန်းဖျင်  ဒုက္ခရောက်သွားပြီး သူ့ခေါင်းထဲမှာ ပါးဆုပ်ပနီကောင်တစ်အုပ်အထည့်ခံလိုက်ရသလိုဖြစ်နေ၏။  သူက *ပုလင်းကို ဖောက်ပြီး အော်ဟစ်လိုက်သည်။


 "ဘာဖြစ်လဲ... ငါ့ဘာငါ ဘယ်နေရာမှာ ရေချင်ရေချင် ရေလို့ရတယ်... ဘယ်သူက ငါ့ကို တားလို့ရလဲ...ဘယ်သူက ငါ့ကို ဖမ်းရဲမှာလဲ"

(T/N– ကံဆိုးမှုကို ကံကောင်းမှုလို့ယုံကြည်ပြီး ကံကောင်းမှုအဖြစ်ပြောင်းလဲလိုက်ကတာပါတဲ့။ မြန်မာလိုဆို ချော်လဲရောထိုင်ပေါ့)


ဟန်ချင်စုန့် အေးစက်စွာ ပြောလိုက်သည်။

"အဖမ်းခံရမဲ့သူက ခင်ဗျားပဲ"

  


xxxxxxxx

Part 158


 "ခေါင်းဆောင်ဟန် ခေါင်းဆောင်ဟန်  ငါ့မှာ ပြောစရာရှိတယ်" 


ဟွမ်းဝေကျုံးက အလျင်အမြန် ရှေ့တိုးကာ ဟန်ချင်စုန့်ကို  စိတ်လျော့စေရန် နှင့်ကျောက်အန်းဖျင်လို့ ဉာဏ်မဲ့သူနှင့်တစ်တန်းတည်းဖြစ်မသွားစေရန်  ရင်ကြားစေ့ပေးဖို့ရာ ကြိုးစားလိုက်၏။

  

ဟန်ချင်စုန့် နောက်ဆုံးတွင် ကျောက်အန်းဖျင်ကို လွှတ်ပေး လိုက်သည် ။ ကျောက်အန်းဖျင်က  သူ့ကိုယ်သူ လာဘ်ထိုးခြင်းကနေ ရေတွက်ခြင်းအဖြစ်သို့ ပြောင်းလဲ၍ ကလေးကလားနိုင်စွာ အော်ဟစ်ကာ  ဆဲရေးတိုင်းထွာနေသော်လည်း လာဘ်ထိုးခြင်းမသင်ကာမှုမှ ရေချိုငါးတစ်ကောင်လို   လွတ်မြောက်သွားခဲ့၏။


    သူ့ပိုင်ဆိုင်မှု၏အရင်းအမြစ်ကို အမည်မဲ့ဟု  သံသယရှိလျှင်ပင် ကွန်မြူနတီနှင့် ဘာတစ်ခုမှမသက်ဆိုင်ပါချေ။  ခရိုင်ကပဲ စုံစမ်း၍ရပေသည်။ 


 ဟန်ချင်စုန့်က ခရိုင်တာဝန်ခံမဟုတ်ပါချေ။


ကျောက်အန်းဖျင် ဟန်ချင်စုန့် နှင့် ဘာမှမဆိုင်ကြောင်း သေချာသော်လည်း သူ့တူဖြစ်သူအတွက် ထပ်ပြီး ကြားဝင် တောင်းပန်ရန် ပါးစပ်ကို မဟနိုင်တော့ပေ။  တွေးကြည့်လိုက်သည်တွင်  သူတကယ်ကို စိတ်မကောင်းဖြစ်မိသည်။


   ဟန်ချင်စုန့် ကျောက်အန်းဖျင်ကို လွှတ်ပေးလိုက်၏။


ကျောက်အန်းဖျင်က သူယူလာသည့် လက်မှတ်တွေကို  အိတ်ကပ်ထဲ ချက်ချင်း ပြန် ထည့်လိုက်သည်။ 


ဟမ့် မသောက်မစားလူရိုးသားလေးပေါ့...


စောင့်ကြည့်နေစမ်းပါ....


    ထို့အတွက်ကြောင့် သူ ညွှန်မှူးကျားကို ဘာမှပြောစရာမရှိတော့သဖြင့် သူ့အစ်ကိုကြီးနှင့် ကျောက်ကျန့်ရှယ်နောက် လိုက်ရန် စက်ဘီးစီးသွားရလေသည်။


    သူထွက်သွားပြီးသာ်နှင့် စွန်းကျောက်ဝမ်က   "ညွှန်မှူး ဒီအဖြစ်အပျက်ကိုကြည့်ပါဦး" 


 ညွှန်မှူးကျားက ရယ်ကာဖြင့်

 "နားလည်မှုလွဲနေတာ... နားလည်မှုလွဲနေတာပါ... လုပ်ဖော်ကိုင်ဖက်ဆိုတာက လင်နဲ့မယားလိုပါပဲ... ငါတို့အတူတူ အလုပ်လုပ်ဖို့လိုတယ်...အကုန်လုံး ဖြည်းဖြည်းချင်း ညှိယူဖို့ အများကြီးလိုအပ်တယ်”


 သူက တစ်ယောက်နှင့်တစ်ယောက် အဆင်ပြေအောင်  ပေါင်းသင်းဆက်ဆံလေ့ရှိပြီး ဟန်ချင်စုန့်ကို ဆန့်ကျင်ရန် မဖြစ်နိုင်ကြောင်း စွန်းကျောက်ဝမ် သိထားသော်လည်း ထိုသို့သော အသေးအဖွဲကိစ္စမျိုး မဖြစ်လာနိုင်ဟု သူ မမျှော်လင့်မိခဲ့ပေ။  သူတကယ် မကျေမနပ်ဖြစ်မိသည်။


 စွန်းကျောက်ဝမ်  လူတစ်ဒါဇင် သို့မဟုတ် လူအများကြီးနှင့် အခန်းကျဉ်းလေးတွင် အိပ်ရခြင်းထက်ပင် ပိုဝမ်းနည်းလာ၏။


သူမကျေမနပ်ဖြစ်နေသေးသော်လည်း အနှီ ဆွံ့အစေနိုင်သော  လူငယ်က  သူ့ကို ရာဇ၀တ်ကောင်ဟု သတ်မှတ်မည်ကို စိုးသဖြင့်  ဟန်ချင်စုန့်ကို အပေါ်ယံတွင် လေးစားမှုတချို့ ပြသရမည်ဖြစ်ပေသည်။


    အတိုချုပ်ပြောရပါလျှင် အရာရှိအသစ်တစ်ဦး ရာထူးတက်လာသောအခါ နိမ့်ပါးသော လက်အောက်ငယ်သားများအနေဖြင့်  တစ်စုံတစ်ဦးကို နှိမ့်ချနိုင်စွမ်းရှိသည်ဟုသော ကြွားလုံးများကို ပြောင်ပြောင်တင်းတင်း မပြောရဲကြပေ။


    ကြီးမားသောစွမ်းအားများနှင့်လမ်းကြမ်းများရှိသည်ဟု ဆိုထားသော ကျောက်အန်းဖျင်သည်  ၎င်း၏တူဖြစ်သူကို ပြန်မခေါ်နိုင်ခဲ့သောကြောင့် ကျောက်ကျန့်ရှယ်  သူ့အစ်ကိုကြီးနှင့်အတူ လယ်ကွင်းထဲမှာ ငိုကြွေးနေသည်ကိုသာ ကြည့်ရှုနေခဲ့ရသည်။ 


"ဖေဖေ ဒုတိယဦးလေး... နည်းလမ်းတစ်ခုလောက် စဉ်းစားကြပါဦး...ကျွန်တော် အချုပ်ခံပြီးမနေချင်ဘူး ဝူး ဝူး~"


ကျောက်အန်းဖျင်  နှင့် သူ၏အကြီးဆုံးအစ်ကိုဖြစ်သူတို့ သူတို့တူ/သား၏ အပြစ်ကို ကိုယ်စားခံလိုသောဆန္ဒဖြင့် စိတ်နှလုံးကြေကွဲခဲ့ကြသည်။


 လုပ်သားပြုပြင်ပြောင်းလဲရေးလယ်ယာသည်  တပ်မဟာတွင် အလုပ်လုပ်သည့်ပုံစံနှင့် ဆင်တူသော်လည်း ကျောက်ကျန့်ရှယ်က ငယ်စဉ်ကတည်းက အမြဲတစေ အလိုလိုက်ဖျက်ဆီးခံခဲ့ရသဖြင့်  ဘာတစ်ခုမှမလုပ်ဖူးပါချေ။ 


    နူးညံ့သော အသားအရေနှင့် အသားနုနုတို့ဖြင့် လယ်ထဲသို့သွားရသောအခါ ထိုဝေဒနာကို သူ မည်သို့ခံနိုင်ရည်ရှိပါမည်နည်း။


ကျောက်ကျန့်ရှယ်၏အဖေ  သူ့မျက်နှာကို အုပ်ကာ ငိုကြွေးလေသည်။


 "ဒုတိယညီ ကျန့်ရှယ် ဘာဖြစ်နေတာလဲ...ဒီကောင်လေးက ဘယ်လိုများ ခိုးနိုင်သေးလဲ.

..ငါတို့မိသားစုလိုသမျှကိုပေးနိုင်နေတာ သူဘာလို့ ခိုးချင်ရတာလဲ... ငါတို့ရဲ့ ကျန့်ရှယ်က ကလေးလေးလိုပဲ...ဆိုသွမ်းတဲ့လူငယ်တချိုက သူ့ကိုသွေးဆောင်ခဲ့တာလား... ဒီပေါက်လို့ပဲစားတွေနဲ့ မပေါင်း ရဘူးလို့ ငါပြောပါတယ်... မဟုတ်ရင် အနှေးနဲ့အမြန်မှာ ငါတို့ကျန့်ရှယ် သင်ခန်းစာ ဆိုးဆိုးရွားရွား ရလိမ့်မယ်ဆိုပြီး... အခု စကားပြောရမဲ့ အချိန်ရောက်လာပြီ"


  သူက ထိုသို့ပြောပြီးနောက် ခါးခါးသီးသီး ဆိုလိုက်၏။


 “တစ်ယောက်ယောက်က ငါတို့ကျန့်ရှယ်ကို မတရားအမှုဆင်ထားတာလား...ညီလေး ပြောစမ်းပါ...မင်းအပြင်မှာ လူတွေကို စော်ကားမိခဲ့သလား...သူတို့ကငါတို့ကျန့်ရှယ်ကို ဓားထောက်ပြီး လုယူသွားတယ်"


  "အပြင်မှာက မကောင်းဘူး...သူက ခရိုင်က စက်ရုံကို ခိုးခဲ့တာ မဟုတ်ဘူး"


သူ့အနေဖြင့်    သူ့အစ်ကိုကြီး၏ ငိုယိုညည်းညူသံတွေကိုသာ နားထောင်နိုင်ခဲ့ပြီး သူ့နှလုံးသားက  ဓားတစ်ချောင်းနှင့် အထိုးစိုက်ခံရသလို ခံစားနေရ၏။  သူ့နှလုံးသားထဲတွင်  ဟန်ချင်စုန့်ကို အမုန်းကြီးမုန်းခဲ့သည်။ 


    ညီအကိုနှစ်ယောက်တွင် မြို့ကိုပြန်စီးသွားဖို့ကလွဲ၍ ရွေးစရာလမ်းမရှိတော့ချေ။  လမ်းမှာ အဖေကျောက် စကားတစ်ခွန်းမှ မပြောခဲ့ဘဲ သူ့မျက်နှာက အုံ့မှိုင်းနေခဲ့၏။ 


   "အစ်ကို စိတ်မပူပါနဲ့...ငါ သွားချည်ပြန်ချည်လုပ်ပြီး ဂရုစိုက်ပေးပါ့မယ်... ကျန့်ရှယ်အတွက် ပေါ့ပေါ့ပါးပါးအလုပ်တစ်ခု စီစဥ်ခိုင်းမှာပါ...သူ လယ်ကွင်းကို သွားစရာ မလိုပါဘူး "


    "ဗျူရိုချုပ်ရဲ့ ညီကရော  ဒီစိုက်ခင်းထဲမှာပဲလား"


    "မဟုတ်ဘူးလို့ ဘယ်သူပြောတာလဲ... တကယ်က သူ့ညီလေးကိုတောင် လိုက်ပို့ပေးတယ်... ဒီလိုကောင်မျိုး တစ်ခါမှ မတွေ့ဖူးဘူး... ဂရုမစိုက်ဘူး"


    "ဟမျ့"


 အဖေကျောက်က ယုတ်မာတော့မည် အမူအရာကို ပြလိုက်သည်။


    ညီအစ်ကိုနှစ်ဦး နည်းလမ်းရှာရန် ခရိုင်သို့ပြန်သွားပြီး ဘက်ပေါင်းစုံမှ ဟန်ချင်စုန့်ကို  တရားစွဲလျက် ဟန်ချင်စုန့်၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေကာ ပညာမတတ်၊ အောက်တန်းကျသော၊ အသိမဲ့သော၊ ဉာဏ်မမီသော လူမိုက်အဖြစ် သူ့ကို ခြယ်မှုန်းခဲ့၏။


 ဤသည်က နောက်ပိုင်းမှာ ဟန်ချင်စုန့် အတွက် အများကြီး အဆင်ပြေစေခဲ့သည်က အမှန်ပါပင်။  သူ မာကျောသည်ကို  လူတိုင်းသိပြီးဖြစ်ကြသည့်အတွက်  ဘယ်သူမှ သူ့ကို ဝေ့လည်ကြောင်ပတ်မလုပ်ရဲသလို သူ့ကို အရူးလုပ်ကလွယ်သည်၊ လှည့်စားရလွယ်သည်ဟူ၍လည်း မတွေးရဲကြတော့ပေ။


    


ဟန်ချင်စုန့်က ဤသည်ကို လုံးဝအလေးအနက်မထားပါချေ။  


သူက ဘာလုပ်ရမှာလဲ...


ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမမှ တစ်စုံတစ်ဦးက သူ့ထံ စာတစ်စောင် လာပို့သည်။ဥက္ကဌအိုကြီးပြန်ရောက်နေပြီး သူ့ကို လာဖို့ ဖိတ်ကြားထားခြင်းဖြစ်၏။


ဟန်ချင်စုန့်  ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမသို့ သွားခဲ့သည်။


    ကွန်မြူနတီက ကြီးကြီးမားမားမဟုတ်ပါပဲ  အခြေခံအားဖြင့် ဌာနများစွာသည် တစ်ခုနှင့်တစ်ခု ကပ်လျက်တည်ရှိပြီး ခဏလောက် လမ်းလျှောက်ရုံသာဖြစ်၏။


 ညွှန်မှူးချန်က အသက်ငါးဆယ်ထဲဝင်နေပြီဖြစ်ကာ  မိးခိုးရောင်ဆံပက်၊  ချောမောသောအသွင်အပြင်နှင့် သူ့မျက်လုံးများတွင် လိမ္မာပါးနပ်သောအကြည့်တို့ ရှိလေသည်။


ဟန်ချင်စုန့်ကို နှုတ်ခွန်းဆက်စကား အနည်းငယ်ပြောကာ မိတ်ဆက်ပြီးနောက် ညွှန်မှူးချန်က ပြုံးပြီးဆို၏။


 "ခေါင်းဆောင်ဟန်   အမှန်အတိုင်းပြောရမယ်ဆိုရင် ငါတို့ ကွန်မြူနတီက အုတ်ဖုတ်​စက်ရုံတစ်ခုဖြစ်ပြီး အုတ်ကြွပ်ပြားတွေ တကယ်ပြတ်လပ်နေတာပါပဲ... အဲဒါတွေအပြင် သူတို့ကိုပို့ဖို့အတွက်  ငါတို့ တော်လှန်ရေး ကော်မတီ တပ်မဟာတွေရော ဒီမှာ လျှောက်ထားသူတွေကရော သုံးနှစ်ကြာတဲ့အထိ စောင့်ရလိမ့်မယ်"


 


xxxxxx