အပိုင်း ၁၅၉-၁၆၀
Viewers 24k

Part 159


သာမာန် ကွန်မြူနတီအဖွဲ့ဝင်တွေက အုတ်ကြွပ်တွေ မတတ်နိုင်လျှင်ပင် တတ်နိုင်သည့်လူတွေ ရှိသေးပေသည်။


    ဤနည်းဖြင့်  နောက်သုံးနှစ် သို့မဟုတ် လေးနှစ်အကြာထိ သွားရန် သူတို့ စီစဉ်ထား၏။


    ထောက်ပံ့ရေးပစ္စည်းများ ရှားပါးလာသည်ကို တွေ့မြင်နိုင်ပေသည်။


 ဟန်ချင်စုန့်    တန်းစီ၍ရနိုင်မရနိုင် သို့မဟုတ် သူ့ကိုယ်သူသာ မီးရှို့ဖို့ နည်းလမ်းရှာရမလားဟု တွေးနေမိသသည်။ သူအနေဖြင့်  ထင်းနှင့် ကျောက်မီးသွေးကို ဝယ်ရမည် သို့မဟုတ် ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေးအေဂျင်စီတစ်ခုဆီ လျှောက်ထားရဦးမည်ဖြစ်၏။ ထို့အတွက်    နှစ်ပေါင်းများစွာ တန်းစီ စောင့်နေရမည်  မဟုတ်ပေ။


 သို့သော် ဥက္ကဌချန်က ဝယ်ရသည်မှာ မလွယ်ဟုပြောလာမည်ဟု  မည်သူသိပါမည်နည်း။

ဥက္ကဋ္ဌချန်က ပြောလိုက်၏။

 "စိတ်မပူပါနဲ့... ငါစာရင်းကိုကြည့်လိုက်မယ်" 


ထိုသို့ဆိုပြီး    အံဆွဲတစ်ခုကိုဖွင့်လိုက်ရာ အထဲမှာ အထပ်လိုက်စာရင်းတွေ အစုလိုက်အပုံလိုက်ရှိနေကာ ​​အကုန်လုံးက အုတ်ကြွပ်ပြား နှင့် အခြား အိမ်ဆောက် ပစ္စည်း များ ဝယ်ယူရန်အတွက် လျှောက်လွှာတွေချည်းပင်။   


  ဥက္ကဋ္ဌချန်က ၎င်းကို ထုတ်ယူပြီး လှန်လှောရှာဖွေလိုက်သည်။  အပုံအနည်းငယ်ကို လှန်ကြည့်ပြီးနောက် "တွေ့ပြီ" ဆိုပြီး ဝမ်းသာအားရ ပြောလေ၏။


   " အရေးပေါ်တုံ့ပြန်မှု"ဟုဆိုကာ  ဥက္ကဋ္ဌချန် က စာရွက်သုံးရွက်ကို ဆွဲထုတ်ပြီး ဟန်ချင်စုန့်ကိုပြလာသည်။


 " မင်းဆောက်နေတဲ့အိမ်က ဘယ်လောက်ကြီးလဲတော့ ငါမသိဘူး"


   ဟန်ချင်စုန့် ကြည့်လိုက်ရာတွင် အုတ်ပေါင်း 20,000 နီးပါး၊ အုတ်ကြွပ်ပြားပေါင်း 4,000၊ထုံးလှည်းသုံးစီးနှင့် အဝါရောင်သဲလှည်းသုံးစီး စသည်ဖြင့်ပင်။ 


    ဤသည်က လုံးဝကို မျှော်လင့်မထားသည့်အရာဖြစ်လေသည်။ 


    ကွန်မြူနတီအဖွဲ့ဝင်များက တန်းစီဝယ်ရန် လျှောက်ထားလျှင်ပင် အများစုမှာ အုတ်သုံးထောင်မှ ငါးထောင်အထိ ခွင့်ပြုပေးမည်ဖြစ်သော်လည်း ယင်းအဆင်ပြေ နေဆဲဖြစ်၏။


 ဟန်ချင်စုန့်က အနည်းငယ်ပြုံးပြီး "လုံလောက်ပါတယ် ခင်ဗျားရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်ဥက္ကဌ  "


ဥက္ကဋ္ဌချန်က ပြုံးပြုံးရွှင်ရွှင် ဆိုလေသည်။

 "ဘာဖြစ်လဲကွာ... အားလုံးက တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ ပေးနေကြတာပဲ"


ထို​နေရာ တွင် ရှိသော အုတ်တွေက အနီရောင်အုတ်တွေချည်းမဟုတ်ပါဘဲ  တချို့က အပြာရောင် အုတ်တွေဖြစ်ကာ အုတ်ကြွပ်ပြားများ အားလုံးက မီးခိုးနက်ရောင်များ ဖြစ်ပြီး ပြွန်ပုံစံအုတ်ကြွပ်ပြားများလည်း ရှိ၏။


    အုတ်ကြွေပြားတွေရှိနေသရွေ့ ဟန်ချင်စုန့်က အဆင်ပြေပေသည်။


    စကားအနည်းငယ်ပြောပြီးသည့်နောက် ဟန်ချင်စုန့်က ဥက္ကဋ္ဌချန်ကို သူ့ဘက်က သဘောထားနှင့် တောင်းဆိုချက်များကို မေးလိုက်၏။သူက ကွန်မြူနတီ၏လုံခြုံရေးနှင့် အခြားလိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းရန် ကွန်မြူနတီပြည်သူ့စစ်ကို ဦးဆောင်မည်ဖြစ်သည်။


ဥက္ကဋ္ဌချန်က ရယ်ပြီးပြော၏။


 " ခေါင်းဆောင်ဟန်  မင်းငါ့ကိုသာ မပြောရင် တောင်းဆိုရမှာ  အတော်ရှက်နေမိမှာ... မင်းတကယ်ကူညီနိုင်တာတစ်ခုရှိတယ်"


  ဟန်ချင်စုန့် :  "ကျွန်တော့် ကိုပြောပါ"


    "ဒါက   ကုန်စည်ပို့ဆောင်ရေးကိစ္စမဟုတ်ဘူး သားရေ"


 ဥက္ကဋ္ဌချန်က သူ၏ ဆံပင်ဖြူတစ်ဝက်နက်တစ်ဝက်ဆံပင်များကို သပ်ကာဖြင့်

  "ငါတို့ရဲ့ ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမက လယ်ယာထွက်ကုန်တွေ မွေးမြူရေးတိရစ္ဆာန်တွေကို ကျေးလက်ကနေ စုဆောင်းပြီး... ခရိုင်ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမကို  ပေးပို့...ပြီးရင် စက်မှုထုတ်ကုန်တွေကို ပြန်သယ်လာဖို့ကို တာဝန်ယူထားတာ... ကျေးလက်ဒေသတွေက  ထောက်ပံ့ရေးနဲ့ ရောင်းဝယ်ရေး သမဝါယမမှာ လူနည်းနည်းပဲ ရှိပြီးတော့ အများစုကလည်း အမျိုးသမီးတွေလေ... အမျိုးသမီးများတွေက  ကောင်းကင်တစ်၀က်ကို ကိုင်ဆောင်ထားနိုင်ပေမဲ့ အမျိုးသမီးတွေအတွက် အလုပ်ကြမ်းတွေလုပ်ဖို့က  တကယ်ကို ခက်ခဲတယ်"


ဟန်ချင်စုန့်က ခေါင်းညိတ်သည်။


 "ထောက်ပံ့ရေးနဲ့ရောင်းဝယ်ရေး သမဝါယမက တစ်​ယောက်ယောက်ကို  ပြည်သူ့လုံခြုံရေးဗျူရိုကို ပေးပို့ဖို့ လိုအပ်ရင် ကျွန်တော်တို့ ပြည်သူ့စစ်က လူငယ်တွေက ဝမ်းမြောက်ဝမ်းသာ ကူညီမှာပါ"


    ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမက စနစ်တစ်ခုဖြစ်သော်လည်း အမှန်တကယ်အားဖြင့် သားသတ်သမားအဖွဲ့၊ ပန်းပဲအဖွဲ့နှင့်ကွန်မြူနတီ၏ လက်သမားအဖွဲ့တို့အားလုံးသည်  ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမ၏ စီရင်ပိုင်ခွင့်အောက်တွင်ရှိကြ၏။ 


    ကံကောင်းထောက်မစွာ သားသတ်သမားအဖွဲ့က  အမျိုးသားအများစုဖြစ်ပြီး ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမက ဥများနှင့်မွေးမြူရေးကြက်များကို  စုဆောင်းကြသဖြင့်  အမျိုးသမီးများမှာ  အခက်အခဲ အနည်းငယ်သာရှိလေသည်။


 အလုပ်ခန့်အပ်မှုက အကန့်အသတ်ရှိပြီး အဆက်အသွယ်မှတစ်ဆင့် ဝင်လာသူအများစုမှာ အမျိုးသမီးများဖြစ်ကြ၏။ ဥက္ကဌချန်လည်း ခေါင်းကိုက်နေခဲ့သည်။


    ခဏအကြာ စကားပြောပြီးနောက် ဟန်ချင်စုန့် ထွက်သွား၏။  အုတ်ကြွပ်ပြားတွေကို မြင်းတစ်ကောင်ဆွဲလှည်းနှင့်သယ်ပါက  အနည်းဆုံး ခရီးအခေါက်ပေါင်းများစွာ ကြာမည်ဖြစ်ကာ ညတာတွင် အိပ်မက်လည်း ရှည်လျားသဖြင့် သူ ၎င်းတို့ကို လုံခြုံစေဖို့ရာ အရင်ပြန်ဆွဲထားသင့်သည်ဟု ထင်မိသည်။  ဆောင်းဦးရာသီကောက်ရိတ်သိမ်းပွဲနှင့်  ရက်အနည်းငယ်သာ အလုပ်ရှုပ်နေပါက ရထားများ၊ မြင်းများ ငှားရန် ခဲယဉ်းပြီး လူများကလည်း  အချိန်အားလပ်ကြမှာမဟုတ်ပေ။


သူ ဥက္ကဋ္ဌချန်၏ အိမ်မှ ထွက်လာပြီး ရှေ့ကောင်တာ အရောင်းဌာနဝန်းကျင်မှာ လှည့်ပတ်၍ လင်းလန်အတွက် တစ်ခုခုဝယ်လိုက်သည်။   သူ့အတွက် တစ်စုံတစ်ရာ အမှားအယွင်းမရှိသဖြင့် လှည်းငှားရန် နှင့်  အုတ်နှင့်အုတ်ကြွပ်စက်ရုံသို့သွား၍ကုန်ပစ္စည်းကူသယ်ပေးမည့် လူရှာရန်အတွက် ရွာကိုပြန်၍လည်း ရသည်ဟု သူတွေးမိ၏။ 


    သူ ရုံးခန်းကို သားရေအိတ် ပြန်သွားယူသည့်အခါ ဟန်ချင်းယွမ်က သူ့ကို ရုံးခန်းထဲမှာ စောင့်နေနေသည်။


    "တတိယအစ်ကို"  ဟန်ချင်းယွမ်က ဟန်ချင်စုန့် ကိုတွေ့တိုင်း သူ့အစ်ကိုအရင်းထက်ပင်  ရင်းရင်းနှီးနှီး ရွှင်ရွှင်ပျပျ ခေါ်ဝေါ်ဆက်ဆံလေ့ရှိ၏။


    ဟန်ချင်စုန့်က သူ့ကို ထိုင်ခိုင်းပြီး သူဝယ်ထားသည့် ပဝါကို သူ့အိတ်ထဲ တိတ်တဆိတ် ထည့်လိုက်သည်။ " ဦလေး လည်း ဒီမှာပဲလား "


 ဟန်ချင်းယွမ် ခေါင်းခါပြီး " ဟင့်အင်း...ဟန်ချင်ဟွ ရဲ့ စီရင်ချက်တွေကို ပြန်ယူဖို့ ကျွန်တော့်ကို အပြင် လွှတ်လိုက်တာ "


သူခိုးတွေက သူတို့ရွာကမဟုတ်ကြသော်လည်း  ကိုယ့်ရပ်ကိုယ့်ရွာဖြစ်နေသဖြင့် ကွန်မြူနတီကလူများ စိုးရိမ်နေကြ၏။


   ဟန်ချင်စုန့်က မေးလိုက်သည်။


 “ဒီမနက် ဘာလို့ မလာကြတာလဲ” 


    စီရင်ချက်ချပြီးသည့် အချိန်မှာ ရှန်ရွေ့ရွာက ဘယ်သူမှ မလာကြဘဲ ဂျပုနှင့်ဂျပိန်တို့၏ မိသားစုဝင်တွေပဲ လာကြ၏။

  

ဟန်ချင်းယွမ်က ပြုံးပြီး "ဆောင်းဦးကောက်ရိတ်သိမ်း ရာသီမှာ ဘယ်သူမှ အလုပ်ရှား​မနေဘူး လို့ အဖေက ပြောတယ် ... ကွန်မြူနတီကို ဒုက္ခသွားပေးဖို့ခွင့်မပြုဘူးတဲ့လေ...ကျွန်တော့်ကိုပဲ လာယူဖို့ လွှတ်လိုက်တာ...စိတ်ပူတဲ့လူရှိရင် 

ဆောင်ဦးကောက်ရိတ်သိမ်းပွဲပြီးမှ ကိုယ့်ဘာကိုယ် စိုက်ခင်းထဲသွားလည်တဲ့"


အမှန်တွင်က သူက ယုဝူဇီ လူတွေကို ခေါ်လာပြီး ပြဿနာရှာမှာစိုး၍ ထိုသို့​ပြောခြင်းဖြစ်သည်။


xxxxxx

Part 160


သို့သော် သူမက ပြော၍ရသေးသည်၊ အဓိကသည် အဖွားကြီးဟန်ဖြစ်၏။  သူမကို ယုဝူဇီက လူတွေခေါ်ကာ  အကုန်လုံးအပြင်ထွက်ပြီး  ငိုယိုအောင် လှုံ့ဆော်ပါက သက်ရောက်မှုက အလွန်ဆိုးမှာဖြစ်ကာ ဟန်ချင်စုန့်ကို ဖိအားတွေနှင့် အဆိုးမြင်မှုတွေ ရှိလာစေလိမ့်ပေမည်။ 


  ဤသည်က  တပ်မဟာအတွင်းရေးမှူးဟောင်းက ဟန်ချင်စုန့်၏ အလုပ်ကို အတတ်နိုင်ဆုံး ထောက်ခံပြီး ရွာသူရွာသားတွေက သူ့(စုန့်)ကို ဆွဲမချကြရန် ပြောထားသည့်စကားဖြစ်လေသည်။


   ဟန်ချင်စုန့် သဘာဝအတိုင်း  ယင်းကို စဥ်းစားမိသည်ပင်။ သူက ခေါင်းညိတ်ပြပြီး “ငါ သိပြီ"


    ရွာထဲက လက်ပေါက်ကပ်သော ကွန်မြူနတီအဖွဲ့ဝင်တွေနှင့် ဆက်ဆံရာမှာ ကွန်မြူနတီ အရာရှိတွေ၊ ပြည်သူ့စစ်နှင့် ရဲဗျူရိုတွေပင် သုံးရမလွယ်ကူပါချေ။  ဩဇာတိက္ကမရှိသော ကျေးရွာအရာရှိတွေကို အသုံးပြုသည်က အကောင်းဆုံးပါပင်။


ဥပမာအားဖြင့်   ဟန်ရုံဖန် ကဲ့သို့ပင်၊ ရှန်ရွေ့ ရွာတွင် သူ့ကို မကြောက်သည့်လူ တစ်​ယောက်မှမရှိပေ။


ဟန်ချင်စုန့်က   သူ့ကို အလုပ်ရှုပ်နေလဟုဆိုလိုက်သည်။


 ဟန်ချင်းယွမ်က ပြုံးပြီးပြော၏။

 "ကျွန်တော်ကဘာကို အလုပ်ရှုပ်ရမှာလဲ  တတိယအစ်ကိုရာ... အစ်ကို အခု အပြင်သွားတော့မှာလား...ကျွန်တော်ကို ကူညီစေချင်လား..."


  ဟန်ချင်စုန့်က သူအိမ်ပြန်ဖို့ အလျင်လိုနေပုံမရသည်ကို မြင်လိုက်ရသည့်အတွက်  "ငါ အုတ်နဲ့အုတ်ကြွပ်ပြားတချို့ဝယ်ထားတယ်...အဲ့ဒါတွေကို ပြန်သယ်ချင်တာ"ဟုပြောလိုက်သည်။ 


  "ကျွန်တော်  သွားလိုက်မယ်... အစ်ကို့ရဲ့အတွင်းရေးမှူးချုပ်က ဒါကိုဘယ်လိုရအောင်လုပ်နိုင်တာလဲ" ဟန်ချင်းယွမ်က ဘာသိဘာသာပြောလိုက်ပြီး ဟန်ချင်စုန့်စားပွဲပေါ်တင်ထားသည့် စာရင်းကို ခေါင်းငုံ့ကာကြည့်လိုက်၏။


    အုတ်ချပ် 20,000 ဖြစ်နေသည်ကိုမြင်ရာတွင် သူအံဩလွန်း၍ အော်မိသွားသည်။ 


"တတိယအစ်ကို...ရအောင် လုပ်နိုင်တယ်ပေါ့"


    ဤရက်ပိုင်းမှာ အုတ် 20,000 တစ်ခါတည်းဝယ်နိုင်သည်က အံ့သြစရာပါပင်။


 ဟန်ချင်စုန့်: "ဆောင်းဦးကောက်ရိတ်သိမ်းပွဲမတိုင်ခင်... အကြိမ်နည်းနည်းလောက် ပြန်ဆွဲဖို့ လှည်းငှားလိုက်ရအောင်..." 


    ချင်းယွမ် :"ကျွန်တော် အစ်ကို့ကို ကူညီမယ်"


    ဟန်ချင်စုန့် : "အင်း၊ ငါ သားသတ်အဖွဲ့ဆီ လှည်းသွားငှားလိုက်မယ်... အိမ်ပြန်တဲ့အခါ မင်းမင်းရဲ့မရီးကိုရှာပြီး ယွမ်နှစ်ရာတောင်းလိုက် ... ငါ နောက်ထပ်လှည်းနှစ်စီး ထပ်ငှားလို့ရတယ်..ဒီနေ့ မင်းသုံးစီးဆွဲလို့ရတယ်၊...ကျန်တာကို နောက်မှဆွဲမယ်"


    သူက ဘောပင်နှင့် စာရွက်ကိုယူ၍ စာကြောင်းတစ်ကြောင်းရေးကာ ဟန်ချင်းယွမ်ကို  ၎င်းကိုပြန်ယူသွားပြီး လင်းလန်အား ပြရန်ပြောလိုက်သည်။


    ဟန်ချင်းယွမ်က ပြုံးပြီးပြော၏။  "ကျွန်တော့်မရီးက စာမတတ်ဘူးလေ"


  ဟန်ချင်စုန့်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "သူ သိတယ်..."


  ဟန်ချင်းယွမ်က တဟီးဟီးရယ်ပြီး "ညွှန်မှူးချုပ်က ပိုက်ဆံယူဖို့အတွက်လေးကိုတောင် မိန်းမဆီတောင်းခံလွှာပို့ရတယ်တဲ့ဟေး"ဟု ဆိုကာ ထွက်ပြေးသွားလေသည်။


 ဟန်ချင်းယွမ်က ရွာကိုရောက်သောအခါတွင် သူက တပ်မဟာအတွင်းရေးမှူးနှင့် စကားပြောရန် တပ်မဟာသို့ ဦးစွာသွားပြီးနောက် လင်းလန်ကို အခြားဘာမျှမတွေးဘဲ ပြေးရှာ၏။


.......


လင်းလန်က ဤရက်ပိုင်းမှာ  လေ့ကျင့်နေခဲ့သည်။ သူမက စောင်ချုပ်ပြီးနောက် ဂွမ်ကပ်ဂျာကင်နှင့် ဘောင်းဘီရှည်ကို စတင်ချုပ်ခဲ့၏။


တဝမ်၏အဝတ်များက ငယ်လွန်းသွားသောအခါ ပြန်ပြင်ချုပ်ရမည်ဖြစ်ပြီး၊ ၎င်းနောက် အငယ်က သူ့အကိုကြီးအဝတ်အစားကို ပြန်ကောက်ဝတ်ရမှာဖြစ်လေ။ 


 စန်းဝမ်၏အဝတ်အစားများကမူ သူတောင်းစားတစ်ယောက် ၏အဝတ်များကဲ့သို့ စုတ်ပြဲနေသည်ကား စိတ်မကောင်းစရာပါပင်။ တကယ်ကို စုတ်ပြတ်သတ်နေပြီး ရှောင်ဝမ်ဝတ်၍မရတော့ပါချေ။ 


    ထို့ကြောင့် လင်းလန်က ကလေးသုံးယောက်အတွက် ဂွမ်းကပ်အ၀တ်အစားများ ချုပ်ချင်နေပြီး သူမ ထပ်မံ၍ ပူပန်လာပြန်သည်။ထိုဟာကို ချုပ်နေရင်း သူမ မိုင်စွေ့နှင့်အားဝမ်ကိုပါ စည်းရုံသင့်လားဟု တွေးတောနေမိ၏။


    ကလေးနှစ်ယောက် ကူညီပေးလျှင်ကား မကြာခင် ပြီးနိုင်လေသည်။ 


    သူတို့ နှစ်ယောက်က ယခု ကျောင်းတက်ရမှာ ဖြစ်သလို ကျောင်းပြီးရင်လည်း အလုပ်မှတ်ရရန်အတွက် ထုတ်လုပ်ရေး အဖွဲ့ က အလုပ် သေးသေးလေးတွေ လုပ်ရမှာဖြစ်လေရာ ခိုင်းဖို့မလွယ်လှပေ။


ဟန်ချင်စုန့်ကိုခိုင်းပါက  ပျော်သည်ထက်ပိုမှာဖြစ်ပေမဲ့ သူကယောကျာ်းအရင့်အမာကြီးတစ်ယောက်ဖြစ်သည့်အပြင် ဗျူရိုအကြီးအကဲဖြစ်သဖြင့် ဤရက်ပိုင်းမှာ သူ့အလုပ်နှင့်သူ အလုပ်တွေရှုပ်နေသည်ကြောင့် သူမ သူ့ကို အချုပ်အလုပ်တွေ လုပ်ခိုင်း၍မဖြစ်ပါချေ။ 


    ယခုပင်လျှင်၊ ပုံမကျသောမိန်းမကို အိမ်မှာ စောင်ချုပ်ရန်  ကူညီပေးနေသည့် ဟန်ချင်စုန့် အကြောင်း ဟာသများက ရွာထဲတွင် ပျံ့နှံ့နေ၏။


    သူမအနေဖြင့်  လုံးဝ ဂရုမစိုက်သော်လည်း ဟန်ချင်စုန့်နှင့် ကလေးတွေအတွက် တွေးပေးရဦးမည်ပင်။


 ဟန်ချင်းယွမ်က အပြင်ကနေ နှုတ်ဆက်ပြီး လင်းလန် သူ့ကို ဝင်ခွင့်ပြုလိုက်သည်။


လင်းလန် အကျီချုပ်နေသည် ကိုမြင်သောအခါ ဟန်ချင်းယွမ်က  ပြုံးပြီးပြောလေ၏။


 "မရီး အစ်ကို ချုပ်ဖို့ ဘာလို့ မသိမ်းထားတာလဲ"

 


    "ငါမချုပ်နိုင်တာလည်း မဟုတ်ဘူးလေ...အဲ့တော့   သူ့ကို မလိုဘူးပေါ့" 

လင်းလန်က ပြုံးပြီး "ဘာကိစ္စရှိလို့လဲ"


   ဟန်ချင်းယွမ်က  စာရွက်တစ်ရွက်ကို လင်းလန်ကို ပေးလိုက်ပြီး "တတိယအစ်ကိုဆီက မေတ္တာစာ"


   သူ ပြုံးနေသည်ကို မြင်လိုက်ရသည်တွင် စနေမှန်း လင်းလန် တန်းသိလိုက်သည် ။ 


 "မဟုတ်တရုတ်တွေ... မင်းရဲ့တတိယအစ်ကိုက သေရင်တောင် မေတ္တာစာမရေးဘူး"


    သူမ လှမ်းယူပြီး တစ်ချက်ကြည့်လိုက်ရာတွင် အုတ်နှင့် အုတ်ကြွပ်တွေဝယ်ဖို့ရာ ပိုက်ဆံပေးလိုက်ရန် ပြောထားခြင်းဖြစ်၏။


    သူမ အံ့သြသွားပြီး ပြောလိုက်သည်။

 "အုတ်တွေကဝယ်ပြီးပြီလား"


   ဟန်ချင်းယွမ်: "ဟုတ်... ကျွန်တော့်ရဲ့တတိယအစ်ကိုအတွက်  မဖြစ်နိုင်တာဘာမှမရှိဘူးဗျာ"


    လင်းလန်က ဘယ်လောက်ကျလဲမေးလိုက်၏။


    ဟန်ချင်းယွမ်: "အုတ်တစ်ချပ်က အနည်းဆုံး နှစ်မှတ်ကနေငါးမှတ်လောက်အထိ ရှိနိုင်တယ်... တစ်ကြိမ်မှာ ဒီလောက်အများကြီး ဆွဲလို့မရဘူး... ဘာပဲဖြစ်ဖြစ် အကြိမ်ပေါင်းများစွာ မှာလို့ရတယ်လေ...အကုန်လုံးကို တစ်ခါတည်း ပေးစရာ မလိုဘူး"


 လင်းလန်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိပေသည်။ အုတ်ချပ်တွေက နှစ်မှတ် သုံးမှတ်ကျပြီး အုတ်ကြွပ်ပြားတွေက   ပိုစျေးကြီးကာ ခြောက်ဆင့်ကနေ ဆယ်ဆင့်အထိ ဖြစ်ကောင်းဖြစ်နိုင်သည့်အတွက် ဟန်ချင်စုန့်  ပြန်ယူလာသည် ပြောင်းရွှေ့ကြေးကို သုံးစရာ လိုပေလိမ့်မည်။


    သို့သော် အုတ်အများကြီးဖြင့်ဆိုပါက  သူမ၏မိသားစု ၎င်းတို့ကို အသုံးမပြုနိုင်တော့မည်ကို သူမကြောက်မိသည်။


    လက်ရှိအချိန်မှာ  ပိုက်ဆံရှိလျှင်ပင် ပစ္စည်းတွေ ဝယ်၍မရပါချေ။ ထပ်ဝယ်နိုင်မည့်အခွင့်အရေးပါက ပြန်ဝယ်မည်ဖြစ်၏။


    ပြန်ဝယ်ပြီးရောင်းလျှင်ပင် အဆင်ပြေလေသည်။


    အုတ်တစ်ချပ်က ငွေသားမလိုပါချေ၊  တစ်ယောက်ယောက်က  ယင်းကို သုံးလေးငါးဆင့်နှင့် ဝယ်ပေလိမ့်မည်။


    သူမက ယွမ်သုံးရာကို ဟန်ချင်းယွမ်ကိုပေးလိုက်ပြီး ၎င်းကို ပြန်ယူလာခိုင်းရန်  မှတ်စုတွင် ယွမ်သုံးရာဟု ရေးခဲ့၏။


  

xxxxxxx