Part 161
ဟန်ချင်းယွမ်က ဆိုသည်။
"မရီး... မရီးရဲ့လက်ရေးက မဆိုးဘူးပဲ"
"ဟုတ်တယ်...မင်းမရီးကို အထင်မသေးစမ်းနဲ့..."
လင်လန်က ရက်စက်ဟန်ဆောင်ကာ
"ငါတို့က အရပ်ဘက်ရော စစ်ဘက်ရောနော်..."
လင်းလန်က အခြားလူတစ်ယောက်လို ဖြစ်သွားပုံရသဖြင့် ဟန်ချင်းယွမ် တိတ်တိတ်လေး အံ့အားသင့်သွားရသည်။ လက်ရှိတွင် သူမက မျက်တောင်မခတ်ဘဲ ယွမ်သုံးရာကို ထုတ်ယူလာခဲ့၏။
ယွမ်သုံးရာဆိုသည်ကား သူ့မိသားစုအတွက် ထုတ်ယူဖို့ရာ မလွယ်ပါချေ။
ဟန်ချင်းယွမ်က ပိုက်ဆံနှင့်စာရွက်တွေကို လက်ကိုင်ပုဝါဖြင့် ထုပ်၍ သူ့အိတ်ကပ်ထဲ ထည့်လိုက်ပြီး ၎င်းနောက် တပ်မဟာကို သွား၍ ကားငှားကာ လူငယ်တချို့ကို အကူအညီ တောင်းလိုက်သည်။
အစ်ကိုကြီးဟန်နှင့် ဒုတိယအစ်ကိုဟန်တို့ကို ခေါ်ချင်သော်လည်း အဖွားကြီးဟန် စိတ်ဆိုးမှာ ကြောက်သောကြောင့် သူ့အစ်ကိုများနှင့် ဦးလေးများထံပဲ သွားလိုက်၏။။
သူတို့က ဟန်ချင်စုန့်ကို ကူညီနေသည်ဟု ကြားသိရသည်နှင့် လူအများအပြား လာရောက်ပြီး မေးမြန်းစပ်စုကြတော့သည်။
"ချင်းယွမ်...ချင်စုန့်က အုတ်အိမ်ဆောက်တော့မှာလား...ထောလိုက်ကွာ"
တချို့လူငယ်တွေက မနာလို၊ အားကျဖြစ်နေကြ၏။ သူတို့က တကယ်ကို မိုက်တာပဲ...
ထိုစဥ်က သူတို့လည်း စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါက အခုအချိန်မှာ အုတ်အိမ်ကြီးတစ်လုံး ဆောက်နိုင်ကောင်းဆောက်နိုင်လိမ့်မည်ဟု သူတို့တွေးနေကြသည်။
ဟန်ချင်းယွမ်က ပြောလိုက်၏။
"ဘာတွေခပ်လျှိုလျှိုလုပ်နေရမှာလဲ... အုတ်ကြွပ်အိမ်ဆောက်နိုင်မှတော့ ရွှံ့အိမ်တစ်လုံးကို ဘယ်သူက ဆောက်ချင်မှာလဲ...နှစ်တိုင်းပြန်ပြင်ရတယ်... မိုးတအားရွာရင်လည်း စိတ်ပူနေရမှာ"
"အဲ့ဒါက ခေါင်းဆောင်ရဲ့လုပ်ပိုင်ခွင့်ပဲမဟုတ်ဘူးလား...ခပ်လျှိုလျှိုမနေနဲ့တဲ့လား...သူတို့ကိုယ်သူတို့ လုပ်ပိုင်ခွင်တွေရထားတယ်လို့ထင်တဲ့လူတွေကို အကျိုးအမြတ်ဘယ်လောက်ရသလဲမေးနေတာပဲ"ဟု တစ်ယောက်က ရေရွတ်လိုက်သည်။
"မြန်မြန်ဆင်း...တတိယအစ်ကို ကအခုမှခေါင်းဆောင်ဖြစ်လာတာ ... လူတွေကို အတင်းအဖျင်းပြောနေတာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ... အဲ့ဒါက စစ်သားတစ်ယောက်ရဲ့ စည်းစိမ်ပဲ... မနာလိုတဲ့သူက စစ်သားသွားလုပ်ပြီး အလုပ်ကြိုးစားလိမ့်မယ် "
ထိုလူတွေက မနာလိုစကားတွေမဆိုကြဘဲ သူတို့က ဟန်ချင်စုန့်ကို လေးစားသဘောကျကြသည်ဟု၍သာ ရွှတ်နောက်နောက်ဆိုကြ၏။
"အိုး... ငါ့အိမ်ရဲ့နောက်ဘက်ပြတင်းပေါက်က ပြိုကျသွားတယ်.. အဲဒါကို ပြင်ဖို့ အုတ်နဲ့အုတ်ကြွပ်တွေရှိရင် ကောင်းမယ်"
လူတချို့ကလည်း သူ့ကိုပြန်ကူသယ်ပေးလျှင် အုတ်ချပ်တချို့ချေးငှားမည် ထင်ပြီး ဟန်ချင်းယွမ်ကို ဆိုကြသည်။
ရင်းနှီးမှုကို ဘေးချိတ်ပြီး ခွင့်ပြုချက်စလစ်တစ်စောင်ယူပေးရန် ဟန်ချင်စုန့်ကို အကူအညီတောင်းကာ ၎င်းတို့၏ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူလိုသူများလည်းရှိကြ၏။ ဟန်ချင်းယွမ်က သူပြောသည်ကို နားထောင်ပြီး ဘာကိုဆိုလိုသလဲဆိုသည်ကို ချက်ချင်းသိလိုက်သည်။
"ကျွန်တော် ပြောနိုင်တယ်... အစ်ကိုချင်စုန့်ကို မနှောက်ယှက်နဲ့... သူက ကွန်မြူနတီမှာ အခုမှအလုပ်စလုပ်တာ...သူ့ကိုယ်သူတောင်အခြေမခိုင်သေးဘူး... တခြားသူတွေကို ဂရုစိုက်ဖို့ အင်အားမရှိဘူး... ဝယ်ချင်ရင် တပ်မဟာအတွင်းရေးမှူးဆီသွားပြီး ခွင့်ပြုမိန့်ရဖို့ တန်းစီကြ"
“ဘယ်လိုစကားပြောလိုက်တာလဲကွာ ...ငါတို့က အဲ့လောက် မသိနားမလည်တာမဟုတ်ပါဘူး..."
သူတို့ အားလုံးက ဟန်ချင်စုန့်နှင့် ဆက်ဆံကောင်းရရန် တွေးပြီး အပြေး ကူညီကြ၏။
ဟန်ချင်းယွမ်က သူတို့ကို အမိန့်မပေးပေမဲ့ ရိုးသားပြီး စကားအများကြီး မပြောသည့် ယောက်ျားတချို့ကို အထူးရွေးချယ်ထား၏။ သူတို့က အလုပ်သိပ်မလုပ်သော်လည်း အထူးသဖြင့် စကားပြောကောင်းကြသည်။
သူက လူတွေကို လှည်းငှားဖို့ တပ်မဟာကို ခေါ်သွားသည့်အခါ တခြားသူတွေက ခါးသီးသည့် စကားတွေကို ပြောကြမည်မှာ ဧကန်မလွဲပင်။
"သူတို့ကိုကြည့်... အုတ်ဆွဲသွားတာက ကောင်းတဲ့ကိစ္စနဲ့တူတယ်"
"ညွှန်မှူးကို ငါဖားရင်ရော ဒီလိုပဲလား"
သူတို့လည်း ဖားချင်ပေမဲ့ သူတို့မှာ အနားကပ်နိုင်မည့် အခွင့်အရေးမရှိပေ။
အတန်ကြာ စေ့စေ့စပ်စပ် စဉ်းစားပြီးနောက်
ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ လင်းလန်နှင့်ရင်းနှီးအောင် လုပ်ရန်ဖြစ်ပုံရ၏။
သို့ပေမဲ့ ထိုအမျိုးသမီးက ဟန်ချင်စုန့် ထက်ပင်ပို၍ ပါဝါရှိပြီး ပိုကြောက်စရာကောင်းသည်။ ဟန်ချင်စုန့်က အကြင်နာမဲ့သော်လည်း အကျိုးသင့်အကြောင်းသင့်ရှိသေး၏။ ထိုမိန်းမက နည်းနည်းလေးမှ အကျိုးသင့်အကြောင်းသင့်မရှိ၊ သူမ မပျော်မရွှင်ဖြစ်သည်နှင့် သူတပါးကို ကျိန်ဆဲပေလိမ့်မည်။ သူမကို သွားစ၍မရပေ။
သို့သော် လူယုတ်မာများ၏ ကဲ့ရဲ့ခြင်းကို မကြောက်သည််သူများလည်းရှိကြသေးပြီး အချင်းချင်း ပိုရင်းနှီးရန် စိတ်ကူးဖြင့် လင်းလန်နှင့် နီးစပ်ရန် အခွင့်အလမ်းများ ရှာဖွေ၍ တောက်တိုမရသို့မဟုတ် အနာဂတ်မှာတစ်ခုခုဝယ်ရန် မျက်နှာသာပေးမှုကို တောင်းဆိုသည့်နေရာမှာ အဆင်ပြေလိုကြသည်။
လင်းလန် အိမ်တွင် ဂွမ်းကပ်အဝတ်အစားများ ချုပ်လုပ်နေစဉ် အမျိုးသမီး သုံးဦး အတူတူရောက်လာကြ၏။
မျက်နှာရှည်ရှည်၊ အပြုံးတစ်ခုဖြင့် သူတို့ထဲကတစ်ယောက်မှာ လင်းလန်နှင့် ခပ်ဝေးဝေးနေ လေ့ရှိသော ဟန်ချင်စုန့်ဦးလေး၏ချွေးမ ဖြစ်သူ အမျိူးသမီးကျောင်းဖြစ်လေသည်။
ကျန်သည့်ချွေးမနှစ်ယောက်က မိသားစုထဲမှာ အဝတ်ငါးထည်ပင် မထုတ်ရသေးသော ယောင်းမတွေဖြစ်ပြီး လင်းလန်၏ရယ်စရာလုပ်ရပ်တွေကို တစ်ချိန်လုံးကြည့်ခဲ့ဖူးသော်လည်း ယခုချိန်တွင်မူ သူမယောက်ျား၏အနာဂတ်ကို မနာလိုဖြစ်ပြီး လိုချင်သည့်အရာတွေ၊ ကျော်ကြားမှုတွေရရန် လာမိတ်ဖွဲ့ကြခြင်းဖြစ်၏။
ရိုးရိုးသားသားပြောရပါလျှင် မူရင်းပိုင်ရှင်၏ရယ်စရာလုပ်ရပ်များကို ယခင်က မမြင်ဖူးသူ အနည်းငယ်သာရှိသည်။
လင်းလန်က သူတို့ကို ရှက်ရွံ့သည့် အရိပ်အယောင် နည်းနည်းမှ မပြချေ။
"တဝမ်အမေ... နင် ဂွမ်းကပ်ထည်တွေ ချုပ်နေတာလား... နင် ငါတို့နဲ့ မပူးပေါင်းဘူးလား.. လူတိုင်းက တွဲချုပ်ကြပြီး တစ်ယောက်ကို တစ်ယောက် မြန်မြန်ဆန်ဆန် ချုပ်ဖို့ ကူညီပေးနေကြတာ"
ကျန်သည့် ယောင်းမနှစ်ယောက်ကလည်း သံယောင်လိုက်လေ၏။
"ဟုတ်တယ် ငါတို့ယောင်းမ စက်ချုပ် အရမ်းကောင်းတယ်"
"အိုး...ဒါက ဂွမ်းကပ်အင်္ကျီလား... ဒီအထည်က အရမ်းတောက်တာပဲ"
အမျိူးသမီးကျောင်းက လင်းလန် ဝယ်လာသည်သုံးရောင်ခြယ်အထည်ကို ကိုင်ရင်း ပြောလိုက်သည်။
လင်းလန် : ဟန်ဆောင်မျက်နှာဖုံးတွေ ဝတ်မနေပါနဲ့... ဒါက သာမန်အိမ်လုပ်အထည်တစ်ထည်ပဲ... ကွန်မြူနတီကလုပ်ထားတဲ့ပွင့်ရိုက်အထည်မဟုတ်ဘူး...ဘာမှအံဩစရာမရှိဘူး...
အမျိုးသမီး သုံးဦးအတွက်လည်း သာမန် ဂျက်ကော့ဒ် အိမ်လုပ်အထည်ကို ချီးမွမ်းပြီး ၎င်းနောက် လင်းလန်၏ အချုပ်အလုပ်လက်ရာကို ချီးမွမ်းရပြန်သည်မှာ မလွယ်ကူလှပေ။
ပြုံးရွှင်သော ပန်းသီးပုံ မျက်နှာနှင့် ခပ်ရွှင်ရွှင်မျက်လုံးများဖြင့် အငယ်ဆုံးချွေးမအသစ်ကို လီဖျင်ကော ဟုခေါ်သည်။
သူမက ဘေးနားရှိ စောင်ကို ကိုင်လိုက်ပြီး မြှောက်ပင့်လေ၏။
"ငါ့ယောင်းမကို ကြည့်စမ်း... ချုပ်ရိုးတွေက တကယ်ကို လှပသပ်ရပ်လိုက်တာ"
လင်းလန် : "... အဲ့ဒါ ကလေးတွေအဖေ ချုပ်ထားတာ"
အမျိုးသမီး သုံးယောက်: "..."
xxxxxxx
Part 162
လီဖျင်ကော ချက်ချင်းပင် ရှက်ရွံ့သွားပြီး အလျင်အမြန် လေလုံးထွားလိုက်သည်။
"တွေ့လား ငါ့ယောငိးမ ချုပ်ထားတဲ့ အကျီကလည်း အရမ်းကောင်းတာပဲ... ငါတို့ ထက် အများကြီး ပိုကောင်းတယ်"
သူမ လက် ဆန့်ပြီး လင်းလန် တဝမ်အတွက် ချုပ်ထားသော ဘောင်းဘီကို ဆွဲထုတ်လိုက်ရာ အတွင်းဘက်တွင် ကောက်နေသော ချုပ်ရိုးကြောင်းကြီးများ ပေါ်လာ၏။
အမျိုးသမီးသုံးယောက်: ...
အမျိုးသမီးကျောင်းက လီဖျင်ကောကို စိုက်ကြည့်လိုက်သည်။ လီဖျင်ကော ငိုချမိတော့မည်။
သူမ ထိုသို့ မမျှော်လင့်ထားခဲ့ပါချေ။
လင်းလန်မျက်နှာထားကမူ ပုံမှန်အတိုင်းပါပင် ။ မည်သို့ပင်ဖြစ်စေ သူမက မုန်တိုင်းကို မြင်ဖူးထားသည်ဖြစ်ရာ ကြောက်ရွံ့ခြင်းမရှိပေ။
"ယောင်းမ ဒီနေ့အားလား...ငါ လာပြီး အပ်ချုပ်ချင်လို့ပါ" ဟု အမျိုးသမီးကျန်းက ပြုံးပြီးပြော၏။
"နောင်ကျ ချုပ်စရာရှိရင် ကိုယ့်ဘာကိုယ် မချုပ်နဲ့...နင့်ယောင်းမကိုပြောနော်"
လီဖျင်ကောက ချက်ချင်း နောက်ကတန်း ပြောလိုက်သည်။
"ယောင်းမ...နင့်ရဲ့ ဂွမ်းကပ်ဂျာကင်ကို ပေး... နင်အတွက် ငါချုပ်ပေးမယ်... ဒီအဆင်က တကယ်ကောင်းတယ်...နင်နဲ့လိုက်တယ်... နင့်အတွက် ငါချုပ်ပေးမယ်"
လင်းလန်: "ဒါက မိုင်စွေ့အတွက်ပါ"
ကလေးမလေးရဲ့ ဂွမ်းကပ်ဂျာကင်က သူနဲ့အရွယ်အစားအတူတူကြီးလား...
လီဖျင်ကော : ...! !
"ဟီးဟီး ယောင်းမ ငါအထင်မှားသွားတယ်...ငါက နင့်ဟာလို့ထင်လိုက်တာ..."
လင်းလန်က သူမကို အရှက်မခွဲပါဘဲ
"သူက အရပ်ပိုရှည်လာမှာစိုးပြီး တမင်ကြိးကြီးလုပ်ထားတာတဲ့လေ"
အမျိုးသမီးကျောင်းက ပြော၏။
"နင့်ရဲ့ ဒုတိယယောင်းမက ဖိနပ်လုပ်တတ်တယ်... ဂွမ်းကပ်ဖိနပ်လုပ်မှာလား... နင့်ကို ကူညီမယ်လေ"
ဒုတိယယောင်းမချောင်က တစ်ချိန်လုံး စကားများများစားစား မပြောပေ။ထိုစကားကိုကြားပြီးနောက် သူမက လင်းလန်ကို ပြုံးပြကာ...
"ရာသီဥတုကအေးတယ် ငါတို့ဆောင်းရာသီမှာ ဂွမ်းဖိနပ်ချုပ်ရမှာပေါ့...ပြီးရင် ငါအတွက်ငါ လုပ်မှာလေ...အဲဒီအခါကျ နင့်အတွက်ပါအတူတူ နှစ်ရံလုပ်ပေးမယ်"
လင်းလန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် “ကျေးဇူးအများကြီးတင်ပါတယ်”
သူတို့သုံးယောက်က တတ်နိုင်သလောက် ကူညီနိုင်လိုက်သဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချမိကြသည်။
လင်းလန်က ဆက်လက်ပြောလိုက်၏။
“နောင်ကျ ယောင်းမတို့ ဖိနပ်ချုပ်တဲ့အခါ ကျွန်မကို လှမ်းခေါ်လိုက်ပါ...ကျွန်မသင်ပါ့မယ်"
တခြားသူတွေကို လုပ်ခိုင်းဖို့ရာ မလိုအပ်သေးပါချေ။ လင်းလန်မှာ ကျေးဇူးကြွေးတွေအများကြီးတင်နေသည်။ အထူးသဖြင့် ကိုယ်တိုင်လုပ်ရသည်က ပင်ပန်းပြီး အဖိုးတန်သည်ဟု သူမ အမြဲခံစားရ၏။ ထို့ကြောင့် တစ်ရံ လက်နှင့်လုပ်မည်အစား ပိုက်ဆံအကုန်ခံပြီး သုံးရံဝယ်ပစ်လိုက်မည်။ သူတစ်ပါးကို သာမန်ကာလျှံကာ လုပ်ခိုင်းဖို့က ဝေးရော့ပင်။
သူတို့ သုံးယောက်က အင်းဟုပြောပြီး သူမကို နောက်တစ်ခါ ထပ်ခေါ်လာပြန်သည်။
လင်းလန်က အိမ်ရှိ အထည်ခေါင်းပေါင်းများကို ထုတ်ယူကာ "ယောင်းမ အဝတ်အစားဝတ်ရင် ဒီအထည်ခေါင်းပေါင်းတွေကို ယူသွားပါ"ဟု ပြုံးပြုံးလေး ပြောလိုက်၏။
ပထမတွင် လယ်တောပုံစံ အိတ်သို့မဟုတ် တစ်ခုခု ချုပ်ဖို့ သူမ၏ တီထွင်ဖန်တီးမှုသုံးချင်ခဲ့သော်လည်း ကိုယ့်ဘာသာကိုယ် လုပ်ရန် အလွန်ခက်ကြောင်း သူမတွေ့သွားခဲ့သည်။
အထည်လက်မှတ်တွေကို ချွေတာပြီး ဒုက္ခနည်းအောင် ဝယ်ရန်အတွက် ပိုက်ဆံသုံးသည်က ပိုကောင်းပေ၏။
လီဖျင်ကောက ပြုံးပြီးပြောသည်။
"ဒုတိယယောင်းမက ကိုယ်တုံးလုံးဖြစ်တော့မယ်...သူ သုံးပါစေ"
ဒုတိယချွေးမချောင်က ပြောလေ၏။
" အလတ်လေး...နင်အဝတ်တွေလွှင့်ပစ်တဲ့အခါ ငါနင့်အတွက် ဖိနပ်ခုံအစုံရေ တချို့ရစ်ပေးမယ်...နင့်ဖိနပ်တွေထဲမှာ ဖိနပ်ခုံထည့်လိုရတာပေါ့"
အလွှာ၏အောက်ခြေက ခြေဖဝါးကို ချည်နှောင်ရန် ချည်ကြိုးကို အသုံးပြုရမှာ ဖြစ်ပြီး ဖိနပ်ခုံမှာ အလွှာပေါင်းများစွာ လိုအပ်ကာ ဖိနပ်ခုံချုပ်သည်က အလွန်လက်ဝင်ပေသည်။
သို့သော် ထိုဖိနပ်တွေက ဝတ်ရသည်မှာ အတော်အဆင်ပြေ၏။
"ကောင်းပြီ... ကျေးဇူးတင်ပါတယ်ဒုတိယယောင်းမ "
လင်းလန်က ပြုံးလိုက်သည်။
သူတို့ သုံးယောက် အကြည့်ချင်းဖလှယ်ကြပြီး ပန်းတိုင်ရောက်ပြီဖြစ်၍ လင်းလန်ကို စိတ်အနှောက်အယှက်မဖြစ်စေရန် အကြာကြီးမနေကြပေ။ အနာဂတ်မှာ ဘာမှလုပ်စရာမရှိပါက ရင်းနှီးမှုတိုးရန်အတွက် လာပြီးလည်ကြမည်ဟု သူတို့တွေးထားလိုက်ကြ၏။
သူတို့ မထွက်ခွာခင်မှာ တခြားအမျိုးသမီးတစ်သုတ်ကလည်း ဂွမ်းကပ်ဂျာကင်တွေချုပ်ရန်၊ ဖိနပ်လုပ်ရန်တို့ကိုပဲ အကြောင်းပြပြီးရောက်လာကြကာ တချို့က ခြင်းတွေဖျာတွေ ရက်ပေးချင်သည်ဟု ဆိုကြသည်။
ခြင်းဟူသောအသံ ကိုကြားသောအခါ လင်းလန် သူမ၏မူလအိမ်ပြန်မည့်အကြောင်း စဉ်းစားမိသွားပြီး သူမ မူလအိမ်ကိုပြန်သွားရန် နည်းလမ်းရှာဖို့ အချိန်ရပါ့မလားဟု တွေးမိ၏။
အိမ်မှာ ခြင်းတွေ ပြတ်လပ်မှု မရှိပေမဲ့ ဝါးဖျာအသစ် နှစ်ချပ်ကိုမူ ဝယ်ရပေဦးမည်။
နှံစားပြောင်းရိုးဖျာ များကို ဒေသတွင်းတွင် အသုံးပြုကြသည်။
နှံစားပြောင်း ရိုးတံများကို မြစ်ထဲတွင် တစ်ညလုံးထားပြီးနောက် ဆယ်ယူကာ ထက်ခြမ်းခြမ်း၍ အတွင်းသားများကို ခြစ်ထုတ်ရ၏။ ၎င်းနောက် ရိုးတံပျော့သွားစေရန် ဒလိမ့်တုံးနှင့် လိမ့်ပြီး ၎င်းကို ဖျာရက်လုပ်ရာတွင် အသုံးပြုနိုင်သည်။
ဤဖျာမျိုးသည် တောင်ပိုင်းရှိ ဝါးဖျာထက် သဘာဝအားဖြင့် ပိုညံ့သော်လည်း ဝါးဖျာများသည် အဆင်ပြေပြီး စျေးသက်သာသော ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် ဒေသခံအားလုံး ဤဖျာမျိုးကို အသုံးပြုကြ၏။
ယေဘုယျအားဖြင့် အလုပ်ပါးသည့်ရာသီ သို့မဟုတ် ဆောင်းရာသီအတွင်း၌ ယောကျာ်းသားများက ဖျာရက်ရာမှာ အားပြုလုပ်ကြပြီး
သူတို့ထဲက အများစုက အလုပ်မှတ်များရရန်အတွက် အဖွဲ့အတွက် ဖျာရက်ကြခြင်းဖြစ်သည်။
ကွန်မြူနတီအဖွဲ့ဝင်များအနေဖြင့် ၎င်းကိုအဖွဲ့ထံမှဝယ်ယူနိုင်၏၊ထိုသို့မဟုတ်ပါက မိမိဘာသာမိမိ သုံးပြုရန်အတွက် သိမ်းဆည်းထားသော နှံစားပြောင ရိုးတံများကို အသုံးပြုနိုင်ပေသည်။
မိသားစုခွဲထွက်ပြီးနောက် လင်းလန် ထိုင်ခုံတသစ်ခုမှမရခဲ့ပေ။မိသားစုထဲက ထိုင်ခုံနှစ်ခုံက ကျိုးသွားသည့်အတွက် အသုံးပြု၍မရတော့ပေ။
သူမလည်း အသစ်နှစ်လုံးဝယ်ချင်သည်။
သူမအဖေကလည်း ဖျာရက်တတ်သော်ငြား ရာသီက မစသေးသလို ဆောင်းတွင်းမှလည်း ဖြစ်ကောင်းဖြစ်နိုင်သဖြင့် အမေ့အိမ်ပြန်သည့်အခါ ဝယ်မရပါက သူမက ရွှာထဲကနေ ဝယ်၍ရ၏။
သူမက ခြင်းရက်သည်ကို စိတ်မဝင်စားသည့်အတွက် ဖျာလုပ်သူ အမျိုးသမီးကိုပဲ မေးလိုက်သည်။
"အနွေးကုတင်နဲ့ တိုင်းပြီး အော်ဒါမှာလို့ရမလား... ကျွန်မအနွေးကုတင်က အကြီးတစ်ခု အသေးတစ်ခု ...ပုံမှန်အရွယ်အစားနဲ့ အဆင်မပြေဘူး"
––— ချွေးမက ရယ်လေ၏။
"ရတာပေါ့...ဘယ်လိုပဲဖြစ်ဖြစ် သူတို့အကုန်လုံးက ဝါးခြမ်းတွေနဲ့ လုပ်ထားတာပဲလေ "
လင်းလန်က နှစ်ချပ်မှာလိုက်သည်။
"တဝမ်အမေ ...မင်းက အိမ်ဆောက်ချင်နေတာမလား... ဘာလို့ ဖျာတွေ မှာနေ သေးတာလဲ... အရွယ်အစား မကိုက်မှာ မကြောက်ဘူးလား"
xxxxxx