အပိုင်း ၁၆၃-၁၆၄
Viewers 20k

Part 163


လင်းလန်က ပြောလိုက်သည်။


 "ဘာလို့ အလုပ်မဖြစ်ရမှာလဲ... အိမ်အသစ်က ပိုကြီးလာမှာ... နံရံကို  သတင်းစာနဲ့ကာမှာ မဟုတ်ဘူးလေ... အချိန်တန်ရင် ဖျာကို နံရံမှာ တိုက်ရိုက် ကပ်လိုက်ရုံပဲ...သန့်ရှင်းပြီး သိပ်လှတယ်" 


 အမျိုးသမီး အတော်များများက သူမ၏ အထိန်းအကွပ်မဲ့သော လေသံကြောင့် ချဥ်စူး(မနာလို) ကုန်ကြ၏။ ဖျာက ဈေးမပေါချေ။

 ဘယ်သူက ဖျာအသစ်ကို  တစ်နှစ်ပတ်လုံး သိမ်းမထားဘဲ ဝယ်နိုင်ပါမည်နည်း။ သူမလိုမျိုး လအနည်းငယ်စာအတွက်ပဲ မည်သို့ သုံးနိုင်ပါမည်နည်း။ အဆင်မပြေရင် နံရံမှာ တိုက်ရိုက်ကပ်လို့ရတယ်တဲ့လား...


    လင်းလန်က ကြွားပြော နေသည်ဟု သူတို့ထင်ကြသည်။  အခုယောက်ျားက ညွှန်မှူးဖြစ်နေပြီး သူမမှာ ပိုက်ဆံရှိလေရာ အဘယ်ကြောင့် မကြွားဘဲနေရပါမည်နည်း။


    ဟမျ့...


    လင်းလန် သူတို့မျက်နှာတွေ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ  သူမ အနည်းငယ် ပဟေဋ္ဌိဖြစ်မိသွား၏။  နံရံမှာ ဖျာတွေ ကပ်လို့မရဘူးဆိုတာ ဖြစ်နိုင်ပါ့မလား...  တခြားသူတွေရဲ့ လုပ်အားကို မလေးစားလို့ သူမကို လာပြီး အပြစ်တင်နေတာလား...


လင်းလန်အနေဖြင့်     ယွမ် 12,00က အခြားသူများအတွက် အလွန်များပြားသောငွေပမာဏဖြစ်သော်ငြားလည်း  သူမမှာ ကြွားရန် ရည်ရွယ်ချက်မရှိပါဘဲ  ယွမ်ငွေ 2,00လောက် သာရှိသည်ဟုပဲ ခံစားရသည်။


    သို့သော် သူမက တုံးအ,မနေသောကြောင့်  ချဉ်စူးစူးစကားများ ပြောဆိုနေသူများကို သဘာဝအတိုင်း  ကြားနိုင်ပြီး ထို့အတူပင် သူမအပေါ် မဖော်ရွေသောသူများကို ဂရုမစိုက်ပါချေ။


    ပြန်မသွားဘူးဆိုပါက သူမ မပျော်ဘူးဆိုသည်ကို ပြဖို့ အေးစက်စက်မျက်နှာကို ပြောင်ပြောင်ဘွင်းဘွင်း ပြရလိမ့်မည်။


    ဤနည်းဖြင့် နေ့ခင်းတိုင်း အိမ်သို့ အမျိုးသမီးအဖွဲ့ အများအပြား ရောက်လာပြီး လင်းလန်မှာလည်း ပဟေဋ္ဌိဖြစ်နေရသည်။


အကယ်၍ သူမနေရာမှာ ခေါင်းဆောင်ဟန်ချင်စုန့် ဖြစ်ခဲ့ပါလျှင်  သူတို့ ယခင်ကမလာကြပါဘဲ ယနေ့မှ အဘယ်ကြောင့် အတူတူရောက်လာကြသည့်အကြောင်းကို သိလိမ့်မည်ဖြစ်၏။


    အုတ်နှင့်အုတ်ကြွပ်ပြားများ ဝယ်နိုင်သောကြောင့်ဟု၍ဖြစ်ကြောင်းကိုမူ  သူမ အမှန်တကယ် မျှော်လင့်မထားခဲ့ပေ။ 


  သူမ တဝမ်အတွက် ဂွမ်းကပ်ဂျာကင်နှင့် ဘောင်းဘီရှည်ကို ချုပ်ပေးစဥ်တွင် အပြင်ကနေ အော်ဟစ်ငိုယိုသံကို သူမကြားလိုက်ရသည်။  ဘယ်မိန်းမက  ထပ်ပြီး လူမြင်ကွင်းမှာ  ပြဿနာရှာပြန်တာလဲ...


   သူမက ပြဿနာအရှာရပ်လိုက်ကတည်းက  နောက်တိုးတွေအများကြီးရှိနေဆဲဖြစ်ကြောင်း သူမတွေ့လိုက်ရ၏။


 နားထောင်ကြည့်ပြီးနောက်  အသံက အလွန်ရင်းနှီးနေသည်။ ဘာဖြစ်နေမှန်းမသိပါဘဲ အချိန်အတန်ကြာ ငိုယိုကြိမ်းမောင်းနေသူက အမှန်ကို ယုဝူဇီဖြစ်နေ၏။


    အသံက ပိုပိုနီးလာပြီး နောက်ဆုံးတွင်  သူမအိမ်အနောက်ဘက်မှာ ရပ်သွားသည်၊၊


    လင်းလန်သည် ဒေါသတကြီးဖြင့် အဝတ်အစားတွေကို ပစ်ချပြီး  ပြေးထွက်ကာ ကြည့်လိုက်၏။


  ယုဝူဇီက သူမအိမ်အနောက်ဘက်မှာ ဆဲဆိုကြိမ်းမောင်းနေသည်ကို သူမ တွေ့လိုက်ရသည်။ 


  ကျိန်ဆဲခြင်းနှင့်ပတ်သက်၍ ရှန်ရွေ့ရွာမှာ လင်းလန်က  နံပါတ်နှစ်ဖြစ်သည်ဟုဆိုလျှင် မည်သူမျှ ကိုယ့်ကိုကိုယ် နံပါတ်တစ်ဟု မဆိုဝံ့ကြပေ။


   ယုဝူဇီက သူမတင်ပါးကို လက်တစ်ဖက်နှင့် ထောက်ကာ  ကျန်လက်တစ်ဖက်က လင်းလန်၏အိမ်ကို အိမ်ပြိုအောင်လုပ်နေသလိုမျိုး   လက်ညှိုးငေါက်ငေါက်ထိုးနေ၏။  တစ်ချိန်တည်းမှာပင် သူမက ရက်ရက်စက်စက်ကို ကျိန်ဆဲနေသည်။ အပြင်းထန်ဆုံးသော ကျိန်ဆဲစကားများအရောက်တွင် သူမက  ခြေထောက်များကို ကား​၍  ရှေ့သို့ ပြေးတက်၏။ 


    ဤပန်းချီကားပုံစံ(မြင်ကွင်း) က တကယ်ကို မျက်စိဖမ်းစားစရာကောင်းလေသည်။ 


    ကလေးများစွာက ဝိုင်းအုံပြီး  သူမနောက်ကနေ လိုက်သင်ကြ၏။


    အလုပ်ကပြန်လာသည့် အရွယ်ရောက်ပြီးသူတချို့က  အနီးနားမှာရပ်ကာ စိတ်ဝင်စားစရာကို စောင့်ကြည့်နေကြသည်။


    "ဟန်ချင်စုန့်က သူ့သားကျန်းအာ ကို ငါးနှစ် အလုပ်သမား ပြုပြင်ပြောင်းလဲရေးလုပ်ဖို့  အပြစ် ဒဏ်ချမှတ်လိုက်တာ"


    "အပြစ်ဒဏ်က ထွက်လာပြီလား"


    "အမလေး ငါးနှစ်...ဘာလို့ အချိန်မဆွဲတာလဲ"


    "ဒီကလေးက တစ်နေ့ကုန် အလုပ်လုပ်တာမဟုတ်ဘူး  ...ပြဿနာပတ်ရှာနေတာ...  သူ့ကို ချုပ်ချထားလိုက်တော့ ပိုကောင်းတာပေါ့...အိမ်မှာ ဒုက္ခပေးတော့မှာမဟုတ်ဘူး " 


"ယုဝုဇီပြောတာတော့ သူ့သားက လက်တုံ့ပြန်ခံရတာတဲ့... ဒါ မတရားဘူး... ခရိုင်ကို သွားတိုင်ရမှာ”


    “ဒါဆို ဘာလို့ မသွားတာလဲ”


    “ကျွတ် သူ(မ) မသွားချင်ဘူးလို့နင်ထင်နေတာလား... သူ(မ)က ကွန်မြူနတီကိုတောင်သွားလို့မရဘူး ...တပ်မဟာ အတွင်းရေးမှူးက သူ့ကို သွားခိုင်းမှာမဟုတ်ဘူး"


    "တပ်မဟာ အတွင်းရေးမှူးက ကြီးစိုးလွန်းတယ်...ဘယ်သူ့ကိုမှ သွားတိုင်ခွင့်မပြုဘူး"


    "လျှောက်ပြောမနေနဲ့  ... ငါတို့ရဲ့ တပ်မဟာအတွင်းရေးမှူးကို ငါအရမ်းလေးစားတာ"


    "ဆူဆဲနေတာကြီးက တကယ်ကိုရုပ်ပေါက်တယ်... လုံခြုံရေး ညွှန်မှူးက ဘယ်မှာလဲ... တပ်မဟာအတွင်းရေးမှူးရော ဘယ်ရောက်နေလဲ "


    လင်းလန် ချဉ်းကပ်လာသည်ကို တစ်ယောက်ယောက်က မြင်သောအခါ  ပါးစပ်ပေါက်ကို ချက်ချင်းပိတ်ကာ ဖော်ဖော်ရွေရွေ နှုတ်ဆက်လေသည်။


ဤသည်က   ညွှန်မှူး၏မိန်းမဖြစ်၏။  သူမက ယခင်က *ကြွက်စုတ်ဖြစ်ခဲ့လျှင်ပင်  ယခုအချိန်မှာ မည်မည်ရရ အဆင့်အတန်းမြင်သောသူတစ်ယောက် ဖြစ်နေလေပြီ။

(T/N-အပေါက်ဆိုးဆိုးအမျိုးသမီး)


   အရင်တုန်းက လင်းလန်ကို အစာနာအမဲ့ဆုံး ရယ်မောလှောင်ပြောင်ကာ  ​အဖြစ်အပျက်များကို အကြည့်ဆုံးသူက အခု သူမအပေါ် စိတ်အားထက်သန်ဆုံးသူဖြစ်နေ၏။ 


  လင်းလန်ကမူ ဟက်ဟက်ပက်ပက်ရှိမနေပေ။

 "ဘယ်မှာ လာဆဲဆိုနေတာလဲ"


    "ကိစ္စကြီးကြီးမားမားလည်းမဟုတ်ဘဲနဲ့ ... ရှင်က ဘာလို့ ဒီလောက် အရှက်မဲ့နေရတာလဲ၊...ရှင့်သားက လူဆိုးဖြစ်နေတာကို  တခြားသူတွေအပေါ် အားကိုးနေသေးတာလား"


    လူတချို့က လင်းလန်ကို အလုအယက် တိုင်ကြလေသည်။

 "အဲ့ဒီနေ့လည်ကဆို ဘယ်လိုလုပ်မလဲ ... ကွန်မြူနတီက စီရင်ချက်ချပြီးတော့ ယုဝူဇီက  ကွန်မြူနတီကို ပြဿနာသွားရှာချင်နေတာ... ဒါပေမဲ့  တပ်မဟာအတွင်းရေးမှူးက သူ့ကိုတားပြီး အလုပ်သွားဖို့  အော်ငေါက်ပစ်လိုက်​တယ်လေ... သူ့စိတ်ထဲမှာ အာဃာတတွေရှိနေတာပဲ ဖြစ်ရမယ်... အလုပ်ဆင်းတာနဲ့ ဒီကိုတန်းလာပြီး ဆူဆဲနေတာလေ"


    လင်းလန်က နှာခေါင်းရှုံလိုက်ပြီး ယုဝူဇီဆီ ဖြတ်လျှောက်သွားလိုက်၏။


    လင်းလန် အနားကပ်လာသည်ကိုမြင်ရာတွင်ယုဝူဇီက အသံကို  လျှော့လိုက်လေ သည်။


    လင်းလန်က ပြုံးပြီးပြော၏။

 “ရှင်က ကျွန်မကိုကြိမ်းနေတာလား... ဆက်ကြိမ်းပါ”


    ယုဝူဇီက ခါးခါးသီးသီးဖြင့် ဆိုလိုက်သည်။


 “ငါ နင့်​ကို မကြိမ်းဘူး ကြောက်တဲ့သူတွေကပဲ ကြိမ်းကြတာ"


    လင်းလန်က လက်နှစ်ဖက်ကို ပိုက်ကာ ဘေးကနေ ကြည့်လိုက်သည်။ 


ထိုသည်က သူမနှလုံးသားကို ထုံကျင်သွားစေပုံရပြီး သူမဆက်မကြိမ်းနိုင်တော့ပေ။


   

xxxxxxx

Part 164


လင်းလန် : "ဘာလို့ မကြိမ်းတာလဲ ...ရှင်ကကျွန်မကို ကောင်းကောင်းကြီးကြိမ်းနေတာမဟုတ်ဘူးလား "


    ယုဝူဇီ : အရူး... ကြိမ်းနေတာက နင်...


    လင်းလန်က ပြုံးပြီး “သွား... ကျယ်ကျယ်ပြော မဟုတ်ရင်  ရှင်းရှင်းလင်းလင်း မကြားရဘဲနေမယ်"ဟု ပြောကာထွက်သွားလေ၏။


    လင်းလန်က ပြန်မရန်မလုပ်တော့သည်ကို မြင်ရာတွင်  ယုဝူဇီ လင်းလန်က သူမမဖမ်းနိုင်ဘူးဟုထင်သွားသည်။ သူမ  သူ့(မ)ကို နာမည်မတပ်ဘဲ ဆူပူကြိမ်းမောင်းနေသောကြောင့် သူမကို လုံးဝ ပြန်မကြိမ်းရဲခြင်းဖြစ်ရမည်။


    ဟန်ချင်စုန့် ညွှန်မှူးအဖြစ် အလုပ်ပြောင်းခံရခြင်းနှင့်ပတ်သက်၍ ပထမဆုံးအမှုမှာ သူမ၏သားဖြစ်သူအား ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယုဝူဇီ  ၎င်းကို သေအောင် မုန်းတီးလေသည်။ ယနေ့မက်တွင်  အဖွားကြီးဟန်ကို  ကွန်မြူနတီဆီသို့ လူတွေခေါ်သွားပြီး ပြဿနာရှာရန်  လှုံ့ဆော်ပေးခဲ့သော်လည်း လုံခြုံရေးညွှန်မှူး၏ တားဆီးခြင်းကိုခံခဲ့ရကာ တပ်မဟာအတွင်းရေးမှုးဟောင်းကကွန်မြူနတီသို့သွားလျှင် အလုပ်အမှတ်များကို နုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့၏။ တစ်ရွာလုံးကို အစည်းအဝေးထိုင်ပြီး ဝေဖန်ခိုင်းခဲ့သည်။


   တပ်မဟာအတွင်းရေးမှူးဟောင်းကို ထိပ်တိုက်ရင်မဆိုင်ရဲသဖြင့် နာခံမှုရှိရှိ အလုပ်သွားခဲ့၏။ယခုအခါတွင်  အလုပ်ပိတ်သဖြင့် သူမသည်းမခံနိုင်တော့သည်မှာ သဘာဝပင်။


    လင်းလန်က သူမဆီရောက်လာသောအခါ စကားမပြောဝံ့သည်ကို မြင်လိုက်ရသဖြင့် သူမသည် ပို၍ပင် စိတ်လှုပ်ရှားလာပြီး  ခုန်ပေါက်ကာ ဆူဆဲကြိမ်းမောင်းတော့သည်။


    သူမက  "နင့်ကို လှည့်စားခိုင်းတယ်... ငါ့သားကို အချုပ်ချထားတယ်...တစ်မိသားစုလုံးက ရက်စက်လို့ အသက်တိုကြမှာ... နတ်ဘုရားတွေပဲ...အာ့..."ဟု ခုန်ပေါက်ပြီး ကြိမ်းမောင်းလိုက်သည်နှင့်...သူမ ကျိန်ဆဲ၍ မပြီးခင်မှာ  သူမ၏ခြေထောက်က စူးရှသော နာကျင်မှုကိုခံစားလိုက်ရသည်။


 ခေါင်း လှည့်ကြည့်လိုက်သည်နှင့် လင်းလန်က ဘယ်ကမှန်းမသိ ပြန်ရောက်လာပြီး သူမလက်ထဲတွင် သူမလက်က လက်ချောင်းလေးတွေလောက်  တုတ်သော ဆူးကိုင်းတစ်ကိုင်းကို ကိုင်ကာ သူမကို အားနှင့်မာန်နှင့် လွှဲရိုက်နေသည်ကို မြင်လိုက်ရ၏။


    "အားးး-" 

ယုဝူဇီ စူးစူးဝါးဝါး အော်ဟစ်ပြီး မြန်မြန် ပုန်းလိုက်သည်။


    "ရှူး..."

လင်းလန်က ကလေးကစားစရာ ဂျင်ကို သူမလက်မောင်းတွင်ရစ်ပတ်ကာ အစွန်း ကိုထုတ်လိုက်သဖြင့် အစွန်းက အထက်အောက် ခုန်ပေါက်နေပြီး သရဲတစ္ဆေ ဝံပုလွေတွေလိုမျိုး တဝီဝီအသံထွက်နေ၏။


    "ပြည်သူတွေကို အနိုင်ကျင့်နေတယ်...အရာရှိတွေက သာမန်ပြည်သူတွေကို အနိုင်ကျင့်နေပါတယ်..."  


ယူဝူဇီ သူမ၏တင်ပါးတွေကို အုပ်ပြီး ခုန်ဆွ ခုန်ဆွဖြင့်   ထိုင်ချလိုက်ပြီး ကျောကို ပွတ်သပ်လိုက်ရာ  နာကျင်မှုက သူမကို မီးလိုမျိူး ပူစပ်သွားစေသည်။


   လင်းလန် : "ကျွန်မရှင်ကို့ မဟုတ်တမ်းတရားတွေပြောခွင့်ပြုထားတယ် လေ... ကောလဟာလတွေလည်း ဖြန့်ခွင့်ပေးထားတယ်လေ... ရှင်ကမှအနိုင်ကျင့်တဲ့သူ..."


    "ရပ်စမ်း..." 


လုချွမ်းဖန်က သတင်းကြားကြားချင်းရောက်လာပြီး  လင်းလန်ကို ရှေ့တိုးကာ တားလိုက်၏။


 "နင် ဘာလို့ သူများကို ရိုက်ရတာလဲ"


 လင်းလန်က သူလက်ကိုရပ်လိုက်ပြီး ဟွန်းခနဲ နှာမှုတ်လိုက်သည်။

 "ရှင်ဒီမှာ ကျိန်ဆဲနေတာရဲ့ ဩဇာတိက္ကမကို  ကျွန်မ ထပ်ကြားပါရစေဦး...တွေ့တာနဲ့ ကျွန်မအသေရိုက်မယ်...  မယုံရင် စမ်းကြည့်စမ်း"


    "နင် နင်အရမ်းလွန်တာပဲ... နင်က ယုတ္တိမဲ့လွန်းတယ်...နင်က အသိသာကြီးကို အနိုင်ကျင့်တဲ့သူပဲ..." လုချွမ်းဖန် လင်းလန်ကို အလွန်အမင်းမုန်းတီးလေ၏။  ယခု ဤပေါက်ဆိုးဆိုးအမျိုးသမီးက အာဏာရလာပြီး ယင်းက ဟန်ချင်စုန့်နှင့်ရှန်ရွေ့ရွာအတွက် အရှက်တကွဲအကျိုးနဲဖြစ်စေသည်။ 


    ဤကဲ့သို့ အောက်တန်းကျသော၊ပျစ်နှစ်နေအောင် အပေါက်ဆိုးသော၊  ပညာမတတ်သောသူက ခေါင်းဆောင်၏ဇနီးဖြစ်ရန် လုံးဝ မထိုက်တန်ပေ။


    လင်းလန်လို အပေါက်ဆိုးဆိုးအမျိုးသမီးက သူ့ဂုဏ်သိက္ခာကို ထိခိုက်စေပြီး သူ့ကို မနှေးနှင့်အမြန် အရှုပ်အထွေးတွေဖြစ်စေမှာ ဖြစ်သည့်အကြောင်း  သူမ ဟန်ချင်စုန့်ကို ဖြောင့်ဖြဖို့ရာအခွင့်အရေးရှာရမည်။ 


    “လမ်းပေါ်မှာ ဆဲဆိုသူတိုင်းကို ကြိုးချည်ပြီး ကွန်မြူနတီထဲ ပို့လိုက်...ကျှန်မတို့ရွာရဲ့ ဂုဏ်သတင်းကို မထိခိုက်စေနဲ့” ဟု လင်းလန်က ရင့်ရင့်သီးသီး ပြန်ပက်လိုက်၏။ 


လုချွမ်းဖန်: "ကျိန်ဆဲနေရာမှာ နင်က အတော်ဆုံးပဲ... ဘာလို့ နင့်ကိုကြိုးနဲ့ချည်ပြီး မပို့ရမှာလဲ"


   လင်းလန်: "ဘယ်နေရာကို ကြည့်ပြီးနင်က ကျိန်ဆဲတယ်ပြောနေတာလဲ"


လုချွမ်းဖန်စကားပြောရင်း သူမကို ပါးလာရိုက်မည်စိုးသဖြင့်  လင်းလန်ကို သတိနှင့်ကြည့်လိုက်သည်။


    လင်းလန်က ပြော၏။ "နင်က အတိတ်အကြောင်းကို သိပ်ပြောတာပဲ...  အခုလည်း က အတိတ်အကြောင်းပြောနေပြန်တာလား... ပစ္စုပ္ပန်အကြောင်းကိုကျဘာလို့ မပြောတာလဲ"


    လင်းလန်၏လက်ထဲတွင် ဆူးကိုင်း၏တစ်ချက်ဝေ့ယမ်းမှုနှင့်အတူ လုချွမ်ဖုန်း ကြောက်လန့်တကြား  ထွက်ပြေးတော့သည်။


    လင်းလန်က ခြိမ်းခြောက်သည့်အကြည့်ဖြင့် ကြည့်ကာ "ကျွန်မ ဒုတိယအကြိမ် မကြားရစေနဲ့... ပြဿနာရှိရင် ဖြေရှင်းဖို့ တပ်မဟာကိုသွား... လမ်းပေါ်ထွက်ပြီး ဆူပူကြိမ်းမောင်းတဲ့ သူတွေကို ကြိုးတုပ်ပြီး ကွန်မြူနတီကို ပို့မယ်"


    သူမပြောပြီးသည်နှင့် လုချွမ်းဖန်  ဒေါသထွက်လွန်း၍ ဇိုးဇိုးဆတ်ဆတ်တွေတုန်လာပြီး  မျက်ရည်တွေ အလုံးလိုက် အလိမ့်လိုက်ကျလာတော့၏။


    လင်းလန် အဖွားကြီးဟန်၏အိမ်နားက ဖြတ်သွားသောအခါ သူမ မျှော်လင့်ထားသည့်အတိုင်း အဖွားကြီးဟန်ကလည်း ပြဿနာရှာနေသည်ကို  တွေ့လိုက်ရသည်။


    ထုံးစံအတိုင်း ယုဝူဇီကဲ့သို့ပင် ဟန်ချင်စုန့်က ဟန်ချင်ဟွကို ​အပြစ်ဒဏ်ငါးနှစ် ချမှတ်ခဲ့ပြီး အိမ်ပြန်လွှတ်ရန် ငြင်းဆိုခဲ့သည့်အတွက်ဖြစ်ပေ၏။  သူမ ကွန်မြူနတီသို့ သွားပြီး ဒရာမာခင်းချင်သော်လည်း တပ်မဟာ အတွင်းရေးမှုးဟောင်းကို ကြောက်သဖြင့် မသွားဝံ့ချေ။


    မနက်ပိုင်း စီရင်ချက်ချသည့် အချိန်မှာ ကွန်မြူနတီက အေးအေးဆေးဆေးရှိနေပြီး ဖြစ်ရပ်သေးသေးလေး တစ်ခုသာရှိခဲ့၏။


ယင်းက ဂျပုနှင့်ဂျပိန်၏မိသားစုနှင့် ဘာတစ်ခုမှမသက်ဆိုင်ချေ။ သူတို့က သူအရိုက်များခံရသလားနှင့်အစာကျွေးမကျွေးတို့ကိုသာ လာကြည့်ခြင်းဖြစ်ပြီး  အရိုက်မခံရလို အစာလည်းကျွေးသည်ကို တွေ့ရသောအခါ  စိတ်သက်သာရာ သွားကြသည်။ သူတို့က သူ့ကို  ကြိမ်ဖန်များစွာ ဆူငေါက်ပြီး ရိုက်နှက်ကြ၏။


 " ဒီဒုတိယမျိုးဆက်ကောင်နဲ့ မတွဲဖို့ မင်းကို ငါအမြဲပြောတယ်... ဒါပေမဲ့ မင်းကပေတေနေပြီး နားမထောင်ဘူး...  အခုတော့ ကျေနပ်ပြီလား ... မင်းပါ ပြဿနာနဲ့ဝင်ငြိသွားပြီ... ...ကောင်းလိုက်တာ"


    လုပ်သား ပြုပြင်ပြောင်းလဲရေး စိုက်ခင်းများသည်  အကျဉ်းထောင်များ မဟုတ်ကြပေ။  အမှန်တကယ်အားဖြင့် ၎င်းတို့သည် လူတွေ ၎င်းတို့၏ အလုပ်ကို စူးစူးစိုက်စိုက်လုပ်ရသည့် လယ်မြေများ ဖြစ်ကြသည်။ အလုပ်ပြီးပါက အခြားအရာများကို လုပ်ဆောင်နိုင်ပေသည်။ မိသားစုဝင်များကလည်း လာရောက်လည်ပတ်ရန်   ပစ္စည်းများပေးပို့ရန် လျှောက်ထားနိုင်၏။ အလုပ်လုပ်ပြီး အလုပ်အမှတ်တွေရနေသရွေ့ အစား ကောင်းကောင်းစားနိုင်ပေသည်။


    ထို့ကြောင့် အနှီနှစ်ဖက်မိဘတွေက စိတ်မပူကြပေ။


    xxxxxxxx