အပိုင်း ၁၆၅-၁၆၆
Viewers 24k

Part 165


လျှိုချွန်းဟယ်၏ မိသားစုမှ ယုဝူဇီနှင့် ဟန် မိသားစုမှ အဖွားကြီးဟန့်တို့သာလျှင် မနေနိုင်ဘဲ နေ့ခင်းဘက် အလုပ်ဆင်းသည်နှင့် ကွန်မြူနတီသို့ ပြဿနာရှာသွားချင်ကြသော်လည်း ရွာမှ ထွက်လာသောအခါတွင် လုံခြုံရေး ညွန်မှူး ဦးဆောင်သော ကျေးရွာပြည်သူ့စစ်၏ လမ်းပိတ်ခြင်းကို ခံခဲ့ရသည်။ 


    "ရုံံးတာဝန်တွေမှာ ဝင်ရောက်စွက်ဖက်ရင် တိုက်ရိုက်ဖမ်းဆီးရလိမ့်မယ်"


    ယုဝူဇီနှင့် အဖွားကြီးဟန်တို့ တစ်ယောက်ကိုတစ်ယောက် တစ်သက်လုံး မကြိုက်ခဲ့ကြသော်လည်း  အသက်ကြီးလာသည့်အခါ မဟာမိတ်ဖွဲ့ပြီး တစ်ယောက်ကိုတစ်ယောက် စာနာပြီး ငိုယိုထောက်ခံခဲ့ကြ၏။ 


  သို့ပေမဲ့ ပြောင်ပြောင်ဘွင်းဘွင်းပြောရပါလျှင်  သူတို့က အိမ်မှာ သူတို့၏ချွေးမနှင့်မြေးတွေကို ဆူပူကြိမ်းမောင်းသည့်သူတွေသာ ဖြစ်ပြီး  ရွာမှာအကြမ်းဆုံး နံပါတ်တစ်အဖြစ် သတ်မှတ်ရလောက်သော်လည်း  ရွာက ကေဒါတွေက အတည်ပေါက်လုပ်ပါက သူတို့ ဘာတတ်နိုင်ပါမည်နည်း။ 


    တခြားဘာမှပြောမနေစရာမလိုပါဘဲ ဟန်ရုံဖန်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

 "ဘယ်သူက ငါ့ကို အရှက်ခွဲနေတာလဲ...ဘယ်သူက ငါတို့တပ်မဟာကို အရှက်ခွဲဖို့ ကွန်မြူနတီကို သွားချင်နေတာလဲ ...သူ့ကို ဖမ်းပြီး တစ်ရွာလုံး ဝေဖန်သုံးသပ်ဖို့ ညဘက် အစည်းအဝေးလုပ်မယ်..."


    ယုဝူဇီနှင့်  အဖွားကြီးဟန်   အချုပ်ချထားရန်  အမိန့်ပေးခံခဲ့ရသည်။


    မိသားစုနှစ်စုမှ ယောကျာ်းသားများက  ဆောလျင်စွာ တောင်းပန်ကြပြီး ကောင်းသောစကားများအကုန်ပြောကာ အဘွားကြီးနှစ်ယောက်ကို ပြန်ခေါ်သွားကြသည်။


    လက်ရှိတွင် အဖွားကြီးဟန်သည် ယုဝူဇီ နှင့် အချိန်းအချက်လုပ်ထားပုံရပြီး ပြဿနာရှာပြန်၏။


သူမက ဟန်ချင်စုန့်ကို ဖိအားပေးရန်အတွက် ဟန်ချင်စုန့်ပြန်အလာကို စောင့်နေကြောင်း လင်းလန်သိသည်။ ဟန်ချင်စုန့်က သူ့ညီကိုလွှတ်မပေးသရွေ့ အဖွားကြီးဟန်က သူ့အပေါ်မှာ လှည့်ကွက်တွေလုပ်နေမည်မှာ သေချာပေါက်ပါပင်။


သူမက ခြေကိုမြှောက်ကာ အထဲဝင်လိုက်၏။

အဖွားကြီးဟန်က  ဟန်ချင်စုန့်ကို သူ့စကားတွေကို ပြောင်းပစ်အောင် မည်သို့ဖိအားပေးရမလဲဆိုသည့်အကြောင်းတွေကာ ဟန်ကျင်းယုကို သူမနှင့်အတူ အိမ်မှာနေပြီး နေ့လည်ပိုင်းမှာ အကြာကြီး ဆွေးနွေးခိုင်းခဲ့သည်။

 

ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမျှ  မမြင်ဖူးသည်ဖြစ်ရာ ဟန်ကျင်းယုအနေဖြင့် စာအုပ်တွေအများ

ကြီး ဖတ်ထားသော်လည်း အချည်းနှီသာပင်။ 

 "သမီးအစ်မနဲ့ ခဲအိုကိုပြန်လာခိုင်းချင်လား"


အဖွားကြီးဟန်က ရက်ဘက်ကိုဖိကာ စူးစူးဝါးဝါး အော်ဟစ်လေ၏။

 "နင့်ခဲအိုက ဘာအသုံးဝင်မှာမလို့လဲ..."


ဟန်ကျင်းယုက ခါးသီးစွာ ပြောလိုက်သည်။

"အမေ...သမီးတို့ ဘာလို့ လောင်လင်းရဲ့အိမ်ကို ပြဿနာသွားရှာပြီး မိန်းကလေးကို ပြန်မခေါ်ခိုင်းရမှာလဲ"


အဖွားကြီးဟန်က သူမလက်ကို ဝှေ့ယမ်းလိုက်ကာ

"နင်မေ့နေတာလား...နင့်ရဲ့တတိယအစ်ကိုကိုပဲကြည့်...မအေကိုမေ့ထားတဲ့ ချွေးမရှိနေတယ်လေ"


သူမနောက်ဆုံးတွင် အဘိုးကြီးဟန် ၊သားများနှင့်ချွေးမများ အကုန်လုံး အလုပ်ကပြန်လာသည့်တိုင်အောင် သည်းခံနေလိုက်ပြီး ၎င်းနောက် ပင်မအခန်းထဲတွင် ထိုင်ကာ သူတို့ကျေနပ်သည်အထိ စတင် လုပ်ဆာင်ကြ၏။

ပန်းတိုင်သည်ကား မိသားစုထဲရှိ လူတိုင်း တတိယသားကို ရှာပြီး စတုတ္ထသားကို ပြန်လွှတ်ပေးဖို့ရာ ဖိအားပေးရန်ပင်။


အစ်ကိုကြီးဟန်အနေဖြင့် လုံလုံလောက်လောက် အနှိပ်စက်ခံရပြီးဖြစ်သော်လည်း လျစ်လျူရှုမထားနိုင်ချေ။ ပထမချွေးမဟန်က ဒေါသအတော်ထွက်နေလေသည်။ 


အဘိုးကြီးဟန်ကမူ လင်းလန်က သူ့သားအငယ်ဆုံးနှင့်ရန်ဖြစ်၊ ပိုက်ဆံတွေ ယူသွားကာ သားထွေးအဖမ်းခံလိုက်ရပြီး  တတိယသား ပြန်လာချိန်မှစ၍  ပို၍ တိတ်ဆိတ်လာသည်။     ယခုတွင် အလုပ်သွားလျှင်သွား ထိုသို့မဟုတ်ပါက  ဆေးပြင်းလိပ်သောက်နေမည်ဖြစ်ပြီး တစ်ခါတစ်ရံ အကြာကြီးနေ၍ပင် စကားတစ်ခွန်းမပြောပေ။


   ထိုအခိုက်အတန့်တွင် လင်းလန်ကအပြုံးရိပ်ဖျော့ဖျော့ဖြင့် လမ်းလျှောက်လာသည်ကို မြင်လိုက်ရပြီး သူမအပြုံးက ဝင့်ကြွားနေပုံရကာ  အဘွားကြီးမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မလိုခံစားနေရသည်။   

ကြွက်စုတ်က သူမရဲ့ဟာသတွေကို ကြည့်ရမဲ့အလှည့်ရောက်ပြီပေါ့လေ...

  

   "နင်... အယုတ်တမာချွေးမ... နင်က တကယ်ကို သစ္စာမဲ့တာပဲ... နင့်အမေနဲ့မတ်ကို ဆန့်ကျင့်ဖို့ ယောက်ျားကို လှုံ့ဆော်ပြီး ငါ့စတုတ္ထလေးကို ဖမ်းလိုက်တာ..."   


 လင်းလန်က အဖွားကြီးဟန်၏ ဖျော်ဖြေမှုကို ဗြန်းစားကြီးဝင် နှောက်ယှက်လိုက်ကာ ဒရမ်ကို တူကြီးကြီးနှင့် တီးရန်ဆုံးဖြတ်လိုက်၏။


 "အဖွားကြီး ရှင်က တကယ်ကိုဟာသပဲ... စတုတ္ထမတ်​လေးက  လယ်ကွင်းမှာ အလုပ်သွားလုပ်တာ...သေဒဏ်အချခံ လိုက်ရတာမဟုတ်ဘူး... အဲဒီမှာ အလုပ်လုပ်နေသရွေ့ ဗိုက်မဆာသလို အေးလည်း မသွားဘူး... ခရိုင်ကိုသွားတာထက် ပိုနီးတယ်... သူက မဟုတ်ဘူးတစ်ခွန်းမှမငြင်းဘူး... သွားကြည့်လိုက်ဦး... ရှင်ဘာလို့ ငိုနေတာလဲ... တတိယသားကစစ်တပ်ထဲ နှစ်အနည်းငယ်အကြာနေပြီး အိမ်မပြန်ရတာထက် အများကြီး ပိုကောင်းတယ်...တတိယသား စစ်ထဲမှာနေရတုန်းက  ရှင့်ကို မတွေ့ရပါဘူး...စဥ်းစားကြည့်... စတုတ္ထသားက ဒီကနေ မိုင်နှစ်ဆယ်ပဲဝေးတဲ့ လယ်ကွင်းမှာ အလုပ်လုပ်ဖို့ သွားတာ...ရှင်က ဘာလို့ ကောင်းကင်က ပြိုကျသလို ဖြစ်ပျက်နေရတာလဲ"    

 

 အဖွားကြီးဟန် သူမကြောင့်  အသက်ရှူတွေကြပ်လာပြီး  မနေနိုင်တော့ပေ။

 "နင်...နင်...တူပါ့မလားဟဲ့"

 

လင်းလန်က ယုံကြည်ချက်ရှိရှိဖြင့်ပြောလိုက်သည်။

  “ကျွန်မကတော့ ကွာခြားတယ်လို့မထင်ပါဘူး...ရှင်က တူညီတယ်လို့ မမြင်ဘူးဆိုရင် ရှင်က စတုတ္ထသားကို မျက်နှာလိုက်ပြီး တတိယသားကို ဂရုမစိုက်တာပဲ ...အဲ့ဒါနဲ့ပတ်သတ်ပြီး ပြောစရာစကားမရှိဘူး...ရှင်အဲ့လောက် ဝန်လေးနေရင်

 ရှင့်အိပ်ရာကိုရွှေ့ပြီး လယ်ကွင်းမှာနေလို့ရတယ်...ရှင့်ကိုဘယ်သူမှတားမှာမဟုတ်ဘူး"


    သူမက သူတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး "ရှင်တို့ကို ကျွန်မသတိပေးမယ်... ကလေးတွေအဖေကို  ဒုက္ခရောက်အောင်လုပ်ပြီး သူအလုပ်လုပ်တာ ပိုက်ဆံရှာတာကို တားရဲတဲ့သူ ဘယ်သူမဆို ကျွန်မနဲ့ တိုက်ခိုက်ရလိမ့်မယ်"


 ယခု  သူမနှင့်သူမသားသမီးတွေက   ပိုက်ဆံရှာရန်အတွက် ဟန်ချင်စုန့်ကို အားကိုးနေရသည်။

 ဟန်ချင်စုန့်၏ အလုပ်ကို  အနှောက်အယှက်ဖြစ်စေသူက  သူမ၏ ရန်သူပင်။


    ဘယ်တော့မှ အရှုံးမပေးဘူး...


    အဆုံးတွင် ပင်မအခန်းထဲ၌ ချိတ်ဆွဲထားသော ပုဆိန်ကြီးပေါ်သို့ သူမအကြည့်တို့ ရောက်သွားလေရာ ဟန်ကျင်းယုနှင့် ဒုတိယချွေးမဟန်တို့ ကြောက်ရွံ့မှုကြောင့် တုန်ရီသွားကြပြီး

 "နင်ဘာ...ဘာလိုချင်တာလဲ"


ဟန်ကျင်းယုက ပုဆိန်ကိုယူပြီး အိမ်ထဲမှာ အရင်သွားဝှက်ထားလေ၏။


    "ပုဆိန်ကို ငါဝယ်ပြီးပြီ" 


လင်းလန်က အေးစက်စွာပြောကာ လှည့်ထွက်သွားသည်။


    “မြန်မြန် ငါ့ကို အလုပ်ကြမ်းစခန်းကို လိုက်ပို့ပေးစမ်း...” 


အဖွားကြီးဟန်  ဒေါသထွက်လွန်း၍ သူမမိသားစုကို သူမအား  စတုတ္ထသားကို ရှာရန်အတွက် လိုက်ပို့ဖို့ အသေအလဲ ခိုင်းစေနေတော့၏။

    

    

Xxxxxxxx

Part 166


တကယ်တမ်းတွင်  အဖွားကြီးဟန်နှင့် ယုဝူဇီတို့က ကွန်မြူနတီသို့ ပြဿနာသွားမရှာဝံ့ကြသဖြင့်  ဟန်ချင်စုန့်ဆီမှာ ငိုပြယိုပြ အော်ဟစ်ပြရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။


 ဟန်ချင်စုန့် လူတချို့ကို  အုတ်တ်နှင့်အုတ်ကြွပ်ပြားများ ကူဆွဲရန်  ခေါ်ဆောင်လာခဲ့သည်။ သူက သားသတ်အဖွဲ့ထံမှ လှည်းနှစ်စီး ၊ အခြား ကွန်မြူနတီမှ လှည်းနှစ်စီး ငှားကာ ဟန်ချင်းယွမ်က တပ်မဟာမှ နှစ်စီး ငှားခဲ့သည်။ စုစုပေါင်း လူဆယ်ယောက်က အုတ်သယ်ရန် ကူညီပေးကြ၏။


 အုတ်နှင့်အုတ်ကြွပ်စက်ရုံသို့ရောက်သောအခါတွင် အဆင်သင့်လုပ်ထားသော အုတ်နှင့်အုတ်ကြွပ်များရှိနေသဖြင့် သူ့အတွက်  ကံကောင်းခြင်းပင်။ဤတစ်ကြိမ် သယ်မပြီးပါက နောက်တစ်ကြိမ်ဘာကိုမျှော်လင့်ရမည်ကို သူမသိပေ။


ထို့​ကြောင့်​ သူတို့ ​နောက်​ထပ်​နှစ်ခေါက် ထပ်သယ်ပြီး အလုပ်​မပြီးခင်​ ည​နေအထိ အလုပ်​လုပ်​ကြသည်​။ သူတို့က ဟန်ချင်စုန့်အိမ်​၏ အသစ်​တည်​​ဆောက်​ထားသည့်​ အိမ်​အုတ်​မြစ်​ပေါ်တွင် အုတ်နှင့်အုတ်​​ကြွပ်ပြားများ​လည်း ကူချပေးခဲ့ကြ၏။ 


ညဆယ်နာရီကျော်လောက်မှာ ဟန်ချင်စုန့်က သူတို့တစ်ဦးချင်းစီကို  တစ်ယောက်ပြီး တစ်ယောက် ကျေးဇူးတင်စကား ပြောပြီး သူတို့အိမ်ဆောက်နိုင်သော  အင်အားရှိသည့်အလှည့်ရောက်ပါကလည်း သူ့ကို အကူအညီတောင်းနိုင်ကြောင်း ပြောကြားခဲ့သည်။


ဤသည်က ကျေးလက်မှာ ပုံမှန်ဖြစ်နေကိစ္စပင်။  အလုပ်ရှိသည်ဆိုပါလျှင် ပိုက်ဆံအကုန်အကျခံစရာမလိုဘဲ လူတိုင်း အတူတူလုပ်ကာ တစ်ယောက်ကိုတစ်ယောက် ကူညီပြီး မြန်မြန်ပြီးအောင် လုပ်ကြ၏။


ဟန်ချင်းယွမ်က စိုးရိမ်နေဆဲပင်။

 "တတိယအစ်ကို  မင်းဒီမှာထားရင် လူခိုးမှာလား"


ဟန်ချင်စုန့်က ပြောလိုက်သည်။

 "ဘယ်သူက ခိုးမှာလဲ" 


ဟန်ချင်းယွမ်က  ပြုံးပြီး

"ဟုတ်တယ်...မင်းချမရေးထားဘူးဆိုဆိုရင်ပေါ့... ငါ ညွှန်မှူးပေါင်ဆီသွားပြီး   ကင်းလှည့်တွေကို ဒီကို မကြာခဏလာကြည့်ခိုင်းဖို့ ပြောလိုက်ဦးမယ် "


ဟန်ချင်စုန့် အိမ်ပြန်ရောက်သောအခါ ကလေးတွေက အိပ်ပျော်နေပြီး လင်းလန်က မီးထွန်းထားလျက် ဂွမ်းကပ်ဂျာကင် ချုပ်ရင်း သူ့ကို စောင့်နေ၏။


 သူ ခြေလက်ဆေးပြီး အိမ်ထဲသို့ဝင်၍ 

“နောက်ကျနေပြီလေ...ကိုယ့်ကို မစောင့်နဲ့”ဟုပြောလိုက်သည်။ 


လင်းလန်က အပ်နှင့်အပ်ချည်ကို ချထားလိုက်ပြီး “သိပ်နောက်မကျသေးပါဘူးရှင်"

 

ဆယ်နာရီထိုးပဲရှိသေးကာ  အရင်ဘဝက ညဇီးကွက်များစွာ၏ ညခင်းဘဝပင် မစသေးပါချေ။


သူမ ကြမ်းပြင် ပေါ်မှထကာ သူစားရန်အတွက် အိုးထဲက ထမင်းခူးပေးလိုက်သည်။


ဟန်ချင်စုန့် အမှန်တကယ် ဗိုက်ဆာနေပါ၏။သူ ကန်တင်းမှာ အလုတ်အနည်းငယ်စားခဲ့သော်လည်း အလုပ်ကြမ်းတွေလုပ်ပြီးနောက် လျင်မြန်စွာ ဗိုက်ဆာလာခဲ့သည်။


 သူက သားရေအိတ်ကို လင်းလန်ဆီ ပေးလိုက်ပြီး ထမင်း  သွားစားလိုက်၏။


 " မင်းနဲ့ မင်းသမီးအတွက်..."


လင်းလန် သူ့ကို မထင်မှတ်စွာ လှမ်းကြည့်လိုက်မိ၏။

သူမအတွက် လက်ဆောင်ဝယ်လာတယ်တဲ့လား...


အိတ်ကိုဖွင့်ကြည့်လိုက်ရာတွင် အနီနှင့် ပန်းရောင် တစ်ခုခုကို တွေ့လိုက်ရသည်။ 


အနီရောင်အကြီးကြီးက ပိုသေးငယ်၏၊ ၎င်းက မိန်းကလေးပစ္စည်းဖြစ်လောက်ပေသည်။ 


တခြားဟာဖြစ်သည့်  မင်းသမီးလေးပန်းရောင်နုနုက  မိန်းကလေးများ၏ အကြိုက်ဆုံးအရောင်ပင်။


လင်းလန် : ...


ငါက ကလေးငါးယောက်အမေလေ... ဒီအရွယ်ကြီးမှာ ဒီအရောင်ကို ဝတ်ရမှာလား...


ခေါင်းဆောင်ဟန်ရဲ့ အလှအပရေးရာခံစားတတ်မှုက ပြဿနာမရှိတာသေချာရဲ့လား...


ပန်းရောင်ပဝါက တော်တော်ကြီးပြီး ရှည်ကာအပေါ်တွင်လည်း  ပန်းရောင်ပြေး, ပိတ်ကျဲစတစ်လွှာပါသည်ကို   သူမတွေ့လိုက်ရသည်။  ပဝါက ခေါင်းကိုဖုံးလောက်သည်အထိကြီးမားကာ  ၎င်းကို လည်စည်းအ​ဖြစ်လည်းဝတ်ဆင်နိုင်ပြီး အလှဆင်ရန်အတွက်လည်း အသုံးပြုနိုင်လေ၏ ။


“တော်တော်ဈေးကြီးတာပဲ...” 


လင်းလန် မင်းသမီးလေးဖန်တွေနှင့် ပတ်သတ်သည့် သူမ၏မကျေနပ်ချက်တွေကို ဖိနှိပ်ပြီး ဈေးနှုန်းကို မေးလိုက်၏။ 


လက်ရှိတွင် အဝတ်အထည်နှင့် ဖိနပ်များဝယ်ယူရာ၌ ငွေသားအပြင် အထည်လက်မှတ်တစ်ခု လိုအပ်ပေသည်။ လည်စီးများနှင့် ပဝါများကဲ့သို့သော အလှဆင်ပစ္စည်းများသည် အထည်လက်မှတ်များမလိုအပ်သော်လည်း စျေးကြီး၏။


ဤအနီရောင်တောက်တောက် ပဝါကဲ့သို့ပင်၊ ၎င်းသည် သာမာန်ပုံစံနှင့်ပဝါဖြစ်ပြီး ဈေးနှုန်းလည်း သင့်တင့်ကာ  တစ်ယွမ်ဆို လုံလောက်လေသည်။ 


ယေဘုယျအားဖြင့် မိန်းမပျိုများ သို့မဟုတ် မိသားစုတွင် သမီးရှိသူများသည် ၎င်းတို့ကို ဝယ်ကြပေလိမ့်မည် ။ သူတို့ နည်းနည်းအသက်ပိုကြီးလာပါက  ၎င်းတို့ကို မစဉ်းစားကြတော့ဘဲ မိန်းကလေးဆန်လွန်းသည်၊ တောက်လွန်းသည်ဟု ဆိုကြမည်ဖြစ်၏။


 သို့သော် ကျေးလက်တွင်မူ သမီးမိန်းကလေးအတွက်ဖြစ်စေ   မိန်းမပျိုလေး သူမကိုယ်တိုင်အတွက်ပဲဖြစ်စေ  ဤကဲ့သို့  စိတ်ကူးယဉ်ဆန်ဆန် *မင်းသမီးလေးပန်းရောင်ကို ဘယ်သူမှ ဝယ်ကြမှာမဟုတ်ပါချေ။

(T/N–အရောင်နာမည်ပါနော်)


သူမ တခြားအကြောင်းပြချက်မရှိပါဘဲ မခံမရပ်နိုင်ဖြစ်သွားသည်။


တောသူတောင်သားများ၏ အသားအရေက ကြမ်းတမ်းကာ နွေရာသီမှာ ညိုပြီး ဆောင်းရာသီမှာ နီသည့်အတွက်  ပန်းနုရောင် ပိတ်စပါသည့် ပဝါကို ၀တ်ဆင်ခြင်းက တကယ့်ကို မျက်စိဖမ်းစားစဖွယ်ပင်။


စျေးအတော်ကြီးနေပါက  သူတို့ဝယ်ကြမည်မဟုတ်ပေ။  ကေဒါတွေမှာ ပိုက်ဆံနည်းနည်းရှိသည်ဆိုလျှင်ပင်  အိမ်ကမိန်းမက ဤကဲ့သိုသောဟာမျိုးကို အရောင်နု လွန်းသည်ဟု  ပြောပြီးလိုချင်ကြမှာမဟုတ်ပေ။  ပိတ်ကျဲပဝါဝတ်ပါက ဆင့်အနည်းငယ်သာ ပိုကုန်မည်ပင်။

(T/N–1ယွမ်=100ဆင့်)


အရူးပဲ ဝယ်မှာ...


လင်လန်းသည် ထမင်းစားနေသော အရူးကို တစ်ချက်ကြည့်လိုက်ရာ အရူးက သူမကို နူးညံ့သောအကြည့်ဖြင့် "ဝတ်ကြည့်လေ "ဟုဆိုလာ၏။


 ထုံးစံအတိုင်း ဟန်ချင်စုန့်တစ်​ယောက်  တခြားသူတွေတွေးနေသည့် စိုးရိမ်ပူပန်မှုတွေကို မစဥ်းစားမိပါဘဲ ပဝါတွေဝတ်သည့်ရာသီအကြောင်းကိုပဲ တွေးပြီး မိန်းမနှင့် သမီးအတွက်ဝယ်လာခဲ့သည်။ 

နည်းနည်းပိုစျေးကြီးသော်လည်း  သူ့မိန်းမနှင့်ဆိုပါက သေချာပေါက် ကြည့်ကောင်းနေပေ လိမ့်မည်။


အရောင်းဝန်ထမ်းကလည်း အမျိုးသမီးတွေက ဒီလိုမျိုးကိုအရာကို အကြိုက်ဆုံးဟု ပြော၏။


 ချိုးတုန်မေက  ဤထုတ်ကုန်ကို အကြံပြုရန် အဘယ်ကြောင့် အပြင်းအထန်ကြိုးစားခဲ့သည်ကို သူ မသိခဲ့ပေ။၎င်းမှာ ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေးအေဂျင်စီမှ ၎င်းတို့ကို ရောင်းမထုတ်နိုင်သောကြောင့် ထိုနေရာတွင်ထားရန် မထိုက်တန်သည့်အတွက်  ချို့ယွင်းနေသော ကုန်ပစ္စည်းများအဖြစ် အထူးစျေးနှုန်းဖြင့် ရောင်းချခဲ့ခြင်းပင်။ 


 ယခင်က တစ်ထည်လျှင် သုံးယွမ် ကျခဲ့သော်လည်း ယခုအခါ နှစ်ယွမ်ခွဲသာ ကျလေ သည်။


 ဟန်ချင်စုန့်  ဝယ်သွားပြီးနောက် ချိုးတုန်မေ နှင့် အခြားလူများက အတင်းတုပ်နေကြဆဲဖြစ်ပြီး "ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ညွှန်မှူးအသစ်က

  ဒီလောက်ပြောရလွယ်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."


"သူ့မိန်းမက ဘယ်လိုပုံစံလဲမသိဘူး... ဒီလိုအရောင်မျိုးကို ဝတ်လို့ရပါ့မလား ဟဟ... "


လင်းလန် အစပိုင်းမှာ သူမ၏အိမ်ထောင်စုစာရင်းနှင့်ပစ္စည်းတွေကို ဝယ်ခဲ့သော်လည်း  ဥက္ကဌဟောင်းကလွဲ၍ ဘယ်သူမှ အထူးတလည်ဂရုမစိုက်ကြသဖြင့်  သဘာဝအတိုင်း သူမနှင့် အဆက်အဆံမရှိပေ။ 


သူတို့အမြင်အရမူ လယ်ကွင်းထဲသွားအလုပ်လုပ်သည့် အမျိုးသမီးတွေက အသားညိုကြပြီး ဤကဲ့သိုသော  ပန်းနုရောင်ပဝါကို ၀တ်ဆင်ထားပါက မြင်းချေးတုံးကြီးလိုဖြစ်နေမည်မဟုတ်ပါလော။


Xxxxxxxx