အပိုင်း ၁၆၇-၁၆၈
Viewers 22k

Part 167


လင်းလန်၏အသားအရည်က ဖြူ၏။ မူလပိုင်ရှင်က ယခင်က ဂရုမစိုက်သည့်အတွက်  နည်းနည်းကြမ်းသော်လည်း  လင်းလန်ကမူ ဤကိုယ်ထဲဝင်လာပြီးကတည်းက အသားအရည် ကာကွယ်ရန်အတွက် အမြဲဂရုစိုက်လေ့ရှိသည်။ ယခုတွင်  သူမ၏ အသားအရည်က ပြန်ပြီး ဖြူဖွေး နူးညံ့လာလေပြီ။


 *ရွာပန်းလေးအဆင့်ရှိသူများသည် ရုပ်ရည်ချောမောလှပရုံသာမက နူးညံ့သိမ်မွေ့သူလည်း ဖြစ်ရပေမည်၊ ဘုရားသခင်က သူမတို့ကို လှပသော ရုပ်ရည်နှင့် ကြည့်ကောင်းသော အသွင်သဏ္ဍာန်တို့ကို ချီးမြင့်ထား၏။

(T/N– ကျောင်းပန်းလေးတို့ ကျောင်းမြက်ခင်းလေးတို့လိုပါပဲ၊ မြန်မာလိုဆို ရွှာမှာ ကွမ်းတောင်ကိုင်အဆင့်ပေါ့)


သို့ပေမဲ့ အမျိုးသမီးတွေအနေဖြင့်  သူတို့ကိုယ်သူတို့ မကျေနပ်ကြပါချေ။  သူမ၏ အသားအရေက တခြားအမျိုးသမီးတွေနှင့် ယှဉ်လျှင် နူးညံ့ချောမွေ့သော်လည်း  အရင်ဘဝက ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားသည့် အသားအရေနှင့် နှိုင်းယှဉ်ပါက သိသိသာသာကို  ကြောက်စရာကောင်းနေဆဲပင်။


လင်းလန် သူမကိုယ်သူမ ယုံကြည်မှု လုံးဝမရှိပါသော်လည်း မည်သို့ပင်ဖြစ်စေ  သူမက ကျေးလက်ဒေသမှာရောက်နေပြီဖြစ်လေရာ    လစ်လပ်နေသော အရာများအကြောင်း မစဥ်းစားသင့်တော့ဟုပင် သူမ တွေးခဲ့ရသည်။


ယခုအချိန်၌ ထိုကဲ့သို့သော ပန်းနုရောင် အရောင်နှင့် ရင်ဆိုင်ရသည်မှာ သူမတွင် အမှန်တကယ်ကို စွမ်းအားမဲ့နေ၏။


 သို့ပေမဲ့  သူမခင်ပွန်းက ပေးသည်ဆိုရာတွင်  သူ့နှလုံးသားကို အေးခဲမသွားစေရန် ၊သူ၏စိတ်အားထက်သန်မှုကို လျော့ကျမသွားစေရန်နှင့် နောက်နောင်မှာ သူမကို ထိုသို့သောအရာတွေ အပေးရပ်မသွားစေရန်တို့အတွက် သူမအနေဖြင့် ပျော်ပေးရဦးမည်ဖြစ်ပေသည်။


 သူမက ပဝါကို သူမကိုယ်ပေါ်မှာ ပတ်လိုက်ကာ ဟန်ချင်စုန့်ကို ပြုံးပြပြီး "ကောင်းပြီ...ကြည့်"


 ဟန်ချင်စုန့်၏ မျက်လုံးများတွင် အံ့အားသင့်မှုများအပြည့်ရှိနေပြီး ချက်ချင်းလက်ငင်း  ခေါင်းညိတ်လိုက်ကာဖြင့်

 "လှတယ်..."


လင်းလန်:"မိုင်စွေ့ ပတ်ရင်ပိုကောင်းတယ်... ကလေးမလေးတွေက ဘယ်အရောင်နဲ့မဆိုကြည့်ကောင်းတယ်လေ"


ဟန်ချင်စုန့်: "သူ့မှာ အနီရောင်တစ်ခုရှိတယ်မဟုတ်ဘူးလား"


   ကလေးတွေက ပွဲတွေမှာဆို အကုန်လုံး အစိမ်းနှင့််အနီပဲဝတ်ကြ၏။


 လင်းလန်က ထပ်မေးလိုက်သည်။ 

"တခြားအရောင်ရှိလား...အဲဒါက သိပ်ပြီး  မျက်စိပသာဒမဖြစ်ဘူး ...ကျွန်မ လဲလို့ရမလား" 


 ဟန်ချင်စုန့် အရောင်းဝန်ထမ်းက သူ့ကို ပြန်လဲ၍ရကြောင်း ကြင်နာစွာပြောခဲ့သည်ကို သတိရသွား၏။ သူက ခေါင်းခါလိုက်ကာ

 "ထောက်ပံ့ရေး နဲ့ရောင်းဝယ်ရေးသမဝါယမက ပြန်လဲလို့မရဘူးတဲ့..."

 

ကြည့်ကောင်း၏၊ ပြန်လဲစရာမလိုချေ။

 


အိမ်မှာ လေနှင့်သဲတွေ အလွန်များသောကြောင့်  ဖုန်ထူသည့်အတွက်   အရောင်နုနုဆိုပါက ခဏအတွင်း ညစ်ပတ်သွားလိမ့်မည်ဟု လင်းလန်ခံစားရသည်။ ထို့ကြောင့် ဤအကြောင်းကို ခဏထားလိုက်ပြီး နောက်မှ ပြောကြသည်ကပိုကောင်း၏။


ဟန်ချင်စုန့်က ဆိုလာသည်။

 "ဒါဆို အိမ်မှာ ဝတ်ဖို့ နောက်တစ်ခု ထပ်ဝယ်ရအောင် "


လင်းလန်  : ... ရှင် ပိုပြီး  လက်တွေ့ကျပေးလို့ရမလား... အိမ်ဆောက်ပြီးရင် ကျွန်မတို့မိသားစုကပြန်မွဲသွားမှာလေ...


လင်းလန် သူမ သူ့အတွက် မုန့်ဖိုးအများကြီးများ ပေးမိသလားဟု  စဥ်းစားမိ၏။ ပထမနေ့မှာ သူက အိတ်ကပ်ထဲက နှစ်ယွမ်နှင့် အသားဝယ်ပြီး အစားအသောက်အတွက် ငွေကြိုရှင်းခဲ့သည်။


 ထို့ကြောင့် ယနေ့မနက်မှာ သူမက သူ့ကို ငွေ့တချို့ပိုပေးပြီး  အစားအသောက်နှင့် ဆီအတွက် ပိုက်ဆံပြန်ပေးခိုင်းလိုက်၏။ ထို့အပြင် သူမက  မုန့်ဖိုးတချို့နှင့် ထမင်းဖိုးလည်း ချန်ထားခဲ့သည်။ 


 သူက အိတ်ကပ်ထဲ ပိုက်ဆံမထားနိုင်သည့် လူမျိုးဖြစ်လောက်မည်ဟု  သူမ မည်သို့ သိပါမည်နည်း။ သူ့မှာ ပိုက်ဆံရှိပါက  *လက်ကိုကိုက်ပြီး သုံးစွဲပေလိမ့်မည်။  သူပြန်လာသောအခါ ယခုလို အပေါက်အပေါက်တွေနှင့်  လက်တွေ့မကျသည့် ပဝါတစ်ထည်ကို ဝယ်လိုက်၏။

(T/N–စိတ်အားထက်သန်စွာ၊ ဇာတ်ကားကြည့်ပြီး

စောင်ကိုက်သလိုမျိုး)


 သူမက  စကားအလိမ္မာသုံး၍ဆိုလိုက်သည်။


"အိမ်ဆောက်ဖို့က ပိုက်ဆံအများကြီးသုံးရမှာလေ... အုတ်ကြွပ်တွေ တခြားပစ္စည်းတွေက ယွမ် ထောင်နဲ့ချီကုန်တယ်... လက်သမားနဲ့ ပန်းရန်သမားငှားရတယ်...စားစရာဝယ်ရမယ်... ကလေးတွေကလည်း အကုန်လုံးကျောင်းမှာလေ... ကျွန်မစိုးရိမ်တာက…”


“ရပါတယ်... နောင်ကျရင် ကိုယ်က လစဉ်လစာရမှာ” 

ဟန်ချင်စုန့်က စိတ်ပူမနေချေ။


 လင်းလန် စဉ်းစားကြည့်လိုက်ရာတွင် အိမ်က ကုန်ကျစရိတ်အကြီးဆုံးဖြစ်ပြီး အုတ်အိမ်တစ်လုံးပိုင်ဆိုင်ထားပါက နောက်ဆယ်စုနှစ်တစ်ခုလောက်အထိ စိတ်ပူစရာ မလိုတော့ပေ။


 သို့သော် မိသားစုထဲရှိ သားလေးယောက်က မိန်းမယူမည် ဖြစ်၍ သူတို့အတွက် အိမ်ဆောက်ရမည့်အကြောင်းကို တွေးပြီး  လင်းလန် စိတ်အခြေအနေမကောင်းဖြစ်လာ၏။


 မကျေနပ်နိုင်ဘူးဆိုရင်တောင်  ငွေရှာဖို့ နည်းလမ်းက ရှာရဦးမယ်...


 ကံကောင်းထောက်မစွာဖြင့်  ကလေးတွေ အရွယ်ရောက် လာသောအခါတွင် *ယဉ်ကျေးမှုတော်လှန်ရေးကြီး ပြီးဆုံးသွားပြီး အရပ်ဘက်ကွန်မြူနတီများ ဖျက်သိမ်းသွားကာ ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှု စတင်လာသည်။

(T/N–တရုတ်နိုင်ငံမှာ1966-76အတွင်း မော်စီတုန်းက သူ့နေရာတည်မြဲရန်နှင့် လူမှုအသိုင်းအဝိုင်းနှင့်ယဥ်ကျေးမှုဌာနတွေမှာ လူတော်များကို မွေးထုတ်ရမည်ဟူသောဝါဒကျု လျော့ပါးစေရန်အတွက် ဦးဆောင်ပြုလုပ်ခဲ့တဲ့လုပ်ရှားမှု။ ပြောရမယ်ဆိုရင် ခေတ်ဟောင်း၊စမစ်ဟောင်း၊ယဥ်ကျေးမှုအဟောင်းတွေကို တိုက်ဖျက်တာပေါ့)


 အင်း...အချိန်ရှိပါသေးတယ်...


 လင်းလန် အနာဂတ်က ပြန်လည်တောက်ပလာသည်ဟု ခံစားရသော်လည်း ပန်းနုရောင်ပဝါကို သေတ္တာအောက်ခြေသို့ ထိုးထည့်လိုက်ပြီး ၎င်း(ပဝါ) နေ့၏အလင်းရောင်ကို ဘယ်အချိန်ပြန်မြင်ရမလဲဆိုသည်ကိုကား သူမမသိပေ။


နောက်တစ်နေ့တွင် ဟန်ချင်စုန့် ကွန်မြူနတီသို့ စက်ဘီးစီးသွားပြီး လော့ဟိုင်ချန် အဆင်ပြေမပြေ သွားကြည့်လိုက်၏။ ၎င်းနောက် အနီးနားရှိ ကွန်မြူနတီတစ်ခုသို့ သွားကာ သစ်သွားရှာသည်။


 အိမ်ဆောက်ချင်ပါက သစ်ကို တစ်ယောက်တည်း စုဆောင်းရုံနှင့်မရ၊ အပြင်ထွက်ပြီး ဝယ်ရသေး၏။


 ကျေးလက်ဒေသခံများထံမှ ပစ္စည်းဝယ်ယူခြင်း၏ အားသာချက်တစ်ခုမှာ လက်မှတ်မပါဘဲ ပစ္စည်းများကို ဝယ်ယူနိုင်ခြင်းဖြစ်သည်။


 နေ့ခင်းဘက် သူပြန်ရောက်သောအခါ  ပစ္စည်းများ စုဆောင်းရန် သူ့ဘာသာသူ ရူးရူးမိုက်မိုက် ထွက်သွားကြောင်း စွန်းကျောက်ဝမ် သိလိုက်ရသဖြင့် ဘာပြန်ပြောရမှန်း မသိတော့ပေ။


  ဘာလို့ ဒီလောက် တုံးတဲ့ ခေါင်းဆောင်  ရှိနေရတာလဲ...


အဓိကအချက်သည်ကား  ယခုလို တုံးအသည့်သူကပင် သူကို အနိုင်ပိုင်းနိုင်ခြင်းပင်။ 

ဘယ်လောက်သွေးအန်ချင်စရာကောင်းလိုက်သလဲလို့....


 စွန်းကျောက်ဝမ်က ဟန်ချင်စုန့် ထိုဟာကို ကိုယ်တိုင်ရှာဖွေရန် မလိုအပ်ကြောင်း၊  လေလေးထုတ်လိုက်သရွေ့ (ပါးစပ်နှင့်ပြောလိုက်သရွေ့) တစ်ယောက်ယောက်က သူ့အိမ်တံခါးဆီသို့ များမကြာမီ ရောက်ရှိလာမည်ဖြစ်ပြီး ပိုက်ဆံနှင့် ဝယ်ယူနိုင်ဆဲဖြစ်ကာ  စည်းမျဥ်းတွေကို လုံးဝချိုးဖောက်ရာမကျကြောင်း စောင်းပါးရိပ်ခြည်ပြောရင်း သွယ်ဝိုက်သောနည်းဖြင့် မကြွားမိဘဲမနေခဲ့ပါချေ။ 


ပြည်သူ့လုံခြုံရေးဗျူရိုက သစ်ဝယ်တယ်... စက်ဘီးစီးတာနဲ့သစ်စုတာနဲ့  တူနိုင်လို့လား...


 မင်းဘာလို့ ဒီလောက်တုံးရတာလဲ...


ဟန်ချင်စုန့်က နားမလည်ဟန်ဖြင့်  ထိုဟာကို သဘောမပေါက်ပေ။ 


 

Xxxxxxxxx

Pat 168


ရက်အနည်းငယ်ကြာပြီးနောက် သူက ကွန်မြူနတီ အများအပြားသို့သွားကာ သစ်များအားလုံးကို စုဆောင်းခဲ့ပြီး  အိမ်သုံးအထည်လိပ်များစွာနှင့် လင်းလန်အတွက် ဝါဂွမ်း ကတ်တီများစွာကို စုဆောင်းခဲ့သည်။


 မှန်ပေသည်၊  ကုန်ကျသည့် ပိုက်ဆံကလည်း မနည်းလှပေ။  အနည်းဆုံး ရုံခန်းမှာ ထိုင်ပြီး အပေါက်ဝထိ လာပို့ခံရတာထက် ထက်ဝက်လောက် ပိုကုန်၏။


 အိမ်ကို ပို့ရန် ငွေကုန်သော်လည်း ၎င်းက ပေါက်ဈေးထက် အနည်းငယ် လျော့နည်းမည်ဖြစ်သည်။


ကိုယ်တိုင်ဝယ်ပါက    လူတွေက လက်မှတ်မလိုချင်လျှင်ပင်   ပေါက်ဈေးက လက်မှတ်လျှော့စျေးထက် ပိုမြင့်ပေလိမ့်မည်။


 ဟန်ချင်စုန့် အလုပ်ကိုအမြန်ဆုံး စတင်လိုသည်၊ ထိုသို့မဟုတ်ပါက အိမ်ဆောက်ရန်အတွက် ဆောင်းဦးကောရိတ်သိမ်းပွဲအပြီး အောက်တိုဘာလအထိ စောင့်ရပေမည်။


 အောက်တိုဘာလတွင် အေးလာပြီဖြစ်ကာ  ရွှံ့များမှာလည်း အေးပြီး မာကျောကုန်​၍  ထိုအချိန်က  နံရံလုပ်သည့်နေရာကို သက်ရောက်မှာဖြစ်၏။


 ယခုအချိန်၌  အေးနေသော်လည်း မွန်းတည့်ချိန်တွင် အလွန်ပူနေသေးပြီး ယေဘုယျအားဖြင့် သင့်တော်သော အပူချိန်ဖြစ်သည်။


ပစ္စည်းများ အဆင်သင့်ဖြစ်သည်နှင့် လူများကို စတင်ရှာဖွေတော့၏။


ဟန်ချင်စုန့် လက်သမားဝမ့် ကို ကူညီရန် ဖိတ်ခေါ်ခဲ့သည်။ အိမ်ဆောက်ခြင်းအပြင် အိမ်မှုကိစ္စများကိုလည်း ကူညီဆောင်ရွက်ပေးရန် လိုလိမ့်ပေမည်။ လက်သမားဝမ့်က အိမ်ဆောက်လုပ်ရာတွင် ပါဝင်ခဲ့ပြီး သူက အိမ်၏အရွယ်အစားကို ကောင်းကောင်းသိလေရာ အိမ်ကို အခြေအနေအလိုက် ဆောက်လုပ်နိုင်ခဲ့သည်။ ပစ္စည်းတွေ အများကြီးရှိသဖြင့် သစ်ပြန်မဆွဲတော့ဘဲ ဒီမှာပဲ သူလုပ်လိုက်၏။ 


 ပန်းရန်ဆရာက ရွာပိုင်ဖြစ်ပြီး မိသားစုမှ လက်ဆင့်ကမ်းသည့် လက်မှုပညာလည်း ဖြစ်သည်။အခြားလူများကို အကူအညီခေါ်ခြင်းက သူ့အတွက် ပြဿနာမရှိပေ။ 


အခြားကူညီပေးသူများမှာ ရွာမှဖြစ်သည်။ ဤသည်က ပုံမှန်ဓလေ့ထုံစံလည်းဖြစ်၏။  တစ်ယောက်ယောက်  အိမ်ဆောက်သည့်အခါ အဖွဲ့ခေါင်းဆောင်က စည်းရုံးရေးစွမ်းရည်ကောင်းပြီး မပျင်းရိသည့် လူငယ်နှင့် လူလတ်ပိုင်းတွေကို ကူညီပေလိမ့်မည်။


လင်းလန်က ဟန်ချင်စုန့်ကို  လူရှာသည့်အခါ သူ့မိသားစုမှဖြစ်စေ ဆွေမျိုးမတော်စပ်သူများကို ဖြစ်စေ   အိမ်ဆောက်ရန်လျှောက်ထားသော မိသားစုမှ လူကို အမြဲရှာသင့်ကြောင်း၊ ထိုသို့ဆိုလျှင် ယင်းမိသားစုက ကူညီရန် ဆန္ဒရှိပါက နောက်ပိုင်းမှာ သူပြန်ပြီး အကူအညီပေး၍ရကြောင်း အကြံပြုခဲ့သည်။


၎င်းက ငွေနှင့် အစားအသောက် များစွာကို သက်သာစေနိုင်၏။


တခြားနီးစပ်ချင်ရုံ နီးစပ်ချင်သူတွေကိုကား ခေါက်ထား(မေ့ထား)လိုက်ပါလေ။ ထိုသို့သော လူတွေက သူတို့၏ရည်မှန်းချက်တွေ မပြည့်ဝပါက  အလွယ်တကူ တာဝန်မဲ့စွာ မှတ်ချက်ချတတ်ကြသည်။ 


ဟန်ချင်စုန့်က ကြင်နာပြီး သူမပြောသည့်အတိုင်း လုပ်ခဲ့၏။


ဆောင်းဦးရာသီကောက်ရိတ်သိမ်းချိန်မရောက်မီတွင် လင်းလန်၏အိမ်သစ်သည်  အုတ်မြစ်ချပြီး စတင်ဆောက်လုပ်ခဲ့သည်။


 တဝမ်က အိမ်မှာဆောက်နေသည့်အိမ်ကိုမြင်ပြီး ကျောင်းအတွက်သုံးနိုင်မလား၊ ကူညီရမလားဆိုပြီး တွေးနေခဲ့၏။။ လင်းလန်က ကျောင်းပြေးပြီး ကစားဖို့ရာ အခွင့်အရေးမပေးပါဘဲ ပြောလိုက်သည်။


"ခါတိုင်းလို ကျောင်းသွား... ကျောင်းဆင်းရင် ကူညီပေး" 

ကျောင်းနားဖို့ မပြောနဲ့... မင်းအဖေက မနက်ခင်းလေ့ကျင့်ခန်းတောင် မလျှော့ဘူး... ဘာတွေ စဥ်းစားနေတာလဲ ကောင်လေး...


လူအလုံအလောက်ရှိပြီး စည်းစနစ်တကျအလုပ်များနေကြသဖြင့်  ဤနေရာတွင် အလုံအလောက်မရှိ၍ ဤနေရာတွင် စောင့်ရမည်ဟူသော အခြေအနေမျိုး ဘယ်တော့မှ မဖြစ်နိုင်သောကြောင့် တိုးတက်မှုက အလွန်လျင်မြန်လေ သည်။


သူတို့အားလုံးက သွားလိုက်လာလိုက်နှင့် ကူညီကြသူတွေဖြစ်သဖြင့်  လောလောဆယ်တွင်  အစားအသောက်အတွက် ဂရုစိုက်ပေးစရာ မလိုတော့ချေ။ ထုတ်တန်းတင်မည့်ရက်တွင် လက်သမား ယောကျာ်းသားအနည်းငယ်ကို ကျွေးမွေးရမည်ကိုသာ စောင့်နေရုံဖြစ်သဖြင့် လင်းလန်းလည်း အနားယူနိုင်လေ၏။


ဟန်ချင်စုန့် ကောက်နှံကြမ်းတွေအတွက် ပြန်ယူလာသည့် အစားအသောက်လက်မှတ်အားလုံးကိုလည်း သူမ လဲလှယ်ခဲ့သဖြင့် ယခုတွင်  နှစ်မျိုးစပ် ခေါက်ဆွဲနှင့် မုန့်ပေါင်းတွေ ချက်ဖို့ရာ လုံလောက်ပေသည်။ 


ထို့အပြင်  ရွာမှာ ထောက်ပံ့စရာ လူတွေလည်းရှိ၏။သိပ်မကြာခင်မှာ ဆောင်းဦးစပါးတွေ ခွဲဝေပေးတော့မည်ဖြစ်သဖြင့်  မိသားစုက အနည်းငယ်  ပိုလျှံနေသည့်အတွက် သိမ်းယူပြီး သူမကို အရင်ချေးကာ ပြီးမှပြန်ပေးမှာဖြစ်၏။


လင်းလန်က မှတ်စုစာအုပ်တစ်အုပ်ကိုယူကာ ရှုပ်ထွေးမှာ မကြောက်ပါဘဲ စာရင်းတွေ တစ်ခုပြီး တစ်ခု သိမ်းဆည်းခဲ့သည်။


 သို့ရာတွင်  သေချာ တွက်ချက်ပြီးနောက် အိမ်ရှိ အစားအသောက်က အနည်းငယ် ကြပ်တည်းနေ၏။


 လာကူညီသူများကို မဆိုထားနှင့်၊  ကလေးများပင် မနက်ခင်း လေ့ကျင့်ခန်းကနေ  ကျောင်းနှင့် အိမ်ဆောက်သည့်နေရာအထိ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ် လုပ်ကြရသည်။ သူမ ကလေးများ၏ဗိုက်ကို အတတ်နိုင်ဆုံး ဖြည့်စွမ်းနိုင်စေရန်အတွက်  ပိုကြွယ်ဝ လာစေမည့် နည်းလမ်းများကို ဦးနှောက်ခြောက်အောင် စဥ်းစားခဲ့ရ၏။ ထို့မှသာ  ကလေးတွေ၏ ကြီးထွားမှုကို မနှောင့်နှေးစေမှာဖြစ်သည့်အတွက်ပင်။


သူမ လက်ရှိခေတ်ကို ဖြတ်ကျော်လာသည်အမျှ ကလေးတွေက အများကြီး ပိုထွားလာကြသည်။


ကလေးတွေ ကြီးထွားရန်အလို့ငှာ သူမ ထည့်သွင်းထားသည့် ကြိုးပမ်းအားထုတ်မှုက  ထိုက်တန်သည်ဟု ခံစားရသည့်အတွက် ဖြုန်တီးခြင်း မရှိဘဲ  စားချင်သလောက် စားစေခဲ့၏ ။ကံကောင်းထောက်မစွာဖြင့် ဟန်ချင်စုန့် ၏ အစားအသောက်တံဆိပ်ခေါင်းများက သူမကို ထောက်ပံ့ပေးနေလေသည်၊  ထိုသို့မဟုတ်ပါက သူမ အချိန်အတော်ကြာကတည်းက ဗိုက်ဟောင်းလောင်းဖြစ် နေရပေလိမ့်မည်။


ထိုနေ့မွန်းတည့်ချိန်၌ ကလေးများအားလုံး ကျောင်းသွားကုန်ကြပြီး လင်းလန်က အိမ်မှာ ရေချိုးနေစဉ် ဟန်ချင်စုန့်က  အပြင်ကနေ အကျီမပါဘဲ ပြန်ရောက်လာသည်။


နှစ်ရှည်လများ လေ့ကျင့်ခန်းလုပ်ခြင်းက သူ့ခန္ဓာကိုယ်အချိုးအစားကို  သန်မာပြီး အချိုးအစားကျသော ကြွက်သားများ၊ ချောမွေ့ပြီး လှပသော လိုင်းများဖြင့်  ပြီးပြည့်စုံစေခဲ့၏။


အဝတ်အစားဝတ်ထားသောအခါ ပိုမိုပါးလျဟန်ရှိသောသာမာန်လူသည်   အဝတ်အစား ချွတ်လိုက်သောအခါ  ​လင်းလန်၏ အကြိုက်ဆုံးပုံစံဖြစ်သည့် ကြွက်သားအပြည့်နှင့်ဖြစ်နေသည်။


 သူမ မနေနိုင်ဘဲ  နှစ်ခါပြန်ကြည့်မိလိုက်ရာတွင်   ဟန်ချင်စုန့်၏ အကြည့်များနှင့် စုံသွားပြီး  သူမပါးတွေ  အနည်းငယ်ပူရှိန်း ပူရှိန်းဖြစ်လာကာ အမြန်အကြည့်လွှဲလိုက်၏။


 "ဒီကို အဝတ်အစားတွေ ယူလာခဲ့ ..ကျွန်မ လျှော်လိုက်မယ်"     

 (အဟမ်း)

 

ဟန်ချင်စုန့်: "မပေဘူး"

  

သူက အလုပ်လုပ်သည့်အခါ အဝတ်အစားတွေ စုတ်သွားမှာစိုးသည့်အတွက်  ချွတ်ထားလေ့ရှိပြီး   ပစ္စည်းသယ်သည့်အခါ သူပြန်ယူလာသည့် *ရိုင်ဖယ်ပခုံးကာတွေကို  ပခုံးပေါ်မှာထင်ထားလေ့ရှိသည်။ ယင်းက အတော်လေးအဆင်ပြေ၏။

(T/N–ရိုင်ဖယ်သေနတ်ပစ်တဲ့အခါ သေနတ်ဒင်က ပြန်ဆောင့်တဲ့အတွက် ဝတ်ရတဲ့ပခုံးကာ)


ဆူးခြစ်မိထားသဖြင့်  လင်းလန်အား သူ့နောက်ကျောကို ရေဆေးခိုင်းရန်အတွက် သူကျောက်တုံးကို ကိုင်ကာ ကုန်းလိုက်သည်။ 


လင်းလန် သူ့နောက်ကျောက ပေါက်ပြဲနေပြီး သွေးကွက်တွေ  တစိမ့်စိမ့်ထွက်နေသည်ကို တွေ့လိုက်ရ၏။


 

xxxxx