Part 169
မူလက သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာဟောင်းများက လူများကို စိတ်ပူစေလောက်အောင်ပင် ဖြစ်ခဲ့သလို ယခုအခါတွင်လည်း အိမ်ဆောက်ရန်အတွက် စုတ်ပြတ်နေပြီဖြစ်သောကြောင့် လင်းလန် အနည်းငယ် စိတ်သောကရောက်မိသွားသည်။
"အဝတ်အစားဝတ်ပြီး စုတ်သွားတဲ့အခါမှ ပြန်ဖာရင် ပိုကောင်းမယ်"
သူမက သူ့ခြစ်ရာများကို ဂရုတစိုက်ရှောင်ရှားကာ မျက်နှာသုတ်ပုဝါဖြင့် ညင်သာစွာ သုတ်ပေးလိုက်၏။
သူမက ညင်သာစွာ ရွေ့လျားနေကာ အ၀တ်လျှော်ထားသဖြင့် သူမလက်တွေက အေးနေပြီး သူ့ခန္ဓာကိုယ်ကမူ အမြဲ တရားလွန် ပူနေသည်ဖြစ်ရာ အအေးနှင့်အပူ၏ထိတွေ့မှုက သူ့ကို ယားယံလာစေသည်။
"ရပါတယ်... နည်းနည်းလေး အရေပြားပွန်းတာက ဘာမှမဖြစ်ပါဘူး...နှစ်ရက်အတွင်း သက်သာလာမှာပါ"
ဟန်ချင်စုန့်က သူမကို အားပိုသုံးရန် အချက်ပြလိုက်၏။
လင်းလန်က သူ့အတွက် သုတ်ပေးပြီးနောက် သူက သူမကို ကုတ်ပေးရန်ပြောပြီး ၎င်းနောက် ထပ်ကုတ်ခိုင်းပြန်သည်။
လင်းလန်အနေဖြင့် သူ့ကို နှစ်ကြိမ် ကုတ်ပေး လိုက်ရုံမှတပါး ရွေးချယ်စရာမရှိပေ။
"အားနည်းနည်းလောက်သုံး.."
ဟန်ချင်စုန့် သူမကြောင့် ပို၍ပင် ယားယံလာသည့်အတွက် စိတ်အနှောက်အယှက်ဖြစ်ပြီး ပခုံးတွန့်ဘဲ မနေနိုင်ခဲ့ပေ။
လင်းလန် သူမလက်အောက်ရှိ ကြွက်သားများက သူမလက်ဖဝါးနှင့်ပွတ်တိုက်မိသည်ကို ခံစားလိုက်ရကာ ယင်းက ပူနေသဖြင့် သူမ စူးစမ်းချင်စိတ်ကြောင့် မနေနိုင်ဘဲ လက်လှမ်းမိသွား၏။
သံမဏိနှင့်တူသော ခန္ဓာကိုယ်ရှိပြီး အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ထားသော ကြွက်သားများက ကျောက်တုံးလို မာကျောကာ ကြီးမားသော ခွန်အားတွေ အမှန်တကယ်ပါရှိသည်ဟု လူတွေပြောကြသည်က အံ့သြစရာမရှိပါချေ။
ဟန်ချင်စုန့်က သူမနောက်တဖန် ရှက်သွေးဖြန်နေသည်ကို မသိသော်လည်း တခဏတွင်းချင်း သူ့နောက်ကျောက စပ်ဖျဥ်းဖျဥ်းဖြစ်လာသဖြင့်
ထရပ်လိုက်၏။ လင်းလန်က သူ့အနောက်မှာ ကုန်းနေပြီး ရုတ်တရက် သူ သူမနှင့် တိုက်မိသွားမည်ကို မည်သူသိပါမည်နည်း။
"အမလေး --" လင်းလန်က အော်ပြီး နောက်ပြန် လဲကျသွားသည် ။မျက်စိတစ်မှိတ်အတွင်းမှာပဲ တို့ဟူးစားဖို့အတွက် တန်ကြေးရှိသည်ဟု သူမ တွေးမိလိုက်သေး၏။
(T/N– တို့ဟူးစား=အသားယူ၊ ဆိုလိုချင်တာက
တို့ဟူးစားလိုက်တဲ့အတွက် တစ်ခုခုပေးဆပ်ရတယ်ပေါ့။ ဥပမာ–အခုလို လဲကျတာမျိုး)
သို့သော် မျှော်မှန်းထားသော သက်ရောက်မှုက ဖြစ်မလာခဲ့ပါချေ။
သန်မာသောလက်တစ်စုံက သူမ၏သွယ်လျသောခါးကို တခဏတွင်းချင်း ရစ်ပတ်၍ သူမကို အားနှင့် ပြန်ဆွဲထားပြီး ကြီးမားသော လက်ကြီးတစ်ဖက်က သူမ၏ပုခုံးတလျှောက်ကနေ ခေါင်းအနောက်ဘက် (နောက်စေ့)ကို တင်းတင်းကိုင်ထားကာ ပူလောင် ပြင်းထန်သော ပွေ့ဖက်မှုထဲတွင် လုံခြုံစွာ ချုပ်နှောင်ထားခဲ့သည်။
လင်းလန်၏ မျက်နှာက ဟန်ချင်စုန့်၏ ရင်ဘတ်ကို ကြားကွက်လပ်မရှိ ဖိကပ်ထားမိလျက်ရှိပြီး သူ၏ပြင်းထန်သော နှလုံးခုန်သံကို နားရွက်ဘေးကနေ ကြားနေရ၏။
သူက သူမကို အတန်ငယ် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူမကို အနည်းငယ် အသက်မဝဖြစ်စေလေသည်။
"ဟာ..လဲတော့မလို" လင်းလန် အနည်းငယ်ရှက်သွား၍ အတန်ငယ် ရုန်းကန်လိုက်သော်လည်း သူဆီကနေ ပိုပြီးတင်းတင်းကျပ်ကျပ် အဖက်ခံလိုက်ရပြီး အထူးသဖြင့် သူမ၏ ခါးပေါ်ရှိ အားများက ပို၍ စိုးမိုးခြယ်လှယ်လာကာ သူမခန္ဓာကိုယ်ကို သူ့ကိုယ်လုံးကြီးနှင့် တင်းတင်းကြပ်ကြပ် ဖိကပ်ထား၏။
ချက်ချင်းဆိုသလိုပင် သူမ ပြင်းထန်ပြီး ကြောက်စရာကောင်းသည့် သူ၏တုံ့ပြန်မှုကို ခံစားလိုက်ရသည်။
(သိတယ်မလား@.@)
လင်းလန်:...! !
သူ့နှလုံးခုန်သံက ပိုပိုကာ မြန်လာပြီး လင်းလန်ကို သူမ လွှမ်းမိုး(အဖိ)ခံရတော့မှာလားဟု တွေးမိသွားစေ၏။ အကြောင်းတချို့ကြောင့် သူမ၏ နှလုံးခုန်သံတွေလည်း ပိုပိုမြန်လာပြီး ပါးပြင်တွေ မီးထတောက်မတတ်ပူလာကာ နားနှင့်လည်ပင်းတွေလည်း ပူလာသည်။
အချိန်တစ်ခုမျှ မည်သူမှ စကားမပြောကြဘဲ သူမအနေဖြင့် တင်းတင်းကြပ်ကြပ် အဖက်ခံထားရသောကြောင့် မလှုပ်ရှားနိုင်ခဲ့ပါချေ။ ကာလအတော်ကြာ အပျော်အပါးရှောင်ကျဥ်ထားခြင်းက သူ့အား ထိန်းနိုင်စွမ်းမရှိပဲ နေခင်းကြောင်တောင်ကြီး သူမကို အိမ်ထဲဆွဲခေါ်သွားမိစေမည်ကို အမြဲကြောက်နေရ၏။
ရုတ်တရက် သူက ခေါင်းငုံ့ကာ သူမ လည်ပင်းကို သည်းသည်းမည်းမည်း နမ်းရှုံ့လိုက်ပြီး "ကိုယ်အဝတ်အစားလဲတော့မယ်" ဟု အသံဩကြီးဖြင့် ဆိုလာသည်။
သူထွက်သွားပြီး သူ၏မီးတောက်နေသော ခန္ဓာကိုယ် ခွာသွားသည်နှင့် တပြိုင်နက် မွန်းတည့်ချိန်ရှိ လေက အေးစိမ့်သွားပုံရသည်။
လင်းလန် တုန်ယင်သွားမိပြီး သူမလည်ပင်းကို မသိစိတ်ဖြင့် ထိလိုက်၏။
အိုးခိုင်မော့ ... ဒါက အနမ်းပေါ့ ... နာလိုက်သောပဲ...
ဟန်ချင်စုန့်က ထူးထူးကဲကဲကို အားကောင်းသည်အား သူမ သတိပြုမိသည်မှာ ကြာပြီဖြစ်သည်။တစ်ခါတစ်ရံတွင် သူမ သူ့ကို ပန်ကိတ်ဖဲ့ခိုင်းသောအခါ မတော်တဆ အပိုင်းပိုင်းများစွာ ကျေသွားတတ်၏။ ကလေးများက သူဒေါသထွက်နေသည်ဟုထင်ပြီး ချက်ချင်း ပါးစပ်ပိတ်ကာ စကားမပြောဘဲ စားသောက်ကြသည်။
အခုလေးတင် သူမကို ပွေ့ဖက်ထားချိန်တုန်းက အကျဉ်းသားတစ်ယောက်ကို ဖမ်းနေသည်ဟု သူထင်နေသလား သူမမသိပါချေ။ သူမခါးလေး ကျိုးလုမတတ်ပင်။
"လန်..."
လင်းလန်သည် ခဏမျှ အေးခဲသွား၏။ သူ သူမကို လွှတ်လိုက်သည်မှာ အံ့သြစရာမဟုတ်ပါချေ။ သူ တစ်ခုခုကြားလိုက်၍ ဖြစ်လေသည်။
သူမ ပြန်ထူးပြီး အပြင်ထွက်လိုက်ရာ အစ်ကိုကြီးလင်းက စားစရာအိတ်ကို ကိုင်၍ တံခါးဝမှာ ရပ်နေသည်ကို မြင်လိုက်ရ၏။ သူ့မျက်နှာက ချွေးတွေ အပြည့် ဖုံးလွှမ်းနေပြီး သူ့အဝတ်တွေက လည်း ချွေးတွေရွှဲနေလျက်။
လင်းလန်က အလျင်အမြန် လှမ်းယူလိုက်ပြီး “အစ်ကိုကြီး ဘာလာလုပ်တာလဲ"
အစ်ကိုကြီးလင်းက ပြောလေသည်။
“မင်းအိမ်ဆောက်နေတယ်လို့ မိန်မိသားစုကလာပြောလို့ စားဖို့မလောက်ဘူးထင်တာလေ... အိတ်ကို အရင် သိမ်းရအောင်... အချိန်ကျလာရင် ဧည့်သည်တွေကို ဧည့်ခံလိုက်"
လင်းမိန် စျေးသွားသည့်အခါ သူမက ပြည်သူ့လုံခြုံရေးဗျူရိုကို သွား၍ လင်းလန်ကို သတင်းပေးဖို့ ဟန်ချင်စုန့်ကို တောင်းဆိုရင်း သူမကို လှည့်စားဖို့ စိတ်ကူးနေသူများ သူမနှင့် ဝေးဝေးနေစေခြင်းအလို့ငှာ ပြည်သူ့လုံခြုံရေးဗျူရို၏ ညွှန်ကြားရေးမှူးကို သူမသိကြောင်းကို ကြွားရန်အတွက် ဟန်ချင်စုန့်ကို ရှာခဲ့ခြင်းဖြစ်ရမည်။
လင်းလန်သည် ခဏလောက် ရင်ထဲထိသွားရ၏။ အိမ်တွင် ရိက္ခာပြတ်လပ်နေသည်က အမှန်ပင်။
"အစ်ကိုကြီး ... မလိုအပ်ပါဘူး...အစ်ကိုကြီးတို့က အစားအစာမလုံလောက်ဘူးလေ"
" ကောက်ရိတ်သိမ်းတော့မှာမဟုတ်ဘူးလား..."
အစ်ကိုကြီးဟန်က ပြန်ယူရန်ငြင်းဆန်ပြီး ၎င်းကို ခြံဝန်းထဲ သယ်သွားရာတွင် အခန်းထဲရှိ လူတစ်ယောက်ကို တွေ့လိုက်ရသည်။
"ချင်စုန့်အိမ်မှာရှိတာပဲ"
ဟန်ချင်စုန့်က အကျီကို အမြန်ဝတ်လိုက်ပြီး ဘောင်းဘီရှည်ကို ဆွဲဆန့်ကာ ခါးပတ်ကြိုး ချည်ပြီး အခန်းထဲကနေ နှုတ်ဆက်လိုက်၏။
"အစ်ကိုကြီး"
အစ်ကိုကြီးလင်းက သူဘာလို့ သူ့ဘာသူ စားစရာလာပို့မိသလဲဟု တွေးမိသွားသည်။ ငါ့ယောက်ဖက ငါ့ကိုလာနှုတ်မဆက်ဘဲ အိမ်ထဲမှာ ပုန်းနေတာပေါ့...
ဒီလောက်တောင်လားဟ...
ခေါင်းဆောင်ဖြစ်သွားတာနဲ့ မတူတော့ဘူး...
xxxxxxxx
Part 170
ဟန်ချင်စုန့်က ထွက်လာပြီး အစ်ကိုကြီးလင်းနှင့် စကားပြောကာ အခန်းထဲမှာ ထိုင်ခိုင်း၏။
လင်းလန် သူ့ကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ *မာန်က လုံး၀ မလျော့သေးပါချေ။ ကံကောင်းစွာဖြင့် သူက ထိုဟာကိုဖုံးရန် အကျီအရှည်ကြီးကို ဝတ်ထား၏။
(T/N–သူ၏ယောကျာ်းဂုဏ်ရည်@.@)
သူမ ရှက်သွေးဖြာသွားမိသည်။
ဟန်ချင်စုန့် သူမကို စိုက်ကြည့်လိုက်ရင်း အခုလေးတင်ဖိနှိပ်ထားသော အပူက ယခုတစ်ဖန် ပေါက်ကွဲလာတော့မလို ခံစားရသဖြင့် အစ်ကိုကြီးလင်းကို အလျင်အမြန် ဆွဲခေါ်ကာ
"အစ်ကိုကြီ အိမ်သစ်ကို သွားကြည့်ပြီး စိတ်ဆုံးဖြတ်ပါ့လား"
ထို့အခါ အစ်ကိုကြီးလင်း ဝမ်းသာအားရဖြစ်သွားပြီး လက်ကိုဝှေ့ယမ်းကာပြောလေ၏။
“ငါက နားမလည်ဘူး...ဘယ်မှာသွားဆုံးဖြတ်နိုင်မှာလဲ...သွားကြည့်ရအောင်”
သူတို့ထွက်သွားပြီးနောက် လင်းလန် စိတ်သက်သာစွာဖြင့် သက်ပြင်းတစ်ချက်ချမိလိုက်ပြီး သူမလက်တွေခြေတွေ အတန်ငယ် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ မျက်နှာကို အမြန်ပွတ်ကာ အဝတ် ဆက်လျှော်လိုက်၏။
အစ်ကိုကြီးလင်း အလည်လာပြီး နောက်တစ်နေ့တွင် အဘိုးကြီး လင်းနှင့် လင်းမိန်၏ခင်ပွန်းတို့ အတူတူ လာကူကြသည်။
ဒီကို မနက်ခင်းမှာ ရောက်လာ၊ နေ့လည်၌ နေ့ခင်းစာစားပြီး ညနေတွင် အိမ်ပြန်သည်မှာ သုံးရက်ရှိလေပြီ။
လူအင်အား အလုံအလောက်ရှိပြီး ၎င်းတို့အားလုံးကလည်း သန်မာသော အလုပ်သမားများဖြစ်သောကြောင့် အိမ်နေရာ ရှင်းလင်းခြင်း ဝိုင်ယာကြိုးများထုတ်ခြင်း၊ မြေတူးခြင်း၊ အုတ်မြစ်ချခြင်း၊ ရွှံ့ရောနှောခြင်း၊ အုတ်စီခြင်း၊ နံရံများ ဆောက်ခြင်းစသည်ဖြင့် သုံးရက်ခန့် သာ အချိန်ယူခဲ့ရသည်။ ညှိနှိုင်းဆောင်ရွက်မှုက ချောမွေ့ခဲ့ပြီး အခြေခံအားဖြင့် အချိန်မဖြုန်းခဲ့ပေ။
နှစ်ရက်တာ ရပ်နားချိန်အတွင်း အမျိုးသမီးများက ၎င်းတို့၏ အားလပ်ချိန်များတွင် ဂျုံရိုးတံများကို လာကူချည်ပေးကြပြီး နောက်ထပ် နှစ်ရက်ကြာပြီးနောက် အမျိုးသမီးများ ပြီးလုနီးပါးဖြစ်နေလေပြီ။
ဩဂုတ်လတွင် လေတိုက်နှုန်းမြင့်ပြီး လတ်ဆတ်အေးမြသော ဆောင်းဦးလေက သီးနှံများအပေါ်တရှဲရှဲဖြတ်တိုက်နေပြီး စပါး ၊ပြောင်း၊ မြေပဲစသည့်တို့က တစ်ခုပြီးတစ်ခု မှည့် လာကာ ထုတ်လုပ်ရေးအဖွဲ့က ဆောင်းဦး ရိတ်သိမ်းပွဲအတွက် စတင် စည်းရုံးသည် ။
လင်းလန်၏အိမ်သည်လည်း ပြီးစီးလုနီးနေပြီဖြစ်၍ ထုတ်တန်းတင်ရန် စောင့်ဆိုင်းနေခဲ့၏။
ထုတ်တန်းတင်ရန်အတွက်ကား အလျင်မလိုပါချေ။ သူမတို့ ရက်ရွေးရဦးမည်ပင်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း *သက်ကြီးလေးပါးက အဖျက်စီးခံလိုက်ရပြီး ပဒေသရာဇ်အယူသီးမှုကို ခွင့်မပြုသည့်အတွက် လူတိုင်းသည် ၎င်းတို့အလှည့်ကျသည့်နေ့ကိုသာ ယူခဲ့ကြသည်။
(T\N–သက်ကြီးလေးပါး/ဟောင်းလေးဟောင်း=
အတွေးအခေါ်ဟောင်း၊ယဥ်ကျေးမှုဟောင်း၊ ဓလေ့ထုံးစံဟောင်း၊အလေ့အကျင့်ဟောင်း)
သို့ပေမဲ့ ယခုတွင် သိပ်မတင်းကျပ်တော့သည်ဖြစ်လေရာ အဖွဲ့ဝင်တွေက ရက်ရွေးခြင်းအပေါ် အာရုံစိုက်လာကြ၏။
အဘိုးကြီးလင်းက ထိုကိစ္စကို အလွန်ဂရုစိုက်ပြီး ရွာပြန်၍ ရက်ရွေးမည့်လူကို တိတ်တိတ်လေး ရှာနေကာ လင်းလန်ကို လာပြောပြရန် အစ်ကိုကြီးလင်းကို အထူးတလည် အမိန့်ပေးခဲ့သည်။
လင်းလန်က ခေတ်မီသောဝိညာဉ်တစ်ကောင်ဖြစ်၏။ သူမအနေဖြင့် ဤကိစ္စကို အဘယ်သို့ ဂရုစိုက်ပါမည်နည်း။
"အစ်ကိုကြီး ရက်ရွေးတာထက် ယက်မတွေ အုတ်ကြွပ်ပြားတွေ စောစောချထားပြီး အဲဒီနေရာကို စောစောရွှေ့တာ ပိုကောင်းတယ်"
“အဲဒါက ပေါ့ပေါ့တန်တန်လုပ်လိုရတဲ့ ကိစ္စလား ...အဖေပြောတယ် မသိရင် ဆွဲချလို့ရတယ်... ဒါပေမဲ့ သိရင်တော့ နာခံရမယ်တဲ့...အဖေပြောတာကို နားထောင်...နင် ငယ်ငယ်တုန်းကဟာကို မမှတ်မိဘူးလား... သူ့ဒုတိယဦးလေးကို အိမ်ဆောက်ရင် ရက်ရွေးဖို့ မျှော်လင့်ထားတာလေ... ရက်အနည်းငယ်ကြာအောင် နားမထောင်တဲ့အတွက် ထုတ်တန်းပေါ်ကနေ ပြုတ်ကျပြီး ခါးကျိုးသွားတယ်...သူအခုထိ အနွေးကုတင်ပေါ်မှာ အကြောသေ နေတုန်းပဲ”
လင်းလန် : “ဒါက တကယ်ကြီး ဒီလောက် လေးနက်သလား”
ကိစ္စတွေက မူလကတည်းက ဆက်စပ်မှုမရှိပါဘဲ အစ်ကိုအကြီးဆုံးက ပြောလျှင်ပင် နားမထောင်သည်က အဆင်ပြေပေသည်။ သို့ပေမဲ့ တစ်ခုခုဖြစ်ရင် လူတိုင်းက စကားနားမထောင်၍ဟုဆိုကြပေလိမ့်မည်။
သူမတွင် ရွေးချယ်စရာမရှိပဲ ပြောလိုက်ရ၏။ "ကောင်းပြီ"
သူမက အစ်ကိုကြီးလင်းအား ဟန်ချင်စုန့်ကိုပြောခိုင်းသော်လည်း အစ်ကိုကြီးလင်းက "ယောက်ဖကို နင်ပြောလိုက်"ဟုဆိုလာသည်။
ခေါင်းဆောင်ဟန်က ယုံမယုံဆိုသည်ကိုကား ဘယ်သူသိပါမည်နည်း။ သူမယုံလျှင်ပင် ခေါင်းမာလွန်းသည်က ရှက်စရာဖြစ်ပေလိမ့်မည်။ ထိုအကြောင်းကို လင်မယားနှစ်ယောက် အိပ်ရာထဲမှာ ပြောရဦးမည်ပင်။
ညနေပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ကျပန်းအလုပ်သမားများကို စောင့်ဆိုင်းနေစဉ် လင်းလန်ကလည်း ထမင်းတစ်နပ်ချက်ပြီး ဟန်ချင်စုန့်ကို ကလေးတွေနှင့်အတူ ကိုယ်တိုင်သွားစားရန် သွားပြောလိုက်၏။
ညစာစားပြီးသောအခါတွင် ကလေးတွေက အုတ်ကြွပ်အခိုးခံရခြင်းမှ ကာကွယ်ရန် အိမ်ကိုသွားရမည်ဟုဆိုပြီး ရေဒီယိုကို လက်ထဲတွင်ကိုင်ရင်း အိမ်သစ်သို့ ပြေးသွားကြသည်။
ကလေးများ ထွက်ခွာသွားသည်နှင့် တပြိုင်နက် မူလက သက်ဝင်လှုပ်ရှားနေသော အခန်းသည် ဟန်ချင်စုန့် စားသောက်နေသည့် အသံများကလွဲ၍ တိတ်ဆိတ်သွား၏။
သူက သူမကို ခွက်လှမ်းပေးပြီး သူ့အတွက် ရေတစ်ခွက်ငှဲ့ပေးရန် အမူအရာပြလာသည်။
ကရားက လင်းလန်လက်ထဲမှာဖြစ်၏။
လင်းလန် ခွက်ကိုယူသောအခါ သူ့လက်ကိုထိမိသွားပြီ အမြန်ယူလိုက်သည်။ဤနှစ်ရက်အတွင်း သူမ ဟန်ချင်စုန့်ကို အနည်းငယ်ကြောက်သွားပြီး သူနှင့်အတူ နှစ်ယောက်တည်းနေရန် ခဲယဉ်းလှ၏။ သူ သူမကိုကြည့်သည့်ပုံစံက ပြင်းပြပြီး ရမ္မက်သွေးကြွနေသည်ဟု သူမအမြဲခံစားရသည်၊ အလွန်နေရခက်လှ၏။
အထူးသဖြင့် ညဘက် ကလေးတွေ အိပ်ပျော်နေသည့်အချိန်မှာဆိုလျှင် သူက အနွေးကုတင်ပေါ်မှာ ရှိမနေဘဲ သူမအိပ်ရာထဲကို အတင်းတိုးဝင်လာတော့မည်ဟု မကြာခဏခံစားရသည်။
ကံကောင်းထောက်မစွာဖြင့် သူက မလုပ်ခဲ့ပါချေ။
သူမ အိပ်မပျော်သည့်အခါ သူမ ဇနီးမောင်နှံဘဝ၏ အမှတ်တရများကိုပင် ရှာဖွေခဲ့သော်လည်း ကံမကောင်းစွာဖြင့် အကြိမ်အနည်းငယ်သာရှိပြီ ဘာတစ်ခုမှ လေ့လာ၍မရခဲ့ပေ။
ဥပမာ- သူမတို့လက်ထပ်တုန်းက ဘလိုင်းဒိတ်ကနေ လက်ထပ်သည်အထိ ငါးရက်ထက်မပိုကြာခဲ့ချေ။ လက်ထပ်ပွဲအခမ်းအနားအတွင်းက တစ်ကြိမ်သာတွေးခဲ့ဖူးပြီး ၎င်းနောက် ညမှာ အိပ်ရာပေါ်ရောက်သွားကြသည်။
ထိုစဥ်က သူတို့ နှစ်ယောက်လုံးက ငယ်သေးပြီး သူမက ငယ်ရွယ်သလို သူကလည်း အလေးမထားပေ။ တကယ်ကို ကြည်နူးဖွယ်ရာတစ်ခုမှမရှိဘဲ မှတ်ဉာဏ်နှင့် ပတ်သက်၍ပြောရပါလျှင် ဝေဒနာပြီး ဝေဒနာဖြစ်ကာ နာကျင်စရာတွေချည်းသာရှိပြီး သူမကို အကြီးကြီး ကြောက်သွားစေ၏။
နှစ်ညတည်းသာနေပြီး သူ စစ်တပ်ကိုပြန်သွားသော်လည်း သူမမှာ ကိုယ်ဝန်ရှိသွားသေးသည်။
(Lmaoမျိုးအောင်ချက်)
နောက်ပိုင်းမှာ ပြန်ဆုံပြီးနောက်ထိ ကောင်းမွန်သော အတွေ့အကြုံများ မရှိစမြဲမရှိဆဲပင်။ သူက တစ်ညအိပ် သို့မဟုတ် သုံးရက်ကနေ ငါးရက်အထိသာနေပြီး ခပ်သုတ်သုတ်လာကာ ခပ်မြန်မြန် ပြန်သွားတတ်၏။
နေ့ခင်းဘက်တွင် မိသားစုကြီးတစ်ခုလုံးရှိနေသဖြင့် သူတို့နှစ်ဦး စကားပြောရန် အချိန်သိပ်မရှိပါချေ။
Xxxxxx