အပိုင်း ၁၇၁-၁၇၂
Viewers 23k

Part 171


သူမက မျှော်လင့်နေမိသလို တစ်ချိန်တည်းမှာပင် စိုးရိမ်ထိတ်လန့်မှုတွေလည်း ရှိနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ  သူမက တခြားယောက်ျား၊ မိန်းမတွေနှင့် အတူတူပင်ဖြစ်၏။  သူမက အချစ်ရေးမှာ အလွန်ချုပ်ချယ်တတ်ပြီး ရှေးရိုးဆန်သည်။ သူမ  သူ့ကို သဘောကျပေမဲ့ ထိုကဲ့သို့သာအရာတွေလုပ်ရသည်ကို မုန်းတီးပြီး ရှောင်ရှားလေ့ရှိသည်။


အကြိမ်တိုင်း ညသန်းခေါင် သားသမီးများ အိပ်ရာဝင်ပြီးနောက်မှသာလျှင်  လင်မယားဘဝသည် အလုပ်များပြီး ဖရိုဖရဲဖြစ်နေတတ်၏။

(လူကြီးလုပ်တမ်းကစားတာကိုပြောတာပါ@.@)


သူမက စိတ်လှုပ်ရှားပြီး မလွှတ်နိုင်သလို သူကလည်း  အကြာကြီးထည့်ထားလေ့ရှိသည်။တွေးရသည်မှာ ကြောက်စရာကောင်းလှ၏။ အတွေ့ အကြုံကောင်းတစ်ခုမဟုတ်ရုံသာမက  နှစ်ဖက်စလုံးအတွက် နက်ရှိုင်းသောအရိပ်မည်းတစ်ခု ချန်ထားခဲ့ပေလိမ့်မည်။


ထိုပုံစံအတိုင်းသာ အကြိမ်အနည်းငယ် ထပ်လုပ်ကြပြီး  အဆုံးမှာ ဘာဆက်သွယ်မှုမှ မရှိခဲ့ပါချေ။ သူ အရွယ်ရောက်လာချိန်တွင်မူ သူမကို နည်းပေး လမ်းပြလုပ်ဖို့ ကြိုးစားခဲ့သော်လည်း  အသက်ကြီးလာချိန်မှာ သူမက ပိုကြောက်ရွံ့လာပြီး ငြင်းဆိုခဲ့၏။ သူက  ခင်ပွန်းဝတ္တရားတွေ ကျေပွန်ရန်အတွက် ထိုဟာကို သူမနှင့် လုပ်ခဲ့​သော်ငြား  လုပ်ငန်းစဉ်သည် မသာယာမြဲပင်။


ဤသည်က အမျိုးသားတွေကို တွန်းလှန်ဖို့ အမျိုးသမီးတွေအတွက် အလွန်ငြီးငွေ့စရာ ဖြစ်စေသည်။


သို့​ပေမဲ့ ရယ်စရာကောင်းသည်က သူမ(မူလလင်းလန်)ကပဲ ကိုယ်ဝန်ရလွယ်ခြင်းလား သ်ို့မဟုတ် သူကပဲ စွမ်းဆောင်နိုင်လွန်းသည်လားဆိုသည်ကို  သူမ(လက်ရှိလင်းလန်) မသိပါချေ။(T/Nအပေါ်က မူလလင်းလန်ရဲ့အတွေ့အကြုံတွေကိုတွေးနေတာပါ)


 ယခု လင်းလန်လည်း အိမ်ထောင်သည်ဘဝက တကယ်ကို ထိုမျှ ဆိုးရွားလွန်းမှာကို ကြောက်ပြီး

စိတ်ပူကာ စိတ်ဖိစီးနေမိသည်။


မည်သို့ပင်ဖြစ်စေ အရိပ်မည်းက ကြီးလွန်းလှသည်ပင်။


သူမ  ရေခွက်ကို စားပွဲပေါ်တင်ကာ သူနှင့် မျက်လုံးချင်းမဆုံအောင် ရှောင်ရင်း  ရေသောက်ရန် ထိုင်လိုက်သည်။


ဟန်ချင်စုန့် သူမ၏ မျက်ခုံးနိမ့်နိမ့်လေးများနှင့်  ငြိမ်သက်နေသော အကြည့်ကို မြင်လိုက်ရသည်တွင် သူ မနေနိုင်ဘဲ နောက်တစ်ကြိမ် ထပ်စူးစူးစိုက်စိုက်ကြည့်မိလိုက်ပြီး သူမမျက်နှာကို လက်လှမ်းကာ ထိကြည့်ချင်လာ၏။ 


သူလက်လှမ်းမိခါနီးတွင် လင်းလန်က ခေါင်းမော့ပြီး သူ့ကိုမေးလေသည်။

 "ရှင်ဘယ်တော့ ထုတ်တန်းတင်မှာလဲ" 


သူမက ဤသို့ ရုတ်တရက်ကြီး ခေါင်းမော့လာသည်ဖြစ်ရာ ဟန်ချင်စုန့် ဘာကြောင့် ဖြစ်မှန်းမသိ  မကောင်းတာလုပ်နေသည်ကို လူမိသွားသလိုခံစားလိုက်ရပြီး  ခွက်ကို ချက်ချင်းကောက်ကိုင်၍ရေသောက်လိုက်၏။


"သဘက်ခါ..."


လင်းလန်က ခဏလောက် ငြိမ်နေပြီးနောက် ပြုံးလိုက်ပြီး "ရှင် ရက်ကောင်းမကောင်းစစ်ဆေးဦးမှာမဟုတ်ဘူးလား"


ဟန်ချင်စုန့်: "စစ်ဆေးစရာ ဘာမှ မရှိဘူး...ရက်ရွေးမဲ့အစား  တိုက်လိုက်တာ ပိုကောင်းတယ်"


လင်းလန်: "အဲ့ဒါက..... "


ဟန်ချင်စုန့်: " မင်း တစ်ယောက်ယောက်ကို ရက်စစ်ဆးခိုင်းလို့ရတယ်"


သူ၏လုပ်ငန်းခွင်ရောဂါက သူမကိုအယူသီးသည်ဆိုပြီး အပြစ်တင်မှာကို ကြောက်သဖြင့် လင်းလန်ချက်ချင်း ခေါင်းခါလိုက်ပြီး 

"မဟုတ်ဘူး...မဟုတ်ဘူး...ကျွန်မက ဘယ်မှာ ရှာရမှာလဲ...ကျွန်မသိမှမသိတာ"


ဟန်ချင်စုန်ကပြောသည်။

 "မစစ်ဆေးရင် အဲဒီနေ့ဖြစ်လိမ့်မယ်"


 "အဖေနဲ့ အစ်ကိုကြီး ကျွန်မတို့အတွက် စစ်လိုက်တယ်..." 

လင်းလန်က အမြန်ပြောလိုက်သည်။


 ဤပဒေသရာဇ်အယူသီးမှုဆန့်ကျင်ရေးကို ကွန်မြူနတီကနေ  ရွာအထိပြောနေကြ၏။ သူက ပြည်သူ့လုံခြုံရေးဗျူရိုက ဖြစ်လေ သည်။ သူတို့တို့ အရှိန်လျှော့နေသည်ဟု ထင်ပါသလား။


သူ့ယောက္ခထီးနှင့်ယောက်ဖတို့အကြောင်းပြောနေသည်ကို ဟန်ချင်စုန့် သိသဖြင့်  “ဘယ်အချိန်လဲ” ဟုမေးလိုက်၏။


 လင်းလန်က တိုးတိုးလေးဆိုလိုက်သည်။  “ရှစ်လပိုင်း ဆယ်ရက်နေ့” 


 ဩဂုတ်လ၏ ဆယ်ရက်မြောက်နေ့သည် ဆောင်းဦးရာသီကောက်ရိတ်သိမ်းမှုနှင့်အလုပ်များနေမှာဖြစ်၏။ 


 ဟန်ချင်စုန့် အနည်းငယ် အကျပ်ရိုက်သွားပုံရသည်။


 လင်းလန်က တန်းပြီးပြောလိုက်သည်။  


"တကယ်တော့ ရက် စစ်ဆေးတယ် မစစ်ဆေးဘူးဆိုတာက အရေးမကြီးပါဘူး...သူတို့ပြောစကားလေ... ရှင်မယုံရင် အိမ်ထဲမှာနေပြီး ခေါင်းကိုက်ရင် ရက်မစစ်ဆေးခဲ့လို့လို့ ပြောလိမ့်မယ်"


  သူမဒီမှာ အိမ်ထောင်ကျသလိုပါပင်၊ သူမက ဇနီးတစ်ယောက်၏လုပ်ပိုင်ခွင့်ကို အသုံးမပြုခဲ့သည့် အတွက် အဖွားကြီးဟန်က ဤအကြောင်းကို တစ်သက်လုံး ပြောဆိုနေခဲ့ပြီး သူမကြောင့်ပဲ ခေါင်းကိုက်ခဲ့ရ၏။ ယခု စတုတ္ထသား အဖမ်းခံလိုက်ရသည်ဖြစ်လေရာ ပို၍ပင် သူမကြောင့်ဖြစ်နေပေသည်။


"ဒါဆို နေ့အရပဲ ဖြစ်လိမ့်မယ်"

ဟန်ချင်စုန့်က ပြော၏။ "မနက်ဖြန်အတွက် မင်းရဲ့အကူအညီ မလိုဘူး... နှစ်သစ်ကူး ဆယ်ရက်နေ့မှာ  တန်းတွေ တပ်ဖို့ လူနည်းနည်း ကိုယ်ရှာလိုက်မယ်"


"ဆောင်းဦးကောက်ရိတ်သိမ်းပွဲက....."


"ဒီအတွက်မပူနဲ့...တစ်ယောက်​ယောက်ကိုပဲ မွန်းတည့်ချိန်ထုတ်တန်းတင်ခဲ့အခါ ကူညီဖို့ပြောပြီးတန်းတွေကို ဖြန်ထားလိုက်...ကျန်တာအဆင်ပြေသွားလိမ့်မယ်"


    သူ့အပြင်ကို ငှားထားသည့် လက်သမားနှင့် ပန်းရံဆရာတွေလည်း ရှိလေသည်။


    သူပေးသော လစာက သူတို့ရရှိသော အလုပ်မှတ်ထက် ပိုများသောကြောင့်  သဘာဝအတိုင်း လာချင်ကြ၏။


ဒါပါပဲ...


လင်းလန် အတော်လေးကို ပျော်ရွှင်နေသည်။ ဟန်ချင်စုန့်က ​​တင်းမာပြီး လေးနက်သည့်ပုံပေါက်နေသော်လည်း   သည်းညည်းမခံ၊ကျိုးကြောင်းဆီလျော်မှုမရှိသည်မျိုး ဟုတ်မနေချေ။  မိသားစုအရေးနှင့် ပတ်သက်ပြီး သူမ၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခွင့်ပေးရန် ဆန္ဒရှိခဲ့၏။


ကိစ္စတွေနှင့်ကြုံတွေ့သောအခါ သူမနှင့်  စေ့စေ့စပ်စပ် ဆွေးနွေးတတ်သည့် အလေ့အထရှိမနေခြင်းသာဖြစ်လေသည်။ သူက  ရွာမှာရှိသည့် အမျိုးသားများ၏ လွှမ်းမိုးမှုခံရပြီး ယောက်ျားတစ်​ယောက်က ကိစ္စတွေကို မိမိဘာသာမိမိ အရေး စိုက်သင့်သည့်ဟု တွေးနေပုံရ၏။


 စကားလှအောင် ပြောရပါက အမျိုးသမီးတွေကို စိတ်ပူမနေစေခြင်းဖြစ်ပြီး ပြောင်ပြောင်ဘွင်းဘွင်း ပြောရပါလျှင်မူ  အမျိုးသမီးတွေကို ကို အလေးအနက်မထားဟုအဓိပ္ပါယ်ရပေသည်။

အမှန်တွင်  သူမ တိုးတက်မှုအတွက် ဝမ်းသာပါ၏။ ထိုသို့ မဟုတ်ပါက ဟန်ချင်စုန့်က  အစ်ကိုကြီးဟန်နှင်တခြားယောကျာ်းတွေလိုမျိုး သူ၏ယောကျာ်းပီသမှုကို ပြသရန်အတွက်  သူ့မိန်းမနှင့်  အတင်းအဖျင်းပြောမှာမဟုတ်ပါဘဲ သူမကို ဖာခ့်မှာဖြစ်လေသည်။  


သစ်လုံးများ မရှိသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ပြီး ယခုအချိန်တွင် ထုတ်လုပ်မှုအဖွဲ့၏ ဆောင်းဦးရာသီတွင် ရိတ်သိမ်းမှုများလည်း စတင်တော့ပေမည်။


    ပထမဦးစွာ တပ်မဟာသည် ဆောင်းဦးရာသီကောက်ရိတ်သိမ်းပွဲအတွက် အဖွဲ့ဝင်အားလုံးကို ပါဝင်ခွင့်ပေးပြီး စည်းရုံးရေးအစည်းအဝေးတစ်ခုကျင်းပခဲ့၏။ 


    " ထုတ်လုပ်ရေးအဖွဲ့အတွက် အလုပ်လုပ်နေတယ်လို့ မထင်လိုက်ပါနဲ့...ခင်ဗျားတို့ကိုယ်တိုင်အတွက်ပဲ အလုပ်လုပ်နေကြတာပါ... ဆောင်းဦးရာသီမှာ စပါးရိတ်သိမ်းတယ်ဆိုတာက အစားအစာကို ရိတ်သိမ်းပြီး ခင်ဗျားတို့အသက်ကို သတ်လိုက်တာပဲ... မိုးရွာပြီးလို့တောင် မရိတ်သိမ်းနိုင်ရင် ပုပ်နေထဲလယ်မြေထဲမှာ ဗိုက်ဟောင်းလောင်းဖြစ်နေရလိမ့်မယ်... ခင်ဗျားတို့အားလုံး အမှတ်တွေ ရလိမ့်မယ် အလုပ်ထဲမှာ တက်တက်ကြွကြွ ပါဝင်ကြပါ... အဖွဲ့ခေါင်းဆောင် လောဆော်ရတဲ့အထိ မစောင့်ပါနဲ့ ...ကိုယ့်ကိုကိုယ် အရှက်ရှိပါ"


   ဟန်ရုံဖန်က သံဖြူဟွန်းဖြင့် ကြိမ်ဖန်များစွာ အော်ပြောလိုက်ပြီးနောက် အဖွဲ့ခေါင်းဆောင်က စကားပြော၏။ ထို့နောက် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်များက အဖွဲ့၀င်များကို စည်းရုံးပြီး ဟောပြောပို့ချမှုများလုပ်ကာ တဆက်တည်းမှာပင် အလုပ်ခွဲလေသည်။


    

xxxxxxxxxx

Part 172


ဆောင်းဦးကောက်ရိုတ်သိမ်းရာသီ၏ ဒုတိယလှိုင်းတွင် ပြောင်းရိုးချိုးရန်၊ ဝါကောက်ရန်၊ မြေပဲဆွတ်ရန်အတွက်  လုပ်အားများများ လိုအပ်သည်။ကောက်ရိတ်သိမ်းပြီးနောက် ကန်စွန်းဥ များကို တူးကာ အခြောက်လှန်းရပြီး တစ်နှစ်တာ၏ အလုပ်အများဆုံးအချိန်ဟု ဆို၍ရပေ၏။ 


    ထုံးစံအတိုင်း လင်းလန်သည်လည်း အလုပ်သွားရပြီး တစ်နေကုန် ပင်ပန်းလွန်း၍  ခါးနှင့် နောက်ကျောတွေပင်  နာကျင်ကိုက်ခဲနေပြီး စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးရသွားခဲ့သည်။


    ယနေ့တွင်မူ ဟန်ချင်စုန့်က  အလုပ်သွားပြီး သူမ ကလေးတွေကို ကျောင်းပို့ပေးခဲ့၏။တဝမ်နှင့်စန်းဝမ်တို့က သူတို့ ထွက်သွားပြီးသည်နှင့် တခြားဘက်ကို ပြေးသွားသည်။


    လင်းလန်က ပန်းကန်ဆေးပြီး အလုပ်မြန်မြန်သွားရမည်ကို ဂရုမစိုက်ပါဘဲ ကလေးနှစ်ယောက်ပြေးသွားသည် တွေ့ရာတွင် အော်ဟစ်လိုက်၏။ “ဘယ်သွားမလို့လဲ....ငါ့ဆီ ပြန်လာခဲ့” 


    ကလေးနှစ်ယောက်က ခိုးထွက်နိုင်သော်လည်း လင်းလန် မြင်လျှင်မူ သူတို့အမေ၏အော်သံကို လျစ်လျူရှုပြီး ထွက်ပြေးဖို့ရာ သတ္တိမရှိပါချေ။ ဖင်ပွင့်မည်ကို  မကြောက်ဘူးဆိုပါက  ဖအေဖြစ်သူ ၏ကြိမ်လုံးက ကရုဏာတရားကင်းမဲ့ပေလိမ့်မည်။


    သူတို့ နှစ်ယောက် ပြန်ရောက်သောအခါ တဝမ်က စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။


 လင်းလန်  : "မင်းတို့နှစ်ယောက် ကျောင်းမသွားဘူးလား... ဘာလုပ်နေတာလဲ"


    လက်ရှိမှာ  ကျောင်းက သူ့အချိန်နှင့်သူ စီစဉ်ပေးထားပြီး စနေနှင့်တနင်္ဂနွေတွေမှာ အနားယူရန်ကဲ့သို့သော အရာမျိုးမရှိပါချေ။


    ယခုလည်း ဆောင်းဦးရာသီတွင် အလုပ်များသောကြောင့် ဆရာက ကလေးများအား စာကျက်ချိန်မနှောင့်နှေးဘဲ အလုပ်နှင့်ပညာရေးကို ပေါင်းစပ်ကာ အတူတကွလုပ်ဆောင်ရန် လမ်းညွှန်ပေးခဲ့သည်။


    တဝမ်:"ကျောင်းမတက်ချင်ဘူး...."


    "ဘာလို့ကျောင်းမတက်ချင်တာလဲ...." 


"ဒီတိုင်းကျောင်းမတက်ချင်တာ... အကြောင်းပြချက်မရှိဘူး...မားမား အလုပ်မလုပ်ချင်သလိုမျိုးလေ " 

တဝမ်က လင်းလန်ကို မော့ကြည့်လိုက်၏။


    လင်းလန် အာဘော်ပြင်းပြင်းသုံးရန်ဆုံးဖြတ်လိုက်သည်။


 “ဘာလို့ အလုပ်မလုပ်ချင်ရမှာလဲ...ငါက အလုပ်လုပ်နေတဲ့သူပါ... အလုပ်လုပ်ရတာ ဝါသနာပါတယ်...အလုပ်....."


    “ဟန်ဆောင်တာကို ရပ်လိုက်ပါမားမား... ဘာလို့ ကျွန်တော့်ကို ခွင့်မတိုင်ပေးတာလဲ...ကျွန်တော်  မားမားအတွက် ပြောင်းရိုးချိုးပေးမယ်လေ..."


 တဝမ်က သူ၏ ဝှက်ဖဲကို သုံးလိုက်၏။


 လင်းလန် တကယ်ကို စိတ်လှုပ်ရှားသွားသည်။


 ရွာကိုဖြတ်သွားပြီးပါက  ယခုလိုကောင်းမွန်သည့် စတိုးဆိုင်မရှိတော့သလို အကြည့်မျိုးဖြင့်  တဝမ်က သူမကို စိုက်ကြည့်ကာမေးလိုက်သည်။(ဒီလိုကမ်းလှမ်းမှုမျိုးထပ်ရှိမှယမဟုတ်ဘုး)


 "ဘယ်လိုလဲ"


 လင်းလန်က ကျောကိုမတ်မတ်ထားကာဖြင့်

"မင်းရဲ့သဘောထားကဘယ်လိုကြီးလဲ... မင်းအမေကို ဒီလိုပြောရလောက်အောင်  သတ္တိတွေသိပ်ရှိနေတယ်ပေါ့...မင်းက ပြည်သူ့လုံခြုံရေးဗျူရိုခေါင်းဆောင်ရဲ့ မိသားစုကို လာဘ်ထိုးတယ်ပေါ့လေ...မင်းက ရိုက်ဖို့ထိုက်တန်တယ်..." တဝမ်က မျက်လုံးလှန်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လေသည်။


   ဟန်ချင်စုန့် ရှေ့မှာ နာခံမှုရှိပြီး သူမရှေ့တွင်မူ တထောင်ထောင်ဖြစ်နေသည်ကို မြင်သည့်အခါ   လင်းလန် သူမဘယ်လောက် ပါဝါရှိသလဲဆိုသည်ကို ပြသချင်ခဲ့၏။


  သူမက ဟန်ချင်စုန့်၏ ကြိမ်လုံးကိုသွားယူပြီး "မင်းကိုမရိုက်ရဲဘူးထင်နေတာလား"


 တဝမ်ကမူ ရိုက်ချင်လျှင်ရို​က်၊ လုပ်ချင်သလိုလုပ်၊ သူမရှေ့မှာ တင်ပါးပင် ထိုးပေးထားလိုက်ဦးမည်ဟူကဲ့သို့သော ပုံစံပြုမူနေလေသည်။   ဝက်သေတစ်ကောင်က ပွက်ပွက်ဆူနေသော  ရေနွေးကို မကြောက်သည်က အမှန်ပါပင်။ 


 လင်းလန်က ကြိမ်လုံး သေးသေးလေးဖြင့် ကောက်ရိုးပုံကို ရိုက်လိုက်ပြီး "ကြောက်လား"


တဝမ်က နှုတ်ခမ်းစူလိုက်သည်။


စန်းဝမ် နှုတ်ခမ်းများ စုဝိုင်းကာ ခပ်ဖွဖွပြုံးလိုက်ရင်း သူ့အစ်ကိုကြီး၏ စံနမူနာကို လိုက်အတုယူ၏။ ကောင်ကင်းကြီးက ပြိုကျနေပြီး အရှည်ရှည်နှင်လူက ထိန်းထားကာ  သူ့အမေက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နေလေသည်။


    "မင်းကဘာရယ်နေတာလဲ... ငါ့အတွက် သွားတွေပြန်သိမ်းထားစမ်း... အိပ်ပျော်တဲ့အခါ မင်းပါးစပ်ပိတ်ပြီးအိပ်... ကြာကြာနေရင် သွားတွေက ရုပ်ဆိုးလာလိမ့်မယ်"


    စန်းဝမ် ထိုစကားကိုကြားသည်နှင့် ချက်ချင်းပင် သူ့ပါးစပ်ကို တင်းတင်းပိတ်လိုက်ပြီး သူ့တွင် *အပေါ်ခွေးစွယ်သွားတစ်ချောင်း တကယ်ပေါက်နေသလား သိရအောင် လျှာနှင့်ပင် ထိုးကြည့်လိုက်သေးသည်။

(T/N–ခေါထွက်နေသောအပေါ်သွား)


    လင်းလန်က စန်းဝမ်ကို ကြိမ်တုတ်နဲ့ထိုးလိုက်ပြီး "မြန်မြန် ကျောင်းသွား...မင်းညီအကိုမောင်နှမတွေ အကုန်သွားပြီ"


    ကျောင်းစတက်သည့်နေ့ကစပြီး တဝမ်က သူ့ကျောင်းလွယ်အိတ်ကို သယ်သွားသော်လည်း ကျောင်းဆင်းပါက သယ်မည့်သူသည် အားဝမ်ဖြစ်သွား၏။


    စန်းဝမ်က ချက်ချင်း ထွက်ပြေးသွားပြီး သူ့အစ်ကိုအကြီးဆုံးကို ချန်ထားခဲ့လေသည်။


 တဝမ်က သရော်လိုက်၏။

ငကြောက်...


    လင်းလန် မရဲတရဲဖြင့် ကြိမ်ကိုလွှဲလိုက်သည်။ အားသုံးမထားသော်လည်း ကြိမ်လုံးသေးသေးကို  လွှဲယမ်းသောအခါတွင် သူ့ခြေထောက်များ နာကျင်နေဆဲဖြစ်၏။


    တဝမ်က မျက်ခုံးပင်မလှုပ်ဘဲ သူ့အဖေ မရှိချိန်တွင် ကျောင်းပြေးရန် ကြိုးစားနေပုံရသည်။


    "ကျောင်းကိုမြန်မြန်သွား...အလုပ်သွားချင်ရင် လည်း ဆရာနဲ့သွား..." 


သူမ ဟန်ချင်းဖျင်၏ ဟောပြောချက်များကို တမင်တကာသွားနားထောင်ခဲ့ဖူးပြီး သူက အလုပ်လုပ်နေသော်လည်း နှောင့်နှေးမည်မဟုတ်ပေ။


    အားဝမ် နှင့်မိုင်စွေ့တို့ ကောင်းကောင်း သင်ယူခဲ့ကြသည်။ စန်းဝမ်က အဆိုးအပေလေးဖြစ်ပြီး ကောင်းကောင်း မထိုင်တတ်သေးပဲ သီချင်းဆိုရန် သင်ယူနိုင်သော်လည်း စကားလုံးအနည်းငယ်ပင် မရေးတတ်ပါချေ။


    ဘယ်နားကဝင်ပြီး ညာဘက်နားကထွက်သွား၏။ ဖျင်ယင်း သင်ယူသည့်အခါ  အချိန်ကြာကြာလေ့လာပြီး ကောင်းကောင်း ဖတ်တတ်သော်လည်း သူက ရေးလျှင် ကြောင်ခြစ်သလို ရေးတတ်ပြီး ဖတ်လျှင်လည်း ရောက်တတ်ရာရာဖတ်လေ့ရှိသည်။ 


    တနည်းအားဖြင့်  b ကိုသိသော်လည်း ba ကို စာလုံးမပေါင်းတတ်ပါချေ။ သင်ပေးသည့်အချိန်တုန်းက ကောင်းကောင်းသင်သော်လည်း  မျက်စိတစ်မှိတ်အတွင်းမှာပင် ပြောင်းလဲသွား၏။


    ၎င်းက သေလွန်သူများကို ငေါက်ခနဲ အသက်ပြန်ရှင်စေနိုင်လောက်သည်။


    လင်းလန် ဟန်ချင်းဖျင်၏တိုင်ကြားချက်ကိုကြားသောအခါတွင် သူမ သူမ၏ကလေးကိုအိမ်စာကူလုပ်ရန် ဆန္ဒရှိသော်လည်း  သူမ မိမိကိုယ်ကိုဖော်ထုတ်မှာကို စိုးရိမ်နေမိသည်ယ


ယခုအချိန်၌   သူမ၏မိန်းကလေးသူငယ်ချင်းတွေ ပြောကြသည့် ကလေးတွေကို   အိမ်စာကူလုပ်ပေးသည်က  နှလုံးရောဂါရစေနိုင်သည် သို့မဟုတ် နှလုံးသွေးကြောကျဉ်းစေသည်ဟူသည့် အကြောင်းကို သူမ တကယ်နားလည်သွားပြီဖြစ်၏။ ချဲ့ကားသည်ဟု ထိုစဥ်က သူမထင်ခဲ့သော်လည်း   ယခုအချိန်တွင်မူ လုံးဝကို ချဲ့ကားထားခြင်း မဟုတ်လောက်ပေ။


    သူမ၏အရင်ဘဝက အဖြစ်မှန်ကို အသိအမှတ်ပြုပြီး သားသမီးတွေကို သူမ၏ လူနေမှုအဆင့်အတန်းကို နိမ့်ကျစေချင်သည်မဟုတ်သော်လည် ယခုချိန်၌မူ အဆင်ပြေလေသည်။  သူမက *စျေးပေါသည့် မိခင်တစ်ယောက်ဖြစ်လာလေပြီ။

(T/N–အပေးအယူလုပ်ရနေလို့ပါ)


    အိမ်စာကူလုပ်တာကနေ လွတ်ကို  မလွတ်နိုင်သေးဘူး...


    


xxxxxxxx