အပိုင်း (၂၄)
Viewers 12k

Part 24


မနက်စာစားပြီးတဲ့နောက် ထန်ထန်  က ကလေးကိုခေါ်ကာ ဖိနပ်လုပ်ဖို့အတွက် လိုအပ်တာတွေဝယ်ဖို့ အပြင်သွားလိုက်တယ်။ အိမ်မှာ အန်တီလီထားခဲ့တဲ့ အပ်တွေကလွဲလို့ တခြားကိရိယာတွေမရှိပေ။  အ၀တ်အစားလုပ်ဖို့ ပစ္စည်းကိရိယာတွေ ဘာလို့မရှိလဲဆိုတာ သူမ နားမလည်ခဲ့ပေ။ မူလပိုင်ရှင်က ဒါတွေကိုအသုံးမပြုဘူးလား...


ဖိနပ်လုပ်ဖို့အတွက် ပထမဆုံးလိုအပ်ချက်က အောက်ခံဆိုလ်းပြားဖြစ်တယ်။ ကျီယွဲ့ရဲ့ ဖိနပ်ဆိုဒ်ကိုသိဖို့အတွက် ရှောင်ကျိုး ကို စပိုင်အဖြစ် အားကိုးလိုက်တယ်။ သူ့တာဝန်က ကျီယွဲ့ မသိပဲ သူမရဲ့ ဖိနပ်ဆိုဒ်ကို သိအောင်လုပ်ရန်ဖြစ်တယ်။


ရှောင်ကျိုး က သူ့ရဲ့ရင်ဘတ်ကိုဖိရင်း မျက်လုံးပြူးလေးနှင့် ဒီမစ်ရှင်အောင်မြင်ရမယ်လို့ အာမခံလိုက်တယ်။ ထို့နောက် သူ့မစ်ရှင်ပြီးဆုံးအောင်လုပ်ဖို့အတွက် သူ့အခန်းထဲကိုဝင်သွားတော့တယ်။


သူ မည်သို့ပြုလုပ်ခဲ့လဲ မသိပေမယ့် ၁၀ မိနစ်အတွင်း သူ့မစ်ရှင်ကို ပြီးဆုံးအောင်လုပ်လာတယ်။


သူမ အသေးလေးကိုအားပါးတရနမ်းလိုက်တဲ့အခါ အသေးလေးက ရယ်နေတော့တယ်။


သူမက ပန်းထိုးပြီးသားအဖြူရောင်ပိတ်စကိုဝယ်လာတဲ့အတွက် ပန်းထိုးစရာမလိုတော့ပေ။ တခြားလိုအပ်တဲ့နေရာမှာ ပန်းတစ်ချို့နဲ့ ဖိနပ်ကိုပိုလှပစေရန် ဖဲကြိုးတစ်ချို့ထပ်ထည့်လိုက်ရုံပဲဖြစ်တယ်။


အမျိုးသမီးစီးဖိနပ်တော်တော်များများက လှပပေမယ့်လဲ စီးဖို့ရာအတွက်က သက်သောင့်သက်သာမဖြစ်ပေ။ အထူးသဖြင့် ဒေါက်မြင့်ဖိနပ်တွေဖြစ်တယ်။ ထန်ထန် က အဲ့ဒါတွေစီးရတာက ကိုယ့်ကိုကိုယ် နှိပ်စက်နေတယ်လို့ တွေးမိတယ်။ ဒီကမ္ဘာက အမျိုးသမီးတွေ ဘာလို့များ ဒီလိုဟာတွေစီးရတာ ကြိုက်လဲဆိုတာ စဉ်းစားလို့မရဘူး။ 


ကျီယွဲ့ လဲပဲ ဒေါက်မြင့်ဖိနပ်တွေ စီးရတာကြိုက်မှန်း သူမသတိထားမိတဲ့အတွက် လှပပြီး သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်တစ်ရံလောက် ပေးချင်မိတယ်။ သူမ သာ ဒါကိုစီးမယ်ဆိုရင် သူမလမ်းလျောက်တဲ့အခါ ပိုပြီးအဆင်ပြေလိမ့်မယ်။


ထန်ထန်က လျင်မြန်စွာပဲဖိနပ်ကို နှစ်ရက်အတွင်းလုပ်လိုက်တယ်။ နောက်ဆုံးလုပ်ပြီးတဲ့ သူမရဲ့ဖိနပ်ပုံစံကိုကြည့်ပြီး ကျေနပ်သွားတယ်။ ထို့နောက် သူမအနားမှာရှီတဲ့ တစ်ဦးတည်းသော အမျိုးသားလေးရဲ့ အကြံညဏ်ကိုတောင်းလိုက်တယ် 


“ ပေါင်ပေါင်, ဒီဖိနပ်ကို ဘယ်လိုထင်လဲ..’’


ရှောင်ကျိုး က ဖိနပ်မှပန်းများကို မထိပဲမနေနိုင်ပဲ ခေါင်းငြိမ့်ပြလိုက်တယ် 


“ ကြည့်ကောင်းတယ်မာမီ, ဒီပန်းလေးတွေက အရမ်းလှတာပဲ’’


သူမ အသေးလေးခေါင်းကိုပွတ်လိုက်ပြီး


 ‘’ သားမှာ အမြင်ကောင်းတွေရှိနေတာပဲ...’’


မျက်စိပသာဒဖြစ်စေတဲ့ ပန်းပွင့်လေးတွေသာမက ဖိနပ်ကို တမူထူးခြားပြီး ကြောရှင်းစေအောင် ပြုလုပ်ထားတာဖြစ်တဲ့အတွက် သေချာတာကတော့ ဒီလိုဖိနပ်မျိုးကို ဆိုင်မှအလွယ်တကူဝယ်ယူလို့မရမှန်း သိသာစေတယ်။ 


ရှောင်ကျိုး က ဖိနပ်ကိုကြည့်ကောင်းတယ် ပြောလိုက်တဲ့အတွက် ထန်ထန်ရဲ့ ယုံကြည်ချက်ကိုပိုတိုးလာစေတယ်။ သူမ က ဖိနပ်တွေကို သေတ္တာလေးထဲမှာ သေချာနေရာချပြီး ကျီယွဲ့  အတွက် သူမကိုယ်ပိုင်နည်းလမ်းနဲ့လုပ်ထားတဲ့ဆော့စ်တွေကိုပါထုတ်ပိုးလိုက်တယ်။


‘’လာ ပေါင်ပေါင် အန်တီယွဲ့ ဆီကို ဒါတွေပေးဖို့ သွားရအောင်, မာမီ့ကို ပိုလှပအောင်လုပ်ပေးတဲ့ သူမရဲ့အကူအညီအတွက် ကျေးဇူးသွားတင်ရမယ်”


“အိုကေ’’ 


အသေးလေးက သူမအရှေ့မှ ဦးဆောင်သွားတော့တယ်။ 


“ မာမီ အန်တီယွဲ့ ကုမ္ပဏီကိုသားသိတယ် သားလမ်းပြပေးမယ်”


ထန်ထန်  က လိမ်မာပါးနပ်လွန်းတဲ့ သူမရဲ့ကလေးနောက်မှလိုက်လာရင်း အောင်မြင်စွာနဲ့ ကျီယွဲ့ ကုမ္ပဏီသို့ရောက်ရှိသွားတော့တယ်။ 


ကျီယွဲ့က အဆောက်အဦးအဝင်ဝမှာတင် သူမတို့ကို ပုဂ္ဂိုလ်ရေးအရ နှုတ်ဆက်လိုက်တယ်။


သူမရဲ့ ပိန်သွယ်တဲ့ခနာကိုယ်ပေါ်မှာ ရုံး၀တ်စုံကုတ်အကျီဝတ်ဆင်ထားတယ်။ သူမရဲ့သွယ်လျတဲ့ ခြေထောက်တွေကိုလဲ ပေါ်လွင်စေတဲ့စကဒ်ဝတ်ထားပြီး ဒေါက်မြင့်ဖိနပ်တွေက သူမအလှကိုထောက်ပံ့ပေးထားတယ်။ လမ်းလျောက်လာတဲ့အခါမှာလဲ သူမကိုယ်သူမ ယုံကြည်မှုရှိတဲ့အရိပ်အယောင်က သူမနားမှာဝန်းရံထားကာ ဖြတ်သွားတဲ့ဝန်ထမ်းတွေကလဲ သူမကိုနှုတ်ဆက်ကြတဲ့အခါ သူမကအပြုံးမပျက်ခေါင်းငြိမ့်ပြလိုက်တယ်။ ယုံကြည်ချက်အပြည်ရှိတဲ့ သူမပုံစံကိုပေါ်လွင်နေစေတယ်။


ဒါက အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံစံလား။ သူတို့မှာ ဆွဲဆောင်မှုအားကောင်းတဲ့ ရောင်ဝါတွေနဲ့ပဲ။ ဒီကမ္ဘာကြီးမှာ အမျိုးသမီးတွေ အလုပ်လုပ်ချင်ကြတာ အံ့ဩစရာမရှိပါဘူး။


ထန်ထန် ကျီယွဲ့  ကို အားကျတဲ့အကြည့်နဲ့ ကြည့်နေမိတယ်။ ကံမကောင်းစွာနဲ့ပဲ သူမရဲ့ကျွမ်းကျင်မှုကတော့ ပန်းထိုးခြင်းနဲ့ ဟင်းချက်ခြင်းသာဖြစ်တဲ့အတွက်  ကျီယွဲ့ လိုမျိုး သူမ မဖြစ်နိုင်ပေ။ 


ကျီယွဲ့ က သူမတို့အား ရုံးခန်းသို့ခေါ်ဆောင်သွားပြီးနောက် သူတို့သားမိအတွက် လဘက်ရည်တစ်ချို့ကို သူ့လက်ထောက်အား ယူခိုင်းလိုက်တယ်။ သူမက ရှောင်ကျိုး ကို မုန့်တစ်ချို့ပေးရင်း ပြုံးလိုက်ကာ 


“ အန်တီအတွက် အရသာရှိတာတွေ ယူလာပေးတဲ့ သားရဲ့ ကြိုးစားမှုကို ကျေးဇူးတင်ပါတယ်’’


ထန်ထန်  သူမ ယူလာတဲ့ပစ္စည်းတွေကို ကော်ဖီစားပွဲပေါ်သို့ တင်လိုက်ပြီး 


“ ဒါလေးတွေက ရိုးရိုးပစ္စည်းလေးတွေပါ, ကျွန်မ အများကြီးမလုပ်လိုက်ရပါဘူး, မုန့်အရသာနှစ်မျိုးနဲ့ အသားဆော့စ်နှစ်မျိုးယူလာပေးတာ, ရှင် ကြိုက်ပါ့မလားမသိဘူး’’


ကျီယွဲ့ က ဟန်ဆောင်မနေတော့ပဲ အထုတ်ကိုဖွင့်လိုက်တယ်။ နူးညံ့တဲ့ မုန့်ရှစ်ခုကိုတွေ့လိုက်ပြီးတဲ့နောက် သူမမျက်လုံးတွေတောက်ပသွားပြီး 


“ လှလိုက်တာ, ဒါတွေက တရုတ်စတိုင်မုန့်တွေလား, ရှင် ဒါတွေကို ဘယ်လိုလုပ်ရလဲတကယ်သိတာပဲ’’ 


သူမက ထန်ထန်ကို အနောက်တိုင်းစတိုင်မုန့်တွေပဲ လုပ်တတ်တယ်လို့ ထင်ထားခဲ့တာဖြစ်တယ်။


စိတ်မရှည်စွာနဲ့ပဲ သစ်အယ်သီးနဲ့လုပ်ထားတဲ့မုန့်တစ်ခုကို သူမပါးစပ်ထဲသို့ထည့်လိုက်တော့တယ်။ အရသာက လုံးဝြပည့်စုံနေတာပဲ။ အဲ့ဒါက နူးညံ့ချိုမြိန်နေပြီးတော့ သူမမျိုချလိုက်တဲ့အခါ သင်းပျံ့တဲ့အနံ့က ကျန်ရစ်နေတယ်။ သူမ မနေနိုင်တော့ပဲ လက်မထောင်ပြရင်း


 “ ထန်ထန်  ရှင့်မုန့်တွေက အရမ်းစားကောင်းတာပဲ, ထိပ်တန်းစားဖိုမှုးတွေ လုပ်တဲ့တရုတ်မုန့်တွေကို ကျွန်မစားဖူးတယ်။ ဒါပေမယ့် ရှင့်ဟာက အကောင်းဆုံးပဲ’’


ကျီယွဲ့  ကြာပန်းနဲ့ပြုလုပ်ထားတဲ့မုန့်ကို ပါးစပ်ထဲသို့ထည့်ရင်း သူမကို ချီးမွမ်းနေတော့တယ်။


အဲ့ဒီအချိန်၌ သူမ က အစားသောင်းကျန်းသူတစ်ယောက်ဖြစ်သွားပြီး သူမရဲ့နဂိုကရောင်ဝါတွေကို မတွေ့ရတော့ဘူး။ 


ထန်ထန် ပြုံးပြီး အကြံပေးလိုက်တယ်


 “ ဒီမုန့်တွေက ဗိုက်အရမ်းပြည့်တယ်နော်, အရမ်းမစားနဲ့ဦး, မဟုတ်ရင် နေ့လည်စာ မစားနိုင်ပဲနေမယ်’’


ကျီယွဲ့  ကပြုံးရင်းနဲ့ ခေါင်းငြိမ့်ကာ


“ ကျွန်မစားတာ ရပ်တော့မှာပါ, ဒါတွေကို အိမ်ယူသွားပြီး ကုကျန်းအန်း ကိုမြည်းခိုင်းရမယ်’’


သူမက  ထန်ထန်  ဆီမှာ တခြားဗူးတစ်ဗူး ပါလာသေးမှန်း သတိထားမိသွားတ‌ယ်။ သူမက သိလိုစိတ်နဲ့မေးလိုက်တယ်


 “ ရှင်ဘာတွေ ယူလာသေးတာလဲ...’’


ထန်ထန် ဗူးကိုဖွင့်လိုက်ပြီး ပန်းထိုးထားတဲ့ဖိနပ်တွေကို ထုတ်လိုက်တယ်။ သူမက ရှက်ရွံ့စွာနဲ့ 


“ ကျွန်မ ရှင့်အတွက် ပန်းထိုးဖိနပ်လေးလုပ်လာပေးတယ်, ရှင်ကြိုက်မယ်လို့ ထင်တာပဲ’’


Ji Yue က ဖိနပ်ကိုလက်ခံလိုက်ပြီး သူမအကြည့်တွေက ဖိနပ်တွေအပေါ်ကျရောက်သွားတယ် “ ဘုရားရေ, ထန်ထန် ကျွန်မအံ့ဩလွန်းလို့သေတော့မယ်, ရှင်ဒါတွေကို ဒီလောက်လှအောင်လုပ်တတ်တယ်လား, ရှင်သာမပြောရင် တနေရာရာကနေ စျေးကြီးပေးပြီး ၀ယ်လာတယ်လို့ထင်မိမှာပဲ။ ရှင့် လက်မှုပညာက တကယ်ကို လက်ရာမြောက်လိုက်တာ’’


ဒီစကားတွေက ယဉ်ကျေးမှုအရပြောတာမဟုတ်ပဲ ဒီဖိနပ်တွေက တကယ်ကိုကြည့်ကောင်းလွန်းလို့ ဖြစ်တယ်။ ဖိနပ်တွေက ရိုးရိုးရှင်းရှင်းလေးဖြစ်ပြီး ကျက်သရှေရှိစွာနဲ့ တင့်တယ်လှပနေတယ်။ သူတို့က ခေတ်ဟောင်းပုံစံပေါက်နေပေမယ့်လဲ ခေတ်မီတဲ့ပစည်းတချို့နဲ့တွဲထားတာကြောင့် ခေတ်နောက်ကျတဲ့ဒီဇိုင်းနဲ့မတူတော့ပေ။ ဒီဖိနပ်ကိုသာစီးသွားမယ်ဆိုရင် အားလုံးရဲ့အာရုံစိုက်မှုကို ရမှာအသေအချာပဲဖြစ်တယ်။ ဒီဖိနပ်က နတ်ဘုရားလိုပုံစံသာမက အဖြူရောင်နတ်သမီးလိုဝတ်စုံမျိုးနဲ့တောင် လိုက်ဖက်နေမှာဖြစ်တယ်။ 


မြှောက်ပင့်မှုတွေကြောင့် ထန်ထန်က ရှက်ရွံနေတယ်။ရှောင်ကျိုး တစ်ယောက်သာ ကျီယွဲ့  ရဲ့စကားတွေကြောင့် ဂုဏ်ယူမှုအပြည့်နဲ့ ဖြစ်နေတယ်။


သူမရဲ့ဒေါက်ဖိနပ်ကိုချွတ်လိုက်ပြီးပန်းထိုးဖိနပ်ကို စမ်းစီးကြည့်လိုက်တယ်။ ဖိနပ်က ပေါ့ပါးနေပြီး သူမခြေထောက်တွေ သက်တောင့်သက်သာ ခံစားလိုက်ရတယ်။ ကျီယွဲ့ က သားအမိနှစ်ယောက်ရှေ့မှာ နှစ်ပတ်လောက်လှည့်လိုက်ပြီး


 “ ဘယ်လိုနေလဲ... လှလား ...’’ 


သားအမိနှစ်ယောက်လုံး ပြိုင်တူခေါင်းငြိမ်ရင်း ဖြေလိုက်တယ် 


“ လှတယ် ‘’


‘’ ဟားဟား....အဲ့ဒါက အခုကျွန်မဝတ်စုံနဲ့ မလိုက်ဖက်သေးဘူး။ နောက်တစ်ခါဆို ကျွန်မဒီဖိနပ်ကို ၀တ်စုံအရှည်နဲ့တွဲဝတ်ရမယ်။ ရှော်ပင်ထွက်ရင်တောင် စီးလို့ရတယ် ပြီးတော့ ကျွန်မခြေထောက်တွေ နာမှာမဟုတ်တော့ဘူး’’


ကျီယွဲ့က ပျော်ရွှင်နေပြီး အချိန်ကိုကြည့်လိုက်တယ်။ အချိန်ကသိပ်မစောတော့တဲ့အတွက် သူမက ထန်ထန်တို့ ကိုပြောလိုက်တယ် 


“ နေ့လည်တောင်ရောက်နေပြီ, တစ်ခုခုသွားစားရအောင်လေ’’


ထန်ထန် ဒီတစ်ခါတော့ မငြင်းတော့ပေ။


စားသောက်နေစဉ် သူမအိမ်သာသွားတဲ့အခါ မမျှော်လင့်ပဲ အသိမိတ်ဆွေနဲ့တွေ့မယ်လို့ မထင်လိုက်ဘူး။


လှပပြီး ပရောပရီလုပ်တတ်ပုံရတဲ့ အမျိုးသမီးကို အိမ်သာထဲကအထွက်မှာ တွေ့လိုက်ရတယ်။ သူမက ထန်ထန်ကိုတွေ့လိုက်တဲ့ခဏမှာပဲ အံ့ဩသွားကာ ပြုံးလိုက်ပြီး ရင်းနှီးစွာနဲ့ 


“ ထန်ထန်  နင်ဘယ်တွေရောက်နေတာလဲ? မတွေ့တာကြာလှပြီ, သွားသောက်ဖို့အတွက် နင့်ကိုဘယ်မှာလိုက်ခေါ်ရမှန်း မသိဖြစ်နေတာ’’


ထန်ထန် သတိမထားမိပဲ အနောက်သို့ဆုတ်လိုက်မိတယ်။ ဖော်ပြလွန်းတဲ့အဝတ်တွေကိုဝတ်ထားပြီး ထူလွန်းတဲ့မိတ်ကပ်တွေနဲ့သူကို မျက်မှောင်ကြုတ်ကြည့်လိုက်မိတယ်။


ဒီအမျိုးသမီးက ဘယ်သူမှန်း သူမ မသိပေမယ့် ကြည့်ရတာ လူကောင်းတစ်ယောက်မဟုတ်မှန်း သိသာတယ်။ 

နောက်ထပ်နှစ်ယောက်ကလဲ တခြားတဖက်မှ သူမတို့ဆီလျောက်လာနေတယ်။ မူလပိုင်ရှင်တုန်းက သူမတို့နဲ့ဘယ်လိုပဲ ဆက်ဆံရေးတွေရှိခဲ့ပါစေ သူမ ကတော့ ဒီလိုလူတွေနဲ့ ဘယ်လိုဆက်ဆံရေးမျိုးကိုမှ မလိုချင်ပေ။ 


ထန်ထန် က မျက်မှောင်ကြုတ်လိုက်ပြီး 


“ ငါ့ကိုထပ်မဖိတ်ကြနဲ့တော့, ငါ့ခင်ပွန်းကိုထောက်ပံ့ပြီး ကလေးကိုသင်ကြားပေးဖို့ အခုကစပြီး အိမ်မှာပဲနေတော့မယ်’’


‘’ခင်ပွန်းကိုထောက်ပံ့ပြီး ကလေးကိုသင်ကြားမယ်...’’ 


အမျိုးသမီးက သူ့တံတွေးနဲ့သူ သီးတော့မလိုဖြစ်သွားတယ်။ သူမက ထန်ထန်ကို အရူးတစ်ယောက်လိုကြည့်ရင်း


 “  နင်ဆေးမှားသောက်လာတာလား...ဘယ်လို အရူးစကားတွေ ပြောနေတာလဲ...’’


‘’ ငါတော့ ငါ့အကြံကအတော်လေးကောင်းတယ်လို့ ထင်တာပဲ’’


ကလေးကိုသင်ကြားပေးပြီး အမျိုးသားကိုထောက်ပံတာက ဘာလို့ ဒီအမျိုးသမီးကို ဒီလောက်ထိအံ့ဩသွားစေလဲဆိုတာ သူမနားမလည်ဘူး။  အဲ့ဒါက ကြောက်ဖို့ကောင်းလို့လား


‘’အရူးမ... နင်တော့ရူးသွားပြီ…’’ 


ဒီအမျိုးသမီးက ထန်ထန်ကို ရူးသွားပြီလို့ တွေးလိုက်မိတ‌ယ်။ ကားအက်စီးဒင့်ကြောင့်များလား?


အမျိုးသမီးက ထန်ထန်ကိုဆက်ဆွဲထားပြီး မေးခွန်းတွေမေးချင်သေးပေမယ့်လဲ စိတ်မရှည်ပုံရတဲ့ အမျိုးသားတစ်ယောက်က သူမလက်မောင်းကိုဆွဲကာ


 “ ဘာတွေဖြစ်နေတာလဲ? အိမ်သာသွားဖို့ အချိန်ဘယ်လောက်တောင် လိုချင်နေတာလဲ?’’


အမျိုးသမီးက ပြုံးလိုက်ပြီး အမျိုးသားရဲ့ ပိန်လှီနေတဲ့လက်ကိုဖက်တွယ်ကာ ချစ်စဖွယ်အမူအယာနဲ့


 “ အာ, ကျွန်မ သူငယ်ချင်းဟောင်းတစ်ယောက်ကို နှုတ်ဆက်နေတာပါ, စိတ်မဆိုးပါနဲ့ ဒါလင်’’


အမျိုးသားက ထန်ထန်ကို လှမ်းကြည့်လိုက်တယ်။ ရုပ်ဆိုးနေတဲ့ သူမကို မြင်တဲ့အခါ အမျိုးသားက စိတ်ပျက်တဲ့အမူအရာနဲ့ ထိုအမျိုးသမီးကိုဆွဲခေါ်ပြီး ထွက်သွားတော့တယ်။


ထန်ထန် ချက်ချင်းပဲ သက်ပြင်းချလိုက်တယ်။ ဒီလိုသူငယ်ချင်းမျိုး ထပ်မတွေ့ပါစေနဲ့လို့လဲ သူမစိတ်ထဲမှ တိတ်တိတ်လေး ဆုတောင်းလိုက်မိတယ်။


သူမလက်ကိုဆေးကြောပြီးတဲ့နောက် အိမ်သာထဲမှထွက်ဖို့ သူမကိုယ်ကိုလှည့်လိုက်တဲ့အခါ လှပတဲ့အမျိုးသမီးငယ်တစ်ယောက်က သူမကိုစိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ ကြည့်ရတာ သူမက ထန်ထန့် အချိန်အတော်ကြာကတည်းက ကြည့်နေပုံရတယ်။


ထန်ထန် သူမကိုမြင်ဖူးသလိုခံစားလိုက်ရတယ်။ ကျိယန် နဲ့စားသောက်ဆိုင်မှာတုန်းက ဆုံခဲ့ဖူးတဲ့ အုပ်စုထဲက အမျိုးသမီးငယ်ပဲဖြစ်တယ်။ အမျိုးသမီးငယ်က သူမကိုသိပုံရမှန်း အခုမှ ပထမဆုံးအကြိမ်ခံစားမိတယ်။ 


ကျိယန် ရဲ့အဲ့ဒီအုပ်စုအပေါ်ထားတဲ့ သဘောထားကြောင့် သူမကတိုက်ရိုက်ထွက်ခွာသွားဖို့ပြင်လိုက်တယ်။ သူမဖြတ်လျောက်လိုက်တဲ့အခါ ထိုမိန်းမငယ်က


 “ ထန်ထန် နင့်ရဲ့နေ့ရက်တွေကို ဗရုတ်သုတ်ခတွေနဲ့ မဖြတ်သန်းတော့တဲ့အတွက် ငါအရမ်းဝမ်းသာတာပဲ’’


 သူမခြေလှမ်းတွေကို ရပ်လိုက်တယ်။ ဒီအမျိုးသမီးငယ်က သူမကိုသိပုံရတယ်လို့တွေးလိုက်မိတယ်။


ထန်ထန် က သူမကိုစိတ်မဝင်စားမှန်း သတိထားမိတဲ့အမျိုးသမီးငယ်က အလျင်စလိုနဲ့ 


“ ထန်ထန် ငါ့စကားကိုခဏလောက်နားထောင်ပေးပါ, အမေနေမကောင်းဘူး, နင်သူ့ကိုသွားကြည့်သင့်တယ်’’


အမေ...ဘယ်သူ့အမေလဲ။ မူလပိုင်ရှင်နဲ့ ဒီအမျိုးသမီးနဲ့ ဆက်ဆံရေးက ဘယ်လိုတွေလဲ...


သူမ မတုံ့ပြန်တာကိုမြင်တဲ့ အမျိုးသမီးငယ်က ရှုပ်ထွေးတဲ့အမူအယာနဲ့


 “ထန်ထန်နင်ပိုင်တာတွေနဲ့ အဖေနဲ့အမေရဲ့ မျက်နှာသာပေးတာတွေကိုယူမိတဲ့အတွက် ငါ့ကိုစိတ်ဆိုးနေတာသိပါတယ် ရှီယွဲ့ ကလွဲလို့ တခြားနင်ပိုင်တာတွေကိုယူဖို့ ငါဘယ်တုန်းကမှ မကြံခဲ့ပါဘူး။ နင်သာ ဒီလိုတွေမလုပ်ဘူးဆိုရင် အဖေနဲ့အမေကလဲ နင့်ကိုဒီလိုဆက်ဆံမှာမဟုတ်ဘူး…’’ 


သူမက စကားကိုရပ်လိုက်တယ်။ ထို့နောက်


 “ ဘာပဲဖြစ်ဖြစ် နင်ကအမေ့ရဲ့ တရား၀င်သမီးအရင်းပဲဟာ သူမဖျားနေချိန်မှာ နင်သွားကြည့်သင့်ပါတယ်။ နင့်ကိုသာမြင်ရင် သူမပျော်နေလိမ့်မယ်လို့ ငါယုံတယ်’’


ထန်ထန် သူမပြောတာတွေကိုနားထောင်ပြီး ရှုပ်ထွေးစပြုလာတယ်။ အခြေအနေကို သူမနားမလည်နိုင်ဘူးဖြစ်နေပေမယ့်လဲ မူလပိုင်ရှင်က ဒီအမျိုးသမီးနဲ့ သူမရဲ့မိဘဆိုသူတွေနှင့် အဆင်မပြေတဲ့ ဆက်ဆံရေးမျိုးရှိလိမ့်မယ်လို့ သူမယူဆလိုက်တယ်။ ဘယ်လိုအခြေအနေမျိုးပင်ဖြစ်စေကာမူ သူမ အနေနဲ့ ‘’အမေ’’နှင့်တွေ့ရန် အလောတကြီး သဘောမတူနိုင်ပေ။


ထို့ကြောင့် သူမ ရဲ့ တစ်ခုတည်းသောရွေးချယ်မှုက ထိုအမျိုးသမီးအနားမှ ဖြတ်လျောက်လိုက်တာပဲဖြစ်တယ်။


-  - - - - -- -- -  - - - - - - - - --  - - -


နောက်တနေ့ရောက်သည်အထိ ထန်ထန် တစ်ယောက် ထိုအမျိုးသမီးငယ်ပြောသွားတဲ့ စကားတွေကို စဉ်းစားမိတုန်းဖြစ်တယ်။ ဘယ်လိုပဲတွေးပါစေ သူမတို့ပြဿနာဖြစ်စေခဲ့တဲ့အကြောင်းကို စဉ်းစားလို့မရပေ။ မူလကတော့ဖြင့် သူမ ကျိယန်ကိုမေးမည်ဟု စဉ်းစားမိသော်လဲ ခဏလောက်တွေးလိုက်မိပြီး ဖုန်းကိုပြန်ချထားလိုက်တယ်။


ကိစ္စမရှိပါဘူး မမေးပဲ ဒီအတိုင်းထားလိုက်ပါတော့မယ်လေ။ ပေါင်ပေါင်ဒယ်ဒီ စိတ်မပျော်ဘူးဆိုရင် မကောင်းဘူးလေ။ အခြေအနေက မရိုးရှင်းဘူးလို့ သူမထင်မိတယ်။


ပေါင်ပေါင်ဒယ်ဒီသာ သူမကိုပြောချင်တယ်ဆိုရင် အရင်တခါတုန်းက စားသောက်ဆိုင်မှာတင် သူမကိုပြောပြခဲ့မှာဖြစ်တယ်။ သူမကို ဘာမှမပြောခဲ့ဘူးဆိုမှတော့ သူ့အနေန့ဒီအကြောင်းကိုမပြောချင်မှန်းသိသာတယ်။ ဒါကြောင့်သူမလဲ မမေးတော့ဘူး။ သူမအတွက် အရေးအကြီးဆုံးအရာက  သူမရဲ့နေ့ရက်တွေကိုကောင်းမွန်စွာနဲ့ ရှင်သန်ဖို့ပဲဖြစ်တယ်။


ရှောင်ကျိုးလေးက ရှုပ်ထွေးတဲ့အမူအယာနဲ့ ဖုန်းကိုကိုင်ထားတဲ့ ထန်ထန် ကိုမြင်လိုက်တဲ့အခါ နားမလည်နိုင်ပဲ သူမလက်ကိုဆွဲလိုက်ရင်း


 “ မာမီ, ဒယ်ဒီကိုဖုန်းခေါ်မလို့လား ဒယ်ဒီကို လွမ်းနေတာလား’’


ထန်ထန် သူမအတွေးတွေကို စုစည်းလိုက်ပြီးတဲ့နောက် သူမလက်ကိုယမ်းကာ


 “ မဟုတ်ပါဘူး, မာမီ ဒယ်ဒီကိုမလွမ်းပါဘူး’’


ရှောင်ကျိုး က ဖုန်းစကရင်ကို ညွှန်ပြလိုက်ရင်း 


“ မာမီ ဒယ်ဒီကိုခေါ်ဖို့လုပ်နေတာ အသိသာကြီးကို, ရှက်ဖို့မလိုပါဘူး, တကယ်တော့ သားလဲ ဒယ်ဒီကိုလွမ်းနေတာ, သူသွားတာလဲ ရက်တွေကြာနေပြီကို’’


ထန်ထန်ဘယ်လိုရှင်းပြရမှန်းမသိတော့ဘူး။


ကျိရှောင်ကျိူးက လျင်မြန်စွာနဲ့ စားပွဲပေါ်က တက်ဘလက်ပြေးယူလိုက်ပြီး ထန်ထန်  ရင်ခွင်ထဲမှာ ထိုင်လိုက်တယ်။ 


တက်ဘလက် ကို ကျွမ်းကျင်စွာနဲ့ကိုင်လိုက်ပြီး ကျိယန် ဆီကို အသံမက်ဆေ့ တစ်စောင်ပို့လိုက်တော့တယ် 


“ ဒယ်ဒီ, ဒယ်ဒီ, သားပါ, မာမီနဲ့သား နှစ်ယောက်လုံး ဒယ်ဒီကိုသတိရနေတာ, သားတို့နဲ့ video call ပြောလို့ရလား..’’


အသေးလေးက သူမနာမည်ကိုပါထည့်ပြောသွားတဲ့အတွက် အနှောက်အယှက်မဖြစ်ပေ။ ဒါပေမယ့် သူမကသူ့ကိုလွမ်းနေတယ်...သူ့ဒယ်ဒီဘယ်လိုထင်သွားမလဲ အာ သူမအတွေးတွေနဲ့ ရှက်ရွံ့သွားမိတယ်။ 


နီရဲနေတဲ့မျက်နှာနဲ့ သူမအတွေးတွေရှုပ်ထွေးနေစဉ် အသံမက်ဆေ့က ကျိယန် ဆီသို့ရောက်သွားပြီဖြစ်တယ်။ သူက video call လှမ်းခေါ်လိုက်ပြီး သူမ ဘာမှမတုံံ့ပြန်နိုင်ခင်မှာပဲ ပေါက်စီလေး က လက်ခံလိုက်ပြီဖြစ်တယ်။ အသေးလေးက ကျိယန် ကို ပျော်ရွှင်စွာနဲ့ နှုတ်ဆက်လိုက်တယ်


 “ ဒယ်ဒီ !’’


သူမ ပြုံးလိုက်ကာ နှုတ်ဆက်လိုက်တယ်


 “ ယောကျာ်း’’


 တချိန်တည်းမှာပဲ သူမက သူ့အမူအယာကို တိတ်တဆိတ်အကဲခတ်နေတယ်။ သူ့ကြည့်ရတာ အသေးလေးပြောခဲ့တဲ့စကားကို သိပ်ပြီးအလေးအနက်မထားတဲ့ပုံပေါက်သလိုပဲ။


သူမ တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်


ကျိရှောင်ကျိုး း ကတော့ Tang Tang အာရုံများနေတာကို လုံး၀သတိမထားမိပဲ သူ့ဒယ်ဒီနဲ့ ပျော်ရွှင်စွာ စကားပြောနေတယ်


 “ ဒယ်ဒီ, ဒယ်ဒီ, သားပြောစရာရှိတယ်, မာမီက အန်တီယွဲ့ အတွက် မုန့်တွေလုပ်သွားပေးတယ်သိလား ပြီးတော့ အန်တီကလဲ အဲ့မုန့်တွေကို ကြိုက်တယ်တဲ့, ပြီးတော့လေ ဖိနပ်လဲပေးလိုက်သေးတယ် အန်တီကျီယွဲ့ က မာမီပေးတာကိုကြိုက်တဲ့အပြင့် မာမီက အံ့ဩဖို့ကောင်းတယ်လို့လဲ ပြောသေးတယ်’’ 


အသေးလေးမျက်နှာက ဂုဏ်ယူမှုအပြည့်နဲ့ဖြစ်တယ်။


‘’ဟုတ်လား...’’


ကျိယန် က အသေးလေးနဲ့ပြောရင်း ထန်ထန်ကိုလှမ်းကြည့်လိုက်တယ်။


သူမရှက်ရွံ့စွာနဲ့ မျက်နှာတွေနီစပြုလာတယ်


 “ အဲ့လောက်လဲမဟုတ်ပါဘူး, ပေါင်ပေါင်လေးက ချဲ့ကားပြောလိုက်တာပါ’’


ရှောင်ကျိုး က သူ့ရင်ဘတ်ကိုပုတ်လိုက်ရင်း 


“မဟုတ်ပါဘူး, မာမီက တကယ်ကို အံ့ဩဖို့ကောင်းတာပါ’’


လောလောဆယ်မှာတော့ ကျိရှောင်ကျိုး  က ထန်ထန်  ဖန်တီးသမျှ အရသာရှိတာတွေ ကောင်းတာတွေကိုစားနေရတာဖြစ်တဲ့အတွက် သူမရဲ့စူပါဖန်လုံးလုံးဖြစ်နေပြီဖြစ်တယ်။ အစားကြိုက်သူတစ်ယောက်အတွက် အရသာရှိတဲ့အစားအစာတွေကိုချက်ပြုတ်နိုင်တဲ့သူက သူတို့အတွက် ချစ်ဖို့အကောင်းဆုံးပဲလေ။ 


ထန်ထန် သူမမျက်နှာကို လက်နဲ့အုပ်လိုက်ရင်း အသေးလေးရဲ့ ချီးကျူးစကားတွေကို မတားနိုင်တော့တဲ့အတွက် သူမမျက်နှာထားကိုထိန်းရင်း အသေးလေးစကားကို နားထောင်နေတော့တယ်။


ရှောင်ကျိုး ပြောချင်တာများ ပြောပြီးတဲ့အခါမှ ကျိယန် က ထန်ထန်  ကိုကြည့်လိုက်ပြီး 


“ အိမ်ယာနေထိုင်ခွင့်လျောက်လွှာကို အတည်ပြုပြီးပြီ, ကိုယ်တို့တိုက်ခန်းတခုရတယ်’’


‘’အတည်ပြုချက်ရပြီလား’’


 သူမ အံ့ဩသွားတယ်။ လျောက်လွှာက ဒီလောက်မြန်လိမ့်မယ်လို့ သူမ မထင်မိဘူး။ ဒါဆို သိပ်မကြာခင် သူမတို့ပြောင်းရွေ့လို့ရပြီပေါ့။


ကျိယန် ခေါင်းငြိမ့်ပြလိုက်ပြီး 


“ ဒါပေမယ့် အခန်းက ပရိဘောဂတွေ မရှိသေးဘူး, အချိန်ရတာနဲ့ လိုအပ်တဲ့ပစည်းတွေ သွား၀ယ်ထားလိုက်မယ်, အားလုံးအဆင်သင့်ဖြစ်ရင် ကိုယ်ပြန်လာပြီး မင်းနဲ့ ပေါင်ပေါင် ကိုလာခေါ်မယ်’’


အခြေအနေကို နားလည်တဲ့ ရှောင်ကျိုး၀မ်းသာအားရနဲ့ ပြောလိုက်တယ်


“ဒါဆို အားလုံးအဆင်သင့်ဖြစ်တာနဲ့ သားနဲ့မာမီက ဒယ်ဒီနဲ့အတူတူ နေ့တိုင်းနေလို့ရပြီလား...’’


ကျိယန်  ပြုံးရင်းခေါင်းငြိမ့်ပြလိုက်တယ်။


‘’ဒါဆို ဘယ်အချိန်အဆင်သင့်ဖြစ်မှာလဲ... သားဒယ့်ဒီကိုအရမ်းလွမ်းနေပြီ’’ 


သူ့ဒယ်ဒီကို ချက်ချင်းတွေ့ချင်နေပြီဖြစ်တယ်။


ကျိယန် ခဏလောက်စဉ်းစားလိုက်ပြီး အချိန်ကိုခန့်မှန်းကာ 


“ လ၀က်လောက်ပေါ့, လ၀က်လောက်နေရင် ဒယ်ဒီ သားတို့ကိုလာခေါ်မယ်’’


လဝက်ဆိုတဲ့အချိန်ကို သိပြီးတဲ့နောက် အသေးလေး က နှုတ်ခမ်းဆူလိုက်ပြီး 


“ လ၀က်က အရမ်းကြာတာပဲ, သားတို့မနက်ဖြန်လာလို့မရဘူးလား ဒယ်ဒီ..."


‘’ဒါပေမယ့် အိမ်မှာဘာမှမရှိသေးဘူးလေ, သားတို့လာမယ်ဆိုရင် စားဖို့နဲ့ အိပ်ဖို့နေရာမရှိသေးဘူး, ဘယ်လိုလုပ်မလဲ...’’


ကျိယန် တွေးထားတဲ့အတိုင်းပဲ ကျိရှောင်ကျိုး  ရဲ့ စိတ်အားထက်သန်မှုတို့လျော့ကျသွားတယ်။ 


ကျိယန်အနေနဲ့ လေ့ကျင့်ရေးတွေရှိတဲ့အပြင့် အိမ်အတွက်ပါ ပြင်ဆင်ရမယ်ဆိုရင် အဆင်မပြေဖြစ်မှာသူမစိုးရိမ်မိတဲ့အတွက်


 “ အချစ်, ကျွန်မနဲ့သား.အရင်လာလို့ရမလား... ရှင်က နဂိုကတည်းကအလုပ်များနေတာကို, အိမ်အတွက်အချိန်ထပ်ယူနေရရင် ရှင်အရမ်းအလုပ်ရှုပ်နေလိမ့်မယ်, ကျွန်မနဲ့ ပေါင်ပေါင်ကလဲ လုပ်စရာမရှိမယ့်အတူတူ ကျွန်မတို့ပဲ ပရိဘောဂတွေဝယ်ပြီး အိမ်ကိုအလှဆင်နှင့်မယ်လေ, အဲ့ဒါဆို အားလုံး နှစ်ရက်အတွင်းပြီးသွားနိုင်တယ်’’


ကျိယန်တိတ်ဆိတ်သွားပြီး သူမအကြံက ကောင်းတယ်လို့တွေးလိုက်မိတယ်။ ဒါပေမယ့်လဲ ပရိဘောဂတွေဝယ်ပြီး အခန်းအလှဆင်တာက ပင်ပန်းတဲ့အလုပ်ဖြစ်တယ်။ သူ့အနေနဲ့ သူမကို ဒီလိုပင်ပန်းတာလုပ်ခိုင်းဖို့ မစဉ်းစားခဲ့ဖူးပေ။


ရှောင်ကျိုး က စောစောပြောင်းလာနိုင်မယ့် ဒီအခွင့်အရေးအတွက် သူဒယ်ဒီသဘောမတူပဲ ငြင်းမှာကိုကြောက်ပြီး အလျင်အမြန်ဝင်ပြောလိုက်တယ်(ငတတ်လေး)


 “ သားနဲ့မာမီလုပ်တတ်တာတွေ အများကြီးပါ ဒယ်ဒီရဲ့, သားက စားပွဲနဲ့ကြမ်းပြင်တွေကို သန့်ရှင်းရေးလုပ်တတ်တယ်, ကျေးဇူးပြုပြီး လာခွင့်ပေးပါတော့’’


‘’ဟုတ်တယ်...ဟုတ်တယ်...ပေါင်ပေါင်လေးက အရမ်းအံ့ဩဖို့ကောင်းတာ, ကျွန်မတို့နှစ်ယောက်လုံး အကုန်လုပ်တတ်တယ်”


ထန်ထန် ကပါ အသေးလေးနောက်မှ သံယောင်လိုက်ပြောနေတော့တယ်။


သားအမိနှစ်ယောက်လုံးကိုကြည့်ရင်း ကျိယန် ရယ်ရခက် ငိုရခက်ဖြစ်နေတော့တယ်။ ခဏလောက်တွေးပြီးတဲ့နောက် ကျိယန် သဘောတူလိုက်တော့တယ် 


“ကောင်းပြီလေ ကိုယ်မအားတော့ မင်းတို့သားအမိနှစ်ယောက်ကို လာခေါ်ခိုင်းလိုက်မယ်။ မင်းတို့ကိုလာခေါ်ဖို့ တစ်ယောက်ယောက်စီစဉ်ပေးဖို့ကို ကိုယ် ကုကျန်းအန်းကိုပဲပြောလိုက်တော့မယ်။ မင်းတို့သားအမိနှစ်ယောက်လုံး လိုအပ်တာတွေထုတ်ပိုးထားလိုက်တော့ပေါ့’’


သားအမိနှစ်ယောက်လုံး ပျော်ရွှင်စွာနဲ့ လက်ဝါးခြင်းရိုက်လိုက်ကြတယ်။ ကျိရှောင်ကျိုး ကသူ့ဒယ်ဒီကိုမေ့သွားပြီး ပစ္စည်းတွေထုတ်ပိုးဖို့ သူ့အခန်းထဲသို့ ပြေး၀င်သွားတော့တယ်။