အပိုင်း (၂၅)
Viewers 12k

Part 25


ကျိရှောင်ကျိုးဆီမှာလဲ ကိုယ်ပိုင်ခရီးဆောင်အိတ်လေးတစ်လုံးရှိတယ်။ ခရီးဆောင်အိတ်ကို ဗီရိုထဲမှဆွဲထုတ်လိုက်ပြီး အရာ၀တ္ထုများကို အိတ်ထဲထည့်နေတော့တယ်။


‘’ဒီအပေါ်အကျီက ၀တ်လိုက်ရင်ပိုကြည့်ကောင်းလို့ ထည့်သွားရမယ်, ဒါ၀တ်ရင်ချစ်ဖို့ကောင်းတယ်လို့ မာမီပြောဖူးတယ်ဆိုတော့ ဒီဟာလဲထည့်သွားရမှာပဲ, ပြီးတော့ ဒါလေးလဲထည့်ရမယ်…အာ.. ငါ့စောင်, ငါ့ခေါင်းအုံးလေးရောပဲ ပြီးတော့ ငါရဲ့ Ultraman အရုပ်တွေ ပြီးတော့ ကား…’’


  သူ့အိတ်လေးထဲကို သူတတွတ်တွတ်ရွတ်နေတဲ့ စာရင်းတွေအတိုင်း အကုန်ထည့်နေတော့တယ်။  ထို့သို့ ထည့်နေရင်းသူ့အိတ်လေးက အကုန်မဆံ့ဘူးဆိုတာကို သိလိုက်ရတယ်။ အထူးသဖြင့်သူ့ရဲ့ အရုပ်ကားလေးပေါ့။


 အိတ်အတွင်းနေရာပိုရစေရန် သူ့ကိုယ်မှာရှိတဲ့အားအကုန်သုံးပြီး ဖိသိပ်လိုက်တယ်။ အားကြိုးမာန်တက်နဲ့ အိတ်ကိုကြိုးစားဖိပေမယ့်လဲ အရုပ်ကားအတွက် နေရာမလောက်တော့ပေ။


ထန်ထန် အခန်းထဲဝင်လာချိန်မှာ ခရီးဆောင်အိတ်ထဲသို့ ကိုယ်တစ်ပိုင်း၀င်နေတဲ့အထိ ပစ္စည်းတွေကို ကြိုးစားပမ်းစား ဖိသိပ်ထည့်နေတဲ့ အသေးလေးကိုတွေ့လိုက်ရတယ်။ အကြောင်းအရင်းမသိသေးတဲ့ သူမက  က အသေးလေးကို မုန့်လာဥလေးတစ်လုံးလို အ၀တ်ပုံထဲမှ ဆွဲထုတ်လိုက်ပြီး


 "ပေါင်ပေါင်, သားလေး ဘာလုပ်နေတာလဲ ..."


နီရဲနေတဲ့မျက်နှာဖြင့် အသေးလေးက အမောတကော ရှင်းပြတယ်


 “ မာမီ, သားရဲ့ကားလေးကို ထည့်လို့မရဘူးဖြစ်နေတယ်, ဒီခရီးဆောင်အိတ်က အရမ်းသေးတာပဲ”


ခရီးဆောင်အိတ်ကို လှမ်းကြည့်လိုက်ပြီး သူမ ရယ်ရခက် ငိုရခက်ဖြစ်သွားတယ်။ အသေးလေးက အရာအားလုံးကို အိတ်ထဲထည့်ယူသွားချင်ပုံရတယ်။ သူ့ရဲ့ ခေါင်းအုံးလေးရော, စောင်လေးပါထည့်ထားတဲ့အပြင့် ဖိနပ်ပါးလေးတောင် အဆစ်ပါသေးတယ်။


ထန်ထန် က မလိုအပ်တဲ့ အရာတွေကို ပြန်ထုတ်ပေးရင်းနဲ့ 


“ ပေါင်ပေါင်, မာမီတို့နဲ့ အတူတူယူသွားဖို့ မလိုတဲ့အရာတွေရှိတယ်, ဒယ်ဒီက ဒီကိုမကြာခဏ ပြန်လာမယ်လို့ ပြောထားတယ်လေ, ဒါကြောင့်အိမ်ကို အလွတ်ကြီး ထားခဲ့လို့မရဘူး, မာမီတို့က အကျီနည်းနည်းနဲ့ ဖိနပ်လောက်ပဲ ယူသွားဖို့လိုတယ်, တခြားလိုတာတွေက ဟိုရောက်မှ ၀ယ်လို့ရတယ်လေ’’


ရှောင်ကျိုး က အိတ်အတွင်းမှ ပြန်ထုတ်ထားတဲ့ သူ့ခေါင်းအုံးနဲ့စောင်အပြင့် တခြားအရာတွေကိုပါ ကြည့်လိုက်တယ်။ သူက မကျေနပ်ပေမယ့်လဲ ခေါင်းငြိမ့်ပြကာ


 “ ကောင်းပါပြီ, ဒါဆို ဒီဟာတွေကိုထားခဲ့ပြီး သားပြန်လာမှ သုံးလို့ရပေမယ့်လေ , မာမီ… ” 


သူက သူ့အရုပ်တွေကို လက်ညှိုးထိုးပြရင်း မေးလိုက်တယ်


” ဒါတွေကော သားယူသွားလို့မရဘူးလား’’


 သူ့အရုပ်လေးတွေကို ထားခဲ့ဖို့ဆန္ဒရှိပုံမရဘူး။


ထန်ထန် သူ့ခေါင်းလေးကိုပွတ်ပေးလိုက်ပြီး


 ‘’ အများကြီးထည့်သွားရင် အရမ်းလေးနေမှာပေါ့, ဒါကြောင့် တစ်ခုပဲသယ်သွားနော်, အိုကေ မာမီတို့ နောက်တစ်ခါ ပြန်လာမှ ထပ်သယ်ကြတာပေါ့’’


ခဏစဉ်းစားပြီးနောက် သူ တိတ်တဆိတ်နဲ့ ခံစားနေတော့တယ်။ ထို့နောက်အရုပ်တွေအားလုံးကို ဆိုဖာဆီသို့သယ်သွားကာ တစ်ခုချင်းစီထိတွေ့နေပြီး သူ့အရုပ်ကလေးတွေကို နှုတ်ဆက်‌နေပုံပေါက်တယ်။


သူမ ရယ်လိုက်မိပြီး အသေးလေးရဲ့ ခရီးဆောင်အိတ်ကို ပြန်ထုတ်ပိုးပေးလိုက်တယ်။


ပေါင်ပေါင်ဒယ်ဒီနဲ့ အခုကစပြီး အတူတူနေရတော့မယ်လို့ တွေးလိုက်မိပြီး သူမနှလုံးခုန်သံတွေ မြန်လာတော့တယ်။ သူမတို့တွေ နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် တွေ့နေတော့မှာပေါ့။


အဲ့အချက်ကိုတွေးမိပြီး သူမ ရုတ်တရက်အရေးကြီးတဲ့ အရာကိုသတိရသွားတယ်။ ချက်ချင်းပဲ သူမလက်ထဲက အရာအားလုံးကိုလွှတ်ချလိုက်ပြီး သူမအခန်းထဲသို့ပြေးဝင်သွားကာ ကိုယ်အလေးချိန်စက်ကို ဆွဲထုတ်လိုက်တယ်။  အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး သူမမျက်လုံးကိုမှိတ်ကာ စက်ပေါ်သို့တက်လိုက်တယ်။ သူမအခြေအနေက သေမင်းနဲ့တွေ့သလိုဖြစ်နေတယ်။ သူမစိတ်ထဲမှလဲ ကိုယ်အလေးချိန်တက်လာဖို့ ဆုတောင်းနေမိတယ်။ ထို့နောက် သူမမျက်လုံးကို တဖြည်းဖြည်းဖွင့်ပြီး စက်မှဖော်ပြနေတဲ့ နံပါတ်ကိုကြည့်လိုက်တယ်။


“ အာ ! ဘာလို့ 39 kg ပဲလဲ, ဘာလို့ 40 kg လေးတောင် မရောက်ရတာလဲ ! “ (ပေါင် ၉၀ဝန်းကျင်)


 နံပါတ်တွေကိုကြည့်ပြီး သူမအရမ်းစိတ်ဓါတ်ကျကာ ၀မ်းနည်းစွာ ငိုကြွေးယုံမှတပါး အခြားမရှိတော့ပြီဖြစ်တယ်။ 


သူမ ရက်ပေါင်းများစွာ ကလေးမသိအောင် ကြွက်တစ်ကောင်လို ညတိုင်းအလွန်အကြူးစားတယ်။ အိပ်ယာမဝင်ခင်အထိလဲစားတယ်။ ဒါအပြင့် နေ့စဉ်စားနေကျ ထမင်းသုံးနပ်ကိုလဲ ဗိုက်အရမ်းပြည့်အောင်စားခဲ့တာပဲလေ။ သူမ ၀က်တစ်ကောင်လိုစားပေမယ့်လဲ တစ် ကီလိုတောင်တက်မလာခဲ့ဘူး။


ထန်ထန် ရဲ့အသံကို ရှောင်ကျိုး တစ်ယောက်ကြားပြီးနောက် အထိတ်တလန့်ဖြင့် သူမ အခန်းထဲသို့ပြေးဝင်လာကာ


 “ ဘာဖြစ်တာလဲ မာမီ...’’


ထန်ထန် ကိုယ်အလေးချိန်စက်ကို စိတ်ပျက်စွာနဲ့ ညွှန်ပြလိုက်တယ်။ သူမအမှားတစ်ခုပြုလုပ်ထားတဲ့အမူအယာနဲ့


 “ ကြည့်ပါဦး ပေါင်ပေါင်ရယ်, မာမီ ကိုယ်အလေးချိန် နည်းနည်းလေးပဲတက်လာတယ်, မာမီ့နှလုံးသားလေး နာကျင်လိုက်တာ’’


ရှောင်ကျိုး က ကိုယ်အလေးချိန်စက်ကို ကြည့်ပြီး မျက်တောင်ခတ်လိုက်တယ်။ သူက စက်ပေါ်က နံပါတ်တွေကို ကြည့်လိုက်ပြီး ရုတ်တရက် အော်ဟစ်လိုက်တယ်


 “ အာ, မာမီ, ကီလို၀က်ပဲ တက်လာတယ်’’


 အသေးလေးက နံပါတ်အသေးတွေကို မတွက်တတ်သေးပေ။


သူမ မပျော်ရွှင်စွာနဲ့ငြင်းဆိုလိုက်တယ် “ မာမီက 0.75 kg တက်လာတာလေ, 0.25 kg  ကိုတွက်စရာမလိုဘူး, ပေါင်ပေါင်လေးရဲ့’’


‘’အိုး...’’


  ‘’စိတ်မညစ်ပါနဲ့ မာမီ, 0.75 kg က အံ့ဩစရာကြီးပါ, သားလဲ တစ်ကီလိုတက်တယ်လေ’’


ထန်ထန်  ငိုချင်လာမိတယ်။ သွားရည်စာ စားခွင့်ပိတ်ပင်ခံထားရတဲ့ ဝက်ပေါက်လေးက တောင် အေးအေးဆေးဆေးနဲ့ တစ်ကီလိုတက်နေချိန်မှာ မတရားအတင်းအကြပ်စားနေရတဲ့ သူမကျဘာလို့ ကိုယ်အလေးချိန် မတက်လာရတာလဲ, အဲ့ဒါ လုံး၀မတရားဘူး။ 


သူမ အသက်ပြင်းပြင်းရှုလိုက်ပြီး သူမကိုယ်သူမ နှစ်သိမ့်လိုက်တယ်


 ‘’ အနည်းဆုံးတတော့ ကိုယ်အလေးချိန် နည်းနည်းတက်လာပါတယ်လေ, မာမီ ဆက်ကြိုးစားရမယ်’’


‘’ကြိုးစားထားမာမီ, သားမာမီ့ကိုအားပေးနေမယ်’’


ယုံကြည်မှုအသစ်နဲ့ ထန်ထန်  က အသားဆော့စ်ပြုလုပ်ဖို့အတွက် စူပါမားကတ်ကို အသားတွေဝယ်ဖို့ သွားလိုက်တယ်။ 


စစ်တပ်ထဲမှာ မိသားစုအများအပြား စု‌ဝေးနေထိုင်တယ်လို့ သူမကြားထားတယ်။ သူမအဲ့ကိုရောက်တဲ့အခါ သူတို့က သူမရဲ့အိမ်နီးချင်းတွေဖြစ်လာမှာဖြစ်တဲ့အတွက် အနည်းဆုံးတော့ သူတို့ကိုနှုတ်ဆက်သင့်တယ်လေ။ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့အတွက် သူမအနေနဲ့လက်ဆောင်တစ်ချို့ပြင်သွားပြီး ပေးသင့်တယ်လို့တွေးမိတယ်။ ဒါမှ အနာဂါတ်မှာ ပေါင်ပေါင်ဒယ်ဒီက မျက်နှာသာရနေမှာ ဖြစ်တယ်။ 


ဟိဟိ , ဘယ်လောက်ကောင်းတဲ့ အကြံလဲ !


ထန်ထန် က အရာအားလုံးပြီးသွားတဲ့အချိန်မှာ ကုကျန်းအန်း လဲ ကျိယန်ဆီမှ မက်ဆေ့ကိုရလိုက်တယ်။ နောက်နေ့မနက်မှာတော့ သူ ထန်ထန် နဲ့အသေးလေးတို့ ပြောင်းရွေ့တာကိုကူညီဖို့အတွက် မနက်စောစော သူမတို့အိမ်ကိုရောက်လာတယ်။


ထန်ထန်  ကားပေါ်ရောက်တဲ့အခါ ကျီယွဲ့  တွေ့ပြီးတဲ့နောက် အရမ်းပျော်သွားတယ်။


 ‘’ရှင်လဲ ပါလာတာလား...’


ကျီယွဲ့ က ရှောင်ကျိုး.   ဖက်လိုက်ပြီး သူမကိုပြန်ဖြေလိုက်တယ် 


“ ဟုတ်တာပေါ့, ထုံးစံအတိုင်း ရှင်တို့ပြောင်းတာကို ကူညီပေးရမှာပေါ့, ဟိုကိုရောက်တဲ့အခါ အထုတ်တွေဝိုင်းဖြည်ပေးမယ်လေ’’


ကားမောင်းတဲ့နေရာမှာ ထိုင်နေတဲ့ ကုကျန်းအန်းက ရယ်ရင်းနဲ့


 “ ကြားကောင်းအောင်ပြောနေပြန်ပြီ, ဘယ်တုန်းကများ မင်းက ပစ္စည်းတွေကို နေရာချတာနဲ့ ထုတ်ပိုးတာလုပ်ဖူးလို့လဲ? ပြဿနာမရှာရင်ပဲ အရမ်းအဆင်ပြေနေပါပြီ’’


သူမ ခင်ပွန်းဖြစ်သူရဲ့ ဖော်ကောင်လုပ်ခြင်းခံလိုက်ရတဲ့ ကျီယွဲ့က စိတ်အနှောက်အယှက်ဖြစ်စွာနဲ့ နှုတ်ခမ်းဆူလိုက်ပြီး


 “ ကျွန်မကို နည်းနည်းလောက် မျက်နှာသာပေးလို့မရဘူးလား..အဲ့လောက်အထိ ပြောဖို့မလိုပါဘူးနော်, ဟွန်း’’


ထန်ထန်  သူတို့ကိုကြည့်ရင်း ပြုံးလိုက်မိတယ်။ ဒီစုံတွဲက တကယ်ကိုလန်းဆန်းတက်ကြွနေပြီး သူတို့ဆက်ဆံရေးကလဲ အရမ်းကောင်းတယ်လို့ တွေးလိုက်မိတယ်။ ပေါင်ပေါင်ဒက်ဒီနဲ့ သူမလဲ ဒီလိုမျိုးဖြစ်နိုင်မလားဆိုတာ ….


သူမအတွေးတွေကြောင့်  မျက်နှာက တဖြည်းဖြည်းရဲလာတယ်။ ဒီလို ထူးဆန်းတဲ့အကြောင်းတွေကို ဘာလို့များတွေးနေမိတာလဲ?


တခြားသူ သုံးယောက်ကတော့ သူမမျက်နှာ ရုတ်တရက်နီလာတာကို သတိမထားမိကြပါဘူး။ 


ကျီယွဲ့က ဝက်ပေါက်လေး ကို သူမလက်ထဲမှာထွေးပွေ့ထားရင်း နူးညံတဲ့လေသံနဲ့ 


 "အချစ်လေး, မင်းရဲ့ ဦးလေး က အန်တီ့ကို အနိုင်ကျင့်နေတယ်, အန်တီ့အတွက် မြန်မြန်လေး လက်စားချေပေးပါဦး "


ကျိရှောင်ကျိုးက သူမကို ကလေးဆိုးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်ပြီး သူမ ခေါင်းကို ပုတ်ကာ လေးနက်တဲ့လေသံနဲ့ 


“ လိမ်လိမ်မာမာနေပါ, အန်ကယ်ကု က အန်တီကို အရမ်းချစ်ပါတယ် "


ချက်ချင်းပဲ ကုကျန်းအန်း က အကျယ်ကြီးအော်ရယ်လိုက်ကာ ရှောင်ကျိုးအပြောကို ထောက်ခံတဲ့အကြည့်နဲ့ နောက်ကြည့်မှန်မှတဆင့် ကြည့်လိုက်ပြီး


 “ ကြည့်စမ်း, ကလေးတောင် ကိုယ်မင်းကို ဘယ်လောက်ချစ်လဲဆိုတာ သိတယ်’’


စိတ်ဆိုးချင်ယောင်ဆောင်နေတဲ့ ကျီယွဲ့ က ရှောင်ကျိုး ပါးလေးကိုဆွဲကာ


 ‘’ ဟွန့်, အန်ကယ်က အန်တီကို ချစ်မှန်း သားကဘယ်လိုသိလဲ...’’


ကျိရှောင်ကျိုးက ဂရုတစိုက်နဲ့ သူ့မှတ်ညဏ်တွေကိုပြန်တွေးပြီး ဖြေလိုက်တယ် 


“ ကမ်းခြေမှာတုန်းက အန်ကယ်က အန်တီကို ကားပေါ်သယ်သွားတာ သားတွေ့တယ်။ အာ , ပြီးတော့ အန်ကယ်က အန်တီခြေထောက်ကိုလဲ အရင်တစ်ခါက ဆေးပေးတာတွေ့ဖူးတယ်။ သားဒယ်ဒီလဲ သားကိုတခါတလေ အဲ့လိုလုပ်ပေးတယ်။ အဲ့ဒါက သားဒယ်ဒီ သားကိုချစ်သလို အန်ကယ်ကလဲ အန်တီကိုချစ်တာပဲပေါ့’’


 သိပ်မကြာသေးခင်က သူတို့ဗီလာကိုသွားတုန်းက အဖြစ်အပျက်တွေကို  ပြောနေတာဖြစ်တယ်။


ဒီလိုအရာတွေကိုကလေး မြင်သွားလိမ့်မယ်လို့ မထင်မိတဲ့ ကျီယွဲ့ က သူမမျက်နှာတွေ နွေးလာသလို ခံစားလိုက်ရတယ်။


ဒါပေမယ့် ရှောင်ကျိုး က ဆက်မေးလိုက်တယ်


 “ သားက ကလေးမို့လို့ ဒယ်ဒီကလုပ်ပေးတာ , အန်တီကျတော့ အရွယ်ရောက်နေတာကို ဘာလို့ အန်ကယ်က ချီသွားရတာလဲ ပြီးတော့ ဘာလို့ခြေထောက်ကိုဆေးပေးရတာလဲ?’’


အရွယ်ရောက်လူကြီးတွေ ဒီစကားကိုကြားတဲ့အခါမှာတော့ ရှေ့ခန်းမှာထိုင်နေတဲ့ ကုကျန်းအန်း  ရဲ့အပြုံးကိုကြည့်ပြီး ထန်ထန် မပြုံးပဲ မနေနိုင်တော့ပေ။


အရွယ်ရောက်လူကြီးနှစ်ယောက်ရဲ့ အပြုံးကြောင့် ကျီယွဲ့ အနည်းငယ်ရှက်သွားသော်လဲ မျက်နှာထူထူနှင့်ပင် ဖြေလိုက်တယ်


“ အဲ့ဒါ အန်တီလှနေလို့ပေါ့, တစ်ခါတစ်လေမှာ ကလေးနဲ့အလှအပက အတူတူပဲလေ, ဒါကြောင် အန်တီတို့က နှစ်ခုလုံးကိုသဘောကျသင့်တယ်၊ သားအခုနားမလည်ပေမယ့် သားကြီးလာလို့ ဇနီးရတဲ့အခါကျရင် နားလည်လာလိမ့်မယ်’’


ကျီယွဲ့ ရဲ့တုံ့ပြန်ချက်ကိုနားထောင်ပြီးနောက် အသေးလေး ကမျက်တောင်ခတ်လိုက်ကာ ကျီယွဲ့ ဆီကနေ ထန်ထန်ဆီသို့ တွားသွားတက်သွားတက်လိုက်ပါတယ်။ 


သူက ထန်ထန် ရဲ့လည်ပင်းကိုဖက်တွယ်လိုက်ပြီး သူမနားရွက်နားသို့ကပ်ကာ လေသံတိုးလေးဖြင့် 


“ မာမီ, သားကြီးလာရင် မာမီလိုဇနီးမျိုးပဲ ရှာသင့်တယ်ထင်တယ်, အာ.. သားက လှတာမလိုချင်ပါဘူး’’ 


သူ့မာမီကအကောင်းဆုံးဆိုတာ သူ့ကိုယ်သူသေချာအောင် လုပ်လိုက်ပါသေးတယ်။


ကံမကောင်းစွာနဲ့ပဲ ကားကအရမ်းမ.ကြီးတဲ့အတွက် သူ ပြောသမျှအကုန်လုံး ကျီယွဲ့  ကြားလိုက်ပါတယ်။ သူမက လက်မခံနိုင်စွာနဲ့ပဲ ပြောလိုက်တယ်


 “ ရှောင်ကျိုး အန်တီ သားကိုသိအောင်ပြောမှဖြစ်မယ်, အနာဂါတ်မှာ သားမာမီလို ဇနီးမျိုးရှာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး, သားမာမီလို နူးညံ့သိမ်မွေ့ပြီး အေးချမ်းတဲ့သူတွေက ရှားပါးသွားပြီ, တစ်ယောက်တည်းကျန်တဲ့သူကိုတော့ သားဒယ်ဒီက ယူသွားပြီဆိုတော့ သားမာမီလိုလူမျိုးကို ရှာတွေ့မှာမဟုတ်တော့ဘူး’’


‘’မာမီ, အဲ့ဒါတကယ်လား...’’ 


အသေးလေး က သံသယတစ်ချို့ဝင်ကာ  မျက်လုံးအပြူးသားနဲ့ မေးလိုက်တယ်။


ကြားထဲမှအဆင်ပြေအောင်ပြောဖို့အတွက် သူမ ငိုရခက် ရယ်ရခက်ဖြစ်သွားတယ် 


“ ကြည့်မကောင်းပဲ အလုပ်မလုပ်တတ်တဲ့ သားမာမီလိုလူမျိုး မရှာပါနဲ့, အဲ့လိုဇနီးမျိုးက မကောင်းပါဘူး, အန်တီ ကျီယွဲ့ လို အလုပ်မှာတော်ပြီး လှပတဲ့လူမျိုးကိုရှာသင့်တယ်’’ 


သူမလိုလူမျိုးက မျက်နှာပျက်ရုံပဲရှိမှာပေါ့။ ကျီယွဲ့ လိုလူမျိုးကသာ အမျိုးသားတိုင်းလိုချင်တဲ့သူဖြစ်တယ်။ အသေးလေးက ဒါတွေကိုနားလည်ဖို့ ငယ်ပါသေးတယ်။


ရှောင်ကျိုး  က သူ့ခေါင်းကိုယမ်းကာ


 “ မရဘူး, မာမီလိုမျိုးကပိုကောင်းတယ်, သားက မာမီလိုလူမျိုးရှာမရရင် ဇနီးလဲမလိုချင်တော့ဘူး, မာမီနဲ့ပဲ အမြဲတမ်းနေလိုက်မယ်”


အသေးလေးရဲ့စကားကိုကြားပြီးတဲ့နောက် လူကြီးသုံးယောက်လုံးပြုံးလိုက်မိတယ်.


 “အဲ့ဒါမဖြစ်နိုင်တော့ဘူးလေ သားမာမီကို သားဒယ်ဒီကပိုင်သွားပြီပဲ, သားမာမီကို အတင်းဆွဲထားမယ်ဆိုရင် သားဒ်ါဒီစိတ်ဆိုးမှာပေါ့’’ 


ကျီယွဲ့က အသေးလေးကိုစနောက်လိုက်တယ်။


ဒါက ကျိရှောင်ကျိုး  လုံး၀မယုံကြည်တဲ့အပိုင်းဖြစ်သွားတဲ့အတွက် သူ့လက်ကိုယမ်းကာ ပြောလိုက်တယ်


 “ ဒါမျိုးလုံးဝြဖစ်မှာမဟုတ်ဘူး, မာမီက သားနဲ့သားဒယ်ဒီပိုင်တာပဲ, သားတို့က အမြဲတမ်းအတူတူမို့လို့ ဒယ်ဒီက စိတ်ဆိုးမှာမဟုတ်ဘူး’’


ကျီယွဲ့  ကကျယ်လောင်စွာရယ်လိုက်တော့တယ်။ အရမ်းရယ်ရလွန်းလို့ အပျော်တွေကိုမတားနိုင်ပဲဖြစ်နေတယ် “


. ဒါပေမယ့် သားဒက်ဒီက သားကို ဘီးအပိုလေးလို့ထင်နေမှာ အသေအချာပဲ’’


ကလေးက ကျီယွဲ့ ရဲ့စကားကို တိတိကျကျနားမလည်ပေမယ့် ထန်ထန် က တော့နားလည်တဲ့အတွက် သူမျက်နှာလောင်ကျွမ်းမတတ်ဖြစ်လာကာ


 ‘’ ဟုတ်ပါပြီ, ကျီယွဲ့  ရယ်, အခုတော်ပါတော့’’


သူမ မျက်နှာရဲနေတာကိုတွေ့တဲ့ ကျီယွဲ့ က အဓိပါယ်ပါပါနဲ့ ရယ်လိုက်ရင်း


 ‘’ အိုကေ, အိုကေ, ကျွန်မ အခုရပ်လိုက်တော့မယ်’’


ရှောင်ကျိုး တစ်ယောက်ကတော့ နားမလည်နိုင်စွာနဲ့ လူကြီးနှစ်ယောက် ကို တစ်လှည့်စီကြည့်ရင်း တစ်ခုခုလွဲနေတယ်လို့ခံစားလိုက်ရတယ်။


ဒါပေမယ့် သူက အခုနားမလည်တဲ့အရာတွေကို နောင်အနာဂါတ်မှာ နားလည်လာလိမ့်မယ်လို့ပဲ တွေးနေလိုက်တော့တယ်။


- - - - - - -  - - - - - - - - - - - - - -


အချိန်ကြာလာသည်နှင့်အမျှ သူတို့အားလုံး လူစည်ကားတဲ့မြို့မှအ‌ဝေးတနေရာသို့ ခရီးဆက်လာကြတယ်။ အချိန်ခဏကြာပြီးနောက် ပတ်၀န်းကျင်က ပိုပြီးတိတ်ဆိတ်လာကာ လူနေအိမ်ခြေတွေနဲ့‌ဝေးကွာလာခဲ့ပြီး ကားလေးက လမ်းမထက်မှ ဦးတည်ရာတစ်နေရာသို့မောင်းနှင်နေတော့တယ်။


သူမတို့နေရာသို့ ရောက်ခါနီးမှန်း ထန်ထန် ခန့်မှန်းလိုက်မိတယ်။ သူမနှလုံးခုန်သံတွေ မြန်ဆန်လာပြီး စိတ်လှုပ်ရှားလာတယ်။ သူမရင်ခွင်ထဲမှ အသေးလေးကလဲ အိပ်ပျော်ရာမှ နိုးလာတယ်။


အသေးလေးနိုးပြီး သိပ်မကြာခင်မှာပဲ ကားကရပ်သွားတယ်။ ထို့နောက် ကုကျန်းအန်း ကပြောလိုက်တယ် 


“ ကိုယ်တို့ရောက်ပြီ...’’


ထန်ထန် နဲ့ အသေးလေးနှစ်ယောက်လုံး စိတ်အားထက်သန်စွာနဲ့ ကားပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်ကြတယ်။ သိပ်မ‌ဝေးတဲ့နေရာမှာ စစ်၀တ်စုံနဲ့ မတ်တပ်ရပ်နေတဲ့ ကျိယန် ကိုတွေ့လိုက်ရတယ်။ 


ရှောင်ကျိုး က ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ အားပါးတရအော်နေတော့တယ် 


“ ဒယ်ဒီ ! ဒယ်ဒီ ! ‘’


အသေးလေး  ဆီမှအပျော်တွေကူးစက်ခံလိုက်ရတဲ့ ထန်ထန်ကလဲအော်ခေါ်လိုက်တယ်


 “ ယောကျာ်း...’


ကျိယန်မျက်နှာက ပိုနူးညံသွားပြီး ကားတံခါးဖွင့်ပေးဖို့ လမ်းလျောက်လာတယ်။ ရှောင်ကျိုး  က သူ့ကိုယ်သူ ကျိယန်ဆီသို့ ပစ်၀င်လိုက်ပြီး တင်းကြပ်စွာဖက်ထားလိုက်တယ်။


သူက အသေးလေးကျောကိုပုတ်ပေးရင်း ထန်ထန် ကိုကြည့်လိုက်တယ်။ ထို့နောက် ကုကျန်းအန်းတို့.ကိုပြောလိုက်တယ်


 “မင်းအတွက် ခက်ခဲသွားပြီ’’


ကုကျန်းအန်းက အရေးမကြီးဟန်ဖြင့် လက်ကိုယမ်းပြလိုက်တယ်။


အဲ့အချိန်မှာပဲ ကျိယန်နဲ့ဆင်တူအကျီဝတ်ထားတဲ့ အမျိုးသားနှစ်ယောက်က ကျိယန် နားကပ်လာကာ ထန်ထန် ကိုအလေးပြုလိုက်တယ် 


“ ဟဲလို မရီး..."


သူတို့ရဲ့ကျယ်လောင်တဲ့အသံကြောင့် ထန်ထန် လန့်သွားတယ်။ ထို့နောက် သူမရဲ့စိတ်အာရုံအားလုံးကို ကျိယန်ပေါ်မှာပဲထားမိနေတဲ့အတွက် သူ့အနောက်ကလူတွေရှိနေတာကိုမမြင်လိုက်မှန်း အခုမှသတိထားမိသွားတယ်။ သူမက အလျင်အမြန်ပဲ ပြုံးကာခေါင်းငြိမ့်ပြလိုက်တယ်


 “ ဟဲလို အားလုံးပဲ မဂ်လာပါနော်’’


ကျိယန် က သူမကို အားလုံးနဲ့မိတ်ဆက်ပေးလိုက်တယ်


” သူတို့တွေက ကိုယ့်ရဲဘော်တွေပဲ, ကိုယ်နဲ့အတူတူ မင်းကိုလာကြိုဖို့ လိုက်ခဲ့ကြတာ’’


ကျိယန်က ဘာမှမပြောပေမယ့်လဲ ကျိရှောင်ကျိုး  က သူတို့ကိုနှုတ်ဆက်လိုက်တယ်။ ကျယ်လောင်ပြီး ကြည်လင်တဲ့အသံလေးနဲ့ 


"ဟဲလို အန်ကယ်တို့, သားက ဒယ်ဒီသားလေးပါ, သားနာမည် ကျိဇီကျိုးလို့ခေါ်ပါတယ် ဒါပေမယ့် ကျိရှောင်ကျိုး  လို့ခေါ်လို့ရပါတယ်’’


တုန်းလီ က လက်ခုပ်တီးလိုက်ပြီး ကျိရှောင်ကျိုး  ကိုခေါ်လိုက်တယ်


 “ ဒီကိုလာပါဦး, ရတနာလေးရဲ့, သားကိုအန်ကယ်ချီပါရစေ, သားမွေးတုန်းက အန်ကယ်ချီဖူးသေးတယ် ဒါပေမယ့် သားမေ့နေလောက်ပါပြီ’’


ပေါက်စီလုံးလေးက က သူ့ခန္ဓာကိုယ်လေးကို တုန်းလီ ဆီပစ်ဝင်လိုက်တယ်


 ‘’အဲ့ဒါကိစ္စမရှိပါဘူး, သားက အခုကစပြီး ဒီမှာနေတော့မှာဆိုတော့ အန်ကယ်လာလည်လို့ရပါတယ် ဒါဆို သားကိုခဏခဏတွေ့လို့ရပြီပေါ့"


တုန်းလီက ပြုံးရင်းခေါင်းငြိမ့်ပြလိုက်တယ် 


" ဟုတ်တာပေါ့, အခုကစပြီး ခဏခဏ အန်ကယ် သားကိုလာတွေ့မှာပေါ့’’ 


အလကားစားရမယ့် အစားအစာတွေလဲ ရှိနေသေးတာကို ။ 


အဖွဲ့ထဲမှာ ရပ်နေတဲ့ ကျန်းချန်း က လက်ထပ်ပြီးသော်လဲ သူ့ဇနီးက ကလေးယူဖို့ဆန္ဒမရှိသေးတဲ့အတွက် ဒီလိုချစ်ဖို့ကောင်းတဲ့ကလေးကိုတွေ့တဲ့အခါ မနာလိုဖြစ်စွာနဲ့ အနားသို့ကပ်လာပြီး 


‘’ အန်ကယ့်ကိုလဲ ဖက်လို့ရမလား ရှောင်ကျိုး  ‘’


တုန်းလီ က ကျိရှောင်ကျိုး ကိုချီထားရင်းနဲ့ ကျန်းချန်း အနားမှခွာလိုက်ကာ


 ‘’ ရှုးရှုး, ငါ့ဆီက သူ့ကိုခိုးဖို့မကြံနဲ့, ခဏလောက်ဆက်ချီထားဦးမှာ’’ 


ကျန်းချန်း က စိတ်အနှောက်အယှက်ဖြစ်စွာနဲ့ 


‘’ ငါလဲ ခဏလောက်ချီတော့ ဘာဖြစ်မှာမို့လို့လဲ... သူက မင်းကလေးမှမဟုတ်တာ’’


နှစ်ယောက်သားတိုက်ခိုက်တော့မှာကို မြင်တဲ့ ကျိယန် က သူတို့ဆီမှ ကလေး ကို ပြန်ခေါ်လိုက်တယ်။ ထို့နောက်သူက ရိုးရှင်းစွာနဲ့ပဲ ထန်ထန် နဲ့ တခြားသူတွေကို သူတို့ရဲ့ တိုက်ခန်းအသစ်ဆီသို့‌ ခေါ်သွားလိုက်တယ်


တုန်းလီတို့နှစ်ယောက် ကတော့ အနောက်မှနေ၍ တစ်ယောက်ကိုတစ်ယောက် စောင်းကြည့်နေကြတယ်။


ရှောင်ကျိုးက ကျိယန် ပုခုံးပေါ်မှနေ၍ အကူအညီမဲ့စွာနဲ့ ပြောလိုက်တယ်


 “ ဒယ်ဒီ, ချစ်ဖို့ကောင်းတဲ့ပုံစံနဲ့ ကြီးပြင်းလာရတာက တခါတလေ အရမ်းဒုက္ခများတာပဲလို့ သားထင်တယ်’’


ကျိယန်နှုတ်ခမ်းထောင့်တွေ အပေါ်သို့မြင့်တက်ကုန်တယ်။ 


- - - - - - - - - - - - - - - - - - - -


သဘာ၀ကျစွာနဲ့ပဲ သူတို့အုပ်စုက တိုက်ခန်းတွေမှာနေတဲ့သူတွေရဲ့ အာရုံကို ဆွဲဆောင်သွားတယ်။ သူတို့အားလုံးက မိသားစုအသစ်ပြောင်းရွေ့လာမှန်း ခန့်မှန်းကြပြီး အနားမှာဝိုင်းအုံလာကြတယ်။


အသက် ၄၀ ခန့်ရှိတဲ့အမျိုးသမီးက အနားသို့ရောက်လာပြီး ကျိယန် ကိုပြောလိုက်တယ်


 “ ရှောင်ကျိ မင်းရဲ့မိသားစုတွေ ပြောင်းလာတာလား...’’


ထိုအမျိုးသမီးက တပ်ရင်းမှုးရဲ့ ဇနီးဖြစ်ပြီး ကျိယန် နဲ့လဲအတော်လေးရင်းနှီးတာကြောင့် ခေါင်းငြိမ့်ပြလိုက်တယ်


 “ မရီး...ကျွန်တော့် အမျိုးသမီးနဲ့ ကလေး က ဒီမှာနေဖို့ပြောင်းလာတာလေ’’


တပ်ရင်းမှုးဇနီးက အရမ်းပျော်သွားပြီး


 ‘’ အာ, ကောင်းတာပေါ့, အခုကစပြီး မင်းမိသားစုနဲ့ အတူတူနေတော့မှာပေါ့, ဒါက မင်းရဲ့သားလေးပဲဖြစ်ရမယ်, သူကအရမ်းချစ်ဖို့ကောင်းတာပဲ’’


ကျိရှောင်ကျိုး က ချိုသာစွာနဲ့ နှုတ်ဆက်လိုက်တယ်


 “ဟဲလို အန်တီ, သားနာမည် ကျိရှောင်ကျိုး ပါ’’


‘’အမလေး, သူ့မှာ အပြုအမူကောင်းလေးတွေ ရှိနေတာပဲ’’ 


အမျိုးသမီးက ရှောင်ကျိုး ရဲ့လက်ကိုဆွဲရင်း ကျိယန်  အနောက်မှာရပ်နေတဲ့ ချိုင်းထောက်နဲ့ ထန်ထန် ကိုလှမ်းကြည့်လိုက်တယ်။ ထို့နောက် ကျီယွဲ့  ကိုဆက်ကြည့်လိုက်ပြန်တယ်။ 


သူမက ကျိယန် ဇနီးက ဘယ်သူမှန်း သေချာမသိဘူးဖြစ်နေတယ်။ သူမစိတ်ထဲမှာတော့ ကျီယွဲ့ က ပိုတူနေပေမယ့်လဲ ထန်ထန် က ကျိယန် နဲ့ပိုနီးကပ်စွာရပ်နေတဲ့အတွက် ကျိယန် ဇနီးဖြစ်နိုင်တယ်။ ဒါပေမယ့် ပုံပန်းသဏန်အရဆိုရင်တော့  ဒါကမဖြစ်နိုင်လောက်ဘူး။ 


မသေချာတဲ့မျက်နှာထားနဲ့အမျိုးသမီးကို ထန်ထန် ကြည့်ရင်း သူမနှလုံးသားကိုဖျစ်ညှစ်ထားသလို ခံစားလိုက်ရတယ်။ ပေါင်ပေါင်ဒယ်ဒီနားကို သူမဒီလောက်တောင်ကပ်ထားတာတောင် မသိသာသေးဘူးလား...သူမစိတ်ထဲမှငိုမိပြီလေ။ ဘယ်လိုတောင် ရုပ်ဆိုးလိုက်လဲငါလေးလဲ, အာ…! , သူမခေါင်းကိုငုံ့ကာ အရိုးစုလိုဖြစ်နေတဲ့ သူမကိုယ်သူမ ခဏလောက် ကြည့်လိုက်မိပြီး တခြားသူကို အပြစ်မတင်သင့်ကြောင်း ဆုံးဖြတ်ချက်ချလိုက်တယ်။ ကိစ္စမရှိပါဘူး သူမကိုယ်သူမ မိတ်ဆက်လိုက်ရုံပဲပေါ့။


သူမ စကားပြောဖို့ပြင်လိုက်ချိန်မှာပဲ ကျိယန်က သူမကိုမိတ်ဆက်ပေးလိုက်တယ်


 “ မရီး...ဒါကျွန်တော့ အမျိုးသမီး ထန်ထန်ပါ, သူတို့ပြောင်းလာပြီဆိုမှတော့ အစ်မကိုပဲအားကိုးရတော့မှာပဲ’’


တပ်ရင်းမှုးဇနီးက စဉ်းစားနေရမှသတိဝင်သွားပြီး ပြုံးလိုက်ကာ


 “ ရတာပေါ့, တခုခုလိုတာနဲ့ အစ်မကိုရှာလိုက်ယုံပဲ, ဒီမှာနေတဲ့သူတွေအားလုံးက မိသားစုတွေလိုပဲ, ယဉ်ကျေးဖို့မလိုဘူး’’


ထန်ထန်က သူမရဲ့ခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး ချိုသာတဲ့အပြုံးလေးနဲ့ 


“ ကျေးဇူးတင်ပါတယ်...မရီး...ကျွန်မတို့အထုတ်တွေဖြေပြီး အခန်းကိုနေရာချပြီးရင် အိမ်ကိုလာလည်ပါဦး"


‘’အာ, ဟုတ်တာပေါ့, လာလည်ရမှာပေါ့, မင်းတို့တွေ လုပ်စရာရှိတာတွေ သွားလုပ်ကြတော့လေ, ငါ့ကြောင့်နောက်ကျကုန်ဦးမယ်’’


စကားပြောပြီးတဲ့နောက် ကျိယန် က သူတို့ကို အဆောက်အအုံဆီသို့ ခေါ်ဆောင်သွားတော့တယ်။


သူတို့ပျောက်ကွယ်သွားတာနဲ့ အိမ်ရှင်မတစ်ချို့က စုရုံးကာ အတင်းပြောခြင်းအလုပ်ကို စတင်လိုက်ကြတော့တယ်။


‘’အဲ့ဒါ တပ်ရင်းမှုး ကျိ ရဲ့ဇနီးလား... ဘာလို့သူမလဲ... ‘’ 


သူတို့က စကားကိုအဆုံးသတ်ဖို့ အစီအစဉ်မရှိကြပေ။


‘’အဲ့ဒါဟုတ်တယ်, တပ်ရင်းမှုး ကျိ က အရမ်းတော်ပြီး အရာရာတိုင်းမှာ  ထူးချွန်နေလွန်းတယ်။ ဒါကြောင့် သူ့အမျိုးသမီးက နတ်ဘုရားမလို လှနေမယ်လို့ ငါထင်ခဲ့တာ’’


‘’လူတစ်ယောက်ကို အပြင်ပန်းပုံစံကြည့်ပြီး မဆုံးဖြတ်သင့်ဘူး, သူ့ဇနီးကလဲ အရမ်းတော်လို့နေမှာပေါ့ဟ, မဟုတ်ရင် တပ်ရင်းမှုး ကျိ က ဘယ်လိုလုပ်ပြီး သူမကို သဘောကျမှာလဲ, အရင်ကတည်းက တပ်တွင်းယဉ်ကျေးမှုအဖွဲ့က အလှလေးတွေကိုတောင် တစ်ချက်လှည့်ကြည့်ခဲ့တာမဟုတ်ဘူး ‘’


‘’အဲ့ဒါတော့ အမှန်ပဲဟ…’’


တပ်ရင်းမှုးဇနီးက အိမ်ရှင်မတွေစုပြီး ထန်ထန် အကြောင်းပြောနေတာတွေ့တဲ့အခါမှာ သူမမျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်


 “ လူတွေနောက်မှာ သူတို့အကြောင်းကိုမပြောသင့်ဘူး,  သူတို့သဘောကျတဲ့သူကိုရွေးချယ်ဖို့ သူတို့မှာအခွင့်အရေးရှိတယ်။ သူတို့တွေတစ်ယောက်ကိုတစ်ယောက် သဘောကျနေရင်အဆင်ပြေနေပြီ’’


တခြားသူတွေကလဲ မပြောသင့်မှန်းသိတဲ့အတွက် ရှက်ရွံ့စွာနဲ့ ပြုံးပြပြီးနောက် အလျင်အမြန် ပျောက်ကွယ်သွားကြတယ်။


ဒါပေမယ့် အိမ်ယာတစ်ခုလုံးမှာတော့ တပ်ရင်းမှူး ကျိ ရဲ့ဇနီးက ရုပ်ဆိုးတယ်ဆိုတဲ့ ကောလဟာလက ပြန့်နှံ့သွားပြီဖြစ်တယ်။