အခန်း(၁၃) – Siren နှင့် တူတယ်
အမေနှင့် သားတို့သည် မနက်စာကို အဝစားကြသည်။ ကျိုးလောင်တက အပြင်ထွက်ပြီး ကစားချင်ပေမယ့် လင်းချင်းဟယ်က တားလိုက်သည်။ “ အမေ အဝတ်လျှော်သွားတော့မယ်။ အိမ်မှာနေပြီး ညီလေးတွေကို ကြည့်ရှုစောင့်ရှောက်ထားလိုက်ဦး။ အမေ ပြန်လာတဲ့အထိ စောင့်နေဦး “
ကျိုးလောင်တသည် မနေ့ကနှင့် ဒီမနက်ခင်း အစားအစာတွေကို ကျေနပ်အားရနေသဖြင့် သူမကို မငြင်းပယ်လိုက်ပေ။
လင်းချင်းဟယ်သည် အဝတ်လျှော်ရန် ထွက်လာသည်။
ရွာ၏အနောက်ဘက်တွင် မြစ်တစ်စင်းရှိပြီး လူတိုင်း ထိုနေရာတွင် အဝတ်လျှော်ကြသည်။
“ ရှန်းစစ်/ ဒေါ်လေး…. ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းတာ နောက်ရက်နည်းနည်းကြာရင် ပြီးတော့မှာ။ ဒေါ်လေးရဲ့အိမ်မှာ ထင်းလိုသေးလား “
လင်းချင်းဟယ်သည် အဝတ်များကို သစ်သားတုတ်ပုတ်ဖြင့် ထုရိုက်နေသည်… အထူးသဖြင့် ကျိုးလောင်တ၏အဝတ်တွေ… ။ အဲဒါတွေက တကယ်ညစ်ပတ်တယ်။ သူမ၏စိတ်ထဲ အဝတ်လျှော်စက်ခေတ်ကို အလွန်အမင်း တမ်းတနေစဥ် ကလေးမလေးတစ်ယောက် အနားလာမေးသည်။
လင်းချင်းဟယ် ပြန်တွေးကြည့်ပြီးနောက် ထိုကိစ္စ သူမ၏မှတ်ဥာဏ်မှ ပေါ်ထွက်လာသည်။ “ ရှီးလေး…. လိုတယ်…. ။ အိမ်မှာ ထင်းကုန်လုနီးပါးဖြစ်နေပြီ။ သမီး သွားပြီး သမီးအစ်ကိုကို ပြောလိုက်… ဆောင်းဦးကောက်သိမ်းပြီးတာနဲ့ ပို့ပေးပါလို့…. သူ ရှာနိုင်သလောက် အကုန်ယူမယ်။ စျေးကတော့ ပမာဏအတိုင်း ပေးမယ် “
ဒီကလေးမလေးက ကျိုးရှီး လို့ခေါ်ပြီး အသက် ဆယ်နှစ်ပဲ ရှိသေးသည်။ ပြီးတော့ သူမအစ်ကိုက ကျိုးတုန်း … ဒီနှစ်ဆို ဆယ့်ငါးနှစ် ရှိပြီ။
ဒီမောင်နှမ၏ဘိုးဘေးတွေကလည်း ကျိုးအိမ်၏ဆွေမျိုးတွေဖြစ်ပေမယ့် အခုတော့ သူတို့တွေက အလှမ်းဝေးသွားပြီ။
သူတို့၏မိဘတွေက စောစော ကွယ်လွန်သွားတာကြောင့် သူတို့မောင်နှမ အသက်ရှင်နေထိုင်ရန်မှာ မလွယ်ကူလှပေ။ ဒါပေမယ့် သူမအစ်ကို ကျိုးတုန်း က အသက်ငယ်တာတောင်မှ လုပ်နိုင်စွမ်းရှိသည်။ သူသည် အလုပ်လုပ်ရန် လူကြီးတွေနောက်လိုက်ပြီး အလုပ်အမှတ် ၂ မှတ် ရှာနိုင်သည်။
ဒါက စားစရာ အများကြီးတော့ မဟုတ်ဘူး။ နောက်ဆုံးမှာတော့ အဖွဲ့သည် မောင်နှမကို သနားမိသောကြောင့် လူတိုင်း၏ သဘောတူခွင့်ပြုချက်ဖြင့် စားစရာ ဝေငှရာတွင် သူတို့ကို အနည်းငယ်ပိုပေးခဲ့ပြီး တစ်ချို့အိမ်နီးချင်းတွေကလည်း ရံဖန်ရံခါ သူတို့ဝေစုကို လျော့ယူကြသည်။
အဲလိုဖြင့် သူတို့မောင်နှမ အသက်ဆက် ရပ်တည်လာသည်။
အစပိုင်းတွင် မောင်နှမသည် မူလပိုင်ရှင်နှင့် ဘာမှဆက်စပ်မှု မရှိပေမယ့် မူလပိုင်ရှင်က ပျင်းရိသည်။
သူမ၏သားက အားမကိုးရသေးတာကြောင့် သူမအမေ၏မိသားစုဘက်မှ သူမရဲ့မောင်လေးကို ထင်းပို့ပေးရန် ပြောပြီး ရံဖန်ရံခါ လုပ်အားခအဖြစ် အခကြေးငွေ အနည်းငယ် ပေးခဲ့သည်။
ဒါပေမယ့် သူမမောင်လေး အိမ်ထောင်ကျသွားပြီးနောက်ပိုင်း သူမ၏ခယ်မလေးက တင်းတင်းကျပ်ကျပ် စီမံသဖြင့် ပြန်မလာနိုင်တော့ချေ။
ထိုအချိန်တွင် မူလပိုင်ရှင်သည် သူမကိုယ်တိုင် ထင်းရှာရတော့သည်။ မူလပိုင်ရှင်က သူမ၏ ကောင်းစွာ ထိန်းသိမ်းထားသည့် လက်များကို ကြမ်းတမ်းသော အလုပ်လုပ်ရန် ဘယ်လိုလုပ် ကျေကျေနပ်နပ် ခွင့်ပြုနိုင်မှာလဲ။ အခြေအနေတွေက ခွင့်မပြုရင် သူမက ပန်းကန်တွေ၊ တူတွေ နှင့် အဝတ်တွေကို ဆေးကြော လျှော်ဖွတ်မှာ မဟုတ်ဘူး။
ဒါပေမယ့် ကြံရမရစွာဖြင့် သူမ ထင်းကို တစ်ကြိမ်သာ စုဆောင်းနိုင်သည်။ မူလပိုင်ရှင်၏ အထင်အမြင်အရတော့ ကမ္ဘာပေါ်တွင် ဒီထက် ပိုစော်ကားသည့်အလုပ် မရှိတော့ဘူး။
ဒါကြောင့် ထိုနှစ်တွင် အသက် ၁၂ နှစ်ပြည့်သွားသော ကျိုးတုန်း အပေါ် မျက်စိကျသွားသည်။
သူမအတွက် အသုံးပြုရန် ထင်းတွေကို သူ့ကို ရှာဖွေစုဆောင်းခိုင်းပြီး သူ့ဆီက သူမ ဝယ်ယူသလို သဘောထားခိုင်းသည်။ ကျိုးတုန်း က ဘယ်လိုလုပ် မပျော်နိုင်မှာလဲ။ သူက အခုချိန်ထိ ဆက်ထိန်းထားသည်။
တခြားသူများကိုမူ မူလပိုင်ရှင်က ဒါက အရင်းရှင်ဝါဒ မဟုတ်ကြောင်း ပြောသည်။ မောင်နှမတွေ လွယ်လွယ်ကူကူ မဟုတ်ဘူးလို့ သူမ ခံစားမိပြီး သူမအပေါ် အကြွေးတင်နေသလို မခံစားစေချင်တာကြောင့် အခုလိုလုပ်တာဟု ဆိုသည်။
ရွာထဲတွင် သူမ၏ပင်ကိုစရိုက်ကို မသိသူ ဘယ်သူမှ မရှိပေမယ့် အနည်းဆုံးတော့ မူလပိုင်ရှင်က ကျိုးတုန်း ကို လုံလောက်သည့်ပမာဏ အချိန်တိုင်း ပေးသည်။
သူ ယူလာတာ နည်းရင် ငွေ တစ်ပြား ( ဆယ်ဆင့် ) ရသည်။ များရင် နှစ်ပြား ရသည်။ ဒီ တစ်ပြား နှစ်ပြားကို အထင်မသေးသင့်ပေ။ လယ်၊အခင်း လုပ်ခြင်းက လွဲပြီး တခြားဝင်ငွေမရှိသော ကျိုးတုန်း နှင့် ကျိုးရှီး ကဲ့သို့သော မောင်နှမအတွက်တော့ ဒီပိုက်ဆံတွေက ဆောင်းရာသီ အလုပ်အမှတ် အများကြီးမရှာနိုင်ချိန်တွင် တစ်နေ့ သုံးနပ် ကောင်းကောင်းစားနိုင်အောင် ကူညီပေးသည်။
ဒါကြောင့် မူလပိုင်ရှင်က ကလေးအလုပ်သမား ငှားရမ်းတာကို ရွာသားတွေ သိတာတောင်မှ သူတို့ ဘာမှ မပြောကြဘူး။
ကျိုးတုန်းက အခု အသက် ၁၅ နှစ်ရှိပြီ။ သူက အရွယ်ရောက်လာပြီး ခွန်အားကြီးလာလို့ ထင်းပို့တိုင်း များများပို့တာကြောင့် မူလပိုင်ရှင်က သူ ထင်းလာပို့တိုင်း ငွေ နှစ်ပြား ပေးသည်။
ဒါက သူတို့မောင်နှမအတွက် အရေးကြီးတဲ့ ဝင်ငွေ တစ်ခုဖြစ်သည်။
သူမစကား ကြားတာနှင့် ကျိုးရှီးသည် ပျော်ရွှင်ဝမ်းမြောက်သွားပြီး ပြောသည်။ “ ဟုတ်ကဲ့… ၊ ဆောင်းဦးရာသီ ကောက်သိမ်းပြီးတာနဲ့ ထင်းများများ စုဆောင်းဖို့ ကျွန်မပြန်သွားရင် အကိုကြီးကို ပြောလိုက်မယ် “ ပြီးတော့ သူမက ဆက်ပြောသည်။ “ ရှန်းစစ် /ဒေါ်လေး ….. အခုချိန် ဘယ်သူမှမရှိဘူး… ကျွန်မကို အဝတ်လျှော်ခွင့်ပေးပါ “
မူလပိုင်ရှင်က သူမ၏အကိုကြီးကို ထင်းရှာဖို့ ပြောထားပြီးပြီ။ သူမ၏အဝတ်တွေကို ကျိုးရှစ် လျှော်ဖွတ်ပေးဖို့ သူမ ဆန္ဒရှိသော်လည်း မျက်နှာလိုချင်သေးတာကြောင့် ငြင်းပယ်ခဲ့သည်။
ဒါပေမယ့် တစ်ယောက်မှ မရှိရင် မူလပိုင်ရှင်က သူမကို လျှော်ဖွတ်ခွင့်ပြုလိမ့်မည်။
ယခုအချိန်တွင် တစ်ယောက်မှ အမှန်တကယ် မရှိပေ။ မြစ်အောက်ဘက်ပိုင်းတွင် တစ်ချို့ ရှိပေမယ့် ဒီနေရာမှာတော့ မဟုတ်ဘူး။
မူလပိုင်ရှင်သာဆိုရင် ယဥ်ကျေးနေလိမ့်မယ်မဟုတ် လက်ခံလိမ့်မည်။ မူလပိုင်ရှင်သည် သူမက သူတို့မောင်နှမကို ကြည့်ရှုစောင့်ရှောက်ထားတယ်လို့ တွေးထင်တာကြောင့် သူမအဝတ်များကို လျှော်ဖွတ်ရန် ခေါ်ခိုင်းလည်း ဘာဖြစ်လဲ…. ????
ဒါပေမယ့် လင်းချင်းဟယ်က မူလပိုင်ရှင် မဟုတ်ဘူး။ ပြီးတော့ သူမက အဲလောက်ထိ အောက်တန်းမကျသေးဘူး။
“ မလိုပါဘူး။ ဒါက အဝတ်နည်းနည်းလေးပါ။ ဆောင်းဦးရာသီ ကောက်သိမ်းပြီးတာနဲ့ သမီးလည်း သမီးအစ်ကိုနဲ့ လိုက်သွားလေ…။ ဒေါ်လေး ဆောင်းတွင်းအတွက် ထင်းများများ သိုလှောင်ထားချင်တယ်။ ဒါကြောင့် များများလိုချင်တယ်။ “
“ ဒေါ်လေး…. စိတ်ချပါ။ ဒေါ်လေးဆီ ကျွန်မတို့သေချာပေါက် ပို့ပေးပါ့မယ် “ ကျိုးရှီး ခေါင်းငြိမ့်ပြောလိုက်သည်။
လင်းချင်းဟယ် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “ ဒါဆို ပြန်တော့လေ… ဒေါ်လေးလည်း ပြီးခါနီးပြီ “
သူမကို အဝတ်လျှော်ခိုင်းဖို့ အမှန်တကယ် စိတ်ကူးအစီအစဥ်မရှိတာ ကျိုးရှီး တွေ့လိုက်ရတာကြောင့် သူမ အရင် ပြန်သွားကာ အလုပ်သွားလုပ်တော့မည့် သူမအကို့ကို သတင်းပို့လိုက်သည်။
“ ဆောင်းဦး ကောက်သိမ်းပြီရင် ငါ သွားလိုက်မယ် “ ကျိုးတုန်းက ပြောသည်။
အခုဆို သူက ၆ မှတ် ရှာနိုင်တော့ သူ့ဘဝက ပိုကောင်းလာသင့်ပေမယ့် နောက်ဆုံးတော့ သူက လူပျိုပေါက် အရွယ်ဖြစ်လို့ အများကြီး စားသည်။
အခု ကျိုးရှီးလည်း အလုပ်သို့ လိုက်လာပေမယ့် သူမက အလုပ်မှတ် ၂ မှတ်သာ ရှာနိုင်သည်။
လင်းချင်းဟယ်သည် ဆပ်ပြာတစ်ချို့ကို ခိုးကြောင်ခိုးဝှက် ထုတ်ယူလိုက်ပြီး အဝတ်လျှော်လိုက်သည်။ ဆပ်ပြာနှင့်ဆိုရင် ပိုပြီး မြန်သည်။ သူမသည် အဝတ်အစားများကို မြန်မြန်ဆန်ဆန် လျှော်ဖွတ်ပြီး ပြန်လာခဲ့သည်။ မြစ်အောက်ဘက်ပိုင်းတွင် အဝတ်လျှော်နေသော ဒုတိယမရီးအတွက်တော့ သူမကို မြင်ရင်တောင် သွားနှုတ်ဆက်မှာ မဟုတ်ဘူး။
မူလပိုင်ရှင် နှင့် ဤ ဒုတိယမရီး ကြား ဆက်ဆံရေးမှာ အဆင်မပြေတာကြောင့် ဖြစ်သည်။
ဒုတိယမရီးသည် အကြီးဆုံးမရီး၏သမီးကြီး ကျိုးသာ့နီ နှင့် အမျိုးသမီးအများအပြားကို မြစ်အောက်ဘက်ပိုင်းတွင် မိသားစုအဝတ်များ လျှော်ဖွတ်ရန် ခေါ်လာသည်။ ထုံးစံအတိုင်း သူမသည် လင်းချင်းဟယ် ပြန်သွားသည်ကို မြင်လိုက်ပြီး နှုတ်ဆက်ရန်လည်း ရည်ရွယ်ချက် မရှိပေ။
တခြားအမျိုးသမီး အနည်းငယ်က ကျွဲမြီးတိုစွာ မှတ်ချက်ချသည်။ “ ဟိုအရင်က မြေပိုင်ရှင်ထက် နင်တို့ရဲ့ အဲဒီမရီးက ပိုသက်သောင့်သက်သာရှိတဲ့ဘဝကို ဖြတ်သန်းနေတယ် “
“ အဓိပ္ပါယ်မရှိတာ လျှောက်ပြောမနေနဲ့……။ ဘာ မြေပိုင်ရှင်လဲ ……။ ငါတို့ဘိုးဘေတွေက ဆင်းရဲတဲ့ တောင်သူလယ်သမား မျိုးဆက်သုံးဆက်ပဲ။ သူဆင်းရဲလိုပဲ ဆင်းရဲတယ် “ ဒုတိယမရီးက ချက်ချင်း ကြားဖြတ်ပြောသည်။ လင်းချင်းဟယ်က မျက်စိတွေ့စရာ မဟုတ်ပေမယ့် ကျိုးအိမ်၏ခေါင်းဆောင်အပေါ် ‘ မြေပိုင်ရှင် ‘ ဆိုတဲ့ အမည် လူတွေကို ခေါ်ခွင့်မပြုနိုင်ဘူး။
“ ငါ တခြား အဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူး။ သူမရဲ့ဘဝက အရမ်းကောင်းလွန်းတယ်လို့ ပြောချင်ရုံပါ။ သူမမှာ သားသုံးယောက်ရှိတယ်။ သူမရဲ့မျက်နှာနဲ့ အသွင်အပြင်ကိုကြည့်ပါလား…။ တစ်ယောက်ယောက်က သူမ လက်မထပ်ရသေးဘူးလို့ ပြောရင် ယုံကြည်နိုင်လောက်တယ် “ တခြားအမျိုးသမီးကြီးက ပြောသည်။
“ သူမက သူမရဲ့မျက်နှာနဲ့လက်တွေကို အစိုထိန်းခရမ်နဲ့အဆီ နေ့တိုင်းလိမ်းတယ်လို့ ကြားတယ် “ ပထမတစ်ယောက်က ပြောသည်။
“ မိသားစု စည်းစိမ်ဥစ္စာကို ဖျက်ဆီးနေတာပဲ။ သူမက ရေကို ဖောက်ထုတ်နိုင်လောက်တဲ့အထိ နူးညံ့နေတာ အံ့သြစရာ မဟုတ်တော့ဘူး “ နောက်တစ်ယောက်က ခါးခါးသီးသီး ပြန်ဖြေသည်။
ဘယ်မိသားစုကများ တင်းကျပ်တဲ့ ဘက်ဂျက်နှင့် မနေထိုင်ကြမှာလဲ။ ဒါပေမယ့် ကျိုးအိမ်ရဲ့ စတုတ္ထချွေးမကတော့ သူတို့နဲ့ အခြေအနေမတူချေ။ သူမက သူမကိုယ့်ကို အမြဲ လှပနေအောင် သနေလေ့ရှိသည်။ ထိုမျက်နှာနှင့် ထိုပုံပန်းအသွင်အပြင်က siren နဲ့တောင် တူတယ်။
သေချာတာပေါ့…. သူတို့တွေက သူမကို ဘွင်းဘွင်းရှင်းရှင်း မပြောဆိုရဲဘူး မဟုတ်ရင် သူတို့က ပြဿနာ ရှာသလို ဖြစ်သွားလိမ့်မည်။ လင်းချင်းဟယ်ကလည်း တိတ်တိတ်လေး ငြိမ်ခံနေမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့တွေက သူမနောက်ကွယ်မှာပဲ တိုးတိုးတိတ်တိတ် ပြောကြသည်။
ဒုတိယမရီးသည် ကျိုးသာ့နီကို အဝတ်လျှော်ရန် ခေါ်လာပြီး အိမ်ပြန်လာသည်။ သူမသည် လင်းချင်းဟယ်ကို တွေ့တဲ့အကြောင်းအား အလေးအနက် သိပ်မထားပေ။ ဒါက သာမာန် အဖြစ်အပျက်ပဲ။
လင်းချင်းဟယ်အတွက်တော့ နောက်ကွယ်မှာ မူလပိုင်ရှင်အကြောင်း ဘာတွေပဲပြောပြော…. ဒါပေါ့ အဲဒါက သူမအကြောင်းပြောတာနဲ့ ဘာမှတော့ မကွာခြားဘူး…. သူမလည်း အဲဒါကို အလေးအနက် မထားပါဘူး။
တကယ်တော့ သူမက မူလပိုင်ရှင်၏ သူမရဲ့ပုံပန်းသွင်ပြင်နှင့် မျက်နှာကို ပြုပြင်ထိန်းသိမ်းမှုအပေါ် အမှန်တကယ်ကို ကျေနပ်အားရနေသည်။ သူမက ဒါကို မငြင်းပယ်နိုင်သလို အပြစ်ကင်းစင်တာကိုလည်း စျေးပေါပေါနဲ့ မရောင်းနိုင်ဘူး။
ဒါကြောင့် သူတို့တွေ ပြောချင်တာ ပြောပါစေ….. သူမရှေ့တော့ ဘာမှမပြောနဲ့။
သူမ အဝတ်အစားတွေ လှမ်းနေချိန်မှာ လင်းချင်းဟယ်သည် ဆောင်းရာသီအတွက် ထင်းစုဆောင်းမယ့်အကြောင်း ကျိုးရှီးနဲ့ စကားပြောနေတုန်းက သူမ တွေးခဲ့တာကို ပြန်သတိရမိသည်။
ဇာတ်လမ်းရဲ့ဇာတ်ကြောင်းအရဆိုရင် ဗီလိန်တွေရဲ့အဖေက ဒီအချိန်မှာ ဒဏ်ရာရမှာမလား…