အခန်း(၁၇) – ကိုယ်ပိုင် ဘဏ္ဍာတိုက်လေး
ကျိုးလောင်စန်းကို ပြန်ပို့ပေးတဲ့သူက အကြီးဆုံးမရီး၏ ဒုတိယသမီး ကျိုးအာ့နီ ဖြစ်သည်။ ကျိုးလောင်တ နှင့် ကျိုးလောင်အာ့ လည်းအတူပါလာသည်။
“ အဘိုးနဲ့ အဘွားအတွက် နောက်ထပ် ဟင်းတစ်ခွက် ချက်ဖို့ ဒီအရိုးကို ယူပြန်သွားလိုက် “ လင်းချင်းဟယ်သည် သူမအပေါ် ကျိုးမိသားစုဝင်တွေ ဘယ်လိုတွေးနေမယ်ဆိုတာ ဂရုမစိုက်ပဲ ကျိုးအာ့နီကို အရိုးပေးပြီး ပြန်လွှတ်လိုက်သည်။
“ တစ်မနက်ခင်းပဲ ရှိသေးတယ်… မင်းတို့ ကြောင်ညစ်ပတ်လေးတွေ ဖြစ်နေပြီ “ လင်းချင်းဟယ်သည် ရေဆွဲပြီး လောင်အာ့နှင့် လောင်စန်း၏မျက်နှာတွေကို သန့်ရှင်းဆေးကြောပေးလိုက်သည်။
ပြီးနောက် လောင်တကို ဆေးကြောပေးသည်။ လောင်တ မေးလိုက်သည်။ “ အမေ….. အဖြူရောင် ဘန်းမုန့် ဘယ်နှစ်ခု ဝယ်ခဲ့လဲဟင်… “
“ ဘယ်နှစ်ခု လိုချင်လို့လဲ “ လင်းချင်းဟယ် မေးခွန်းထုတ်လိုက်သည်။
“ သေချာပေါက် တစ်ယောက် တစ်ခုစီပေါ့ “ လောင်တ ဖြေလိုက်သည်။
“ ဆုတောင်းလေ “ လင်းချင်းဟယ်ဆက်ပြောသည်။ “ နှစ်ခုပဲ ဝယ်လာတာ…. တစ်ယောက်တစ်ဝက်စီပဲ ရမယ် “ တစ်ယောက် တစ်ဝက်ဆိုလည်း ထူးကဲကောင်းမွန်နေပြီ။
သူတို့သုံးယောက်ကို သန့်ရှင်းပြီးနောက် လင်းချင်းဟယ်သည် ဆန်ပြုတ်ကို နွေးလိုက်သည်။ သေချာတာပေါ့ ဂတ်စ် မရှိတဲ့အတွက် တော်တော် ဒုက္ခရောက်သည်။
မော်ဒန်ခေတ်နှင့် နေသားကျနေသော လင်းချင်းဟယ်သည် လိုက်လျောညီထွေ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ တကယ်တော့ သူမသည် ကောင်းကောင်း လိုက်လျောညီထွေ ရှိနေပြီ ဖြစ်ပေမယ့် အနည်းငယ် ပျင်းရိသလို ခံစားနေရသည်။
နေ့လည်စာသည် ဆန်ပြုတ်၊ အသားနှင့် သခွားသီးကြော်၊ ကြက်ဥပြုတ်များ နှင့် အရေးအကြီးဆုံးကတော့ အဖြူရောင် ဘန်းမုန့် နှစ်ခုပဲ။
ဆန်ပြုတ်က အများကြီး မကျန်တော့ဘူး တစ်ယောက် တစ်ပန်းကန်စာပဲ ရှိသည်။ သို့သော် ဒီဟင်းလျာများနှင့် ဘန်းမုန့်နှစ်ခုကြောင့် အမေရော ကလေးပါ ကျေနပ်ကြသည်။
အထူးသဖြင့် လောင်တနှင့် လောင်အာ့…. ဘန်းမုန့်အပေါ် သူတို့၏နှစ်ခြိုက်မှုက မယိမ်းယိုင်ချေ။
“ အမေ…. ဘာတွေဝယ်ခဲ့တာလဲ “ ကျိုးလောင်အာ့က မေးသည်။
“ အများကြီး မဟုတ်ပါဘူး “ လင်းချင်ဟယ်သည် တူတွေကို ကောက်ယူရင်း ပြန်ပြောသည်။
အဲအကြောင်း ပြောရရင် မြို့တွင်းရှိ ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမအသင်းတွင် ပစ္စည်းအမျိုးအစား တော်တော်နည်းပါးသည်။ မူလပိုင်ရှင်၏မှတ်ဥာဏ်အရ ခရိုင်မြို့ကြီး၏ ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမတွင် ပစ္စည်းအမျိုးပေါင်း များစွာရှိပြီး ပိုစုံလင်သည်။
ဒီတစ်ခါမှာ သူမသည် ဇီးချိုသီး၊ ပုစွန်ပေါက်စအရေခွံ ဒါမှမဟုတ် တစ်ခုခုကို မှာယူချင်ပေမယ့် ဘယ်တစ်ခုမှ မရှိပေ။ ဒါပေမယ့် ခရိုင်မြို့၏ သမဝါယမတွင်တော့ ထိုအရာအားလုံး ရှိသည်။
မူလပိုင်ရှင်ကတော့ အရည်အသွေးကောင်းတဲ့ အထည်တွေကို အမြဲစောင့်ကြည့်နေပြီး ထိုအရာတွေကို စိတ်မဝင်စားချေ။
သူမ စိတ်မဝင်စားပေမယ့် လင်းချင်းဟယ်ကတော့ စိတ်ဝင်စားသည်။ ကလေးများသည် လက်ရှိ၌ ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်တွင်သာ ရှိသေးသည်။ ပြီးတော့ ပုစွန်ပေါက်စအရေခွံသည် ကယ်လ်စီယမ်ဓာတ် ဖြည့်တင်းရန် အလွန်ကောင်းသည်။
ကြက်စွပ်ပြုတ်မှာ ထည့်လို့ရသည့် ဇီးချိုသီးတစ်ချို့လည်း သူမ ဝယ်ချင်သည်။
ပြီးတော့ တခြားမှိုတွေ။ ဒီတစ်ခါတော့ မှို နှင့် ပင်လယ်ရေမှော် ကျင်းတစ်ဝက်စီ ဝယ်ခဲ့သည်။ ကျိုးချင်းပိုင် ပြန်ရောက်တာနဲ့ အဲဒါတွေက သူ စားဖို့ မလုံလောက်တော့ဘူး။ ဒါကြောင့် ခရိုင်မြို့ဆီ သွားပြီး ဈေးဝယ်ထွက်ရမည်။
မနက်ဖြန်မှာ ရိက္ခာတွေ သယ်ယူရန် ကျိုးတုန်းကို သူမနှင့်အတူ ခေါ်သွားဖို့ စီစဉ်ပြီးနောက် သူမသည် သားသုံးယောက်ကိုခေါ်ပြီး တရေးအိပ်ရန် ပြင်ဆင်လိုက်သည်။
မတတ်နိုင်ဘူး။ အိပ်တာကလွဲလို့ တစ်ခြား ဘာမှလုပ်စရာမရှိဘူး။
တစ်ရက်ပြီးတစ်ရက် ပိုပိုအေးလာသည့် နေ့ရက်တွေကို တွေးကာ လင်းချင်းဟယ်သည် ကောင်လေးသုံးယောက် အိပ်ပျော်သွားတာကို စောင့်ကြည့်ရင်း သူမနေရာလွတ်ကို စစ်ဆေးလိုက်သည်။
အထူးသဖြင့် တော်တော်နွေးသော ခုနစ်ကျင်းလေးသည့် စောင်ကြီး နှစ်ထည်ကို သူမ ပြင်ဆင်ခဲ့သည်။ အရောင်က ခပ်မှိန်မှိန်ဖြစ်နေတာတောင် အဲဒါက မော်ဒန်ခေတ်ပစ္စည်းများနှင့် တော်တော်တူနေသည်။ ဒီခေတ်နှင့် မကိုက်ညီဘူး။
သူမ စောင်အဖုံးကြီးတစ်ခု လိုအပ်နေသည်။ ဒါကြောင့် သူမ ခရိုင်မြို့ဆီသွားပြီး ဝယ်ရမည်။ အချိန်တန်ရင် စောင်ကို အဖုံး ဖုံးပြီး ချုပ်လိုက်မယ်။ ဒါဆို သူမကို ကျိုးချင်းပိုင် ဘာမှမပြောနိုင်တော့ဘူး။
သူမကိုယ်ပိုင် အစွမ်းအစနဲ့ ရခဲ့တာလို့ ပြောလို့ရသည်။
စောင်အပြင် မွေ့ရာလည်း ပါသည်။ ဒီမွေ့ရာလည်း ထုတ်ယူရမယ်။ ဒါက ခေတ်ဟောင်းစတိုင်ဖြစ်ပြီး ပုံစံအများကြီး မပါပေ။ အဓိကအချက်က နွေးထွေးမှုပဲ။
သူမ အားလုံးကို စီစဉ်လိုက်သည်။ စောင်နှင့် မွေ့ရာကို သူမကိုယ်တိုင် အသုံးပြုမယ်။ ဆောင်းရာသီရောက်ရင် သားသုံးယောက်ကို သူမနဲ့အတူ အိပ်စေမယ်။ ဗီလိန်တွေရဲ့အဖေအတွက်ကတော့ သူက ဘေးအခန်း တစ်နည်း သားတွေရဲ့အခန်းမှာ အိပ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် စောင်အဟောင်းတစ်ထည် ရှိနေတာကြောင့် သူ့ကို မအေးခဲစေနိုင်ဘူး။
ကျိုးချင်းပိုင် : “……. “
သူမနယ်မြေထဲရှိ ရိက္ခာပစ္စည်းများကို ကြည့်နေသည့် လင်းချင်းဟယ်သည် သူမသားသုံးယောက်နှင့်အတူ အိပ်မက်ကမ္ဘာထဲသို့ ကျရောက်သွားသည်။
ကျိုးမိသားစုဝင်အားလုံး ပြန်ရောက်လာတာနဲ့ လင်းချင်းဟယ် သူတို့ကို ဝက်ရိုးပေးခဲ့တယ်ဆိုတာ သိလိုက်ရသည်။ အသားများများ မပါသော်လည်း အဆီပြန်စေတဲ့ အရာမှန်သမျှက ကောင်းတဲ့အရာပဲ။ ဒါကြောင့် ဘယ်သူက မကြိုက်နိုင်မှာလဲ။
အထူးသဖြင့် ဒီအရာကို လင်းချင်းဟယ်က ကျိုးအာ့နီမှတဆင့် ပေးပို့ခဲ့တာ ဖြစ်သည်။
ထိုအရိုးကို ခုတ်ထစ်ပြီး ဆားရည်စိမ်ထားသော ဟင်းသီးဟင်းရွက်များနှင့်ရောကာ ချက်ပြုတ်လိုက်သည်။ အဆီ မစားရတာ ကြာပြီဖြစ်တဲ့ ကျိုးမိသားစုဝင်တွေအတွက် အရမ်းမွှေးကြိုင်နေသည်။
စားသောက်ပြီးနောက် လူစုခွဲလိုက်ကြသည်။
ကျိုးအမေသည် အခန်းထဲ ပြန်ရောက်တော့ ကျိုးအဖေကို မေးလိုက်သည် “ အဖိုးကြီး…. စတုတ္ထရဲ့ဇနီးက ဘာကိစ္စရှိလဲ မသိဘူး “
“ ဘာကိစ္စလဲ “ ကျိုးအဖေသည် သူမအား အမှန်တကယ် နားမလည်ပေ။ ပြီးတော့ ထိုအကြောင်းများကို စဉ်းစားရတာလည်း မကြိုက်ချေ။
“ နောက်ထပ် ဘာများဖြစ်နိုင်ဦးမှာလဲ။ သူမက ကျိုးအိမ်နဲ့ ဝေးနိုင်သမျှ အဝေးဆုံးနေဖို့ ဆန္ဒရှိခဲ့တာ။ သူမကို အခွင့်ကောင်းယူသွားမှာ ကြောက်နေသလိုပဲ။ အခုတော့ သူမ မြို့ကို သွားရင် လောင်အာ့နဲ့ လောင်စန်းကို လာပို့ထားသည်။ ပြီးတော့ ဒီအရိုးကောပဲ “ ကျိုးအမေက ထောက်ပြသည်။
ကျိုးအဖေတွင် ထိုမျှလေးနက်သော အတွေးများ မရှိပေ။ သူ့အမြင်မှာတော့ ပိုကောင်းအောင် ပြောင်းလဲတာနဲ့တင် လုံလောက်နေပြီ။ ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရမှာလဲ။
အခုချိန်မှာ ပိုအရေးကြီးတာက လူထုရဲ့ရိက္ခာတွေကို မြန်မြန်ဆန်ဆန် ဝေငှရန် နှင့် အစားအစာခွဲဝေပြီးနောက် ဆောင်းရာသီ ဂျုံစိုက်ပျိုးခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် ဖြစ်သည်။ ထိုအရာတွေက အရေးကြီးတဲ့ ကိစ္စတွေပ။
တကယ်တော့ အံ့သြနားမလည်နိုင်ဖြစ်နေတာ ကျိုးအမေ တစ်ယောက်တည်း မဟုတ်ဘဲ တခြားမရီး သုံးယောက်လည်း ပါသည်။
ဒုတိယမရီးသည် ကျိုးချင်းလင်းကို မပွင့်မလင်း ရေရွတ်ပြောလိုက်သည် “ စတုတ္ထရဲ့ဇနီးက ဘာသဘောလဲ။ သူမက ကျွန်မတို့မိသားစုရဲ့ အသားဝေစုကို လိုချင်နေတာတော့ မဟုတ်ဘူးမလား “
ကျိုးချင်းလင်းက ဂရုမစိုက်ဘဲ “ သူမက ငါတို့နဲ့ အိမ်ခွဲပြီးသွားပြီလေ။ ငါတို့က ငါတို့မိသားစုရဲ့ အသားဝေစုကို ဘာလို့ သူမဆီ ပေးရမှာလဲ “ မိသားစုထဲမှာ ဒီလောက် လူတွေများတာ။
“ သူမက အိမ်ခွဲသွားတာ ဟုတ်တယ် ဒါပေမယ့် လောင်တနဲ့ သူ့ညီတွေက အဖေနဲ့အမေရဲ့ မြေးတွေပဲလေ “ ဒုတိယမရီးသည် လင်းချင်းဟယ်၏အစီအစဉ်ကို သူမ ခန့်မှန်းမိလိုက်သလို ခံစားလိုက်ရသည်။
“ ဘာလို့ ဒီလောက်တောင် တွေးနေရတာလဲ။ သူမက ဒီလောက် မာနကြီးတာ ပြီးတော့ စတုတ္ထညီငယ်ကလည်း လတိုင်း ပိုက်ဆံအများကြီး ပို့ပေးနေတာပဲ။ သူမ အသားစားချင်ရင် အသင်းအဖွဲ့ကနေ ဝယ်နိုင်တယ်။ ငါတို့မိသားစုရဲ့ဝေစုကို ယူစရာ မလိုပါဘူး။ ငါ့အထင်တော့ သူမမှာ အသားရနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်နေမှာ မဟုတ်ရင် ငါတို့ကို အရိုးကြီးတစ်ရိုး ပေးမှာ မဟုတ်ဘူး “ ကျိုးချင်းလင်း ပြောလိုက်သည်။
ဒုတိယမရီးသည် သူမလေသံထဲက စိတ်အချဉ်ပေါက်မှုကို မဖုံးကွယ်နိုင်တော့ဘဲ “ ရှင် မမြင်ဘူးလား။ လောင်တနဲ့ သူ့ညီတွေ ဒီအတောအတွင်းမှာ အရမ်းထွားလာတာ အထူးသဖြင့် လောင်စန်းပဲ။ သူ့မျက်နှာက ဝကစ်ပြီး အရမ်းချစ်စရာကောင်းနေတာ “
သူမတွင် သမီးနှစ်ယောက်နှင့် ဒီနှစ်တွင် သုံးနှစ်ပြည့်မည့် သားတစ်ယောက် ရှိပြီး သူတို့တွေက တုတ်တစ်ယောက်လို ပိန်လှီနေသည်။
အရင်တုန်းကတော့ သူသည် လောင်အာ့နှင့် အသက်တူပြီး လောင်အာ့ထက် ပိုငယ်သော်ငြားလည်း လောင်အာ့လောက်တော့ မပိန်ပေ။ ဒါပေမယ့် သူ့ကို မတွေ့ရသည့် ခဏတာအချိန်အတွင်းတွင် လောင်အာ့သည် ပိုသန်မာလာသည်။
“ အဲအကြောင်း ထပ်မတွေးနဲ့တော့။ ငါ့အထင်တော့ သူ့အိတ်ကပ်ထဲက ပိုက်ဆံက ငါတို့ထက် နည်းနေနိုင်တယ် “ ကျိုးချင်းလင်း ပြောသည်။
ထိုစကားက ဒုတိယမရီး၏စကားများကို ရပ်တန့်သွားစေသည်။
ဒုတိယမရီးက သူမသည် မိသားစုကို အလွန် အလေးထားသည်ဟု ယုံကြည်သည်။ အိမ်မှာ ဝင်ငွေမရှိရင်တောင်မှ သူမက တစ်နည်းနည်းဖြင့် ဆယ်ယွမ်ထက်မနည်း စုဆောင်းခဲ့သည်။
ဒါက သေချာပေါက် များပြားလှသော ငွေပမာဏဖြစ်သည်။
ဒါပေမယ့် စတုတ္ထရဲ့ဇနီးကို ကြည့်လိုက်… စတုတ္ထမတ်လေးက လတိုင်း ထောက်ပံ့ကြေး ပို့ပေးနေလည်း ဘာဖြစ်လဲ။ စတုတ္ထရဲ့ဇနီးလို မိသားစုအား မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကို မသိတဲ့သူက ထောက်ပံ့ကြေး ဘယ်လောက်ပဲပို့ပို့ အားလုံး သုံးစွဲဖြုန်းတီးပြီး အလဟဿဖြစ်သွားမှာပဲ။
ဥပမာအားဖြင့် တတိယမရီးက အခု သူမရဲ့သားတွေအတွက် ဆောင်းတွင်းဝတ်အထည်ကို ကူညီချုပ်ပေးနေတယ်။ ညီအစ်ကို သုံးယောက်လုံး အဝတ်အစား အသစ်တစ်စုံစီ ရပြီး ချည်နဲ့အထည်က အရမ်းကောင်းတယ်လို့ ပြောကြတယ်။ ဒါက မိသားစုရဲ့ စည်းစိမ်ဥစ္စာကို တကယ် ဖြုန်းတီးတာပဲ။
လင်းချင်းဟယ်ရဲ့ပိုက်ဆံအိတ်က သူမလောက် မကြီးနိုင်ဘူးလို့ သူမ လောင်းကြေးထပ်ရဲတယ်။
“ ဒီနှစ် အမေ ကျွန်မတို့မိသားစုကို မုန့်ဖိုး ဘယ်လောက်ပေးမလဲ မသိဘူး “ ဒုတိယမရီးသည် သူမကိုယ်သူမ နှစ်သိမ့်ပြီးနောက် စိတ်ပျော်ရွှင်သွားသည်။
ယောက္ခမတစ်ယောက်အနေဖြင့် ကျိုးအမေသည် တကယ်တော့ ရွာမှာ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်သည်။ သားငယ် ကျိုးချင်းပိုင်ကို ဘက်လိုက်တာနှင့် ရွေ့ပြောင်းသွားသော လင်းချင်းဟယ်ကို ထည့်မတွက်ရင် သူမသည် မိသားစုသုံးစုအပေါ် တရားမျှတသည်။
ပြီးတော့ သူမသည် အဲဒီလောက် မတွန့်တိုပေ။ ဥပမာအားဖြင့် နှစ်ကုန် ပိုက်ဆံ ခွဲဝေသောအခါ သူမသည် သူတို့ကို မုန့်ဖိုးအနေဖြင့် တစ်ယွမ်၊ နှစ်ယွမ် ပေးတတ်သည်။
သူတို့ကိုယ်တိုင် သိမ်းဆည်းသည် ဖြစ်စေ နှစ်သစ်ကူးရဲ့ မိခင်မိသားစု အလည်အပတ်နေ့တွင် ဆွေမျိုးများထံ ပေးကမ်းသည် ဖြစ်စေ ( နှစ်သစ်ကူး ဒုတိယနေ့ ) …. အဆုံးမှာ သူတို့သဘောအတိုင်း လုပ်နိုင်သည်။
ရွာထဲရှိ အရွယ်တူ ချွေးမများသည် ကျိုးအိမ်က ချွေးမများလို တူညီသည့် ဆက်ဆံမှုမျိုး မရရှိကြပေ။ ထိုသူတို့၏ယောက္ခမများက အရာအားလုံးကို ထိန်းချုပ်ထားသည်။ ဒါကြောင့် ကိုယ်ပိုင် ဘဏ္ဍာတိုက်လေး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
ဆန့်ကျင်ဘက်အားဖြင့် သူမဘဝက အလွန် ကောင်းမွန်နေသေးသည်။