အခန်း(၂၂) - ခရိုင်မြို့သို့ ဈေးဝယ်ထွက်ခြင်း
ကျိုးအမေသည် ရှစ်နာရီလောက်တွင် ညအိပ်ရန် ရောက်လာသည်။
ကလေးတွေက သူတို့ခြေထောက်တွေကို မဆေးကြောရသေးဘူး။ လင်းချင်းဟယ်သည် ညီအစ်ကိုတွေကို ဦးစွာ ဆေးကြောပေးလိုက်ပြီးနောက် ကျိုးအမေအတွက် ရေဇလုံ ယူလာပေးသည်။ ကျိုးအမေသည် အရမ်းအံ့သြသွားသည်။ စတုတ္ထရဲ့ဇနီးက သူမအတွက် ခြေထောက်ဆေးဖို့ ရေ တကယ် ယူလာပေးတာလား။
“ အမေ... မနက်ဖြန် ကလေးတွေအတွက် ဝက်သားဆန်ပြုတ် လုပ်ပေးလိုက်ပါ။ အသားကို သန့်ရှင်းအောင် ရေကောင်းကောင်း သုံးပေးနော် “ လင်းချင်းဟယ်သည် ရေကိုသာ ယူပေးပြီး ခြေထောက်ဆေးခြင်းအတွက်ကတော့ ကျိုးအမေ လုပ်ရုံသာ။ နောက်မှ သူမက ကူလောင်းပေးမည်။
“ မနက်ဖြန် ဘာတွေသွားဝယ်မှာလဲ “ သူမကို ပိုပြီး သဘောကျလာသောကြောင့် ကျိုးအမေက မေးလိုက်သည်။
“ သိပ်မများပါဘူး။ အဓိက ကတော့ ကလေးတွေမှာ အတွင်းဝတ် အနွေးထည်နဲ့ ဘောင်းဘီရှည်တွေ မရှိလို့လေ။ ကျွန်မ ပစ္စည်းတစ်ချို့ ဝယ်ရမယ်။ အဲဒါရဲ့ဝယ်လိုအားကလည်း သိပ်မများဘူး။ ဒီတစ်ခါ အကြီးဆုံးမရီးကို အကူအညီတောင်းရမယ်။ ဒါပေမယ့် သူမရဲ့ကြိုးစားအားထုတ်မှုအတွက် အချိန် အများကြီး ပေးရလိမ့်မယ် “ လင်းချင်းဟယ်က ရှင်းပြသည်။
သူမမြေးတွေအတွက် ပိုက်ဆံမသုံးစွဲရင် ဒီချွေးမက ‘ လင်း ‘မိသားစုဆီ ယူသွားလိမ့်မည်လို့ ကျိုးအမေက တွေးထင်လိုက်သောကြောင့် သူမက ပြောလိုက်သည် “ ညီအစ်ကိုတွေအတွက် အတွင်းဝတ် အထည်အချို့ ပြင်ဆင်ဖို့ အချိန်တန်ပြီ “
လင်းချင်းဟယ်က သူမနှင့် မရင်းနှီးသောကြောင့် လုပ်စရာ အများစု ပြီးသွားသောအခါ သူမ၏ခြေဆေးဇလုံကို အပြင်ထုတ်လိုက်ကာ အနားယူရန် ပြင်ဆင်လိုက်သည်။
ရက်အနည်းငယ်ကြာလာတော့ လင်းချင်းဟယ်သည် အလေ့အကျင့်ဖြစ်နေပြီ။ အထူးသဖြင့် မနက်ဖြန် မနက်စောစော ခရိုင်မြို့သို့သွားရန် အိပ်ရာစောစော ထရန် လိုအပ်တော့ကြောင့်ပင်။ အရုဏ်မတက်ခင် သူမ ထွက်ခွာရမည်။
တွေးမိရုံနဲ့တင် သူမခြေထောက်တွေ နာကျင်လာသလို ခံစားရသည်။
လင်းချင်းဟယ်သည် နောက်တစ်နေ့ နံနက်တွင် နိုးထလာသည်။ သူမသည် အိပ်ရာထ မျက်နှာသစ် ဆေးကြောပြီးမှ ထွက်လာသည်။ သေချာတာပေါ့ သူမက ကျိုးအမေကို သွားတော့မယ့်အကြောင်း ပြောခဲ့သည်။
အမှောင်ထုအတွင်းမှ သူမ ထွက်လာတော့ တွဲဆွဲလှည်းကို ဆွဲထားသည့် ကျိုးတုန်းကို တွေ့လိုက်ရသည်။ သူက အခုလေးတင် ရောက်လာပေမယ့် တံခါးမခေါက်ဘဲ အပြင်တွင် ရပ်စောင့်နေသည်။
“ ဒီနေ့က မင်းအတွက် ခက်ခဲပင်ပန်းလိမ့်မယ်။ နောက်တော့ ငါတို့ ခရိုင်မြို့ ရောက်သွားတဲ့အခါ ဒေါ်လေး မင်းကို ဘန်းမုန့် ကျွေးမယ် “ လင်းချင်းဟယ်က ဖွင့်ဟကြေညာသည်။
ကျိုးတုန်းက မလိုကြောင်း ကမန်းကတန်းပြောပြီး ဒီကို မလာခင် သူ အိမ်ကနေ စားလာကြောင်း ရှင်းပြသည်။
အခုက အောက်တိုဘာလ။ မနက်ခင်းတွင် အနည်းငယ် အေးပြီး မှောင်နေသေးသည်။
ကျိုးတုန်းသာ သူမနှင့် အတူတူ မရှိနေလျှင် လင်းချင်းဟယ်သည် ဒီမှောင်မဲသောလမ်းပေါ်တွင် လမ်းမလျှောက်ဝံ့ပေ။
“ အခုက နေ့တိုင်း တစ်နေ့ထက် တစ်နေ့ ပိုပိုအေးလာပြီ။ မင်းရဲ့စောင်က အအေးဒဏ်ကို ကာကွယ်ပေးနိုင်သေးလား “ လင်းချင်းဟယ်က မေးသည်။
“ နွေးပါသေးတယ် “ ကျိုးတုန်းက ခေါင်းညိမ့်ပြသည်။
“ ပြီးခဲ့တဲ့အခေါက်တုန်းက ခရိုင်မြို့မှာ စောင်ကြီးတစ်ထည် မှာထားတယ်။ ဒါကြောင့် အိမ်က စောင်အဟောင်းကို အစားထိုးလို့ ရပြီ “ လင်းချင်းဟယ်က ပြောသည်။
ကျိုးတုန်းသည် အံ့သြမှင်တက်သွားပြီး “ ဒေါ်လေး..... တကယ်လား “
အိမ်မှာ စောင်တွေ ရှိပေမယ့် အတော်လေး ဟောင်းနွမ်းနေပြီ။ ပြီးတော့ အခုဆိုရင် သူနဲ့ သူ့ညီမက ကြီးပြင်းလာပြီ ဖြစ်လို့ သူတို့ ငယ်ငယ်တုန်းကလို အတူတူ အိပ်ရန် အဆင်မပြေတော့ဘူး။ ဒါကြောင့် သူတို့မောင်နှမမှာ တစ်ယောက်ကို တစ်ထည်စီသာ ရှိသည်။
ဒါပေမယ့် တစ်ယောက် တစ်ထည်စီ ဖြစ်တာကြောင့် သူတို့မောင်နှမ အရင်တစ်နှစ်ကတည်းက အအေးဒဏ်ကို ခံစားရသည်။ ကံကောင်းထောက်မစွာ ညနက်သန်းခေါင်အထိ အပူပေး အနွေးဓာတ်ရနိုင်သော အုတ်ကုတင်ရှိနေလို့ ပြီးနောက် ပြန်ပြီးအေးလာသည်။
သူက အဆင်ပြေပေမယ့် အဓိကကတော့ သူ့ညီမပဲ။
“ ဟုတ်တယ် “ လင်းချင်းဟယ်က ခေါင်းညိမ့်သည်။
ခရိုင်မြို့သို့သွားသည့် ဒီခရီးစဉ်မှာ နယ်မြေထဲမှ စောင်အကြီးကြီးကို ဆွဲထုတ်ရန် သူမ စီစဉ်ထားသည်။ စောင်ကြီးသာမက မွေ့ရာနှင့် အိပ်ယာခင်းတွေကောပဲ။ ထိုအရာတွေကို ဆောင်းရာသီမှာ နွေးနွေးထွေးထွေးရှိရန် မရှိမဖြစ် လိုအပ်သည်။
“ ဒေါ်လေး.... အဲဒါက ဘယ်လောက် ကုန်ကျနိုင်လဲ။ အိမ်မှာ မသုံးရသေးတဲ့ အထည် လက်မှတ်ကူပွန်တစ်ချို့ ရှိတယ်။ အဲဒါတွေ ကျွန်တော် ဒေါ်လေးကို ပေးမယ် “ ကျိုးတုန်းက မြန်မြန် ပြန်ဖြေသည်။
ဒီခေတ်မှာ စောင်တစ်ထည် ရဖို့ မလွယ်ကူဘူး။
လင်းချင်းဟယ်၏မျက်လုံးထဲတွင် အိမ်ရှိစောင်က နည်းနည်းဟောင်းနေသော်လည်း သူမ အိမ်ထောင်ကျကတည်းကဆိုရင် နှစ် အနည်းငယ်သာ ရှိသေးသည်။ ဟုတ်တာပေါ့ အဲဒါက ကြင်စဦးမင်္ဂလာဦး စောင် တော့ မဟုတ်ဘူး။ အဲဒါက နောက်မှ ဝယ်လိုက်တာ။ သိပ်မဟောင်းသေးဘူး။ တကယ်လို့ ကျိုးတုန်း မလိုချင်ရင် မွေ့ရာအဖြစ် သုံးရန် သိမ်းဆည်းထားဖို့ သူမ စိတ်ကူးထားသည်။
နယ်မြေထဲက မွေ့ရာတွေကိုတော့ ခရိုင်မြို့မှာ ရောင်းချနိုင်ပြီး တစ်စုံတစ်ယောက်တော့ လိုချင်လိမ့်မည်။
ဒါပေမယ့် ကျိုးတုန်းနှင့် သူ့ညီမတို့ရဲ့ဘဝက ဘယ်လောက် ခက်ခဲကြမ်းတမ်းခဲ့တယ်ဆိုတာ မြင်ထားပြီး အဲထက်ပိုတာက ပိုက်ဆံပေးရင်တောင် အိမ်မှုဝေယျာဝစ္စတွေကို ကူညီပေးသည်။ နောက်ဆုံး မောင်နှမတွေက မဆိုးတာကြောင့် သူတို့ကို ထောက်ပံ့တာက ပြဿနာမဟုတ်ဘူးလေ။
“ မင်း ပိုက်ဆံကို မေ့ထားလို့ ရတယ်။ မင်းရဲ့အဒေါ်... ငါက အဲဒီပိုက်ဆံ မလိုဘူး။ ဒါပေမယ့် ဒီနှစ် အစားအသောက် ဖြန့်ဖြူးရေးမှာ ငါ အများကြီး ဝယ်မှာ။ ငါ့အတွက် အဲဒါတွေကို အိမ်ပြန်သယ်ပေးဖို့ မင်းက တာဝန်ယူရမယ် “ လင်းချင်းဟယ်က ပြောသည်။
ယခင်နှစ်များက မူလပိုင်ရှင်သည် ကျိုးအစ်ကိုကြီး၏ အကူအညီကို တောင်းဆိုခဲ့သည်။ ပြောစရာမလိုပါဘူး။ မထွက်ခင်မှာ ပစ္စည်းတွေ သယ်ပြန်လာဖို့ သူ့ကို သူမက ကြက်ဥ နှစ်လုံး ပေးခဲ့သည်။
ကျိုးတုန်းက ခေါင်းခါလိုက်ပြီး “ ဒေါ်လေး... အဲဒါကို ပြောစရာမလိုပါဘူး။ ကျွန်တော် ဒေါ်လေးအတွက် အဲဒါတွေကို ကူညီသယ်ပေးမှာပါ “
“ ဒါ့အပြင် ဒီတစ်ခါ ရိက္ခာတွေနှင့်အတူ အစွန်းကုန် ကြိုးစားပြီးလုပ်။ ဒီတစ်ခါ ပစ္စည်းတွေ အများကြီး ဝယ်မှာ။ ဒီနေ့ မင်းကို ခြွင်းချက်မရှိ ပင်ပန်းစေမယ် “ လင်းချင်းဟယ်က ပြောသည်။
သူတို့တွေ ဆက်ပြီး လျှောက်လာလိုက်တာ ကောင်းကင်ကြီးတောင် တဖြည်းဖြည်း လင်းလာပြီ။ ခရီးလမ်း၏ သုံးပုံတစ်ပုံ ရောက်တော့ မိုးလင်းပြီ။
ထိုအချိန်တွင် လင်းချင်းဟယ်သည် ဗိုက်ဆာလာပေမယ့် စားသောက်ရန် သူမ ဘာမှမထုတ်ယူလိုက်ဘူး။ ဒါကြောင့် သူမသည် ခရိုင်မြို့သို့ရောက်သည်အထိ ကျိုးတုန်းနှင့်အတူ ဆက်သွားနေသည်။ ထို့နောက် သူမသည် အစိုးရပိုင် စားသောက်ဆိုင်ထဲသို့ ဝင်ကာ ဘန်းမုန့်သုံးခုနှင့် ထွက်လာခဲ့သည်။ တစ်ခုက သူမအတွက် ဖြစ်ပြီး နှစ်ခုက ကျိုးတုန်းအတွက်ပင်။
ကျိုးတုန်းက ငြင်းချင်ပေမယ့် ဒီနေ့ သူ့မှာ လုပ်စရာ အလုပ်တွေ များမယ်လို့ လင်းချင်းဟယ်က ပြောထားသောကြောင့် မြန်မြန်စားပြီးတာနဲ့ အလုပ် စလုပ်လို့ ရပြီ။
ထို့ကြောင့် ကျိုးတုန်း စားလိုက်သည်။
တစ်ခုက လင်းချင်းဟယ်အတွက် လုံလောက်သည်။ ကျိုးတုန်းသည် သူ့ဘဝတွင် အရသာအရှိဆုံးသော ဘန်းမုန့်ကို စားဖူးပြီးတော့ အဲဒါက နှစ်ခုတောင်လေ။ အတွင်းရှိ ပါဝင်ပစ္စည်းများက ကျိုးတုန်းကို သူ့လျှာအား မြိုချလုနီးပါး ဖြစ်စေသည်။
ဒီအရွယ်အစားလို ဘန်းမုန့် သုံးခုလောက်ကို သူ ကုန်အောင် စားနိုင်သော်လည်း နှစ်ခုကလည်း သူ့ဗိုက်ကို တကယ် သက်တောင့်သက်သာ ဖြစ်စေသည်။
လင်းချင်းဟယ်သည် သူ့ကို ခရိုင် ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမဆီသို့ ခေါ်လာသည်။
ဒီနေ့ သူမ အကြီးအကျယ် ဈေးဝယ်ရန် ဒီနေရာကို လာဖို့ စီစဉ်ခဲ့တာ ဖြစ်သည်။ တကယ်တော့ ဒီအချိန်မှာ ကဏ္ဍပေါင်းစုံက အသင်းအဖွဲ့တွေ အများကြီး ရှိသည်။ တစ်ချို့အဖွဲ့တွေက လူထုရိက္ခာများကို စောစောစီးစီး လွှဲပြောင်းပေးအပ်ကြပြီး ကူပွန်လက်မှတ်များနှင့် ပိုက်ဆံများကို ထုတ်ပေးသောကြောင့် သူတို့သည် သုံးစွဲရန်အတွက် ခရိုင်မြို့ဆီသို့ သဘာဝအတိုင်း လာရောက်ကြပြီး ယခုနှစ်အတွက် ရိက္ခာများကို ဝယ်ယူကြသည်။
သေချာတာပေါ့.... သမဝါယမအဖွဲ့တွင် လူတွေ အများကြီးရှိနေခဲ့ပြီး အခြေခံအားဖြင့် သူတို့က ဘယ်အထည်အလိပ်ကိုမှ မဝယ်ယူကြဘူး။ လင်းချင်းဟယ်က စိတ်မပူပါဘူး။ အစကတည်းက သူမက ၎င်းကို မှောင်ခိုဈေးမှ ဝယ်ယူရန် စီစဉ်ထားသည်။ ဈေးနှုန်းက နည်းနည်း ပိုဈေးကြီးပေမယ့် အရည်အသွေးကလည်း သမဝါယမအဖွဲ့ထက် မလျော့ပါဘူး။
သမဝါယမအဖွဲ့ရှိ တခြားသော ကုန်ပစ္စည်းများ အနေဖြင့်လည်း တစ်ချို့ရှိသေးကြောင်း သိရသည်။ လှည့်ပတ်ကြည့်ရှုပြီးနောက် လင်းချင်းဟယ်သည် မိသားစု၏ အရန်စားစရာ ကူပွန်လက်မှတ်များဖြင့် ပုစွန်အရေခွံ၊ မှို၊ ပင်လယ်ရေညှိ၊ စားသုံးနိုင်သော မှို နှင့် ဇီးချိုသီးများကို ဝယ်ယူလိုက်သည်။
သူမသည် ပုစွန်အရေခွံ တစ်ဂျင်း၊ မှို တစ်ဂျင်း၊ ပင်လယ်ရေညှိ တစ်ဂျင်း၊ ဇီးချိုသီး နှစ်ဂျင်းနှင့် မှိုခြောက် နှစ်ဂျင်းတို့ကို ရရှိခဲ့သည်။
ဘာကြောင့်လဲဆိုတော့ သူမနှင့် ကလေးတွေက မှိုခြောက်စားရတာ ကြိုက်နှစ်သက်ကြသည်။
၎င်းတို့အပြင် ယုန်ဖြူတံဆိပ် သကြားလုံး သုံးထုပ်၊ အရေးပေါ်အတွက် သီးသန့်ထားမည့် သကြားဖြူ တစ်ဂျင်း နှင့် ဗူးတစ်ဗူးက ဘယ်လောက်သေးမှန်း မြင်ပြီးနောက် ကနဦး စီစဉ်ထားသည့် တစ်ဗူးအစား မုယောရောနို့မှုန့် နှစ်ဗူးတို့ကိုလည်း ဝယ်ယူလိုက်သည်။
ပြီးတော့ အသီးအနှံစည်သွတ်ဘူးများ။ ဒီအရွယ်မှာ စည်သွတ်ထားသော အသီးအနှံများကို သူမ စိတ်မဝင်စားတော့ပေမယ့် ကလေးတွေ အရင်က ထိုအရာကို တစ်ခါမှ မစားဖူးသေးသောကြောင့် သူတို့တွေ စားကြည့်ရန်အတွက် နှစ်ဗူး ဝယ်လာခဲ့သည်။
အရသာက သူမနယ်မြေထဲက ပန်းသီးနဲ့ သေချာပေါက် လုံးဝမယှဉ်နိုင်ဘူး။ သူမသည် ချိုမွှေးသည့် ကောက်ညှင်းချောင်း ကဲ့သို့သော အခြားအဆာပြေမုန့်များကိုလည်း ဝယ်ယူခဲ့သေးသည်။
သူမသည် ပစ္စည်း အမြောက်အများ ဝယ်ယူထားသောကြောင့် ငွေလက်ခံသူထံမှ ထုပ်ပိုးစက္ကူများကို ဝယ်ယူလိုက်ပြီး ထိုအရာများကို ရိုးရိုးရှင်းရှင်း ထုပ်ပိုးကာ ကျိုးတုန်းကို အထဲဝင်လာပြီး သယ်သွားခိုင်းလိုက်သည်။
ကျိုးတုန်းက ဆယ့်ငါးနှစ်ပဲ ရှိသေးလို့ လျော့မတွက်လိုက်ပါနှင့်၊ ငယ်ငယ်ကတည်းက လယ်သမားအဖြစ် လုပ်ကိုင်လာသောကြောင့် သူ၏ခွန်အားမှာ မနည်းလှပေ။
ကျိုးတုန်း၏နှုတ်ခမ်းသည် တွန့်သွားသည်။ အထဲက သူမဝယ်ထားသော ပစ္စည်းများကို သူ မသိရင်တောင်မှ သူမက ငွေများစွာကို ကျိန်းသေ သုံးစွဲလိုက်ကြောင်းကိုတော့ သူ သိသည်။
သမဝါယမအဖွဲ့မှ သူမ ဝယ်ယူလိုသော ပစ္စည်းများနှင့် ပတ်သက်၍ လင်းချင်းဟယ်သည် ကျိုးတုန်းကို ခရိုင်မြို၏ ကုန်စုံစတိုးဆိုင်သို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။
ကျိုးတုန်းသည် လှည်းနှင့် လှည်းပေါ်ရှိ ပစ္စည်းများကို စောင့်ကြည့်ရန် အပြင်တွင် နေခဲ့သည်။ လင်းချင်းဟယ်သည် အထဲဝင်သွားပြီး ကျန်ရှိသော အထည်လက်မှတ်များဖြင့် ကြီးမားတဲ့စောင်အဖုံး နှစ်ခုကို ဝယ်ယူလိုက်သည်။