Ch-7
Viewers 149

အခန်း (၇) - ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေပြီ။

ရှန်လင်းသည် ရှဲ့ယွမ်ရွှင်းအား သူမ၏ပေါင်ပေါ်တွင် အေးအေးလူလူ မှီအိပ်စေရန် လိမ္မာပါးနပ်စွာ ခွင့်ပြုပေးထားလိုက်သည်။ သူသည် မျက်လုံးများကို မှိတ်ထားလျက် အနည်းငယ်မျှ မှေးစက်နေလေသည်။ သူက ထရန် အစီအစဉ်မရှိသရွေ့ သူမအနေဖြင့်မူ သူ၏ကိုယ်ပိုင်ခေါင်းအုံးလေးအဖြစ် တိတ်တဆိတ် အသုံးတော်ခံနေရုံမှတစ်ပါး အခြားမရှိချေ။ နေရောင်ခြည်မှာ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသည်ကြောင့်လားမသိ၊ ရှန်လင်းမှာလည်း မတ်မတ်ထိုင်နေရင်းပင် ငိုက်မြည်းသွားမိတော့သည်။ မည်သို့ပင်ဆိုစေကာမူ အိပ်ငိုက်ခြင်းဟူသည်မှာ ကူးစက်တတ်သောအရာ မဟုတ်ပါလား။ ရှဲ့ယွမ်ရွှင်း အိပ်ပျော်နေသည်ကို မြင်သောအခါ အထိန်းတော်ကြီးဖုန်းက နန်းတွင်းအစေခံများအား ချန်လော့နန်းတော်ထဲမှ ထွက်ခွာသွားရန် အချက်ပြလိုက်ပြီး သူကိုယ်တိုင်မှာမူ တစ်ဦးတည်း ကျန်ရစ်ခဲ့ကာ မျက်လွှာချလျက် ငြိမ်သက်စွာ အစောင့်အကြပ် ပေးနေလေသည်။

ရှန်လင်းသည် ကြာရှည်စွာ အိပ်စက်ခြင်းမရှိဘဲ ခြေထောက်များ ထုံကျဉ်လာမှုကြောင့် နိုးလာခဲ့သည်။ ရှဲ့ယွမ်ရွှင်းက သူမ၏ခြေထောက်များပေါ်တွင် ကန့်လန့်ဖြတ် အိပ်စက်နေသဖြင့် သူမသည် ထုံကျဉ်မှုကို သက်သာစေရန်အတွက် ပေါင်ကိုသာ ခပ်ဖွဖွ ဆိတ်ကြည့်နေမိသည်။ ထို့နောက် သူမသည် မိန်းမစိုးကြီးဖုန်းရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

—မိန်းမစိုးကြီးဖုန်းသာ ဒီမှာ ရှိမနေရင် ရှဲ့ယွမ်ရွှင်းကို သလွန်ပေါ် ရွှေ့ထားလိုက်ပြီး သနားစရာကောင်းတဲ့ ငါ့ခြေထောက်တွေကို လွတ်မြောက်ခွင့် ပေးလို့ ရမှာ…

—ဒါပေမဲ့ သူက ဒီမှာရှိနေတော့ ရှဲ့ယွမ်ရွှင်းကို ငါက နည်းနည်းလေးတောင် မလှုပ်ရှားရဲဘူး…

မိန်းမစိုးအရာရှိချုပ် ဖုန်း ရှိနေသဖြင့် ရှန်လင်းမှာ တကယ်ပင် မရဲဝံ့ပေ။ သူ၏ သိုင်းပညာ မည်မျှအထိ မြင့်မားသည်ကို သူမ ကောင်းစွာ သိရှိထားသည်။ တစ်ခါက ထိုက်ကျိခန်းမဆောင်တွင် သူမကိုယ်တိုင်ပင် မြင်တွေ့ခဲ့ရဖူးသည်။ သစ်ပင်ပေါ်မှ ငှက်တစ်ကောင်၏ အော်မြည်သံက ကျယ်လောင်လွန်းနေသဖြင့် ရှဲ့ယွမ်ရွှင်းက “နားညည်းလိုက်တာ” ဟု ဆိုလိုက်ရာ မိန်းမစိုးအရာရှိချုပ် ဖုန်းက လေထဲသို့ ပျံတက်သွားပြီး ထိုငှက်ကို မျက်တောင်တစ်ခတ်အတွင်း အသက်မဲ့သွားစေခဲ့သည်။ ထိုစဉ်က ရှန်လင်းမှာ မျက်လုံးများ နေရာတင် ပြုတ်ကျမတတ် ဖြစ်သွားခဲ့ရသည်။ သူမသည် လူတစ်ယောက် ပျံသန်းနေသည်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။

တကယ့်ကို ပျံသန်းနေသည့် လူသားတစ်ယောက်ပါလား။

ရှဲ့ယွမ်ရွှင်းက နိုးမလာသေးပေ။ ရှန်လင်းမှာ သူ့ကို နှိုးရန် မဝံ့ရဲသဖြင့် သူအလိုအလျောက် နိုးလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရတော့သည်။ သူမ၏ ကိုယ်ဟန်အနေအထားမှာလည်း လှုပ်မရလောက်အောင် တောင့်တင်းနေသဖြင့် သူ့မျက်နှာကိုသာ ငေးကြည့်နေရုံမှတစ်ပါး အခြားလုပ်စရာ မရှိတော့ပေ။ တကယ်ကိုပဲ... သူ့မျက်နှာက အမှန်တကယ်ပင် ထူးခြားလှပလွန်းလှသည်။ သူ အိပ်ပျော်နေသည့်အခါတွင် ကောင်းကင်တမန်လေးတစ်ပါးကဲ့သို့ပင် မြင်တွေ့ရသည်လေ။

သူမသည် ပို၍ ကြာကြာ စိုက်ကြည့်နေမိလေလေ၊ သူမ၏ မျက်နှာအမူအရာမှာလည်း အလွန်ပင် သံသယဖြစ်ဖွယ်ကောင်းသော ဒေါ်ကြီးတစ်ယောက်၏ အပြုံးမျိုးသို့ ပို၍ ပြောင်းလဲလာလေလေ ဖြစ်တော့သည်။

သူမ၏ လက်ချောင်းလေးများမှာ ယားကျိကျိ ဖြစ်လာသည်။ သူမသည် လက်တစ်ဖက်ကို တိတ်တဆိတ် မြှောက်လိုက်ကာ သူ့ဆံပင်များကို မထိမိစေဘဲ ဆံနွယ်များအထက် လေထုထဲတွင် ပုံဖော်ကြည့်နေမိသော်လည်း ထိုအရာက သူမကို လုံးဝ စိတ်ကျေနပ်မှု မပေးနိုင်ခဲ့သည်မှာ အသိသာကြီးပင် ဖြစ်သည်။ လေကို ထိတွေ့နေရရုံနှင့်တော့ သူမအတွက် အရာမထင်ခဲ့ပေ။ သူမသည် အစစ်အမှန်ကိုသာ ထိတွေ့ချင်နေမိသည်။ ဘာပဲဖြစ်ဖြစ် သူက အိပ်ပျော်နေသည်ဖြစ်ရာ သိနိုင်မည်မဟုတ်ပေ။

ရှန်လင်းသည် နောက်ဆုံးတွင် သူ၏ဆံနွယ်များကို ထိတွေ့လိုက်မိသည်။ ၎င်းတို့မှာ အလွန်ပင် နူးညံ့ပြီး ချောမွတ်လှသည်။ ထို့နောက် သူမသည် သူ၏မျက်တောင်များကို လက်ချောင်းထိပ်ကလေးများဖြင့် ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ ထိုမျက်တောင်များမှာ အတော်ပင် ရှည်လျားလှသည်။ နောက်ဆုံးတွင်တော့ သူမသည် သူ၏မျက်နှာကို ထိတွေ့လိုက်မိတော့သည်။ အထိအတွေ့မှာ ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေပြီး လက်ကို ပြန်ရုပ်သိမ်းရန်ပင် သူမ ဝန်လေးနေမိသည်။ သူသည် သူမ၏ပါးများကို အဘယ်ကြောင့် ထိုမျှလောက် ဆွဲညှစ်ချင်နေရသနည်းဆိုသည်မှာ အံ့သြစရာမရှိတော့ဘဲ ထိတွေ့ရသည်မှာ အမှန်တကယ်ပင် ခံစားချက်ကောင်းလှသည်ဟု ရှန်လင်း တွေးလိုက်မိသည်။

ရှဲ့ယွမ်ရွှင်းသည် ရုတ်တရက် ကိုယ်ကို လှုပ်ရှားလိုက်ပြီး ပက်လက် လျောင်းနေရာမှ သူမ၏ ရင်ဘတ်ဘက်သို့ မျက်နှာမူကာ လှည့်လိုက်သည်။​

ရှန်လင်း၏ မျက်နှာအမူအရာမှာ ခံစားချက်လှိုင်းတံပိုးပေါင်းစုံကြောင့် ပြင်းထန်စွာ ပြောင်းလဲရှုံ့ပွသွားသည်။ သူမ၏ အကြည့်တို့မှာ ပို၍ပင် နက်ရှိုင်းလာခဲ့သည်။ သူမသည် မကြားတကြားဖြစ်လုနီးပါး ခပ်တိုးတိုးလေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည် -

“ကလေးလေး နို့သောက်မလား” (ဘာသာပြန်သူမှတ်ချက် - မရတော့ဘူး! ရှန်လင်းရေ! ဟိုမိန်းမစိုးလည်း ကြားနိုင်တယ်လေ... နင်ကလည်း အူတူတူလေး🤭)

ရှဲ့ယွမ်ရွှင်း မျက်လုံးဖွင့်လိုက်သည်။ သူ၏ အကြည့်တို့မှာ ကြည်လင်ပြတ်သားနေသည်။ သူသည် လက်တစ်ဖက်ကို မြှောက်ကာ သူမ၏ ရင်ဘတ်ကို ဆွဲဆိတ်လိုက်သည်။

ရှန်လင်းမှာ ဆတ်ခနဲ လန့်ခုန်သွားပြီး အလန့်တကြား “အား” ဟု အော်လိုက်မိသည်။

“အရှင်မင်းကြီး နိုးလာပြီလား”
သူမသည် လည်ပင်းလေးကို ပုဝင်သွားကာ စောစောက သူမပြောလိုက်သည်များကို သူ မကြားလိုက်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။ သူ အခုလေးတင်မှ နိုးလာတာ ဖြစ်မှာပါ၊ ဟုတ်တယ်မလား၊ ဟုတ်ပါတယ်နော်။

ရှဲ့ယွမ်ရွှင်းသည် သူမအား ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ သို့ဆိုလျှင် သူ၏ ရှန်ကွေ့ရန်က အထိန်းတော်တစ်ယောက် ဖြစ်လာရန်ပင် ရည်မှန်းချက် ရှိနေခဲ့သည်ပေါ့။ သို့သော် အမှန်အတိုင်း ပြောရလျှင် သူ ထိုမျှလောက်အထိတော့ အံ့ဩမသွားခဲ့ပေ။ သူမက ရှန်လင်း ဖြစ်သည်၊ အပြင်လောကရှိ ပျင်းစရာကောင်းလှသည့် လူများကဲ့သို့ မဟုတ်ချေ။ သူမ၏ ထူးဆန်းသော အမူအကျင့်လေးများကို သူ သည်းခံပေးနိုင်သည်။ မည်သို့ပင်ဆိုစေ ထိုအပြုအမူများကို အခြားသူများအပေါ် စမ်းသပ်ရန် သူက မည်သည့်အခါမှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သူမ စိတ်ကူးချင်သလောက်သာ စိတ်ကူးယဉ်ပါစေ။ သူသည် သူမကို ထိုမျှလောက်သော လွတ်လပ်ခွင့်မျိုးတော့ ပေးထားနိုင်ပါသေးသည်။

ရှဲ့ယွမ်ရွှင်းက သူမကို နောက်တစ်ကြိမ် ထပ်မံဆွဲဆိတ်လိုက်သည်။ “မင်းက နူးညံ့နေတာပဲလား”

ရှန်လင်းသည် သူ့ကို စိုက်ကြည့်နေမိသည်။ “……”

သူက ဘာလို့များ အဲဒီမေးခွန်းကို ဒီလောက်တောင် အတည်အကျကြီး မေးနေရတာလဲ။

—နူးညံ့မနေလို့ နင်က မာတောင့်နေမယ်လို့ ထင်နေတာလား…

ရှဲ့ယွမ်ရွှင်းက ကိုယ်ကို မတ်ထိုင်လိုက်သည်။ သူမ၏ အံ့အားသင့်နေသော အကြည့်အောက်၌ သူသည် သူမ၏ အဝတ်အစားများကို စတင်ဖြေလျော့နေခဲ့ပြီး ထိုသို့ပြုမူနေသည့်တိုင် သူ၏ တည်ငြိမ်အေးဆေးလွန်းလှသော ပုံစံမှာ မြင်ရသူကို စိတ်ပျက်စရာကောင်းလောက်အောင်ပင် ဒေါသထွက်စေသည်။ ရှန်လင်းမှာ မေ့လဲမတတ် ဖြစ်သွားရသည်။ သူ ဘာတွေ လုပ်နေမှန်းကိုရော တကယ်ပဲ သိရဲ့လား။ သူမ၏ ရင်စည်းကို မြင်သာစေရန် အဝတ်လွှာကို ဆွဲဟဖို့ရာ အဝတ်တစ်လွှာသာ လိုတော့သည့် အနေအထားပင် ဖြစ်သည်။ ရှန်လင်းတစ်ယောက် ဆက်လက်၍ အံ့အားသင့်နေရန် အချိန်မရှိတော့ပေ။ သူမသည် ရင်ဘတ်ပေါ်ရှိ ပါးလွှာသော အဝတ်စကို အလျင်အမြန်ပင် လှမ်း၍ ဖမ်းဆုပ်လိုက်မိသည်။ သူမသည် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ထိုအစား...

သူမသည် လေချဉ်တစ်ချက် တက်လိုက်သည်။ အတော်ပင် ကျယ်လောင်လှသည်။

ရှန်လင်း : “……”

—ငါ့မျက်နှာတစ်ခုလုံး ပူထူနေပြီ ဒါက တကယ်ကို ရှက်ဖို့ကောင်းလိုက်တာ အားးးးးး…

ရှဲ့ယွမ်ရွှင်းက “လွှတ်လိုက်” ဟု ပြောလိုက်သည်။

ရှန်လင်းကတော့ သူမကို လက်လွှတ်ခိုင်းရန် သူ မျှော်လင့်နေခြင်းမှာ အိပ်မက်မက်နေခြင်းသာ ဖြစ်ရမည်ဟု တွေးလိုက်မိသည်။ သူမ၌ အပြင်ဘက်တွင် အဝတ်အစားများ ချွတ်တတ်သည့် အလေ့အထ မရှိပါချေ။ သို့သော် ရှဲ့ယွမ်ရွှင်း၏ မပြုံးတပြုံး အကြည့်နှင့် ဆုံလိုက်ရသည့်အခါတွင်မူ သူမသည် ယနေ့၏ ဘေးဒုက္ခမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

သို့သော်လည်း နောက်ဆုံးအချိန်အထိ သူမသည် အရှုံးပေးရန် ငြင်းဆန်ခဲ့သည်။

“အရှင်မင်းကြီး... ဒါက သိပ်ပြီး မလျော်ကန်သလိုပါပဲ နေခင်းကြောင်တောင်ကြီး ဖြစ်နေတဲ့အပြင် အခုက အပြင်မှာလေ လူတွေလည်း အများကြီးရှိနေတာကို” ဒါက ဘယ်လိုမျိုး အရှက်မရှိတဲ့ ပြဇာတ်ကြီးလဲ။ သူမသည် အလွန်အမင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားရသဖြင့် ခြေချောင်းလေးများဖြင့်ပင် မြေကြီးကို ကျင်းတူးပြီး ပုန်းကွယ်လိုက်ချင်စိတ် ပေါက်သွားရသည် ။

ရှဲ့ယွမ်ရွှင်းက အထိန်းတော်ကြီးဖုန်းကို ထွက်သွားရန် လက်ရိပ်ပြလိုက်သည်။ ထို့နောက် သူသည် အနားသို့ တိုးကပ်လာကာ သူမ၏နဖူးနှင့် မိမိ၏နဖူးကို ထိကပ်လိုက်ပြီး ရင်ဘတ်ကို ကာကွယ်ထားသည့် သူမ၏လက်အစုံကိုလည်း သူ၏လက်ချောင်းများဖြင့် ရစ်ပတ်ဆုပ်ကိုင်လိုက်သည်။

“မင်းက ငါကိုယ်တော့်ကို စားစေချင်တယ်လို့ ပြောခဲ့တယ်လေ”

ရှန်လင်းမှာ လုံးဝကို ဆွံ့အမှင်သက်သွားရသည်။ သူမ၏ လိပ်ပြာပင် ကိုယ်ပြင်ပသို့ လွင့်ထွက်သွားတော့မတတ် ဖြစ်သွားရသည်။

“အ... အရှင်မင်းကြီး အရှင်မင်းကြီး မအိပ်သေးဘူးလား... အရှင်... အရှင် အကုန်ကြားသွားတာလား” သူမသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ခပ်တိုးတိုးလေး မေးလိုက်မိသည်။

ရှဲ့ယွမ်ရွှင်းက “ငါကိုယ်တော် ကြားပြီးပြီ” ဟု မိန့်လိုက်သည်။

သူမကတော့ သူ သိမည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။ သို့သော် တကယ်တမ်းမှာမူ…

အားးးးးး သူမ သေလိုက်ချင်တော့သည်။

ဒါက သိပ်ကို အရှက်ရစရာ ကောင်းလွန်းလှသည်။

ရှန်လင်း၏ နှုတ်ခမ်းများမှာ တုန်ရီနေခဲ့သည်။ သူမသည် သနားစဖွယ် ကူကယ်ရာမဲ့နေပုံပေါ်နေပြီး သူမ၏ မျက်ဝန်းအစုံမှာလည်း အပြစ်မကင်းသကဲ့သို့ ဟိုဟိုဒီဒီ ပျာယာခတ်နေသည်။ သူမ ဘာကြောင့်များ အဲ့ဒီလို စကားမျိုး ပြောထွက်သွားရတာလဲ။ အခုတော့ အခြေအနေကို ဘယ်လိုများ ကုစားရပါ့မလဲ။ သူမ တွေးတောနေစဉ်မှာပင် ရင်ဘတ်ဆီမှ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ ရှဲ့ယွမ်ရွှင်းမှာမူ သူမ၏ အဝတ်အစားများကို ချွတ်ပြီးနေလေပြီ။ ရှန်လင်းမှာ စကားမဆိုနိုင်တော့ဘဲ ဆွံ့အသွားခဲ့ရသည်။

ရှဲ့ယွမ်ရွှင်းသည် သူမ၏ ပါးလွှာသော ရင်ခံအင်္ကျီအလွှာလေးပေါ်မှတစ်ဆင့် သူမကို ဦးစွာ အရသာခံခဲ့ပြီးနောက် ထိုအင်္ကျီကို ချွတ်လိုက်ကာ သူမကို ခုတင်ပေါ်သို့ ဖိချ၍ စိတ်ကြိုက် အရသာခံလေတော့သည်။ ဖြစ်ပျက်သမျှ တစ်လျှောက်လုံးတွင် ရှန်လင်းမှာ သူ၏ ဦးခေါင်းကို အားကိုးရာမဲ့စွာ ဖက်တွယ်ထားရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။

ပြင်းထန်လွန်းလှသည်။

ရှဲ့ယွမ်ရွှင်းသည် ညစဉ်ညတိုင်း ရှန်လင်းကို ထိုက်ကျိခန်းမသို့ ခေါ်ယူခဲ့သော်လည်း အမှန်စင်စစ်တွင်မူ သူသည် သူမနှင့် အမှန်တကယ် အိပ်စက်ခြင်းမျိုး မရှိခဲ့သေးပေ။ သူမ၏ ခန္ဓာကိုယ်မှာ စင်ကြယ်နေဆဲပင် ဖြစ်သည်။ သို့သော် သူမ၏ ရင်ဘတ်ကို သူ ပထမဆုံးအကြိမ် နမ်းရှုံ့ခဲ့သည့် အချိန်မှစ၍ အခြေအနေများမှာ ပြောင်းလဲသွားခဲ့သည်။ ယခုအခါ ညဘက်များတွင် အတူတူ လဲလျောင်းသည့်အခါတိုင်း သူသည် အနည်းငယ် ပို၍ ရှေ့တိုးလာတတ်ပြီး အဓိကအားဖြင့် သူမ၏ ရင်ဘတ်ကို ထိတွေ့ကိုင်တွယ်ခြင်းမျိုး ဖြစ်သည်။

ယခင်က သူသည် သူမ၏ဘေးတွင် ဘာမှမဟုတ်သလိုမျိုး ရိုးရိုးရှင်းရှင်းသာ အိပ်စက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ ထိုညများ၌ အရောင်အသွေးအချို့က အမှန်တကယ်ပင် ပိုမိုစွက်ဖက်လာခဲ့သည်။ ရှန်လင်းသည် တစ်ခါတစ်ရံ အဝတ်အစားလဲသည့်အခါ သူမ၏ ရင်သားများ ပို၍ ထွားကျိုင်းလာသလို ခံစားရတတ်ပြီး ယင်းမှာ ရှဲ့ယွမ်ရွှင်း၏ မည်မျှအထိ ကြိုးပမ်းအားထုတ်ပေးမှုကြောင့်ဖြစ်သည်ကို သက်သေပြနေခြင်းသာဖြစ်သည်။ သူသည် ဘာကြောင့် အဆုံးထိ မသွားဘဲ သူမကို သူ၏မိန်းမအဖြစ် အပြည့်အဝ မသတ်မှတ်သေးသနည်းဟူသည့် အချက်နှင့် ပတ်သက်၍မူ ရှန်လင်းက တစ်ခါမျှ မမေးမြန်းခဲ့သလို သူမကိုယ်တိုင်လည်း သိချင်စိတ် မရှိခဲ့ပေ။

ပိုပြီးသိလေလေ၊ ပိုပြီးမြန်မြန်သေရလေလေပင်။ ရှန်လင်းသည် ထိုအချက်ကို ကောင်းကောင်းကြီး နားလည်ထားပါသည်။

......

နန်းဆောင်တစ်ခု၏ ဥယျာဉ်အတွင်း၌ နန်းတွင်းအစေခံမလေး အချို့သည် တိုးတိုးဖော်ဖော် ပြောဆိုရင်း အတူတကွ လျှောက်လှမ်းနေကြသည်။ “ရှန်ကွေ့ရန်အကြောင်း မင်းတို့ ကြားပြီးကြပြီလား သူမ နန်းတော်ထဲကို ရောက်လာကတည်းက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ခံခဲ့ရတာ အခုအချိန်အထိတောင် အရှင်က သူမကို စိတ်မကုန်သေးဘူးပဲ”

“အခုချိန်မှာ နန်းတော်ထဲမှာ ရှန်ကွေ့ရန်အကြောင်း မကြားဖူးတဲ့သူ ရှိလို့လား ကျွန်မ အစားအသောက်သွားပို့တုန်းက သူမရဲ့ နန်းဆောင်က လူတွေနဲ့ တိုးခဲ့သေးတယ် အဆောင်တော်စားဖိုဆောင်က လူတွေဆိုတာလည်း သူတို့အပေါ်မှာ ဖားလိုက်ကြတာမှ လွန်ရောပဲ သူတို့ ဝတ်ထားစားထားတာတွေက ကျွန်မတို့ထက်တောင် သာသေးတယ် ချန်လော့နန်းတော်ထဲက ဘဝကတော့ တကယ့်ကို နေပျော်မှာပဲ”

“ကျင်းဖေးသာ မျက်နှာသာရနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ”

“ရှူး... တိုးတိုးနေစမ်း နင် အသတ်ခံချင်နေတာလား ဒီလိုစကားမျိုး ပြောထွက်တယ်ဆိုတော့... အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရဖို့ ကြိုးစားခဲ့တဲ့ အရင်က ကိုယ်လုပ်တော် ဘာဖြစ်သွားလဲဆိုတာ နင် မေ့သွားပြီလား အရှင်မင်းကြီးက သူ့ကို သားရဲခြံထဲကို ပစ်ထည့်ခိုင်းလိုက်လို့ နောက်ဆုံးမှာ အကြွင်းအကျန်တောင် ရှာမတွေ့တော့ဘူး နင်က ငါတို့ သခင်မလေးကိုလည်း အဲဒီလိုမျိုး ဖြစ်စေချင်နေတာလား”

“မ... မဟုတ်ပါဘူး လုံးဝ မဟုတ်ပါဘူး”

ခေတ္တမျှ ထပ်မံစကားစမြည် ပြောဆိုပြီးနောက်တွင် အစေခံမလေးများသည် အသီးသီး လူစုခွဲကာ ထွက်ခွာသွားကြသည်။ ၎င်းတို့ ထွက်ခွာသွားချိန်တွင် စကားလုံးတိုင်းကို အစအဆုံး ကြားလိုက်ရသည့် ကျင်ဖေးသည် ကျောက်တောင်အတု၏ နောက်ကွယ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

ကျင်ဖေးသည် ဝန်ကြီးချုပ်ရန်၏ သမီးတော်ဖြစ်ပေသည်။ သူမ နန်းတော်သို့ စတင်ဝင်ရောက်လာစဥ်က သူမ၏ ရည်မှန်းချက်မှာ ရှဲ့ယွမ်ရွှင်း၏ မျက်နှာသာပေးမှုကို ရယူရန်နှင့် မိသားစုအတွက် ဂုဏ်ကျက်သရေ ဆောင်ကြဉ်းပေးရန်ပင် ဖြစ်သည်။ သို့သော်လည်း သူကျူးလွန်ခဲ့သည့် သတ်ဖြတ်မှုများအကြောင်းကို ကိုယ်တိုင်မြင်တွေ့၊ ကြားသိခဲ့ရပြီးနောက်တွင်မူ မျက်နှာသာရရန် ပြိုင်ဆိုင်လိုစိတ် သို့မဟုတ် မိသားစုဂုဏ်ကို မြှင့်တင်လိုသည့် အတွေးများအားလုံးသည် လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ရလေသည်။

—အမှန်တော့ ငါက ပိုတောင် သိနေဦးမှာပဲ…

နန်းတွင်းရှိ လူတိုင်းသည် ရှန်ကွေ့ရန်မှာ ညစဉ်ညတိုင်း အရှင်မင်းကြီး၏ အိပ်ဆောင်ဆီသို့ အလုပ်အကျွေးပြုရန် ခေါ်ယူခြင်းခံရသည်ကို ဧကန်မလွဲ သိရှိထားကြလေသည်။

ကျင်ဖေးသည် မျက်မှောင်ကြုတ်လျက် ကျယ်ပြောလှသော နန်းဆောင်များတစ်လျှောက်မှတစ်ဆင့် ချန်လော့နန်းတော်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ အကယ်၍ မည်သူမျှ မျက်နှာသာပေးမခံရလျှင် သူမအနေဖြင့် ဂရုစိုက်မိမည်မဟုတ်သော်လည်း ရှန်လင်းကမူ ထူးခြားနေခဲ့သည်။ သူမ၏ စိတ်ထဲ၌ မအီမသာ ခံစားနေရသည်—ဘာလို့ ရှန်လင်းကမှ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရရှိသွားရတာလဲ…

ထို့အပြင် ဝန်ကြီးချုပ်ရန်က ရှန်လင်းနှင့် သင့်မြတ်အောင် နေထိုင်ရန် သူမထံ စကားပါးထားခဲ့သေးသည်။ ထိုအချက်က ကျင်းဖေးကို ပို၍ပင် မကျေမနပ် ဖြစ်စေခဲ့သည်။

ရှန်လင်းက အဆင့်မြင့်အရာရှိတစ်ဦး၏ သမီးမျှသာ ဖြစ်သော်လည်း သူမကမူ နန်းရင်းဝန်၏ သမီးဖြစ်သည်။ ရှန်လင်းကသာ သူမအား မျက်နှာလိုမျက်နှာရ အလိုကျ လိုက်လုပ်ပေးရမည် မဟုတ်ပါလား။

သူမ၏ဘေးရှိ အထိန်းတော်ကျိုးက လျှောက်တင်လိုက်သည်။ “အရှင်မ... ဝန်ကြီးချုပ်ရန်ရဲ့ အကြံပေးချက်က အရှင်မရဲ့ အကျိုးအတွက်ပါပဲ နန်းတွင်းမှာ အရှင်မရဲ့ အဆင့်အတန်းက မြင့်မားနေပြီးသားမို့ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရဖို့ပဲ လိုအပ်တာပါ ရှန်ကွေ့ရန်က အရှင်မင်းကြီးရဲ့ အာရုံစိုက်မှုကို ရနေတာကြောင့် သူမကို အရှင်မဘက်ပါအောင် ဆွဲဆောင်ထားနိုင်ရင် အကျိုးကျေးဇူး နှစ်မျိုးရှိပါတယ် ပထမအချက်ကတော့ သူမ ဘယ်လိုမျိုး မျက်နှာသာပေးခံရအောင် လုပ်သလဲဆိုတာကို အရှင်မ လေ့လာနိုင်တာပါ ဒုတိယအချက်ကတော့ အရှင်မ ချန်လော့နန်းတော်ကို သွားတဲ့အခါ တခြားကိုယ်လုပ်တော်တွေထက် အရှင်မင်းကြီးနဲ့ တွေ့ဆုံနိုင်ခွင့် ပိုရမှာပါ အရှင်မင်းကြီးနဲ့ မကြာခဏ တွေ့ရလေလေ အရှင်မ မျက်နှာသာပေးခံရဖို့ အခွင့်အရေး ပိုများလေလေပါပဲ အခုလောလောဆယ်တော့ အရှင်မအနေနဲ့ ရှန်ကွေ့ရန်ကို သည်းခံထားသင့်ပါတယ် သူမကို မျက်နှာသာပေးမှု လျော့နည်းသွားတဲ့ တစ်နေ့ကျရင်တော့ သူမကို အရှင်မ စိတ်ကြိုက် ကိုင်တွယ်ဖို့ အခွင့်အရေး ရှိလာမှာ မဟုတ်ပါလား”

အထိန်းတော်ကျိုးသည် ဝန်ကြီးချုပ်ရန်၏ လူများထဲမှ တစ်ဦးဖြစ်ပြီး ကျင်ဖေးအပေါ်တွင်လည်း အလွန်ပင် အလေးထားသူ ဖြစ်သည်။ သို့သော် ကျင်ဖေးအား ဝန်ကြီးချုပ်ရန်၏ ညွှန်ကြားချက်များကို လိုက်နာလာစေရန်အတွက် အထိန်းတော်ကျိုးသည် ရသမျှ အခွင့်အရေးတိုင်းကို အမိအရ ဆုပ်ကိုင်ကာ သူမကို ဖျောင်းဖျနားချရပေသည်။

ကျင်းဖေးက “ဒါဆိုရင်တော့ အထိန်းတော်ရဲ့ စကားကိုပဲ နားထောင်ရတော့မှာပေါ့” ဟု ဆိုလိုက်သည်။ အထိန်းတော်ကျိုး၏ ခွဲခြမ်းစိတ်ဖြာချက်များကြောင့် ကျင်းဖေးမှာ အလျှော့ပေးရန် အခွင့်အရေး ရသွားခဲ့ခြင်းဖြစ်သည်၊ သို့မဟုတ်ပါက သူမအနေဖြင့် ရှန်လင်းအား သွားရောက်တွေ့ဆုံရန် အမှန်တကယ်ပင် မျက်နှာပူနေမိမည် ဖြစ်သည်။

“ငါ ရှန်ကွေ့ရန်ကို သွားတွေ့မှာဆိုတော့ စောစောက နန်းတွင်းအစေခံတွေကို ချန်ထားစရာ မလိုတော့ဘူး အထိန်းတော်ကြီး သူတို့ကို စီစဉ်လိုက်ပါ ဒါကို ရှန်ကွေ့ရန်အတွက် ငါ့ဆီက လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ အပြုအမူတွေက သူမကွယ်ရာမှာ အတင်းအဖျင်း ပြောနေတာနဲ့ အတူတူပဲလေ”

“အရှင်မင်းကြီးက တကယ်ကို အမြော်အမြင် ကြီးမားလှပါတယ်”

ကျင်ဖေး ချန်လော့နန်းတော်သို့ ရောက်ရှိလာချိန်တွင် ရှန်လင်းမှာ လက်သည်းဆိုးရန်အတွက် လျိုကျူးနှင့်အတူ လက်သည်းဆိုးပန်းများကို ထောင်းနေလေသည်။ သို့သော် ရှန်လင်းမှာ လက်သွက်သူတစ်ယောက် မဟုတ်သဖြင့် အချိန်အတော်များများတွင် မေးထောက်ကာ လျိုကျူး အလုပ်လုပ်နေသည်ကိုသာ ထိုင်ကြည့်နေမိသည်။ ရှန်လင်းသည် လျိုကျူးကို ယပ်ခတ်ပေးချင်သော်လည်း သူမ၏ အလွန်အမင်း ထိတ်လန့်နေသော ပုံစံကို မြင်လိုက်ရသဖြင့် ထိုအကြံကို လက်လျှော့လိုက်ရသည်။

ကျင်ဖေးသည် ချန်လော့နန်းတော်၏ အလှဆင်မွမ်းမံမှုများကို မြင်ပြီး မှင်တက်သွားရသည်။ ချန်လော့နန်းတော်အတွင်းရှိ အသုံးအဆောင်များ၊ အခင်းအကျင်းများ၊ မြင်တွေ့ရသမျှ အရာအားလုံးမှာ အလွန်တရာ လက်ရာမြောက်လှပြီး သူမ၏ကိုယ်ပိုင်နန်းဆောင်ထက်ပင် များစွာသာလွန်နေသည်။ ကျင်ဖေး၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားတော့သည်။ သူမသည် 'ဖေး' (အဆောင်ရသခင်မ) တစ်ဦး ဖြစ်သည်လေ။ သူမ၏ ရာထူးအဆင့်အတန်းက ရှန်ကွေ့ရန်ထက် များစွာသာလွန်ပါလျက်နှင့် ဤမိန်းကလေးမှာမူ အလွန်ကောင်းမွန်စွာ နေထိုင်နေရလေသည်။

ရှန်လင်းသည် တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို သတိပြုမိသွားရာ သူမ မသိသော အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မေးမြန်းလိုက်သည်။
“ရှင်က ဘယ်သူလဲ”

ကျင်ဖေးမှာ “.....”
ဤရှန်ကွေ့ရန်က အမှန်တကယ်ပင် မောက်မာလွန်းလှပေသည်ဟု သူမ တွေးတောမိလိုက်သည်။

လျိုကျူးသည် မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်ရင်း လာရောက်သူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ရှန်လင်း သိရှိနိုင်စေရန် သွယ်ဝိုက်၍ သတိပေးလိုက်သည်။ “ကျွန်တော်မျိုးမ ကျင်းဖေးအရှင်မကို ဂါရဝပြုပါတယ် အရှင်မ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်”

ရှန်လင်းသည် ကျင်းဖေးမှာ မိမိထက် အဆင့်အတန်း ပိုမြင့်ကြောင်း သိရှိလိုက်သဖြင့် နည်းလမ်းတကျ ဂါရဝပြု နှုတ်ဆက်လိုက်သည်။

ကျင်ဖေးသည် ရှန်လင်းကို ကြည့်လိုက်သည်။ အကယ်၍ အခြားသော ကိုယ်လုပ်တော်တစ်ဦးသာ ဖြစ်ခဲ့ပါက သူမအနေဖြင့် မကြားချင်ယောင် ဆောင်နေနိုင်သော်လည်း ရှန်လင်းမှာမူ အခြားသူများကဲ့သို့ မဟုတ်ချေ။ ရှန်လင်းမှာ မျက်နှာသာပေးခံထားရသူ ဖြစ်သဖြင့် ကျင်ဖေးမှာ စကားပြောရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူမသည် ရှန်လင်းကို ခြောက်လှန့်လိုစိတ် မရှိဘဲ သူမနှင့် ရင်းနှီးမှု ရအောင်သာ ကြိုးစားလိုခြင်း ဖြစ်သည်။

ကျင်းဖေးသည် ရှန်လင်းအကြောင်း နန်းတွင်းအစေခံများ အတင်းအဖျင်းပြောနေကြသည့် ကိစ္စကို အကြောင်းပြကာ စကားစရန် ပြင်နေစဉ်မှာပင် နန်းတွင်းအစေခံတစ်ဦး ဝင်လာပြီး လျှောက်တင်လေသည်။

“သခင်မ... အရှင်မင်းကြီး ရောက်လာပါပြီ မျက်နှာတော်ကလည်း သိပ်မကောင်းသလိုပဲ”

ရှန်လင်းသည် သူမ၏စိတ်ထဲတွင် တွေးတောလိုက်မိသည်မှာ—

—ရှဲ့ယွမ်ရွှင်းက ဘယ်တုန်းကများ မျက်နှာအမူအရာကောင်းနေဖူးလို့လဲ နင့်ရဲ့စိတ်ကလည်း အမြဲတမ်း ခန့်မှန်းရခက်နေတာပဲကို…

သူမသည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေသော်လည်း ကျင်းဖေးမှာမူ ရုတ်တရက် စိုးရိမ်ထိတ်လန့်သွားရလေသည်။

“နန်းတော်ထဲမှာ လုပ်စရာလေးတစ်ခု ရှိနေတာကို အခုမှ သတိရလိုက်လို့ ကျွန်မ အရင်သွားနှင့်တော့မယ်” ကျင်းဖေးသည် အထိန်းတော်ကျိုး၊ နန်းတွင်းအစေခံများနှင့်အတူ အလျင်အမြန်ပင် ထွက်ခွာသွားလေသည်။

ရှန်လင်းမှာ ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့ရသည်။ “???” ကျင်ဖေးက ရှဲ့ယွမ်ရွှင်းနှင့် တွေ့ချင်ရုံသက်သက်အတွက် သူမဆီကို လာခဲ့တာ မဟုတ်ဘူးလား။ အခု သူရောက်လာတော့မယ်ဆိုမှ သူမက ထွက်ပြေးသွားတာလား။ သူမက သူ့ကို မတွေ့တော့ဘူးလား။ တကယ်ကို ထူးဆန်းလှပေသည်။

မိမိ၏ နန်းဆောင်သို့ ပြန်လည်ရောက်ရှိလာသောအခါ ကျင်ဖေးသည် အထိန်းတော်ကျိုးကို စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “အထိန်းတော်… တို့တွေ ဖြည်းဖြည်းချင်းပဲ လုပ်ကြရအောင် ကျွန်မ အရှင်မင်းကြီးနဲ့ တွေ့ဖို့ကို မလောပါဘူး အစီအစဉ်ကို သေချာလေး ပြန်ချကြတာပေါ့”

အထိန်းတော်ကျိုးမှာလည်း ထပ်တူပင် ပျာပျာသလဲ ဖြစ်သွားရကာ ခေါင်းကို ကမန်းကတန်း ငြိမ့်ပြလိုက်သည်။ “ဟုတ်ကဲ့ ဟုတ်ကဲ့... ကျွန်မတို့ အလျင်မလိုပါဘူး”