Ch 8
Viewers 258

အပိုင်း ( ၈ )

 ဝေပေဟို စခန်းထဲတွင်

ဝေပေဟို ဟွားယွီကျစ်၊ ဟန်ကျုံးနယ်စား ဟန်ချွမ်းလင်နှင့် ယွင်နန်ဝမ် ယွမ်ယွီကျစ်တို့သည် စားပွဲတစ်ခုထဲတွင် အတူတူသောက်နေကြ၏။

 “ ကုန်းဇီယွီ ကျင်းယွဲ့ဟိုကို ခင်ဗျားဘယ်လိုမြင်လဲ ” ဟွားယွီကျစ်က ပုံမှန်အတိုင်း မေးလိုက်သည်။

ယွမ်ယွီကျစ်က သရော်ကာပြောလိုက်၏။ 

“ဒီလိုအရူးတစ်ယောက်ကို စကားထဲ ထည့်ပြောနေရလောက်အောင် မတန်ပါဘူး”

ဟန်ချွမ်းလင်ကလဲ ထောက်ခံသည်။ “ ငါတို့စစ်တပ်တွေက အခုအချိန်မှာ စိတ်ဓာတ်ရေးရာ မြင့်မားနေတာ ချွမ်ရုံကို သေချာပေါက် အနိုင်ရပြီး ငါတို့ရဲ့ ပြိုင်ဖက်ကင်း အကျိုးဆောင်မှုကို တည်ဆောက်နိုင်မှာပဲ၊ ကျင်းယွဲ့ဟိုက ငယ်ရွယ်ပါတယ်၊ ဒါပေမဲ့ သူက သာယာမှုကိုပဲ လောဘကြီးပြီး သတ္တိနည်းတယ်၊ ကျင်းဝေဟို ဆုံးပါးသွားပြီးကတည်းက ကျင်းပြည်နယ်ကတော့ ထူးချွန်တဲ့သူ မရှိမှာ စိုးရိမ်မိတယ်”

ဟွားယွီကျစ်မှာ သူ့ခွက်ကိုမြှောက်ကာ ခွင်းချင်းတိုက်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ သူက လုံးဝကို အသုံးမကျသေးတာတော့ မဟုတ်ပါဘူး။ ကျုပ်အထင်တော့ သူက အချောအလှလေးတွေကို မြင်တတ်တဲ့အမြင်က ကောင်းပါသေးတယ်။ သူ့နားမှာ ထားထားတဲ့ ကောင်ငယ်လေးနှစ်ကောင်ရဲ့ အသားအရေဟာဆိုရင် အရမ်းကို သိမ်မွေ့နူးညံ့လွန်းလို့ သူတို့တွေကို ညှစ်ထုတ်ကြည့်လိုက်ရင် အရေတောင် ထွက်လာတော့မဲ့ အတိုင်းပဲ။ ကျုပ် သူတို့တွေကိုမြင်ရင် သူတို့ကို အားကျမိတာပဲ ဟဟ”

 “ အလှလေးတွေကို အသိအမှတ်ပြုနိုင်ပေမဲ့ တစ်စုံတစ်ယောက်အကြောင်း ပြောမယ်ဆိုရင် ကုန်းဇီဟွားကမှ ဒီဘွဲ့တံဆိပ်နဲ့ ထိုက်တန်တဲ့သူပါ” ယွမ်ယွီကျစ်သည် သူ့ကိုခစားနေသည့် အလှလေးနှစ်ယောက်ကို ဖက်ထားလိုက်ပြီး သူ့မျက်လုံးများကို ကျုံ့ထားလိုက်ကာ ရယ်စရာပြောလိုက်၏။ “ အဲ့ဒီနေ့က ကုန်းဇီဟွားရဲ့စခန်းမှာ ခစားခဲ့တဲ့ တပ်စုမှူးက ကျုပ်ကို တကယ်ပဲ လိုချင်အောင် ထပ်လုပ်နေတယ်လေ” ဟန်ချွမ်းလင်က သူ၏ မုတ်ဆိတ်မွေးကို ရစ်ပတ်နေလိုက်ပြီး ပြောလိုက်လေသည်။ 

“အဲဒီနေ့က စားသောက်ပွဲအကြောင်း ပြောမယ်ဆိုရင် ကျုပ်ကတော့ မြို့တံတိုင်းပေါ်ကို အရှိန်နဲ့ပြေးတက်သွားတဲ့ ပထမဦးဆုံးကျွန် မော့‌ချောင်ရှန်းကို သတိရမိသေးတယ်။ အဲ့ဒီနေ့က သူ့ကို ကျင်းယွဲ့ဟို ခေါ်သွားတာတော့ နှမြောစရာပဲ။ ကျုပ်က သူနဲ့တော့ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ကျုပ်က ဒီရက်ပိုင်းမှာ သူ့အကြောင်း မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်နေတယ်။ ဒီနေ့ ကုန်းဇီဟွားက ကျုပ်ကို သူနဲ့ ပေးတွေ့မလားလို့ စဉ်းစားမိတယ်”

ယွမ်ယွီကျစ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ပြောလိုက်သည်။ “ လောင်ဟန်ရာ မင်းက လူတွေကို ဘယ်လို အကဲဖြတ်ရမယ်ဆိုတာ မသိသေးလို့ပါ။ အဲ့ဒီမော့ချောင်ရှန်းက အရမ်းကို ယောက်ျားဆန်ဆန်ရှိတယ်လေ၊ နူးညံ့ပျော့ပြောင်းပြီး လှပတာ မဟုတ်ဘူး။ သူက အရမ်းကို အူကြောင်ကြောင်နိုင်တယ်၊ လူပျိုသန့်သန့်လေးတစ်ယောက် ဖြစ်တယ်ဆိုတာ သိသာတယ်၊ အရမ်းကြီး စိတ်ဝင်စားစရာ မကောင်းပါဘူး”

ဟန်ချွမ်းလင်သည် သူ့မျက်နှာပေါ်တွင် ညစ်ညမ်းသည့် ရုပ်တစ်ခုကို ထုတ်ပြလိုက်ပြီး သူက ကိုယ်ကိုလှည့်ကာ ယွမ်ယိကျစ်ဆီ ချဉ်းကပ်သွားလိုက်၏။ 

“ကုန်းဇီယွမ်ကလဲ တစ်ခါတစ်လေကျရင် အမှားလုပ်တတ်တာပဲ။ ကျုပ် မော့ချောင်ရှန်းကို အနီးကပ် ကြည့်ပြီးပြီဗျ။ သူ့ရဲ့ရုပ်ရည်က အရမ်းကြီး ချောမောနေတာတော့ မဟုတ်ဘူးဆိုပေမဲ့ သူ့မှာ သေးသိမ်တဲ့ခါးတစ်ခုနဲ့ ရှည်လျားတဲ့ ခြေတံတစ်စုံ ရှိတယ်လေ၊ ဒီလို အတွေ့အကြုံမရှိတဲ့ လူသစ်လေးကို လေ့ကျင့်ပေးရတာက ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပဲ။ ကျုပ် ကြားထားတာတော့ ကုန်းဇီယွီက သူ့ကို တစ်ညလုံး နှိပ်စက်ခဲ့ပြီး နောက်တစ်နေ့မနက် မိုးလင်းတဲ့အထိ သူ့ကို မလွှတ်ပေးခဲ့ဘူးတဲ့လေ”

 “ အို တကယ်ပဲလား။ ဒါဆိုရင်တော့ ကျုပ်တို့တွေက ကုန်းဇီဟွားကို အဲ့ဒီကျွန်ကို ဒီကိုခေါ်လာခိုင်းပြီး ကျုပ်တို့တွေလဲ သူ့ကို မြည်းစမ်းကြည့်သင့်တယ်”

ဟွားယွီကျစ်က အသံကျယ်လောင်စွာ အော်ရယ်လေသည်။ “ ဒါက ဘယ်လောက်ခက်ခဲမှာ မလို့လဲ။ ကျုပ် သူ့ကို အခုချက်ချင်း ခေါ်လိုက်မယ်”

မော့ချောင်ရှန်းသည် စခန်းထဲက ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်နေ၏။ သူသည် မနက်ခင်းက မမျှော်လင့်ထားဘဲ ဖြစ်ပျက်သွားသည့် အကြောင်းအရာကို ပြန်စဉ်းစားလိုက်မိသည်။ အနည်းငယ် စိတ်ပူသွားသလို ခံစားရကာ ပျာယာခတ်သွားသည်။

သူသည် ကိုယ်နှင့် မကွာအမြဲတမ်း ဆောင်ထားတတ်သည့် ကြွေပုလင်းငယ်လေးကို မနေနိုင်ဘဲ ထုတ်ကြည့်လိုက်ကာ သူ့လက်ထဲတွင်ကိုင်ထားပြီး အသာအယာ ပွတ်သပ်နေမိ၏။

ငါက ဒီလိုပျော်ရွှင်မှုမျိုးနဲ့ ထိုက်တန်လို့လား။

သူသည် သောက‌ပြည့်နေသည့် မျှော်လင့်ချက်ဖြင့် ခေါင်းကိုငုံ့ထားလိုက်သည်။

 “ ချောင်ရှန်း” 

သူသည် အားဖုန်းက သူ့ကိုခေါ်လိုက်သံ ကြားလိုက်သဖြင့် ခေါင်းမော့ကာ ကြည့်လိုက်သည်။

အားဖုန်းက သူ့ဆီသို့ လျှောက်လာကာ အချိန်တော်တော်ကြာသည်အထိ သူ့ကို သုန်မှုန်စွာဖြင့် ကြည့်နေ၏။

သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ “ သခင်ရယ် ယွင်နန်ဝမ်ရယ် ပြီးတော့ ဟန်ကျုံးနယ်စားမင်းရယ် စားသောက်ပွဲတစ်ခု လုပ်နေကြတယ်၊ မင်းကို စားပွဲမှာ ယမကာ လာဧည့်ခံပေးဖို့ ငါ့ကို ပြောခိုင်းလိုက်တယ်”

ချွမ်ခနဲ! မြည်သံနှင့်အတူ အဖြူရောင်ကြွေပုလင်းလေးသည် သူ့လက်ထဲက ချော်ကျသွားပြီး မြေကြီးပေါ်တွင် ကွဲသွားလေသည်။ 

အားဖုန်း၏မျက်နှာက ညိုမည်းနေပြီး သူ့မေးရိုးပေါ်က ကြွက်သားများက လှုပ်ရှားနေသည်။ သူက လက်ကိုဆန့်လိုက်ပြီး တုန်လှုပ်ချောက်ချားသွားသည့် မော့ချောင်ရှန်းကို ဆွဲမထားလိုက်သည်။

“ သွားမယ် မသေစေနဲ့နော်။ အသက်ရှင်လျက် ပြန်လာခဲ့”

….

ချန်ချန်းယဲ့သည် အချိန်အကြာကြီး မြင်းစီးလာပြီးသည့်နောက် နောက်ဆုံးတွင် အထိုင်ကျလာခဲ့သည်။ သူမသည် မြင်း၏လှုပ်ရှားမှုကြောင့် နာကျင်ခဲ့ရပြီး သူမ၏ခါး ခြေထောက် တင်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲနေသည်။

တီဗွီထဲမှာတော့ မြင်းစီးရတာက တကယ်ကို မိမိုက်တဲ့ပုံပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ တကယ်နာကျင်ရတဲ့ အလုပ်တစ်ခုပဲ။ သူမသည် စိတ်ထဲတွင် ညည်းညူလိုက်ပြီး ထော့နဲ့ထော့နဲ့ဖြင့် မြို့ထဲသို့ပြန်ရောက်လာသည်။

မြို့တံခါးဝသို့ ပြန်ရောက်ချိန်တွင် သူသည် သူ့ကိုလာနှုတ်ဆက်သည့် ရှောင်းရှို့ကို မြင်လိုက်ပြီး သူမ၏လည်ပင်းကို စမ်းလိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ 

ရှောင်းရှို့က သူမကို မြင်လိုက်သည်နှင့်ချက်ချင်း တောက်ပသွားသည့် အပြုံးတစ်ခု ချက်ချင်းဖြစ်သွားကာ ဝမ်းသာအားရဖြင့် အပြေးရောက်လာပြီး သူမကို တဘက်နှင့်ရေ လှမ်းပေးလိုက်ပြီး အင်မတန်မှ စိတ်ဝင်တစားဖြင့် ခစားနေသည်။

ချန်ချန်းယဲ့သည် ရှောင်းရှို့၏ခန္ဓာကိုယ်တွင် ပန်းရောင်စစ်စစ် အ‌ေရာင် ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် မလုံမလဲဖြစ်သွားလေသည်။

ရှောင်းရှို့က ကုန်းဇီယွီကို တကယ် စွဲလမ်းနှစ်သက်နေတာ ဖြစ်သည်။

တကယ် ချန်ချန်းယွီက သေသွားပြီဆိုတဲ့အကြောင်းက ငါသူ့ကို ဘယ်အချိန်ကျမှ ပြောပြရမှာလဲ။

 “ ရှောင်းရှို့” ချန်ချန်းယဲ့သည် သူမရှေ့က ချောမောလှပလှသည့် ယောက်ျားကိုကြည့်လိုက်၏။ “ မင်းလဲ လွီ‌ယောင်လိုမျိုး ငါ့ဘေးမှာ တခြားကိစ္စတွေအတွက် တာဝန်ယူပြီး ခံစားချင်လား”

ရှောင်းရှို့၏အပြုံးက အေးခဲသွားပြီး သူသည် ဘာမှမတတ်နိုင်သလို ပြောလိုက်လေသည်။

 “ သခင် သခင်က ရှို့အာကို ထပ်ပြီး မလိုချင်တော့ဘူးလား ” 

ချန်ချန်းယဲ့က သက်ပြင်းချလိုက်၏။ ရှောင်းရှို့သည် ချောမောလှပသော်ငြားလဲ ချန်ချန်းယဲ့က အစကတည်းက သူ့ကို အလွန်တရာ သဘောကျနေခြင်း မဟုတ်ချေ။

ပထမအချက်မှာ သူသည် အလွန်မှ ငယ်ရွယ်သေးသောကြောင့် ဖြစ်နိုင်သည်။ ဒုတိယအချက်ကတော့ သူ့တွင် လူများကို ပထမဦးဆုံး မြင်လိုက်သည့်အချိန်တွင် အထိတ်တလန့် ဖြစ်သွားစေသည့် အရောင်အဝါမျိုး မရှိခြင်းကြောင့်ပင်။

သို့သော် ဒီရက်ပိုင်းတွင် သူသည် ချန်ချန်းယဲ့ကို နေ့တိုင်းခစားလာပြီး တတ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် စောင့်ရှောက်ပေးကာ အမြဲတမ်းလိုလို မျက်လုံးထဲတွင် လေးစားအားကျပြီး နှစ်လိုဖွယ်ကောင်းသည့်အကြည့်များဖြင့် ကြည့်နေတတ်သည်။

လူများအားလုံးက အသွေးအသားဖြင့် ဖွဲ့စည်းထားသည်ပင်။ ချန်ချန်းယဲ့သည် သူ့အတွက် မနေနိုင်တော့ဘဲ သနားစိတ်ဖြစ်ရတော့သည်။

 “ မဟုတ်ပါဘူး မင်းက ဘာတွေစဉ်းစားနေတာလဲ။ ဒီရက်ပိုင်းမှာ ငါ မင်းကို ကောင်းကောင်း မဆက်ဆံခဲ့လို့လား”

 “ သခင်က ဒီရက်ပိုင်းမှာ အထူးတလည်ကို ညင်သာသိမ်မွေ့လာပါတယ်။ အရင်တုန်းကထက်လဲ ရှို့အာအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်” ရှောင်းရှို့သည် သူ့အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး စိတ်မကောင်းကြီးစွာဖြင့် သူမကို လှမ်းကြည့်လိုက်ကာ ခေါင်းကိုငုံ့ထားပြီး သူ့အင်္ကျီစ၏ အနားစကို တွန့်ချေနေလေသည်။

 “ သခင်က အခုတလော ညပိုင်းဆိုရင် ရှို့အာကို ခစားဖို့ မခေါ်တော့လို့ပါ”

ချန်ချန်းယဲ့သည် သူမ၏နဖူးကို လက်ဖြင့် ကိုင်ထားရတော့သည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါ့မှာလဲ တတ်နိုင်တာမရှိလို့ပါ။ 

နင့်လို ငယ်ရွယ်ချောမောလှတဲ့ ယောက်ျားတစ်ယောက်က ငါ့စတိုင် မဟုတ်ဘူးလေ။ ငါက ဆန္ဒရှိရင်တောင်မှ ဒီကိစ္စအပေါ်မှာ ကိုယ့်ဟာကို ထုတ်ပြောလို့မရဘူး။

ဒီအပြင် နင်က ယောက်ျားတစ်ယောက် လိုချင်တာလေ။ ဒါပေမဲ့ ငါကတော့ ယောက်ျားဟန်ဆောင်ထားတဲ့ သူတစ်ယောက်ဖြစ်နေတယ်။

အမှန်တွင်တော့ သူမသည် ရှောင်းရှို့က တဖြည်းဖြည်းချင်း သူ့စိတ်ကူးများကို ပြောင်းလဲပြီး ပိုပြီးလွတ်လွတ်လပ်လပ် ရှိလာကာ သူ၏ရုပ်ရည်အပေါ်သာ အားမကိုးဘဲ တစ်ခြားသူများလို ရှင်သန်နိုင်စေချင်သည်။

သို့သော် သူသည် အမြဲတမ်း ဒီလိုသာနေလာခဲ့သည်။ ဒါသည် အချိန်တိုအတွင်း ပြောင်းလဲနိုင်သည့် အရာမျိုး မဟုတ်ချေ။

ချန်ချန်းယဲ့က ရှောင်းရှို့၏ခေါင်းလေးကို လှမ်းကိုင်လိုက်ပြီး ပြောလိုက်၏။ “ အတွေးလွန်မနေပါနဲ့။ လာခဲ့။ ငါနဲ့ ဝေပေဟိုဆီ လိုက်ခဲ့”

ချန်ချန်းယဲ့သည် ရှောင်းရှို့နှင့် နောက်လိုက်တချို့ကို ဦးဆောင်ကာ မြင်းဝါလေးကို ခေါ်လာပြီး ဝေပေဟိုစခန်းဆီသို့ သွားလိုက်၏။

စခန်းသို့အဝင်တွင် လူအုပ်ကြီးတစ်စုက စုဝေးနေပြီး ခုံရှည်ပေါ်တွင် ဘောင်းဘီချွတ်ထားခံရကာ ဖိနှိပ်ခံထားရပြီး တုတ်တစ်ချောင်းဖြင့် ရိုက်နှက်ခံနေရသည့် ကျွန်တစ်ယောက်ကို စောင့်ကြည့်နေကြသည်။

အသားနီနီရဲရဲဖြင့် အပေါ်ပိုင်း ခန္ဓာကိုယ်ဗလာကျင်း ဖြစ်နေသည့် လူထွားကြီးနှစ်ယောက်သည် အနီရောင်သစ်စေးသုတ်ထားသည့် တုတ်ကို ကိုင်ထားကာ ဘယ်တစ်ဖက် ညာတစ်ဖက်တွင် ရပ်နေပြီး လူတစ်ယောက်ကို မိုးရွာချသလို ရိုက်နှက်နေလေသည်။ အဝေးမှနေ၍ကြည့်လျှင် အပြစ်ပေးခံနေရသည့် သူကိုသာ မြင်နိုင်ပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းသည် အနီရောင်များဖြင့် ဖုံးလွှမ်းနေကာ သွေးများက ခုံတန်းရှည်၏အစွန်းမှနေ၍ တစ်စက်စက်ကျနေ၏။

ချန်ချန်းယဲ့သည် ဒါကိုမြင်လိုက်ရချိန်တွင် အနည်းငယ် စိုးရိမ်သွားပြီး အထဲသို့ဝင်ရန် ဘေးမှပတ်ရှောင်သွားမည်ဟု ပြင်လိုက်လေသည်။

သူတို့သည် အချင်းချင်း ဖြတ်လျှောက်သွားသည့်အချိန်တွင် သူမသည် လူအုပ်ထဲကြားမှ ရင်းနှီးနေသည့် အပြာရောင်တစ်ခုကို တွေ့လိုက်ရ၏။

မော့ချောင်ရှန်းလား။

အပြစ်ပေးခံနေရတဲ့သူက မော့ချောင်ရှန်းလား။

ချန်ချန်းယဲ့သည် လူအုပ်ကြီးကို တိုးဝှေ့လာသည်တွင် ကြည်လင်သန့်စင်နေသည့် ဗေဒါရောင်တစ်ခုက နီရဲနေသည့် သွေးအိုင်ထဲတွင် နစ်ဝင်နေသည်ကို တွေ့လိုက်ရလေသည်။

 “ ရပ်လိုက်” ချန်ချန်းယဲ့က နှိပ်စက်နေသည့်လူများကို တားမြစ်လိုက်လေသည်။

ဒီလို ကျွန်ပြုထားသည့် လူ့အဖွဲ့အစည်းကို ကူးပြောင်းလာရသည်တွင် သူမသည် မတရားမှုများစွာနှင့် ရက်စက်သည့်ကိစ္စများကို တွေ့ခဲ့ရသည်။

သို့သော်ငြား ချန်ချန်းယဲ့သည် သူမကိုယ်သူမ စောင့်ရှောက်ရန်ပင် ခက်ခက်ခဲခဲ ကြိုးစားနေရသဖြင့် ဒါကို ကိုင်တွယ်စီမံဖို့ရန် အရည်အချင်းမရှိလေဘူးဟု ခံစားမိလေသည်။

သူမသည် လောက၏ ရက်စက်မှုများကို ရှောင်ကျဉ်ရန် စိတ်ပိုင်းဆိုင်ရာအားဖြင့် မျက်စိစုံမှိတ်ထားခဲ့ရသည်။

ဒီအခိုက်အတန့်တွင် ဒီလိုသွေးသံရဲရဲ နှိပ်စက်နေသည့်အဖြစ်ကို မြင်လိုက်ရချိန်တွင် ချန်ချန်းယဲ့သည် ပထမဦးဆုံးအကြိမ်အဖြစ် ဒီလို ရွံစရာကောင်းသည့်လောကကို သူမ၏စိတ်ထဲတွင် ဖြောင့်မတ်မှန်ကန်သည့် မကျေနပ်ချက်များ တိုးထွက်လာတော့သည်။

မော့ချောင်ရှန်းသည် သူမရှေ့တွင် မလှုပ်မယှက် လဲလျောင်းနေပြီး သူ့ဆံပင်များက ချွေး‌အေးများဖြင့် စိုရွှဲနေကာ သူ့မျက်နှာကို အုပ်ထားပြီး သူသည် သေသွားသလား ရှင်နေသလားပင် မပြောတတ်တော့ချေ။

ချန်ချန်းယဲ့က ဂရုတစိုက်ဖြင့် သူ့မေးစေ့ကို ဆွဲပင့်လိုက်ပြီး သူ၏စေးထန်းနေသည့် နက်မှောင်သည့်ဆံပင်ကို ဖယ်လိုက်သည်တွင် သူ၏ဖြူဖျော့နေသည့်မျက်နှာက ပေါ်လာလေသည်။

သူမက သူမ၏လက်များဖြင့် သူ့ကို အသာအယာ ထိကြည့်လိုက်ပြီး ကံအားလျော်စွာ သူသည် အသက်မျှင်းမျှင်းလေး ရှူနေသေး၏။ 

မော့ချောင်ရှန်းသည် ခက်ခက်ခဲခဲ သူ့မျက်လုံးကို ဖွင့်လိုက်သည်တွင် သူသည် သူမကို မြင်တွေ့လိုက်ချိန်တွင်တော့ သူသည် ချွေးများဖြင့် စိုရွှဲနေသည့် မျက်လုံးများက အနည်းငယ် လင်းလက်လာခဲ့သည်။ သူ့နှုတ်ခမ်းများက မသိမသာ တုန်ရင်နေပြီး သူသည် ပြောစရာစကား မရှိတော့ချေ။

ချန်ချန်းယဲ့က အံကြိတ်ထားကာ ပြောလိုက်၏။ “ ‌ငါ တောင်းပန်ပါတယ်၊ ငါ နောက်ကျသွားတယ်။ ငါ မင်းကို သေ‌ချာပေါက် ခေါ်သွားပေးမယ်”

 “ ဟား ဟားဟား ကျင်းယွဲ့ဟိုက ဒီ‌နေ့ကျမှ ဘယ်လိုလုပ်ပြီး အချိန်ရလာခဲ့ပြီးတော့ ကျုပ်ဆီ အလည်လာခဲ့တာလဲ။ ကျုပ်ရဲ့ နိမ့်ကျလှတဲ့နေရာလေးကို တကယ်ပဲ တောက်ပသွားစေပါတယ်”

ချန်ချန်းယဲ့က ခေါင်း‌မော့လိုက်ပြီး သူမထံသို့ လျှောက်လာသည့် လူအိုကြီးသုံးယောက်ကို ကြည့်လိုက်သည်။

ပထမဦးဆုံး ရောက်လာသည့်သူမှာ မော့ချောင်ရှန်း၏သခင် ဝေပေဟို ဟွားယွီကျစ် ဖြစ်သည်။

 “ဒီအတိုင်းပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ဒီကနေဖြတ်သွားတော့ ကုန်းစီဟွားဆီ အလည်လာချင်စိတ် ဖြစ်သွားလို့ပါ” ချန်ချန်းယဲ့သည် သူမ၏စိတ်ခံစားချက်ကို မျိုသိပ်ထားလိုက်ပြီး ဒီလူများနှင့် စတင် စကားပြောလိုက်လေသည်။ “ ဒီကျွန်က ဘာလုပ်ခဲ့လို့လဲ မသိဘူးနော်”

 “ ဟွန့်။ သူ့ကို သေသေချာချာ မဆုံးမခဲ့တာက ကျုပ်အပြစ်ပါပဲ။ ကျုပ်က ဒီက ကုန်းဇီကို နည်းနည်းပါးပါး ပျော်ပါးစေချင်တာပါ။ ဒါပေမဲ့ ဒီကျေးဇူးကန်းတဲ့ကောင်က ကုန်းဇီဟန်ရဲ့လက်ညှိုးကို ကိုက်ရဲလိမ့်မယ်လို့ ဘယ်သူက ထင်ပါ့မလဲ” ဟွားယွီကျစ်၏ မျက်နှာသည် အေးစက်သွားပြီး သူက မော့ချောင်ရှန်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ သူ့ကို သေတဲ့အထိ ရိုက်ကြစမ်း”

ချန်ချန်းယဲ့က ဘာမှမပြောကြသေးခင်မှာပင် ဟန်ချွမ်းလင်က သူ့ကိုတားပြီး ပြန်ပြောလေသည်။ 

“ ခဏလေး”

ဟန်ချွမ်းလင်၏ လက်ချောင်းများကြားတွင် ပတ်တီးစီးထားပြီး ခပ်ဖျော့ဖျော့ သွေးစများစွန်းထင်းနေသည်။

သုန်မှုန်နေသည့် မျက်နှာတစ်ခုဖြင့် သူ့မျက်နှာပေါ်တွင် မျက်နှာကို ပုပ်သိုးထားကာ သူသည် မော့ချောင်ရှန်းဆီသို့ မြန်မြန်လျှောက်လာပြီး ဆံပင်ကို ဖမ်းဆွဲလိုက်ပြီး သူ့မျက်နှာကို ဆွဲမလိုက်ပြီးနောက် သူ့မျက်နှာကြွက်သားများကို လှုပ်ခါရင် ညစ်ကျယ်ကျယ် ပြောလိုက်လေသည်။ 

“ သေချင်တာလား။ အဲ့လောက်မလွယ်ဘူး။ မင်း မသေမရှင်ဖြစ်သွားတဲ့အထိ ငါ မင်းကို နှိပ်စက်ရလိမ့်မယ်။ ဒီအောက်တန်းကျတဲ့ တိရစ္ဆာန်ကို သူ့ရဲ့ တုံးအတဲ့ လုပ်ရပ်တွေကြောင့် နောင်တရသွားအောင် လုပ်ပေးရမယ်”

ချန်ချန်းယဲ့သည် ဟန်ချွမ်းလင်၏ ပိန်ပိန်ပါးပါး လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်ပြီး အံကိုကြိတ်ကာ သူမ၏စိတ်ထဲတွင် ဒေါသကို မျိုသိပ်ထားရတော့သည်။

ဟန်ချွမ်းလင်က သူ့လက်ကို လွှတ်လိုက်ပြီး မော့ချောင်ရှန်းကို ခုံတန်းရှည်ပေါ်သို့ ပြန်တွန်းထုတ်လိုက်၏။ “ ကျင်းယွဲ့ဟို ကျုပ် ခင်ဗျားအတွက် ဘာလုပ်ပေးရမှာလဲ”

ချန်ချန်းယဲ့က ဘေးဘီကို ကြည့်လိုက်ကာ သူနှင့် မော့ချောင်ရှန်းကြားတွင် ဝင်ရပ်လိုက်ပြီး ဟွားယွီစစ်ကို ဦးညွှတ်နှုတ်ဆက်ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။ “ ဒီကျွန်က ကျုပ်ကို တစ်ညတာ ခစားပေးခဲ့ဖူးတယ်။ ကျုပ် သူ့ကို အရမ်းသဘောကျတယ်။ ကုန်းဇီဟွားက သူ့ကိုလက်လျှော့ပြီး ကျုပ်ကို လွှဲပေးမလားဆိုတာ သိချင်ပါတယ်”

ဟန်ချွမ်းလင်က အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။ “ ကုန်းဇီယွီ အဲ့လောက်အထိ မသိနားမလည်သလို မလုပ်ပါနဲ့။ အရင်ရောက်လာတဲ့လူ အရင်ရကြေးပဲ။ ကုန်းဇီဟွားက ဒီကျွန်ကို ကျုပ်ဆီ ပေးဖို့ ကတိပေးထားပြီးပြီ။ ခင်ဗျားက ကျုပ်ဆီကနေ သူ့ကိုလုဖို့ ကြိုးစားနေတာလား။ သူက ခင်ဗျားအဖေဆိုရင်တောင် ခင်ဗျားက ကျုပ်ရှေ့မှာ အဲ့လို မရိုင်းစိုင်းနေသင့်ဘူးလေ”

ချန်ချန်းယဲ့သည် သူ့နောက်က လက်တစ်ဖက်ကို ခံစားမိလိုက်ပြီး သူ့ဘောင်းဘီကို ဖမ်းဆွဲထားကာ အသာအယာ ဆွဲခါနေသည်ကို သိလိုက်၏။

ချန်ချန်းယဲ့က ခေါင်းကိုလှည့်ကြည့်လိုက်သည်တွင် မော့ချောင်ရှန်း၏ ကြည်လင်နေသည့် မျက်လုံးများထဲတွင် တောင်းပန်တိုးလျိုးနေသည့် အကြည့်တစ်ခုကို ဖော်ပြထားပြီး သူသည် သူမကို စိုးရိမ်ကြီးစွာဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

သူမသည် ဒီကျွန်ငယ်လေးနှင့် များများစားစား မဆက်ဆံခဲ့ဖူးသော်ငြားလဲ သူသည် ကိုယ့်ဟာကို စည်းကမ်းရှိသူ ဖြစ်ကာ သူ့စိတ်ခံစားချက်များကို ဖော်ထုတ်ရာတွင် မတော်သည့်သူဖြစ်ပြီး စကားနည်းသူတစ်ယောက် ဖြစ်မှန်း သိလေသည်။ 

ချန်ချန်းယဲ့ မှတ်မိသလောက်တော့ သူသည် သူမကို စကားတစ်ခွန်းပင် မပြောခဲ့သလို သူက သူ၏စိတ်ခံစားချက်များကိုလဲ ဖော်ပြခဲ့သည်ကိုလဲ တစ်ခါမှ မမြင်ခဲ့ဘူးချေ။ 

ဒီအခိုက်အတန့်တွင် သူသည် ထိတ်လန့်ကြောက်ရွံ့ခြင်းကို ကိုယ်စားပြုနေသည့် နက်မှောင်သည့် အရောင်တစ်ခု ထုတ်လွှတ်နေသော်ငြားလဲ သူ့တောင်းဆိုချက်ကို ဖော်ပြဖို့ရန် သူမ၏အဝတ်အစားကို ညင်ညင်သာသာ ခါရမ်းရန်သာ တတ်နိုင်တော့သည်။

 “ တကယ်လို့ ကျုပ်တို့တွေက အရင်ရောက်လာတဲ့သူက အရင်ရကြေးဆိုရင် ကျုပ်က သူ့ကို အရင်ဆုံး အသုံးတော်ခံခဲ့တာပဲ။ ဒီတော့ ကျုပ်က အရင်ဆုံးရောက်လာတဲ့သူလေ” ချန်ချန်းယဲ့က သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်လိုက်ပြီး အလုပ်သဘောအရ ညှိုနှိုင်းဆွေနွေးသည့် သဘောတစ်ခုကို အသုံးချလိုက်ကာ ဟန်ချွမ်းလင်ဘေးသို့ လျှောက်သွားလိုက်ပြီးနောက် မော့ချောင်ရှန်း၏သခင် ဟွားယွီကျစ်ကို တိုက်ရိုက်ပြောလိုက်လေသည်။

ဟွားယွီကျစ်က အသံထွက်အော်ရယ်လေ၏။ “ ကျုပ်ရဲ့ညီအစ်ကိုနှစ်ယောက်ရယ် အဆင့်နိမ့်တဲ့ ကျွန်တစ်ယောက်အတွက် ရန်ဖြစ်နေတာက မတန်ပါဘူး။ ကျုပ်ရဲ့စခန်းထဲမှာ ပုံစံမျိုးစုံနဲ့ အလှမယ်တွေ ကိုယ်လုပ်တော်တွေ အများကြီးရှိပါတယ်။ ကျေးဇူးပြုပြီးတော့ အဆင်ပြေနေတာလေးကို ထိခိုက်အောင် မလုပ်ကြပါနဲ့လေ”

...