Ch 12
Viewers 265

အပိုင်း (၁၂)

ချန်းချန်းယဲ့သည် တဘတ်ထူထူ တစ်ထည်ကို ခေါက်လိုက်ပြီး ရေကန်ဘေးက အဖြူစကျင်ကျောက်ပေါ်တွင် တင်လိုက်၏။

“မကြောက်နဲ့နော် ဖြည်းဖြည်းချင်း စိတ်လျှော့ပြီးတော့ ပုံမှန်အတိုင်း လှဲချလိုက်”

သူမက အနက်ရောင်အဝတ်စတစ်ခုဖြင့် ဖုံးအုပ်ထားသည့် မော့ချောင်ရှန်း၏ ခေါင်းပေါ်သို့ ပဝါနုနုလေးတစ်ထည်ကို အသာအယာ ဖိကပ်ပေးလိုက်သည်။

“ငါ့ကို ယုံထား။ ငါ မင်းကို ရေမွန်းသွားခွင့် ပေးမှာမဟုတ်ဘူး”

သူမက သူ့ပခုံးနှင့် နောက်ကျောဘက်က အမာရွတ်ကို တောင့်တင်းနေသည့် ကြွက်သားများ နောက်ဆုံးတော့ ပြေလျော့သွားသည်ကို ခံစားလိုက်မိသည်အထိ  ပခုံးကို အသာအယာ ပုတ်ပေးထားလိုက်သည်။

ချန်းချန်းယဲ့သည် ရေကန်ဘေးတွင် ငြိမ်ငြိမ်သက်သက်လေး လဲလှောင်းနေသည့် မော့ချောင်ရှန်းကို ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ‌ရေပူစမ်းထဲတွင် ဝင်စိမ်နေလိုက်ကာ သူမ၏ ရင်ဘတ်ကို ချည်နှောင်ထားသည့် အဝတ်ခါးပတ်ကို တိတ်တိတ်လေး ဖြည်ချလိုက်လေသည်။

သူမက သက်သောင့်သက်သာ ဖြစ်သွားသလို သက်ပြင်းချလိုက်ပြီး ရေကန်အစွန်းကို မှီထားလိုက်၏။ အနီရောင် သစ်ရွက် တစ်ရွက် နှစ်ရွက်က ကောင်းကင်ပေါ်မှ ဖြည်းဖြည်းချင်း ကြွေကျလာသည်။

ထို့အပြင် အနက်ရောင် အဝတ်စဖြင့် ဖုံးအုပ်ထားသည့် ထိုမျက်နှာသည် လက်တစ်ကမ်းအလိုတွင် အလွန်မှ နီးကပ်နေပြီး သန့်စင်သည့် အဖြူရောင် ကျောက်ဆောင်ကို မှီထား၏။

“အရမ်းကို သက်သောင့်သက်သာ ရှိတာပဲ။ မင်း အနားမှာ ရှိနေတဲ့အချိန်ဆိုရင် အမောပြေဆုံး အချိန်ပဲ။ ငါတို့တွေက တိုက်ခိုက်စရာ မလိုဘူးဆိုရင် ဒီလိုနေ့ရက်တွေက တော်တော်လေးကို လှပနေမှာ”

သူမ၏ မျက်လုံးရှေ့က ထူးခြားဆန်းကြယ်ပြီး လှုပ်ရှားနေသည့် အပြာရောင်လေးသည် ဘာအညစ်အကြေးမှ မရှိဘဲ ကြည်လင်လို့နေ၏။ ထိုအရောင်အဝါသည် ဘာလှည့်စားမှု၊ ဖုံးကွယ်မှုမှ မပါဘဲ သူမကို ဖြူစင်သန့်ရှင်းပြီး ရိုးသားစွာဖြင့် ချစ်မြတ်နိုးလေသည်။

လူသူကင်းမဲ့နေသည့် တောင်၏ တိတ်ဆိတ်မှုနှင့် ရေပူစမ်းထဲက အနွေးဓာတ်တို့က ဆူညံမှုနှင့် ရက်စက်မှု အားလုံးတို့ကို သီးခြားဖယ်ထားသယောင်။ ချန်းချန်းယဲ့သည် မျက်စိပိတ်၊ နားပိတ်နေကာ ထိုနေရာတွင် ရက်ပေါင်းများစွာ ဆက်တိုက်နေထိုင်ခဲ့၏။

လနတ်ဘုရားမ ရေပူစမ်းသည် အမှန်ပင် ထူးခြားလှပေသည်။

မော့ချောင်ရှန်း၏ ဒဏ်ရာများသည် အများကြီး သက်သာလာခဲ့ပြီး သူသည် သိသိသာသာ သက်သာလာခဲ့ကာ လမ်းပင် လျှောက်နိုင်လာ၏။

အဖွဲ့သည် အနောက်ဘက်တောင်ပေါ်မှ မြို့သို့ ပြန်ရောက်လာသည့်အချိန်တွင် နေဝင်ချိန်စ ဖြစ်နေလေ၏။

စစ်ပွဲကို ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက်တွင် မြို့သူ၊မြို့သားများနှင့် ရဲမက်ပေါင်းများစွာသည် ပျက်ဆီးနေသည့် မြို့တံတိုင်းများကို ပြန်လည်ပြင်ဆင်ပြီး သန့်ရှင်းရေး လုပ်နေကြသည်။

မြို့ထဲက တစ်ခြားမင်းသားများ၏ စစ်တပ်များကလည်း ချန်းချန်းယဲ့ တောင်ပေါ်သို့ တက်မလာခင်ကတည်းက ထွက်ခွာသွားနှင့်ပြီးသား ဖြစ်၏။ ဒီအခိုက်အတန့်တွင် ကျင်းပြည်နယ်က ရဲမက်များသာ ကျန်ခဲ့သည်။

ရိုးရှင်းသည့် ဆန်ပြုတ်တဲ တစ်ခုကို မြို့တံခါးအပြင်တွင် ဆောက်လုပ်ထားပြီး စစ်ပွဲထဲ၌ အိမ်ယာများ ဆုံးရှုံးသည့် စစ်ဘေးဒုက္ခသည်များကို ဆန်ပြုတ်ရေကျဲ တစ်ပန်းကန် ထောက်ပံ့ပေးလေသည်။

ဆန်ပြုတ်တဲရှေ့တွင် ကြီးမားသည့် လူတန်းကြီး ရှိလေသည်။ ဒီလူများသည် ဘာမျှော်လင့်ချက်များ မရှိကြသော်လည်း သူတို့၏မျက်လုံးထဲတွင် သေဆုံးနေသည့် အကြည့်တစ်ခု မရှိကြတော့ပေ။

အကြောင်းမှာ မျှော်လင့်ချက် ရှိလာခြင်းကြောင့်ပင်။

လူတစ်ယောက်လျှင် ဆန်ပြုတ်ရေကျဲ တစ်ပန်းကန်သာ ဆိုသော်ငြားလည်း ဒါဟာ လူ့ဘဝ၏ မျှော်လင့်ချက် ဖြစ်လေသည်။

ယာဉ်တန်းကြီးက ဖြတ်လာပြီး ချန်းချန်းယဲ့က ခန်းစီးကို မ လိုက်သည်။

“နယ်စားမင်းပဲ နယ်စားမင်း”

‌လမ်းတစ်လျှောက်က ရဲမက်များသည် ဒူးထောက်ပြီး ဦးညွှတ်နူတ်ဆက်ကြလေသည်။

ဆန်ပြုတ်လာယူကြသူများကလည်း တစ်ယောက်ပြီး တစ်ယောက် လမ်းဘေးတွင် ဒူးထောက်လိုက်ကြ၏။

“ဒါက ကျင်းယွဲ့ဟိုပဲ။ သူက အရမ်းငယ်သေးတာပဲ”

“ရိုင်းပျလိုက်တာ နယ်စားမင်းလို့ ခေါ်ရမှာလေ”

“ဆန်ပြုတ်ကို ထောက်ပံ့ပေးတဲ့အတွက် နယ်စားမင်းကို ကျေးဇူးတင်ပါတယ်”

“ဆောင်းတွင်းအတွက်လည်း ငါတို့အတွက် ယာယီ နေထိုင်စရာတွေ လုပ်ပေးမယ်လို့ ကြားထားတယ်”

“အမေရေ ဒီတစ်ခါတော့ မျှော်လင့်ချက် ရှိပါပြီ”

“ကျွန်တော်တို့ ပျန့်ကျိုးက စိတ်သဘောထား ကောင်းမွန်တဲ့ ဘုရင်တစ်ယောက် ရောက်လာတာပဲ”

“အခုတလော မြို့ထဲမှာ လူသတ်မှုနဲ့ လုယက်မှုတွေလည်း အများကြီး ပိုငြိမ်သွားတယ်”

“ပျန့်ကျိုးကတော့ တကယ် ကံကောင်းလှပါပြီ”

...

ခပ်တိုးတိုး ဆွေးနွေးသံများကလည်း လှည်းဆီသို့ရောက်လာ၏။

ရှောင်ကျင်၊ ကျန်းဖုနဲ့ အခြားသူတွေက ငါ့နာမည်အောက်မှာ ကိစ္စတွေ အများကြီး လုပ်ပေးခဲ့တာပဲ။

ဒီလိုခေတ်ထဲမှာ အာဏာကို လက်ဆုပ်လက်ကိုင် ထားနိုင်တဲ့သူက အတွေးတစ်ချက်လေးနဲ့ မရေမတွက်နိုင်တဲ့ လူတွေရဲ့ ပြဿနာကို ပြောင်းလဲပေးနိုင်တာပဲ။ အသက်ပေါင်းများစွာကို ကယ်တင်နိုင်သလို အသက်ပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်တယ်။

ချန်းချန်းယဲ့သည် စောင်းတီးတတ်သည့် သူမ၏ လက်ကို ငုံ့ကြည့်လိုက်၏။ ဤလက်များသည် ယခုတော့ ဤအာဏာများကို ဆွဲကိုင်ထားမိသည်။

သူတို့သည် အဝေးတစ်နေရာက စစ်စခန်းတစ်ခုကို ဖြတ်လာပြီးတွင် ထိုနေရာတွင် လက်ရည်ချင်းယှဉ်သည့် ပြိုင်ပွဲတစ်ခုကို ပြုလုပ်နေ၏။

ဒီအခိုက်အတန့်တွင် ကွင်းထဲ၌ ခုခံနေသူမှာ ငယ်ရွယ်သည့် တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်သည်။

အလျား          နှစ်မီတာ ရှည်သည့် လက်ကိုင်တစ်လျှောက်တွင် သံအသွားရှစ်ခုကို ထည့်သွင်းထားကာ လက်ကိုင်ရိုး အဆုံးတွင်တော့ ဆူးသုံးခုပါသည့် ဆူးကောက်တစ်ခုကို တပ်ဆင်ထည့်ထားသည်။ သန့်စင်သည့် သံမဏိဝံပုလွေ အသွားလှံတစ်ခုကို ကိုင်ထားသည်။

လူငယ်စစ်သူကြီးသည် အင်မတန်မှ သန်မာလှပြီး ကြီးမားသည့်အင်အား၊ သတ္တိများအတူ လှံကို ဝေ့ယမ်းနေ၏။ သူသည် တားဆီးလို့ မရနိုင်ဘဲ တိုက်ပွဲပေါင်းများစွာကို ဆက်တိုက် အနိုင်ရခဲ့သည်။ ဘယ်သူကမှ သူ့ကို အနိုင်မရခဲ့ချေ။

ချန်ချန်းယဲ့သည် သူ့ခန္ဓာကိုယ်ပေါ်က အရောင်တောက်တောက် လိမ္မော်ရောင်ကို ကြည့်နေမိသည်။ ဒါသည် သူ ရာထူးတိုးပေးထားသည့် ယွီတွမ်းစု ဖြစ်နေသည်ကို မှတ်မိလိုက်သည်။

ထိုကြောင့် သူမက လှည်းကို ရပ်လိုက်ပြီး သူမနှင့်အတူ နှစ်ယောက်၊ သုံးယောက်ကိုသာ ခေါ်လာခဲ့ကာ ကြည့်ရှုသူများကို အလန့်တကြား မဖြစ်စေရန် ပြိုင်ပွဲကို အဝေးမှနေ၍ တိတ်တိတ်လေး ရပ်ကြည့်နေမိသည်။

သူမသည် ဒီနေရာသို့ ပထမဦးဆုံး ရောက်လာသည့်အချိန်က သူမသည် မသိစိတ် တစ်ခုတည်းကိုသာ အားကိုးကာ လူများ၏ အကြိုက်ကိုသာ လိုက်ခဲ့ရသည်။ ယခုတော့ အချိန်ကုန်ဆုံးသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်ထဲက ဒီsystem၏ ရည်ရွယ်ချက်ကို ဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့သည်။

သူမသည် system screenကို ဖွင့်လိုက်သည်နှင့် ချက်ချင်း ဒီလောကထဲက အသက်ရှင်နေသည့် လူအားလုံးသည် သူမ၏ မြင်ကွင်းထဲတွင် ရောင်စုံအလင်းတန်း အလွှာတစ်ခုဖြင့် ဖုံးအုပ်ခံထားရသည်။

ဒီအရောင်များကို အခြေခံအရောင်ဖြင့် စိတ်ခံစားချက်အရောင်အဖြစ် ခွဲခြားနိုင်သည်။ အခြေခံအရောင်မှာ လူတိုင်းကို တစ်ချိန်လုံး ကိုယ်စားပြုနိုင်ပြီး ဒါက လူတစ်ယောက်၏ အကျင့်စရိုက်၊  အရည်အသွေးနှင့် ဆက်စပ်နေလေသည်။ သို့သော်ငြားလည်း လူတိုင်း၏ စိတ်ခံစားချက်က သိသိသာသာ  ပြောင်းလဲသွားသည့်အချိန်တွင် ဒီအခြေခံအရောင်သည် အတွင်းစိတ်ထဲတွင် ပြောင်းလဲသွားသည့် ခံစားချက်များကို ကိုယ်စားပြုသည့် စိတ်ခံစားချက် အရောင်များနှင့် ရောနှောသွားလိမ့်မည်။

စိတ်ခံစားချက် အရောင်များကတော့ ချန်ချန်းယဲ့အတွက် နားလည်ရန် တော်တော်လေး လွယ်ကူသည်။ သူမသည် သူတို့ကို အမှန်တကယ် ခွဲခြားသတ်မှတ်နိုင်၏။

အရင်းနှီးဆုံးအရာမှာ သူမ လတ်တလောတွင် မကြာခဏ တွေ့နေရသည့် ခဲပြာရောင်ဖြစ်သည်။ ဒီအရောင်သည် တစ်စုံတစ်ယောက်၏ အခြေခံအရောင်များနှင့် ရောနှောသွားသည့် အချိန်တိုင်း ဒါက သူတို့၏ စိတ်ထဲတွင် စိတ်ပျက်မှုနှင့် အထင်သေးမှုများ ခံစားချက်ကို ကိုယ်စားပြု၏။

ကျန်းဖုက သူမကို အထင်သေးသွားသည့်အချိန်တိုင်း ခဲပြာရောင် စိတ်ခံစားချက် အရောင်သည် အခြေခံအရောင်ဖြစ်သည့် နီလာထဲမှ ထိုးထွက်လာတတ်သည်။

မော့ချောင်ရှန်းက သူမထံတွင် သစ္စာရှိကြောင်း ကျိန်ဆိုထားခဲ့သည့် ရွှေရောင်အနားကွပ် ဖြစ်သည်။ ထိုစိတ်ခံစားချက်အရောင်သည် အခြေခံအရောင်ဖြစ်သည့် ကြည်ပြာရောင်ကို ဝန်းရံထား၏။

ရွှေရောင်၏ အဓိပ္ပာယ်မှာ သစ္စာရှိခြင်းကို ကိုယ်စားပြုပြီး ပန်းနုရောင်က ချစ်ခင်ခြင်းနှင့် စွဲလမ်းခြင်းကို ကိုယ်စားပြုကာ အဝါ‌ရောင်တောက်တောက်က ဂုဏ်သိက္ခာနှင့် လွှမ်းမိုးခြင်းကို ကိုယ်စားပြုသည်။ အနီနှင့် ခရမ်းရောင်များကတော့ ဖိနှိပ်ပြီး နာကျင်ခံစားရမှုကို ကိုယ်စားပြုကာ အညိုရောင်နှင့် အနက်ရောင်များကတော့ ဝမ်းနည်းမှုနှင့် လက်လျှော့သွားသည့် ခံစားချက်ကို ကိုယ်စားပြုလေသည်။

...

ချန်ချန်းယဲ့သည် ခံစားချက်ကို ကိုယ်စားပြုသည့် စိတ်ခံစားချက်အရောင်များကို နားလည်နိုင်သော်ငြားလည်း လူ့အကျင့်စရိုက်ကို ကိုယ်စားပြုသည့် အခြေခံအရောင်များကတော့ အလွန်မှ ရှုပ်ထွေးကာ မှတ်မိဖို့ရန် ခက်ခဲလှသည်။

လက်ရှိအချိန်တွင် သူမသည် အကြမ်းဖျင်း စိတ်ကူးတစ်ခုသာ စဉ်းစားလိုက်၏။ ဥပမာ လူတချို့သည် ဖြောင့်မတ်မှန်ကန်ပြီး မြင့်မြတ်သယောင် ရှိသော်ငြားလည်း သူတို့၏ သဘာဝကတော့ အလွန်မှ အောက်တန်းကျကာ ရက်စက်လှသည်။ သူတို့၏ အခြေခံအရောင်များသည် အလွန်မှ နောက်ကျိနေလှပြီး မှာ ဟွားယွီကျစ်နှင့် ဟန်ချွမ်းလင်တို့ လူမျိုးများ ဖြစ်သည်။

သာမာန်လူများအစုအတွက်တော့ သူတို့၏ အခြေခံအရောင်မှာ တော်တော်လေးကို သာမာန်ကျကာ မှိန်ဖျော့ပြီး ရောနှောနေသည်။

ဥပမာ တချို့လူများသည် ပေါ့ပေါ့တန်တန် သဘောထားဖြင့် တည်ငြိမ်နေတတ်ကြသည်။ ထို့ကြောင့် သူတို့၏ အခြေခံအရောင်မှာ အဝါရောင်ထဲတွင် အနက်ရောင်နှင့် အစိမ်းရောင်‌ အနည်းငယ် ရောနှောနေပြီး သံလွှင်စိမ်းအရောင်နှင့် ဆင်တူနေ၏။ တချို့လူများကတော့ ကြီးကျယ်မြင့်မြတ်ဟန် တူသည်။ ထို့ကြောင့် သူတို့သည် အနီရောင်ပေါ်တွင် အပြာရောင် အနည်းငယ် ရောနှောနေသည်။ တချို့လူများကတော့ အလွန်မှ သန်မာလှသဖြင့် သူတို့တွင် ခရမ်းရောင်ပေါ်၌ အနက်ရောင် အနည်းငယ် စွန်းထင်းနေ၏။

သူတို့၏ လှပသည့် စိတ်ခံစားချက် အရောင်သည် သူတို့၏ စိတ်ခံစားချက် သိသိသာသာ ပြောင်းလဲသွားမှသာ ပေါ်လာတတ်သည်။

သို့သော်ငြားလည်း အခြေခံအရောင်က အလွန်မှ ထည်ဝါခမ်းနားပြီး သန့်စင်တောက်ပနေသည့် လူအုပ်စုကတော့ မရှိသလောက် ရှားလှသည်။

ဒီကာလအတွင်း ချန်ချန်းယဲ့၏ လေ့လာထားခြင်းအရဆိုလျှင် ဒီလူအများစုသည် တချို့နယ်ပယ်တွင် ထူးခြားသည့် အရည်အသွေးကို ပိုင်ဆိုင်ထားသည်။

ဥပမာ ကျန်းဖုသည် နီလာခရမ်းကို ပိုင်ဆိုင်ထားပြီး ဒါသည် အတွေးများပြီး ဉာဏ်ပညာရှိသည့် လူတစ်ယောက်ကို ရည်ညွှန်းလေသည်။ အမှန်ပင် သူသည် ဉာဏ်ပညာရှိပြီး ဗဟုသုတ ကြွယ်ဝပြီး တွေးခေါ်မြော်မြင်တတ်သူ တစ်ယောက်ဖြစ်သည်။

ရှောင်ကျင်၏ ကြေးဝါရောင်သည် သူ၏သိမ်မွေ့မှုနှင့် စေ့စပ်သေချာသည့် အကျင့်စရိုက်ကို အထူးတလည် ဖော်ပြလေသည်။

နာမည်ကြီး စစ်သူကြီးအများစု၏ အရောင်အဝါသည် ပြင်းထန်ပြီး တောက်ပနေတတ်သည်။ ဥပမာ လီဝမ်ကွမ်းဘေးတွင် ရှိသည့် စစ်သူကြီးဖုန်းစုသည် တောက်ပနေသည့် အနီရောင်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ပေကုန်းဟို လက်အောက်က နာမည်ကြီးစစ်သူကြီးဖြစ်သည့် ကုန်းစွန်းနျန်ကတော့ တောက်ပသည့် ငှက်ခါးရောင်ကို ပိုင်ဆိုင်ထားသည်။

ဒီမဟာစစ်သူကြီးနှစ်ယောက်သည် တိုက်ခိုက်ရေး စိတ်ဓာတ်အင်အား ပြင်းထန်နေသည့် အချိန်တွင် သူတို့၏ ခန္ဓာကိုယ်ထဲက တောက်ပနေသည့် အရောင်မှာ ချန်ချန်းယဲ့ကို မျက်လုံးများပင် မဖွင့်နိုင်အောင် ဖြစ်စေသည်။ ယခုတော့ သူမ ရွေးချယ်ထားသော စစ်သူကြီးငယ်လေးယွီသည် မြင့်မားသည့် သိုင်းပညာများ ပိုင်ဆိုင်ထားပြီး ရဲရင့်သည့် စစ်သည်တစ်ယောက် ဖြစ်လေသည်။

ချန်ချန်းယဲ့သည် ပိုပြီး သတ္တိရှိလာပြီး လိမ္မော်ရောင် မီးတောက်များ တောက်လောင်လုနီးပါးဖြစ်နေသည့် ယွီတွမ်းစုကို ကြည့်ပြီး သူမတစ်ယောက်တည်း စဉ်းစားလိုက်မိသည်။

နောက်ဆိုရင် လူတွေကို ဒီလိုပုံစံမျိုးနဲ့ ရွေးချယ်ရမှာပဲ။

သူမနှင့် သိပ်မဝေးလှသည့် နေရာတွင် ပြန်တန်းဝင် အရာရှိ မဟုတ်သည့် အရာရှိ နှ‌စ်ယောက်က လူအုပ်ကြီး၏ အဝေးတွင်  လေသံတိုးတိုးဖြင့် ပြောဆိုနေကြပြီး သူတို့နောက်က ချန်ချန်းယဲ့နှင့် တခြားသူများကို သတိမထားမိကြချေ။

“ကျုပ်ကြားထားတာတော့ စစ်သူကြီးယွီကို နယ်စားမင်းကိုယ်တိုင်က ရဲမက်ကနေတဆင့် ရာထူးတိုးပေးထားတဲ့။ နယ်စားမင်းက အရည်အချင်းကို ရှာဖွေတဲ့နေရာမှာ ဒီလောက်ကောင်းတဲ့ မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားလိမ့်မယ်လို့ မထင်ထားဘူး”

“ငါတို့ရဲ့ နယ်စားမင်းက လိင်တူ သဘောကျတဲ့သူပဲ။ သူက တလေးတနက် လုပ်နေတာ ငါ တစ်ခါမှ မ‌တွေ့ခဲ့ဖူးပါဘူး။ သူက မျက်နှာရဲ့ ဆွဲဆောင်ခံလိုက်ရတာလား။ ဒါမှမဟုတ် သူ့သိုင်းပညာရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရတာလား မသိဘူး”

“မင်း အဲ့ဒီတုန်းက ကောလာဟလကို ကြားပြီးပြီ မဟုတ်လား။ အရှင်က နယ်စားမင်းဟောင်းရဲ့ မြင်းဝါလေးကို ယူပြီး ဝေပေဟိုနဲ့ အမျိုးသား ပြည့်တန်ဆာတစ်ယောက်ကို အလဲအလှယ် လုပ်ခဲ့တာတဲ့”

“ဟာ ဒီကိစ္စကို အားလုံး သိကြတာပဲ”

အရာရှိက သူ့လေသံကို နှိမ့်ထားလိုက်ပြီး သူ့ လုပ်ဖော်ကိုင်ဖက်၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

“ဒီရက်ပိုင်းအတွင်းမှာလည်း နယ်စားမင်းကို မတွေ့ရသေးဘူး။ ငါ ကြားထားတာတော့ သူက သူ့ရဲ့အချစ်တော်ကို ပခုံးဖက်ပြီးတော့ ရေပူစမ်းမှာ ရေသွားချိုးတယ်လေ”

သူ့စကားမဆုံးသေးခင်မှာပင် သူသည် သူ့အဖော်၏ မျက်လုံးများက ပြူးထွက်လာပြီး သူ့ခန္ဓာကိုယ်မှာ အနောက်ဘက်သို့ လွှင့်ထွက်သွားကာ ဗိုက်တွင်လည်း လက်သီးတစ်ချက် ထိုးနှက်ခံလိုက်ရပြီး နှစ်မီတာ အဝေးရှိ အုတ်နံရံတစ်ခုထဲသို့ ထိုးဝင်သွားခဲ့သည်။

သူသည် သတိမဝင်လာသေးခင်မှာပင် သူ့မျက်လုံးထဲ၌ စူးရှသည့် နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ ရုတ်ခြည်းဆိုသလို အဆစ်လွဲသွားကာ သူ့လက်မောင်းကို ဆွဲလိမ်ပြီး တစ်စုံတစ်ယောက်၏ မြေကြီးပေါ်တွင် ဖိချခံလိုက်ရတော့သည်။ ရုပ်ထုတစ်ခုနှင့် တူသည့် ကြီးမားသည့် လက်တစ်ဖက်က သူ့လည်ပင်းကို ညစ်ထားလေပြီး နောက်တစ်ချက်လောက် လိမ်လိုက်လျှင်ပင် သူ့ကို သတ်ပစ်နိုင်လေသည်။

ချန်ချန်းယဲ့သည် အနက်ရောင် အရိပ်တစ်ခုက မုန်တိုင်းတစ်ခုလို အားဖြင့် ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရသည်။ သူသည် လူတစ်ယောက်ကို အဝေးသို့ လွှင့်ထွက်သွားအောင် ကန်ထုတ်လိုက်ကာ ချက်ချင်းဆိုသလို ကျန်သည့်တစ်ယောက်ကိုလည်း လဲကျသွားအောင် လုပ်လိုက်လေသည်။

လွင့်ထွက်သွားအောင် ကန်ထုတ်ခံလိုက်ရသည့် အရာရှိသည် သွေးများ အန်ထုတ်လာပြီး နံရံကို သွားရိုက်ပြီးနောက် ပြုတ်ကျလာတော့သည်။ မော့ချောင်ရှန်း၏ ထိန်းချုပ်ခံထားရသည့် လူကလည်း သနားစဖွယ် အော်ဟစ်နေပြီး သူ့မျက်နှာက ဝက်အသည်းတစ်ခုအရောင် ပြောင်းလဲသွားတော့သည်။

မော့ချောင်ရှန်းသည် ရေခဲမြစ်တစ်ခုလို အေးစက်လွန်းသည့် လူသတ်လိုသည့် ပြင်းပြင်စိတ်များဖြင့် ပြည့်နှက်နေပြီး ချန်ချန်းယဲ့ကို မော့ကြည့်လိုက်၏။

သူသည် သူ့လက်ထဲက အသက်တစ်ခုကို ညစ်မသတ်မှီ သူမထံမှ ခေါင်းညိတ်လာမည့်အရေးကို စောင့်စားနေသည့်ဟန် တူသည်။

ကြီးမားကျယ်ပြောလှတဲ့ သမုဒ္ဒရာက အေးချမ်းပြီး သိမ်မွေ့နိုင်သလို တစ်ချိန်တည်းမှာပင် ကြမ်းတမ်းအေးစက်တဲ့ အခိုက်အတန့် ရှိတယ်ဆိုတာ ငါ ဘာဖြစ်လို့ မေ့သွားပါလိမ့်။

သူမသည် ရုတ်တရက်ဆိုသလို မော့ချောင်ရှန်း၏ စိတ်ကူးများကို အနည်းငယ် နားလည်သွားတော့သည်။

“ရပ်လိုက် ချောင်ရှန်း”

သူမက အလောတကြီး ပြောလိုက်၏။

မော့ချောင်ရှန်းက ထိုလူကို လွှတ်ပေးလိုက်ကာ ချန်းချန်းယဲ့ဘေးသို့ ရောက်လာပြီး ဒူးတစ်ဖက်‌ ထောက်လိုက်ပြီးနောက် သူ့ခေါင်းကို မော့ကာ အနည်းငယ် စိုးရွံ့နေသည့်အကြည့်ဖြင့် ချန်ချန်းယဲ့ကို ကြည့်လိုက်လေသည်။ သူသည် သူ့ဒေါသကို မထိန်းချုပ်နိုင်သည့်အတွက် သူ၏ အစွန်းမရောက်နိုင်သည့် အပြုအမူက သူ့သခင်ကို စိတ်ပျက်သွားစေမှာ စိုးရိမ်နေလေသည်။

ချန်ချန်းယဲ့သည် လူသတ်လိုသည့် ပြင်းပြစိတ်များ ရောနှောနေသည့် ထိုရွှန်းလဲ့နေသည့် မျက်ဝန်းများကို ကြည့်လိုက်သည်။

ဒီအခိုက်အတန့်တွင် သူ၏စိုးရိမ်ကြောင့်ကြမှုများမှ သူမ၏ ခံစားချက်များကို ဂရုစိုက်သောကြောင့် ဖြစ်လေပြီး သူ့အမြင်တွင် ဒါဟာ သူ၏ဘဝသည် ပြိုင်ဘက်မဲ့လေသည်။ ဒီလိုဆိုရင်တော့ သူမက ဒီအကြောင်းအရာများကို နောက်ပိုင်းကျမှ ဖြည်းဖြည်းသင်ပေးရန်သာ တတ်နိုင်တော့သည်။

သို့နှင့်များ သူမ၏စိတ်ထဲတွင် အဘယ်ကြောင့် အနည်းငယ် ဝမ်းသာနေမိပါသနည်း။   ချန်ချန်းယဲ့သည် သူမ၏မေးကို ထိကိုင်ထားလိုက်၏။ သူမ၏ အမြင်အာရုံ သဘောထားများကလည်း ဒီရှေးခတ်လူသားများကြောင့် ပျက်စီးသွားခဲ့ဟန်တူ၏။

“ထတော့ ဒူးထောက်မနေနဲ့။ ဒီလူနှစ်ယောက်ရဲ့အပြစ်က သေတဲ့အထိ မထိုက်တန်ပါဘူး။ မင်း သူတို့ကို လုံလောက်အောင် အပြစ်ပေးပြီးပါပြီ”

ချန်ချန်းယဲ့က သူ့ရှေ့က ခေါင်းလေးကို ထိကိုင်လိုက်ပြီး သူ့ကို ဆွဲထူလိုက်ကာ ကိုယ့်ကို ဆွဲလိုက်လေသည်။

“မင်း ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။ ငါ မင်းကို လှည်းထဲမှာ အနားယူဖို့ ပြောထားတယ် မဟုတ်လား။ မင်း အဆင်ပြေရဲ့လား။  မင်းရဲ့ ဒဏ်ရာရော ပွင့်သွားသေးလား”

မော့ချောင်ရှန်းသည် သူ့ခေါင်းကို ငုံ့ထားပြီး ခေါင်းခါလိုက်၏။

“အဆင်ပြေတယ်။ ကျွန်တော်... အရင်တုန်းက ဒဏ်ရာရပြီးသွားရင် ရက်တွေအများကြီး တစ်ခါမှ အနားမယူခဲ့ဖူးလို့ပါ။ ဒီအပြင် ကျွန်တော် ခုနတုန်းက လက်သီးနဲ့ပဲ သုံးခဲ့တာပါ။ ခြေထောက်ကို မသုံးခဲ့ပါဘူး”

ချန်ချန်းယဲ့သည် သူ့မျက်နှာက မသိမသာ နီရဲနေသည်ကို သတိထားမိလိုက်၏။

စကားတစ်ခွန်း၊ နှစ်ခွန်းလေးနှင့် ရှက်သွားတတ်သည့် ဒီလူက တစ်စုံတစ်ယောက်ကို သတ်ချင်လာတဲ့အချိန်မှာ ရက်စက်သွားတတ်တာပဲ။ ဒီရက်စက်လှတဲ့ ခေတ်အခါက လူသားတွေရဲ့ အကျင့်စရိုက်ကို ဆန့်ကျင်ဘက်အောင် တကယ်ပဲ ဖန်တီးပေးနေတာပဲ။

ဒီနေရာတွင် ကြီးကြီးကျယ်ကျယ် ဆူပူမှု ဖြစ်သွားသဖြင့် အားလုံးက ချန်ချန်းယဲ့ ရောက်ရှိလာသည်ကို သတိထားမိသွားတော့သည်။

ယွီတွမ်းစုက စင်ပေါ်မှ ခုန်ဆင်းလာပြီး အရင်ဆုံး အပြေးအလွှား ရောက်လာသည်။ သူက သူ၏နှစ်မီတာရှည်သည့် ဝံပုလွေသွားလှံကို ချထားလိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ သူ့လက်သီးများကို နှစ်ဖက်ယှက်ထားလိုက်ပြီး အလေးပြု နူတ်ဆက်လိုက်သည်။

“နယ်စားမင်းကို နူတ်ဆက်ပါတယ်”

သူသည် အသံအကျယ်ကြီး ပြောလိုက်ပြီး သူ၏မျက်နှာကလည်း စိတ်လှုပ်ရှားနေ၏။

အို။ ဒါက ချီးကျူးစကားကို တောင်းဆိုနေတာပဲ။

“မင်း ကြီးမားတဲ့ တာဝန်ကို ဆောင်ရွက်ခဲ့ပါတယ်။ ငါ့ကို မျက်နှာမပျက်စေနဲ့နော်”

ချန်ချန်းယဲ့က အရှင်သခင်တစ်ယောက် သဏ္ဌာန် ပြုမူလိုက်တော့သည်။

“ဒါဆိုရင် ဆက်ပြီးတော့ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆက်လုပ်ပါ။ ငါကိုယ်တော်ရဲ့ နောက်ကွယ်မှာ ငါကိုယ်တော်က အမှားလုပ်ခဲ့တယ်ဆိုတာကို မပြောမိစေပါနဲ့”

“ကျွန်တော် နယ်စားမင်းကို ဘယ်တော့မှာ စိတ်ပျက်ရအောင် မလုပ်ပါဘူး”

ချန်ချန်းယဲ့သည်  တောက်ပနေသည့် အကြည့်တစ်ခု ပိုင်ဆိုင်ထားသည့် သူ့ရှေ့က စစ်သူကြီးငယ်လေးကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်က ဂုဏ်ယူဝံ့ကြွားနေသည့် အဝါနှင့်လိမ္မော် ရောစပ်ထားသည့် အရောင်သည် ရုတ်တရက်ဆိုသလို တောက်ပသည့် ရွှေရောင် အနားကွပ်လေးတစ်ခု ပေါ်ထွက်လာလေသည်။

အင်း။ သစ္စာစောင့်သိတာပဲ။

ဒါက တကယ်အံ့ဩစရာကောင်းပြီး ဝမ်းသာဖို့လည်း ကောင်းတယ်။

သူတို့အဖွဲ့သည် စခန်းသို့ ပြန်လာခဲ့လေသည်။ မရေမတွက်နိုင်သည့် အလုပ်များပြားနေသည့် လူများသည့် ဌာနချုပ်၏ တံခါးဝတွင် ဝင်ထွက်သွားလာနေပြီး အချက်အလက်များစွာကို သယ်ဆောင်လာသည့် အရာရှိများစွာအပြင် စစ်တပ်ရိက္ခာများကို သယ်ပို့ပေးနေကြသည့် ရဲမက်များ ပါ၏။

အားလုံးက အလျင်စလိုနှင့် အလုပ်များနေကြသည်။

တောင်ထဲတွင် ပုန်းအောင်းပြီး ရက်အနည်းငယ်‌လောက် ရေပူစမ်းတွင် စိမ်လာခဲ့သည့် ချန်ချန်းယဲ့မှာ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားမိလေသည်။

သူမက ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး အစည်းအဝေးခန်းမဆီသို့ ရောက်လာခဲ့လေသည်။ ရှောင်ကျင်နှင့် ကျန်းဖုတို့သည် လေသံတိုးတိုးဖြင့် ဆွေးနွေးတိုင်ပင်နေကြ၏။ သူတို့သည် သူမဝင်လာခဲ့သည်ကို မြင်လိုက်သည့်အခါ နှစ်ယောက်စလုံးက ထရပ်ကာ ဦးညွှတ်နူတ်ဆက်ကြသည်။

“နယ်စားမင်း”

ချန်ချန်းယဲ့က အနည်းငယ် ရှက်ရွံ့စွာနှင့် သူမ၏နှာခေါင်းကို ထိကိုင်လိုက်ပြီး

“ခုနကမှ မြို့ထဲကို ပြန်ရောက်လာတာ။ မြို့ထဲက အခြေအနေကလည်း အများကြီး ပုံမှန်အတိုင်း ပြန်ဖြစ်လာတယ်။ လူကြီးမင်းတို့နှစ်ယောက် အများကြီး ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ကျန်းဖုက အပြုံးတစ်ခုဖြင့် ဦးညွှတ်ကာ ပြောလိုက်လေသည်။

“ကျွန်တော်က ကျွန်တော့်တာဝန်ကိုပဲ လုပ်လိုက်တာပါ။ ကျွန်တော်တို့က အောင်မြင်မှုတချို့ကို ရရှိခဲ့တယ်ဆိုရင် ဒါတွေအားလုံးကလည်း အရှင့်ရဲ့ကျေးဇူးကြောင့်ပါ”

ကျန်းဖု၏စိတ်ထဲတွင်တော့ ဒီသခင်လေးက ထိန်းချုပ်ဖို့ လွယ်ကူတဲ့ ပစ်မှတ်တစ်ခုပဲ။ သူ့အတွေးတွေအားလုံးက သူ့မျက်နှာပေါ်မှာ ပေါ်လွင်နေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် သိနိုင်လေသည်။

သူငယ်ငယ်တုန်းကတော့ သူက ဒေါသကြီးပြီး သာမာန်အရည်အချင်း မပြည့်ဝတဲ့ သူတစ်ယောက်ပဲ။ ဒီလတ်တလောမှာတော့ သူခံစားခဲ့ရတဲ့ အပြောင်းအလဲတွေကြောင့်လားတော့ မသိဘူး။ သူက နည်းနည်းလေး သတ္တိနည်းလာပြီး ကြောက်ရွံ့တတ်လာသလိုပဲ။ သူ့လို ဝန်ကြီးတစ်ယောက်ကိုတောင် စိတ်ကျေနပ်အောင် လုပ်ပေးဖို့ မကြာခဏ ကြိုးစားနေတတ်တယ်။

ချန်ချန်းယဲ့သည် ကျန်းဖုကို ကြည့်လိုက်ပြီး သူ၏ပေါ်ပေါ်ထင်ထင် ချီးကျူးစကားကို ရှောင်လွှဲမနေတော့ဘဲ တိတ်တိတ်လေး အကဲခတ်ကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

သူမက ကျန်းဖု၏ မျက်လုံးများကို ကြည့်လိုက်ပြီး သူမဘေးက ထိုင်ခုံကို  လက်ညှိုးထိုးလိုက်ကာ သူမ စဉ်းစားထားသည့်အရာကို ပြောလိုက်၏။

“ကျွန်တော် သိပါတယ်။ ကျွန်တော်က ဒီနေရာမှာ ထိုင်နေသ၍ ဘာပြဿနာမှ ဖြစ်လို့မရသလို လူတွေရဲ့ စိတ်နှလုံးကို တည်ငြိမ်သွားအောင် ကူညီပြီး လုပ်နိုင်ပါသေးတယ်”

သူမက လက်နှစ်ချောင်းထောင်ကာ လက်ဟန်ပြလိုက်လေသည်။

“ဒါပေမဲ့ ကျွန်တော်ကတော့ လုပ်နိုင်တာတွေ ထပ်ရှိသေးတယ်လို့ ထင်တယ်။ ကျွန်တော် အကောင်းဆုံး လုပ်ချင်တယ်”

ယခုအခိုက်အတန့်မှာ ကျွန်တော်က ဘာတစ်ခုမှ မသိသေးဘူးဆိုပေမဲ့လည်း ကျွန်တော် စပြီးတော့ လေ့လာချင်ပါတယ်။

ကျန်းဖုသည် သူ့မျက်ခုံးများကို အနည်းငယ် ပင့်ထားလိုက်ပြီး အနည်းငယ် အံ့ဩသည့် အမူအရာများကို ထုတ်ပြလိုက်သည်။

ချန်ချန်းယဲ့က ရှောင်ကျင်ဘက်သို့လှည့်ကာ စိတ်ရင်းဖြင့် ဦးညွှတ်လိုက်လေသည်။

“အစ်ကိုရှောင် ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို သင်ပေးပါ။ ကျွန်တော် အသေးအဖွဲ့ကနေ စပြီးတော့ လေ့လာချင်ပါတယ်။ ဆန်ပြုတ်ဝေဖို့အတွက် ကျွန်တော့်ကို မြို့တံခါးဆီကို သွားခွင့်ပြုပါ”

‌ရှောင်ကျင်သည် ကျေးဇူးတင်သွားသည့် ရုပ်တစ်ခု ဖြစ်သွားပြီး ဒူးထောက်ကာ ပြန်လည်နူတ်ဆက်စကား ပြောလိုက်လေသည်။

“အရှင့်ဆီက ဒီလိုစိတ်သဘောထားမျိုး ပိုင်ဆိုင်ထားခံရတာက သာ့ကျင်းရဲ့ ကြီးမားတဲ့ ဘုန်းတန်ခိုးပါပဲ”

...