အပိုင်း(၁၃)
ချန်ချန်းယဲ့သည် အစည်းအဝေးအခန်းထဲတွင် ညဉ့်နက်သည်အထိ နေခဲ့သည်။ သူမသည် အချိန်အများစုတွင်တော့ နားထောင်နေခဲ့ပြီး စကားကို အလွယ်တကူ မပြောခဲ့ချေ။
စစ်ရေး အခြေအနေများနှင့် နိုင်ငံရေး အခြေအနေများက သူမအတွက် ရှုပ်ထွေးပြီး မရင်းနှီးလှသော်ငြားလည်း သူမက လိုလိုလားလား ပါဝင်ကာ သင်ယူချင်နေသရွေ့တော့ ထိုအရာများသည် သူမနှင့် ရင်းနှီးလာနိုင်ပေသည်။
နောက်ဆုံး သူမသည် အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပြီး အိမ်ထဲက အိမ်ပြင်မထွက်သည့် ရှေးခတ်က အမျိုးသမီးတစ်ယောက် မဟုတ်ချေ။
ချန်ချန်းယဲ့က သူမကိုယ်သူမ အားပေးလိုက်၏။
သူမသည် အဆောင်သို့ ပြန်ရောက်လာသည့်အချိန်တွင် ရှောင်းရှို့က သူမကို ထိုနေရာတွင် စောင့်ဆိုင်းနေဆဲ။
“မင်း ဘာဖြစ်လို့ ဒီနေရာမှာ စောင့်နေသေးတာလဲ။ ပြန်သွားပြီးတော့ အနားယူလိုက်။ ငါ ဘာအကူအညီမှ မလိုပါဘူး”
ချန်ချန်းယဲ့သည် အဝတ်အစားလဲဖို့ရန်နှင့် သူမကို နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် သူမကို ကူညီနေပေးရန် တစ်စုံတစ်ယောက် ထားရှိနေခြင်းက အသားမကျချေ။ သူမ၏ လျှို့ဝှက်အချက်အလက်ကိုလည်း အသိပေးဖို့ရန် မသင့်တော်ချေ။
သူမက စကားပြောနေစဉ်မှာပင် ရှောင်းရှို့သည် အနည်းငယ် ရှက်သွေးဖြာသွားပြီး ရို့ရို့လေး ဒူးထောက်လိုက်ကာ သူမ၏ဝတ်ရုံအနားကို ကောက်ကိုက်လိုက်ပြီး အသာအယာ အနမ်းပေးလိုက်ပြီးနောက် ခေါင်းကိုမော့ကာ ကြင်ကြင်နာနာဖြင့် သူမကို ကြည့်လေသည်။
ချန်ချန်းယဲ့သည် ဒီအပြုအမူ၏ အထူးအဓိပ္ပာယ်ကို သိနေ၏။
သူမသည် အဆင့်နိမ့်သည့် လူတစ်ယောက်က အထက်တန်းစားဆီမှ မျက်နှာသာပေးရန် တောင်းဆိုပြီး ကိုယ့်ဟာကိုယ် သူတို့၏ အိပ်ရာပေါ်သို့ ကမ်းလှမ်းသည့်အခါ လုပ်ပေးရန် လိုအပ်သည့် အပြုအမူ ဖြစ်လေသည်။
မျှော်လင့်ချက် အပြည့်ဖြစ်နေသည့် ထိုမျက်လုံးများကို ကြည့်လိုက်ပြီး ချန်ချန်းယဲ့သည် အနည်းငယ် ရှက်ရွံ့သွားပြီး သူ့ကိုလည်း အနည်းငယ် ကိုယ်ချင်းစာမိသွားတော့သည်။ ဒါသည် ဘာရလဒ်မှ မရှိနိုင်သည့် ဆက်ဆံရေးတစ်ခုသာ ဖြစ်လေသည်။
သူမသည် သိမ်မွေ့ဖို့ရန် ကြိုးစားခဲ့သော်ငြားလည်း ညှိနိူင်းဖို့ရန် အခြေအနေပင် မပေးဘဲ ပြောလိုက်လေသည်။
“ပြန်သွားတော့ ရှောင်းရှို့ ငါ ပင်ပန်းနေပြီ”
ငါ ဒီလိုဆက်ပြီးတော့ မလုပ်သင့်တော့ဘူးပဲ။ သူ့ကို ငါ့ဘေးမှာ နေ့တိုင်းထားပြီးတော့ မျှော်လင့်ချက်ပေးနေပေမဲ့ ဘာမှ ပြန်မပေးနိုင်တာမျိုးတော့ မဖြစ်သင့်ဘူး။
ချန်ချန်းယဲ့က သူမကိုယ်သူမ ပြန်ပြောလိုက်၏။
ဒုတိယနေ့မှစပြီး ချန်ချန်းယဲ့သည် ဒဏ်ရာမှ သက်သာလာသည့် မော့ချောင်ရှန်းကို ဒဏ်ရာကုသဖို့အတွက် ချီရှန်းက ရေပူစမ်းတွင် ရေစိမ်ဖို့ရန် လှည်းတစ်စီးကို ချီးမြှင့်ပေးလိုက်ပြီး သူ့ကို အဖော်လုပ်ဖို့ရန် ရှောင်းရှို့ကို ထည့်ပေးလိုက်လေသည်။
သူမကတော့ ခမ်းနားထည်ဝါလှသည့် ပွယောင်းယောင်း အဝတ်အစားများကို ချွတ်လိုက်ပြီး အလွယ်တကူ လှုပ်ရှားသွားလာလို့ ရသည့် အပေါ်ထပ် လက်တိုအင်္ကျီပုံစံမျိုးကို ပြောင်းဝတ်လိုက်သည်။ သူမသည် စစ်ဘက်အရေးနှင့် နိုင်ငံအရေးများကို ကိုယ်တိုင် ရင်းနှီးဖို့ရန်အတွက် ရှောင်ကျင်နှင့် စတင်ဝင်ထွက်သွားလာခဲ့သည်။
တစ်နေ့တွင်တော့ ရှောင်ကျင်သည် ဆောင်းဦးရာသီ ရေလွှမ်းသည့် ကိစ္စကို စိုးရိမ်သည့်အတွက် သူနှင့် ချန်ချန်းယဲ့တို့က မြင်းစီကာ အခြွေအရံအဖွဲ့ အဖော်လိုက်ပါလာခဲ့ပြီး မြို့အပြင်ဘက် ဆင်ခြေဖုံးနေရာများကို သွားကာ ပျန့်မြစ်ကို စစ်ဆေးလိုသည်။
အပြန်လမ်းတွင် ရက်ပေါင်းများစွာ မိုးဆက်တိုက် ရွာသွန်းခဲ့သည့်အတွက် လမ်းက အနည်းငယ် ရွှံ့ထူနေ၏။
ရှောင်ကျင်က အနည်းငယ် ပြုံးကာ ပြောလိုက်၏။
“အရှင့်ရဲ့ မြင်းစီးစွမ်းရည်က အများကြီး တိုးတက်လာတာပဲ”
သူ ပြောခဲ့သည့် တိုးတက်လာခဲ့သည်ဆိုသော စကားမှာ အစောပိုင်းက မြင်းကို မည်သို့စီးရမည် မသိသည့် နူးညံ့သိမ်မွေ့သည့် မင်းသမီး၏ မြင်းစီးစွမ်းရည်ကို ဆိုလိုခြင်းပင်။
“ကျွန်တော် ဒါနဲ့ အသားမကျသေးပါဘူး။ ခရီးဝေး မြင်းစီးတဲ့အခါ ခါးနာနေသေးတယ်။ ရှောင်စစ်ခို့ ကျွန်တော်တို့တွေ မြင်းပေါ်ကနေဆင်းပြီး ခဏလောက် လမ်းလျှောက်ကြမလား”
ချန်ချန်းယဲ့သည် ရှက်ရှက်ဖြင့် ပြောလိုက်သည်။
ရက်အနည်းငယ် အတူတူ ကုန်ဆုံးခဲ့ပြီးနောက်တွင် ချန်ချန်းယဲ့အပေါ် သဘောထားသည့် ရှောင်ကျင်၏ သဘောထားက အများကြီး ပြောင်းလဲလာခဲ့၏။
ချန်ချန်းယဲ့သည် ဇီဇာမကြောင်တတ်သည့်အပြင် သိမ်မွေ့ပြီး နှိမ့်ချတတ်သည့် ကိုယ်ရည်ကိုယ်သွေးတစ်ခုကို ပိုင်ဆိုင်သည်ကို တွေ့ခဲ့ရသည်။ သူသည် တစ်ခုခု နားမလည်သည့်အချိန်တိုင်း အကြံအဉာဏ်ကို နိမ့်နိမ့်ချချ တောင်းခံတတ်ပြီး ထောင်လွှားတတ်သည့် အမူအရာတစ်ခုဖြင့် ဘယ်တော့မှ အမိန့်ပေးခဲ့ချေ။
တကယ်လို့ ကိုယ့်အပေါ်မှာ တစ်ခြားသူတွေရဲ့ အမြင်ကို ပြောင်းလဲချင်တယ်ဆိုရင် ကိုယ့်ဟာကိုယ် သနားစရာ လုပ်ပြီး ခေါင်းငုံ့ထားတာက အလကားပဲ။ တစ်ဖက်လူကို အရင်ဆုံး ချဉ်းကပ်ပြီး ကိုယ့်ရဲ့ခွန်အားကို သေသေချာချာလေး ပြသတာကမှ ထိရောက်တဲ့နည်းလမ်းပါ။
သူမသည် ခဏလောက်တော့ နှေးကွေးနေတတ်သော်ငြားလည်း ချန်ချန်းယဲ့သည် ပြောထားသည့် စကားကို တည်တတ်သည်။ ဇွဲလုံ့လရှိသည့် သူတစ်ယောက် ဖြစ်လေသည်။
အိမ်ပြန်ရမည့် သူမ၏ မျှော်လင့်ချက်က နည်းပါးနေပြီး တချို့ကိစ္စများက ရှောင်လွှဲဖို့ရန် မဖြစ်သည်ကို သိသွားပြီးကတည်းက သူမရှေ့က လောကကြီးကို တက်တက်ကြွကြွ လက်ခံဖို့ရန် စတင်ဆုံးဖြတ်လာတော့သည်။
လူနှစ်ယောက်သည် မြင်းကို ဦးဆောင်လာပြီး ဖြည်းဖြည်းချင်း ဆက်လျှောက်လာ၏။
လမ်းတစ်ဖက်တစ်ချက်တွင် စွန့်ပစ်ထားသည့် လယ်မြေများစွာ ရှိလေသည်။ ပေါင်းမြက်များကလည်း ထွန်ယက်မထားသည့် မြေပေါ်တွင် တောထနေတော့သည်။
လယ်ကန်သင်းရိုးများကသာ ဒါသည် တစ်ချိန်က စိုက်ပျိုးရေးမြေတစ်ခု ဖြစ်သည်ဟု သက်သေပြနေ၏။
“လူတွေအများကြီးက ဆာလှောင်မွတ်သိပ်နေကြတာ။ ဒါပေမဲ့ ဒီနေရာမှာ စွန့်ပစ်ထားတဲ့ မြေဧရိယာတွေကတော့ အများကြီးပါပဲလား။ ကျွန်တော်တို့တွေက အဲ့ဒီကပ်ဘေး ဒုက္ခသည်တွေကို စွန့်ပစ်ထားတဲ့ ဒီမြေတွေကို ပြန်ခွဲဝေပေးလို့ မရနိုင်ဘူးလား”
ပြည်တွင်းရေးက အလွန်မှ ရှုပ်ထွေးပွေလီသည့် ကိစ္စတစ်ခုဖြစ်ကြောင်း ချန်ချန်းယဲ့က သိလေသည်။ သူမသည် မသိသေးသည့် အကြောင်းအရာကိစ္စ သေချာပေါက် ရှိရမည်။ ထို့ကြောင့် သူမက အဖြေမလိုသည့် မေးခွန်းကို မေးမည့်အစား မေးခွန်းကို စာကြောင်းတစ်ခု အနေအဖြစ် အသုံးချလိုက်လေသည်။
“ဒီမြေတွေက ပြည်သူပိုင်မြေတွေလေ။ ဒါပေမဲ့ စစ်ပွဲက နှစ်ပေါင်းများစွာ ဖြစ်လာခဲ့တာ။ နယ်စားမင်းတွေကလည်း ဆက်တိုက်ပြောင်းလဲခဲ့တယ်။ မြေကို စိုက်ပျိုးဖို့ ဆိုတာက တည်ငြိမ်တဲ့ အခွန်ခနှင့် လုပ်အားတွေ လိုအပ်တယ်။ ရလဒ်အနေနဲ့ လူတွေက နေရာမျိုးစုံကို ထွက်ပြေးခဲ့ကြပြီး ဘယ်သူကမှ စိုက်ပျိုးချင်စိတ် မရှိကြဘူးလေ”
“ပြည်သူပိုင်မြေ ဟုတ်လား”
ရှောင်ကျင်က သစ်ကိုင်းတစ်ခုကို ချိုးလိုက်ပြီး မြေပေါ်တွင် စတုရန်းကွက်တစ်ခုကို ဆွဲလိုက်လေသည်။ သူက သစ်ကိုင်းကို ပြန်မလိုက်လေပြီး မြေကြီးပေါ်တွင် ထောက်ပြလိုက်ကာ
“လယ်တစ်ကွက်ဆိုတာ အလျားနဲ့အနံ ခြေလှမ်းပေါင်းတစ်ရာ ရှိပါတယ်”
သစ်ကိုင်းများကို စတုရန်းပုံ၏ လေးဘက်လေးတန်တွင် ဆက်လိုက်ပြီး စတုရန်းပုံ လေးကွက်ပေါ်လာခဲ့သည်။
“လယ်ကွက် ကိုးကွက်က ရေတွင်းတစ်ခု ဖြစ်လာခဲ့ပြီး ဒါကို အိမ်ထောင်စု ရှစ်ခုကို ပေးထားတယ်။ အလယ်တစ်ခုက ပြည်သူပိုင်မြေပဲ။ ပတ်ဝန်းကျင်မြေကတော့ ကိုယ်ပိုင်မြေတွေပေါ့။ အိမ်ထောင်စု ရှစ်ခုလုံးက ပြည်သူပိုင်မြေကို အတူတူ ထိန်းသိမ်းပြီး အလုပ်လုပ်ရတယ်။ ပြည်သူပိုင်မြေယာကို ပြီးစီးအောင် လုပ်ပြီးမှ သူတို့တွေက ကိုယ်ပိုင်ကိစ္စတွေကို လုပ်ရဲကြတယ်”
“ဒါကို စိတ်ကူးကောင်းတစ်ခုလိုပဲ။ အလယ်က ပြည်သူပိုင် အပိုင်းကို ပြီးစီးအောင် စိုက်ပျိုးနိုင်သရွေ့ ကိုယ်ပိုင်လယ်ကွက်တွေကို စိုက်ပျိုးနိုင်တယ်။ ဝင်ငွေကလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်ဝင်ငွေ ဖြစ်လာခဲ့မယ်”
ချန်ချန်းယဲ့သည် သစ်ကိုင်းချင်း ခွဲခြားထားသည့် ရေတွင်းပုံစံ အကွက်ဘေးတွင် ဆောင့်ကြောင့် ထိုင်ချလိုက်ကာ စဉ်းစားလိုက်လေသည်။ ဒီတော့ ဒါက ရေတွင်းလယ်ကွင်း systemပေါ့။
နန်းတွင်း အတွင်းပိုင်းထဲတွင် ကြီးပြင်းလာခဲ့သည့် ဒီမင်းသမီးသည် တစ်ခါတစ်ရံ အလွန်မှ ရိုးအပြီး သာမာန်အတွေးအခေါ်ပင် ကင်းမဲ့သော်ငြားလည်း တစ်ခါတစ်ရံကျတော့ အလွန်မှ ထက်မြက်သည်ဟု ရှောင်ကျင်ဟု သိရှိလိုက်ရသည်။
သူမသည် ပြဿနာတစ်ခု၏ အဓိက အချက်အလက်များကို တိတိကျကျ ချုံငုံသုံးသပ်နိုင်သည့်အပြင် တချို့သော အံ့ဩစရာကောင်းသည့် ပိုကောင်းမွန်သည့် စိတ်ကူးများကို ကြံဆနိုင်သည်။
ထို့ကြောင့် သူ့မှာ မနေနိုင်တော့ဘဲ အသေးစိတ် အချက်အလက်ကို ရှင်းပြရတော့သည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ အဓိက အကြောင်းပြချက်က သတ်သတ်မှတ်မှတ် အရှင်သခင်တစ်ယောက် သေချာပေါက် ရှိဖို့လိုပြီး တိုင်းပြည်ကလည်း စစ်မက်မဖြစ်ပွားသလောက် အခြေအနေရှိမှပဲ ရမယ်။ ရေတွင်းလယ်ကွင်းတွေကို စိုက်ပျိုးပြီး အခြားအသေးအဖွဲ လုပ်အားတာဝန်တွေကို ဆောင်ရွက်နေရတဲ့ ပြည်သူတွေအနေနဲ့ တစ်သက်လုံး စစ်ဘက်ဆိုင်ရာ အခွန်တွေနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း တာဝန်ယူရသေးတယ်။ မကြာခဏဆိုသလို စစ်မက်ဖြစ်သွားတာက လေးလံတဲ့အခွန်ဝန်ကို ဖြစ်စေတဲ့အပြင် ယောက်ျားသား အရေအတွက်ပေါင်း များစွာက အသက်ဆုံးရှုံးခဲ့ရသလို တစ်ခါတစ်လေ ရန်သူစစ်တပ်ထဲမှာ ကျွန်တွေ ဖြစ်သွားကြတယ်”
“အမှန်ပဲ”
ချန်ချန်းယဲ့သည် သူမ၏လက်ကို ဆန့်လိုက်ပြီး ရေတွင်းပုံစံ စာလုံးကို ထောက်ပြလိုက်သည်။
“ဒီအပြင် သူတို့ဆီမှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိဘူးလေ။ သူတို့တွေက ပြည်သူပိုင်မြေကို စိုက်ပျိုးကြတဲ့အခါ ပျင်းရိလေးတွဲပြီးတော့ အချိန်ဆွဲထားနိုင်တယ်။ ဒါပေမဲ့ သူတို့တွေက သူတို့တွေရဲ့ ကိုယ်ပိုင်မြေကိုကျ ဂရုတစိုက် စိုက်ပျိုးထားမယ်။ မြေကို တိုင်းပြည်က ပိုင်တာ။ သူတို့က ဒါကို ဝယ်လို့လည်း မရသလို ရောင်းလို့လည်း မရဘူး။ စိုက်ပျိုးရေးအကြောင်း သိကြတဲ့သူတွေက အများကြီး စိုက်ပျိုးရသလို စိုက်ပျိုးရေးအကြောင်း မသိကြတဲ့သူတွေကလည်း မြေအများကြီးကို စိုက်ပျိုးနေရတယ်”
ကျန်းဖုက သူ့အင်္ကျီလက်ကို ဖြန့်လိုက်ကာ ဦးညွှတ်လိုက်လေသည်။
“အရှင် အရှင့်ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းရည်က တကယ့်ကို ထူးခြားလှပေတယ်။ ကျွန်တော်မျိုးက အရှင်နဲ့ မနိူင်းယှဉ်နိုင်ပါဘူး”
“လောင်ရှောင် ကျန်းဖုဆီက ဒီပရိယာယ်တွေကို မသင်မိစေနဲ့နော်”
ချန်ချန်းယဲ့က ပြုံးကာ သူမ၏လက်ကို မြှောက်ပြီး ခေါင်းညိတ်လိုက်လေသည်။
“ခင်ဗျားက ကျွန်တော်ရဲ့စိတ်ထဲမှာတော့ ဆရာတစ်ပိုင်းလိုပါပဲ။ ခင်ဗျားက ကျွန်တော် ယုံကြည်နိုင်ပြီး အားကိုးနိုင်တဲ့ တစ်ဦးတည်းသော သူပါပဲ”
စီးပွားရေးလုပ်ငန်းမှာ အချင်းချင်း ဘယ်လို ချီးမွှမ်းရမယ်ဆိုတာကို အားလုံးက သိထားပါတယ်။ ငါလည်းပဲ အဲ့ဒီလို လုပ်နိုင်တာပဲလေ။
ရှောင်ကျင်သည် နက်နက်နဲနဲ ခံစားလိုက်ရပြီး စိတ်ရင်းအတိုင်း အသံပြုလိုက်လေသည်။
“လူကြီးမင်းကျန်းက သူ့ခေတ်အခါမှာ ရှားပါးတဲ့ လူတစ်ယောက်ပါ။ ပြိုင်ဘက်ကင်းနဲ့ အသိပညာနဲ့ နည်းပရိယာယ်များစွာကိုလည်း သိထားပါတယ်။ အရှင်က အခုတလော သူ့အပေါ် ဘာဖြစ်လို့ အဲ့လောက်ထိ အေးစက်နေတာလဲ”
“သူက တစ်ချိန်လုံး ပြုံးနေတယ်လို့ ထင်ရပေမဲ့လည်း တကယ်တမ်းကျတော့ အရမ်းကို မောက်မာတယ်လေ။ သူက ကျွန်တော့်ကို မကြိုက်ဘူး။ ဒီတော့ ကျွန်တော် သူ့အပေါ် အရမ်းကို အေးစက်နေလည်း ကျွန်တော့်အတွက်တော့ ဘာမှမဖြစ်ပါဘူး။ သူ့ကို ခဏလောက် ဒီအတိုင်း လွှတ်ထားလိုက်တာက ပိုကောင်းပါတယ်။ သက်ရောက်မှုက ပိုပြီးတော့တောင် ကောင်းချင်ကောင်းဦးမယ်”
ကျန်းဖု၏ နီလာခရမ်းရောင်ကို ငါ့အပေါ် သစ္စာရှိခြင်းဆိုပေမဲ့လည်း ဒါကို အချိန်တိုအတွင်း ရမယ်လို့ တော့ မထင်ဘူး။
ရှောင်ကျင်ကလည်း သူ့ဘာသာ ပြန်စဉ်းစားလိုက်၏။
ကြည့်ရတာ မင်းသမီးက ထက်မြက်တဲ့အပြင် ထိုးထွင်းသိမြင်ဉာဏ်ရှိတာပဲ။ ဒီ့အပြင် သူ့လက်အောက်ငယ်သားတွေကို အုပ်ချုပ်ဖို့ ကိုယ်ပိုင်နည်းလမ်းရှိထားပြီး သူ့ရဲ့အပေါ်လည်း ထူးခြားတဲ့အမြင်တစ်ခု ပိုင်ဆိုင်ထားတယ်။ မိန်းကလေးတစ်ယောက် ဖြစ်နေတာက နှမြောစရာပဲ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူက ငါတို့ သာ့ကျင်းအတွက် ဉာဏ်ပညာကြီးမားတဲ့ အုပ်ချုပ်သူတစ်ယောက် တကယ် ဖြစ်လာနိုင်တယ်။
ဒီအခိုက်အတန့် ရှီရှန်းက လနတ်ဘုရား ရေပူစမ်းထဲတွင် မော့ချောင်ရှန်းသည် တစ်ယောက်တည်း ရေစိမ်နေလေသည်။ အနားတွင် သခင် မရှိသဖြင့် သူသည်ရုတ်တရက် ဆိုသလို ရေကို ကြောက်စိတ် ဖြစ်လာခဲ့၏။ သူသည် လက်ကို အသာအယာဆန့်ကာ လက်ရန်းကို တင်းနေအောင် ဆန့်ထားပြီး သူ၏စိုးရိမ်ပူပန်မှုကိုလည်း တစ်ခြားသူကိုလည်း မသိစေချင်ပေ။
ရှောင်းရှို့က ရေကန်ဘေးတွင် ဒူးထောက်ထိုင်ကာ သူ့ကို ပျင်းရိငြီးငွေ့စွာ ကြည့်နေလေသည်။
“ချောင်ရှန်း ငါ့အထင်တော့ မင်းလည်း တော်တော်လေးကို ကောင်းနေပါပြီ။ သခင်က ငါတို့ကို ဘာဖြစ်လို့ နေ့တိုင်း ဒီကို ပို့နေတာလဲ။ အခုတလော ဘယ်ချွဲ့နွဲ့တတ်တဲ့ကောင်မက ငါတို့သခင်ကို အဖော်ပြုပေးနေလဲ မသိဘူး။ ရုပ်ဆိုးတဲ့ ဟိုညီအစ်မနှစ်ယောက်တော့ မဟုတ်လောက်ပါဘူးနော်”
မော့ချောင်ရှန်း: “ နေ့တိုင်း ကျွန်တော့်ကို အဖော်လိုက်လုပ်ပေးခဲ့တဲအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သခင်ရဲ့အမိန့်ကိုလည်း မနာခံလို့ မရဘူးလေ။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် ကျွန်တော်...“
အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် ငါလည်း သခင်နောက်က လိုက်သွားတာ ကြာပြီလေ။
“ရှောင်မော့”
ရှောင်းရှို့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဘယ်သူမှ မရှိသည်ကို မြင်လိုက်ရသောအခါ သူက လေသံကို ပိုတိုးချလိုက်ပြီး ထူးထူးဆန်းဆန်း ပြောလိုက်လေသည်။
“သခင်က မင်းနဲ့အတူတူ ဒီနေရာကို အကြိမ်အများကြီး လာလည်ခဲ့တာပဲ ဟုတ်တယ်မလား”
မော့ချောင်ရှန်း၏မျက်နှာသည် နီမြန်းသွားပြီး အချိန်တော်တော်ကြာမှ သူက ပြောလိုက်လေသည်။
“မဟုတ်ပါဘူး သခင်က ငါ့ကို ဘယ်သောအခါမှ မျက်နှာမလိုက်ခဲ့ပါဘူး”
“မဖြစ်နိုင်ပါဘူး။ သခင်က မင်းလောက် အရမ်းသဘောကျခဲ့တာမျိုး အရင်တုန်းက တစ်ခါမှ မရှိခဲ့ဖူးဘူး”
မော့ချောင်ရှန်းသည် ထပ်ပြီး ဘာမှမပြောတော့ချေ။
“ငါ မင်းကို ပြောလိုက်မယ်နော်”
ရှောင်းရှို့က အနားသို့ကပ်လာကာ တိုးတိုးလေး ပြောလိုက်လေသည်။
“မင်းက သခင့်ကို ခစားပေးဖို့ ဘယ်တုန်းကမှ အရင်ဆုံး မစခဲ့ဖူးဘူး ဟုတ်တယ်မလား”
မော့ချောင်ရှန်းသည် ဇဝေဇဝါ ဖြစ်သွားတော့၏။
“အိုက်ယိုး မင်းဟာလေ ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် ကျေးဇူးကန်းရတာလဲ။ ငါ မင်းကို ဘာပြောပြရမှန်းတောင် မသိတော့ဘူး”
“သခင်က အရမ်းကို သိမ်မွေ့တဲ့သူတစ်ယောက်ပါ။ မင်းက သူ့ကို ခစားပေးဖို့ အရင်ဆုံး မလှုပ်ရှားဘူးဆိုရင် သူကလည်း မင်းကို ဖိအားပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ သခင်က မင်းကို အရမ်းကို တွေးတောစဉ်းစားပေးတတ်တယ်လေ။ မင်းက သူ့ရဲ့ရည်ရွယ်ချက်ကို တကယ်ပဲ မသိဘူးလား”
“မင်းက သခင်ကို မင်းကို ခစားပေးစေချင်နေသေးတာလား”
“ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါ သူနဲ့အတူတူ အိပ်တဲ့အချိန်မှာ သခင်က မင်းအကြောင်း ညည်းညူနေတာလည်း မဆန်းတော့ပါဘူး။ သခင်က အခုတလော ရေပူစမ်းကို မလာတော့ဘူးလေ။ ဒီတော့ ဒါကြောင့်ပဲ ဖြစ်ရမယ်။ မင်းဟာလေ အရမ်းကို တုံးအတာပဲ”
မော့ချောင်ရှန်းသည် သူ့ခေါင်းကို ငုံ့ထားပြီး ပြောလိုက်လေ၏။
“သခင်က ... သူ တကယ်ပဲ အဲ့ဒီလို ပြောခဲ့တာလား”
“မင်းကလေ သခင်ရဲ့ အကြင်နာတရားနဲ့ကို မထိုက်တန်တာပါ”
“ကျွန်တော်က ...“
ရှောင်းရှို့နှင့် မော့ချောင်ရှန်းတို့သည် မြို့ထဲသို့ ပြန်ရောက်လာသည့်အချိန်တွင် လူအုပ်ကြီးတစ်ခုက မြို့ပြင်က တံတိုင်းအောက်တွင် တည်ထားပြီး ဆန်ပြုတ်တဲဆီသို့ အလုံးအရင်း ပြေးသွားသည်ကို မြင်လိုက်ရလေသည်။ တစ်ခုခု ဝမ်းသာစရာ ဖြစ်ပျက်နေသည့်နှယ်ပင်။
သူတို့သည် လျှောက်ဝင်လာသည့်အချိန်တွင် သူတို့၏သခင် ကျင်းယွဲ့ဟိုသည် ဆန်ပြုတ်တဲထဲတွင် လူကိုယ်တိုင် ဆန်ပြုတ်များကို ဝေငှပေးနေသည်ကို မြင်လိုက်ရသည်။
ချန်ချန်းယဲ့သည် ခေါင်းပေါ်တွင် ရွှေဆံထိုးတစ်ခုကို ထိုးထားပြီး လပြည့်ဝန်းလို မျက်နှာလေးကို ပိုင်ဆိုင်ထားကာ ဟူဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ချွေးထွက်အောင် အလုပ်များနေသည်။ သူ၏ချောမောပြီး ဖြူဖွေးလွန်းသည့် မျက်နှာလေးက နီမြန်းလွန်းနေ၏။
သူ့ထံမှ ဆန်ပြုတ်တစ်ပန်းကန် လက်ခံရရှိခဲ့သည့် လူများအားလုံးသည် မျက်ရည်ကျသည်အထိ စိတ်ထဲတွင် ခံစားမိကြကာ သူတို့အများစုသည် လေးစားမှုကို ပြသပြီးသည့်နောက်တွင် မျက်လုံးထဲတွင် မျက်ရည်များဖြင့် ထွက်ခွာသွားလေသည်။
“နယ်စားမင်းက အရမ်းကို ကြင်နာတတ်တဲ့ နှလုံးသား ရှိပါပေတယ်။ သူက ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ ဗောဓိသတ်တစ်ပါးလိုပါပဲ”
“နေ့တိုင်း ငါတို့ကို ဆန်ပြုတ်လာဝေပေးတယ်”
“ ငါတို့တွေကိုတော့ ကယ်တင်ခံရပါပြီ”
“သူ့ကို လူတွေရဲ့ နယ်စားမင်းအဖြစ် တစ်သက်လုံး ရှိသွားစေချင်တယ်”
မော့ချောင်ရှန်းနှင့် ရှောင်းရှို့တို့သည် အလောတကြီး ရှေ့သို့ ပြေးဝင်လာကြကာ ကိုယ့်ကို ဝပ်တွားပြီး နူတ်ဆက်ကြလေသည်။
ချန်ချန်းယဲ့က ချွေးများကို သုတ်လိုက်ပြီး သူတို့ကို တွဲထူလိုက်ပြီးနောက် သူတို့ကို ဘယ်တစ်ဖက် ညာတစ်ဖက် တွဲထူပေးလိုက်သည်။
“အခုအချိန်ကစပြီး မင်းတို့တွေ နယ်စားမင်းကို ဝပ်တွားပြီးတော့ နူတ်ဆက်စရာ မလိုဘူး။ တကယ်တမ်း လုပ်ဖို့လိုအပ်လာမယ်ဆိုရင်လည်း ဒီအတိုင်း ဒူးထောက်ပြီးတော့ နှုတ်ဆက်ကြပါ”
ရှောင်းရှို့က ခြေလေးဆန့်ကာ ပြောလိုက်လေသည်။
“သခင်ရယ် ဘယ်လိုလုပ်ပြီးတော့ ဒီလိုကိစ္စတွေကို လုပ်နေရတာလဲ။ နေ့တိုင်း ဒီနေရာကို လာတာဆို”
“အင်းလေ အခုလောလောဆယ် ငါ့မှာလည်း လုပ်နိုင်တာ ဘာမှရှိတာမှ မဟုတ်ပဲ။ လုပ်နိုင်တဲ့အရာကိုပဲ အရင်ဆုံး လုပ်ရတာပေါ့”
ချန်ချန်းယဲ့သည် သူမ၏ အေပရွန်ကို ချွတ်လိုက်ပြီး သူမဘေးက အရာရှိကို ဇွန်းလှမ်းပေးလိုက်လေသည်။
“ဟုတ်ပြီ ဒီနေ့တော့ လုံလောက်သွားပြီ။ ငါ မင်းတိုနဲ့အတူတူ လိုက်ပြန်မယ်”
သူမသည် ရှောင်းရှို့နောက်တွင် ရပ်နေသည့် မော့ချောင်ရှန်းကို သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ပြီး သူ၏ဘာခံစားချက်မှ မပါသည့် မျက်နှာပေါ်တွင် ထူးဆန်းသည့် စိတ်ခံစားချက်များကို မြင်နေရသည်။
ဒီကောင်လေး ရှောင်မော့ကတော့ သူ့ကိုယ်သူ ဘယ်လို အစွဲအလန်းမျိုးထဲမှာ ဆွဲသွင်းထားပြန်ပြီလဲ မသိဘူး။
တစ်ချက်ကြည့်လိုက်ရုံနဲ့ ခံစားချက်ကို ထိုးဖောက်မြင်နိုင်တဲ့ ဒီစွမ်းရည်က အားသာချက်လည်း ရှိသလို အားနည်းချက်လည်း ရှိတာပဲ။ ဒါပေမဲ့ သူ့ရဲ့အရောင်အဝါတွေက အရမ်းကို နှစ်လိုဖွယ်ရှိတာဆိုတော့ ငါလည်း ဒါကို လျစ်လျူရှုထားဖို့ မတတ်နိုင်လေဘူး။
“ရှောင်မော့ သက်သာရဲ့လား။ ငါ မနက်ဖြန် အားတယ်။ အချိန်ပေးပြီးတော့ မင်းတို့နဲ့အတူ ရေပူစမ်းကို လိုက်ခဲ့ပေးမယ်”
ထိုစကားကို ပြောလိုက်ပြီးသည့်နောက်တွင် ဒါက နှစ်သိမ့်ပေးနိုင်သည့် အကျိုးသက်ရောက်မှု မရှိခဲ့ကြောင်းကို တွေ့လိုက်ရလေသည်။
ထို့အစား မော့ချောင်ရှန်းသည် ပိုလို့ပင် စိုးရိမ်လာကာ ပဋိပက္ခဖြစ်သွားလေတော့သည်။
ဒုတိယနေ့ ညပိုင်းတွင် ချန်ချန်းယဲ့သည် ပြီးခဲ့သည့် နှစ်ရက်တာ ကာလက သူမ၏ ပင်ပန်းနေသည့် ကြွက်သားများကို အပန်းဖြေဖို့ရန် လနတ်ဘုရားမ ရေပူစမ်းထဲတွင် ကောင်းကောင်းလေး ရေစိမ်နေလိုက်သည်။
သူမသည် ကမ်းပေါ်သို့ ပြန်လျှောက်လာလိုက်ပြီး သူမ၏ ခါးပေါ်က ခါးစည်းကြိုးကို တင်းနေအောင် ချည်ထားလိုက်ပြီးနောက် သူမ၏အဝတ်အစားကို ဝတ်လိုက်ကာ ရေထဲက မျက်လုံးကို စည်းထားသည့် ခေါင်းလေးကို လှမ်းထိပေးလိုက်သည်။
“မင်း အခုထွက်လာလို့ရပြီ”
“တော်တော်လေးကို စိတ်အပန်းပြေတာပဲ”
ချန်ချန်းယဲ့သည် ရေကန်ဘေးက သလွန်ပေါ်တွင် မှီချလိုက်ပြီး အဖြူရောင်ကျောက်စိမ်း ယမကာအိုးကို လှမ်းကိုင်လိုက်ကာ သစ်သီးယမကာခွက်တစ်ခွက်ကို လောင်းထည့်လိုက်ပြီး ညနေခင်း နေရောင်အောက်က အနီရောင်သစ်ရွက်သစ်တုံးကို ရှု့စားရင်း တစ်ယောက်တည်း ယမကာ သောက်နေလေသည်။
သူမ နောက်က ရေကန်ထဲက တစ်စုံတစ်ယောက် ထွက်လာသည်ကို ကြားနေရ၏။
သိပ်မကြာခင်မှာပင် သူမ၏အဝတ်အစားအနားက တစ်စုံတစ်ယောက်၏ အသာအယာ ဆွဲခံလိုက်ရသယောင်ပင်။
ချန်ချန်းယဲ့က ခေါင်းကို လှည့်ကြည့်လိုက်သည်တွင် သူမဘေးတွင် ဒူးထောက်နေသည့် မော့ချောင်ရှန်းကို မြင်လိုက်ရ၏။ သူသည် ခါးတွင် ရေချိုးတဘတ်တစ်ထည်ကိုသာ ပတ်ထားပြီး သူ၏ရှည်လျားပြီး မှင်ရည်လို နက်မှောင်နေသည့် ဆံသားများက သူ၏ဗလာကျင်းနေသော ခန္ဓာကိုယ်ပေါ်အတွင် ပျော့ပျောင်းစွာ ကျဆင်းနေလေသည်။
သူသည် ပျာယာခတ်နေသည့်ဟန်ပေါ်ပြီး သူ့လည်ချောင်းများက လိမ့်တက်နေကာ သူမ၏ အင်္ကျီအနားစကို ကိုင်ထားသည့် သူ့လက်များကလည်း မသိမသာ တုန်ယင်နေလေသည်။ သူသည် ရုတ်တရက် ဆုံးဖြတ်ချက် ချထားသည့်နှယ်။ ခေါင်းကို ငုံ့ထားပြီး သူမ၏အင်္ကျီအနားကို မြန်မြန် နမ်းလိုက်လေသည်။
“မင်း ... “
ချန်ချန်းယဲ့မှာ မှင်တက်အံ့ဩသွားတော့သည်။
မော့ချောင်ရှန်းသည် ခေါင်းကို တစ်ဖက်သို့ လှည့်ထားပြီး နှင်းဆီရောင် တိမ်လွှာအပြည့်ဖြစ်နေသည့် သူ့မျက်နှာဖြင့် ခက်ခက်ခဲခဲ ကို့ရိုကားယား ပြောလိုက်လေသည်။
“သခင်... သခင်... ကျွန်တော့်အပေါ် စာနာသနားပေးဖို့ ... မျှော်လင့်မိပါတယ်”
...