အခန်း(၂၉) - အကောင်းဆုံးအသားအဖြစ် အသိအမှတ်ပြုကြသည်
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်စလုံးက သူတို့တစ်ယောက်လျှင် ငွေပြားခြောက်ဆယ်ဆို လုံလောက်တယ်၊ ကျန်ပြားရှစ်ဆယ်ကို ကျိုးတုန်ယူဖို့ နှစ်ယောက်စလုံးကပြောသည်။ နောက်ဆုံးမှာတော့ သူ့ကြောင့်သာမဟုတ်ရင် သူတို့ ဒီလောက်အခကြေးငွေ ရနိုင်မှာ မဟုတ်ဘူး။
တစ်ကြိမ်တည်းဖြင့် ငွေပြားခြောက်ဆယ်ရတာ များပါသည်။ အရွယ်ရောက်ပြီးလူကြီးများ၏ တစ်နေ့တာဝင်ငွေသည်ပင် ငွေပြားလေးဆယ်ခန့်သာရှိသည်ကို သိထားသင့်သည်။ ၎င်းသည် ပျမ်းမျှအားဖြင့် ငွေပြားခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့်အထိ ဝင်ငွေရရှိနိုင်ဖို့ အခွင့်အလမ်းက အလွန်နည်းပါးသည်။
သူတို့ ဆယ်ကျော်သက်တွေဆိုရင် အများဆုံး ငွေပြားနှစ်ဆယ်လောက်သာ ရရှိသည်။
ယခု ဆောင်းစပါးစိုက်ပျိုးနေပြီဖြစ်၍ အလုပ်အားလပ်မည့်အချိန်သို့ပင် ရောက်ရှိလာတော့မည်။ ထိုအချိန်တွင် အလုပ်ကြိုးစားသူ အများအပြားသည် ခရိုင်မြို့ပေါ်၌ ရောင်းချရန် ထင်းရှာဖို့ ရွေးချယ်ခဲ့ကြသည်။
ဒီနည်းလမ်းက သူတို့စုဆောင်းငွေကို ထုတ်သုံးစရာမလိုပဲ သူတို့ရဲ့ မိသားစုအသုံးစရိတ်တွေကို တစ်ဖက်တစ်လမ်းကနေ နည်းနည်း ထောက်ပံ့ပေးနိုင်သည်။
အထူးသဖြင့် သူတို့ဟာ ဆယ်ကျော်သက်အရွယ်ဖြစ်၍ အစားစားချင်စိတ် မြင့်မားသည်။
တစ်နေကုန်အလုပ်အများကြီး လုပ်ရပေမယ့် သူတို့ ငွေအများကြီး မရှာနိုင်ဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ သူတို့က ငွေပြားခြောက်ဆယ်ရရှိခဲ့ပြီး ဒါက တော်တော်လေးများပြားပါသည်။
ထို့နောက် သူတို့က မနက်ဖြန်ရော လိုအပ်လားလို့ မေးလိုက်သည်။
ကျိုးတုန်က ပြန်စဥ်းစားကြည့်သည်။ သူ့ရှန်းကျီက ထင်းစည်းများကို ရသလောက် အကုန်ယူဦးမယ်လို့ပြောလိုက်သေးတယ်။
ကျိုးတုန်က သူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ပြန်ဖြေသည်။ ထိုအဖြေကိုကြားတော့ လုပ်ဖောက်ကိုင်ဖက် နှစ်ယောက်စလုံးရဲ့ မျက်လုံးတွေက တောက်ပလာပြီး မနက်ဖြန်တွင်လည်း ဒီနေ့အချိန်လောက်သွားဖို့ သဘောတူလိုက်ကြသည်။ မနက်ဖြန်ကျရင် ဒီနေ့ထက် များများပိုစုဆောင်းနိုင်ရမည်။
ယနေ့ သူတို့သားဖြစ်သူ၏ ဝင်ငွေအကြောင်းကို ကြားသိရသောအခါတွင် မိသားစုတိုင်း ဝမ်းသာကြည်နူးကြသည်။ သူတို့က ဒီအကြောင်းကို အပြင်မှာပြန်မပြောဖို့ တပြိုင်နက်တည်း ဆုံးဖြတ်လိုက်ကြသည်။
သူတို့စီက ဒီအကြောင်းစကားထွက်တာကိုသိရင် လင်းချင်းဟယ် မကျေမနပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ။
တစ်ရွာလုံးကိုကြည့်လိုက်ရင်တောင် သူမလို စေတနာကောင်းတဲ့သူ ဘယ်သူမှရှိမှာ မဟုတ်ဘူး။ သူတို့ ရိက္ခာဝေစု ရရှိသော်ငြား မကြာမီအချိန်မှာပင် ဆောင်းဝင်တော့မှာဖြစ်သည်။ ဆောင်းရာသီကျော်လွန်သွားသည်နှင့် ရိက္ခာများ ပြတ်တောက်သွားသည့်အချိန်ကာလတစ်ခု ဖြတ်သန်းရသည်။ အခုက အားလပ်နေတဲ့အချိန်အခါဖြစ်တော့ တတ်နိုင်သမျှ ငွေကြေး စုဆောင်းထားရလိမ့်မယ်။ မကြာမီ ဆောင်းဝင်တော့မှာဖြစ်၍ ဒီလိုမျိုးရက်က အများကြီး မကျန်တော့ဘူး။
ထင်းစည်းအမြောက်အများကို နေ့တိုင်း ပို့ဆောင်ပေးလေသည်။ ကျိုးချင်းပိုင် မိသားစုအတွက် ဆောက်ပေးထားတဲ့ ထင်းတဲမှာ နေရာမကျန်တော့ဘူး။ လင်းချင်းဟယ်က ကျိုးတုန်ကို အိမ်နောက်ဖေးကွက်လပ်မှာ ထင်းစည်းတွေကို ပုံခိုင်းပြီး ကောက်ရိုးတွေနဲ့ ဖုံးထားလိုက်သည်။ ယခုအချိန်တွင် နှင်းများထူထပ်စွာ ကျဆင်းနေပြီး မိုးဒဏ်ကိုလည်း ကာကွယ်ဖို့ လိုအပ်နေပြီဖြစ်သည်။ သေချာပေါက် ဖုံးအုပ်ထားရမည်။
မိုးအကြောင်းကိုပြောရရင် ကျိုးတုန်က ပဥ္စမမြောက် ထင်းလှည်းဖြင့် ပြန်သယ်လာချိန်တွင် ဆောင်းဦးမိုးရွာချလာသည်။
ရွာရှိလူတိုင်းက စပါးစိုက်ပျိုးကြပြီး သဘာဝအတိုင်း မိုးရေလိုအပ်သောကြောင့် ဒီမိုးက အချိန်မှန်ရွာသွန်းတဲ့ ပြီးပြည့်စုံသောမိုးလို့ ဆိုကြပါသည်။
ဆောင်းဦးမိုးရွာသွန်းပြီးနောက် နေ့တိုင်း လုံးဝအေးစက်လာသည်။
လင်းချင်းဟယ်သည် ခုနစ်ဒီဂရီ သို့မဟုတ် ရှစ်ဒီဂရီလောက် ဖြစ်လောက်မည်ဟု ကြိုတင်ခန့်မှန်းထားသောကြောင့် သူမသည် မဆိုင်းမတွပဲ လောင်တ၊ လောင်အာ့နဲ့ လောင်စန်းတို့ကို လုံခြုံစွာထုပ်ပိုးထားသည်။
အကြီးဆုံးမရီးနှင့် တတိယမရီးတို့၏လက်ရာ ဝါဂွမ်းအနွေးထည်များ၊ ဖိနပ်များနှင့် ခြေအိတ်တို့အားလုံးကို သူတို့အား ဝတ်ဆင်ပေးထားသည်။
သူမသည် လောင်တရဲ့ဆွယ်တာအင်္ကျီကို ချည်ထိုးပြီးသွားသောကြောင့် သူမသည် ဒါကို လောင်တအား ပထမဦးဆုံး ဝတ်ဆင်စေသည်။ လောင်တသည် ထိုအဝတ်အစားအသစ်အတွက် မဖြစ်မနေ အပြင်သို့ ထွက်ကြွားကိုကြွားရမည်။
ငါးရက်ဆက်တိုက် မိုးရွာသွန်းပြီးနောက် ဆောင်းစဝင်လေပြီ။ လင်းချင်းဟယ်သည် သူ့ကို ဒီအတိုင်း ထားလိုက်သည်။ အိမ်မှာ ထင်းမီးအတွက် ကျိုးတုန်က ဒီရက်ပိုင်းမှာ အများဆုံး ၁၃ထုပ် ၁၄ထုပ် အနည်းဆုံး ၁၁ထုပ် ၁၂ထုပ် ပြန်သယ်နိုင်လာသည်။ ဆယ်ကျော်သက်ကောင်လေးများသည် အားအင်များ ပြည့်နှက်နေပြီး ဒါက သူတို့အတွက် ရှားရှားပါးပါးအခွင့်အရေးဖြစ်သောကြောင့် ကြိုးစားကြလေသည်။ ဒါကြောင် ငွေရှာဖို့ အချိန်ကိုအကျိုးရှိစွာ အသုံးချကြသည်။
ရက်ပေါင်းများစွာ ထင်းဆက်တိုက်တိုက်ပြီးသောအခါ အိမ်တွင် ထင်းအလုံအလောက် စုပုံလာခဲ့သည်။
အနွေးကုတင်ကို အပူပေးပြီး အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ ထင်းဖြုန်းတီးမိရင်တောင် လုံလုံလောက်လောက် မရှိမှာကိ စိုးရိမ်စရာ မလိုတော့ဘူး။
အဘယ်ကြောင့်ဆိုသော် သူမ ထင်းကို အများကြီးသုံးစွဲခဲ့ရင်တောင် ထင်းတစ်စည်းကို နှစ်ရက်ကြာ အသုံးပြုနိုင်သည်။ အသုံးမပြုရသေးသော ကျောက်မီးသွေး အိတ်တစ်ဝက်လည်း ကျန်ရှိသေးသည်။ စုဆောင်းထားတဲ့ထင်းတွေက လုံလောက်နေပြီဖြစ်သည်။
အိမ်မှာ စားစရာတွေနဲ့ ထင်းတွေရှိတယ်။ ဒီဆောင်းရာသီမှာ သက်တောင့်သက်သာနေထိုင်နိုင်မှာ သေချာပေါက်ပဲ။
လင်းချင်းဟယ်သည် ဆောင်ဦးမိုးစဲသည့် ပထမနေ့တွင် လောင်တကို အပြင်ထွက်ကစားခွင့်ပေးခဲ့သော်လည်း နောက်တစ်နေ့တွင် သူတို့ကို အိမ်မှာနေခိုင်းဖို့ လိုအပ်ပါသည်။ သူမသည် သူတို့ကို အိမ်မှာ စားစရာတွေ အခိုးခံလိုက်ရရင် စားစရာတွေ မရှိနိုင်တော့ဘူးလို့ ပြောပြသည်။ အဲ့ဒီအချိန်ကျ ချက်ပြုတ်မစားသောက်နိုင်ရင် သူမကို အပြစ်မတင်ဖို့ ဆိုလိုက်သည်။
လောင်တနှင့် လောင်အာ့တို့သည် သဘာဝအတိုင်းပင် အိမ်တွင်သာနေလိုကြောင်း ဆန္ဒထုတ်ဖော်ကြသည်။
နှစ်ကူးကျော်ရင် လောင်တက အသက်ခြောက်နှစ်အရွယ်သို့ရောက်ပြီ။ လင်းချင်းဟယ်၏ နူးညံ့သိမ်မွေ့စွာ သြဇာလွှမ်းမိုးမှုကိုခံရပြီး ဒီရက်ပိုင်းတွင် သူက မိသားစုကို ပိုဂရုစိုက်လာပြီး အခြားဘာကိုမှ သိပ်ဂရုမစိုက်တော့ချေ။
စားစရာတွေကို ကာကွယ်ဖို့ လိုအပ်နေပြီဆိုတာကို သူ သိနားလည်သည်။
သူတို့အမေက ဝယ်လိုအားနှင့် ထောက်ပံ့ရေးသမဝါယအသင်းသို့ အသားဝယ်ဖို့ သွားရန် အကြောင်းကိစ္စရှိတယ်လို့ ကြားလိုက်တာနဲ့ နှစ်ယောက်သား အိမ်စောင့်နေမယ်လို့ပြောကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့တွေက ရက်အနည်းငယ်ခန့်ကြာအောင် အသားမစားရပဲ ဥတွေကလည်း ကုန်လုနီးပါးဖြစ်သောကြောင့်ပင်ဖြစ်လေသည်။
လင်းချင်းဟယ်က နေ့တိုင်း အသားကိုအသုံးမပြုနိုင်ဘူးဆိုတာ ပြောစရာမလို သိပြီးသားဖြစ်နိုင်သည်။ ဆောင်းဦးမိုးမရွာခင် အသားများဝေခြမ်းပေးသော်လည်း သူမ ဘာမှမဝယ်ယူထားသောကြောင့် အကျိုးအကြောင်း မခိုင်လုံနိုင်ပေ။
ဒါ့ကြောင့် သူမ ဒီနေ့ ခရိုင်မြို့ပေါ်သွားဖို့ စီစဥ်ထားသည်။ သူမသည် အမေကျိုးအား သူမအိမ်ကိုစောင့်ပေးဖို့ သေချာပေါက် ခေါ်ခိုင်းခဲ့သည်။
သို့သော်လည်း သူမသည် သူမအခန်းတံခါးကို သော့ခတ်ပြီး အမေကျိုးအား အိမ်တွင် ကလေးတွေကိုစောင့်ကြည့်ပေးရန် တောင်းဆိုခဲ့သည်။
အမေကျိုးက အသားဝယ်မယ်လို့ပြောတာကို ကြားတော့ သူမ မတားမြစ်ဘူး။ သူမမှာ ပိုက်ဆံမကျန်လောက်ဘူးလို့ ထင်ထားသည့်အတွက် အသားဝယ်သွားဖို့ မမျှော်လင့်ခဲ့ဘူး။ အဖွဲ့က အသားဝေခြမ်းပေးတဲ့အခါတုန်းက သူမ ဘာလို့ သွားမဝယ်ခဲ့တာလဲ။
အမေကျိုးမသိတာက လင်းချင်းဟယ်သည် အဖွဲ့မှအသားများကို သွားရောက်မဝယ်ယူရသည့်အကြောင်းမှာ ဝေခြမ်းပြီးကျန်သည့်လက်ကျန်အသားအစအနများကို ရရှိနိုင်သောကြောင့်ဖြစ်သည်။ မိန့်ကျဲနှင့် မခင်မင် မရင်းနှီးသော မူလခန္ဓာပိုင်ရှင်သာလျှင် ထိုအသားများကို လိုချင်လိမ့်မည်ဖြစ်သည်။
အမေကျိုးသည် သူမသားသုံးယောက်ကို အိမ်တွင်ကြည့်ရှုပေးနေသည့်အတွက် လင်းချင်းဟယ်သည် ဝယ်လိုအားနှင့် ထောက်ပံ့ရေးသမဝါယအသင်းတွင် မိန့်ကျဲကို ရှာဖွေခဲ့သည်။
ဒီနေ့ မိန့်ကျဲ အလုပ်ဖြစ်သွားတယ်။ လင်းချင်းဟယ်ပြောပြထားခဲ့သည် သူမရဲ့အထောက်အထားကို စုံစမ်းကြည့်ရာ သူမပြောခဲ့သည့် အထောက်အထားက မမှားယွင်းပါဘူး။ ဒါပေမယ့် လင်းချင်းဟယ်က ပိုက်ဆံသုံးရတာကို နှစ်သက်ပြီး မိသားစုတစ်စုကို ပျက်စီးစေနိုင်သည့် အစားကျူးသည့်မိန်းမတစ်ယောက်လို့ သူမ ကြားခဲ့ရသည်။
သို့သော်လည်း ဒါက မိန့်ကျဲနှင့် မဆိုင်ပါဘူး။ သူမ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ သူမရဲ့ အထောက်အထား မှန်ကန်နေသည့် ကာလပတ်လုံး လုံလောက်တယ်။ သူမ နောက်ဆုံးအကြိမ်က ပေးခဲ့သော နိုင်ငံတစ်ဝှမ်းလုံးတွင် အသုံးပြုနိုင်သော စစ်တပ်ရိက္ခာလက်မှတ်များသည် မှန်ကန်သင့်လျော်သော လမ်းကြောင်းမှ ဖြစ်သည်။
တခြားသူတွေကတော့ လိုအပ်တာမှန်သမျှကိုသာ ဝယ်ယူကြသည်။
လင်းချင်းဟယ်ကို မြင်လိုက်တာနဲ့ ချန်မိန့်သည် သဘာဝအတိုင်း ပျော်ရွှင်နေမိသည်။
“ချင်းဟယ်မိန်း နင် ဒီနေ့ဘာဝယ်ချင်လို့လဲ။ မနေ့က ပုဇွန်ဆိတ်လေးတွေနဲ့ စွံပလွံသီးတွေ ရောက်လာတယ်။ အာဟာရဓာတ် ပြည့်ဝစေဖို့ မင်း နည်းနည်းလောက် ပြန်ဝယ်ချင်လား။” မိန့်ကျဲက နှုတ်ဆက်သည်။
“ဟုတ်ကဲ့ ကျွန်မလိုချင်တယ်။” လင်းချင်းဟယ်ပြောသည်။
“အာ့မိန့် ဒါက မင်းဆွေမျိုးလား။” သူမဘေးက အရောင်းဝန်ထမ်းက မိန့်ကျဲကိုမေးသည်။
“ဟုတ်တယ် ကျွန်မညီမလေးလေ။” မိန့်ကျဲက ပြုံးပြုံလေးပြန်ဖြေသည်။
လင်းချင်းဟယ်သည် အရောင်းဝန်ထမ်းပြောတာကို ကြားလိုက်ရသည်။ “လုပ်ငန်းခွဲ စားစရာလက်မှတ်တွေ ရပြီလား။ မဟုတ်ရင် ပိုစျေးကြီးနိုင်တယ်နော်။”
သာမာန်အခြေအနေအရ လုပ်ငန်းခွဲ စားစရာလက်မှတ်မရှိရင် ဘာမှဝယ်လို့မရဘူး။ ဒါပေမယ့် အရောင်းဝန်ထမ်းက စေတနာရှိတယ်ဆိုရင် အတွင်းပိုင်းရှယ်ယာတစ်ခုရှိတာနဲ့ ကျင်းတစ်ဝက်လောက် ဝယ်လို့ရနိုင်သည်။ ဒီအပိုင်းက လက်မှတ်မရှိရင်လည်း အသိမိတ်ဆွေရှိဖို့တော့ လိုအပ်ပါသည်။
ကယ်စီယမ်ဖြည့်စွက်စာကို လင်းချင်းဟယ်သည် သဘာဝ အစားအစာကနေ အလိုရှိသည်။ အိမ်မှာ တစ်ချို့ရှိပေမယ့် သူမသည် ထိုအရာများကို အရမ်းအထင်မကြီးဘူး။ စွပ်ပြုတ်နဲ့ ဆန်ပြုတ် ချက်ပြုတ်သည့်အခါမှာ လက်ဆတ်ပြီး အာဟာရဖြစ်စေပါသည်။
ထို့ကြောင့် လင်းချင်းဟယ်သည် စွံပလွံသီးများနှင့် ပုဇွန်ဆိတ်လေးများကို ရရှိခဲ့သည်။ ငွေရှင်းပြီးနောက် သူမသည် မိန့်ကျဲနှင့်စကားပြောရင်း အပြင်သို့ထွက်လာခဲ့သည်။
“မိန့်ကျဲ မနက်ဖြန်ကျရင် ညီမအတွက် အသားတစ်ချို့လောက် ဖယ်ထားလို့ ရမလား။” လင်းချင်းဟယ်မေးသည်။
“ဘယ်အမျိုးအစားတွေလဲ။ ဘယ်လောက်ဖိုးလဲ။” မိန့်ကျဲက တိုးတိုးလေးမေးသည်။
“အဆီနည်းအသားတစ်ကျင်း၊ ပြီးတော့ နံရိုးအချို့နဲ့ အရိုးခပ်ကြီးကြီးတွေကိုလည်း ကျွန်မ လိုချင်တယ်။” လင်းချင်းဟယ်သည် ငွေနှစ်ယွမ်နှင့် တစ်ကျင်းတန် အစားအစာလက်မှတ်ကို ထိုးထည့်ပေးရင်း ပြောလိုက်သည်။
“အဆီများတဲ့အသားရော မယူဘူးလား။” မိန့်ကျဲသည် သဲလွန်စအနည်းငယ်ပေးလိုဟန် တီးတိုးရေရွတ်သည်။
အဆီများသောအသားသည် ယခုအချိန်အခါတွင် အကောင်းဆုံးအသားဖြစ်ကြောင်း အသိအမှတ်ပြုကြသည်။
“အဲ့တာရဖို့ ခက်ခဲတယ်မလား။” လင်းချင်းဟယ်သည် အနည်းငယ် တုံ့ဆိုင်းသွားသည်။
သူမလိုချင်တာကို ပြောလိုက်ပေမယ့် အဲ့တာကြောင့် မိန့်ကျဲအား အခက်အခဲတော့ မဖြစ်စေချင်ပါ။
အစ်မမိန်က ပြုံးရယ်ရင်း ပြောသည်။ “ငါ မင်းကို ကျင်းတစ်ဝက်လောက်ရအောင် လုပ်ပေးနိုင်တယ်။”
“ဒါဆို ကျေးဇူးအများကြီးတင်ပါတယ် အစ်မရယ်။” လင်းချင်းဟယ်က ချက်ချင်းပြောဆိုလိုက်သည်။
“မလိုပါဘူးဟယ်။ ငါတို့အိမ်ကကလေးတွေ မင်းကြောင့် အိမ်မှာ ပိုစားနိုင်ခဲ့တယ်လေ။” မိန့်ကျဲက ပြောသည်။
ဒီတစ်ခါ လင်းချင်းဟယ်က သူမကို မည်သည့်အရာမဆို လဲလှယ်နိုင်သည့် လက်မှတ်ကို ပေးလိုက်သည်။ ဒါကို သုံးရတာပိုကောင်းတယ်။ သူမ လိုအပ်တာမှန်သမျှကို နှစ်ယွမ်ထပ်ပေါင်း၍ လဲလှယ်နိုင်သည်။
လင်းချင်းဟယ်သည် သူမရဲ့ တတိယမရီး ကလေးမွေးဖွားပြီးနောက် နို့များများထွက်အောင် ကျွေးချင်သည့်အကြောင်းကို ချိုသာယဥ်ကျေးစွာ ပြောပြသည်။