အပိုင်း ၁၇၅-၁၇၆
Viewers 20k

Part 175


(စာမကျန်ခဲ့ပါဘူးနော် ဒီကနေစတာပါ)


လင်းလန် ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိသဖြင့် ဆောင်းဦးကောက်ရိတ်သိမ်းပွဲတွင် အလုပ်သွားလုပ်ကာ အစားအသောက် တိုးပွား ရန် ကြိုးစားခဲ့သည်။


  

ဟန်ချင်စုန့် အစောပိုင်းက ပြန်ယူလာသော အသားတစ်ဝက်လောက်က စားပြီးသည်မှာကြာလှ လေပြီ။ သူ လက်မှတ်မပါဘဲ တစ်ချိန်လုံး မဝယ်ချင်သည့်အတွက်  အများဆုံး သာမန်အဖွဲ့ဝင်တွေလို ရက်အနည်းငယ်ကြာလျှင် တစ်ခေါက်သွားခဲ့၏။


 လင်းလန်က သူ့ကို အတင်းမခိုင်းပေ။ မည်သို့ပင်ဖြစ်စေ  သူ့ရာထူးက ရှိနေပြီး  ​​သူ့စရိုက်က လိုက်လျောညီထွေ မရှိချေ။ သူ့ကိုအမြဲထိုသို့လုပ်ခိုင်းခြင်းက ကိုယ်ပိုင်အကျိူးအမြတ်အတွက် အာဏာသုံးနေရသည့်ခံစားချက်မျိုးရနေပေလိမ့်မည်။ သို့သော် သူအနေဖြင့်  အထူးအခါသမယများအတွက် ကြိုတင်မှာထားရန် ဆန္ဒရှိနေဆဲဖြစ်သည်။ ဥပမာအားဖြင့် လင်းလန်က သူ့ကို  ဆောင်းဦးပေါက်ပွဲတော်အတွက် ပိုမိုကောင်းမွန်လာစေဖို့ရာ ဝက်ခေါင်း၊ ဝက်လက် ၊ဝက်မြီးစသည်တို့ကို သီးသန့်ဖယ်ထားခိုင်းပြီး  ပုံမှန်ဈေးဖြင့် ဝယ်ထားရမည်ဟု ပြောခဲ့၏။ 


လင်းလန်က ပုံမှန်အားဖြင့်  မိသားစုရှိ ကြက်မ သုံးကောင်မှ ဥထားသော ဥများကို ချက်ပြုတ်စားသောက်လေ့ရှိသည်။ မလုံလောက်ပါက  ကြက်ဥစွပ်ပြုတ်၊ ကြက်ဥပြုတ်နှင့် ဆားရည်စိမ်အသီးအရွက်များကို မိသားစုအားလုံး စားနိုင်စေရန် ပြုလုပ်တတ်၏။


ပါဝင်ပစ္စည်းများမရှိခြင်းကြောင့် အရသာရှိသော အစားအစာကို စားလိုပါက ပိုမိုအားစိုက်ထုတ်ရမည်ဖြစ်သည်။ လင်းလန်၏ အချက်အပြုတ်စွမ်းရည်မှာ များစွာတိုးတက်ကောင်းမွန်လာပြီဖြစ်၏။


ငရိုး,ငအစန်းဝမ်က  ဤအချက်ကို သက်သေပြနိုင်လေသည်။ သူက  တခြားသူတွေ ပျော်ရွှင်စေရန် မုသာစကားပြောခြင်းကို မည်သည့်အခါမှ လုပ်လေ့မရှိပေ။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် ၈လပိုင်း၁၀ရက်နေ့၊ ရက်မတင်မည့်နေ့ကို ရောက်ရှိလာခဲ့၏။


လင်းလန်က အားဝမ် နှင့် မိုင်စွေ့တို့ကို တစ်ရက်ကြိုတင်၍ ပူဇော်ပစ္စည်းများကို ပြင်ဆင်ခိုင်းလိုက်ပြီး  ဟန်ချင်စုန့်အား  သားသတ်အဖွဲ့ဆီသို့ ဝက်ခေါင်း ကြိုမှာရန်ပြောလိုက်သည်။ အစ်ကိုကြီးလင်းက  သူတို့ရွာမှထွက်သော ငါးကြင်းနှစ်ကောင်ကို ပို့ပေးကာ ဟန်ရုံဖန်က ဝိုင်တစ်ပုလင်း ပေးပို့ခဲ့သည်။ 


ပထမချွေးမဟန်က လင်းလန်ကို ပူဇော်ပွဲအတွက်  ငါးကြင်းနှင့် တခြားဟင်းလျာများကို  ချက်ပြုတ်ရန် လာရောက် ကူညီပေးခဲ့ပြီး   အစ်ကိုကြီးဟန်က  အဘယ်ကြောင့် သူမနှင့်အတူတူမလာနိုင်ကြောင်း ရှင်းပြလေ၏။အဖွားကြီးဟန်က  အိမ်မှာ ပြဿနာရှာနေသည်။ 


အစ်ကိုကြီးဟန်က ဟန်ချင်စုန့်ကို အိမ်ဆောက် ကူတင်ရန်  သတ္တိရှိပါက သူမ မြစ်ထဲခုန်ချမည်ဟူ၍ပင်။ 


ထုံးစံအတိုင်း  လင်းလန်က ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ အစ်ကိုကြီးဟန် မလာလျှင် တခြားတစ်ယောက် လာလိမ့်ပေမည်။ ဟန်ချင်စုန့်၏မျက်နှာနှင့် ဆိုပါက လူမရှာနိုင်စရာမရှိပေ။


 သူမ စိတ်မဆိုးသည်ကိုမြင်သောအခါ ပထမချွေးမဟန်က စိတ်သက်သာရစွာ သက်ပြင်းချပြီး လင်းလန်ကို ပူဇော်ပစ္စည်းချက်ပြုတ်ရန် ကူညီသည့်နေရာမှာ  ပို၍အင်တိုက်အားတိုက်လုပ်ခဲ့သည်။


လင်းလန်က မြှောက်လိုက်၏။

 "ယောင်းမ နင့်ရဲ့ ဟင်းချက်စွမ်းရည်က တကယ်ကောင်းတယ်"


အရောင်အဆင်း၊အနံ၊အရသာ အကုန်ကောင်း...

 

ပထမချွေးမဟန်က ပြုံးပြီးဆိုသည်။

 "ဒီလိုအခါမျိုးမှာ  အချိန်နည်းနည်းပေးရမယ်" 

သူမက(ပထမချွေးမ) နေ့စဉ် ချက်ပြုတ်ရသောကြာင့် အင်မတန် စိတ်မပါလက်မပါဖြစ်နေမှန်း လင်းလန် သိ၏။တကယ်တမ်းတွင်  လူတွေအများကြီးရှိပြီး သူတို့ကို ပြင်ဆင်ကျွေးမွေးရသည်ကို သူမ မကြိုက်ပေ။


ထို့အပြင်  အဖွားကြီးဟန်ကလည်း  ဘာလို့ အရသာရှိတာလဲ၊  များလွန်းမနေဘူးလား၊ အစားအသောက်တွေ ဖြုန်းတီးနေတာပဲ အစသဖြင့် မကြာခဏပြောလေ့ရှိသည်။


 ပန္နက်မရိုက်မီတွင်(အိမ်မဆောက်ခင်) ပူဇော်ပစ္စည်းများကို ပူဇော်ရမည်ဖြစ်ပြီး အမွေးတိုင်ထွန်းကာ  စက္ကူကို မီးရှိုခိုင်းရပေမည်။  ထုံးတမ်းစဉ်လာအရ ဘိုးဘေးများကို ဝတ်ပြု၍  အိမ်အသစ်ဆောက်မည်ဖြစ်ကြောင်းပြောပြကာ  ကောင်းချီးပေးရန် ဆုတောင်းရမည်ဖြစ်၏။


 

လင်းလန်အနေဖြင့် ရောမရောက်လျှင် ရောမလိုပြုကျင့်ရပေမည်။ 


အလုပ်မပြီးခင်မှာ လင်းလန်က ဟန်ချင်စုန့်ကို လက်သမားဆရာသုံးယောက်ကို အလုပ်လုပ်ရန့်ခေါ်ခိုင်းလိုက်သည်။ ထိုမှသာ  နေ့ခင်းဘက် အလုပ်ပြီးသည့်အခါ စတင်နိုင်မှာဖြစ်၏။


ရလဒ်အနေဖြင့် အလုပ်ချိန်မပြီးမီတွင် အဖွဲ့ခေါင်းဆောင်က  သန်မာ၊ ကျွမ်းကျင်ပြီး ဂရုတစိုက်ရှိကြသည့် လူငယ်နှင့် လူလတ်ပိုင်း ခြောက်ဦးကို စီစဉ်ပေးခဲ့သည်။ ၎င်းတို့အားလုံးက ဟန်ချင်စုန့်ကို ယခင်တစ်ခေါက်ကမတိုင်မီ အုတ်ကြွပ်များသယ်ရန် ကူညီပေးခဲ့သူများဖြစ်၏။


 လက်သမားဆရာဝမ့် နှင့် ပန်းရန်ဆရာတို့က သက်ဆိုင်ရာခေါင်ချုပ်ကြီးများဖြစ်ကြသဖြင့်  အလုပ်အင်အားကောင်းကောင်းနှင့် ကူညီနိုင်ခဲ့ကြသည်။ သစ်သားကောင်း၊ ခိုင်ခံ့သော အုတ်ချပ်အုတ်ကြွပ်များနှင့်အတူသာဆိုပါက သူတို့သည်  ဗိသုကာပညာရှင်များသကဲ့သို့ပင် ထူးချွန်ပြောင်မြောက်အောင် လုပ်ဆောင်နိုင်စွမ်းရှိ၏။ 


လက်သမားဆရာဝမ့် နောက်တစ်ကြိမ်ထပ်ပြီး မလေးစားမိဘဲမနေနိုင်ပြန်ပေ။


 "ဒါက အိမ်ဆောက်တဲ့နည်းပဲလေ... ကျယ်ပြီးမြင့်တဲ့အိမ်က အခုလိုသစ်သားကောင်းကောင်းမရှိရင် ထောက်ကန်လို့မရဘူး"


သစ်သားကောင်းတွေကလည်း လင်းလန်ကြောင့်ပင်ဖြစ်လေသည်။


 သူမက ဟန်ချင်စုန့်ကို ပိုးကောင်မစားထားသည့်  သစ်သားကောင်းကောင်းကို ဝယ်ရန်ပြောခဲ့သည်။  ယက်မနှင့် မြာတိုင် အဖြစ်သုံးမည့် သစ်သားက ရှည်ရမှာဖြစ်ပြီး ထိုမှသာ  ဆောက်ထားသည့်အိမ်က မြင့်ပြီးကျယ်မှာဖြစ်၏။ ပါးသည့်သစ်များကိုပင် ဒိုင်းအဖြစ်သုံးနိုင်လေသည်။ သစ်သားက ကောက်ရိုးထက် ပိုခိုင်သည့်အတွက် သစ်သားဒိုင်းကို ခပ်ကျဲကျဲထားလိုက်ပါက အိမ်က ပိုတောင့်ပြီး  အုတ်ကြွပ်ပြားတွေ အလွန်လေးပြီး မခံနိုင် မှာ စိုးရိမ်စရာမလိုပါချေ။ 


မှန်ပေသည်၊ ပိုက်ဆံလည်းကုန်၏။


လက်သမားဆရာဝမ်က အနှီသစ်လုံးများကို အလွန်သဘောကျခဲ့ပြီး အသင့်တော်ဆုံး ရှည်ဝိုင်းဝိုင်းသစ်လုံးများကို ယက်မများအဖြစ် ရွေးချယ်ကာ ကျန်သော သစ်များကို  မြာတိုင်၊ပရိဘောဂ၊အမိုးဒိုင်းများ စသည်တို့အဖြစ်ထားခဲ့သည်။


 ယက်မတွေ တပ်ဆင်ပြီးနောက် မြာတိုင်များကို စဥ်၏။ ၎င်းနောက် ဒိုင်းတွေ  တပ်ဆင်ကာ အဝါရောင်ရွှံ့များ ကပ်လိုက်၏။


နောက်ဆုံးတွင် အုတ်ကြွပ်ပြားများဖြင့် အုပ်လိုက်သည်။


ဟန်ချင်စုန့်က သူတို့ကို ထိုဟာ အရင်လုပ်ခိုင်းပြီး ကျန်တာကို သူဘာသူလုပ်လေ၏။


 ဟန်ချင်းယွမ်က ပြောလိုက်သည်။

 "တတိယအစ်ကို...ကျွန်တော်တို့ကိုပစ်ပယ်နေ တာတော့ မဟုတ်ဘူးမလား... ကျွန်တော်တို့အလုပ်လုပ်တဲ့နေရာမှာ ဘယ်လိုလုပ်အဖျားရှူးသွားလို့ရမှာလဲ... နောက်ပြီး ကျွန်တော်တို့ အနာဂတ်မှာ အိမ်တစ်လုံးဆောက်ရမှာလေ... ဒါကြောင့် တတိယအစ်ကိုကို နှောက်ယှက်ရမယ် မဟုတ်လား"


 လူတိုင်းက ဟုတ်တယ်ဟုဆိုကြ၏။


ဟန်ချင်စုန့်က ဘာမှပြန်မပြောဘဲ လင်းလန်ကို ဝက်ခေါင်းကို ဝေပေးပြီး သူတို့ကို တစ်ပုံစီ  ပြန်ယူသွားခိုင်းရန် ပြောလိုက်သည်။ 


 ဆောင်းဦးကောက်ရိတ်သိမ်းရာသီမှာ အလုပ်ရှုပ်နေကြသည့်အတွက်  ဒီမှာ စားဖို့ အချိန်မရှိကြပါချေ။ ထို့အတွက်  အိမ်ပြန်ပြီး မိသားစုနှင့်အတူတူစားသည်က ပိုကောင်းလေ၏။ 


 ဤသည်က  လင်းလန်ဖြစ်စေချင်သည့်အရာနှင် ကိုက်ညီပေသည်။ 


 သူမက ပထမချွေးမဟန်က အဖွားကြီးဟန်၊အဘိုးကြီးဟန်တို့နှင့်အတူ   ဟင်းချက်ဖို့ လာကူမည်ဟုထင်ပြီး သူတို့ကို အပိုင်းအကြီးကြီး ခွဲပေးကာ တစ်ပုံစီခွဲပေးလိုက်မည်ဟု တွေးထားခဲ့၏။ ကျန်သည့် သူမသားသမီးများ၊ လက်သမားဆရာများ၊ လာကူသော ပန်းရန်ဆရာတို့ကမူ  အတူတူ

စားကြမည်ဖြစ်သည်။ 


စားရခါနီးလေပြီ။


xxxxxxx

Part 176


အုတ်ကြွပ်မိုးပြီး၍ လာကူသူများက ပြန်ဖို့ရာ နှုတ်ဆက်ကြသောအခါ   လင်းလန်က သူတို့ကို  အသားတစ်ပိုင်းနှင့် ပေဝက်ရှည်သော နှစ်မျိုးစပ်ပန်ကိတ်ကြီးကို တစ်ယောက်ပြီး တစ်ယောက်ဝေပေးလိုက်သည်။ လူတိုင်း အတော်လေး ပျော်ရွှင်ကြပြီး ဝတ်ပြုကာ ပြန်ယူကြသွားကြ၏။ 


ဟန်ချင်းယွမ်က လက်မခံဘဲ "မရီး... ဝက်ခေါင်းက သိပ်မကြီးဘူး...ကလေးတွေကိုပဲ ကျွးလိုက်ပါ"ဟုဆိုလေသည်။


"ငါက ဆောင်းဦးပေါက်ပွဲတော်အတွက် ဝယ်ထားတာ...ပြီးရင် ထပ်ဝယ်ဦးမှာ"


လင်းလန်က သူ့ကိုပေးပြီး အိမ်အမြန်ပြန်ပြီး သွားစားရန်ပြောလိုက်၏။ 


 ဆရာသမားနှစ်ယောက်က  သူတို့နှင့်အတူ စားသောက်ရန် ငြင်းဆိုကာ အိမ်အသစ်မှာပဲ  တည်းကြသည်။  လင်းလန်က စားစရာနှင့် ဝိုင်များကို ပို့ပေးလိုက်ပြီး ဟန်ချင်စုန့်ကို ထိုနေရာသို့သွားစားခိုင်းလိုက်သည်။ လင်းလန်က စန်းဝမ်ကို ဧည့်သည်တွေနှင့် အတူသောက်ရန်အတွက် အဘိုးကို သွားခေါ်ခိုင်းသော်လည်း အဘိုးကြီးဟန်က ငြင်းခဲ့၏။ 


 နေ့လယ်စာစားပြီးနောက်တွင် ပန်းရန်ဆရာက နံရံများကို ဆောက်လုပ်ရန် တာဝန်ယူခဲ့ပြီး လက်သမားဆရာက ပရိဘောဂတွေ လုပ်နေ၏။ ဟန်ချင်စုန့် ပန်းရန်ဆရာများလက်ချရန်  ကူညီပေးရင်း  နံရံဆောက်နည်းနှင့်  အင်္ဂတေသုတ်နည်းကိုလည်း လေ့လာခဲ့သည်။


 အားလုံးက အုတ်နှင့်အုတ်ကြွပ်များချည်းဖြစ်ကာ အဝါရောင်သဲများလည်းရှိပြီး ဘိလပ်မြေအချို့ကိုပါ ဝယ်ထားသောကြောင့် ပန်းရံဆရာများ အလုပ်အတော်တွင်၏။ 


အထပ်သားနံရံကို အဝါရောင်ရွှံ့နှင့် လုပ်ရသည်နှင့်ယှဥ်ပါက ပိုလွယ်ကူလေသည်။  ဤသည်က အလုပ်ဖြစ်ပြီး ဤသည်က အိမ်ဆောက်ခြင်းပါပင်။


အခြေတွေကို ထုရိုက်နေသည်က အိမ်ဆောက်ခြင်းဟုခေါ်ပါသလား။


ညဘက်တွင်မူ   ဆရာနှစ်ယောက်က  ရှင်းရှင်းလင်းလင်း မမြင်ရသဖြင့်  ပြန်သွားကြသည်။


လင်းလန်က ထမင်းချက်ပြီး ဟန်ချင်စုန့်ကို အိမ်သစ်မှာ ကလေးတွေနှင့် အတူတူစားခိုင်းလိုက်၏။


ရှောင်ဝမ်က ဝမ်ဝမ်ကို ပင်မအခန်းထဲမှာ သွား ကရန် ခေါ်သွားသည် ။သူမကိုမြင်သည့်အခါ သူက ချက်ချင်းပြေးလာပြီး သူမလက်ကိုဆွဲကာ နူးညံ့စွာခေါ်လိုက်၏။


 "မားမား"


လင်းလန်က သူ့လက်ပုစိလေးကိုကိုင်ကာ ခေါင်းလေးကို ပွတ်ပြီး အနောက်ခန်းဆီ ခေါ်သွားခဲ့သည်။ 


အခြားကလေးများက အနောက်ခန်းထဲတွင် အကြံပေးချက်များ ပြုနေကြသည်။အသစ်ဆောက်ထားသောအိမ်တွင် ပရိဘောဂလည်းမရှိ ၊အနွေးကုတင်လည်းမရှိသဖြင့် အသံက လှိုဏ်ထွက်နေ၏။ 


အားဝမ်: "အခန်းသုံးခန်း...တစ်ခန်းက ပင်မအခန်း...မားမားတို့က အရှေ့ဘက်ခန်းမှာအိမ်လိမ့်မယ်...ငါတို့ထဲကတချို့က အနောက်ခန်းမှာ အိပ်ကြမယ်"


မိသားစုတိုင်းက ဤသို့ပင်၊ မိဘတွေက အရှေ့ခန်းမှာ အိပ်ကြပြီး ကလေးတွေက အနောက်ခန်းမှာ အိပ်ကြလေသည်။


မိုင်စွေ့က ပျော်မနေချေ: "ငါကရော..."


စန်းဝမ်က ပြုံးပြီးပြော၏: "မမ ငါတို့က အရင်က အနွေးကုတင်တစ်ခုတည်း အတူတူမျှသုံးကြတာမဟုတ်ဘူးလား... ငါတို့နဲ့အိပ်ရမှာပေါ့"


"ငါက မိန်းကလေးလေ... နင်တို့လို ပေတိပေစုတ်ကောင်တွေနဲ့ ဘယ်လိုလုပ်အိပ်လို့ရမှာလဲ"


"ဒါဆို နင်က မားမားတို့နဲ့ တူတူအိပ်မှာလား..."

အားဝမ်က  သူမကိုစလိုက်သည်။


မိုင်စွေ့က ခြေဆောင့်လိုက်ပြီး

 "ဒါမှမဟုတ် အဖေ့ကို အနွေးကုတင်ရဲ့ အလယ်မှာ နောက်ထပ်အပေါက်တစ်ခု ထပ်ဖောက်ခိုင်းလိုက်ရင်ရော ... အနွေးကုတင်ခေါင်းရင်မှာ ငါအိပ်မယ်...နင်တို့က အဲဒီနေရာမှာအိပ်" 


 မိုင်စွေ့   အနွေးကုတင်  မဆင်ရသေးသည့်နေရာကို လက်ညိုးထိုးပြပြီး ခုန်စွခုန်စွဖြင့်  “ဒီမှာ”ဟုဆို၏။


 စန်းဝမ်: “မမ ဘာလို့ ဒီလောက်ကြီးတဲ့ နေရာကြီးကို သိမ်းပိုက်ရတာလဲ”


 မိုင်စွေ့ : “ဘယ်မှာကြီးလို့လဲ...မားမားတို့က နောင်ကျရင် မောင်လေး ညီမလေးတွေရှိချင်ရှိလာမှာ..."


  "အိပ်မှာလားပြော...နင်ငါနဲ့ အိပ်ဦးမှာလား"


ရှောင်ဝမ်က လင်းလန်၏  လက်ကို ညှစ်လိုက်ပြီး "သား မားမားနဲ့ အတူတူနေချင်တယ်..." 


သို့ပေမဲ့ အစ်ကိုတွေအစ်မတွေမှာ  သူ့နှင့်စကားပြောရန် အချိန်မရှိကြပါချေ။

မိုင်စွေ့က ပြောလိုက်သည်။


"နောင်ကျရင် အကြီးဆုံးအစ်ကိုက အသက်ကြီးလာမှာ... မိသားစုနဲ့ခွဲပြီး လက်ထပ်မှာလေ "


 တဝမ်က  သူမကို နားမလည်ဟန်အကြည့်ဖြင့်  ကြည့်ပြီး "အဲဒီအချိန်ကျရင် မင်းက မင်းခင်ပွန်းရဲ့ မိသားစုထဲကိုလက်ထပ်ဝင်သွားမှာပေါ့ဟုတ်လား..."


မိုင်စွေ့  ဒေါသထွက်လွန်း၍ မျက်လုံးတွေ ချက်ချင်းနီသွားပြီး "ဟွန့်"


သူမက  လင်းလန်ဘက်ကို မျက်နှာမူကာဆိုလိုက်၏။

 "မားမား...သူတို့ သမီးကို အနိုင်ကျင့်နေတာ တွေ့လား"


လင်းလန်က   ချက်ချင်း သူမပုခုံးကို ပုတ်လိုက်ပြီး " မိန်းကလေးတွေကို အနိုင်မကျင့်ရဘူး ကောင်လေးတွေ..."


အားဝမ်က ချက်ချင်းပဲ နောင်ကျရင်  ဘယ်လိုအိပ်ရမလဲဟုမေးလေသည်။ ဤသည်က ကိစ္စကြီးတစ်ခုပင်၊ နောက်ဆုံးတွင်  အိမ်အသစ်ဆောက်ပြီးပြီဖြစ်လေရာ ယင်းက ပိုပြီး လက်တွေ့ကျကျ အိပ်ဖို့ပဲ မဟုတ်ပါလော။


လင်းလန် မသိစိတ်ဖြင့်  အခြားတစ်ဘက်သို့ လှမ်းကြည့်မိလိုက်သည်။ဟန်ချင်စုန့်က မတ်တပ်ရပ်လျက် အနွေးကုတင်၏ အရွယ်အစားကို တိုင်းတာနေပြီး ထိုစကားကိုကြားသောအခါ ခေါင်း မော့ကာ ကြည့်လာ၏။


 လင်းလန်က ချက်ချင်း ခေါင်းပြန်လှည့်ကာ ပြုံးလိုက်ပြီး 

"ဒါက မလွယ်ဘူး...မင်းတို့ယောကျာ်းလေးတွေက အရှေ့ခန်းမှာ အိပ်ကြ... ငါတို့မိန်းကလေးတွေက အနောက်ခန်းမှာအိပ်မယ်"


 ထိုသို့ ပြောပြီးသည့်နောက်တွင်ကား  တစ်စုံတစ်ယောက်က သူမကို စိုက်ကြည့်နေသလိုမျိုး သူမနောက်ကျောပူနွေးလာသဖြင့် နေရာအမြန်ရွေ့ကာ ရှောင်လိုက်သည်။


ရှောင်ဝမ်က အလေးအနက်ပြောပြန်၏။ 

"မားမားနဲ့ အတူတူနေချင်တယ်...မားမားအတွက် သားသီချင်းဆိုပြမယ်..."


 လင်းလန်က သူ့ခေါင်းကို ကိုင်လိုက်ပြီး ပျော်ရွှင်စွာဆိုလိုက်သည်။ 

"တော်လိုက်တဲ့ ကလေး"


စန်းဝမ်က မယုံကြည်နိုင်စွာဖြင့်  

"ဒါဆို ကျွန်တော်ရော ရေကူး လို့ရပြီလား...ကောင်းလား မကောင်းဘူးလား"


လင်းလန် : "မင်းရဲ့ရေက ကောင်းလား ဆိုးလား ငါ ဂရုမစိုက်ဘူး...ဘယ်လိုပဲဖြစ်ဖြစ်  ငါက သီချင်းဆို ပုံဆွဲ အက တရုတ်စာနဲ့ သင်္ချာကိုကြိုက်တယ်လေ"


ခေါင်းမာပြီး မိုးတွေခြိမ်း လျှပ်စီးတွေလက်နေသည့်အချိန်မှာပင် ရေကူးရန် အစွမ်းကုန်ကြိုးစားခဲ့ကာ နောက်ဆုံးမှာ ရေနစ်သေဆုံးခဲ့ခြင်းကို  သူမ မကြိုက်ခြင်းသာ။  တွေ့ကြည့်ရန်အတွက် ကြောက်စရာကောင်းလွန်းလှသည်။

 


ခေါင်းမာသည့် စိတ်ထားရှိလျက်   ဘဝင်လေဟပ်ကာ  တခြားသူတွေနှင့် တနေကုန်ရန်ဖြစ်ပြီး လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်ချင်သော်လည်း  နောက်ဆုံးမှာ အပစ်သတ်ခံလိုက်ရသည်ကို သူမမကြိုက်ခြင်းသာ...


တဝမ်နှင့်စန်းဝမ်တို့ လင်းလန်က သူတို့နှင့်ပတ်သတ်ပြီး တစ်ခုခု ဖြစ်နေသည်ကို ခံစားရသော်လည်း တဝမ်က လျစ်လျူရှုထားခြင်းဖြစ်ပြီး စန်းဝမ်က ဂရုကိုမစိုက်ခြင်းပင်။ သူက လင်းလန်၏ လခြမ်းပုံ အမာရွတ်ကို ထိလိုက်လေသည်။ 


 လင်းလန်က သူ့လက်ချောင်းကို ဒေါသတကြီး ပုတ်ထုတ်လိုက်ပြီး "နွေမှာ ရေသွားကူးလို့ရပေမဲ့ အေးတဲ့ရာသီမှာဆို ခွင့်မပြုဘူး... ကြွက်တက်လိမ့်မယ် မှတ်မိလား"


စန်းဝမ်က ရယ်လေ၏။ 


လင်းလန် : "ညစာစားဖို့ ပြန်ကြမယ်"


တဝမ်က အရင်ဦးဆုံး ပြေးသွားပြီး  စန်းဝမ်ကနောက်ကနေ ကပ်ရပ် လိုက်သွားကာ အားဝမ်ကမူ   မနီးမဝေးကနေလိုက်သွားသည်။ စန်းဝမ်ထက်နှေးလို့ ဘယ်ဖြစ်မလဲ...


 မိုင်စွေ့က ရှောင်ဝမ်ကို ဦးဆောင်လျက် ဝမ်ဝမ့် နောက်ကနေ  ပြေးလိုက်သွား၏။


 ထိုအရှိန်ကြောင့် တိုက်ခတ်လာသောလေက အိမ်ရှိ ဆီမီးခွက်ကို လှုပ်ခါသွားစေသည်။


 လင်းလန်က သူတို့နောက်နေ  ကပျာကယာ လိုက်ကာ “ဖြည်းဖြည်း ပြေးကြ... မပြုတ်မကျစေနဲ့"ဟု သတိပေးလိုက်သည်။ 


 

Xxxxxx