အပိုင်း ၁၇၇-၁၇၈
Viewers 23k

Part 177


အပြင်မှာ မှောင်နေပြီဖြစ်ကာ  သွားလာရ  ဆောက်လုပ်ရေး ပစ္စည်းတွေ အစုလိုက်အပုံလိုက်ရှိနေ၏။ 


လေတိုက်သဖြင့် လှုပ်ခါနေသော ဆီမီးခွက်က သူမဆီက အရှိန်ကြောင့် လုံးလုံးလျားလျား  ငြိမ်းသွားလေသည်။


ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွား၏။

လင်းလန်က လန့်ဖျပ်သွားပြီး ယောင်အော်လိုက်မိသည်


 "အမေ့... မီးခြစ်ဆံတွေ ဘယ်မှာလဲ"


 သူမ  ပြတင်းပေါက်ဘောင်ပေါ်မှာ မီးခြစ်ဘူးတစ်ဘူး ရှိနေသည်ကို  သတိရပြီး  အခန်းထဲကို ဝင်ကာ စမ်းတဝါးဝါး လိုက်စမ်း၏။


 နှစ်ခါလောက် လိုက်စမ်းပြီးနောက် ပူနွေးသော ခန္ဓာကိုယ်တစ်ခုကို သူမထိမိသွားသဖြင့်  အမြန်ပြုံးလိုက်ကာ

 "ရှင် မီးခြစ်တွေကို ဘယ်မှာထားခဲ့တာလဲ"


 သူမက နောက်ပြန်ဆုတ်ချင်ပေမဲ့ ပူနွေးသော ပွေ့ဖက်မှုတစ်ခုထဲသို့ သက်ဆင်းသွားရသည်။

 

သူ၏ သန်မာသောလက်တစ်စုံက သူမကို အားမာန်အပြည်ဖြင့်  ပွေ့ဖက်ထားကာ   သူ့ခန္ဓာကိုယ်နှင့် ကြားကွက်လပ်မရှိအောင်   ဖိကပ်ထားပြီး ထိုယောက်ျား၏ ပြင်းထန်သော ယောက်ျားဟော်မုန်းတွေက သူမကို ချက်ချင်းလွှမ်းခြုံသွား၏။


လင်းလန် နှလုံးခုန်သံများ မြန်လာပြီး သူမ၏ အသက်ရှူသံက မတည်မငြိမ်ဖြစ်နေလျက်

 “မှောင်မဲနေတာပဲနော် ...ဟာသတစ်ခုကိုတောင် သတိရမိတယ်…”


 သို့သော် လက်ကြီးတစ်ဖက်က သူမ၏အကျီကော်လာကိုမပြီး  သူမကျောပြင်ဆီသို့ ရောက်ရှိနေပြီဖြစ်သောကြောင့်  ပူလောင်ပြင်းပြသော အပူချိန်က  ကျော်ရိုးတလျောက် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားလျက် သူမကို ဓာတ်လိုက်သလိုမျိုး တုန်ရီသွားစေသည်။


သူ့လက်ပေါ်ရှိ အသားမာများက သူမအရေပြားကို ပွတ်တိုက်သွားပြီး အတန်ငယ် တကြွကြွ တရွရွအထိအတွေ့ကို ခံစားရစေ၏။


 လင်းလန် စိုးထိတ်ကာ စိတ်လှုပ်ရှားသွားပြီး  လွတ်မြောက်ရန် ကြိုးစားသော်လည်း သူ၏တင်းတင်းစေ့ထားသော လက်မောင်းများကြားတွင် ချုပ်နှောင်ခံထားရလေသည်။


 ပူနွေးသော နှုတ်ခမ်းတစ်စုံက သူမနားရွက်ကို လောင်ကျွမ်းသွားစေပြီး  သူ့အသံကမူ တိုးသက်ကာ အက်ရှနေလျက်

 "ဘာဟာသလဲ"


  လင်းလန်က သူ့နှုတ်ခမ်းတွေကို ရှောင်ဖို့ အလိုအလျောက်တုံ့ပြန်မှုအရ ထိုင်ချချင်သော်လည်း သူ၏ချုပ်နှောင်မှုထဲတွင် မြဲမြံစွာရှိနေခဲ့ပြီး  နောက်အခိုက်အတန့်မှာပင် ပြင်းပြင်းရှရှ အနမ်းခံလိုက်ရတော့သည်။ သူနှုတ်ခမ်းများက  သူမနှုတ်ခမ်းပေါ်တွင် စွဲစွဲမြဲမြဲ သက်ဆင်းနေပြီး  ပူပြင်းသော လက်ကြီးများက သူမ၏ခါးပတ်ပတ်လည်မှာ  သံညှပ်ကဲ့သို့ ရစ်ပတ်ထားလျက် သူမကို လွှတ်မြောက်ရာလမ်းမရှိဖြစ်စေ၏။ 


 ထိုခွန်အားက ကြီးမားလွန်းလေရာ  သူမအား  သူ့ခန္ဓာကိုယ်ထဲကို နှစ်သွင်းနေသလားပင်။ 


 လင်းလန်၏နှလုံးသားထဲမှ အသံတစ်ခုက "ငါ ဆက်မလုပ်နိုင်တော့ဘူး...အခုရပ်လိုက်..."ဟုအော်ဟစ်နေလေသည်။ 


    သို့သော် သူမ နည်းနည်းမှ ခုခံနိုင်စွမ်းမရှိ၊ သူမ၏ခန္ဓာကိုယ်က ပျော့ခွေနေလွန်း၍  မတ်တပ်ပင်မရပ်နိုင်သည့်အတွက်  သူ့လက်များနှင့်သူ့ခန္ဓာကိုယ်ကိုသာ  မှီတွယ်ရာအဖြစ် အားကိုးနိုင်ခဲ့သည်။


 ကံကောင်းထောက်မစွာဖြင့် သူ့လက်တွေက မလှုပ်မရှားရှိနေခဲ့၏။  သူမ၏ကျောနှင့်ခါးကို ပွတ်သပ်ပေးပြီးနောက် လက်တစ်ဖက်က သူမခါးကိုရစ်ပတ်ကာ ကျန်လက်တစ်ဖက်ကို လည်ပင်းတစ်ဝိုက်မှာ တင်လျက် နမ်းဖို့ရာ အသင့်တော်ဆုံးအနေအထားမှာ ထားလိုက်လေ၏။ 


သို့ပေမဲ့ သူ၏ပူနွေးသော နှုတ်ခမ်းများ သူမရင်ဘက်အပေါ် ထိကပ်လာသောအခါ လင်းလန် သူမ ကြွက်တက်တော့မလို ခံစားလိုက်ရပြီး "ရပ်...ရပ်..."


ဒီလိုနေရာမျိုးမှာ လိင်မဆက်ဆံချင်ဘူး အရပ်ကတို့ရေ ....


 သူက ခေါင်းမော့လာပြီး သူ့နှုတ်ခမ်းများက  သူမ လည်ပင်းနှင့် နှုတ်ခမ်းတွေပေါ်မှာ တရစ်ရစ်ဝဲလျက် ကူးလူးယှက်တင်နေခဲ့သည်။ 


လင်းလန်က နောက်သို့ဆုတ်လိုရာ သူ့ကို ရှေ့ကိုင်းမိသွားစေပြီး  သူမ နောက်က နံရံနှင့်ဆောင့်မိသွား၏။ 


 သူက  လင်းလန်၏ကျောပြင်  အုတ်နံရံမာမာနှင့်  မတိုက်မိစေရန်  နံရံကို လက်နှစ်ဖက်ဖြင့် ထောက်ထားလိုက်သည်။


“ကျွန်မသတိရတာက  လူတစ်ယောက်က မျက်လုံးကွယ်သွားတယ်...သူ့ မျက်လုံးတွကိုမှိတ်ပြီး အားကြိုးမာန်တက် ပွတ်တိုက်ပေမဲ့လည်း   ဖွင့်ကြည့်လိုက်တော့ လုံလုံးလျားလျား မည်းမှောင်နေတုန်းပဲတဲ့...အဲ့အခါကျ သူက ထိတ်လန့်တကြားအော်လိုက်တယ်  'ဘုရားရေ... ငါမျက်စိကန်းနေတယ်...ငါမျက်စိကန်းနေတယ်'..."

သူမ၏ အသံက လက်ရှိမှာ နူးညံ့  ပျော့ပျောင်းနေ၍ ရယ်စရာဖြစ်အောင် အတင်းအကြပ်ကြိုးစားနေသော်လည်း  ပို၍ပင် ရယ်စရာကောင်းနေ၏။ 


သူမကိုယ်တိုင်လည်း ရှက်ရွံ့သလို ခံစားလာရပြီး လေထုကို သက်တောင့်သက်သာဖြစ်စေရန် ရယ်မောလိုက်သည်။


ဟန်ချင်စုန့် : "..."


သူက သူ့လက်တွေကို သူမနောက်မှာ ထားရင်း  သူ့ခန္ဓာကိုယ်က သူမကို တင်းတင်းကြပ်ကြပ် ဖိထားဆဲဖြစ်ကာ  သူ့နှုတ်ခမ်းတွေက သူမနားရွက်ကို ညင်သာစွာ ပွတ်တိုက်နေပြီး  သူ့အသံကမူ တောင့်တမက်မောမှုတွေအပြည့်ဖြင့် ပို၍ပင်အက်ရှနေလျက်  

"ရယ်စရာပဲ"


"အိမ်ပြန်ပြီး ညစာစားရအောင် ” 

လင်းလန်က တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမအသံက သူမကို သစ္စာဖောက်နေ၏။ 


 ဟန်ချင်စုန့်က ရုတ်ချည်း  ခပ်ဟဟရယ်လိုက်ပြီး "ဘာကိုကြောက်နေတာလဲ"


 လင်းလန်က သူမ ရင်ဘက်ကိုကော့(ပင့်ချီ) လိုက်ရင်း "ကြောက်တယ် ...ကျွန်မဘာကိုကြောက်ရမှာလဲ"

(အစ်မရယ် @.@)


 ဟန်ချင်စုန့်   တံခါးဝဆီ အရောက်ပို့ပေးလာသည့် နူးညံ့ ပြည့်တင်းမှုကို ခံစားလိုက်ရပြီး  

"...ဒါဆို ဆက်သွားမှာလား "


 "မဟုတ်ဘူး...ကျွန်မ ရေမချိုးရသေးဘူး..." 

လင်းလန် သူ့ရင်ဘတ်ကို ကမန်းကတန်း တွန်းလိုက်ပြီး

 "သွား...စားဖို့ ပြန်ချေ "


ဟန်ချင်စုန့်က ခြေတစ်လှမ်းဆုတ်သွားပြီး ချက်ချင်း လွတ်တော့မည်ဟု  သူမ ထင်လိုက်သည်။


သို့သော် ဟန်ချင်စုန့်က လက်များကို ဆန့်ကာ သူမကို အလွယ်တကူ မချီလိုက်၏။


 "အား--" 

လင်းလန် လန့်ဖျပ်သွားပြီး သူ့လည်ပင်းကို အလျင်အမြန် သိုင်းဖက်ကာ သူမ၏ခြေထောက်များကို မသိစိတ်ဖြင့် သူ့ခါးတွင် ရစ်ပတ်ထားမိသည်။


 သူက ရှေ့သို့ ခြေတစ်လှမ်းတက်ကာ သူမကို နံရံနှင့် နောက်တစ်ကြိမ် ဖိကပ်လိုက်ရာ လင်းလန်ဘအတော်လေး လန့်သွားပြီး  မလှုပ်ဝံ့တော့ပေ။


"ခေါင်းဆောင်ဟန်...ကျွန်မတို့မှာ... ပြောစရာရှိလို့လား"


 ဟန်ချင်စုန့်က ခေါင်းကို သူမရင်ဘတ်ထဲမှာ နှစ်မြှုပ်ထားရင်း သူမ၏အသက်ရှူသံကို နားထောင်နေသော်လည်း  သူမကို လွှတ်မပေးပါဘဲ  သူ့လက်မောင်းကြားထဲမှာ ချီလျက်သားပင် အပြင်ထွက်လိုက်၏။


 သူ့ခြေထောက်အောက်ရှိ တစ်စုံတစ်ခုနှင့် ခလုတ်တိုက်သွားချိန်တွင် လင်းလန် အတော်လေး ​ထိတ်လန့်သွားသဖြင့်  သူ့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ  

"မပြုတ်ကျစေနဲ့လေ "


“ကိုယ်ခလုတ်တိုက်သွားတာ ”ဟု သူကပြောလေသည်။ 


 သို့ပေမဲ့ သူက သူမကို တမင်တကာ ကျီစားနေသည်ကို ရပ်လိုက်ပြီး   အစုံအလင်ပြည့်နေသည့်  ခြံဝင်းတစ်ဝိုက်မှာ အလွယ်တကူ ပွေ့ဖက်ပြီးနောက် သူမကိုအောက်ပြန် ချပေးလိုက်၏။ 


လင်းလန် ချော်လဲတော့မလိုဖြစ်သွားသော်လည်း  သူက သူမလက် ဆုပ်ကိုင်ထားပြန်သည်။


သူ့လက်တွေက ကြီးမားကာ နွေးထွေးပြီး အားကောင်းမောင်းသန်ဖြစ်လေရာ  သူမကို ဆုပ်ကိုင်ထားသည့်အခါ လုံခြုံမှုအပြည့်ရှိသလို ခံစားမှုကို ပေးစွမ်းနေ၏။ 

   

 အိမ်မရောက်ခင်မှာပင် ကလေးတွေ၏ "အဖေ မားမား ဘာတွေ လုပ်နေကြတာလဲ... " ဟူသော အော်သံကို ကြားလိုက်ရသည်။ 


သူမ ခုနကတည်းက ထွက်လာပါက  အကုန် အဆင်ပြေသော်လည်း အခုလေးတင် တစ်ခုခုလုပ်ထားမိလေရာ လင်းလန်  အပြစ်ရှိသလို ခံစားရပြီး သံသယဝင်ကုန်မည်ထင်နေမိ၏။

 "မားမားတို့က ဒီမှာ ...ဘာလို့အော်နေတာလဲ၊ စားကြစို့"


 


xxxxxxx

Part 178


သူမက ဟန်ချင်စုန့်၏လက်ထဲမှ ရုန်းထွက်လိုက်သည်။


ဟန်ချင်စုန့်က ဆို၏။

"ကိုယ်အရင်ထမင်းစားရမလား... ရေအရင်ချိုးရမလား"


"ထမင်းအရင်စားရအောင် ...ကျွန်မဗိုက်ဆာနေပြီ "

လင်းလန်  ရေလောင်းပြီး သူ့လက်ကို အမြန်ဆေးပေး လိုက်သည်။


ဟန်ချင်စုန့်က ခေါင်းညိတ်ပြီး "ဒါဆို အိပ်ခါနီးကျမှ ရေချိုးတော့မယ် "သူက  ထိုစကားကို အေးအေးဆေးဆေးပြောလိုက်ခြင်းဖြစ်သော်လည်း  လင်းလန် အပြစ်ရှိသလို ခံစားခဲ့ရကာ သူ တစ်ခုခုကို ဆိုလိုခြင်းလားဟုတွေးမိလိုက်သည်။


 တစ်ချိန်တည်းမှာပင် ဤကဲ့သိုသော  အေးစက်ပြီး ငြီးငွေ့စရာကောင်းသည့်ယောကျာ်းက  တစ်စုံတစ်ရာကို ဆိုလိုခြင်းဖြစ်ဖို့ရာကား မဖြစ်နိုင်ဟုလည်း ခံစားရ၏။ 


 ညစာစားရန် အိမ်ထဲကို ဝင်လိုက်သည်နှင့် ကလေးတွေက သူတို့ကို ကြည့်လာသည်။


ရှောင်ဝမ်က စိုးရိမ်တကြီးမေး၏။

 "မားမား ခြင်ကိုက်ခံထားရတာလား...မားမားပါးစပ်တွေ ရောင်နေတယ်"


 လင်းလန်: "!!!"


သူမက ကပျာကယာပြောလိုက်သည်။

 "မဟုတ်ဘူး မဟုတ်ဘူး...ဘုရားသခင်က အပြစ်ပေးလိုက်တာ"


အဓိပ္ပါယ်မရှိလိုက်သည့် အကြောင်းပြချက်၊ ဤအကြောင်းပြချက်က တကယ့်ကို ဆိုးရွားလှ၏။သူမ မသိစိတ်ဖြင့် ဟန်ချင်စုန့် ကို တစ်ချက် လှမ်းကြည့်လိုက်သည်။


 သူ့မျက်နှာက ခါတိုင်းလို ချောမောပြီး တည်ကြည်နေသော်လည်း  သူ့မျက်လုံးများကမူ ပိုမိုကာ နူးညံ့နေ၏။  သူမ လှမ်းကြည့်လိုက်သည့်အခါ သူ့မျက်လုံးတွေနှင့် ချက်ချင်းဆိုသလို ငြိတွယ်သွားခဲ့သည်။ 


လင်းလန် ကမန်းကတန်း  ထိုင်ချလိုက်၏။


စန်းဝမ်က သူမကို သံသယဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် သတိထားမိသွားသည်။

 "မားမား... ဘာခိုးစားထားတာလဲ"


သူကချက်ချင်း ထရပ်လိုက်ပြီး လင်းလန်၏ မျက်နှာကို ကြည့်လိုက်၏။


လင်းလန်၏မျက်နှာက တခဏတွင်းချင်း  နီရဲလာပြီး 

"ဘာတွေပြောနေတာလဲ... စားစရာတွေ အကုန်လုံးက အိမ်မှာလေ"     


 စန်းဝမ်က နဖူးပေါ်က အမာရွတ်ကို ကုတ်လိုက်ပြီး 

"ဟေး...မားမား ပါးစပ်က တစ်ခုခုစားထားလို့ ပူနေတာထင်တယ်"


လင်းလန် သဘာဝကျကျပင် စိတ်ဆိုးနေခဲ့သည်။


သူမ ဟန်ချင်စုန့်ကို ဘေးတိုက် တစ်ချက်ခိုးကြည့်လိုက်သည်။


 သူက အေးအေးလူလူ  စားသောက်နေပြီး သူမကို ကြည့်သော သူ့ မျက်လုံးများတွင် အပြုံးရိပ်များရှိနေ၏။


လင်းလန်က  ချောင်းဟန့်ပြီး 

"အိမ်စာတွေ ပြီးပြီလား"


အားဝမ်နှင်မိုင်စွေ့တို့က မတ်မတ်ထိုင်နေပြီး ပြန်ဖြေလိုက်သည်။


 "ပြီးပြီ"


  တဝမ်က မျက်လုံးလှန်လိုက်ပြီး နောက် အားဝမ်ကိုကြည့်လိုက်ရာ အားဝမ်က မသိနားမလည်သည့် အကြည့်တစ်ခုပြန်ပေးလာသည်။ 


 စန်းဝမ်က မျက်မှောင်ကြုတ်ပြီး "မားမား  ဆောင်းဦးကောက်ရိတ်သိမ်းရာသီက ဘယ်လောက်အလုပ်များသလဲလို့ ဆရာ့ကိုပြောရမယ် ...အလုပ်သွားရမယ်လေ... အိမ်စာလုပ်ရမဲ့အချိန် ဘယ်ရှိမှာလဲ...ဟုတ်တယ်မို့လား..."


သူက ရှောင်ဝမ့်ကို ကြည့်လိုက်ပြီး "ဘာလို့ မင်းကကျ ကျောင်းမသွားတာလဲ"


အစားအသောက်ထဲမှာ နှစ်မြုပ်နေသော ရှောင်ဝမ်က မော့ကြည့်လာကာ "ဟင်..."


    လင်းလန်က စန်းဝမ်၏ခေါင်းကို တူနှင့် အသာခေါက်ပြီး "မြန်မြန် မြန်မြန် အိမ်စာ ကောင်းကောင်းလုပ်... နောက်ဆုံး စာမေးပွဲကျရင်တောင်...မင်းအဖေ မင်းကို ရိုက်မှာ မဟုတ်ဘူး။"


 စန်းဝမ်၏ အမူအရာ ပြောင်းလဲသွားပြီး  သူ့အဖေကို ခိုးကြည့်လိုက်ရာ ရုတ်တရက် သူ့အဖေ၏ပါးစပ်ကလည်း  ရောင်ရမ်းနေသည်ကို တွေ့လိုက်ရသည်။ နားရွက်တွေပါ နီနေသေး၏။


 သူနှင့်သူ့မားမားက အရသာရှိသည့်ဟာတစ်ခုခုကို ခိုးစားထားခြင်းဖြစ်ရမည်။ 


သူ လုံးဝ လက်မခံနိုင်ဘူး....


လူကြီးတွေဘဝက တကယ်ကောင်းကြ၏။ ကျောင်းသွားစရာမလိုသလို လုပ်ချင်ရာလည်း လုပ်နိုင်ပြီး အရသာရှိသည့် စားစရာမျိုးစုံကိုစားနိုင်ကြသော်လည်း သူတို့က ကလေးတွေကို မကျွေးကြပေ။ 


 

 ထို့နောက် လင်းလန်၏မိသားစုသည် ဆောင်းဦးကောက်ရိတ်သိမ်းခြင်း၊ နံရံများဆောက်ခြင်း၊ နံရံအင်္ဂတေကပ်ခြင်း၊ အိမ်အသစ်ပြင်ဆင်ခြင်း၊ အနွေးကုတင်လုပ်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်းတို့ဖြင့် အလွန်အမင်း  အလုပ်များနေခဲ့ကြသည်။


နံရံဆောက်ရန် နှစ်ရက်လောက် အချိန်ယူရပြီးနောက်  လက်သမားဆရာအလုပ်ပဲ ကျန်တော့၏။  ပြတင်းပေါက်များနှင့် ပရိဘောဂများအားလုံးကို လက်ဖြင့်ပြုလုပ်ထားသည်။ခန့်မှန်းခြေအားဖြင့် ဆောင်းဦးပေါက်ပွဲတော်တွင် ပြတင်းပေါက်များကို တပ်ဆင်နိုင်မှာဖြစ်ပြီး ကျန်ပရိဘောဂများကို ဖြည်းဖြည်းချင်း  ပြုလုပ်၍ရပေသည်။


 ဤသည်ကိုကြည့်ခြင်းအားဖြင့် ဆောင်းဦးပေါက်ပွဲတော်တွင်  ထိုနေရာကို အရင်ရွှေ့နိုင်ပြီး ကျန်နေရာများကို ရွှေ့ပြီး သန့်ရှင်းရေးလုပ်နိုင်၏။


ဆောင်းဦးကောက်ရိတ်သိမ်းချိန် မတိုင်ခင်မှာ ခရိုင်က ဟန်ချင်စုန့်ကို အစည်းအဝေးတက်ခိုင်းလာသဖြင့် လင်းလန် သူ့ကို စက်ဘီးစီးသွားခိုင်းလိုက်သည်။ လက်မှတ်တွေမလိုသည့်  တစ်ခုခုကို ဝယ်နိုင်မလားဆိုသည်ကို ကြည့်ရန်ခရိုင်ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမကို သူ သွားခဲ့၏။ 

    

ဟန်ချင်စုန့်က ခရိုင်ကိုသွားပြီး အစည်းအဝေးတက်သည်ကို လင်းလန် သဘောကျဆဲပင်။ ခရိုင်ကန်တင်းရှိအစားအသောက်တွေက ကွန်မြူနတီကဟာတွေထက်ပိုကောင်းပြီး ဟင်းအမယ်တွေထဲမှာ အသားလည်းပါလေသည်။ ဟန်ချင်စုန့်က မိသားစုစားနပ်ရိက္ခာတိုးတက်ကောင်းမွန်လာစေရန် အခေါက်တိုင်းမှာ  အိမ်သို့ အသီးအရွက်နေ့လည်စာအပိုတစ်ဘူး အမြဲဝယ်လာလေ့ရှိ၏။ သူက  အစည်းအဝေး ထောက်ပံ့ကြေးကို  အသုံးပြု၍လည်း သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာနှင့် ခရင်မ်များ ဝယ်ယူခဲ့သည်။


လင်းလန်လည်း ဆောင်းဦး ရိတ်သိမ်းပွဲတွင် ပါဝင်ခဲ့သဖြင့် သူမ ပြောင်းဖူးခင်းထဲတွင် ဒုက္ခခံစရာမလိုသလို ဝါခင်းထဲမှာလည်း ဝါကောက်စရာမလိုပါဘဲ  မြေပဲ ဆွတ်ရလေ၏ ။


ဤရက်တွေမှာ ပိုပိုပြီး ပျော်စရာကောင်းလာသည်ဟု သူမ ခံစားရသည်။


မြေပဲရိတ်သိမ်းသောအခါတွင် လူတစ်ယောက်က နွားများနှင့် နွားများကို မောင်း၍  သံထွန်ဆွဲကာ မြေထွန်ပြီး  မြေပဲများကို ထွန်ထုတ်လိုက်၏။  နောက်မှလူများက မြေပဲများကို ကောက်၍ အပုံလိုက်ပုံထားကြပြီး ၎င်းနောက် မြေပဲဆွတ်ကာ တင်းတောင်းထဲတွင် ထည့်လျက် လယ်ကွင်းထဲမှာ သယ်ထုတ်ကြသည်။


လင်းလန်က ပြောင်းရိတ်သိမ်းရာနှင့် ဝါကောက်ရာတွင် နှေးကွေးသော်လည်း မြေပဲ ရိတ်သိမ်းရာတွင် မြန်၏။ သူမက အလုပ်ရှောင်ခြင်းလည်းမဟုတ်သလို အပျင်းထူနေခြင်းလည်းမဟုတ်ပါဘဲ  တစ်နေရာ၌တော်ပြီး တစ်နေရာ၌မတော်ခြင်းသာဟု၍ပင် ကိုယ့်ကိုကိုယ် နှစ်သိမ့်ခဲ့သည်။    


 အချို့သော အဆင့်မြင့်အဖွဲ့ဝင်များက အဖွဲ့ခေါင်းဆောင်၊ ပြည်သူ့စစ်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး အားလုံးကို သတိပေးစကားဆိုနေသည်။


"မခိုးရဘူး မခိုးရဘူး...စုပေါင်းပိုင်ဆိုင်မှုကို ကာကွယ်ရပါမယ်... တစ်စုတစ်စည်းတည်း ဖြန့်ဖြူးမဲ့နေရာကို ပို့ဆောင်ချိန်ထိ စောင့်ပါ...ဒီနေ့ သင် မြေပဲတစ်တောင့်စားရင် တစ်ခါပိုရှက်ရလိမ့်မယ်"ဟုပြန်တလဲလဲ ဖိကာအော်၏။    


သို့ပေသိ ယင်းက အဖွဲ့ဝင်တွေနှင့် ကလေးတချို့ အစားအသောက် ခိုးယူခြင်းကို မတားဆီးနိုင်ပါချေ ။  


တစ်​ချို့က ဗိုက်ဆာ၏။  ဗိုက်ထဲမှာ ဆီနှင့်ရေမရှိသည်ဖြစ်ရာ  မည်မျှစားနေပါစေ  ဗိုက်ဆာနေပေလိမ့်မည်။


တစ်ချို့က လောဘကြီးသည်။ဤသို့သော မြေပဲလတ်လတ်ဆတ်ဆတ်က ဝါးရသည်မှာအရသာရှိပြီး မွှေးချို၏။ အနှီသွေးဆောင်မှုမျိုးကို  မည်သို့ ငြင်းဆန်နိုင်ပါမည်နည်း။   


ထို့ကြောင့် လူတိုင်းနီးပါး၏ပါးစပ် လှုပ်နေပြီး အချို့အမျိုးသမီးတွေက အိတ်ကပ်ထဲ၌ပင် ဝှက်ထားကြ၏။ 

 


xxxxxxxx