Part 179
ထိုထဲတွင် လင်းလန် မပါပါချေ။ မည်သို့ပင်ဖြစ်စေ သူမက အသေးအမွှားကိစ္စများကို အခွင့်ကောင်းမယူရန် အဆုံမခံခဲ့ရသည်။ထို့ပြင် *သုံးနှစ်တာအကျပ်အတည်းကာလ မဟုတ်ချေ။ သူမမိသားစု ကောင်းကောင်းနေနိုင်၏၊ အနည်းဆုံး စားနပ်ရိက္ခာ လုံလုံလောက်လောက် ရှိနိုင်ပေသည်။ သဘာဝအတိုင်း သူမထိုသို့သောအရာကို လုပ်မှာမဟုတ်ချေ။
(T/N–သုံးနှစ်တာအကျပ်အတည်းကာလဆိုတာက 1959-61အတွင်း တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကမ္ဘာအကြီးမားဆုံး ငတ်မွတ်ခေါင်းပါးဘေးပါ။
အဲ့ဒီသုံးနှစ်တာအတွင်းမှာ အချို့သော တရုတ်ပြည်သူ သန်းပေါင်း30က အစာငတ်ပြီးသေဆုံးခဲ့တာပါတဲ့)
ဗိုက်ဆာပါက လယ်ကွင်းထဲမှာ တချိုတလေ စားရန် သူမသားသမီးတွေကို ပြောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းစားနေကြပေမဲ့ အိမ်ပြန်မယူရန် ကြိုးစားကြ၏။(အိမ်ကိုသယ်မသွားဘူး)
မိုင်စွေ့က လင်းလန်၏ နေ့စဉ် ဦးနှောက်ဆေးခြင်းကို ခံခဲ့ရသည်။ မိန်းကလေးများသည် မိမိကိုယ်ကို လေးစားချစ်ခင်သင့်၏။ မိန်းကလေးတွေအနေဖြင့် မည်သို့အရှက်မကွဲအောင် နေရမည်ကို သိသင့်ပြီး မပြောပလောက်သော အစေ့အဆန်အနည်းငယ်အတွက် လောဘမကြီးသင့်ပေ။ ယခု မိသားစုပြန် ပြေလည်လာသည့်အခါ လင်းလန်က ဟင်းပွဲတွေမှာ ဆီနည်းနည်းထည့်ပေးလေ့ရှိသည်။ သူမက လောဘကြီးလျှင်ပင် နည်းနည်းပဲ စားပြီး ဗိုက်ပေါက်အောင်စားကာ အိတ်ကပ်ထဲ ဝှက်ထားချင်သည့် တခြားကလေးတွေလို မဟုတ်ချေ။
သို့ပေမဲ့ အားဝမ်ကမူ စားပြီး အိမ်ပြန်ယူရန် တချို့ကို ဝှက်ထားခဲ့၏။
လင်းလန်က အားဝမ်ကို အများပိုင်ပစ္စည်းများကို ယူ၍မရကြောင်း ပြောခဲ့သည်။
အားဝမ်က ယုံကြည်မှုရှိပြီး သတ္တိရှိနေ၏။ စုပေါင်းလုပ်အားပင်ဖြစ်သော်ငြား လူတိုင်းက ယူနေကြပြီး သူ မယူပါက သူအရှုံးရှိသွားမှာဖြစ်လေသည်။
“မယူရင် အရူးလို့ လူတွေက ထင်ကုန်ကြလိမ့်မယ်”
ရိတ်သိမ်းပြီးသည်အခါ လူတိုင်း ခိုးကြမည်မှန်း ကွန်မြူနတီအဖွဲ့ဝင်များ ယုံကြည်ကြ၏။ မခိုးဘူးဆိုပါက သင့်မှာ အယူဝါဒဆိုင်ရာ အသိဥာဏ် မြင့်မားသည်ဟု ထင်မှာမဟုတ်ပါဘဲ သင်ကိုယ်သင် မိုက်မဲသည်ဟု ခံစားရပေလိမ့်မည်။
လင်းလန်က အားဝမ်ကို အကြိမ်ပေါင်းများစွာ ဖြောင့်ဖြခဲ့သော်လည်း အားဝမ်က ဤတောင်ကို မောင်မကျော်နိုင်ဖြစ်နေ၏။
နောက်ပိုင်းမှာ လင်းလန်က ထိုအကြောင်းကိုစဉ်းစားပြီး အားဝမ်ကို အတင်းအကြပ်လုပ်စရာမလိုဟုတွေးမိသည်။သူက ဉာဏ်ကောင်းသည့်ကလေးဖြစ်လေရာ သူ့ကိုတကယ်ပုန်ကန်အောင်လုပ်မိပါက ကောင်းလိမ့်မည်မဟုတ်ပေ။
အမှန်တွင် ဤသည်က ခိုးယူခြင်း၏ ရိုးရှင်းသည့်ပြဿနာမဟုတ်ပါဘဲ ရှုပ်ထွေးသော လူမှုဆင်းရဲနွမ်းပါးမှု ပြဿနာဖြစ်၏။
ဥပမာအားဖြင့် သုံးနှစ်တာအကျပ်အတည်း ကာလ တွင်၊ ထိုစဥ်က လူတစ်ဦးသည် တစ်နေ့လျှင် ရိက္ခာခွဲတမ်းသုံးခု သို့မဟုတ် နှစ်ခုသာစားရပြီး ဗိုက်ဆာလွန်းသဖြင့် နေ့တိုင်း အညစ်အကြေးများကို စားချင်မိသည်အထိပင်။
လင်းလန်၏မိသားစုတွင် လုပ်သက်ငါးနှစ်အောက်ရှိ ဦးလေးတစ်ဦးရှိသည်။ မိသားစုအနေဖြင့် ရက်အတော်ကြာ ဆာလောင်နေခဲ့ပြီး နောက်ဆုံးတွင် ထုတ်လုပ်ရေးအဖွဲ့က ပဲကိတ်မုန့်အချို့ကို ရယူနိုင်ခဲ့ကာ သူတို့မိသားစုက ဆယ်ကတ်တီကို ဝေစုရခဲ့၏။ ဦးလေးက ပဲကိတ်မုန့်တွေကို ကျောပေါ်မှာ သယ်ထားကာပြန်လာသော်လည်း လမ်းမှာ တရစပ်စားနေပြီး အိမ်ပြန်ရောက်ချိန်၌မူ ပဲကိတ်မုန့်ဆယ်ကတ်တီ ကုန်သွားလေပြီ။
အိမ်ရှိ ဇနီးနှင့် ကလေးတွေက ငိုယိုကာ ဆူညံပွက်လောရိုက်ကြပြီး ဇနီးသည်ကလည်း သူ့ကို ရိုက်နှက်ခဲ့သည်။ နောက်ဆုံးမှာ ဦးလေး ဆုံးသွား၏။
သေချာသည်ကား သူသေအောင်အရိုက်မခံခဲ့ရသော်လည်း ပဲကိတ်မုန်တွေကို အလွန်အကျွံစားပြီး အစာမကြေဖြစ်ခဲ့ခြင်းပင်။
၎င်းသည် မိသားစုအတွက် တစ်လစာ အသက်ကယ် အစားအစာဖြစ်ခဲ့သော်လည်း သူက တစ်နပ်တည်း စားပစ်ခဲ့ပြီး သေဆုံးသွားချိန်တွင် ပင် မိသားစုက ဝမ်းနည်းခြင်းမရှိခဲ့ပေ။
ငတ်မွတ်ခြင်းက များစွာသော အရာတွေကို ပျောက်ကွယ်သွားစေခဲ့သည်ဟု ဆိုရပေမည်။
ထိုအချိန်က ကောက်ပဲသီးနှံရိတ်သိမ်းခြင်းမှာ ခက်ခဲသောတိုက်ပွဲဖြစ်ပြီး ကွန်မြူနတီအဖွဲ့ဝင်များသည် အိမ်မှအစားအစာများကို ခိုးယူရန် အမြဲကြိုးစားကြသည်။
လက်ရှိခေတ်ထက်များစွာပိုပြင်းထန်ပြီး
မြေပဲသာမက အစားအစာ အမျိုးမျိုးလည်းပါဝင်၏။ ပြောင်းဖူးချိုးသည့်အခါတွင် ဗိုက်ကိုအရင်ဖြည့်ကြသည်၊ မြေပဲ ရိတ်သိမ်းသည့်အခါကား ပြောစရာပင်မလိုပါချေ။
စိုက်ပျိုးရေးလုပ်သည့်အခါ၌ပင် ကွန်မြူနတီ အဖွဲ့ဝင်များသည် မျိုးစေ့များကို ပါးစပ်ထဲသို့ တိတ်တဆိတ်ထည့်ကာ ကေဒါများအား ထူးဆန်းသောလှည့်ကွက်များ ပေါ်လာစေရန်၊ ကျောက်မီးသွေး၊ ဆီး၊ နှင့် နောက်ဆုံးတွင် ပိုးသတ်ဆေးများကို ရောစပ်ခိုင်းစေသည်။
ဤနည်းဖြင့် မြေ၌စိုက်ထားသော အစေ့များကို ကလေးများက တိတ်တဆိတ် ခူးဆွတ်ပြီး ကြိတ် စားသောက်ကြသည်။
ယှဉ်ကြည်ံ့ပါက ယခုက ပိုကောင်း၏။
ပြောရပါလျှင် မြေပဲသည် လူတိုင်းအတွက် ရှားရှားပါးပါးဖြစ်သဖြင့် သူတို့က စားပြီး အချို့ကို အိမ် ခိုးယူသွားမည်ပင်။ ပြောင်းဖူးရိပ်သိမ်းသောအခါတွင် မည်သူမျှ မခိုးယူသလို မည်သူမှလည်း ပြောင်းဖူးစိမ်းကို မစားကြပေ။
ဤအယူအဆကို အခြေခံ၍ အားဝမ်ကို ကွဲပြားစေရန် တွန်းအားပေးစရာ မလိုအပ်သော်လည်း သူ့ကို ဖြည်းဖြည်းချင်း လွှမ်းမိုးရမည်ဟု လင်းလန် ခံစားရသည်။
လင်းလန် မတ်တပ်ထရပ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဟန်ချင်းဖျင်က ကျောင်းသားတွေကို တစ်ဖက်မှာ ဦးဆောင်နေသည်ကို တွေ့လိုက်ရ၏။
တဝမ်က ပြောင်းဖူး သွားချိုးနေပြီး အလုပ်မှတ်ကလည်း မြင့်လေသည်။ အားဝမ်နှင့် မိုင်စွေ့က မြေပဲတွေကို နေရာမှာကောက်နေကြပြီး စန်းဝမ်က ကျကျန်နေသော မြေပဲများကို ကောက်ရန်တာဝန်ယူထား၏။
ထိုအခိုက်အတန့်တွင် အားဝမ်ကလည်း သူမကိုကြည့်လာသဖြင့် လင်းလန်က သူ့ကို လက်ပြလိုက်သည်။
အားဝမ်ကလည်း သူ့လက်များကို မြှောက်ကာ လက်ချောင်းများကိုဖြန့်၍ သူမဆီသို့ အရှုံးပေးသည့် အမူအရာဖြင့် ပြလေ၏။
သူမခိုးဘူးဟု ဆိုလိုမှန်း လင်းလန် သိလိုက်သည်။
လင်းလန် စိတ်သက်သာရာ ရသွားပြီး ပြုံးလိုက်၏။
ထိုအခိုက်အတန့်တွင် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်က လက်နှစ်ဖက်ကို နောက်ကျောသို့ ပစ်ကာ လက်သန်းလောက် တုတ်သော တုတ်တစ်ချောင်းကို ကိုင်ထားရင်း အော်လေသည်။
“အရင်က စားခဲ့တာတွေကို ငါတာဝန်ယူမှာမဟုတ်ဘူး...ဒါပေမဲ့ အခု ငါတစ်စေ့ မှစားမှာမဟုတ်ဘူး...ငါစားမိရင် ငါ့အလုပ်မှတ်တွေကို ငါဖြတ်ပစ်လိုက်မယ်...မင်းတို့... အထူးသဖြင့်အိတ်ကပ်ထဲက အရာအားလုံးကို တိတ်တိတ်လေး ပြန်သွန်ထားလိုက်စမ်း... ငါအဲဒါကို တူးထုတ်ပြီး အရှက်ကွဲတဲ့အချိန်ထိစောင့်မနေနဲ့..."
သူယခုလိုပြောလိုက်သည်နှင့် တစ်ချို့က ရှက်ပြီး အမြန်ရပ်ကြသော်လည်း လူတချို့က ငြင်းဆန်ကြ၏။
လင်းလန် အခုလေးတင် ယုဝူဇီ အသည်းအသန် ထိုးသိပ်ထည့်နေသည်ကို မြင်လိုက်ရသည်။
လျှို့ချွမ်းဟယ်ကို ရှန်ရွေ့ အလုပ်ကြမ်းစခန်းသို့ ပို့လိုက်ကတည်းက ယုဝူဇီ သူမ၏ နာကြည်းမှုကို ဖြေဖျောက်ရန်အတွက် တောင်ပိုင်းသို့ သွား၍ လမ်းများပေါ်တွင် ဆူညံစွာ ကျိန်ဆဲခဲ့သည်။ လင်းလန်၏ ကြိမ်တုတ်ဖြင့် အရိုက်ပြီးနောက် လမ်းပေါ်သို့ သွားမကျိန်ဆဲရဲတော့ပေ။
xxxxxxxxx
Part 180
သို့ရာတွင် သူမက လုံးဝရပ်တန့်သွားခြင်းမဟုတ်ပဲ ဟန်ချင်စုန့်နှင့်လင်းလန် တို့ကို တနေကုန် မကောင်းပြောရန် အခွင့်အရေးယူကာ အိမ်မှာထမင်းသုံးနပ်စားသလောက် ကြိမ်းမောင်းပြီး တွေးမိတိုင်း ဆူဆဲလေသည်။
သူမ၏အိမ်က လင်းလန်၏အိမ်နှင့် ဝေးပြီး လင်းလန် မကြားနိုင်သည့်အတွက် သူမ လင်းလန်ကို ဂရုမစိုက်ပေ။
မည်သို့ပင်ဖြစ်စေ သူမ လင်းလန် ရှေ့တည့်တည့်မှာ ဆူပူကြိမ်းမောင်းမနေဝံ့သော်လည်း နောက်ကွယ်မှာရှိနေပါက တခြားသူတွေ၏ပါးစပ်ကို မည်သူထိန်းနိုင်ပါမည်နည်း။
ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းတို့အားလုံးမှာ အလုပ်မှတ်တွေရှိကြတယ်... ဆာလောင်မှုကို ကျေနပ်အောင် နည်းနည်းပဲစားကြတာအဆင်ပြေတယ် ဒါပေမဲ့ ဒီမြေပဲဆံလောက်လေးကို မင်းတို့သေအောင်စားကြတယ် ... တခြားအဖွဲ့ဝင်တွေကျတော့ ဘာရမှာလဲ...သူတို့ကရော တုတ်ချိုးရတာ မပင်ပန်းဘူးများထင်နေလား"
အမျိုးသမီးအများစုက ရယ်ရုံသာရယ်ကြပြီး သူတို့ မစားမချင်း မစားဘူးဟု ဆိုကြ၏။
ယုဝူဇီ စားနေရင်း သူမဘောင်းဘီထဲကိုလည်း သိပ်ထည့်နေသည်။
မိုင်စွေ့က ယုဝူဇီ ကို လက်ညှိုးထိုးပြပြီး အော်လိုက်၏။
"ကပ္ပတိန်က မစားရဘူးလို့ ပြောတယ်... ဘာလို့စားနေသေးတာလဲ..."
ယုဝူဇီ လန့်သွားသည်။
မိုင်စွေ့ : "ရှင့်ကိုပြောနေတာပဲ"
ယုဝူဇီက ငေါက်လိုက်၏။
"သောက်ကောင်မလေး...ကိုယ့်အလုပ်ကိုလုပ်စမ်း... နင်ရော မစားဘူးလား "
မိုင်စွေ့က အကျိုးသင့်အကြောင်းသင့်ပြောလိုက်သည်။
"ရှင်မှန်တယ်...ကျွန်မတကယ်မစားခဲ့ဘူး...ဒီကိုမလာခင်ကတည်းက ကျွန်မက ဗိုက်ပြည့်နေပြီးသား...လယ်ကွင်းထဲကဟာတွေကို မစားရဘူးလို့ မားမားကပြောတယ်... လူကြီးတွေက ခွဲပေးမှာတဲ့... ရှင်စားလိုက်တဲ့မြေပဲစေ့တိုင်းက ကျွန်တို့အဖွဲ့ထဲက မိသားစုအားလုံးရဲ့ဝေစုပါတယ် ...ရှင်တစ်စေ့ပိုစားလိုက်တာနဲ့ ...ဝေစုကတစ်စေ့ ပိုလျော့သွားမှာ...မတရားဘူး...”
ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် အခြားလူများက လောလောလတ်လတ် အသံကို ကြားလိုက်ရသောအခါ တွေးမိကုန်၏။
ဒီအပေါက်ဆိုးတဲ့အမျိုးသမီးက ဘယ်လိုများ ဒီလိုစကားတွေ ပြောတတ်မှာလဲ...
လူတချို့က လင်းလန်ကို သွားတွေးမိကြသည်။
ပြောစရာမလိုပေ ၊ သူမက အနည်းငယ် ကလူတူတူနိုင်ပြီး ဤရက်ပိုင်းအလုပ်လုပ်ရာတွင် ပြောင်းရိုးချိုးရန် ငြင်းဆန်သော်လည်း မြေပဲ ကောက်ရာတွင် တကယ်ကို ဘာတစ်ခုမှ မခိုးခဲ့သလို အပျင်းထူနေခြင်းလည်း မရှိခဲ့ဘဲ လုံ့လဝီရိယ ရှိသူဖြစ်၏။
လူတော်တော်များများက ယခင်ကအတင်းအဖျင်းတွေပဲကြားဖူးကြပြီး လင်းလန်နှင့် ထိပ်တိုက်မတွေ့ဖူးသည့်အတွက် ယင်းက အာဃာတဟု ခေါ်၍ မရပါချေ။
လင်းလန်က ယခု ပုံမှန်အတိုင်း ပြုမူနေပြီး သူမ၏အသိဥာဏ်က သာမန်လူများထက် မြင့်မားနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့တွင် အမြင်ကောင်းများရှိလာကြသည်။
ယုဝူဇီက ဒေါသတကြီးဟောက်လိုက်၏။
"နင်ဘာတွေ ဟန်ဆောင်နေတာလဲ...ဘယ်သူက စကားကောင်းမပြောနိုင်မှာလဲ... ဟုတ်တာပေါ့ နင်က အရာရှိတစ်ယောက်လိုမျိုး အယောင်ဆောင်နေတာလေ... နင်က ငါ့ကို နင်းပြီး ကိုယ့်ကိုကိုယ် ဂုဏ်တင်ချင်နေတဲ့ အယုတ်တမာလေး ... ငါ့စားနေတာကို နင်ဘယ်မှာမြင်လို့လဲ"
မိုင်စွေ့ ၏ မျက်နှာက ဒေါသကြောင့် ပြောင်းလဲသွားပြီး
"ခေါင်းဆောင် ကပြောနေပေမဲ့ ရှင်ဝါးနေတုန်းပဲ..ကျွန်မတို့အားလုံး မြင်လိုက်တယ်"
အားဝမ်: "ခင်ဗျားရဲ့ပါးစပ်က အရမ်းညစ်ပတ်နေတာ... ကျုပ်တို့အားလုံးမြင်ပြီးပြီ...ခင်ဗျားက အများဆုံးခိုးနေတာ...စိတ်ပျက်စရာပဲ"
တခြားကျောင်းသားတွေလည်း ချက်ခြင်းသက်သေခံကြသည်။
စန်းဝမ်: "ခင်ဗျားက စားရုံမဟုတ်ပဲ အိတ်ကပ်ထဲမှာ ဝှက်ထားသေးတယ် "
ယုဝူဇီက သူတို့ကို သူများအလုပ်မှာ ဝင်စွက်ဖက်သည်ဟု ကြိမ်းမောင်းပြီး မြေစွသည့် ပေါက်ပြားကို ကောက်ယူ၍ မိုင်စွေ့ကိုသွားရိုက်ရန်ပြင်လေ၏။
ခေါင်းဆောင်က အလျင်စလို အော်ဟစ်လိုက်သည်။ "ဝူဇီကြီး... မင်း ဘာလုပ်နေတာလဲ..."
သို့ပေမဲ့ ယုဝူဇီက သူမဒေါသကို ဖြေဖျောက်ရန်အတွက် မိုင်စွေ့ကို ရိုက်မည့် အခွင့်အရေးကို အရယူလိုက်၏။
လင်းလန်က အမြန်ကျော်လွှားသွားပြီး ယုဝူဇီ၏ပေါက်ပြားကို ဆွဲကိုင်လိုက်ကာ
"ရှင်က လူကြီးဖြစ်နေပြီး ကလေးတစ်ယောက်ကို ဘယ်လိုများ အနိုင်ကျင့်နိုင်ရတာလဲ"
"သူက ငါ့ကို မတရားစွပ်စွဲတာလေ... ငါက သူ့ကို ရိုက်ရမှာပေါ့... နင် ငယ်ငယ်ကတည်းက ကောင်းကောင်းမသင်ရင် ကြီးလာတဲ့အခါ နိုင်ပါ့မလား..."
"ရှင်က အခုလေးတင် အစာခိုးစားနေတာလေ ... ဘာတွေ ဟန်ဆောင်နေတာလဲ..."
လင်းလန်က ယဉ်ကျေးမနေပေ။ သူမ ကလေးကို နောက်ကွယ်မှာ ရိုက်ချင်တယ်ပေါ့လေ ... နောက်ဆုံးတစ်ယောက်က အလုပ်ကြမ်းစခန်းမှာ အခုထိ ကူလီလုပ်နေရတုန်းပဲ...
ယုဝူဇီက စပြီး ပြဿနာရှာလာကာ လင်းလန်က တခြားသူတွေကို အနိုင်ကျင့်ကြောင်း၊ သူမသမီးကလည်း ဒီအသက်အရွယ်လေးနှင့် တခြားသူတွေကို အနိုင်ကျင့်နေကြောင်း ပြောဆိုလေသည်။
လင်းလန်က ဒေါသတကြီးဖြင့် ရေတစ်ခွက်သွားယူပြီး
"ရှင်မှာ အရည်အချင်းရှိရင် ပလုပ်ကျင်းလိုက်လေ"
ယုဝူဇီ မျက်နှာ ပျက်သွားပြီး "ဘာလို့ ရေအေးတွေသောက်ရမှာလဲ"
သူမပါးစပ်ကို ပလုပ်ကျင်းလိုက်ပါက အကုန်လုံးက မြေပဲဝါးထားသည့်အဖြူဖက်တွေချည်းဖြစ်နေပေလိမ့်မည်။ အရူးပင် မြင်နိုင်သည်။
“ရှင်မလုပ်ရဲရင် တခြားသူတွေက ရှင့်ကိုမတရားစွပ်စွဲတယ်လို့ မပြောနဲ့...”
လင်းလန်က မထီမဲ့မြင် ကြွေးကြော်ပြီး ရေခွက်ကို ပြန်ထားလိုက်သည်။
မိုင်စွေ့က ဝိုးခနဲလုပ်လိုက်ပြီး
“မားမားက အရမ်းမိုက်တာပဲ... ဒါက တကယ့်အကြံကောင်းတစ်ခုပဲ”
ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်ကလည်း ရောက်လာပြီး
“ကောင်းပြီ... ဟုတ်တယ်...အခုကစပြီး ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်... ငါ မစားရဘူးလို့ ပြောလိုက်ရင် ဘယ်သူပဲ စားစား ပါးစပ်ကို ပလုပ်ကျင်းခိုင်းမယ်... အဖြူဖတ်တွေ ထွေးထုတ်လိုက်တာနဲ့ အလုပ်မှတ်တွေ နုတ်ပစ်မယ်”
သူက ထပ်မံ ရေရွတ်ကာ “မစားရဘူးရယ်လို့ မဟုတ်ဘူး ...တော်သင့်ရုံစား... ဘယ်လို အဆုံးမရှိပဲ ခံနိုင်မှာလဲ...မင်းတို့ အကုန်လုံးကို စားလိုက်ရင် ဘယ်လိုလုပ်အလုပ်မှတ်တွေရမှာလဲ"
အမျိုးသမီးတွေ အပြစ်ရှိသလို ခံစားရပြီး ကွန်ပလိန်းမတက်ရဲကြတော့ပေ။
ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်က အတော် ဝမ်းသာသွားပြီး နည်းလမ်းကောင်းကို တွေးမိသည့်အတွက် လင်းလန်ကို ချီးကျူးခဲ့သည်။
သို့ပေမဲ့ လင်းလန်က ယုဝူဇီကို လွှတ်မပေးချင်ပေ။ မည်မျှပဲ အကျည်းတန်နေပါစေ၊ သူမက အိမ်မှာ တနေကုန် ထိုကျိန်ဆဲနေပြီး သူမတို့နှစ်ယောက်က ယခု လမ်းကျဉ်းလေးမှာ ပြန်ဆုံကြပြီဖြစ်ရာ ဤအတိုင်းထားလိုက်ရုံနှင့် မရသည်ပင်။
သူမက အေးစက်စွာ ဖြင့်
"လူတိုင်းက လောဘပြေအောင် နည်းနည်းစားရုံပဲ...ရှင်က ဘာလို့ ခိုးသေးတာလဲ... ရှင်ထုတ်သင့်ပြီ...ရှင် ခိုးထားတဲ့ဟာက လူကြီးတွေအကုန်လုံးရဲ့ဝေစုတွေ"
ယုဝူဇီက ရုတ်တရက် ထခုန်လိုက်ပြီး
"နင်က လူတွေကို အထင်သေးနေတာပဲ...ဘယ်သူကခိုးလို့လဲ"
စန်းဝမ်: "ခင်ဗျား အိတ်ကပ်ထဲမှာထည့်ထားတာ"
ယုဝူဇီက သူမဘောင်းဘီနှင့်အကျီအိတ်တွေကို ချက်ချင်း ဖွင့်ပြလိုက်ရာ အထဲမှာ ဖုန်တွေပဲရှိနေပြီး မြေပဲမပါချေ။
“ကြည့်စမ်း... ဘယ်မှာလဲ”
သူမက ခေါင်းဆောင်ကိုပြလိုက်ပြီး နောက် စငိုလေ သည်။
“အရာရှိတွေက အနိုင်ကျင့်နေတာ... သူများတွေကို အနိုင်ကျင့်နေတယ်... အကြောင်းပြချက်ရှိရဲ့လားတော်"
သူတို့ဘေးက အမျိုးသမီးတွေကလည်း အံ့ဩသွားကြ၏။ ယုဝူဇီက တကယ် ဝှက်ထားတာပါ...သူတို့လည်း မြင်လိုက်တယ်... စားနေရင်းနဲ့ အိတ်ကပ်ထဲမှာ ဝှက်ထားလိုက်တာလေ... အခုဘာလို့ ပျောက်နေတာလဲ...
လင်းလန်က သရော်လိုက်ပြီး ယုဝူဇီ၏အဝတ်အစားများကို ဖမ်းကိုင်လိုက်ကာ
"ရှင့်ရဲ့ အိတ်ကပ်တွေကို ရှာနေတော့ ဘာထူးမှာလဲ"
သူမက လက်ဆန့်ကာ ယုဝူဇီ၏ချိုင်းကြားကို ဆုပ်ကိုင်လိုက်သည်။
ယုဝူဇီက ချက်ချင်းရှောင်လိုက်ပြီး ထိတ်လန့်တကြားအော်လိုက်သည်။
"နင်ဘာလုပ်နေတာလဲ "
xxxxxxxxx