အပိုင်း ၁၈၁-၁၈၂
Viewers 22k

Part 181


ယခုက အေးနေပြီဖြစ်ရာ လူတိုင်းက အနွေးထည်တွေနှင့် အပေါ်ထပ်အရှည်ကြီးများကို   ဝတ်ထားကြပြီး အအေးဒဏ်ကို ကြောက်လွန်းသည့် အသက်ကြီးသူတွေက ဂွမ်းကပ်အနွေးထည်လေးများကိုပင် ဝတ်ဆင်ထားကြ၏။ အဝတ်အများကြီးဝတ်ထားပါက  ဖုံးကွယ်ထားသည့်အရာတွေကို  ရှာတွေ့ဖို့မလွယ်သည်က သဘာဝပင်။


 စန်းဝမ်က  သွက်သွက်လက်လက် လှုပ်ရှားလိုက်ပြီး ယုဝူဇီ၏ အကျီအောက်က ချုပ်ရိုးနားသို့ လက်က ရောက်ရှိလာပြီး အတွင်းမှ အဝတ်အိတ်ကို တစ်ခါတည်း ဆွဲထုတ်လိုက်သည်။


 "ဝိုး"


ဖောင်းပွနေသော အဝတ်အိတ်ကို လူတိုင်းတွေ့လိုက်ကြရပြီး အလေးချိန်က သုံးလေးကတ်တီလောက် ရှိမည်ထင်၏။


ဒါ...ဒါက အံဩစရာကောင်းလိုက်တာ...


တစ်ချို့လူတွေက ဒေါသထွက်ကြသည်။ဤသည်က လူတိုင်းပိုင်သော မြေပဲဖြစ်၏။ အဘယ်ကြောင့် သူမက ခိုးရပါသနည်း။ 


ယုဝူဇီ ဖောက်ထွင်းအမြင်ခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


 "အား...သေပါပြီ "

 သူမက မြေကြီးပေါ် ထိုင်ချကာ စတင် ငိုယိုတော့သည်။


 "နင်တို့တွေက လူရမ်းကားတွေ... နင်တို့တွေက လူရမ်းကားတွေပဲ"


 ကစားနေသော ရှောင်ဝမ်က ဝမ်ဝမ်ကို ခေါ်ကာ ပြေးလာပြီး သိလိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။

 "လူရမ်းကား ဆိုတာဘာလဲ"


ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောက်က ဒေါသတကြီးပြော၏။


"အဲ့ဒါက ခုနစ်နှစ်ပဲရှိသေးတဲ့ ကလေးလေ...ဘယ်လိုလုပ်လူရမ်းကားဖြစ်ရမှာလဲ...မင်းက သူခိုးလူဟစ်လုပ်နေတုန်းပဲ"


စန်းဝမ်က မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်ဖြင့် ယုဝူဇီကို ကြည့်ကာအော်လိုက်သည်။

 "ကြည့်ကြည့်... သူ့မှာ ဂျိုးအကြီးကြီး ပေါက်နေပြီ" 


(T/N–မူရင်းမှာ jj လို့သုံးထားတာပါ။  ယောကျာ်းတန်ဆာရဲ့ တရုတ်ဗန်းစကား။လခွမ်း...မရယ်ဘဲမနေနိုင်ဘူး)


 အနှီစကားများကို ကြားရချိန်တွင်   အားလုံး ကြက်သေသေ သွားကြပြီး ယုဝူဇီ၏ဘောင်းဘီမှ အဖုအထစ်ကြီးတစ်ခုကို ချက်ချင်း သတိပြုမိလိုက်ကြ၏။


 လင်းလန် : "... "


 သူမက စန်းဝမ်၏ ခေါင်းကို ပုတ်လိုက်သည်။

ဒီကလေးရဲ့ မျက်လုံးတွေက တကယ့်ကို အဆိပ်တောက်တွေ...


ယုဝူဇီက ငိုဖို့ရာ ဂရုမစိုက်နိုင်တော့ဘဲ  အလျင်အမြန် ဖုံးကွယ်လိုက်သော်လည်း  လောလောဆယ်မှာ သူမက ချည်သားဘောင်းဘီဝတ်မထားသည်ကား သနားစရာပင်။  အလုပ်အဆင်ပြေရန်အတွက် သူမက ဘောင်းဘီရှည်တစ်ထည်ပဲ ၀တ်ထား၏။ သူမ ဘောင်းဘီအိတ်ထဲ ထည့်ထားသည့် အဝတ်အိတ်က မည်သို့မျှ ဖုံးကွယ်မရတော့ပါချေ။ အကြောင်းမူကား သူမက   မြေပဲတွေ အများကြီးခိုးထား၍ပင်။မူလက ဖုံးကွယ်ထားကြောင်း  ရှင်းရှင်းလင်းလင်း မသိသာသော်လည်း  ယခုလေးတင် စိတ်လှုပ်ရှားပြီး  မြေကြီးပေါ်ထိုင်ချမိလိုက်ရာ တန်းပေါ်သွားတော့သည်။ 


လင်းလန်က စန်းဝမ်၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။

 " လှည့်မကြည့်နဲ့ " 

 

စန်းဝမ် : "မားမား ကျွန်တော်လျှောက်ပြောနေတာ မဟုတ်ဘူး... အဖေလောက် ကြီးတယ်...ကျွန်တော် တန်းမြင်လိုက်တာ  " 

    


မြင်ကွင်းတစ်ခုလုံးက ခြောက်ခြားဖွယ် ကောင်းသော တိတ်ဆိတ်မှုအတွင်းသို့ သက်ဆင်းသွားရသည်။ 


 ရုတ်တရက် ကျယ်လောင်စွာ ရယ်မောသံများ ထွက်ပေါ်လာပြီး 

"ဟားဟား ဟားဟားဟား..."


 အမျိုးသမီး အားလုံးက လင်းလန်ကို  'အမလေးလေးးး နင် ကံကောင်းလိုက်တာ'ဟူသော အကြည့်များဖြင့် ကြည့်နေကြ၏။ 


 လင်းလန်  : "!!!"


မင်း...ဆိုးတဲ့ကလေး...မင်း အဖေကို ဘယ်လိုဖော်ကောင်လုပ်နိုင်ရတာလဲ...


 သူမက ပြင်ပတွင် မိဘများကြား ဆက်ဆံရေးကို လူသိရှင်ကြားဖော်ပြရန် လူကြီးများ၏ အပျော့ဆွဲဆွဲခြင်းကို  ခံနေရသော ကလေးတစ်ဦးကြောင့်  အကူအညီမဲ့နေသည်ဖြစ်ရာ  သူမ တကယ်ကို ဆုံးမပေးရန် လိုနေပြီဖြစ်သည်။


 သူမက စန်းဝမ်ကို ဘေးဖယ်လိုက်ပြီး 

"စန်းဝမ်... နောက်နောင် ဒီလိုစကားတွေ မပြောနဲ့ "


 စန်းဝမ်  : "ကျွန်တော်  အမှန်တရားကို ပြောတာလေ"

သူက  အနည်းငယ် စိတ်တိုနေသေးပြီး 

"ဒါဆို သူတို့ကကျ အမြဲပြောနေတာလေ...ကျွန်တော်က ဘာလို့ မပြောရမှာလဲ". 


ဖျော်ဖြေရေးအနေဖြင့်  ယောက်ျားတွေက တစ်ခါတလေ သူတို့စုံသည့်အခါ  ညစ်ပတ်သည့်စကားတွေပြောတတ်ကြ၏။ အမျိုးသမီးတွေနှင့်မိန်းကလေးတွေကလည်း စုပြီး စကားတွေ အများကြီးပြောကြသည်။  အဘွားကြီးတွေပင် သူတို့  ထွေထွေထူးထူးရှိမနေသည့်အခါ  သားသမီးတွေကို  စနောက်ကြပြီး  ဆယ်ကျော်သက်တွေပင် စုဝေးကာ  တတွတ်တွတ် စကားတွတ်ထိုးကြသေး၏။


စန်းဝမ်က သူတို့နောက်သို့လိုက်ကာ အပျော်သဘောဖြင့် ဝင်ပေါင်းသည့်အခါ ထိုအကြောင်းကို သဘာဝအတိုင်း ကြားနေရသည်။


 ကလေးတွေက တကယ် နားမလည်ကြပေ။ သူတို့က  တခြားသူတွေပြောသည်ကို  နားထောင်ရခြင်းက ကြွားဝါနေ၊ရန်စနေသကဲ့သို့ဖြစ်ပြီး  စိတ်ဝင်စားစရာကောင်းသည်ဟု မှတ်ယူကြ၏။ 

 မိန်းကလေးတွေ အော်ဟစ်ပြီး  လူကြီးတွေ ဆူပူအောင်လုပ်နိုင်ပါက  ပို၍ပင်စိတ်ဝင်စားစရာကောင်းသေးသည်။ 


 “ဒါကိုပြောဖို့က အဆင်မပြေဘူး... လူကြီးတွေကြားရင် ရိုက်လိမ့်မယ်” 

လင်းလန်က သူ့ကို ခြိမ်းခြောက်လိုက်ပြီး “ထပ်မပြောနဲ့တော့"ဟုဆိုလိုက်၏။ 


သူမလည်း ပြောခွင့်မပြုသည့် လျှို့ဝှက်အစိတ်အပိုင်းအနည်းငယ်အကြောင်းကို  စာရင်းပြုစုပေးလိုက်သည်။ ပြောလျှင် လူတိုင်းက ဟာသလုပ်ကြပြီး သူ့မိဘတွေက သူ့ကိုရိုက်နှက်ကြလိမ့်မည်။ 


စန်းဝမ်က “သိပါပြီ  ” ဟု နှုတ်ခမ်းစူကာ ပြောလိုက်ပြီး အဆုံးတွင် ရေရွတ်လိုက်၏။


 “သူ့(မ)ငပဲက  အရမ်းကြီးတာပဲ... အဝေးဆုံးအထိ ပန်းနိုင်မလား မသိဘူး"


ကလေးများက အတန်းလိုက်ရပ်ကာ အဝေးဆုံး ဆီးသွားနိုင်သည့်သူကို ယှဉ်ပြိုင်ကြလေ့ရှိသည်။


လင်းလန် အင်အားမဲ့သွားသလို ခံစားလိုက်ရ၏။  သူ့အဖေက ဒီလိုမျိုး သင်ပေးထားတာတော့ မဟုတ်ပါဘူးနော်...


စန်းဝမ်ကို  သင်ကြားပြီးနောက် လင်းလန်ပြန်သွားသည့်အချိန်ထိပင် သူမပတ်ပတ်လည်မှ  စနောက်လိုသော၊ အားကျသော နှင့် မနာလိုသောအကြည့်တို့ကို ခံစားနေရ သေးသည်။


သူမ စိတ်ထဲတွင် ရူးတော့မလိုခံစားနေရ၏။ အတည်ကြီးလား...ကြီးလိုက်တဲ့ ပစ္စည်း(jj)...


 ယုဝူဇီ မြေပဲငါးကတ်တီပါသော အခြားအဝတ်အိတ်ကို ထုတ်ယူခဲ့ရသည်။ ၎င်းကို မည်သို့ဝှက်ထားသည်ကို သူမ မသိပေ။သူမအလုပ်လုပ်နေချိန်တွင် အိတ်ကြီးနှစ်အိတ်ကို သယ်ဆောင်ထားရန်ခဲယှဥ်းလှသည်။


    "နင့်အသက်အရွယ်ကိုပဲ ကျေးဇူးတင်ရမှာပဲ...နင်က  ငယ်နေရင် ကိုယ်ဝန်ရှိချင်ယောင်ဆောင်နေဦးမှာ"ဟု တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်၏။ 


   


 ယုဝူဇီက ယခု ဆဲဆိုခြင်းကို ရပ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ပြေးရန် ကြိုးစားသော်လည်း ပြန်အဖမ်းခံခဲ့ရသည်။


 ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်က ဒေါသတကြီးပြောလိုက်၏။


 "ဒါက တရားလွန်လွန်းတယ်... ညမှာ နာမည်တပ်ပြီး ဝေဖန်ဖို့ အစည်းအဝေးလုပ်မယ်... ရှင်းလင်းအောင် မလုပ်မထားဘူးဆိုရင် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲမသိဘူး" 


 သူမကို ဝေဖန်အပြစ်တင်မည့် အစည်းအဝေးတစ်ခုရှိနေကြောင်း ကြားသောအခါ ယုဝူဇီ၏ မျက်နှာက ကြောက်ရွံ့ထိတ်လန့်မှုကြောင့်  ပြောင်းလဲသွားပြီး 


"ခေါင်းဆောင်  နောင်ကျုပ်မခိုးရဲ့တော့ဘူး...ကျုပ်မခိုးတော့ဘူး...ကျုပ်ကို မဝေဖန်ပါနဲ့"


 ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်က သူမကို ခြောက်နေရုံသာဖြစ်သည်။   အစည်းအဝေးမှာ နာမည်တပ်ပြီး ဝေဖန်သည်က သာမန်ဝေဖန်ခြင်းနှင့် မတူပေ။(ဆူတာကို ပြောချင်တာဖြစ်မယ်)


xxxxxx

Part 182


ယုဝူဇီက နောက်တစ်ကြိမ် စတင် ငိုချင်းချပြန်၏။ 

"တခြား လူတွေလဲ စားပြီးပြီ... ဘာလို့ ကျုပ်ကိုမှ ထူးပြီး ဝေဖန်နေတာလဲ... ဘာလို့ ဒီလောက် စက်ဆုပ်စရာကောင်းပြီး လူတွေကို အနိုင်ကျင့်နေရတာလဲ"


 သူမ ယခုလို ပေါက်ပန်းလေးဆယ်တွေ လျှောက်လုပ်နေသည်ကို တွေ့ရသောကြောင့်   ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ထပ်ပြီး ဒေါသထွက်လာပြန်သည်။


 "မင်း မဝေဖန်မခံချင်ရင် ... တပ်မဟာရဲ့မောင်းကိုယူထုပြီးပဲ ကိုယ့်အမှားကိုယ် ဝန်ခံလိုက်"


ယုဝူဇီက သူမမျက်နှာကို အုပ်ပြီး ငိုကြွေးလေသည်။  

"ကျုပ်ရှက်တယ်..."


လင်းလန်က သူမ သူတို့ကို ကြိမ်းမောင်းသည်ကို လက်စားချေနိုင်ရန်အတွက် လှည့်ကွက်တွေလုပ်ပြီး  ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်အား သူမကို အရှက်ခွဲစေခြင်းဟုထင်သည့်အတွက်   သူမ လင်းလန်ကို  ခေါင်းလှည့်ကာ ကြည့်လိုက်၏။ သူမ၏ အမှားများကို ပြန်လည်သုံးသပ်ခြင်းမပြုဘဲ ယင်းက ဟန်ချင်စုန့်က သူမကို ကိုယ်ရေးကိုယ်တာအရ လက်စားချေခြင်းဖြစ်ပြီး  အခြား ရွာက ကေဒါများကမူ  ဟန်ချင်စုန့် ကျေနပ်စေရန် သူမအား အရှက်ရစေခြင်းဟု ယုံကြည်ခဲ့သည်။ 


လင်းလန်က သူမကိုကြည့်ရန်ပင် စိတ်မ၀င်စားဘဲ ပလပ်ထားသည်ဟု ပြော၍ရပေသည်။ 


"ေခါင်းဆောင်  မြေပဲတွေ ဝေလို့ရမလား" တစ်စုံတစ်ယောက်က အော်ပြော၏။


ကောက်နှံများကို တောင်ဘက်ရှိ ထုတ်လုပ်ရေး အဖွဲ့၏ လယ်ကွင်းသို့ ပို့ဆောင်ခြင်းဖြစ်ပြီး အချို့မှာ ရွာအနောက်တွင် နေထိုင်ကြလေရာ သွားလာသည့်အခါတိုင်း ၎င်းတို့၏နေအိမ်များကို ရှာဖွေရန် ရုန်းကန်နေကြရသည်။


မြေပဲနှင့် ပဲပိစပ်အတွက် အများပြည်သူစားနပ်ရိက္ခာကို လွှဲပြောင်းပေးမှုက များများစားစား မရှိသော်လည်း အခြေခံအားဖြင့် ကွန်မြူနတီ  အဖွဲ့ဝင်များက ဖြန့်ဖြူးပေး၏။


 လူတစ်ဦးက ပြောလိုက်သည်တွင် အခြားလူများကလည်း တုန့်ပြန်လာကြသည်။ 


 “ဟုတ်တယ်...ခွဲကြရအောင်” 


 ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်တွင် ဤကိစ္စနှင့်ပတ်သတ်၍  ပြဿနာမရှိပါချေ။ မည်သို့ပင်ဖြစ်စေ  အနှေးနှင့်အမြန် ခွဲပေးရမှာဖြစ်၏။


အများပြည်သူ့ရိက္ခာခွဲတမ်းနှင့် တပ်မဟာ၏ အရန်ခွဲတမ်းအတွက် လုံလောက်အောင် ထားရှိရန်သာ လိုအပ်ပြီး ကျန်ရှိသည်များကို အဖွဲ့ဝင်များကြားတွင် ခွဲဝေပေးလေသည်။


ထုတ်လုပ်ရေးအဖွဲ့တစ်ခုစီတွင် ကိုယ်ပိုင်စာရင်းကိုင်များနှင့် အလုပ်မှတ်ကိုင်သူများရှိကြပြီး နှုန်းထားသတ်မှန်ရန် လူများကို စေလွှတ်ကြ၏။ အလုပ်မှတ်ကိုင်များက နှုန်းထားများကို ဂရုစိုက်ရန် စာရင်းကိုင်များကို ခေါ်ပြီး  ချိန်တွယ်ရန်အတွက်  မြေပဲများကို စုပုံကာ အလှည့်ကျသည့်အခါ အိမ်သို့ ပို့ဆောင်ကြသည်။


 အဖွဲ့ဝင်များက မြေပဲကောက်ရန် အိမ်သို့ ပျော်ရွှင်စွာ သွားကြ၏။


ဤတစ်ကြိမ်တွင် ပထမဆုံးမှာ လင်းလန်၏မိသားစုကို ခွဲပေးခြင်းဖြစ်လေသည်။ 


လူတစ်ယောက်က " ဘာလို့ သူ့မိသားစုကို ပထမဆုံးခွဲဝေရတာလဲ" ဟုအော်လိုက်၏။


 ဟန်ချင်စုန့်က အစိုးရဌာန၏ အကြီးအကဲဖြစ်သောကြောင့် ဖြစ်ရမည်။ လင်းလန်၏မိသားစုက အဆင့်မမြင့်သေးရာ ပထမဆုံးအရင် ခွဲရမည့်အလှည့်မဟုတ်ပေ။


ပထမဆုံးခွဲသူများက အိမ်ကို အရင်ပို့ဆောင်နိုင်ပြီး နောက်ကျသူများက မှောင်သည့်အချိန်အထိ စောင့်ရမည်ဖြစ်၍ အဆင်မပြေပါချေ။ 


 ပထမဆုံးခွဲသူက အကြီးဆုံးနှင့်အကောင်းဆုံးအပုံဖြစ်ပြီး နောက်ပိုင်းမှ ခွဲသည့်အခါ ၎င်းအထဲမှာ ဖုန်တွေအမှိုက်တွေ တချို့တလေပါပေလိမ့်မည်။ 


အဖွဲ့ဝင်များက ၎င်းတို့၏ နေအိမ်များကို ဦးစွာ ခွဲဝေလိုကြသည်။


ခေါင်းဆောင် က အော်လိုက်၏။

 "တဝမ်အမေက ဒီနေ့ ငါ့ကို အကြံကောင်းတစ်ခု ပေးတယ်...စန်းဝမ်က ကူညီပံ့ပိုးမှုတွေ အများကြီး လုပ်ထားတယ်...ဒါကြောင့် သူ့မိသားစုကို အရင်ခွဲရအောင်... ဘာကိစ္စရှိလို့လဲ...မင်းတို့မှာ ထင်မြင်ချက်တစ်ခုခုရှိလား"


ထိုအခါ ဘယ်သူမှ ဘာမှ မပြောတော့ပါချေ။ 


 မြေပဲများက အဓိကအစားအစာမဟုတ်လေရာ   အကန့်အသတ်ခွဲတမ်းတွင် မပါဝင်ပေ။  အခြေခံအားဖြင့် စုစုပေါင်း အရေအတွက်ကို တွက်ချက်ပြီး အိမ်ထောင်စု အရေအတွက်အလိုက် ခွဲပေးခြင်းဖြစ်လေသည်။ 


 မှန်ပေသည်၊  အလုပ်မှတ်တွေအရလည်း ခွဲသေး၏။


 ယခုအခါ လုပ်အား 4ချိုးနှင့် အလုပ်မှတ်6ချိုး ခွဲဝေပေးသည်။စုစုပေါင်း စားနပ်ရိက္ခာဝေငှမှုကို လူဦးရေအလိုက်40% နှင့် အလုပ်မှတ်များအလိုက် 60%ဟူ၍ ခွဲခြားထားသောကြောင့် ကွန်မြူနတီ  အဖွဲ့ဝင်များအတွက် ပိုမိုလက်ခံနိုင်ဖွယ်ရှိ၏။


ယခင်က လုပ်အား 7ချိုးနှင့်အလုပ်မှတ် 3ချိုးသို့မဟုတ် လုပ်အား 8ချိုးနှင့် အလုပ်မှတ်2ချိုးတို့ဖြင့်  နှိုင်းစာလျှင် ယခုအခါ တရားမျှတမှုနှင့် ဆင်းရဲမှု လျှော့ချရေးနှစ်ခုလုံးကို ထည့်သွင်းစဉ်းစားသည်ဟု သတ်မှတ်၍ရပေသည်။  လူဦးရေများပြားပြီး လုပ်အားနည်းသော မိသားစုများကို ဂရုစိုက်ရာကျရုံသာမက လုပ်အားပိုရှိပြီး တရားမျှတမှုကို ရှာဖွေနေသော မိသားစုများကိုလည်း ထည့်သွင်းစဉ်းစားရာကျ၏။


လုပ်အား8ချိုးနှင့် အလုပ်မှတ်2ချိုးဆိုပါက လူဦးရေများသော မိသားစုက အခွင့်ကောင်းယူမည်ဖြစ်ပြီး လုပ်သားအင်အား ကြီးမား၍ လူဦးရေနည်းသော သူများက အခွင့်မသာမှုကို ခံစားရမည်ဖြစ်ကာ အဖွဲ့ဝင်များ၏ စိတ်အားထက်သန်မှုကို ထိခိုက်စေမည်ပင်။


ရွာတော်တော်များများမှာ ယင်းသို့ ဖြစ်နေကြဆဲပင်။


သို့သော်လည်း ရှန်ရွေကျေးရွာသည်  ကြာမြင့်စွာကတည်းက လေးချိုးခြောက်ချိုး လုပ်ကိုင်ခဲ့ပြီး အလုပ်သမားများ၏ စိတ်အားထက်သန်မှု တိုးတက်စေရန်အတွက် သုံးချိုးခုနစ်ချိုးပင် အချိန်တစ်ခုလောက် အကောင်အထည်ဖော်ခဲ့ကာ 

အလုပ်မလုပ်ခြင်းမှ ကာကွယ်ရန်နှင့် စုစုပေါင်းထွက်ကုန်တန်ဖိုး ကျဆင်းမသွားစေရန်အတွက်လည်း ပါဝင်လေသည်။ 


လင်းလန်၏မိသားစုတွင် မိသားစုဝင်ခုနစ်ဦးရှိသော်လည်း အဖွဲ့ဝင်ကခြောက်ဦးသာရှိ၏။


လက်ရှိ တွင် ဟန်ချင်စုန့်က အလုပ်ပြောင်းခဲ့ပြီး စစ်သားတစ်ဦးမဟုတ်တော့သည်ဖြစ်ရာ  ရွာမှပေးသော အချိန်ပြည့်အကျိုးခံစားခွင့်များမခံစားနိုင်တော့ပေ။


ယခု သူ့အလုပ်ပြောင်းပြီး သူ့ကိုယ်ပိုင်လစာနှင့် ကေဒါတစ်ယောက်ဖြစ်လာကာ သူ့ ဆန်နှင့် ဆီအိမ်ထောင်စုစာရင်းက ကွန်မြူနတီမှာရှိပြီး ရွာမှာမဟုတ်ပါချေ။  ခရိုင်က သူ့အိမ်ထောင်စုစာရင်းက ရွာမှာမဟုတ်သည့်အတွက် ဟန်ချင်စုန့်မှာ ဝေစုမရှိပေ။ 


လင်းလန်က ပြောလိုက်၏။  

"ခေါင်းဆောင်...  အလုပ်မှတ်တွေကနေ လျော်ကြေးငွေများ ရနိုင်မလား... ကလေးတွေအဖေရဲ့ဝေစုကိုရော ရနိုင်မလားရှင့်"


ထုတ်လုပ်ရေးအဖွဲ့ထံမှ ငွေနှင့် အလုပ်မှတ်များသုံးခြင်းက ပြင်ပငွေသုံးခြင်းထက် တွက်ခြေကိုက်သည်။


 ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်က မြေပဲများကို အရန်ထဲမှ ထုတ်ယူမည်ကို သဘာဝအတိုင်း သဘောတူပြီး အခြားသူများခွဲဝေပေးသည့် ပမာဏကို လျှော့ချရန် မလိုပေ။ 


 ဤနည်းဖြင့်ဆိုပါက အခြားသူများမှာ မကျေနပ်ချက်မရှိကြချေ။ 


 လင်းလန် : "အားဝမ်နဲ့မိုင်စွေ့က ရှောင်ဝမ်ကိုခေါ်ပြီး   ချက်ပြုတ်ဖို့ အိမ်ပြန်သွားကြတယ်..ကျွန်မမိသားစုက မြေပဲကောက်နေတုန်း စန်းဝမ်က ဒီမှာ စောင့်ကြည့်နေတယ်."


  စန်းဝမ်  : "ကျွန်တော် အဖေနဲ့ အစ်ကိုကြီး ကို ခေါ်လိုက်မယ်"


    "သူတို့ကပြောင်းရိုးချိုးနေတုန်းမလို့ ကျွန်တော် သွားလိုက်ရုံပဲ"


 သူပြောနေချိန်တွင် ဟန်ချင်စုန့်က အခြားလမ်းကြောင်းမှ ထွက်လာသည်ကို မြင်လိုက်ရသည်။


   

ထိုအချိန်၌  ပါးစပ်ဖွာပြီး ညစ်တီးညစ်ပတ်စကားပြောရသည်ကို  နှစ်သက်ကာ  အခြားအမျိုးသမီးများကို အခွင့်ရေးယူလေ့ရှိသည့် အဖွဲ့မှ လူငယ်တစ်ဦးက အော်လိုက်၏။


 "ယုဝူဇီ... ယှဥ်ကြည့်ရအောင် အိတ်ကို မြန်မြန်ယူလာခဲ့... စန်းဝမ် မင်းအဖေက တကယ် အဲ့လောက်ကြီးလား"

 

 xxxxxxxx