အပိုင်း ၁၈၃-၁၈၄
Viewers 21k

Part 183


စန်းဝမ်က လင်းလန်ဆီကနေ   Mimiနှင့် JJ အကြောင်း လူသိရှင်ကြား ပြော၍မရမှန်းသိသဖြင့်  သာမန်သာ တုံ့ပြန်လိုက်သည်။


"ဘာပဲဖြစ်ဖြစ် သူကမင်းထက်တော့ ကြီးတယ်ကွာ..."ဟုပြောလိုက်သည်။ 

 (T/N–mimi=သားမြတ်၊ တရုတ်ဗန်းစကား။) 


ထိုလူ : "ဟဟ သောက်ကလေး...မင်းက ငါ့ကို မမြင်ဖူးဘဲနဲ့"


 သူက ထိုသို့  ပြောပြီး လင်းလန်ကို ကြည့်လိုက်ကာ လင်းလန်၏ မျက်နှာမှ တုံ့ပြန်မှုအချို့ကို မြင်ရန်မျှော်လင့်နေသည်။


 တချို့ယောက်ျားတွေက အိမ်မှာ ယောက္ခမကို ဘာမှ မပြောကြသော်လည်း  အိမ်အပြင်ထွက်သည့်အခါ ရွာက တခြားမိသားစုတွေ၏ သမီး၊ချွေးမများနှင့်ပတ်သတ်ပြီး ရောင်စုံ ဟာသတွေ လုပ်ရသည်ကို ကြိုက်ကြ၏။

(T/N–ညစ်ညမ်းဟာသဖြစ်နိုင်)


 ဒီလိုမျိုးပဲ အခွင့်ကောင်းယူလို့ရတယ်...


စန်းဝမ်က ကပျာကယာ​ပြောလိုက်သည်။

"ငါ့အဖေက မင်းမျက်နှာကို သေးနဲ့ပန်းလိမ့်မယ်"


ထိုလူ၏မျက်နှာက ခရမ်းရောင်ပြောင်းသွားပြီး ဒေါသတကြီးထွက်သွား၏။


လင်းလန်   : "စန်းဝမ်  ယဥ်ယဥ်ကျေးကျေးပြောစမ်း... သိပ်ပြီးမရိုင်းနဲ့ "


စန်းဝမ်က အလျင်အမြန်တုံ့ပြန်လိုက်ပြီး

"အိုး... ဒါဖြင့် သူ့ကို ကျွန်တော့် အဖေနဲ့ ယှဥ်ခွင့်ပေးလိုက်သင့်တာ"


လင်းလန် : ...


ထိုစကားကို ကြားသည့်   အခြားအဖွဲ့ဝင်များလည်း တဟားဟား ရယ်ကုန်ကြသည်။     


ထိုအချိန်တွင်  ဟန်ချင်စုန့်က ခြေလှမ်းကျဲကြီးများဖြင့် ရောက်လာနေပြီဖြစ်ကာ လင်းလန်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

 "ဘာတွေပြောနေတာလဲ"


မဖော်ပြနိုင်လောက်အောင် သူမ ရုတ်ချည်း ရှက်သွေးဖြာသွားကာ ကမန်းကတမ်း ငုတ်တုပ် ထိုင်ချ၍  အိမ်အတွက်မြေပဲတွေကို ကောက်ယူနေလိုက်ပြီး ဟန်ချင်စုန့်ကို ကြည့်ရမည်ကို ပို၍ပင် ကြောက်သွားတော့၏။ 


ဟန်ချင်စုန့် သူမလည်ပင်းက ရုတ်တရက်ကြီး နီရဲလာပြီး မိန်းမငယ်လေးတစ်ယောက်လိုမျိုး ရှက်ရွံနေသည့်အမူအရာ ပြသနေသည်ကို မြင်လိုက်ရကာ သူ့နှလုံးသားက စည်းချက်တွေလွဲကုန်ရသည်။


  JJ ဖြစ်ရပ်ကြီးသည် ကိုယ်ရေးကိုယ်တာကိစ္စများကို ထုတ်ဖော်ပြသသည့် ယခင်အဖြစ်အပျက်များနှင့် မတူဘဲ၊ သက်ဆိုင်ရာပုဂ္ဂိုလ်က ချက်ချင်းလက်ငင်း ရယ်မောပြီးနောက် ရှက်ကိုးရှက်ကန်းဖြစ်ကာ ရှက်သွေးဖြာသဖြင့် လူတိုင်းက ပြောဆိုနောက်ပြောင် ရယ်မောလေ့ရှိကြသည်။


  ယင်းက   ဖခင်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု အထိ တစ်စထက်တစ်စ ပြင်းထန်လာသဖြင့် ရွာရှိလူကြီးများ သားသမီးများကို အိမ်တွင် ရိုက်နှက်ကြပြီး အမျိုးသမီးများက  ပထမ သားသမီးများကို ရိုက်နှက်ခြင်းကနေ  တိုက်ရိုက် ဒေါသစိတ်ဖြင့် ဆဲရေးတိုင်းထွာကြသည်အထိ အမျိုးမျိုး မကျေမနပ်ညည်းညူပြောဆိုကြ၏။  သူများတွေလောက်လည်း မကြီးဘဲနဲ့ ဘာလို့သားသမီးတွေအပေါ်ဒေါသပုံချရတာလဲ...


    အကျိူးဆက်အနေဖြင့်  သူမ အပြင်ထွက်ပြီး လူတွေနှင့် တွေ့ဆုံသည့်အခါ သူတို့က အချို့သော အဓိပ္ပါယ် နက်နဲသည့် အပြုံးဖြင့်သော်လည်းကောင်း၊ နှစ်တစ်ရာလောက်ရှိသည့် ဂေါ်ဖီချဥ်အိုးလို နှုတ်ခမ်းများကို တွန့်ကွေး၍သော်လည်းကောင် ငါမပြောလည်း နင်သိပါတယ်ဟူသော  အမူအရာများ သူမကို ပြသနေကြသည်။ 

(Lol)


    လင်းလန် အပေါ်ယံတွင် အေးဆေးတည်ငြိမ်နေသော်လည်း သူမစိတ်ထဲ၌မူကား အော်တိုမက်တစ်စက်သေနတ်ကို အသက်သွင်းပြီးသားဖြစ်ကာ စတင် သိမ်းကျုံး ပစ်ခတ်နေပြီဖြစ်၏။


    သူမသည် ဝမ်ကလေးများဆီကို  တစ်ယောက်ထံ တိတ်တိတ်လေး သွားတွေ့ခဲ့သည်။ တဝမ်နှင့်အားဝမ်တို့ကို ဖမ်းမမိခဲ့သော်လည်း စန်းဝမ်ကမူ မတ်တပ်ရပ်ချည်း လင်းလန်ထံမှ ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။


 ထိုစစ်ဆေးချက်အရ     ကျောင်းမှာဆိုပါလျှင်  ကျောင်းသားတွေ အားလုံး  အတန်းပြီးသည်နှင့်  ကျောင်းအပြင်ဘက် နံရံကို အတူတူပြေးတန်းစီးကြပြီး မည်သူက  ပထမ၊ ဒုတိယနှင့် တတိယ အဝေးဆုံးလဲဆိုသည်ကို  ပြိုင်ကြ၏။


    အနိုင်ရသူက အလွန်ဂုဏ်ယူနိုင်ပြီး နောက်ဆုံးသူက JJတန်ဖိုးမရှိသူအဖြစ် လှောင်ပြောင်ခံရမည်ဖြစ်သည်။


    ထိုကလေးက ထိုးနှက်ဒဏ်ကို မခံနိုင်တော့သည်အတွက် သူ့အဖေ၏ ကြီးမားမှု သို့မဟုတ် သူ့ ဦးလေး၏ ကြီးမားမှုကို ကြွားလုံးထုတ်လာ၏။ မည်သို့ပင်ဖြစ်စေ  သူ့သူငယ်ချင်းတွေကို အရှုံးမခံနိုင်ပေ။


    မူလက ရွယ်တူအချင်းချင်း နှိုင်းယှဥ်သည့် ပြိုင်ပွဲသာဖြစ်လေရာ စည်းကမ်းဖောက်ဖျက်ပြီး ဖအေကိုဆွဲထုတ်လာပါက အခြားကလေးများအနေဖြင့်  သဘာဝအတိုင်း လိုက်မမီနိုင်ချေ။  

စန်းဝမ်က   သူအဖေများ စုပေါင်းလျှင်ပင် သူ့အဖေလောက် မကြီးမားကြောင်း ကြွားလုံးထုတ်ခြင်းမရှိပါဘဲ အထူးတလည်  ကြီးကြီးကျယ်ကျယ် ချဲ့ကားပြောဆိုခြင်းဖြစ်လေသည်။ 


ယခင်တုန်းက လူတိုင်းက မယုံကြည်ကြဘဲ ကြွားလုံးထုတ်နေသည်ဟု ထင်ကြသော်လည်း ယုဝူဇီ  အိတ်ကြီးတစ်လုံးနှင့် မြေပဲခိုးသည့် အဖြစ်အပျက်အပြီးတွင်ကား  ကလေးတွေအားလုံး ယုံကြည်သွားကြ၏။


    ယခုအချိန်တွင် စန်းဝမ် နှင့်မည်သူမျှမယှဉ်နိုင်၊ သူက တစ်နေ့လုံး မိုးထိ မေးမော့ထားလေသည် အခြားကလေးများက အိမ်ပြန်ရောက်လျင် သူတို့အဖေက နောက်ဆုံးပေါ်မဟုတ်ကြောင်း ၊ကြီးမလာကြောင်း ညည်းညူပြောဆိုကြသည်။


    အပြင်မှာ မည်မျှပဲ အသုံးမကျသည့် ယောက်ျားတွေဖြစ်ပါစေ သူတို့သည် အိမ်ပြန်သည့်အခါ အိမ်ထောင်ဦးစီး ဖြစ်သလို ဇနီးမယား သားသမီးတွေ၏ ရှေ့မှောက်မှာ ဧကရာဇ်လည်း ဖြစ်နေဆဲပင်။ ဤသို့သော အရှက်ကွဲမှုတွေ ကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။


    သူတို့မှာ ဟန်ချင်စုန့် ကို စိန်ခေါ်ရန် သတ္တိမရှိသောကြောင့် သူတိုသားသမီးတွေပေါ်မှာပဲ ဒေါသပုံချပြီး ရိုက်နှက်ကာ အဓိပ္ပါယ်မရှိသော စကားများကိုပြောစေခဲ့၏။


    ကလေးအမေ မပျော်သည်က သဘာဝပင်။


    ကလေးတွေနှင့် မသက်ဆိုင်သူများ၊ ညစ်ညမ်းသော စိတ်ဆန္ဒရှိသူများက ပို၍ပင်ဝင်စွက်ဖက်ရန် ဆန္ဒရှိကြပြီး ထိုကလေးများကို ပါးစပ်ကြီးကြီး(အရေမရအဖတ်မရပြော)ဖြင့် ဖမ်းဆီးကာ နှောက်ယှက်တော့သည်။


 "မင်းရဲ့မိဘတွေက ညဘက်အိပ်ရင် ဘယ်သူက အပေါ်က လဲ"၊ "မင်းအမေက ပျားရည်ကို ပါးစပ်ထဲ ထည့်လား” ၊ မင်းအဖေက ခိုးစားနေတာ မင်းမြင်ဖူးလား” ၊“မင်းအမေရဲ့ တင်ပါးက ဖြူလား အဖွားက ကြီးလား” ...


  သူ တို့က  ညစ်ညမ်း ရိုင်းစိုင်းသည့် စကားလုံးတွေဖြင့် ပါးစပ်အရသာခံမေးကြသည်။


    အသိဉာဏ်ရှိသည့် ကလေးတစ်ယောက်က သူတို့ကို တံတွေးနှင့်ထွေးပြီး လူရမ်းကားဟုကြိမ်းမောင်းကာ လုံခြုံရေးညွှန်မှူးကို သွားတိုင်၏။


    အသိဉာဏ်မရှိသောကလေးများက ၎င်းတို့၏ လှည့်စားခြင်းခံရမည်ဖြစ်ပြီး အခြားသူများက သူတို့အား သကြားလုံးတစ်လုံးပေးခြင်း၊ ကောက်ရိုးထဲမှ ယုန်တစ်ကောင်ထုတ်ပေးခြင်း၊ ငှက်ဖမ်းပေးခြင်းတို့ဖြင့်ပင် ချော့မော့ကြမည်ဖြစ်ကာ ကလေးများက အိမ်တွင်ရှိရှိသမျှအရာအားလုံးကို မခြွင်းမချန် ​ပြောပြ ကြလိမ့်မည်။


    ကုတင်တစ်လုံးတည်းပေါ်တွင် မိသားစုဝင်များစွာ စုပြုံအိပ်ကြသော မိသားစုများဖြစ်ကြပြီး  အချို့မှာ စောင်တစ်ထည်တည်းပင် အတူတူခြုံကြသူများဖြစ်လေရာ  ညနေစောင်း အိပ်ရာဝင်ကြသည့် ဇနီးမောင်နှံများအနေဖြင့်   ခိုးစားသည်ဆိုသည့်အချက်ကို သားသမီးတွေ အားလုံး​ထံမှ အမှန်တကယ် ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ 


    ထို့ကြောင့် ယင်းက ဤရွာရှိ အမျိုးသား၊ အမျိုးသမီး အများစုအတွက် ​အကြီးမားဆုံး ဖျော်ဖြေရေး အရင်းအမြစ်  ဖြစ်ပုံရသည်။


xxxxxxx

Part 184


လင်းလန်က မကြောက်ပေ။  သူမနှင့်ဟန်ချင်စုန့်တိုက တစ်အိမ်ယာတည်းမအိပ်ရသေးပါချေ။ယခင်(မူလလင်းလန်) အကြိမ်ရေ  အနည်းငယ်ကပင် ညသန်းခေါင်ကျော်​မှချည်း ဖြစ်ကာ ကလေးတွေကလည်း ငယ်သေး၍ မှတ်ဉာဏ်များများစားစားမရှိပေ။


   တဝမ်က တခြားသူတွေနှင့် ဤအကြောင်းကို မပြောမှာ သေချာ၏။အားဝမ်က လိမ္မာပါးနပ်ပြီး ဒုက္ခမပေးတတ်သော်လည်း  စန်းဝမ်ကမူ နှောင့်ယှက်တာကို နှစ်သက်လေသည်။  ကံကောင်းထောက်မစွာဖြင့် ဤကလေးက သူ့အဖေအကြောင်းသာ ပြောနေခြင်းဖြစ်ပြီး တခြားသူတွေကို အနိုင်ပိုင်းရန် ရည်ရွယ်ချက်နှင့်လုပ်ခြင်း ဖြစ်ကာ သူမကို ပါဝင်ပတ်သတ်စေမှာ မဟုတ်သလို ဖြစ်သလို ဖော်ပြခြင်းငှာမစွမ်းသာသော  အရာတွေလည်း မပါဝင်ပါချေ။ 


    အထူးသဖြင့် သူမဆီကနေ  သင်ကြားဆုံးမခံရပြီးနောက် စန်းဝမ်ကလည်း များစွာ သူ့ကိုယ်သူ ချုပ်ထိန်းခဲ့သည်။


    ထိုကဲ့သို့ပင် လင်းလန်က အနည်းငယ် စိုးရိမ်နေသေး၏။


    မည်သို့ပင်ဖြစ်စေ  သူမက ခေတ်မီပညာရေးကို ရရှိထားသူဖြစ်လေရာ ၎င်းက လူမှုရေးဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ၎င်းကို မှန်ကန်စွာ လမ်းညွှန်မှုမပြုပါက ပြဿနာများ အလွယ်တကူ ဖြစ်လာနိုင်ဟု ခံစားရသည်။


    ဥပမာအားဖြင့် ကျေးလက်ဒေသတွင် ဖြားယောင်းသွေးဆောင်မှု နှင့် မုဒိမ်းမှုကဲ့သို့သော အရာများ ဖြစ်ပွားနိုင်ရခြင်းအကြောင်းရင်းမှာ ယဉ်ကျေးမှု အရည်အသွေးနိမ့်ပါးခြင်းကြောင့် ဖြစ်၏။


    အချို့အရာများသည် သိပ္ပံနည်းကျ အများလက်ခံခြင်းမရှိသဖြင့် အဖွဲ့ဝင်များသည် စူးစမ်းလိုစိတ်နှင့် ကြောက်လန့်စိတ်သာရှိကြသည်။ အချို့သော အမျိုးသားများသည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ အချို့သော အမျိုးသမီးများက မိမိကိုယ်ကို မကာကွယ်နိုင်ကြသောကြောင့် အဖြစ်ဆိုးများ ဖြစ်ပေါ်လာတတ်၏။


    ယဉ်ကျေးမှုကို အချိန်တိုအတွင်း အများနားလည်အောင်မလုပ်နိုင်သောကြောင့် ရုပ်ပိုင်းဆိုင်ရာ  တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး  လူကြိုက်များအောင် လုပ်သင့်ပါသလား။


    အမျိုးသားများက *ခြေဗလာဆရာဝန်များနှင့် အတွင်းရေးမှူးများ၏ စောင့်ရှောက်မှုအောက်တွင် ရှိပြီး ကလေးများက ကျောင်းလက်အောက်တွင် ရှိနေကြကာ အမျိုးသမီးများက အမျိုးသမီးညွှန်မှူးလက်အောက်တွင် ရှိနေကြသည်။ ပညာတတ်လူငယ်များကိုပင် အကူအညီတောင်းနိုင်ပေသည်။

(T/N–ရံဖန်ရံခါ လယ်ကွင်းထဲမှာ ခြေဗလာနဲ့ အလုပ်လုပ်ကြပြီး တချိန်တည်းမှာပဲ ဆေးဆရာအဖြစ်အလုပ်လုပ်ကြတဲ့ တရုတ်ပြည်တောင်ပိုင်းကလယ်သမားတွေကို အစွဲပြုပြီးခေါ်တာပါတဲ့။ ဆရာဝန်ရယ်လို့မဟုတ်ဘဲ ကျေးလက်ဒေသတွေမှာ ဆေးပေးတာ၊ ကလေးမွေးပေးတာ၊ ရှေးဦးသူနာပြုစုနည်းနဲ့ပြုစုပေး စသဖြင့်လုပ်ကြတဲ့ ဆေးဝါးအကူတွေပါ)


အိမ်ထောင်သည်ဘဝသည် လျှို့ဝှက်ဆန်းကြယ်သောအရာမဟုတ်ကြောင်း လူတိုင်းသိစေကာ အမျိုးသမီးများကို ဓမ္မတာလာချိန်အတွင်း သတိထားရမည့်အရာတွေကို  ပညာပေးကြရမည် ။ဤသည်မှာ သာမန်ရုပ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပြီး လူမြင်၍မရသည့် ညစ်ပတ်သောအရာမဟုတ်ပေ။ မိန်းကလေးများသည် မိမိကိုယ်မိမိ လေးစားမှုရှိသင့်ပြီး ပေါ့ပေါ့တန်တန် ဖော်ပြခြင်းငှာမစွမ်းသာသော  ဆက်ဆံရေးရန်ကို မဆိုထားနှင့် ၊ တခြားသူတွေကို  ၎င်းတို့၏ လျှို့ဝှက်အစိတ်အပိုင်းများကို ထိတွေ့ခွင့်ပင်မပြုသင့်ပါချေ။ ၎င်းနောက် ကိုယ်ဝန်မရစေရန်  နှင့်အခြားအရာများစွာ...


    သူမက အလွန်စဉ်းစားတွေးခေါ်မှုရှိပြီး နောက်တစ်နေ့တွင် တုန်ဟွိုင်ဟွကို  ဆောင်းဦးပေါက်ပြီးနောက် သက်ဆိုင်ရာ မိသားစုစီမံကိန်းဝန်ထမ်းများအား အဖွဲ့ဝင်များအတွက် သိပ္ပံပညာကို လူကြိုက်များလာစေရန် ဖိတ်ခေါ်မည်ဟု မျှော်လင့်ကြောင်း အကြံဉာဏ်ပေးခဲ့သည်။


   ဤစကားကိုကြားသောအခါ တုန်ဟွိိုင်ဟွက  ရယ်မောရင်း

 "လင်းလန် ဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး...နင်ပြောတာက နင်တို့ လင်မယားနှစ်ယောက် အိပ်ချင်နေတယ်... ငါတို့ မိန်းမတွေက လတိုင်းပြောစရာတွေ ရှိတယ်...ဟုတ်တယ်ဟုတ်"

    

"ဥက္ကဋ္ဌကတော်... ကျွန်မတို့မှာ ဒါနဲ့ပတ်သတ်ပြီး ပြောစရာမရှိမှန်း ကျွန်မသိပါတယ်... မသိတဲ့ ကောင်မလေးတွေကျတော့ရော မိသားစုဝင်တွေက ပြေရမှာရှက်နေကြတော့  နားမလည်တဲ့အတွက် ဒုက္ခရောက် လွယ်တယ်လေ” 


ယောကျာ်းများထံမှ ဖျားယောင်းသွေးဆောင်ခံရသော/မုဒိန်းကျင့်ခံရသော မိန်းကလေးတွေ သာမက      ပညာတတ်လူငယ်တွေနှင့် လိင်ဆက်ဆံပြီး ကိုယ်ဝန်ရသွားသည့် ကျေးလက်  မိန်းကလေးတွေလည်း ရှိပြီး ယင်းက ပြဿနာပင် မဟုတ်ပါလော။


တုန်ဟွိုင်ဟွက "တစ်ယောက်ယောက်က ပြောရင်တောင် နားထောင်ဦးမှလေ"ဟု ပြုံးကာဆို၏။ 


ထိုကိစ္စက စုံတွဲတွေ မီးရောင်အောက်မှာ  စောင်ခြုံပြီးလုပ်နိုင်သလို  သူတစ်ပါး၏ မိန်းမတွေ၊ယောက်ျားတွေကိုပါ ဗလက္ကာရလုပ်၍ရသော်လည်း အတည်တကျ ထုတ်ပြော၍ရသည့်အရာမဟုတ်ပေ။ ကိုယ့်သမီးကိုယ်ပြောရန်က ဝေးရော့ပင်။

   


    တစ်စုံတစ်ယောက်က ညစ်ညမ်းဟာသတွေကို လျှောက်ပြောနေမည်ဆိုပါက သူတို့ပြောသည်ကို နားထောင်ရခြင်းက ပျော်စရာကောင်းသော်လည်း  တစ်ယောက်ယောက်က ၎င်းကို  တကယ်လေးလေးနက်နက်ပြောပါက  လူတိုင်းက နားထောင်ရမှာ အလွန်ရှက်သွားလိမ့်ပေမည်။

(ဪ)


 ယင်းက   ရှက်စရာကောင်း၏။


မိန်းကလေးတွေဆို ပို၍ပင် ရှက်ကြသေးသည်။


တုန်ဟွိုင်ဟွက သဘောမတူသလို တပ်မဟာက လည်း  ဂရုစိုက်မှာမဟုတ်သောကြောင့် လင်းလန် လောလောဆယ်တွင်  မေးခွန်းထုတ်စရာမရှိတော့ကြောင်း သိလိုက်သည်။ သူမမှာ လက်ရှိ စကား​ပြောနိုင်လောက်သည့် ဩဇာမရှိသဖြင့်  သဘာဝအတိုင်း အတင်းအကြပ် မလုပ်နိုင်ဘဲ သူ့မသားသမီးတွေကိုသာ  ကောင်းကောင်း ပညာပေးချင်ရုံပင်။


    ညနေ အလုပ်မှ အိမ်ပြန်ရောက်ျသာအခါ လင်းလန်က မိုင်စွေ့ကိုခေါ်၍ ထမင်းချက်ပြီး အားဝမ်က စန်းဝမ်ကိုခေါ်၍ သူ့အိမ်သစ်လမ်းခင်းရန် ကျောက်တုံးများကို သွားကောက်၏။ 


 မီးမွှေးပြီးသည့်အခါ မိုင်စွေ့က သူမကို ပြောလာသည်။

 "မားမား...သမီးမားမားကိုပြောစရာရှိတယ်"


 လင်းလန်က  မည်သည့်အရာပဲ ဖြစ်ချင်/လိုချင်သည်ဖြစ်စေ၊ မည်သည့် လျှို့ဝှက်ချက်တွေ/ပြဿနာတွေပဲ ရှိသည်ဖြစ်စေ အမေဖြစ်သူထံမှ ဖုံးကွယ်မထားတတ်သည့် အလေ့အကျင့်လုပ်ပေးရန် မိုင်စွေ့နှင့်   မကြာခဏစကားပြောလေ့ရှိ၏။ 

    "သမီး ချိုက်ဟွားနဲယန်ယန်ကို

ကောက်ရိုးပုံနောက်မှာ ပုန်းပြီး ချောင်းကြည့်ခဲ့တယ်...သူတို့ဘာတွေလုပ်နေလဲမသိဘူး"    


လင်းလန်က "သန်းရှာနေတာလား" ဟု သာမန်ကာလျှံကာ မေးလိုက်သည်။


လက်ရှိတွင် သန့်ရှင်းရေးအခြေအနေကမကောင်းလှပေ။ လူကြီးတွေရော ကလေးတွေပါ သန်းတွေရှိကြ၏။ လင်းလန် လုံ့လတွေအများကြီးစိုက်၍ 

ဆေးတွေဖြန်း၊အဝတ်တွေနေတိုင်းပြောင်းလျှော်ပြီး အိမ်ကို သန့်ရှင်းအောင်လုပ်ခဲ့ရသည်။


မိုင်စွေ့က   ခေါင်းခါပြီး အသံတိုးတိုးဖြင့် တစ်ခုခုပြောလာ၏။     လင်းလန် ထိုစကားကိုကြားသောအခါတွင် သူမ၏ ဦးရေပြားထုံသွားသလို ခံစားလိုက်ရသည်။


 "မိုင်စွေ့...သမီး သူတို့နဲ့ ဝေးဝေးနေ မမြင်ချင်ယောင်ဆောင်ထား... လှည့်ထွက်လာပြီး သူတို့အမေတွေကိုပဲ ပြောလိုက်" 


မိုင်းစွေ့က   ခေါင်းညိတ်ပြပြီး 

" အတန်းသွား အလုပ်သွားလုပ်တော့လည်း သူတို့က သမီးကိုခေါ်တယ်...သမီး တစ်ခါမှ သူတို့နဲ့မဆော့ဘူး"     

လင်းလန် စိတ်သက်သာရာရပြီး  သက်ပြင်းချလိုက်သည်။အားးဝမ်နှင့်မိုင်စွေ့တို့က တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ကြ၏။

    

 သူမ စဉ်းစားကြည့်လိုက်ရာ ကလေးနှစ်ယောက်၏အမေများကို ပြော၍မရပေ။ ကလေးနှစ်ယောက်၏မိဘတွေက  နာမည်ကြီး ဆောင်းလူကြီးမင်းနှင့် ဆောင်းကတော်တို့ဖြစ်ပြီး 

သူမက လူကောင်းမဟုတ်ချေ။ သူမသွားပြောလိုက်ပါက   ပက်ဖျန်းခံရသော မိန်းကလေး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည့်အချိန်ရောက်လျှင် သူမ ရန်ငြိုးထားခြင်းပင်ခံရကောင်းခံရ ပေလိမ့်မည်။  


xxxxxxxxx