အပိုင်း ၁၈၅-၁၈၆
Viewers 20k

Part 185


သို့ရာတွင် လင်းလန်လည်း အနှီအရာတွေကို သတိရှိရှိ အာရုံစိုက်လာခဲ့၏။သူမက အာရုံမစိုက်ပါက သူမသိလိမ့်မည်မဟုတ်ပေ။ သူမအာရုံစိုက်လိုက်သည်နှင့် ကမ္ဘာကြီးက အရာတွေအများကြပြည့်နှက်နေကြာင်း တန်းသိလိုက်ရသည်။ 

 

အရင်တုန်းက သူမအနေဖြင့်  ကိုယ့်ကိစ္စတွေကိုပဲ ဂရုစိုက်ပြီး တခြားသူတွေ၏အိမ်ထောင်ကို အာရုံမစိုက်ခဲ့ပေမဲ့ ယခုချိန်၌မူ ကြောက်စရာကောင်းမှန်း သိလိုက်ရ၏။


 သားဖြစ်သူက တစ်နှစ်ပတ်လုံး အပြင်ရောက်နေချိန်မှာ ချွေးမဖြစ်သူက မရေမတွက်နိုင်လောက်အောင်  ယောက္ခမနှင့် ဖောက်ပြန်ပြီး  သူမဦးလေးဖြစ်သူသာမက ရွာထဲရှိတခြားယောကျာ်းများနှင့်ပါ အချစ်ဇာတ်ခင်းနေသည်။ ထို့ထက်ပို၍ ပရမ်းပတာဖြစ်သည့်ကိစ္စကား မရှိနိုင်တော့ပေ။ ဤကိစ္စကို မသိသည့် သက်ဆိုင်သူအနည်းငယ်ကလွဲ၍ တခြားလူတိုင်းနီးပါး တစ်ခုခုသိကြသော်လည်း  သက်ဆိုင်သူတွေကို ပြောပြရန် မဖြစ်နိုင်ပါချေ။


တစ်စုံတစ်ယောက်၏ အကြီးဆုံးသမီးကတစ်စုံတစ်ဦး၏ လူငယ်နှင့် ပတ်သက်နေသည်။


ဘယ်သူ့​သမီးနှင့် ရွာနီးချုပ်စပ်က ပညာတတ်လူငယ်က ....


ဘယ်သူက   ဘယ်သူနှင့် ပရောပရီလုပ်နေ... 


အတော်ကို လော်လီဖောက်ပြားနေသည့်လူတွေပင်။ 


လင်းလန်က စိတ်ပူလွန်း၍  ကလေးတွေကို မကောင်းသည့်အရာတွေ မသင်မိအောင် အစဥ်အမြဲ မျက်လုံးထောက်ထောက်ကာသာ စောင့်ကြည့်ချင်မိတော့သည်။


 တဝမ်က အသက် ၁၁ နှစ်ရှိပြီး ၁၃ /၁၄ နှစ်အရွယ်ထက် အရပ်ရှည်နေ၏။ ၁၅/၁၆/၁၇မှာ အိမ်ထောင်ပြုနိုင်သည့် အခြေအနေတွင်  တစ်စုံတစ်ဦး၏ သွေးဆောင်မှု သို့မဟုတ် သူ့မှာ စိတ်ကစားမှုတွေရှိလာပါက မတော်တဆမှုများ ဖြစ်လွယ်လေ သည်။ 


    သူမ အနည်းငယ် စိတ်မပူမိဘဲ မနေနိုင်ပေ။


    ညဘက် ညစာစားပြီးနောက်   သူမက အနည်းငယ် ငေးငိုင်နေမြီး စိတ်ပူစရာရှိနေပုံရသည်ကို ဟန်ချင်စုန့် တွေ့လိုက်ရသည်။ သူ၏ ပထမဆုံး ထင်မြင်ချက်မှာ အိမ်အသစ်သို့ ပြောင်းရွှေ့ပြီး သူနှင့်အတူ အိပ်ရမှာကို ကြောက်နေခြင်းလားဟူ၍ပင်။


    သူက စကားအပြောအဆို မကျွမ်းကျင်သလို သေးသေးမွှားမွှား စကားတွေ ပြောရသည်ကို မကြိုက်သော်လည်း ထို့အတွက်ကြောင့်နှင့်  အခြားသူများက စကားပြောသည့်အခါ သူ့ကို မရှောင်ကြပေ။


 သူ စစ်တပ်ထဲမှာရှိစဥ်က သူ့ပတ်ဝန်းကျင်မှာ မိန်းမတွေ တစ်ယောက်မှ မရှိပါဘဲ  အခန်းထဲရှိယောက်ျားတိုင်းက အချိန်ရလျှင် ယောကျာ်းနှင့်မိန်မအကြောင်းပြောဆိုကြသည်။  အသက်သုံးဆယ်အရွယ် အမျိုးသမီးများသည် ဝံပုလွေများနှင့်တူပြီး လေးဆယ်အရွယ်အမျိုးသမီးများကမူ  ကျားများကဲ့သို့ပင်။ သူတို့က ယောက်ျားများနှင့် ကင်းကွာနေသည်မှာ ကြာလှပြီဖြစ်သဖြင့်  ဆုံသောအခါ တစ်ချိန်လုံး အတူနေလိုကြ၏။


 သူတို့ အပြောကြဆုံးစကားသည်ကား

 "မင်းသိလား ဆွေမျိုးတွေလာလည်မှာကို အကြောက်ဆုံးပဲ... ငါ့မှာတခြား လုပ်စရာမရှိဘူး..အဲ့ဒါကြောင့် အိမ်ထဲမှာပဲ နေ့ရောညပါအလုပ်လုပ်နေရတယ်... ငါ့မရှိတော့တဲ့အချိန်အတွက် ပြင်ဆင်ချင်တယ်...နားထောင် အဲဒီအဘွားကြီးတွေကို…”


  ထိုစဥ်က သူက အေးစက်သည့်အမူအရာနှင့် နောက်ခံဘုတ်အဖြစ် အမြဲတာဝန်ထမ်းဆောင်ခဲ့တယ်။

(ဝင်မပြောဘူး မရှိသလိုနေတယ်ပေါ့)


 ထိုအကြောင်းကိုတွေးပြီး သူ့အမူအရာက မူသေ

စိတ်မဝင်စားဟန်သာရှိနေသော်လည်း  လင်းလန် သူ့မျက်လုံးထဲမှာ မျောလွင့်မနေအောင်ကား မထိန်းချုပ်နိုင်ခဲ့ပေ။


  သူမ  သူ့ကို မကြောက်သင့်တော့ပါလေ။


 ထိုအခိုက်တွင် လင်းလန်က ရုတ်တရက် ရောက်လာပြီး သူ့ကို စိုက်ကြည့်နေသည်။


ဟန်ချင်စုန့်၏ မူလအေးစက်သောအမူအရာသည် သာမန်မျက်စိဖြင့်မြင်နိုင်သောအရှိန်အဟုန်ဖြင့် တဖြည်းဖြည်းပျော့ပြောင်းလာကာ 

"ဟမ်..."


လင်းလန်က ပြုံးကာ

 "ရှင်နဲ့ တစ်ခုဆွေးနွေးစရာရှိတယ်"


ဟန်ချင်စုန့်: အခန်းခွဲပြီး အိပ်ရင် မင်းရှောင်လို့ရတယ်လေ...

(အဲ့ဒါပဲတွေးနေတယ်တော်)


 "ပြော"    


" လွန်ခဲ့တဲ့နှစ်ရက်က ဘာဖြစ်ခဲ့လဲရှင်သိလား"


ဟန်ချင်စုန့်: "ဘာဖြစ်လို့လဲ"    


လင်းလန်မျက်နှာက နည်းနည်း ထူးဆန်းသွား၏။ 

မသိဘူးလား...ဘယ်လိုပြောရမလဲမသိ...ပြောရမှာပျော်မနေဘူးနော်

 "ရပါတယ်... ရပါတယ်"     


ဟန်ချင်စုန့်: "အိုး မင်းက စန်းဝမ်ကိုဆိုလိုတာလား"


လင်းလန်က ပြုံးနေရင်း ပါးပြင်တွေ အနည်းငယ်နီလာသည်။


ဟန်ချင်စုန့်က သူမကိုကြည့်ပြီး ခေါင်းညိတ်ပြကာ "ကိုယ် သူ့ကိုနောက်မှရိုက်လိုက်​မယ်"


လင်းလန်:"မဟုတ်ဘူး... ကလေးကိုရိုက်ဖို့ပြောတာမဟုတ်ဘူး"


 ထားလိုက်ပါတော့လေ... 


အကယ်၍ ထိုအကြောင်းကိုဆွေးနွေးရမည် က ဆရာ,ဆရာဝန် သို့မဟုတ် ရဲအရာရှိဖြစ်နေလျင်တောင် အဆင်ပြေပေသည်။ ကိစ္စကို ရှင်းရှင်းလင်းလင်းပြော၊ ပြီးပါက ဘာလုပ်ရမလဲဆိုသည်ကို  တစ်၊ နှစ်၊ သုံး၊ လေး၊ ငါးဟု သူမ စာရင်းလုပ်လိုက်ရုံပင်။


   သို့ပေမဲ့  သူမရှေ့ကလူက ဟန်ချင်စုန့် ဖြစ်နေချိန်တွင်တော့  သူမနှင့်လိင်ပိုင်းဆိုင်ရာကိစ္စတချို့ ပြောဖို့ရာ တကယ် ခက်လှသည်။ 


    အမေအိုတစ်ယောက်၏အခန်းကဏ္ဍကို သူမအလိုအလျောက် ဝင်ရောက်လာခဲ့သော်လည်း လင်မယားနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် လွတ်လွတ်လပ်လပ် စကားပြောဆိုနိုင်သည့် ၊တစ်ယောက်ရှေ့မှာတစ်​ယောက် ပေါ့ပေါ့ပါးပါး လေလည်နိုင်သည့် အဆင့်ကိုကား သူမ အလိုအလျောက် ဝင်ရောက်မလာခဲ့ပါချေ။


    အတိအကျပြောရပါလျှင် သူမအနေဖြင့်  ယခုအချိန်တွင် ခံစားချက်ကောင်းများရှိခြင်းဠ၊သဘောကျခြင်းနှင့် ဟိုလိုသည်လိုလိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။


ဟန်ချင်စုန့်   သူမ ဘာကိုဆိုလိုသည်ကို နားမလည်ဘဲ သူမကို သံသယဖြင့် ကြည့်နေမိ၏။


    မူလက သူ့မှာ လေးနက်တည်ကြည်သောအမူအရာရှိသော်လည်း သံသယစိတ်ရှိလာသောအခါ အထူးသဖြင့် သူ၏မျက်လုံးနက်နက်များက မည်းမှောင်လာပြီး သူအမူအရာက အေးစက်လာသည်။ 


လင်းလန်က သူ့ကိုကြည့်ရင်း စိတ်ထဲကဆိုနေမိ၏။

 

ရှင့်မှာ တည်တံ့ပြီး ချောမောတဲ့ ရုပ်ရည် ရှိတယ်ဆို...ဟေး အဲ့ဒါက လေးလေးနက်နက် ကိစ္စတွေအကြောင်းပြောဖို့ တကယ် မသင့်တော်ဘူးတော်ရေ ...ကျွန်မဘာကျွန်မ  ဖြေရှင်းလိုက်ပါ့မယ်နော်...

 

လင်းလန်က ရှင်းရှင်းလင်းလင်း မပြောပေမဲ့ ဟန်ချင်စုန့် လင်းလန်သည် သူ့ကို ကလေးတွေကို ပညာပေးစေချင်သော်လည်း မရိုက်စေချင်မှန်း ရိပ်ဖမ်းသံဖမ်း မှန်းဆမိသည်။ 


 ဆုံးမရန်လိုသည်ဆိုရာတွင် အဘယ်မှာမရိုက်ဘဲနေရမည်နည်းဟု သူခံစားရ၏။ 

 သို့သော် လင်းလန်က ရိုက် ခွင့်မပြုလေရာ စန်းဝမ် အရိုက်မခံရမည်ကို သူ စိုးရိမ်သောကြောင့် ဟန်ချင်းဖျင်နှင့် စကားသွား​ပြောခဲ့သည်။ 


ခေါင်းဆောင်ဟန်တစ်ယောက် နေရာတွင် ရပ်လိုက်သောအခါ သူ့အနေဖြင့်  အသေးစိတ်ကိုပြောစရာမလိုပါချေ။  အခြားသူများက  သဘာဝအတိုင်း စိတ်ပိုင်းဖြတ်ကာ တစ်ခုခုလုပ်ရန် အသည်းအသန် ကြိုးစားတော့သည်။


    ထို့ကြောင့် သူက စန်းဝမ်နှင့်ဟိုမျိူးမစစ်ဟုပြောလိုက်သည်နှင့် ဟန်ချင်းဖျင်က  အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်သွား၏။

 " စိတ်မပူပါနဲ့ ချင်စုန့်... ငါ ကလေးကို ဆုံးမပေးပါ့မယ် " 


ခေါင်းဆောင်ဟန်က ခေါင်းညိတ်လိုက်ပြီး 

" ဆရာ... ကျွန်တော် ကလေးကို ဆရာဆီမှာ အပ်ထားပါ့မယ်... မနားမထောင်ဘူးဆိုရင် ရိုက်ပါ"


ဟန်ချင်းဖျင်က   ပြုံးပြုံးရွှင်ရွှင်ဖြင့်  သဘောတူလေသည်။ ခေါင်းဆောင်ဟန် တကယ်ကို ကြီးကျယ်ခမ်းနားပြီး ဂုဏ်သိက္ခာရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ အရှိန်အဝါရှိတာပဲ...


ဟန်ချင်စုန့်က တစ်ချက်ထောက်ပြလိုက်သည်နှင့်  ဟန်ချင်းဖျင်က မှန်ကန်သည့် အကြံဥာဏ်ကို ရရှိခဲ့ပြီး အဆိုးအပေလေးတွေကို တန်းစီးရပ်ခိုင်းကာ ကောင်းကောင်းကြီးဆုံးမတော့၏။


    "ရိုင်းလား မရိုင်းဘူးလားပြော...မင်းတို့က ကျောင်းသားမဟုတ်လား ... တနေကုန် သေးပေါက် ... ​​ဘယ်သူ့ငှက်က ပိုကြီးကြီးပေါ့...နောက်တစ်ခါ သေးပေါက်တာတို့အိပ်တာတို့ ပြောသံကြားရင် ကျောင်းစာအုပ်ကို ဆယ်ခေါက် ကူးပြီး စာတွေအကုန်ကျက်ခိုင်းမယ်...မကျက်နိုင်ဘူးဆိုရင် တစ်လုံးမှားတာနဲ့ တစ်ချက်ချမယ်..."


ဟန်ချင်းဖျင်သည် နေ့စဉ်ဘ၀တွင် အလွန်နူးညံ့သိမ်မွေ့သော်လည်း  အတန်းထဲတွင် သူဒေါသထွက်လာသောအခါ သူ့ကိုယ်သူပင် ကြောက်ရ၏။ 


 ...


  xxxxxxx

Part 186


မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းဦးပေါက်ပွဲတော်ကိုရောက်ရှိလာခဲ့လေပြီ။


ဟန်ချင်စုန့် မနက်ပိုင်းတွင် ကွန်မြူနတီသို့ သွားခဲ့ပြီး ဆောင်းဦးပေါက်ပွဲတော် အကျိုးခံစားခွင့်များကို သွားယူခဲ့၏။


အစိုးရ အေဂျင်စီများနှင့် အစိုးရပိုင်ဌာနများသည် လက်ရှိမှာ အားလပ်ရက် ခံစားခွင့် အမျိုးမျိုးရှိသည်။


    အဆင့်အရ ဟန်ချင်စုန့်သည် သကြားဖြူနှစ်ကတ်တီ၊ ဂျူဂျူဘယ် နှစ်ကတ်တီ၊ ပန်းသီးငါးကတ်တီ၊ လမုန့် နှစ်ကတ်တီ၊ ဂျုံမှုန့်ဆယ်ကတ်တီနှင့် ဆီနှစ်ကတ်တီတို့ကို ရရှိခဲ့၏။


    သူ အခြားလက်မှတ်များလည်းရရှိခဲ့သည်။  သူ့အဆင့်အရ သူသည် ဓာတ်ဘူးလက်မှတ်တစ်ခုနှင့် ကြွေရည်ထုတ်ကုန်ပစ္စည်းလက်မှတ်တစ်ခုကို ထုတ်ယူခဲ့၏။ ဓာတ်ဘူးတစ်လုံး၊ ကြွေဇလုံတစ်ခု သို့မဟုတ် ကြွေကရားနှစ်လုံးကို ဝယ်နိုင်လေသည်။

(T/N–ထမင်းစားတဲ့ဇလုံမဟုတ်ဘူးနော်၊ဇလုံအကြီးစားပါ)


 စွန်းကျောက်ဝမ် နှင့် ဟွမ်ဝေကျုံးတို့ကမူ ဓာတ်ဘူး လက်မှတ်မရကြပေ။ ကြွေရည်ထုတ်ကုန်အတွက် လက်မှတ်သာရကြ၏။


သို့ပေမဲ့ သူတို့မှာ ရှားပါးမနေပါချေ။


ယင်းတို့တင်မကဘဲ စက်ဘီးလက်မှတ်၊ နာရီလက်မှတ်၊ ရေဒီယိုလက်မှတိ၊ အပ်ချုပ်စက်လက်မှတ်စသည်ဖြင့် နှစ်စဉ်နှစ်တိုင်း လက်မှတ်ကြီးများကိုလည်း ထုတ်ပေးသည်။  ထိုလက်မှတ်ကြီးတွေ လူတိုင်းမှာ မရှိကြရုံသာပင်။  တစ်ပိုင်းကို အကြီးတန်း ကေဒါများကို တစ်လှည့်စီ  ခွဲယူရန် ပေးပြီး ကျန်တစ်ပိုင်းကို ဝန်ထမ်းအကျိုးခံစားခွင့်အဖြစ် အသုံးပြုကာ အဆင့်မြင့် ဝန်ထမ်းများအား ဆုချီးမြှင့်လေ၏။


    နှစ်ကုန်တွင်လည်း ဟန်ချင်စုန့် အလားတူပမာဏကို ရရှိနိုင်မည်ဖြစ်သည်။


ဟန်ချင်စုန့် ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး  သမဝါယမသို့ သွားသောအခါ သူ့မိသားစုက နှစ်ခုလုံး လိုအပ်သောကြောင့် ကြွေကရားနှစ်ခုပဲဝယ်ရမလား ကြွေဘေစင် ပဲဝယ်ရမလား ဝေခွဲမရဖြစ်နေမိ၏။


    အိမ်မှာ ခြေဆေးသည် မြေအင်တုံကို စန်းဝမ်က သတိလက်လွတ်ဖြင့် ခွဲမိသွားသည်။ လင်းလန်က သူ့ကို အပြစ်မတင်ပေမဲ့ သူမ စိတ်ညစ်ကာ မြေအင်တုံက မခိုင်ဘူးဟု ဟန်ချင်စုန့်ကို တိုင်တန်းလေသည်။


ထို့အပြင် အိမ်မှာ ကြွေကရားတစ်ခုရှိ၏။


ဤနည်းအတိုင်းတွေးကြည့်ပါ လက်ဖက်ရည်ခွက်ရှိသရွေ့ ဇလုံတစ်လုံးဝယ်သည် ပိုကောင်းပေသည်။ သူ့အတွက် အလုပ်မှာ ရေသောက်ရန်နေ့လယ်စာဘူးကို သုံးသည်က အဆင်ပြေ၏။ 


 ဓာတ်ဘူးနှင့် ဇလုံတစ်လုံးဝယ်ပြီးနောက် သူ၏ လစဉ်ခွဲတမ်းအတွက် အရန်အစားအသောက် လက်မှတ်များကို သုံး၍ သကြားကတ်တီဝက်၊ ဆားကန်တီဝက်၊ လမုန့်တစ်ကတ်တီ၊ ဂျူဂျူဘယ်တစ်ကတ်တီနှင်​ မှို ကတ်တီဝက်တို့ကို ကိုလည်း ဝယ်ယူခဲ့သည်။ သူတို့၏ အရန်အစားအစာလက်မှတ်များသည် သကြား၊ ဥများ၊ သရေစာများ စသည်တို့ကို ဝယ်ယူနိုင်၏။ အိမ်တွင် ကြက်ဥများရှိသဖြင့် ဟန်ချင်စုန့် လင်းလန်ကို  ဥများကို ဂျူဂျူဘယ်များနှင့် မှိုများဖြင့် အစားထိုးခိုင်းခဲ့သည်။


    ထို့အပြင် လင်းလန်အတွက် မှိုဖြူတစ်ဗူးကိုလည်း ဝယ်ခဲ့၏။


ဂျူဂျူဘယ် နှင့် မှိုဖြူအချိုရည်က မြို့မှာပင် အချိုပွဲကောင်းတစ်ခုဖြစ်သည်။


    "ခေါင်းဆောင်ဟန်...ရှင့် မိသားစုက အရင်တစ်ခါ ဝယ်ထားတဲ့ ပဝါတွေကို ကြိုက်ရဲ့လား"

 ချိုးတုန်မေက သူ့ကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် မှိုဖြူဝယ်နေသည့်အချိန်မှာ မေးလိုက်၏။ 


    *ရွှံ့ခြေထောက်များရှိသော ခေါင်းဆောင်ဟန်က အလွန်ကြည့်ကောင်းလိမ့်မည်၊ အရပ်ရှည်ပြီး ဖြောင့်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။  အေးစက်ကာ ဘာကိုမှ စိတ်မဝင်စားဟန် အမူအရာရှိ သော်လည်း ယင်းက သူ့ကို ညှို့ဓာတ်ပါသော ခန့်ညားမှုဖြင့်  ပို၍ပင် ချောမောစေသည်။

(တောသားလို့ပြောတာ)


    အေးစက်စက် မျက်လုံးများက သူမအား နူးညံ့သောအကြည့်မျိုး ပြသနိုင်မလားဆိုသည် သိနိုင်ရန် သူမ သူ့ကို ကျီစားချင်ရုံမှတပါး မတတ်နိုင်ခဲ့ပေ။


ဟန်ချင်စုန့်က သူဝယ်ထားသော ပစ္စည်းတွေအားလုံးကို သူ့အိတ်ထဲ ထည့်လိုက်ကာ သံပြတ်ဖြင့်ဖြေလိုက်သည်။

 "ကြိုက်တယ်"


 "ဒါဆိုရင်  ကျွန်မတို့မှာ သင့်တော်တဲ့ဟာတွေ ရှိနေတုန်းပဲ... ရှင်ကြည့်ချင်လား လက်မှတ်မလိုဘူးနော်... " 

ချိုးတုန်မေက သူ့ကျစ်ဆံမြီးကြီးတွေကို လှုပ်ခါရင်း နောက်ထပ် အဖြူရောင်ခြေအိတ်တစ်စုံ၊ ကြက်သွေးရောင်သားရေဖိနပ်တစ်ရံ၊ အနက်ရောင်ဝက်သားရေဖိနပ်တစ်ရံနှင့် အမျိုးသမီးအတွင်းခံအချို့ကို ထုတ်ပြလိုက်၏။


    ယနေ့ခေတ် ကျေးလက်နေအမျိုးသမီးများသည် အခြေခံအားဖြင့် အတွင်းခံမ၀တ်ကြချေ။ ဇီဇာကြောင်သူများက အများစုမှာ ၎င်းတို့၏ကိုယ်ပိုင် စွပ်ကျယ်များကို ချုပ်ကာ ၀တ်ဆင်ကြပြီး ဇီဇာမကြောင်သူနှင့် ဆင်းရဲနွမ်းပါးသော သူများက ဟာလာဟင်းလင်းနေကြသည်။(ဘော်လီမဟုတ်ဘူး ရှင်မြီးလို့ခေါ်တာလားးပဲ အဲ့ဒါမျိုး)


    သူမ ထိုအရာများကို တင်ပြီး ခေါင်းအနည်းငယ်စောင်းကာ ဟန်ချင်စုန့် ကို ကြည့်လိုက်၏။ 


သူက သူမကို မော့ပင်မကြည့်လာဘဲ  ထိုပစ္စည်းများကို စိုက်ကြည့်နေသည်။ သူ့အပြုအမူက  သူမနှင့် သူမဘေးနားတွင် အရန် အစားအစာရောင်းသည့် အကြီးဆုံးအစ်မကြား ခြားနားချက်ရှိမနေပေ။


ချူးတုန်မေ အနည်းငယ် စိတ်ပျက်သွားသည်။


ဟန်ချင်စုန့် ယင်းကိုကြည့်ပြီး မျက်ခုံးပင့်လိုက်၏။ လက်မှတ်မလိုဘူးလား...


    နွားသားရေဖိနပ်က ဝက်သားရေဖိနပ်ထက် ဈေးပိုကြီးသည်။ ခြေအိတ်အဖြူနှင့် သားရေဖိနပ်တွေက ယခုခေတ်မှာ လိုက်ဖက်လှ၏။ ထိုဟာတွေနှင့်ဆို သူမသေချာပေါက် ကြည့်ကောင်းနေမှာဖြစ်သော်လည်း  ဈေးနှုန်းက မြင့်သည့်အတွက်  သူမ ပျော်မှာမဟုတ်ပေ။ 


   ၎င်းကို နှစ်ကုန်လျှင် ဝယ်၍ရပေသည်။


    အမျိုးသမီးဝတ်စွပ်ကျယ်က ဈေးမကြီးပါချေ။


    


ဟန်ချင်စုန့် ၎င်းကို မထိဘဲ ကြည့်ရုံကြည့်လိုက်၏။ လရောင် အမျိုးသမီးဝတ်စွပ်ကျယ်က အမျိုးသားဝတ်စွပ်ကျယ်ထက် ပိုတိုပြီး လည်ပင်းထိ မရောက်လောက်ပေ။ ထိပ်က အသိုင်းက ပိုထူပြီး အလယ်မှာ  တပ်၍ရသည့် ကြယ်သီးလေးခုပါသည်။


    ရှေ့မှာတပ်ရမည့်ဟာလား နောက်မှာတပ်ရမည့်ဟာလားတော့ သူမသိပေ။


“ဒါက ဆိုဒ်(size) ရှိလား”

သူက မေးလိုက်၏။


 အမျိုးသားဝတ်စွပ်ကျယ်တွေက အရွယ်အစားအမျိုးမျိုးနှင့်လာပြီး သူက အရပ်ရှည်သည့်အတွက် ဆိုဒ် ပိုကြီးသည့်ဟာ လိုအပ်သည်။


ချူးတုန်မေ က ပြုံးပြီးပြော၏။ "ခေါင်းဆောင်ဟန်က အများကြီးဝယ်ဖူးတာပဲ... ဆိုဒ်ကိုတောင် သိတယ်" 

 သူမက စွပ်ကျယ်တစ်ထည်ကို ကောက်ကိုင်လိုက်ပြီး အစွန်းနှစ်ဘက်ကို  လက်ညှိုးထိုးပြကယ "ကြည့်... ဒီမှာ ဆိုဒ် အမျိုးမျိုးရှိတယ်"


ဟန်ချင်စုန့် လင်းလန်၏ နူးညံ့ပြည့်တင်းသော ဘောလုံးနှစ်လုံးကို တွေးကြည့်လိုက်သည်။ ၎င်းတို့ က ပိုကြီးလောက်မည်။


“ဆိုဒ်အကြီး"

ဟုသူက ပြောလိုက်သည်။ 


ချူးတုန်မေ သူ့နားရွက်ထိပ်များ နီရဲနေသည်ကို မြင်လိုက်ရပြီး သူမ ရင်ခုန်လွန်း၍ စွပ်ကျယ်ကို  သူမရင်ဘတ်ပေါ်မှာတင်ပြီး တိုင်းမိလုမတတ်ပင်။


    

၎င်းကိုမြင်သောအခါ ဝမ်ဟွေ့ကျွမ်း ချက်ချင်းရောက်လာပြီး  စွပ်ကျယ် အမြန်ဆွဲယူကာ ပြောလိုက်သည်။

 "ခေါင်းဆောင်ဟန်အတွက် ဆိုဒ် အကြီးယူပေးလိုက်လေ "


ချူးတုန်မေ သတိပြန်ဝင်လာပြီး ဆိုဒ်အကြီးကို အမြန်ယူ၍ ကောင်တာပေါ်ပစ်တင်လိုက်ကာ ပါးများ ပူလောင်လာသည်။


ဟန်ချင်စုန့်က ၎င်းကို အာရုံမစိုက်ဘဲ စွပ်ကျယ် လရောင် တစ်ထည်နှင့် ပန်းရောင်ဖျော့ဖျော့တစ်ထည်တို့ကို တစ်ပြိုင်နက်ဝယ်လိုက်ပြီး ထုပ်ပိုးကာ ထွက်ခွာသွားခဲ့၏။


    သူထွက်သွားပြီးသည်နှင့် ဝမ်ဟွေ့ကျွမ်းက ချူးတုန်မေကို တွန်းကာမေးလိုက်သည်။

 "စိတ်ကြွဟင်းရည်သောက်ထားတာလား"     


  ချူးတုန်မေက နှုတ်ခမ်းကိုက်ကာ အသံတိုးတိုးဖြင့်ဆို၏။

 "သူ့ကို ဘယ်သူမှမသိတော့ သူမရှက်ဘူးလေ " 


သူတို့က စကားပြောရုံနှင့် ရှက်သွေးဖြာနေလိမ့်မည်ဖြစ်ပြီး အထူးသဖြင့် မိန်းမတွေနှင့် ထိတွေ့,ခဲ,သောစစ်သားများသည် မိန်းမတွေကို တွေ့သည့်အခါ စကားမပြောနိုင်ကြပေ။ 

သူက မရှက်ရုံတင်မက  သူ့မိန်းမအတွက် ကိုယ်ပေါ်မှာဝတ်ရန် စွပ်ကျယ်ပါလာဝယ်လိမ့်မည်ဟု မည်သူသိပါမည်နည်း။ 


ပြီးတော့ သူက ဆိုဒ်အကြီး ဝယ်ချင်တယ်လို့ မပြောခင် သူမရင်ဘတ်ကို ကြည့်လိုက်သေးလား...


သူမကိုများ စိတ်ဝင်စားနေလား...


xxxxxxxx