အပိုင်း ၁၈၉-၁၉၀
Viewers 20k

Part 189


စန်းဝမ်က လောဘကြီးလွန်းစွာဖြင့် ဘယ်မှ မသွားဘဲ မီးဖိုရှေ့တွင် ထိုင်ချလိုက်ပြီး လင်းလန်ကို မီးကူထိုးရင်း  သွားရည်ယိုနေလေသည်။


    လင်းလန် သူ့ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်တွင်  သူ့နဖူးပေါ်က လခြမ်းပုံအမာရွတ်က မီးရောင်ထဲမှာ အတော်လေး  ထင်ရှားနေပြီး ပိုမှောင်နေပါက သူက တကယ်ကို  *ပေါင်လူကြီးမင်းအသေးစားလေးနှင့်တူမှာပင်။

(T/N–တရုတ်ကားထဲက ပေါင်ချိန်)


    သူမက စိတ်သဘောထားနူးညံ့သောကြောင့် စန်းဝမ် နှင့် ရှောင်ဝမ့်ကို အနည်းငယ်ကျွေးခဲ့သည်။


    ဝက်အသည်းတစ်ပိုင်းနှင့် ဝက်မြီးတစ်ပိုင်းလှီးကာ အသားနှင့်အရေခွံကိုဖယ်၍ အရိုးများကို အိုးထဲသို့ပြန်ထည့်ပြီး ကလေးနှစ်ယောက်စားရန်အတွက် ပဲငံပြာရည်ကြက်သွန်ဖြူအနည်းငယ်ထည့်လိုက်၏။


 ရှောင်ဝမ်က ဝက်အသည်းတစ်ဖတ်ကို ကောက်ယူပြီး လင်းလန်၏ပါးစပ်ထဲသို့ အရင်ထည့်ပေးကာ "မားမား စား"


 စန်းဝမ်က   ရယ်ကာ ပါးစပ်ထဲထည့်ထားသော ဝက်မြီးကို ပြန်ထုတ်ပြီး "မားမား..."


    “မြန်မြန်စား... မားမားဖို့ ဒီမှာ ရှိတယ်” လင်းလန်က ပြုံးလိုက်သည်။


  စန်းဝမ် စားတော့လေ၏။


    ဤကလေးက အသက် 7 နှစ်သာရှိသေးပေမဲ့ 9 နှစ်သမီး မိုင်စွေ့ထက်ပိုစားနိုင်လေသည်။


လင်းလန်က သူတို့အတွက် ပန်ကိတ်ပန်းကန်လုံးကြီးတစ်လုံးကိုလည်း ဟင်းရည်ထဲမှာ စိမ်ထား၏။ ရှောင်ဝမ်က နှစ်ပိုင်းစားပြီး စန်းဝမ်က ကျန်သည်များကို ခပ်မြန်မြန် အပြတ် ရှင်းလို​က်သည်။


    "သားတို့က အိမ်မှာ အသားစားထားတယ်... မားမား သားတို့ရဲ့အစ်ကိုအစ်မတွေကို ပြီးကျ ကျွေးရင် မကပ်တွက်ရဘူးနော်"

လင်းလန်က သူတို့အတွက် ချက်ပြုတ်ပေးရန် ဆန္ဒရှိသော်လည်း ကောင်းကောင်းပြောတတ်ရပေမည်။  ညီအကိုမောင်နှမများ ပွင့်လင်းမြင်သာစွာ မျှဝေခံစားခွင့်ရှိသည်၊၊ သူတို့က ဤကဲ့သို့သော ဆက်ဆံမှုကို တစ်ဦးတည်းသော ခံစားနိုင်သူများ မဟုတ်ပါချေ။


    ကလေးတွေက ယခုငယ်သေးပြီး စာရွက်အလွတ်လေးတစ်ရွက်သာ ဖြစ်ကြ၏။ လူကြီးတွေက သူတို့ကို သင်ပေးသည့်အတိုင်း ကြီးပြင်းလာကြပေလိမ့်မည်။


လင်းလန်အနေဖြင့်   ကလေးမမွေးဖူးသော်လည်း သူမ၏မိန်းကလေးသူငယ်ချင်းများထံမှ တဖြည်းဖြည်း ရိုက်သွင်းခြင်းခံရသော ကလေးပြုစုပျိုးထောင်ခြင်း သဘောတရားနှင့် ငယ်စဉ်ကလေးဘဝက  မိဘဆွေမျိုးများ၊ သက်ကြီးရွယ်အိုများနှင့် အတန်းဖော်များ၏ မိဘများထံမှ လေ့လာမိခဲ့သော မိဘအုပ်ထိန်းမှုသဘောတရားကို သင်ယူပြီး ကျင့်သုံးခဲ့သည်။


    ဥပမာ၊ သူမအမေက သားတွေကို သမီးတွေထက် ပိုပစားပေးသော်လည်း ယခု သူမအလှည့်တွင် သားတွေကို သမီးတွေထက် ဘယ်တော့မှ မျက်နှာသာပို​မပေးရဘူးဟု  သူမကိုယ်သူမ သတိပေး၏။


    ဥပမာ၊ အဖွားကြီးဟန်က ကောက်ကျစ်စဉ်းလဲလေရာ သူမ ကောက်ကျစ်သောစိတ်မရှိစေရ၊ နာခံမှုရှိသောကလေးများကို မျက်နှာသာပေးရမည်၊ ဆိုးပေသူများကို မနှစ်သက်သင့်ကြောင်း သူမကိုယ်သူမ  သတိပေးသည်။


အငယ်တွေကို ပြုစုစောင့်ရှောက်ရန်အတွက် အကြီးတွေ၏ အတွင်းစိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုလည်း အာရုံစိုက်ရပေမည်။


တဝမ်က အနည်းငယ် မရိုးဖြောင့်သော်လည်း လုံးလုံးလျားလျားကြီး ကလိမ်ကကျစ် မကျပါချေ။ သူမက သူ့ကို စိတ်ရင်းဖြင့်  ဆက်ဆံခဲ့ပြီး သူလည်း ခံစားနိုင်မည်ဟု သူမယုံကြည်သည်။


    သူ အခု ကျောင်းပြေးနေသော်လည်း သူမကို သိပ်ပြီး ခုခံမနေတော့ဘဲ သူမအတွက် အလုပ်သွားလုပ်ရမည်ကို သိလာပြီဖြစ်၏။


ရှောင်ဝမ်နှင့် စန်းဝမ်တို့က သဘာဝအားဖြင့် တူညီကြသည်။


  ကလေးနှစ်ယောက်က ခေါင်းညိတ်ပြပြီး ပြိုင်တူဖြေလိုက်သည် “ဟုတ်ကဲ့”


    မကြာခင် ကလေးတွေ အလုပ်ကပြန်လာသောအခါ အစားအသောက်ရနံ့တွေရသည့်အတွက် ဗိုက်ဆာလုနီးပါးဖြစ်နေကြ၏။


    “အသား... အသား” ဟု အော်ဟစ်ကြသည်။


    လင်းလန်က ပြုံးပြီး " လက်တွေ မျက်နှာနဲ့ ခြေထောက်တွေကို ဆေးပြီး မင်းတို့အဖေပြန်လာတာကို စောင့်ကြမယ်"


  ဟန်ချင်စုန့် ပြန်ရောက်သည့်အခါ မှောင်နေပြီဖြစ်သဖြင့် လင်းလန်က ရေယူပြီး သူ့လက်ကို ချက်ချင်းဆေးပေးလိုက်၏။


"ဒီနှစ်ရဲ့ ပထမဆုံး ဆောင်းဦးပေါက် ပွဲတော်ကို ပြန်သွားမလား ကျွန်မတို့ဘာကျွန်မတို့ပဲ ဆင်နွှဲပကြမလား...  ပြန်သွားရင် အစားအသောက်တွေ အကုန်လုံး ယူသွားပေးမယ်...ကိုယ်ဘာကိုယ် ဆင်နွှဲရင် အသီးအရွက်အသားနှပ်အိုးလည်း ကျွေးမယ်...  ရှင်ပြော ကလေးတွေကိုခေါ်ပြီး အဘိုးနဲ့ အဘွားကို သွားနှုတ်ဆက်ခိုင်းမှာလား"


ဟန်ချင်စုန့်က  သွားမည်ဟုသာ ဆိုသည်။


 လင်းလန်က ထပ်ပြောပြန်၏။

 “ယေဘုယျအားဖြင့်ပြောရရင် အဖေက ကျွန်မတို့ကို လာစေချင်ရင် သူ့သားသမီးတွေကို အခေါ်လွှတ်လိမ့်မယ်..သူအခေါ်မလွှတ်ရင် သူ ကျွန်မတို့ကို သေချာပေါက် မလာစေချင်လို့ပဲ...ကျွန်မတို့ တစ်အုပ်ကြီးက မကြိုဆိုပဲသွားလိုက်ရင် ပွဲတော်ဆင်နွှဲရမဲ့အစား  ဒုက္ခဖြစ်စေမှာ စိုးမိတယ် ” 


မိုင်စွေ့နှင့်အားဝမ်တို့က စန်းဝမ်ကို တို့လိုက်သည်။


စန်းဝမ်က ဆိုလေ၏။

 "မားမား... အိမ်မှာ စားချင်တယ်... အဖွားက ကျွန်တော့်ကို မကြိုက်ဘူး...မြင်တိုင်း ခဏခဏ တတိယဦးလေးကို အလုပ်ကြမ်း စခန်းပို့တဲ့ သက်တို တစ္ဆေလို့ခေါ်တယ်... ကျွန်တော်က ဒီမှာ အကြွေးတောင်းဖို့ရောက်လာတာတဲ့... သူက ကျွန်တော့်ကို သေအောင် ရိုက်မှာ"


အားဝမ်: "ကျွန်တော်လည်း အကြိမ်ကြိမ် ကြားဖူးတယ်"


 မိုင်စွေ့ : "သမီးလည်း ကြားတယ်"


ရှောင်ဝမ်: "အန်တီကသားကို အရူးလို့ ခေါ်တယ်... သူ့မျက်လုံးတွေကို မညစ်ပတ်စေနဲ့တဲ့..သား မသွားဘူး...မားမားလည်း  မသွားနဲ့နော်"


ဟန်ချင်စုန့်က မျက်နှာသစ်နေခြင်းကို ရပ်လိုက်၏။


  လင်းလန် သူကလေးတွေကို  ဆူမှာကြောက်သည်အတွက် အမြန်ပြောလိုက်သည်။


 “တကယ်တော့ ကျွန်မလည်း သူတို့ကိုမကြိုက်ဘူး...တွေ့တိုင်းလည်း အဆဲခံရရင်ရ မဟုတ်ရင် အမေ့ကို စိတ်ဆိုးအောင်လုပ်မိတယ်... ပွဲတော်ကြီးမှာဆို အဆင်မပြေဘူး” 


 သူမက    ပြုံးလိုက်ပြီး အသံက ရေကဲ့သို ပိုပို၍ညင်သာလာကာ

 “ဘယ်လိုလဲ… ရှင် တစ်ယောက်တည်း သွားမလား...ရှင်ကသားအရင်း...ပြီးတော့ ရှင်က  အိမ်ဟောင်းကို သွားရင် အတော်လေးပျော်တယ်လေ... အဲ့ဒါအပြင် ရှင်က ကျွန်မတို့နဲ့စာရင် မိသားစုကြီးတစ်ခုလို  ကိုယ့်ဘာသာကိုယ် ကောင်းကောင်းစားနိုင်တယ်...လူပိုများပြီး အများကြီးစားရင်  အမေ စိတ်ဆင်းရဲလိမ့်မယ်...သူ  ဒေါသထွက်ပြီး ကျိန်ဆဲလိမ့်မှာသေချာပေါက်ပဲ"


ဟန်ချင်စုန့်  သူ့လက်တွေကို အနားက ကြွေဇလုံပေါ် တင်လိုက်ကာ  မျက်နှာလည်းဆက်မသစ်  စကားလည်းမပြောဘဲ လှည့်ကြည့်လိုက်ရာ လက်ရှိမှာ သူမက  နူးညံ့သိမ်မွေ့စွာနှင့်လှည့်ဖြားတတ်စွာ ပြုံးနေခဲ့ပြီး ယခင်ကသူမနှင့် မတူကွဲပြားနေခဲ့၏။ 


    သူမက သူ့ကို လုံးဝ မကြောက်ခဲ့ပုံရသည်။


    လင်းလန်က သူ၏ အေစက်သော မျက်နှာနှင့် နက်နဲသော မျက်လုံးများကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ပြုံးပြုံးရွှင်ရွှင်  ငုတ်တုတ်ထိုင်ချကာ  သူမျက်နှာကို သူမဘက်ကစ၍ မျက်နှာသုတ်ပုဝါဖြင့် သုတ်ပေးလာပြီးချိုသာစွာပြောလိုက်သည်။


  "ကျွန်မလည်း မိသားစုသဟဇာတဖြစ်ဖို့ကို  တွေးနေတာ...အမေက ကျွန်မတို့ကို မြင်ရင် စတုတ္ထလေးကိုတွေးမိသွားလိမ့်မယ်... ဒေါသထွက်ဖို့ မတန်ပါဘူး...ရှင်ဘယ်လိုထင်လဲ"


ဟန်ချင်စုန့် နှုတ်ဆိတ်နေမြဲပင်။


လင်းလန် အနည်းငယ် မသေမချာဖြစ်သွားပြီး  သူမ အစားအသောက်တွေ သယ်ပြီး မိသားစုတစ်စုလုံး ထိုနေရာသို့ သွားရမည်လားဟု တွေးနေမိသည်။ ထိုသို့ ဖြစ်သွားပါက သူမပျော်မှာမဟုတ်ပေ။  ဘာလို သူ လူယောင်သွားပြပြီး ပြီးမှ အိမ်မှာပြန်မစားတာလဲ...

ဟန်ချင်စုန့်ကို ထိုကို ပစ်ထုတ်ရန်က ဖြစ်နိုင်၏။


“အနောက်ခန်းမှာ အိပ်ရအောင်” 

သူက သူမကို အတည်ပြုသလိုမျိုး နူးညံ့စွာပြောလာသည်။

(Lol)


xxxxxxx

Part 190


ညက လေအေးက အေးနေသော်လည်း လင်းလန် ရုတ်တရက်ကြီး မီးလိုပူလာ၏။

 ဒီလူက ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ... သူ များ အလုပ်အကြောင်း ပြောနေတဲ့အချိန်မှာ အဲဒီကိစ္စကို တွေးနေတယ်...အဲ့ဒါ့ပြင် မနက်ခင်းတုန်းကလည်း တစ်ကြိမ်မေးသေးတယ်မဟုတ်ဘူးလား...တကယ်တကယ်ကို ခဏခဏ မေးနေတာပဲ...


 ယောက်ျားတိုင်းက ဒီလိုပဲလား...


သူမ မျက်နှာသုတ်ပုဝါကို ပစ်ချလိုက်ပြီး နှာမှုတ်ကာပြောလိုက်သည်။ 


"ရှင်အိမ်ဟောင်းမှာ သွားအိပ်ရင် ပိုကောင်းမယ်" 


  လင်းလန် မတ်တတ်ထရပ်ပြီး လမ်းလျှောက်တော့မည်ဖြစ်သော်လည်း ဟန်ချင်စုန့်က အခြေအနေကို အခွင့်ကောင်းယူကာ သူမ၏လက်ကို ကိုင်ပြီး စည်ပေါ်ဖိလိုက်၏။ 


    သူမ မျက်မှောင်ကြုတ်လိုက်သည်။


 သူ သူမကိုကြည့်လာခဲ့ပြီး  နက်နဲသော မျက်လုံးများထဲတွင်  နူးညံ့မှုလရောင်လေး ဖြာထွက်နေလျက်   "မင်း ကိုယ့်ကို ကြောက်လား" ဟု မေးလေ၏။။


    လင်းလန်က လက်ချောင်းတွေကို ကွေးကာ သူ့လက်ဖဝါးကြမ်းကြမ်းကို ကုတ်လိုက်ပြီး "မကြောက်ဘူး..."


သူက ခပ်ရေးရေး ပြုံးလျက် သူ့ခေါင်းကို သူမနားရွက်နားဆီ အနည်းငယ် တိုးကပ်ကာ အသံနိမ့်နိမ့်ဖြင့် ဆိုလေသည်။

 "မင်းပဲဆုံးဖြတ်"


 လင်းလန်က ရယ်ပြီး  သူမ လက်ကို ရုတ်သိမ်းလိုက်ကာ

"ကျွန်မ ရှင့် အသီးအရွက်တွေ ကျွေးမယ်"


   မျက်နှာသစ်ပြီးနောက် ဟန်ချင်စုန့်က “ကိုယ်အိမ်ဟောင်းမှာ သွားထိုင်လိုက်ဦးမယ်...ပြီးမှ ပြန်လာမယ်” ဟုပြောလေသည်။


သူစကားကို ကြားသောအခါ  လင်းလန်က ဇောက်နက် ပန်းကန်လုံးကြီးကို ခပ်တိမ်တိမ်ပန်ကန်လုံးဖြင့်  အစားထိုးလိုက်သည်။ မည်သို့ပင်ဖြစ်စေ  သူပြန်စားချင်ပါက သူမ သူ့အတွက် သိမ်းထားရပေမည်။


    သူမ အသီးအရွက်ပန်းကန်လုံးတစ်လုံးကိုဖြည့်ပြီး အမြီးအရိုးအနည်းငယ်၊ ဝက်အသည်းနှင့် ဝက်သွေးတစ်ခြမ်းကို အပေါ်မှထည့်ကာ လမုန့်တစ်အိတ် သူ့ကို ပေးလိုက်သည်။


ဟန်ချင်စုန့်က ယူလိုက်ပြီး  "အရင်စားနှင့်...ကိုယ့်ကိုမစောင့်နဲ့"


........


ဟန်မိသားစုဟောင်းတွင် ဟန်ချင်စုန့်၏ ထောက်ပံ့ကြေးမရှိသည့်အခါ အဖွားကြီးဟန် ပို၍ပင် ဒေါသတွေထွက်နေခဲ့၏။


 ဆောင်းဦးပေါက်ပွဲတော်အတွင်းမှာ လမုန်နှင့် ပန်းသီးတွေ မဝယ်ခဲ့ရုံသာမက လေးနက်တဲ့ အစားအစာတွေကိုပင် သူမ မစားချင်ခဲ့ပေ။ 


ကြက်ဥကြော်တစ်ပန်းကန်က သူမဘဝတိုးတက်ကောင်းမွန်စေသည်ဟု ပထမချွေးမဟန်က ဆိုရာတွင် အဖွားကြီးဟန်က ခွဲပစ်လိုက်သည်။ 


    "*ကျင်းပေါင်က ဒုက္ခရောက်နေတယ်...ငါတို့က ဘာလို့ ဆောင်းဦးပေါက်ပွဲတော်ကို ကျင်းပနေတာလဲ...လူတွေက ပြန်မဆုံကြသေးဘူး...နင်က ဘာတွေ အောင်ပွဲခံနေတာလဲ"  

အဖွားကြီးဟန်က နေ့တိုင်း ဝမ်းနည်းနေပြီး ဘယ်သူ့ကိုမှ အကောင်းမမြင်ဘဲ ဆဲဆိုကြိမ်းမောင်းနေ၏။

(T/N–Jin=ရွှေ၊Bao=အဖိုးတန်ရတနာ။ ဟန်ချင်ဟွကိုခေါ်တာပါ  )

 

"ကျင်းပေါင် အဖမ်းခံရလို့ နင်ပျော်နေတာလား... နင်လိုချင်တာ ဒါပဲမလား... အလုပ်မှတ်စာအတွက် ပေးစရာ မလိုတော့ဘူး... စားစရာစုဆောင်းစရာ မလိုတော့ဘူး... နင်စားဖို့ ကြက်ဥတွေ သိမ်းထားရုံပဲ ဟုတ်တယ်မလား"


အဘိုးကြီးဟန်က တိတ်တိတ်လေး ဆေးလိပ်သောက်နေသည်။


 အစ်ကိုကြီးဟန် : "အမေ... ဘာလို့ ဒေါသထွက် နေတာလဲ... အခါကြီးရက်ကြီးမှာ"


ဒုတိယအစ်ကိုဟန် : "အစ်ကိုကြီး...အခါကြီးရက်ကြီးဖြစ်တာတောင် တတိယမိသားစုက အုတ်အိမ်ကြီးတစ်လုံးဆောက်တယ်... ငါတို့ကို မနေစေချင်ဘူး...အဲဒီ့မှာ ပွဲတော်ကျင်းပဖို့ သွားကြရအောင်...  မိဘတွေတောင် လာဖို့မဖိတ်ဘူး ...ဒီ မိသားစုခွဲက အဖေ အမေနဲ့ အစ်ကိုကြီးတို့ကို မျက်စိထဲမှာ တကယ်မရှိဘူး”


 အစ်ကြီးဟန်:“မင်းဘာတွေပြောနေတာလဲ...သူတို့အကုန်လုံး ပွဲတော်ရက်မှာ အိမ်ဟောင်းမှာပဲနေကြမှာပေါ့...ဘယ်ကိုရွှေ့ရမှာလဲ"


ဟန်ကျင်းယုက နှာခေါင်းရှုံကာ "ဒုတိယအစ်ကိုပြောတာ မှန်တယ်ထင်တယ်....သူ(မ) သွေးထိုးထားတာ ဖြစ်ရမယ် "


 ဒုတိယအစ်ကိုဟန်:  "တတိယညီက အသားတွေ အများကြီးဝယ်ထားတယ်လို့ကြားတယ်... ငါတို့ကို တစ်ခုလာပေးလို့လား"


 ကလေးတွေအကုန်လုံးက တတိယဦးလေးမလာဘူးဟု ပြောကြ၏။


ဒုတိယောက်မဟန်လည်း ပျော်မနေပေ။

  ”  ပြီးခဲ့တဲ့ တစ်ခေါက်က ထုတ်တန်းတင်ဖို့  ဒီလောက်ကြီးတဲ့ ဝက်ခေါင်း  ဝယ်ခဲ့တာတဲ့... ဘာလို့ မိဘတွေကို အသားတစ်ကိုက်တောင် မကိုက်ခိုင်းရတာလဲ.... ဒါက အရမ်းလွန်လွန်းတယ်” 


အစ်ကိုကြီးဟန်က  ရှက် သွားသည်။ 

"ငါတို့လည်း မသွားဘူးလေ... ထုတ်တန်းတင်တာက လူ ခုနစ်ယောက် ရှစ်ယောက်လောက် ကူညီကြမှာ ဝက်ခေါင်းကို ခွဲပေးလိုက်ရင် တစ်ကိုက်စာ ဘယ်လိုလုပ်ကျန်မှာလဲ"


အဖွားကြီးဟန် စပြီး ငိုချင်းချပြန်၏။ စတုတ္ထသားက အဖမ်းခံလိုက်ရကာ  တတိယသားကို ကျားတစ်ကောင်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျန်နှစ်ဦးမှာ အသုံးမဝင်ပေ။


ပထမချွေးမဟန်က ချက်ပြုတ်ရန်တာဝန်ယူထားသည်။ယခုရာသီတွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ဟင်းသီးဟင်းရွက်များမရှိပေ။အိမ်တွင် ရွှေဖရုံသီးနှင့် ပဲအခြောက်များသာရှိပြီး ကျန်တစ်မျိုးမှာ လယ်သမားဆော့စ် ဖြစ်၏။အိမ်တွင် အသားမရှိသလို အဖွားကြီးဟန်ကလည်း  ကြက်ဥကို ချက်ပြုတ် ခွင့်မပြုလေရာ ဤထက်ပို မကောင်းမကန်းနိုင်သည်ကား မရှိတော့ပေ။


 အခြားမိသားစုဟောင်းသုံးစု နှင့် နှိုင်းယှဉ်ပါက၊  တကယ်ကို မိုးနှင့်မြေဖြစ်သည်။


 လင်းလန်က ထိုနေ့တွင် အသားကို ဝေခဲ့ပြီး သူမကို အဖိုး၊ အဖွား နှင့် ကလေးများ အတွက်ပါဟု ပြောပြီး ပြန်ယူသွားရန် အကြီးဆုံး အပိုင်းကို ပေးခဲ့၏။


ပထမချွေးမဟန်က ဒေါသထွက်လွန်း၍ ပြန်ယူသွားပြီး  သူမကလေးကို တိတ်တိတ်လေး ခိုးကျွေးခဲ့သည်။ သူမ အဖွားကြီးဟန်ကို ပေးလိုက်ပါက အဖွားကြီးဟန်က သူမယောက်မနှင့် ဒုတိယမတ်တို့ကိုအကုန်စားခိုင်းမှာဖြစ်ပြီး သူမ ကလေးက တစ်ကိုက်ပင် စားရမှာမဟုတ်ချေ။


 ထိုအချိန်တွင် အဘိုးကြီးဟန် လေးလေးနက်နက် စကားမပြောရသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ ခပ်အက်အက်ဖြစ်နေသော အသံဖြင့်   ဖြည်းညှင်းစွာပြောလာသည်။


 "ပြန်လည်ပေါင်းစည်းပွဲက နှစ်သစ်ကူးအကြိုနေ့နဲ့ အတူတူပဲ... မိသားစုက ပြန်လည်ပေါင်းစည်းချင်တယ်... တတိယမိသားစုကို ညစာစားဖို့ သွားခေါ်လိုက်.. ကြက်ဥ ယူပြီး နှစ်ပန်းကန် ကြော်... ယောက်ျားတွေအတွက် တစ်ပန်းကန် ကလေးတွေ အတွက် တစ်ပန်းကန်”


 အဖွားကြီးဟန်က ချက်ချင်း မျက်ခုံးပင့်လိုက်ပြီး “တော်တော့ ဝက်ဆီ ဖုံးနေပြီးပဲ 

...သူ့နှလုံးသားထဲမှာ တော့်ကို အဖေ တစ်ယောက်အနေနဲ့တောင် မရှ်ဘူး... သူ့ကို လွမ်းနေသေးတယ် ပေါ့.... ဥတွေ အရမ်းများလွန်းလို့ သူ(မ)က ကြက်တွေကို အလစ်သုတ်သွားတာလေ... ကြက်ဥစားချင်တုန်းပဲလား" 


ဟန်ကျင်းယုကလည်း မကျေမနပ်ညည်းညူ သည်။


ပထမချွေးမဟန်က သရော်လိုက်၏။ 

 ယောက္ခမကလည်း ရယ်စရာကောင်းသည်၊ တတိယမိသားစုကို အစားအသောက်ယူလာစေချင်ပေမဲ့ ဘာမှမပြောဘဲ ညစာလာစားဖို့ သွားခေါ်ခိုင်း၏။  အကုန်လုံးကို သူတို့ဘာသူတို့ ပြင်ဆင်ထားတာဆိုတော့  ညစာလာစားခိုင်းတယ်ပေါ့ဟုတ်လား... တတိယသား၏ စရိုက်ဖြင့်ဆိုပါက သူက လက်ဗလာနှင့် လာမည်တဲ့လား။အကုန်လုံး  အတူတူစားဖို့ သေချာပေါက်ယူမည်ပင်။ 


 လင်းလန်က အရူးနဲ့တူလို့လား... သူမက သဘောတူမတဲ့လား...


xxxxxx