Part 191
ဒုတိယအစ်ကိုဟန်နှင့် သူ့ဇနီးက ချက်ချင်း ဆိုလေသည်။
“တတိယအစ်ကိုရဲ့ မိသားစုကို သွားခေါ်ရအောင်”
ဟန်ကျင်းယုကလည်း ချက်ချင်း ထအော်၏။
“တတိယအစ်ကိုကိုပဲခေါ်... ကြွက်စုတ်မကို မခေါ်နဲ့...သူ့ကိုတွေ့ရင် ရွံတယ်.... သက်တို တစ္ဆေနဲ့အရူးပေါက်စတွေကိုလည်း မလာခိုင်းနဲ့နော် "
" လူတွေအများကြီးရှိနေပြီးသားဆိုပေမဲ့ သူတို့က အပြင်လူတွေ... ဒီကိုထပ်လာရင် အရမ်းစိတ်ပျက်စရာကောင်းတယ်"
အဖွားကြီးဟန်:"တတိယသားပဲ လာပါစေ... ကျန်တဲ့လူတွေက အပြင်လူတွေ...မခေါ်ခဲ့နဲ့"
ဒုတိယအစ်ကိုဟန်တို့ လင်မယား ထတော့မည်ပြုသည်။ သို့သော် အဘိုးကြီးဟန်က “ကောင်မလေး...နင်သွားခေါ်... နင့်ယောင်းမနဲ့လိုက်လာခဲ့...အနာဂတ်မှာ သူနဲ့ရန်မဖြစ်စေနဲဲ့"
ဟန်ကျင်းယုက စိတ်ဆိုးမာန်ဆိုးဖြင့် "အဖေ...စိတ်နောက် နေတာလား"ဟုဆိုလိုက်၏။
အဘိုးကြီးဟန်က ဒေါသတကြီးဖြင့် "နင်ဘာလုပ်နေတာလဲ...ဘာစကားတွေပြောနေတာလဲ"
အဖွားကြီးဟန်က မပျော်မရွင်ဖြစ်သွားပြီး
"တော်ဘာလို့ ကိုယ်သမီးကိုယ် ခြောက်နေတာလဲ ကျင်းယု ရဲ့ အပြစ်မဟုတ်ဘူး... ကြွက်စုတ်က တစ်ရွာလုံးမှာ နာမည်ကြီးနေပြီ...ကျူပ်သမီးကောင်းကြောင်းမပြောတဲ့သူက သူပဲ မဟုတ်ဘူးလား"
အဘိုးကြီးဟန် ဒေါသထွက်နေသော်လည်း သူ သမီးဖြစ်သူအား ဆူပူ ရိုက်နှက်ရန် ဝန်လေးနေသည်။ ဤရက်ပိုင်းမှာ သူ့သမီးက အလုပ်ကိုလိုက်လာပြီး ပင်ပန်းလွန်း၍ တစ်နေကုန် ငိုယိုနေကာ လက်တွေထိခိုက်ထားသဖြင့် အနားယူနေရ၏ ။
သူ့လက်ကို ဝှေ့ယမ်းပြီး ဒုတိယသားကို လွှတ်လိုက်ကာ ဒုတိယသားနှင့် ဇနီးသည်တို့ ပျော်ရွှင်စွာ ထွက်သွားလေသည်။
ရလဒ်တစ်ခုအနေဖြင့် ဝင်းတံခါးအပြင်ဘက်က လူတစ်ယောက်ကို ဝင်တိုးမိသွား၏။
ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်အောင် မှောင်နေသည်ဖြစ်ရာ သူကမေးလိုက်သည်။ “ဘယ်သူလဲ”
အရိပ်က ချက်ချင်းပြန်ဖြေ၏။
"ဒုတိယအစ်ကို ကျွန်တော်ပါ"
ထိုနေရာတွင်ရပ်နေရင်း အဖွားကြီးဟန် အခန်းထဲမှာ ဆူဆဲနေသည်ကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ဒုတိယအစ်ကိုဟန်က နည်းနည်းရှက်သွားပြီး "မင်းရောက်တာ အချိန်မီတယ် တတိယညီ... ငါတို့မင်းကို စားဖို့လာခေါ်တော့မလို့ပဲ"
ဟန်ချင်စုန့်: "မိဘတွေ ဒေါသထွက်အောင် မလုပ်မိအောင် ကျွန်တော် မဝင်တော့ဘူး "
သူက ဒုတိယအစ်ကိုဟန်ဆီကို ပန်းကန်လုံး ထိုးပေးပြီး "လင်းလန်က ဒီကို ပို့ခိုင်းလိုက်တာ"
ဒုတိယချွေးမဟန်က အလျင်စလို ပြောလိုက်၏။ "ကျွန်မ တဝမ်အမေနဲ့ကလေးတွေ စားဖို့သွားခေါ်လိုက်မယ်လေ"
သူမ တတိယလေး၏အိမ်မှာ ညစာသွားစားချင်သေးသည်။
ဟန်ချင်စုန့်၏ အသံက ထိုင်းမှိုင်းစွာ ပြောလိုက်သည်။
"မခေါ်နဲ့ ...."
သူတို့စကားမဆုံးခင် သူက လှည့်ထွက်သွား၏။
ဟန်ချင်စုန့်၏ လေသံက ပုံမှန်အတိုင်းပင်ဖြစ်သော်လည်း ဒုတိယအစ်ကိုဟန် အခုလေးတင် သူပြောခဲ့သည့်စကားကိုကြားပြီး ဒေါသဖြစ်နေကြောင်းသိနေ၍ လျစ်လျူရှုမှု အနည်းငယ်ကို သူ ကြားသိနိုင်ကာ မျှောချလိုက်ဖို့ရာ ရှက်လွန်းသည့်အတွက် ကမန်းကတန်း ပြောလိုက်သည်။
"တတိယညီ စိတ်မဆိုးပါနဲ့...မင်းက အုတ်အိမ်ဆောက်ပြီး မိဘတွေက သက်ကယ်အိမ်ပျက်ထဲမှာ နေနေရတုန်းဆိုရင် အဆင်မပြေဖြစ်လိမ့်မယ်”
သူ ဟန်ချင်စုန်၏ အသံကို မကြားရတော့သဖြင့် လှည့်ပြီး အိမ်ထဲပြန်ဝင်ခဲ့၏။
ဒုတိယချွေးမဟန်က သူ့ကို ဆွဲပြီး "ရှင်က ငတုံးပဲ" ဟု အသံနိမ့်နိမ့်ဖြင့် ပြောလေသည်။
သူမက ပန်းကန်ကို လှမ်းဆွဲကာ အသားကိုထိပြီး "အသား" ဟု ဝမ်းသာအားရ တိုးတိုးလေးပြောလိုက်၏။
သူမက အသားတစ်ဖတ်ကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဒုတိယအစ်ကိုဖြစ်သူအတွက် တစ်ဖက်ပေးလိုက်ကာ လက်ဖြင့်ကိုင်၍ ကျန်သည်များကို သူမသားသမီးများစားရန် သိမ်းထားလိုက်သည်။
အပေါ်မှ အသားအားလုံးကို ဆုပ်ယူလိုက်ပြီး အထဲမှာ အသားပါသွားမည်ကို စိုးရိမ်သဖြင့် အသီးအရွက်တွေကိုလည်း မွှေနှောက်လိုက်၏။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို သူမ ဂရုမစိုက်ပေ။
ထိုအချိန်၌ ကုမိန် ထွက်လာပြီး "ဒုတိယဦးလေးဒုတိယဒေါ်ဒေါ် ဘာတွေ ခိုးနေတာလဲ"ဟု အော့လေသည်။
သူမ အော်လိုက်ချိန်မှာ ဟန်ကျင်းယုက ပြေးထွက်လာပြီး အော်လိုက်သည်။
"နင်တို့ဘာတွေလုပ်နေကြတာလဲ"
ဒုတိယအစ်ကိုဟန်က ကမန်းကတန်းပြောလိုက်၏။ "သူတို့က မလာချင်ဘူးတဲ့...အမေတို့အတွက် ဟင်းသီးဟင်းရွက်တစ်ပန်းပန်းကန်နဲ့ မုန့်တစ်ထုပ်ပေးလိုက်တယ်"
ကံကောင်းစွာဖြင့် မှောင်နေသောကြောင့် ရှင်းရှင်းလင်းလင်းမြင်ရရန် ခက်လေသည်။
သူ့ညီမက သူ့ကို အပြစ်ရှာမှာ စိုး၍ အိမ်ထဲကို အမြန်ပြေးဝင်သွားပြီး ဟန်ကျင်းယုက သူ့နောက်ကို လိုက်သွား၏။
ဒုတိယချွေးမဟန်က အရှေ့ခန်းသို့ အမြန်ပြန်ကာ သူမခိုးယူလာသော အသားများကိုနောက်ပိုင်းတွင် ကလေးတွေကို ကျွေးရန်အတွက် သောက်စရာပန်းကန်လုံးထဲကို ထည့်ထားလိုက်သည်။ ထို့နောက် သူမ လက်ကို ပြန်ဆေးလိုက်၏။
ဒုတိယအစ်ကိုဟန်က ပင်မခန်းထဲသို့ဝင်ကာ ပန်းကန်လုံးကြီးနှင့် လမုန့်များကို စားပွဲပေါ်တင်လိုက်လေသည်။ ထိုအချိန်တွင် အဖွားကြီးဟန်လည်း ရောက်လာ၏။
ဟန်ကျင်းယုက သူတို့ပြောစကားကို မယုံပေ။ ပန်းကန်ထဲမှာ အသားရှိပါက သူတို့ နှစ်ယောက် ရွေးစားပစ်လိုက်မည်မှာ သေချာပေါက်ပင်။
" ဒီဟင်းကို ကြည့်...ရှုပ်ပွနေတာပဲ...တစ်ချက်ကြည့်ရုံနဲ့ နှိုက်ထားမှန်း သိသာတယ်... ရွံရှာစရာကြီး မဟုတ်ဘူးလား"
သူမက ဟင်းခွက်ကို ကြည့်ပြီး ဒုတိယအစ်ကိုနှင့် ဒုတိယယောင်းမ၏ ပါးစပ်ကို ကြည့်လိုက်ပြန်ကာ "နင်တို့ပါးစပ်ကို ကြည့်...နင်တို့ဘယ်လောက် ခိုးစားခဲ့လဲ ပြောစမ်း...နင်တို့ဘယ်လောက် ခိုးခဲ့လဲ"
သူမက ခြေဆောင့်ကာ သူ့မိဘတွေဆီကို အော်ဟစ် ငိုယိုလိုက်သည်။
“ကြည့်...အမေတို့က သားကောင်းတစ်ယောက်မွေးထားတာပဲ"
သူမ အိမ်ပြန်ရောက်ကတည်းက အသားမစားရသည်မှာ ရက်အတော်ကြာလေပြီ။
အဖွားကြီးဟန်က ဒုတိယအစ်ကိုဟန် နှင့် သူ့မိန်းမကို မှုန်ကုပ်ကုပ်ဖြင့် စိုက်ကြည့်ရင်း
"ငါ တကယ် မြည်းပျင်းတွေကို မွေးထားမိတာပဲ... နင်တို့က အလုပ်လုပ်ရင် နောက်ဆုံးမှာနေပြီး အစာစားဖို့ကျ အရင်ထွက်လာကြတယ် ...နင်တို့ဘာလို့ ဒီလောက် အရှက်မဲ့ပြီး အဆင့်အတန်းမရှိရတာလဲ ... လောဘကြီးလိုက်ကြတာတော်...ဒီလို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့... အသက်ပိုကြီးလာလေလေ များများပြန်ရလာလေလေဆိုတာ အမှန်ပဲ.. မျက်နှာပျက်ရမှာလည်းမရှက်ဘူးဟေ့"
ဤသို့ အငယ်တွေရှေ့မှာ အရှက်ကွဲတကာ့ကွဲသောအခါ ဒုတိယအစ်ကိုဟန် ဆက်ပြီး အရေမထူနိုင်တော့ဘဲ မပျော်မရွှင်ဖြစ်သွားသည်။စတုတ္ထညီနှင့် သူ့ညီမတို့ အိမ်မှာမရှိသောအခါ သူက အဖွားကြီးဟန်ကို မျက်နှာချိုပင်သွေးတတ်သေး၏။
မွေးချင်းညီ/ညီမတွေ အိမ်မှာရှိနေပါက သူ့အတွက် နေရာမရှိပေ။
ဒုတိယအစ်ကိုဟန်က “အမေ စိတ်အေးအေးထားပါ...တတိယမိသားစုက အသားမပါတဲ့ ဟင်းသီး ဟင်းရွက်တစ်ပန်းကန် ပေးလိုက်တာ... အဲ့ဒါကြောင့် လမုန့်တွေပါရှိနေတာ.. လမုန့်စားလေ အမေ"
ဒုတိယချွေးမဟန်က ချက်ချင်းပဲ သံယောင်လိုက်လေသည်။
“အဲဒါပဲလေ... အသားလည်းမပါဘူး... တတိယမိသားစုက အရမ်းတွန့်တိုတယ် ... ဘယ်လိုလုပ်အသားပေးချင်မှာလဲ"
ဟန်ကျင်းယုက အရှေ့ခန်းထဲသို့ ပြေးဝင်ကာ ပန်းကန်လုံးတစ်လုံးကို ကိုင်၍ ပြန်ထွက်လာပြီး "အသားမရှိဘူးဆို...ဒါက ဘယ်ကရောက်လာတာလဲ"
သူမ ဒေါသထွက်လွန်း၍ ဒုတိယချွေးမဟန်ကို ပန်းကန်လုံးနှင့်ပစ်ပေါက်လိုက်ပြီး ဒုတိယချွေးမဟန်အား ညည်းညူသွားစေ၏။ ပန်းကန်လုံးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ ကွဲသွားခဲ့သည်။
ဟန်ကျင်းယုက ဒေါသတကြီးအော်လိုက်၏။
"မစားနဲ့ ...ဘယ်သူမှ မစားကြနဲ့...."
Xxxxxxxx
Part 192
ဒုတိယမိသားစုက ရှောင်ဖူနှင့်ကောင်းလျန့်တို့ တန်းရောက်လာပြီး မြေကြီး ပေါ်ရှိ အသားတွေကို ချက်ချင်းကောက်ယူကာ ပါးစပ်ထဲထည့်လိုက်မိကြ၏။ အရမ်းအရသာရှိတယ်...
အရသာရှိလွန်းလို့ မျက်ရည်တွေတောင် ထွက်လာပြီ...
ယင်းကိုမြင်သောအခါ ဟန်ကျင်းယု ဒေါသဖြစ်ရလွန်း၍ စကားပင် မပြောနိုင်တော့ဘဲ သူတို့ကို လက်ညိုးထိုးကာ
"နင် နင် နင်တို့က အောက်တန်းကျတဲ့ အရိုင်းအစိုင်းတွေ"
သူမက ခြေဆောင့်ကာ မျက်နှာကို အုပ်လျက် ပြေးထွက်သွားလေသည်။
ဒုတိယချွေးမဟန်က သူမ၏ပေရေနေသော အဝတ်အစားများကို သပ်ချကာ ခုန်ဆွခုန်ဆွဖြင့် "ငါတို့က အောက်တန်းကျပြီး ရိုင်းစိုင်းတယ်... နင်က မြင့်မြတ်တယ်...နင်ဘာလို့ ဒီအိမ်မှာနေနေ သေးတာလဲ... နိမ့်ကျတဲ့ငါတို့ကပဲ နင့်ကို ပြုစုပျိုးထောင်နေတာ မဟုတ်ဘူးလား...နင်တတ်နိုင်ရင် ကိုယ့်ဘာကိုယ် ရှာစားလေ..."
“ဖြန်း... ” ခနဲအသံနှင့်အတူ အဖွားကြီး ဟန်က ထလာပြီး သူမကိူ ရိုက်လိုက်သည်။
“စုန်းမ နင်ဘယ်သူ့ကိုပြောနေတာလဲ”
ဒုတိယချွေးမဟန် အဖွားကြီးဟန်က သူမကို ရိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် သူမမျက်နှာက ဒေါသကြောင့် ပြာနှမ်းသွားပြီး မျက်နှာလှည့်ကာ အဖွားကြီးဟန်နှင့် မျက်နှာချင်းဆိုင်လိုက်၏။ ဒုတိယ အစ်ကိုဟန်က ငေါက်လေသည်။
“မင်း မသာမ”
သူမ အဖွားကြီးဟန်ကို မရိုက်ဝံ့သဖြင့် လှည့်ကာ ဒုတိအစ်ကိုဟန်ကို ရိုက်လိုက်၏။
ဒုတိယအစ်ကိုဟန် အတန်ကြာ ကြက်သေသေသွားသည်။ ဘာလို့ သူ့အပြစ်ဖြစ်ရတာလဲ...
သူက ဒုတိယချွေးမဟန်ကို အမြန်တွန်းထုတ်လိုက်ပြီး "အရူးမ...မင်းမှာ ဘာမှလုပ်စရာမရှိရင် ဘာလို့ ရူးမသွားတာလဲ"
အဖွားကြီးဟန်က စတင်၍ သူမ၏ တတိယသား ၊လင်းလန်၊ စန်းဝမ်နှင့်တဝမ်တို့ကို တစ်ယောက်ပြီးတစ်ယောက် ဆူပူကြိမ်းမောင်းလိုက်ပြီး ပထမချွေးမဟန်၏သရော်တော်တော် မျက်နှာကို မြင်သောအခါ မီးတောက်ထဲသို့ လောင်စာဆီ တန်းထည့်ကာ ဆူဆဲတော့သည်။
“ပျော်နေလား... နင်က တခြားသူတွေရဲ့ ကံဆိုးမိုးမှောင်ကျမှုကို ကျေနပ်အားရနေတဲ့ အမျိုးယုတ်မ..."
အစ်ကိုကြီးဟန်က ထိုနှစ်ယောက်ကို ဖြန်ဖြေရန် ကြိုးစားခဲ့သော်လည်း ဘယ်သူမှ သူတို့ကို ကောင်းကောင်းမဖြန်ဖြေနိုင်ဘဲ ထိုအစား ပထမချွေးမဟန်က အခွင့်ကောင်းယူကာ သူမ လက်သည်းမျာဖြင့် အကြိမ်ပေါင်းများစွာ ကုတ်လိုက်၏။
ဒုတိယချွေးမဟန်ကလည်း ဒေါသတကြီး ငိုယိုနေသည်။ နောက်ဆုံးတွင် ဒုတိယချွေးမဟန်သည် ယောကျာ်းဖြစ်သူ၏ အရှေ့ဘက်ခန်းကို အတင်းအကြပ် ပြန်သွားခိုင်းပြီး အခန်းတံခါးကိုပိတ်ကာ အနွေးကုတင်ပေါ်မှာ ရိုက်နှက်ခြင်းကို ခံရလေ၏။
ဘေးချင်းကပ်ရပ် အိမ်နီးနားချင်းက ဟန်မိသားစု၏ မိသားစုဒရာမာကြီး ကြည့်ရှုရင်း ကိုယ့်အိမ်မှာကိုယ် ပြန်လည်ပေါင်းစည်းရေးညစာစားနေကြသည်။
“ဘာဖြစ်တာလဲ...ခေါင်းဆောင်ဟန်က အစားအသောက်ယူလာတာမဟုတ်ဘူးလား"
“အဲ့ဒါက အသားနဲ့ ဟင်းသီးဟင်းရွက်တွေလေ... ကြည့်ပါဦ...ငါတို့အိမ်က ဘယ်လောက်သာယာလိုက်သလဲ... ဂရုစိုက်မနေနဲ့..."
"ငါမြင်တယ်... ဘက်လိုက်ပြီး လူစိတ်မရှိလိုက်တာ"
...........
ဟန်ချင်စုန့် အိမ်ပြန်လာသောအခါ လင်းလန် သူဤမျှမြန်မြန် ပြန်လာမည်ဟု မမျှော်လင့်ထားခဲ့သဖြင့် “ထိုင်ပြီး စကားမပြောခဲ့ဘူးလား”
သူ့ခြေရာတွေအရ သူအခုလေးတင် ပို့လိုက်သည်ကို ခန့်မှန်း၍ရပေသည်။ ဘာလို့ အခု ပြန်လာတာလဲ...အကန်ထုတ်ခံလိုက်ရတာလား...
အဖွားကြီးဟန်က စတုတ္ထသားကို ဖမ်းချုပ်ထားသောကြောင့် သူ့ကို မုန်းတီးခဲ့သည်မှာ အမှန်ပင် ဖြစ်နိုင်သည်။
ဟန်ချင်စုန့်၏ မျက်နှာက ပုံမှန်အတိုင်းပင်ဖြစ်သော်လည်း နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး သူ့မျက်လုံးများကမူ အေးစက်နေ၏။
လင်းလန်၏အမေးကိုကြားသည့်အခါ သူက ခေါင်းယမ်းလိုက်ပြီး "မဟုတ်ဘူး"
လင်းလန် သူ စိတ်ဓာတ်ကျနေကြောင်း သိသိသာသာခံစားလိုက်ရသည်။ ဒေါသဖြစ်နေတာများလား ...သူ့မှာ နေ့တိုင်း ယခုလိုလေးနက်တည်တံ့သောအကြည့်မျိုးရှိသဖြင့် သူပျော်သလား မပျော်သလား ကွာခြားချက်ကို သူမ
မပြောနိုင်သော်လည်း ယခု သူ မပျော်မရွှင်ဖြစ်နေသည်ကိုမူ သူ အာရုံခံစားနိုင်သေးပါ၏။
သူမ သူ့ကို ထိုင်ပြီးထမင်းစားဖို့ လက်ယပ်ခေါ်ပြီး နူးညံ့စွာပြောလိုက်သည်။
"သူတို့က လူတွေအများကြီး ရှိတာလေ... အခုလက်ရှိမှာ ရိက္ခာတွေကလည်း ကြပ်တည်းနေတာဆိုတော့ စားရတာ အဆင်မပြေတာက ပုံမှန်ပါပဲ... ကျွန်မတို့မှာ သားသမီးတွေအများကြီးရှိပြီး အလုပ်မှတ်နည်းနေတာကြောင့်သာမဟုတ်ရင် သူတို့ကို အစားအသောက်လက်မှတ်တွေ ပျော်ပျော်ကြီး ပေးလိုက်မှာပါ"
ယောက်ျားတစ်ယောက်ကို ချော့ဖို့အတွက် စကားကောင်းလေးတွေ ပြောပေးရပေမည်။
ဟန်ချင်စုန့်က စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာ စားသောက်နေခဲ့၏။
ဘာကြောင့်မှန်းမသိ လင်းလန် သူ့ပိုပို၍တိတ်ဆိတ်လာသည်ကို မမြင်ရက်ပေ။
သူမပြန်တွေးကြည့်လိုက်ရာတွင် ထိုဟာက ဟုတ်မနေပေ။ ယခင်က သူမ ကြိမ်းမောင်းခံရသလိုမျိုး မဟုတ်၊ သူ့ ဤမျှထိ စိတ်ဓာတ်ကျနေခြင်းမျိုး သူမမမြင်ဖူးပေ။
အများအားဖြင့် သန်မာပြီး ဘာကိုမှ ဂရုမစိုက်တတ်သည့် အမျိုးသားက ရုတ်တရက် အနည်းငယ် ကျိုးပဲ့လွယ်သည့် အသွင်အပြင်ကို ပြသခဲ့ပြီး လူတွေကို မရှုရက်နိုင်ဖြစ်စေခဲ့သည်။
လင်းလန် သူကိုပြောဆိုသည့်ပုံစံက အတော်လေး နူးညံ့သိမ်မွေ့လာ၏။ ဟန်ချင်စုန့်၏ အမြင်အရ ရှောင်ဝမ်သို့မဟုတ် ဖျားနေသည့်ကလေးတစ်ယောက်ကို ချော့နေသကဲ့သို့ပင်။
ထို့ကြောင့် သူ ပို၍ တိတ်ဆိတ်လာသည်။
လင်းလန်က ရုတ်တရက် သတိရသွားပြီး
"အယ် ...ရှင် အဲ့ဒီပန်းကန်လုံးကြီး ပြန်ယူမလာဘူးလား"
ဟန်ချင်စုန့်က ထရပ်လိုက်ပြီး "သွားယူလိုက်မယ်"
လင်းလန်က သူ့ကို အမြန်ဆွဲချလိုက်၏။
သနားစရာယောကျာ်း... အရသာရှိတဲ့ အစားအသောက်တွေ သွားပို့ပြီး အကန်ထုတ်ခံလိုက်ရတယ်... နောက်မှ ပြန်သွားပြီး ပန်းကန်တောင်းရင် ပိုအဆင်မပြေဖြစ်မှာမဟုတ်ဘူးလား...
"ထားလိုက်ပါ အမေ့အတွက် ဒီလိုပန်းကန်အကြီးက သိပ်ရှားမှာမဟုတ်ပါဘူး... ကျွန်မသူ့ကို ပေးလိုက်မယ်"
နောက်ပိုင်း သူမ ပြန်တောင်းတဲ့အခါ မပေးရဲရင်မပေးကြည့်စမ်း...
သားသမီးများက အဖေဖြစ်သူ စိတ်မပျော် ကြောင်းကို မြင်သောအခါ မဆိုးရဲကြသဖြင့် အစာစားပြီးသသည်နှင့် ရေဒီယို နားထောင်ရန် အရှေ့ခန်းသို့ အမြန်ပြေးသွားကြသည်။
လင်းလန်က ပြောလိုက်၏။
"အဖေက မင်းတို့ဖို့ လမုန့်နဲ့ ပန်းသီးတွေ ဝယ်ထားတယ်...တစ်ညလုံးစားမနေနဲ့နော် မနက်ဖြန်စားလို့ရသေးတယ်"
ကလေးတွေက အရှေ့အခန်းကို အလုအယက်သွားကြသည်။ အားဝမ်က နံရံနားရှိ စားပွဲခုံဆီသို့ သွားကာ ရေဒီယိုကို အလျင်အမြန်ဖွင့်လိုက်ပြီး အခြားသူများက လမုန့်နှင့် ပန်းသီးများယူရန် အနွေးကုတင်ဆီသို့ ပြေးကြ၏။
စန်းဝမ်က သူ့အစ်မနှင့် အစ်ကိုများ၏ လမုန့်များထဲက သကြားခဲကို ပန်းသီးနှင့် လဲလှယ်လိုသော်လည်း သူနှင့် လဲလှယ်ပေးမည့်သူ တစ်ယောက်မှ မရှိပေ။
လင်လန်သည် ကလေးများ တတွတ်တွတ်စကာားပြောသံ ကြားသောအခါ စိတ်သက်သာရာ ရသွားသည်။ သူမက အစားအသောက်များကို ဟန်ချင်စုန့်ကို ယူပေးကာ တိုးတိုးပြောလိုက်သည်။
"များများစား"
Xxxxxxx