Part 193
သူမ ဟန်ချင်စုန့်၏ စိတ်မသက်မသာဖြစ်နေ သော်လည်း ပြောမပြနိုင်သော နာကျည်းမှုများကို တွေးကာ ခဏလောက် သနားမိသွား၏။ သူမ သူမဘာသာသူမ သူ့အတွက် ဆားစိမ်ကြက်ဥတစ်လုံးကို အခွံနွာပေးကာ ပြောလိုက်သည်။
"ကျွန်မတို့ဘာကျွန်မတို့ ဆားစိမ်ထားတာ... ဆားစိမ် ဘဲဥလောက်တော့ အရသာမရှိပါဘူး...ဆီလည်း မရှိဘူးလေ "
ဟန်ချင်စုန့်က သူမလက်ထဲကနေ တစ်ကိုက် ကိုက်လိုက်ပြီး "ရပါတယ်" ဟုဆိုလေသည်။ ၎င်းနောက် နှုတ်ဆိတ်လျက်ပင် ဆက်စားနေ၏။
စားပြီးသောအခါ လင်းလန်က စားပွဲကို ရှင်းကာ ရေဆေးချလိုက်သည်။
ဟန်ချင်စုန့်က သူ့အကျီလက်တွေကို ခေါက်ပြီး သူမကို ပန်းကန်သွားကူဆေးပေးခဲ့၏။
လင်းလန် ပျော်သွားသော်လည်း ယဉ်ကျေးဆဲဖြစ်သည်။ ဟန်ချင်စုန့် ၎င်းကိုယူကာ ဆေးကြောပေးမိလိုက်၏။ ပန်းကန်က အနည်းငယ်ဆီပြန်သောကြောင့် လင်းလန်ကို ဆပ်ပြာတချို့ သွားယူခိုင်းလိုက်သည်။
"ခေါင်းဆောင်ဟန် ရှင်လိုချင်တဲ့ ဆပ်ပြာ " လင်းလန်က ပြုံးပြီး သူ့ဆီ ပေးလိုက်၏။
ဟန်ချင်စုန့် : "..."
လင်းလန်က ဘေးနားမှာ ပြုံးစိစိဖြင့် ရပ်နေကာ အရပ်ရှည်ရှည်နှင့်အမျိုးသားက ငုံ့ကိုင်းကာ ပန်းကန်ဆေးနေပြီး အလွန်လိုက်ဖက်ညီနေသည်။
ဟန်ချင်စုန့်၏ လတ်တလော ဆောင်ရွက်ချက်များကို သူမ အတော်လေး ကျေနပ်၏။
တစ်ရွာလုံးမှာ မိန်းမဖြစ်သူအတွက် ပန်းကန်ဆေးပေးမည့် ယောက်ျား မည်သို့ရှိနိုင်ပါမည်နည်း။တံမြက်စည်းပြုတ်ကျနေလျှင်ပင် ကောက်ပေးမှာမဟုတ်ပေ။
ယင်းကိုကြည့်လျှင် လောင်ဟန်က လုံးဝကို *IKEAဖြစ်လေသည်။ သူစစ်သားဖြစ်စဥ်တုန်း ဆုတံဆိပ်တွေ တစ်ပုံးကြီးရခဲ့၏။ အလုပ်ပြောင်းပြီးနောက် ပိုက်ဆံရှာနိုင်သည့်အပြင် အိမ်လည်းဆောက်နိုင်ခဲ့သည်။ သူက စောင်တွေချုပ်တတ်ပြီး ပန်းကန်လည်းဆေးတတ်၏။ သူက အတွင်းရောအပြင်ပါ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေသည်။
(T/N–ဗန်းစကားပါ။ IKEA=I Know Everything Already)
သူမ သူ့ကိုကြည့်နေသည်ကို ခံစားရသဖြင့် ဟန်ချင်စုန့် သူမကို ပြန်စိုက်ကြည့်လိုက်၏။ လင်းလန်က သူဆေးထားသော ပန်းကန်လုံးနှင့် တူများကို ချက်ချင်း ကောက်ယူလိုက်ပြီး အဝတ်သန့်သန့်ဖြင့် တစ်ခုပြီးတစ်ခု သုတ်နေလိုက်သည်။
ဟန်ချင်စုန့် အိုးဆေးနေတုန်း လင်းလန်က တံခါးသွားပိတ်လိုက်သည်။ အရှေ့မြောက်အရပ်ကလာသော ဆူညံ့သံတွေကို သူမ သဲမကွဲကြားလိုက်ရသောကြောင့် တိတ်တဆိတ် နားထောင်ရန် အပြင်ထွက်လိုက်၏။
အမယ်... ဘာလို့ ဟန်မိသားစုဟောင်းနဲ့ တူနေတာလဲ...ဟန်ချင်စုန့်ကို ပြောပြသင့်လား...
ဒုတိယအကြိမ်တွေးကြည့်လိုက်ရာ သူ့ကိုပါ ဆွဲထည့်ခံရမှာစိုး၍ သူမ မသိချင်ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူမ လရောင်ကိုအားပြု၍ အိမ်ပြန်မည်ပြုသော်လည်း သူမရှေ့မလှမ်းမီတွင် ဟန်ကျင်းယု၏ အသံကို ကြားလိုက်ရ၏။
သူမ အိမ်အပြင်ကို မိနစ်နည်းနည်လောက် ထွက်ထွက်ခါရှိသေး ဒီလူက မလွယ်ပေါက်ကို အခွင့်ကောင်းယူတယ်ပေါ့လေ...
အိမ်မှာ ရန်ဖြစ်မဲ့အစား သူမအိမ်ကို လာပြီး ပြဿနာရှာတယ်တဲ့လား...
ဟန်ကျင်းယုက ရှိုက်ကြီးတငင် ငိုချင်းချပြီး ဆိုလေသည်။
"တတိယအစ်ကို... ငါအဲဒီမှာမနေနိုင်တော့ဘူး...
ဒုတိယအစ်ကိုနဲ့ ဒုတိယယောက်မက အရမ်းဆိုးတယ်...အစ်ကိုပေးခဲ့တဲ့ အသားတွေ အကုန်စားပစ်တယ်၊...ငါလည်း တစ်ကိုက်မှ မစားရဘူး အဟင့်...ငါပြန်သွားပြီးမနေချင်တော့ဘူး...တစ်ညလုံး ဟောက်သံတွေထွက်နေတာ...ငါလုံးဝ အိပ်လို့မရဘူး ...အနွေးကုတင်ပေါ်တက်တဲ့ကြွက်တွေလည်းရှိသေးတယ်...ငါ သေအောင်ကြောက်တာ...ဝူးးးး ဝူးး...တတိယအစ်ကို...အစ်ကို့အိမ်မှာ ငါလာအိပ်မယ်နော်"
လင်းလန် သူမကို သွားစချင်သော်လည်း သူမလမ်းမှာပဲ ရပ်တန့်သွားသည်။
ဟန်ချင်စုန့်၏ အေးစက်စက်အသံကို သူမကြားလိုက်ရ၏။
"မိသားစုကခွဲထွက်ပြီးသွားပြီ...ဆုံးဖြတ်ပိုင်ခွင့်က မင်းယောက်မလက်ထဲမှာ"
"တတိယအစ်ကို...အစ်ကို ဘာဒီလိုလုပ်ရတာလဲ... အစ်ကို ဘယ်လို စိတ်ကြွဆေးရည်တွေအတိုက်ခံထားရတာလဲ...ငါတို့က မိသားစုလေ... သူရဲ့ မျိုးရိုးနာမည်ကလင်းပါ...သူက အပြင်လူတစ်ယောက်လေ... "
ဟန်ကျင်းယု သိသိသာသာကို နားမလည်နိုင်ဖြစ်နေသည်။
"သူက ငါ့ဇနီး...ငါ့ရင်သွေးရဲ့မိခင် အိမ်ထောင်ဦးစီးပဲ...မိသားစုခွဲထွက်ပြီးရင် လာလည်တဲ့ ညီအစ်ကိုမောင်နှမတွေက ဧည့်သည်တွေပဲ..." ဟု ဟန်ချင်စုန့်က စာတစ်စောင်ဖတ်ပြနေသကဲ့သို့ လေးနက်သောပုံစံဖြင့် ပြောလေ၏။
ဟန်ကျင်းယု သူက ယခုလို သံယောဇဉ်မဲ့ စကားတွေပြောနေသည်ကို တွေးပင်မတွေးနိုင်ချေ။
"နင် နင် ...အစ်ကို ဘာလို့ဒီလိုဖြစ်နေတာလဲ...အစ်ကို့မိဘတွေကို မလိုချင်တော့ဘူးလား...အဖေကမှ အိမ်ထောင်ဦးစီးလေ "
"ငါ့မိန်းမက မိသားစုခွဲရဲ့ အိမ်ထောင်ဦးစီး...မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးတစ်ယောက်ပဲ ရှိလို့ရတယ်... မင်းလာလည်ချင်ရင် မင်းယောက်မကို မေးကြည့်..သူသဘောတူတယ်ဆိုရင် ငါ့မှာကန့်ကွက်စရာမရှိဘူး"
သူအနေဖြင့် ယခုလိုမျိုး စကားတွေပြော,ခဲ,သည့်အတွက် အနည်းငယ်ခက်ဟန်ရှိ သော်လည်း ခိုင်ခိုင်မာမာရှိနေခြင်းကြောင့် သူပြောနေသည်က အလွန်ရှင်းလင်းပြတ်သားနေကာ တည်ကြည် လေးနက်ပုံပေါ်လေသည်။
"အမေတို့ကရော ဘယ်မှာသွားနေရမှာလဲ...အစ်ကို သူတို့ကိုမနေခိုင်ူဘူးလား... "
ဟန်ကျင်းယု ဒေါသတကြီး ခေါင်းမာမာနှင့် အဆုံးထိမေးနေပြီး သူမ သူပြောသည်ကို မယုံကြည်ပေ။ သူက သူ့မိဘတွေကို သစ္စာဖောက်မှာမဟုတ်ဘူး...
"မိသားစုကွဲသွားရင် ပင်စင်ကိစ္စက အလှည့်အပြောင်းဖြစ်မှာ အသေအချာပဲလေ... ကန့်ကွက်စရာမရှိဘူး... မင်းယောက်မက ဥာဏ်ကောင်းတယ်"
"သူက... သူက ဉာဏ်ကောင်းတယ်" ဟန်ကျင်းယုက ရယ်စရာအကောင်းဆုံးဟာသကို ကြားနေရသလိုဖြစ်နေပြီး" သူက ရွာမှာ အကျော်ကြားဆုံး ကြွက်စုတ်ပဲ..အစ်ကိုမသိဘူးလား။"
(T/N–ရှင်းပြီးသားဆိုပေမဲ့ ကြွက်စုတ်ဆိုတာ အပေါက်ဆိုးဆိုးမိန်းမကိုခေါ်တာပါ)
ခေါင်းဆောင်က ဟောပြောနေသလိုမျိုး ဟန်ချင်စုန့်၏လေသံက ပိုပိုပြီး ပြင်းထန်လာ၏။
"အရင်က သူ့အမှားမဟုတ်ဘူး ငါ့အမှားပဲ...ဒီနေ့ မင်းရဲ့အပြစ်က သေးသေးလေးမဟုတ်ဘူးဆိုတာကို ငါ အလေးအနက်ပြောချင်တယ်....ယောက်မတစ်ယောက်အနေနဲ့ ကိုယ့်အစ်ကိုရဲ့ဇနီး နဲ့ မစည်းလုံးဘဲ သဘောထားကွဲလွဲပြီး အချိန်ပြည့်ဆန့်ကျင်နေတယ်... တူမလေးကို (အရွယ်ရောက်ပြီးသား) မိန်းကလေးအဖြစ် ဆက်ဆံပြီး မိသားစုရဲ့ ငွေကြေးနဲ့ စားနပ်ရိက္ခာတွေကို လက်ဝါးကြီးအုပ်ထားတယ်...ငါ့ရှေ့မှာ ယောက်မဖြစ်သူရဲ့ မကောင်းကြောင်းတွေပြောပြတယ်... မင်းမိဘတွေအကျိုးအတွက်သာမဟုတ်ဘူးဆိုရင် ငါမင်းကိုပညာပေးမိမှာ"
ဟန်ကျင်းယု ကြက်သေသေ သွားသည်။
သူဘာကိုဆိုလိုတာလဲ။
လင်းလန်ကို မကောင်းပြောတဲ့အတွက် သူမကို အပြစ်တင်ပြီး အလုပ်ကြမ်းစခန်းကို ပို့ချင်တာလား...
သူမက ဒေါသကြောင့် တုန်တုန်ယင်ယင်ဖြစ်နေပြီး ဟန်ချင်စုန့်ကို လက်ညှိုးထိုးကာ
"နင် နင်က လူမဟုတ်ဘူး...ငါက နင့်ကို သေအောင်မုန်းတယ်...နင်က ငါ့ရဲ့ တတိယအစ်ကိုမဖြစ်ထိုက်ဘူး..."
ဟန်ချင်စုန့်က အေးစက် စွာပြောလိုက်၏။
"မင်းဆန္ဒအတိုင်းပဲ"
အိမ်နှင့်စိတ်ဆိုးလာ၍ ပြေးထွက်လာပြီး ခဏလောက် အော်ဟစ်ကာ တတိယအစ်ကိုကို တိုင်မည်စိတ်ကူးခဲ့သော်လည်း ယခုအချိန်မှာ ဟန်ကျင်းယု ဒေါသထွက်လွန်း၍ "အား--" ဟု အော်ပြီး လှည့်ထွက်ပြေးသွားပါတော့သည်။
xxxxxxx
Part 194
လင်းလန် သူမရှိမနေဟန်ဆောင်ကာ တိတ်တဆိတ် ရှောင်ထွက်ခဲ့လိုက်၏။
ဟန်ချင်စုန့် ခြံဝင်းထဲမှာ ရပ်လိုက်ပြီး တံခါးကနေ အပြင်ထွက်လိုက်ရာ ဟန်ကျင်းယုပြေးထွက်သွားသည့် ခြေသံတွေ ကို ကြားလိုက်ရသည်။ လင်းလန်၏ လှုပ်ရှားမှုကို မကြားရသဖြင့် သူ အရှေ့ဘက်ကို ခြေလှမ်းအနည်းငယ်လှမ်းပြီး "လင်းလန်..."
လင်းလန် အသံမထွက်ဘဲ ပုန်းနေလိုက်သဖြင့် ဟန်ချင်စုန့်က သူမကိုရှာရန် အရှေ့ဘက်သို့ ဆက်သွားခဲ့သည်။
လင်းလန် အိမ်သို့ အမြန်ပြန်လာခဲ့၏။
တစ်ဆယ့်ငါးရက်မြောက်နေ့တွင် လသည် ဝါရောင်လကိတ်မုန့်ကြီးတစ်ခုလို အရှေ့ဘက်ရှိသစ်ပင်ထိပ်များတွင် ခပ်နိမ့်နိမ့် တွဲလွဲခိုလျက်ရှိနေပြီး ယခုအချိန်မှာ သိပ်တောက်ပခြင်းမရှိပေ။
ခဏအကြာတွင် သူလှည့်ကြည့်လိုက်သည့်အခါ လင်းလန်က သူ့ကိုတွေ့ဖို့ ချက်ချင်း ရှေ့တက်သွားပြီး "ရှင်ဘယ်သွားတာလဲ"
ဟန်ချင်စုန့်:"ကိုယ် မင်းကိုသွားရှာတာ"
လင်းလန်က ပြောလိုက်သည်။
"အနောက်ဘက်က လှုပ်ရှားသံကြားလို့လေ ... သွားကြည့်တော့ ဘာမှမရှိဘူး"
ဆောင်းဦးလယ်ပိုင်းမှာ ညက ချမ်းအေးပြီး လေက အနည်းငယ် အေးစိမ့်စိမ့်နိုင်နေရာ လင်းလန် မနေနိုင်ဘဲ တုန်ရီသွားတော့၏။
ဟန်ချင်စုန့်က ချက်ချင်း သူမကို ပွေ့ဖက်လိုက်ပြီး "အပြင်မှာ အေးတယ်... ကိုယ် တံခါး ပိတ်လိုက်မယ်"
သူ ခြံတံခါးကို သွားပိတ်ပေမဲ့ လင်းလန်က သူ့ကို စောင့်နေလေသည်။
ဟန်ချင်စုန့် အနည်းငယ် အံ့သြသွားပြီး သူမလက်ကို သူ့လက်ကြီးဖြင့် ဆွဲကိုင်လိုက်ကာ လင်းလန်ကလည်း သူ့ကို ကိုင်ခွင့်ပေးထား၏။
ဟန်ကျင်းယု ၏ စကားများကို တွေးတောရင်း လင်းလန် သူမဘက်မှ အစပြုကာ"ကျွန်မတို့မှာ အိမ်ဆောက်ဖို့ အုတ်ကြွပ်ပြားတွေ ကျန်ပါသေးတယ်"ဟု ပြောလိုက်သည်။
ဤတစ်ခါတွင် ဟန်ချင်စုန့်က တံခါးသေးသေးလေးထပ်ဆောက်ပြီး တောင်အိမ်သေးသေးလေးတွေ အတန်းလိုက်ဆောက်ရန်အတွင်တင်ကို အုတ်နှင့် အုတ်ကြွပ်တွေ အများကြီးဝယ်ထား၏။ တဲနှင့် လှောင်အိမ်ပါလုပ်လိုက်ရာတွငိ အုတ်တွေက မကျန်တော့ပေ။ သို့ပေမဲ့ အုတ်ကြွပ်တွေဝယ်တုန်းက အုတ်နှင့်အုတ်ကြွပ်စက်ရုံတွေ အများကြီးရှိသဖြင့် ဟန်ချင်စုန့်က သူတို့အားလုံးကိုဝယ်ဖို့ ပိုက်ဆံသုံးလိုက်သဖြင့် နောက်ဆုံးမှာ ပိုလျှံနေသေးသည်။
ဟန်ချင်စုန်က ပါးစပ်မဖွင့်ဘဲ အင်းဟုဆို၏။
လင်းလန်က ရယ်ပြီးပြောလိုက်သည်။
"ကျွမ်တို့ စတိုခန်းကို အချိန်ခဏလောက် ဆောက်နိုင်မှာ မဟုတ်ဘူးလေ ... ဘာလို့ အမေ့ရဲ့ အခန်းအတွက် အရင် အုတ်ကြွပ်တွေ မသုံးရမှာလဲ"
သူတို့ သူမအိမ်ကို အမြဲမျက်စောင်းထိုးနေတာမျိုး မဖြစ်ရအောင်ပေါ့...
ဟန်ချင်စုန့်က ခပ်ပေါ့ပေါ့ဆို၏။
"မလိုဘူး..."
လင်းလန်က "အာ"ခနဲဖြစ်သွားပြီး သူ ယခုလို ပြတ်ပြတ်သားသားပြောသည်ကို အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားသည်။
ဟန်ချင်စုန့်က ရှင်းပြ၏။
"ကိုယ်တို့က ခွဲထွက်ထားတဲ့ မိသားစုတွေလေ... တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင် နေထိုင်မှုပုံစံ ရှိတယ်...အဖေနဲ့ အစ်ကိုကြီးက ပိုက်ဆံချေးဖို့ လာတောင်းရင် ကိုယ်တို့က ချေးပေးလိုက်မယ်...ကိုယ်တို့ဘက်က အရင်သွားပို့စရာ မလိုဘူး"
လင်းလန် သူမနှင့် အကြံတူသည်ဟု တွေးကာ တိတ်တိတ်လေး ပျော်ရွှင်နေခဲ့သည်။
ချေးလိုက်လျှင် အစ်ကိုတွေက မျှယူပြီး နောက်မှ ပြန်ဆပ်ပေလိမ့်မည်။
မချေးနဲ့၊ အလကား မပေးနဲ့။
ဤသည်က သူတို့ကို မိသားစုကို ခွဲထွက်ရန် တွန်းအားပေးရာလည်းကျသည်။ သူမမိသားစု၏ အကျိုးကျေးဇူးတွေကို ခံစားချင်ပါက သူတို့မိသားစုကို ခွဲသင့်ပြီး သူတို့ကို ညီအစ်ကိုတတွေ အလှည့်ကျဂရုစိုက်ပေးလိမ့်မည်။
လက်ရှိမှာ သူမ၏ မိသားစုက ညီအစ်ကို မောင်နှမ အများအပြားကို ထောက်ပံ့ရန် တာဝန်မရှိပေ။
ဟန်ချင်စုန့်၏ စိတ်ဓာတ်ကျနေမှုက ယခုမှ ပျောက်ကွယ်သွားပုံရသည်ဟု သူမ ခံစားမိသည်။
လင်းလန်က သူ့ကို ကလေးတွေနှင့် စကားပြောပြီး ခံစားချက်တွေကို ဖလှယ်ရန် အရှေ့ခန်းထဲကို ဆွဲခေါ်သွား၏။
အနှီယောက်ျားများသည် ဇနီးမယားများကို လျစ်လျူရှုရုံမျှမက တင်းကြပ်လွန်းပြီး သားသမီးများကို မကြင်နာတတ်ကြ၊ တစ်ရွာလုံးတွင် တူညီသော အကျင့်စရိုက်ရှိကြသည်။ ယောကျာ်းတွေ စုဆုံဝိုင်းဖွဲ့ကာ မဟုတ်တရုတ် စကားများပြောကြပြီး ဇနီးမယားနှင့် သားသမီးများအပေါ်တွင်မူ များစွာ စိတ်မရှည်ကြပေ။
ကလေးငယ်များက ဆောင်းဦးပေါက်ပွဲတော်နှင့်ပတ်သက်သည့် ပုံပြင်များနှင့် ဝင်ကဝုတ်အချို့ကို လွှင့်သည့် ရေဒီယိုကို နားထောင်ကြသည်။
လင်းလန်က မိုင်စွေ့ကို တစ်ချက်ကြည့်ပြီး အနောက်ခန်းကို သွားဆေးကြော ခိုင်းလိုက်၏။
ရာသီဥတုအေးပြီးနောက် လင်းလန်
မိုင်စွေ့ကို ခန္ဓာကိုယ်ဆေးကြောရန်၊ အတွင်းခံ လဲရန်နှင့် ခြေထောက်ကို နေ့တိုင်းရေစိမ်ရန် သင်ကြားပေးခဲ့သည်။
လင်းလန်က တခြားကလေးတစ်ယောက်၏ ချွေးထွက်နေသော ခြေထောက်တွေကို အနံ့ခံလိုက်ရင်း "ဘယ်သူ ခြေမဆေးတာလဲ...နံနေတာပဲ... ဝက်ခြေထောက်တွေဖြစ်တော့မယ်"
ကောင်လေးတွေက ရယ်မောနေကြပြီး အားဝမ်က စန်းဝမ်ကို ချက်ချင်း တွန်းလိုက်ကာ
"သွား ရေဆေးလိုက်...ခြေမဆေးတဲ့သူကမင်း”
စန်းဝမ်က နှုတ်ခမ်းစူပြီး “အဲ့ဒါက အစ်ကိုကြီး...ကျွန်တော် မဟုတ်ဘူးလို့”
တဝမ်က ချက်ချင်း သူ့(စန်းဝမ်) မျက်လုံးရှေ့မှာ သူ့ခြေဖဝါးကို ထိုးလိုက်ပြီး “အနံ့ခံကြည့် ...အနံ့ခံကြည့်စမ်း... ငါ မြစ်ထဲမှာ ဆေးထားတာ ”
နောက်ဆုံးတွင် စန်းဝမ်၏ခြေထောက်တွေက အနံ့ထွက်နေသည်ဖြစ်ရာ သူ့ကို ခြေထောက် အတင်းဆေးခိုင်းလိုက်ရ၏။
ကလေးတွေ ပြန်ရောက်သည့်အခါ လင်းလန် က "ဆောင်းဦးပေါက် ပွဲတော်နဲ့ပတ်သက်တဲ့ ကဗျာတွေကို ဘယ်ဟာတွေ အလွတ်ဆိုနိုင်လဲ... ဆရာက သင်ထားလား"
ဟန်ချင်းဖျင်၏ သင်ကြားရေးတွေက အလွန်စိတ်ဝင်စားစရာကောင်းသည်။ သူက စာမေးပွဲအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ စာတတ်ရန် ရည်ရွယ်ခြင်းဖြစ်၏။ တကယ်ကို လက်တွေ့ဆန်လေသည်။
ယနေ့ ဆောင်းဦးပေါက်ပွဲတော်တွင် စာရေးခြင်းနှင့် စာဖတ်ခြင်းအပြင် ဆောင်းဦးပေါက်ပွဲတော်နှင့်ပတ်သက်သည့် ကဗျာရွတ်ဆိုခြင်းများလည်း ရှိရမည်ဖြစ်သည်။
ကလေးအချို့ ခဏတာမျှ မမှတ်မိနိုင်ဖြစ်သွားကြ၏။ မည်သို့ပင်ဖြစ်စေ သူတို့ အခုလေးတင် စိတ်အေးလက်အေး ဖြစ်နေကြပြီး မုန့်စားနေကြသည်ပင်။ ရုတ်တရက်ကြီး အစစ်ဆေးခံရပြီး အလွတ်ဆိုရမည်ဟု မထင်ထားမိကြပေ။ လင်းလန်က သူတို့ကို သတိပေးလိုက်သည်။
"လပြည့်နေ့ အခါဝယ် ဆောင်းဦးပေါက်ပွဲတော်ကွယ် ...လတစ်စင်းတည်းရှိရင်တောင် လှပလေတယ်...ဆောင်ဦးပေါက်ပွဲတော်ရောက်ရှိလေအခါ
တောင်ပနေ အစဥ်အမြဲပါ"
သူမက ပြုံးကာ ချက်ခြင်းပဲ သူမကိုယ်သူမ ရှင်းလင်းချက်ထည့်ပေးလေသည်။
"မားမားက အိမ်မှာ ရေဒီယိုကို နေ့တိုင်း နားထောင်တယ်...ဒါကို အများကြီး နားထောင်ဖူးတယ်လေ"
တဝမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "ရေဒီယိုက ကဗျာရွတ်နေတုန်းပဲလား"
လင်းလန်: "တစ်ခါတစ်လေပေါ့ ”
နားမထောင်ဖူးဘူးလို့တော့ မပြောနဲ့နော်...
အမှန်တွင် ယခုအချိန်၌ ယဉ်ကျေးမှုတော်လှန်ရေး ၊ ပညာရေး ပြုပြင်ပြောင်းလဲမှု၊ သက်ကြီး လေးပါး ပျက်စီးရေး နှင့် ပဒေသရာဇ်စနစ် ပပျောက်ရေးတို့က ရှေးကဗျာနှင့် စကားပြေ အားလုံးကို ပဒေသရာဇ်ခတ် လက်ကျန်တွေဟု တင်းတင်းကျပ်ကျပ် ခွဲခြားသတ်မှတ်ထားပြီး နေရာအများအပြားမှာ အခြေခံအားဖြင့် ၎င်းတို့ကို မလေ့လာကြပေ။
သို့ရာတွင် နေရာသေးသေး လေးတွေက သိပ်မတင်းကျပ်လေရာ ဆရာက သင်ပေးနေဆဲပင်။ထန်ကဗျာ နှင့် စုန့်စီကို လေ့လာဖူးသူများ သည် ဘာသာစကား နှင့် အနုပညာ စိတ်ကူးစိတ်သန်းများ၏ အလှအပကြောင့် လွှမ်းမိုးမှုကို ခံရကြပြီး မကြာခဏ ကျောင်းသားများ ကို မိမိစိတ်သဘောအရ အလိုအလျောက် ရွတ်ဆို သင်ကြား ယချင်ကြသည်။
(T/N–စုန့်စီ=တောင်ပိုင်းစုန့်မင်းဆက်၏ တရုတ်သမားတော်၊တရားသူကြီး၊ မှုခင်းဆေးပညာဆိုင်ရာ သိပ္ပံပညာရှင်၊မနုဿဗေဒပညာရှင်နှင့် စာရေးဆရာ )
Xxxxxx