အပိုင်း ၁၉၅-၁၉၆
Viewers 23k

Part 195


လင်းလန် သူမက နည်းနည်းသာပြောပြီး  သူတိုပြောသည့်စကားများကိုပဲ နားထောင်နေရကြောင်းတွေ့ရှိသွားကာ  သူတို့ ပြောသည့်အရာများကိုလည်း သူမ မသိဟု  ပြော၍ရပေသည်။ 


ထိုအချိန်တွင် ဟန်ချင်စုန့်က ပါးစပ်ဟလာပြီး စကားလုံးအနည်းငယ်ကို ရေရွတ်လေ၏။


 "လက တိမ်ထူပြီး ကြည်လင်နေဆဲ... လူတွေမှာ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ ရှိကြမြဲ... ရှေးယခင်ကတည်းက အဆုံးသတ်ဖို့ရာခက်လှတယ်... ထောင်ပေါင်းများစွာသော ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို ဝေမျှမယ်"


လင်းလန် : "ကောင်းပြီ... မင်းတို့အဖေကို ကြည့်စမ်း... ဘယ်လောက် အံ့သြစရာကောင်းလိုက်သလဲလို့"


ဟေး...ဘာဖြစ်လို့ အဲ့လောက်အချိန်အခါနဲ့ အရမ်းသင့်တော်နေရတာလဲ...


ထိုသို့ပြောသည့်အခါ အားဝမ်က ဟန်ချင်းဖျင် သင်ပေးထားသော ကဗျာတွေအကြောင်း တစ်ခုပြီးတစ်ခု စတင်တွေးတောလိုက်၏။


ရှောင်ဝမ်က သူ့နေရာတွင်သူ ပုလွေကို  ကလိနေပြီး ခဏအကြာတွင်  စတင်မှုတ်လေသည်။ဘယ်သူကမှ သူ့ကို သင်မထားဘဲ ရမ်းသန်းတီးမှုတ်နေခြင်းဖြစ်သော်လည်း ယင်းက နားမစူးဘဲ သာယာနာပျော်ဖွယ်ကောင်းနေ၏။


 သေချာသည်ပင်၊ သူရှစ်ကြောင်းရေးစပ်နည်းကို မသိသဖြင့်  လေးကြောင်းသို့မဟုတ် သုံးကြောင်းကို ကျွမ်းကျင်စွာ  အပြန်ပြန်အလှန်လှန် ပေါင်းစပ်ထားခြင်းဖြစ်သည်။


လင်းလန်က မြှောက်လိုက်၏။  

"သားက မားမားတို့မိသားစုရဲ့ ဂီတပညာရှင်ပဲ"


စန်းဝမ်က ချက်ချင်း  "ကျွန်တော်က ဖူရွှေ မိသားစုက" 

(T/N–ဖူရွှေက မြစ်နာမည်ပါ)


အားလုံးက ရယ်မောကြပြီး  ဤတစ်ကြိမ်၌ မိုင်စွေ့ကပါ  သူ့ကို ဝင်ရယ်ကာ  "ဖူရွှေမှာ အိမ်ရှိသေးတာလား... မရှက်ပါနဲ့ ... နင် အိမ်ပြန်စားလို့ ရတယ်ထင်တယ်"


 စန်းဝမ်က တဝမ်ကို လက်ညှိုးထိုးပြပြီး

 "အစ်ကိုက ဖိုက်တာကြီး "


တဝမ်၏ မျက်နှာက  တခဏတွင်းချင်း  မည်းမှောင်သွားပြီး သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ရာ စန်းဝမ်က တဟီးဟီးလုပ်လိုက်သည်။


စန်းဝမ်က အားဝမ် ကို ထပ်မံညွှန်ပြပြီး

 "ဒုတိယအစ်ကိုက ကပ်စေးနည်း..."

 

ထို့နောက် မိုင်စွေ့ကို လက်ညှိုးထိုးပြပြီး

"နင်က ခင်ကြီးကျယ်"


ကလေးများစွာက  သူ့ကိုလိုက်ရိုက်ကြကုန်၏။


စန်းဝမ်က  လင်းလန်၏ရင်ခွင်ထဲတွင် ပုန်းနေပြီး "အဖေက သူခိုး..."


လင်းလန် : " အတော်မွှေတဲ့ကောင်လေး..."


သူမက စန်းဝမ်ကို အနွေးကုတင်ပေါ် ဖိကာ ကလိထိုးပြီး "မင်းကတော့ ဗီလိန်လေး ထင်တယ်နော် " 


အားဝမ်နှင့် မိုင်စွေ့ကပါ သူ့ကို လာဝိုင်းကလိထိုးကြသည်။


 စန်းဝမ် ရယ်ရလွန်း၍ အသက်မရှူနိုင်ဖြစ်နေပြီး  ပုစွန်ထုပ်လေး တစ်ကောင်လို ကွေး၍ ပုန်းအောင်းနေကာ  တကိုယ်လုံး သိမ့်သိမ့်တုန်အောင်  ရယ်မောရင်း အားတွေ ကုန်သွား၏။


တဝမ်က ရုတ်တရက် စကားတစ်ခွန်းကို ထပြောလိုက်သည်။


 "  ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ကာဖြင့် ဟွမ်ရှာ...  တိုက်ပွဲတစ်ရာတိုက်ခဲ့...လို့လန် မပျက်မချင်း သူမပြန်ဘူးတဲ့"

 (T/N–ဟွမ်ရှာကလူ၊ လို့လန်က တိုင်းပြည် XD)

 


လူတိုင်း ခဏမျှ အံ့အားသင့်သွားပြီး အားဝမ်က   ရယ်မောလိုက်၏။ 

"အစ်ကိုက အရမ်းစွမ်းအားကြီးတာပဲ ...ဒါက ဘယ်တစ်ခုလဲ"


လနှင့် ဘာမှမဆိုင်သော်လည်း ဘာတစ်ခုမှ  မလေ့လာဖူးသည့် တဝမ်က ကဗျာတစ်ပုဒ် ဆိုပြနိုင်သည်မှာ အတော် အံ့သြစရာကောင်းလေသည်။


တဝမ်က မသိစိတ်ဖြင့် မေးစေ့ကို ပင့်ချီလိုက်ပြီး "ငါလည်းမသိဘူး"


"ဟားဟား..."


 တစ်ခန်းလုံး ရယ်သံက အိမ်သစ်မှာ ပဲ့တင်ထပ်နေ၏။ သူ့ဇနီးနှင့် သားသမီးတွေ အင်မတန် ပျော်ရွှင်နေကြသည်ကို မြင်ရသည့်အခါ ဟန်ချင်စုန့်၏  နှလုံးသားသည် တဖြည်းဖြည်းမျှောလွင့်လာပြီး ကောင်းကင်မှာ  ထိန်းလင်းနေသော လကဲ့သို့ ပေါ့ပါးနေသည်။


ထိုအချိန်တွင် ဟန်ကျင်းယုက အိမ်သို့ ပြေးသွားကာ ယောက်ယက်ခတ်အောင် ခုန်ပေါက်နေလေသည်။


 စားစရာပန်းကန်လုံးတစ်လုံးသည် ဟန်မိသားစုဟောင်းကို  ဆောင်းဦးပေါက်ပွဲတော်  ကောင်းကောင်းမကျင်းပနိုင်အောင်ဖြစ်စေခဲ့၏။  အိမ်ထဲသို့မဝင်မီ သူတို့ အချိန်အတော်ကြာအောင် ရိုက်နှက်၊ဆူပူ၊ ငိုကြွေးကာ အော်ဟစ်ကြသည်။


အဖွားကြီးဟန်က ရုတ်တရက် စိတ်အားထက်သန်လာပြီး အနွေးကုတင်စွန်းကို ပုတ်ကာ ဆူပူကြိမ်းမောင်းလိုက်၏။


 "အဲ့ဒီမြေခွေးမက ရည်ရွက်ချက်ရှိရှိလုပ်ခဲ့တာ...ဒီဝမ်းတွင်းမည်းကောင်မက  ဟင်းသီးဟင်းရွက်တစ်ပန်းကန်ကို တမင်တကာ စိတ်ဝမ်းကွဲအောင် ပေးလိုက်တာ..ငါနားလည်တယ် ဒီမကောင်းတဲ့ကောင်မကတော့... နောက်နောင် သူနဲ့အဆက်အဆံမလုပ်နဲ့ ..  ဒီခြံထဲက လူတွေ သူနဲ့ထပ်ပြီး စကားပြောတာတွေ့ရင် အိမ်ကနေနှင်ထုတ်မယ်..."


  ဆူပူကြိမ်းမောင်းပြီးနောက် သူမအမုန်းတရားကို မစွန့်လွှတ်နိုင်သေးသဖြင့် ပြောလိုက်သည်။


"မိသားစုခွဲတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ငါ တနေကုန် တွေးပြီးပြီ... ငါ ပြေးသွားပြီး ချိုချိုငန်ငန်စားတော့ရောဘာဖြစ်လဲ...  မိဘနဲ့ညီမကို ငတ်သေအောင် ပစ်ထားတာထက် ပိုမကောင်းဘူးလား”


မိသားစုခွဲလိုက်သည့်အတွက် သူမက ဘိုးဘေး ဖြစ်သွားလေပြီ။  မိသားစုခွဲလိုက်ပါက သူမလို အဘွားကြီးကို  မည်သူက မိဘလို ဆက်ဆံပါမည်နည်း။ 


 အဖွားကြီးဟန်  သူမမသေမချင်း မိသားစုက ဘယ်တော့မှ ခွဲ၍မဖြစ်မှန်း နားလည်လေသည်။  မိသားစုခွဲရင်  အထိခိုက်ဆုံးသူက သူမပဲ...


ပထမချွေးမဟန်   ကလေး အိပ်ပျော်အောင် စောင့်ပြီးနောက် အစ်ကိုကြီးဟန်ကို တိုးတိုးလေးပြောလိုက်၏။

"အမြဲဒီလိုပဲ...မိသားစုခွဲမဲ့အကြောင်း ရှင်ဘာလို့မပြောတာလဲ"


"ဘယ်လိုလုပ်ခွဲမှာလဲ...ငါက မိဘတွေကိုဂရုစိုက်ရဦးမယ်လေ"


"ဘာလို့ ဂရုစိုက်လို့မရရမှာလဲ...ရှင်ပြန်ပြီးတစ်လှည့်ကြည့်ပေးလို့ရတဲ့ဟာကို"


 အနည်းဆုံး  ဒုတိယမိသားစု၊ သူမ​ယောက်မတို့ အတူတူ အိမ်ခေါင်မိုးတစ်ခုတည်းအောက်မှာနေစရာမလိုတော့ပေ။ဤလူတွေနှင် တစ်မိုးတည်းအောက်မှာ နေရသည်က  အသက်ရှူကျပ်လှသည်။    

 

အရင်တုန်းက အားလုံးအတူတူခံစားခဲ့ကြရပြီး သူမသိပ်မခံစားခဲ့ရသော်လည်း  ယခုတွင်  လင်းလန်က ခွဲထွက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ အိမ်ကြီးတစ်လုံးဆောက်၍ ကောင်းမွန်သည့်ဘဝမှာ နေထိုင်လျက်ရှိသည်ကို တွေ့သည့်အခါ သူမ အတော်ကို​ စိတ်မသက်မသာ ခံစားခဲ့ရ၏။ တတိယမတ်လေး မိန်းမကို ချစ်သည်ကလည်းတရွာလုံးမှာ နာမည်ကြီးနေသည်။ ထိုအမျိုးသမီးများပြောသည့်စကားကို နားထောင် ကြည့်ပါက သူတို့က ဂေါ်ဖီချဥ်များကဲ့သို့ သေအောင်မနာလိုဖြစ်နေကြ၏။


ပွင့်ပွင့်လင်းလင်း ပြောရပါလျှင်   ယောက်ျားတစ်ယောက်၏ ချစ်ခြင်းကို ခံနေရသည်အတွက် လင်းလန်ကို မနာလိုမဖြစ်ဘူးလားဆိုရန်အတွက်မူ...

 

တတိယမတ်လေးက အရည်အချင်းရှိပြီး ငွေရှာနိုင်ကာ ကေဒါတစ်ဦးလည်းဖြစ်နေသေးသည်။ အခြားအမျိုးသမီးများက သူတို့​ယောကျာ်းများကို ဖအေလိုမျိုး အလုပ်အကျွေးပြုစု နေရချိန်မှာ  အဘယ်ကြောင့် လင်းလန်က သူကို အိမ်မှုကိစ္စများ လုပ်ခိုင်းချင်နေရပါသနည်း။


လင်းလန်က ကံကောင်း၏။   သူများတွေ လိုချင်တပ်မက်နေကြသည့် ယောကျ်ားကောင်းကိုရထားလေသည်။  အချုပ်အလုပ်၊လယ်ကွင်းထဲသွား၊ ပန်းကန်ဆေး ၊ ကြမ်းတိုက် ၊ ဟင်းရွက်ဆေး ၊ အချက်အပြုတ် သူမလုပ်နိုင်သည့်ဟာ တစ်ခုမှမရှိပေ။ 


 သူက သူမကို မျက်နှာသာပေးရန်ပြောသည့်အခါ သူမကမျက်နှာသာပေးမည်ဖြစ်သော်လည်း သူက သူမကို ကြည်ကြည်ဖြူဖြူ လိုက်လျောပေးနေ၏။


ဘယ်သူက ကြည့်ပြီး အမြင်မကတ်ဘဲနေပါမည်နည်း။


 ယောက်မတစ်ယောက်အနေဖြင့် သူမ မနာလိုမဖြစ်သော်လည်း သေချာပေါက် အားကျမိလေသည်။  အထူးသဖြင့် သူမမိသားစုရှိ ဤယောက်ျားနှင့် နှိုင်းယှဉ်ပါက  သေလုအောင်အားကျမိ၏။


 အစ်ကိုကြီးဟန်...“အခု စတုတ္ထညီက ရှေ့မှာ မရှိဘူး... တတိယညီက ခွဲထွက်သွားတယ်...ငါက အကြီးဆုံးမို့လို့ မိဘတွေကို လျစ်လျူမရှုနိုင်ဘူး... မိသားစုခွဲထွက်သွားရင်တောင်မှ ငါတို့ ခွဲလို့မရဘူး"


Xxxxx

Part 196


ပထမချွေးမဟန် စိတ်တိုလွန်း၍  မျက်နှာကိုအုပ်ကာ သူမကိုယ်သူမ စောင်ထဲတွင် နှစ်ပြီး တိတ်တိတ်လေး  ငိုနေသော်လည်း ကလေးနှိုးမည်ကို ကြောက်သောကြောင့် အသံကျယ်ကျယ် မငိုရဲပေ။


    

အစ်ကိုကြီးဟန် သူမကိုယခုလိုမြင်ရသောအခါ အနည်းငယ်စိတ်မကောင်းဖြစ်ပြီး ချော့ချင်သော်လည်း  ဘာပြန်ပြောရမှန်းမသိသဖြင့်  နောက်ဆုံးမှာ

 “မင်းအမေက   ဗဟုသုတနည်းတယ်... ငါက အကြီးဆုံးသားဆိုတော့ ငါ့မှာသူ့ကို သည်းခံဖို့တာဝန်ရှိတယ်"


 ပထမချွေးမဟန်က ဒေါသကြောင့် သတိလစ်လုမတတ်ဖြစ်သွားလေူည်။ 


  သူမ သူမနည်းသူမဟန်ကို တွေးရမည်၊ ယောက်ျားများက  စိတ်မချရသည်မှာ အသေချာပင်။


 ... ...


လင်းလန်အတွက်မူ ကလေးတွေက လမုန့်နှင့်ပန်းသီးတွေကို စားကြကာ အားဝမ်နှင့်ရှောင်ဝမ် တို့က ကုန်အောင် မစားဘဲ မနက်ဖြန်အတွက် သိမ်းထားလိုက်ကြပြီး မိုင်စွေ့တို့က အနွေးကုတင် ဆီကို သူတို့ဘာသာသူတို့ ယူသွားကြသည်။


 ယခု သူမ မြောက်အနွေးကုတင်ပေါ်မှာ တစ်ယောက်တည်း အိပ်နေရသည့်အခါ  အခန်းထဲတွင် တစ်ယောက်တည်း နေရမည်ကို မိုင်စွေ့  မကြောက်ပါချေ။  သူမ ဘယ်လောက်ပျော်နေလဲဆိုသည်ကို ပြောစရာပင်မလိုချေ။


ရှောင်ဝမ်က အိပ်ငိုက်နေပြီး အတူအိပ်ရန် အမေဖြစ်သူကို   ရှာချင်နေ၏။


 ဟန်ချင်စုန့် : "မမလား ဒုတိယအစ်ကိုလား တစ်ခုရွေး"


ရှောင်ဝမ်က  ယင်းကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးမှာ နှုတ်ခမ်းလေးစုဝိုင်းလျက် 

"မားမား~~"


 လင်းလန်၏နှလုံးသားက ရုတ်ချည်း အရည်ပျော်သွားပြီး သူ့ကို လက်လှမ်း၍ ပွေ့ဖက်မည်ပြုသည်တွင်   လက်ကြီးတစ်ဖက်က သူမ၏ခါးကို အနောက်ကနေ ဆွဲထားလေသည်။


လင်းလန်က ရှောင်ဝမ်၏ ခေါင်းထိပ်ကို ထိလိုက်ပြီး "ရှောင်ဝမ်  သားမမနဲ့အိပ်လိုက်နော်... သားတို့ သုံးခါလောက် အတူတူအိပ်ဖူးတယ်လေ "


 မိုင်စွေ့က ပြုံးပြီး ရှောင်ဝမ်ကို ဖက်ကာ

 " လာ ..မမက နင့်ကို ဖက်ထားပေးမယ် "


ရှောင်ဝမ် မပျော်သော်လည်း သူမငိုရဲပေ။ ဟန်ချင်စုန့်ကို ကြောက်သောကြောင့် မိုင်စွေ့နောက်ကနေ မကျေမနပ်ဖြင့်  လိုက်သွားခဲ့သည်။


  လင်းလန် သက်ပြင်းတစ်ချက်ချကာ “စောစောမီးမှုတ်ပြီး အိပ်တော့ ” ဟု ကလေးတွေကို ပြောလိုက်၏။ 


 ကလေးတွေက ပင်ပန်းသည့်နေ့တစ်နေ့အပြီးမှာ လဲလျောင်းပြီးသည်နှင့်  စက္ကန့်ပိုင်းအတွင်းပင် အိပ်ပျော်သွားတတ်ကြသည်။  အထူးသဖြင့် စန်းဝမ်နှင့် တဝမ်တို့ဖြစ်၏။  သို့သော် ယနေ့က ပွဲတော်ရက်ဖြစ်သဖြင့်  အနည်းငယ်နောက်ကျနိုင်သည်ဟု သူမ ခန့်မှန်းနိုင်သည်။


သူမ ကလေးတွေကို နှုတ်ဆက်ပြီး တံခါးကို ပိတ်လိုက်၏။


သူတို့ ထွက်သွားသည်နှင့် တပြိုင်နက် တဝမ်က  မီးခွက်ကို “ဖူး”ခနဲ မှုတ်ပစ်လိုက်သည်။


မိုင်စွေ့ : "ငါ့အဝတ်မချွတ်ရသေးဘူးလို့"


တဝမ် : "ငါဆိုအမြဲတမ်း ရှက်မနေဘဲ အဝတ် ချွတ်တာ...ဒါပေမဲ့ အခုကမတူဘူးလေ... အဲ့ဒါကြောင့် အချိန်မဖြုန်းမနေနဲ့ "


အားဝမ်: အစ်ကို... မင်း ငါ့ပြောရမဲ့စကားတွေကို လုသွားတယ်


 စန်းဝမ်က အချိန်အတော်ကြာအောင် သူ့ဘာသာသူ အိပ်ခဲ့ရပြီးနောက် အတန်ကြာ အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုကြားတွင် အဖိခံရကာ အခု အနွေးကုတင် ပေါ်တွင် အိပ်ခဲ့ရပြန် သည်။


စောင်ကြီးတစ်ထည်ပဲရှိပြီး  လူသုံးယောက်မှ စောင်တစ်ထည်တည်းခြုံရသည်ကား စိတ်မကောင်းစရာပင်။  အဆုံးတွင် အစ်ကိုဖြစ်သူက သူ့ကို ပွေ့ချီ၍  ၃၆၀ ဒီဂရီ လူးလိမ့်ကာ အိပ်နေခြင်းနှင့် သူများဆီက စောင်လုကာ အခြားသူကို အေးခဲသွားအောင်လုပ်ခြင်းကနေ ကာကွယ်ရန် ကုတင်ခေါင်းရင်းမှာ ဖိထားလိုက်၏။


အားဝမ် အံအားတကြီး အော်လိုက်သည်။

 "ငါ့လမုန့် ဘယ်မှာလဲ... ငါ့လမုန့်ကို ဘယ်သူခိုးသွားတာလဲ..." 

 သူက ပန်းသီးတွေကိုပဲ စားပြီး လမုန့်ကို မစားဘဲ မနက်ဖြန် ကျောင်းမှာ ကြွားရန် သိမ်းထားခြင်းဖြစ်၏။


 စန်းဝမ်က  စကားတစ်ခွန်းမှ မပြောဘဲ ကျယ်လောင်စွာ ဟောက်လိုက်သည်။


တဝမ်က သူ့ကို ခဏလောက် ဟိုစမ်းသည်စမ်းလုပ်ပြီးနောကိ လမုန့်ကို ဆွဲထုတ်ပြီး အားဝမ်ကို ပြန်ပေးလေ၏။


အားဝမ် ကိုက်ပြီးသားလမုန့်ကို ထိလိုက်ကာ သစ်သားသေတ္တာငယ်လေးထဲမှာ အမြန်ဝှက်ထားလိုက်သည်။


ကလေးများ၏ ဆူညံသံကိုကြားသည့်အခါ လင်းလန်က ပြုံးပြီး အနောက်ခန်းဆီသို့ လျှောက်သွားလိုက်၏။


 ဟန်ချင်စုန့်က ခြံထဲသို့သွားကာ ဆေးကြောနေချိန်မှာ သူမက ရေသွားယူခဲ့သည်။


သူက ရေအေးနှင့် ရေချိုးလေ့ရှိပြီး ဆောင်းရာသီမှာပင် ရေကူးလေ့ရှိသဖြင့်  ယခုနေကား ပြေစရာမလိုပါချေ။ 


ဟန်ချင်စုန့်က ​​စစ်တပ်ထဲမှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တတ်သည့် အလေ့အကျင့်ကောင်းတစ်ခုကို မွေးမြူထားခဲ့၏။သူမက ဤသည်ကို အလွန်သဘောကျပေသည် ။ဆောင်းရာသီမှာ သုံးလေးလလောက် ရေမချိုးလေ့ရှိသော ရွာက တခြားအမျိုးသားတွေနှင့် မတူသည်ဖြစ်ရာ သူမ အနှီကဲ့သို့အိမ်ထောင်သည်ဘဝကို မလိုချင်လျှင် ထူးဆန်းပေလိမ့်မည်။


 သူပြန်ရောက်သောအခါ လင်းလန်က ရေချိုးပြီး ၊အနွေးကုတင်ပေါ်တွင်  စောင်ကို ခင်းထားပြီးသား ဖြစ်၏။


    မွေ့ရာတစ်ခု၊ ခေါင်းအုံးနှစ်လုံး၊ စောင်ပြောင် တစ်ထည်ရှိနေပြီး  အခြားအိပ်ရာခင်းတစ်ထည်ကိုမူ ထောင့်စွန်းတွင် တစ်ခုတည်း ခေါက်ထားသည်။


    ခေါင်းအုံးနှစ်လုံး တွဲချထားသည်ကို မြင်လိုက်ရသည့်အခါ  သူမ အနည်းငယ် စိတ်ပျံ့လွင့်သွား၏။


    အရင်ဘဝက သူမ တစ်ခါမှ  မချစ်ခဲ့ဖူးသည် မဟုတ်သော်လည်း ဆန့်ကျင်ဘက်လိင်နှင့်ဤမျှ လေးလေးနက်နက်အိပ်သည်က ယခုပထမဆုံးအကြိမ်ပင်။ 


    တစ်မျိုးကြီးပဲ ... ထူးထူးဆန်းဆန်း ခံစားနေရတယ်...


    တစ်စုံတစ်ယောက်က သူမနှင့် တနေကုန် စောင်ကို မျှဝေရင်း သူမနှင့် စောင်ကိုလု​​​မည် ၊သူမကို ဖျစ်ညှစ်မည်ကို စဉ်းစားကြည့်သည့်အခါ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။


    အထူးသဖြင့် စိတ်ခံစားမှုဆိုင်ရာ ဇာတ်လမ်းများစွာကို ဖတ်ရှုပြီး သူမ၏မိန်းကလေးသူငယ်ချင်းများဆီက   ယောက်ျားများ၏ စိတ်တိုစရာကောင်းမှုအကြောင်းကို ညည်းညူသံပြီးနောက်တွင် သူမ အနည်းငယ် ထိတ်လန့်သွားခဲ့၏။


အချို့သော သူမသူငယ်ချင်းများက အိမ်ထောင်သည်ဘဝ ထဲသို့ ချင်းနင်းဝင်ရောက်နေပြီဖြစ်သည် ။ ဟန်းနီးမွန်းကာလအတွင်းထိကို  မည်သို့ ချစ်ခင်မှုပြရမည်ကိုလည်း သူတိုက သိရှိနေကြဆဲဖြစ်သည်။ကလေးမွေးပြီး အချိန်ကာလတစ်ခုအထိ မိဘယောက္ခမနှင့်နေထိုင်ပြီးနောက်တွင်မူ  ခြွင်းချက်မရှိ ညည်းညူကြသည်။ 


    ညှဉ်းပန်းနှိပ်စက်မှုကို မခံမရပ်နိုင်ဖြစ်ပြီး နောက်ဆုံးတွင် တစ်ကိုယ်တည်းပျော်မွေ့ရန် ထွက်လာဖို့ မစောင့်နိုင်သူများလည်း ရှိပြီး  ထွက်ခွာလာသူများကလည်း သူမ မဝင်ခဲ့သည်ကို ဝမ်းသာကြောင်း၊ ညစ်ပတ်သည့် အဘိုးကြီးနှင့် နေရသည်ထက် ရည်းစားဟောင်းတွေနှင့် အနားယူသည်က အများကြီး ပိုကောင်းကြောင်းဆိုကြ၏။


စိတ်တူကိုယ်တူ ယုံကြည်ရသူတွေချင်း အတူနေထိုင်ပါ၊ တစ်ယောက်၏ အောက်ဆုံးစည်းကိုတစ်ယောက် ၊ တစ်ယောက်အကြိုက်ကိုတစ်ယောက် သိကြပြီး ယောက္ခမမိသားစုနှင့် လင်နှင့်မယားကြားက ဆက်ဆံရေးအတွက် စိတ်ပူစရာမလိုဘဲ ပိုပြီး လိုက်ဖက်ညီစွာ အဆင်ပြေပြေ  ပေါင်းသင်းပါဟု ဆိုကြသည်။


    ထို့အပြင် သူမ၏အမေက ယောက်ျားလေးများကို မိန်းကလေးများထက် မျက်နှာသာပိုပေးပြီး သူမမောင်လေးအပေါ် ကောင်းသော်လည်း သူမယောက်မနှင့်မူ ပဋိပက္ခများစွာရှိနေ၏။


    

Xxxxxxx