အပိုင်း ၁၉၇-၁၉၈
Viewers 23k

Part 197


သူမမောင်လေး ကောင်မလေးကို ပိုးပန်းပြီး ထုံးစံအတိုင်း မိန်းမယူသောအခါ သူ့အမေကို မေ့သွားသော်လည်း  အိမ်ထောင်ကျပြီး သားသမီးတွေ ထွန်းကားလာတာသည်နှင့် အသေးအဖွဲကိစ္စတွေ အများကြီးရှိလာပြီး သူ့မိန်းမအပေါ် သိပ်တွယ်တာပုံမပေါ်ချေ။ သူမယောက်မက သူ့ကို မစာနာသူ၊ *မာပေါင်  စသဖြင့် ပိုပိုပြီး စောဒကတက်လာသည်။ သူက သူ့ကိုယ်သူ ဆန်းစစ်မည့်အစား သူ့မိန်းမက ပိုပို၍ ကျိုးကြောင်းမဆီလျော်လာသည်ဟုသာ ထင်ခဲ့၏။

(T/N—မာပေါင်=မားမားဘွိုင်း)

   

ထို့ကြောင့် သူမမှာ အရိပ်မည်းတွေရှိနေသည်။


 အခု သူမကိုယ်သူမ ယောက်ျားတစ်ယောက်ဆီ ပေးလိုက်ရတော့မှာလား...


ဤခန္ဓာကိုယ်က သူ့ဇနီးပိုင်ခြင်းဖြစ်သော်လည်း သူမမှာ ယခင်ကမှတ်ဉာဏ်တွေရှိနေ၏။ သူတို့အိမ်ထောင်ကျသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ကာ သားသမီးငါးယောက်ရှိသည်။


သို့သော် လင်းလန်အတွက်မူ၊ ဤသည်မှာ အလွန်လေးနက်ပြီး ကြီးကျယ်သော ဖြစ်ရပ် ဖြစ်သည်။


သူ့ကိုလက်ခံလိုက်ခြင်းက သူမကိုယ်သူမ သူ့ထံဖွင့်ဟပြသပြီး သူမ၏အပိုင်တစ်ယောက်အနေဖြင့် ဆက်ဆံလိုက်သည်ဟု ဆိုလိုခြင်းပင်။


  ယခင်ကကဲ့သို့ သူ  တစ်ခုခုမှားလျှင် သူမ ညည်းညူရုံညည်းညူပြီး စိတ်ဆိုးနေမှာမျိုး မဟုတ်တော့ပေ။  မည်သို့ပင်ဖြစ်စေ  သူမအနေဖြင့်  သူ့ကို မချစ်သည့်အတွက် သူမမှာ သူ့အပေါ် တောင်းဆိုမှုတွေ အများကြီး ရှိမနေချေ။


 ယခုမူကား  သူမ သူ့ကို သဘောကျပြီး သူ့ဆီကနေ အဆွဲဆောင်ခံလိုက်ရပြီးပြီဖြစ်ကာ  သူ့အပေါ်မှာ  အထင်အမြင်ကောင်းရှိနေလေပြီ။  သူမ ယခင်ကကဲ့သို့ သူ့အတွက် လိုချင်တပ်မက်မှုနှင့် ဆန္ဒများစွာ မရှိရန်က မဖြစ်နိုင်တော့ပေ။


အထူးသဖြင့် ယနေ့ည သူပြောသည့်စကားကို ကြားပြီးနောက် သူမ သူ့အပေါ်မှာ  ပိုပို လောဘကြီးလာပြီး  ပိုပို၍ မျှော်လင့်လာကြောင်း သူမကိုယ်သူမ  သိလိုက်သည် ။သူ နောင်တစ်ချိန်မှာ  အခြားသူများအတွက် သူမအပေါ် အပြစ်ပြုမိပါက သူမ သည်းမခံနိုင်ဘဲ ကွာရှင်းလိုမည်မှာ  သေချာပေါက်ပင်။


ဒါဆို  သူ့ကို လက်ခံဦးမှာလား...


လက်ရှိအမြင်အရတွင် သူက သူမအကြိုက်ဆုံးပုံစံ ​ဖြစ်ပြီး သူမအနေဖြင့်  သူနှင့် တစ်သက်လုံး အတူတူနေရန် ဆန္ဒရှိနေသည်။


သူမအပြင်းအထန် တွေးတောနေချိန်တွင် ဟန်ချင်စုန့်က အခန်းထဲကို ချမ်းချမ်းနှင့် ဝင်လာခဲ့သည်။ သူ ရေအေးတွေချိုးထားပြီး  အင်္ကျီမပါဘဲ  စစ်ဘောင်းဘီတိုကိုသာ ၀တ်ထားကာ သူ၏ ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်ကို လှစ်ဟပြနေ၏။ သူ၏ ခြေထောက်များက ဖြောင့်စင်းကာ ရှည်လျားပြီး တောင့်တင်းလှပမှုအပြည့်ရှိသော်လည်း ခြေထောက်ပေါ်ရှိ အမွှေးများက အနည်းငယ်ရှည်နေသောကြောင့် သူ့အား အနည်းငယ်အရိုင်းဆန်စေသည်။


 သူမ၏အကြည့်များသည် မသိစိတ်ဖြင့် တနေရာရာသို့ လွင့်မျောသွားကာ ပထမဆုံးအကြည့်တစ်ချက်မှာပင် သူမ အနည်းငယ် အန္တရာယ်ရှိ သလို ခံစားလိုက်ရ၏။


 ရေအေးအေးနဲ့ ချိုးပြီးရင် ကြက်တစ်ကောင်လို ငြိမ်နေရမှာလေ... စစ်မတိုက်ရအခြေအနေမှာရှိနေသင့်တာမဟုတ်ဘူးလား...


 ဘာလို့...ဒီလောက်မာန်ဝင့်နေရတာလဲ


ထိုအချိန်တွင် ဟန်ချင်စုန့်က  သူမကို မော့ကြည့်လာရာ လင်းလန်၏ ဦးနှောက် ချက်ချင်းပင် တုန်လှုပ်သွားသည်။ မိန်းမ(not wife) ...နင်မြင်ရတဲ့ဟာကို  ကျေနပ်နေတာလား...


 သူမ စိတ်ဆင်းရဲနေခြင်းကနေ  ချက်ချင်း ရှက်သွေးဖြာသွားပြီး စောင်အောက်ကို  အမြန်ဝင်လိုက်၏။


 ဟန်ချင်စုန့် သူမကို အံ့ဩစွာကြည့်မိလိုက်သည်။ သူမက မကြာခဏဆိုသလို  ရုတ်တရက်ကြီး သူမဘာသာသူမ ရှက်သွေးဖြာသွားတတ်၏။  ရှက်သွေးဖြာနေချိန်တွင် သူမဘာတွေတွေးနေလဲဆိုသည်ကို သူတကယ်သိချင်သည်။


 သို့ပေမဲ့    သူမဘာတွေတွေးနေလဲ သူ တစ်ခါမှ  မသိခဲ့ပေ။  သူ့ရဲဘော်တွေက အမျိုးသမီးတစ်ယောက်၏ နှလုံးသားဟာ အရှုပ်ထွေးဆုံးသေနတ်ထက် နားလည်ရခက်သည်ဟု အမြဲပြောကြသည်မှာ မဆန်းတော့ပါချေ။


လမုန့်တစ်ခုကို ယူကာ ဖဲ့၍ သူမကို တစ်ခြမ်း လှမ်းပေးပြီး ကျန်တစ်ဝက်ကို သူစားရင်း "လမုန့်  စား" ဟုဆိုလိုက်၏။ 


 လင်းလန်က ပြောလာသည်။ 

"သွားပိုးစားမှာစိုးလို့ သွားတိုက်ပြီးရင် ကျွန်မဘာမှမစားဘူး"


  ဟန်ချင်စုန့်က အကိုက်ကြီးတစ်ကိုက် ကိုက်ပြီးနေပြီဖြစ်ကာ သူမစကားကိုကြားရသောအခါ ရပ်လိုက်ပြီး

 "ကိုယ် စားသင့်သေးလား"


 လင်းလန်က ရယ်မိသွားပြီး 

"စားမှစား အကုန်လုံးစားလိုက်"


ဟန်ချင်စုန့်က သကြားခဲတစ်ဖဲ့ကိုယူကာစားလိုက်ပြီး သူမကိုပါ ယူစားရန် အမူအရာပြလေ၏။


  လင်းလန် ပြောရမည်ဆိုပါက ယခုခေတ်မှ လမုန့်များက အရသာမရှိလှကြောင်းပေ။  အထဲမှာ အစိမ်း၊ အနီ အပိုင်းအစများ၊ သကြားခဲများ၊ ဖရဲစေ့များနှင့် မြေပဲအချို့ပါသော အမျိုးအစားဖြစ်သည်။ ပုံစံနှင့် အရသာနှစ်ခုလုံးမှာ အလွန်မှော်ဆန်၏။ သို့ပေမဲ့ ကလေးတွေက အထဲရှိ သကြားခဲ စားရသည်ကို ကြိုက်ကြသည်။ 


အမှန်တွင်  သူက သူမကို ကလေးတစ်ယောက်လို  ဆက်ဆံနေခြင်းပင်။ လင်းလန်က ပြုံးပြီး လက်ကို ဝှေ့ယမ်းပြကာငြင်းလိုက်၏။ ရယ်စရာကောင်းလွန်းသည်လေ...


ဟန်ချင်စုန့်က သူမကို ငုံ့ကြည့်လိုက်သည်။


သူမကိုယ်တိုင် ချုပ်ထားသော ချည်သားစွပ်ကျယ်ကို ၀တ်ဆင်ထား၍ သူမ၏ ဖြူဖွေးသော အသားအရေကိုပေါ်လွင်စေပြီး မီးမှိန်မှိန်အောက်တွင် ကျောက်စိမ်းကဲသို့ စိုဝင်းတောက်ပနေ၏။ သူမသည် လှပြီးသားဖြစ်၍ အထူးသဖြင့် အလင်းရောင်ထဲတွင်  ပို၍ပင် တောက်ပနေကာ သူမ၏ မျက်လုံးများက လူများကို လွှမ်းမိုးမည့် ရေလှိုင်းများကဲ့သို့ပင်။


 မလုံလောက်နိုင်ဘူး...


 သူမ၏ နှုတ်ခမ်းများက ပွင့်ချပ်များကဲ့သို့ နီရဲနေကာ သူ မသိစိတ်ဖြင့် ပါးစပ်ထဲက သကြားခဲကို  ကိုက်ကာ ကျယ်လောင်စွာ ဝါးလိုက်ပြီးနောက် ပန်းကန်လုံးထဲသို့ လမုန့်ကို ထည့်ပြီး  စားဖို့ရာ ငြင်းဆန်လိုက်သည်။ 


လင်းလန်က သူ့ကိုကြည့်ကာ  

"ရှင့်စားပြီးရင် ပါးစပ်ကို ပလုပ်ပြန်ကျင်းရမယ် "


 ဟန်ချင်စုန့် သူမကို ဆက်တိုက်ကြည့်နေရင်း  ရုတ်တရက် သူမကို အမျိုးသမီးစွပ်ကျယ် ၊ပန်းရောင်ပဝါတို့နှင့် မြင်ချင်လာ၏။ သူ မနေနိုင်ဘဲ  ငုံ့မိုး၍ သူမ နှုတ်ခမ်းများကို နမ်းရှိုက်ကာ သူ့သွားကြားထဲက သကြားခဲကို သူမကိုပါးစပ်ထဲထည့်ပေးလိုက်သည်။


လင်းလန်က သွားတိုက်ပြီး သကြားခဲ စား၍မရကြောင်းပြောချင်၍ ညည်းလိုက်သည်တွင်  သူက ၎င်းကို အခွင့်ကောင်းယူကာ သူမပါးစပ်ကိုဖွင့်လိုက်သည်နှင့် ခံတွင်းအနှံ့ ထိုးဖောက်ဝင်ရောက်လာ၏။


 အချိန်အတော်ကြာအောင် အသားရှောင်ထား၍ သူ ကြမ်းတမ်းနေမည်ကို သူမကြောက်ခဲ့သော်လည်း သူက မုဆိုးကဲ့သို့ စိတ်ရှည်သည်းခံကာ စူးစမ်းရှာဖွေနေသလိုမျိုး သူမ၏ပါးစပ်ထဲမှ ချိုမြိန်သောအရသာကို မြည်းစမ်းနေလေသည်။


    ...


    ...


တဖြည်းဖြည်းနှင့် လရောင်က အခန်းထဲကို တိုးဝင်လက်ဖြာလာပြီး အနွေးကုတင်  ၏တစ်ခြမ်းပေါ်မှာ  တောက်ပစွာ ထွန်းလင်းနေခဲ့၏။


 ဟန်ချင်စုန့်က သူမကို ပွေ့ချီလိုက်ပြီး သူတို့နှစ်ယောက်၏ဦးတည်ရာကို ချိန်ညှိရန် စောင်ကို ဆွဲလိုက်သည်။ 


သူက အရပ်ရှည်လွန်း၍ တောင်​မြောက်အိပ်ဖို့ရာ အနွေးကုတင်က မဆန့်လောက်ဟုတွေးနေခြင်းဖြစ်လောက်မည်ဟု သူမထင်လိုက်၏။ သူမ ရှေ့မှာ တောက်ပသော အလင်းရောင်တစ်ခု ရှိနေသည်ကို တွေ့မှသာ သူက သူမကို ရေကဲ့သို့ အေးချမ်းသော လရောင်အောက်မှာထားရှိလိုက်မှန်း သိသွားတော့သည်။


  

Xxxxxx

Part 198


သူက သူ့ကိုယ်သူ အားပြု၍ သူမကို ကြည့်လာသည်။ သူ့ကျောပြင်က အလင်းရောင်ကို ဆန့်ကျင်ဘက်ပြုလျက်ရှိနေကာ  သူ့မျက်လုံးများက နက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့၏။


 သို့သော် သူမကမူ လရောင်အောက်တွင် ရှိနေသည်၊ သူမ၏ပါးပြင်များက နီရဲနေပြီး မျက်လုံးများက လရောင်နှင့် ရောနှောနေကာ ရေကဲ့သို့ ကြည်လင်နေ၏။


သူက ခဏမျှ မလှုပ်မယက်ရှိနေပြီး  အနည်းငယ် ငေးမောနေဟန်ပင်။ 


လင်းလန်က လှုပ်လိုက်သော် ယင်းက နောက်တစ်လှမ်းတက်ရန် သူ့ကိုသတိပေးနေသလိုဖြစ်သွားပုံရသည်။  မီးလိုပူပြင်းနေသော နှုတ်ခမ်းသားတွေက သူမ၏ မျက်လုံး၊ နှာခေါင်း၊ ပါးပြင်၊ နှုတ်ခမ်းနှင့် လည်ပင်းတွေကို တောက်လျှောက် ဖိကပ်ရိုက်နှိပ်ကာ အမှတ်အသားစွဲထင်စေ၏။


အချိန်အတော်ကြာအောင် ငြိတွယ်ပြီးနောက် သူစောင်ကို မလိုက်ရာ...


 အပြင်မှ "ဘန်း"ခနဲအသံထွက်ပေါ်လာသည်။ 

 


   

 "ရှောင်ဝမ်...ဘာလုပ်နေတာလဲ..." 


မိုင်စွေ့က သူ့ကိုခေါ်လိုက်၏။


 "သား ...သား မားမား လိုချင်တယ် ဝူးဝူး မားမားလိုချင်တယ်" 


ရှောင်ဝမ်၏ ငိုသံက အပြင်ဘက်မှ ထွက်ပေါ်လာပြီး ၊နောက်အခိုက်အတန့်တွင် သူတို့တံခါးက  တခဏတွင်းချင်း အဖွင့်ခံလိုက်ကာ ဟန်ချင်စုန့် သူ့ကိုယ်သူ နှင့်လင်းလန် ဖုံးရန် စောင်ကို ချက်ချင်း ဆွဲယူလိုက်သည်။ 


ရှောင်ဝမ်က   အပြင်ဘက်ကနေ ပြေးဝင်လာပြီး အနွေးကုတင်ထိပ်တွင်ရပ်ကာ  လမ်းပျောက်နေသော သားရဲငယ်လေးတစ်ကောင်လို တွေတွေလေး  ကြည့်နေသည်။     မျက်မှန်မတပ်ထားသည့်အပြင် လက်ရှိအချိန်၌ မျက်မှန်တပ်ထားလျှင် ပင် ရှင်းရှင်းလင်းလင်း  မမြင်နိုင်သောကြောင့် သူ လက်လှမ်း၍သာ ဟိုစမ်းသည်စမ်းလိုက်ထိ၏။ 

 

ခုတင်ပေါ်က နှစ်ယောက်က ထပ်လျက်ရှိနေဆဲဖြစ်ပြီး  လင်းလန်က သူ့ကို တွန်းကာ ဆင်းရန် အချက်ပြလိုက်သည်။    

 ဟန်ချင်စုန့် အနည်းငယ် မကျေမနပ်ဖြစ်နေသော်လည်း   သူမစကားကို နားထောင်ကာ ဆင်းပေးလိုက်ရသည်။     


လင်းလန် တုန်တုန်ယင်ယင် ဖြစ်နေသည့် ခံစားချက်ဖြင့် ရှောင်ဝမ်၏ ခေါင်းကို လှမ်းကိုင်လိုက်ပြီး "သားသား အိပ်မက်ဆိုး မက်လို့လား..."     


ရှောင်ဝမ်က တန်းပြီး သူ့မျက်နှာကို လင်းလန်၏ လက်ဖဝါးပေါ်သို့ ဖိကပ်ကာ 

"ဝူး~~ သား မားမားကို လိုချင်တယ်... မားမားက သားကို မလိုချင်ဘူး "     


လင်းလန်က ဤသည်ကို အဘယ်သို့ ခံနိုင်ရည်ရှိပါမည်နည်း။ သူမ ထပြီး သူ့ကို ချီမည်ပြုလိုက်သော်လည်း      ဟန်ချင်စုန့်က သူမခါးကို သူ့လက်ကြီးဖြင့်  ဆုပ်ကိုင်ထားသဖြင့် သူမ ခဏမျှ မလှုပ်ရှားနိုင်ဖြစ်သွား၏။ သူမက  သူ့ကို ကန်လိုက်ပြီး “လွှတ်”ဟုတိုးတိုးလေးပြောလိုက်သည်။

 

ဟန်ချင်စုန့်က လက် ဆန့်ကာ ရှောင်ဝမ်ကို မလိုက်၏။ရှောင်ဝမ်က    မကြောက်ဘဲ တခစ်ခစ်ရယ်သည်။     လင်းလန်က အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင်ဖြစ်နေဆဲ ရှောင်ဝမ်ကို ချက်ချင်း သူမ၏ရင်ခွင်ထဲထည့်ပြီး ပြောလိုက်သည်။


 "အိပ်တော့"


သူမသားလေးရှိနေလျှင် ဟန်ချင်စုန့် ဘာမှ လုပ်ရမရသဖြင့် ယနေ့ည စိတ်ချလက်ချ အိပ်၍ရပြီဟု သူမတွေးလိုက်၏။

အိုးး ရက်စ်...


သူမက ရှောင်ဝမ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး ဟန်ချင်စုန့်ကို ကျောပေးထားကာ သေခြင်းတရားမှ ရှောင်ရန် ရွှေတံဆိပ်တော် တစ်ခုကို ပွေ့ဖက်ထားသလို ခံစားလိုက်ရသည်။ 


 ဟန်ချင်စုန့် : "..."


 လက်အကြီးကြီးတစ်ဖက်က  သူမကျောပြင်ထက်တွင် ပြေးလွှားနေ၏။ သူမအသားအရည်က အလွန်ချောမွတ်ပြီး  အထိအတွေ့ကလည်း ကောင်းလွန်း၍ သူ လက်မလွှတ်နိုင်ဖြစ်နေသည်။


ခဏအကြာတွင် အသက်ရှုသံပြင်းပြင်းများပင် ထွက်ပေါ်လာ၏။


 "ရှောင်ဝမ် အိပ်ပျော်သွားပြီ"


လင်းလန်: ... ဒီကလေးကတော့... စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားတယ်... ရှက်စရာကောင်းလိုက်တာ...


အိပ်မက်ဆိုးတစ်ခုမက်ပြီး အိပ်ပျော်ရင်း လမ်းလျှောက်သူတစ်ယောက်လို ပြေးလာခဲ့သော်လည်း  အပြည့်အဝ နိုးမနေခြင်းပဲဖြစ်ရမည်။  ကံကောင်းထောက်မစွာဖြင့် ဟန်ချင်စုန့်က   အကျိုးအပဲ့များ သို့မဟုတ် ထောင့်များမပါရှိဘဲ လမ်းကို သပ်ရပ်စွာ သန့်ရှင်းရေးလုပ်ထားသောကြောင့် ကလေးက မတိုက်မိခဲ့ပေ။


 လင်းလန်က ရှောင်ဝမ်ကို လွှတ်ပေးလိုက်ဖို့ရာ တွန့်ဆုတ်စွာဖြင့်  ပွေ့ဖက်ထားသည်။ ဟန်ချင်စုန့်က    သူ့လက်နှစ်ဖက်ကို ဖြန့်ကာ လက်မောင်းများကို သူ့မခါးတဝိုက်မှာထားလိုက်ပြီး  "သူ့ကိုထည့်လိုက်"


လင်းလန် : " မလိုပါဘူး "


အနွေးကုတင်၏ တခြားတစ်ဖက်တွင် နေရာများများစားစားမရှိသဖြင့် ပြုတ်ကျနိုင်ပြီး မလုံခြုံပေ။

"နောင်မှာ သူ့ကို အဲ့ဒီမှာ အိပ်ခိုင်းလိုက်..." 

ဟန်ချင်စုန့်က ရှောင်ဝမ်ကို ပြန်ပို့ခိုင်းရန် ခေါင်းမာမနေချေ။

 

လင်းလန် : "... "    


နောက်အခိုက်အတန့်တွင် သူမ ပူနွေးသော ပွေ့ဖက်မှုတစ်ခုထဲသို့ ကျရောက်သွားပြီး ကြားကွက်လပ်မရှိ ပူးကပ်သွားတော့၏။   သူ့ခန္ဓာကိုယ်ပေါ်ရှိ အပူရှိန်သည် အံ့ဩစရာကောင်းလောက်အောင် သူမအပေါ်မှာ ကြီးမား ပူပြင်းလွန်းသည့် ကလေးကြီးတစ်ယောက်ဖြင့်  ဖိထားသလို ခံစားရစေသည်။ ပြင်းရှရှအနမ်း များက မိုးရေစက်များကဲ့သို့ တဖွဲဖွဲကျဆင်းလာကာ ပူနွေးသော လက်ဖဝါးများက သူမကို နွေဦး စမ်းရေအိုင်ထဲသို့ကျလုမတတ် ဆုပ်နယ်နေပြီး လရောင်အောက်တွင် ညွှတ်လွယ်ကွန့်လွယ် ပန်းတစ်ပွင့်နှယ် ဖြည်းညှင်းစွာ ပွင့်လန်းလာလေသည်။     

...     ... ...     ...    

 

လင်းလန်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ၏။ ဤတစ်ကြိမ်တွင် သူမ၏ မျက်ခွံများသည် အချိန်ကုန်သည်အထိ အိပ်ပျော်သွားတော့မလိုမျိုး  တစ်စုံတစ်ခုနှင့် ဖုံးလွှမ်းနေပုံရသည်။

 

အိပ်မက်တွေ အများကြီးမက်နေသလို ခံစားရသော်လည်း သူမ ဘာကိုမှ မမှတ်မိပါချေ။ ရီဝေဝေ မျက်လုံးများကိုဖွင့်လိုက်ရာတွင်  ပြတင်းပေါက်ကနေ ဝင်ရောက် တောက်ပနေသော အလင်းတန်းလေးမှလွဲ၍  အခန်းက မှောင်နေဆဲပင်။


မိုးမလင်းသေးဘူးလား...


    

သူမ ဘေးနားကို ရွှေ့လိုက်ရာ စောင်က အေးနေသည်ကို တွေ့လိုက်ရပြီး ဟန်ချင်စုန့်လည်း မရှိတော့ပေ။


သူမ သက်ပြင်းချလိုက်မိးသည်။ နောက်ဆုံးတွင် သူမကိုယ်သူမ   ဆက်ပြီး ညှဉ်းပန်းနေစရာ မလိုတော့ပေ။


လင်းလန် မနေ့ညက ကျေကျေနပ်နပ်ကြီး၊ လွန်ကဲစွာနှင့် အထိန်းအကွပ်မဲ့စွာ စကားတွေ ဗလုံးဗထွေးဆိုခဲ့မိသည့်အတွက် ရှက်မိသည်။ 


နောက်ပိုင်းတွင် သူမ စည်းချက်မီအောင် မလိုက်နိုင်တော့ဘဲ  မကြာမီ ပြီးမြောက်လိမ့်မည်ဟု မျှော်လင့်၍သာ နောက်တစ်နေ့ မြန်မြန်ရောက်ရန် မျှော်ကိုးနေရတော့၏။ ယင်းက အလုပ်သွားသည်ထက် အများကြီး ပိုပင်ပန်းလေရာ သူမ လယ်ကွင်းထဲတွင်သာ အလုပ်သွားလုပ်ချင်မိသည်။


သို့ပေမဲ့ ညတာက အလွန့် အလွန်ကိုရှည်လျားပြီးသူ့တောင်းဆိုချက်တွေကလည်း အဆုံးမရှိသလိုပါပင်... 


ထိုနောက်တွင်ကား အဆုံးမှာ  သူက သူမကို လွှတ်ပေးခဲ့ပြီး  သူမ ဘယ်အချိန် အိပ်ပျော်သွားမှန်းမသိပေ။ သူမ အိပ်ပျော်သွားပြီး ပြန်နိုးလာခြင်းဖြစ်နိုင်၏။ မိုးလင်းခါနီးဖြစ်မည်ထင်...မိန့်မောနေရင်း သူ သူမတစ်ကိုယ်လုံးကို သုတ်ပေးနေသည်ကို ခံစားရပြီး နောက်ဆုံးတွင် နွေးထွေးသောရင်ခွင်တစ်ခုထဲမှာ အထွေးဖက်ခံလိုက်ရပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။


  

Xxxxx