အပိုင်း ၁၉၉-၂၀၀
Viewers 23k

Part 199


ထိုအချိန်တုန်းက  သူမ လမ်းပေါ်တွင် ပစ်ချခံရလျှင်ပင်   နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်သည်ဟု   သူမခံစားရ၏။ သူမ နံနက်ခင်း ကြက်တွန်သံကိုပင် မကြားရပေ။


 "မားမား ...မားမား..." 


သူမနိုးကာရှိသေး နားထဲမှာ ကလေးငိုသံကြားလိုက်ရသည်။


 "မားမား မသေပါနဲ့..."


 လင်းလန် အပြည့်အဝ  နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမကို ထိတ်လန့်တကြား စိုက်ကြည့်နေသည့် ရှောင်ဝမ်ကို  ဘေးနားမှာ တွေ့လိုက်ရ၏။ 


လင်းလန် : ...ဟန်ချင်စုန့် ရှင်သားရဲကောင်ကြီး...

ကလေးတွေ သူမသေတော့မည်ဟု ထင်သည်အထိ သူ သူမကို ဘာကြောင့်များ နှိပ်စက်ခဲ့ရသနည်း။


 သူမ  အနည်းငယ်  အံကြိတ်ထားလိုက်သည်။

ဒါကို နှစ်ကြိမ်လုပ်ရင် သူမ သေချာပေါက် အစိတ်စိတ်အမွှာမွှာဖြစ်သွားလိမ့်မယ်...


 အခန်းခွဲအိပ်ရမယ်... အခန်းခွဲပြီး အိပ်ကိုအိပ်ရမယ်...


လင်လန်နိုးလာသည်ကိုမြင်လျှင်  ရှောင်ဝမ်က သူမကို အံ့အားသင့်စွာကြည့်ကာ ပြောလိုက်သည်။


 "မားမား နိုးပြီလား" 

လင်းလန်ကို ပွေ့ဖက်ရန်တွက် သူ့လက်မောင်းလေးများကို  ဂရုတစိုက် ဆန့်ထုတ်လိုက်ကာ

 "မားမားမား ...မားမား နေမကောင်းဘူး... ကောင်းကောင်း အနားယူနော်... သားမားမားဖို့ စားစရာယူလာပေးမယ်" ”


    ပြောပြီးသည်နှင့် သူက မြေကြီးပေါ် တွားဆင်းကာ လင်းလန်ကို ထမင်းကျွေးရရန် ပင်မအခန်းသို့ ပြေးသွားခဲ့သည်။


    တခြားသူတွေလို သိပ်မသယ်နိုင်သဖြင့် ကြက်ဥစွပ်ပြုတ်တစ်ပန်းကန်၊  ပန်ကိတ်တစ်ပန်းကန်၊  ခရမ်းသီးနှပ်တစ်ပန်းကန်တို့ကို ယူလာခဲ့လေ၏။


 လင်းလန်  : ... ကလေးတစ်ယောက်ကို နှိပ်စက်နေသလို ခံစားရတယ်...အရှက်မဲ့လိုက်တာ...


    သူမက ရှောင်ဝမ်၏ခေါင်းကို လက်နှင့်ထိလိုက်ပြီး 

"ရှောင်ဝမ် ...မားမား နေကောင်းပါတယ်...သားသွားကစားလို့ရပြီ"


ရှောင်ဝမ်က ငြင်းလိုက်ပြီး သူမနားမှာနေရန် အခိုင်အမာဆိုနေသည် ။

"မားမား နေမကောင်းဘူး...သားမဆူ(ညံ)ပါဘူး"


လင်းလန်: "မားမားက နေမကောင်းမဖြစ်ပါဘူး ... ပင်ပန်းနေရုံပါ"


ရှောင်ဝမ်က ခေါင်းညိတ်ပြီး "မားမားက ပင်ပန်းပြီး နေမကောင်းဘူး...ရှောင်ဝမ့်ကို ဂရုစိုက်တယ်... လယ်ကွင်းထဲ အလုပ်သွားလုပ်တယ်... ထမင်းချက်တယ် အိမ်ရွေ့တယ်... ပင်ပန်းပြီး နေမကောင်းဘူး.. ” 


သူကသူ့မျက်နှာလေးကို လင်းလန်၏လက်ဖဝါးထဲထည့်ကာ ပွတ်သပ်လိုက်၏။


    လင်းလန်၏ နှလုံးသား ချက်ချင်း အရည်ပျော်သွားသည်။


    အစားအသောက်တွေ လုံးဝအေးနေသည်ကို သူမ မြင်ရာတွင်  အချိန်ကို စစ်ဆေးရန် နာရီကို အမြန်ကောက်ကိုင်လိုက်သည့်အခါ... 

အိုးဘုရားရေ... ဆယ်နာရီထိုးနေပြီ...


    ကလေးတွေ ထမင်းထချက်သည့်အသံကိုပင် သူမ မကြားခဲ့ပေ။ ဟန်ချင်စုန့်က ပြတင်းပေါက်တွေကို ကောက်ရိုးကန်လန်ကာတွေနှင့်ပင် ဖုံးထားလေရာ မိုးလင်းသည့်တိုင် အလင်းရောင် သိပ်ဝင်မလာခဲ့ချေ။ သူက သူမကို မွန်တည့်ချိန်ထိ အိပ်ခိုင်းထား၏။


    ဤအကြောင်းသာ ပျံ့နှံ့သွားပါက ရွာထဲက အမျိုးသမီးအားလုံး ထပ်ပြောစရာ ရှိလာတော့မှာ ဖြစ်ပြီး သူမ၏မိန်းမပျင်းခေါင်းဆောင်းက ပိုတည်ငြိမ်လာတော့ပေမည်။


    သူမ အဝတ်အစားဝတ်နေစဥ်  တဘက်တစ်ထည်သွားယူရန် ရှောင်ဝမ်  ကို အမြန်တွန်းလိုက်သည်။


 သူမ ခါးနာနေပြီး ခြေသလုံးတွေလည်း နာကျင်နေ၏။ ဟန်ချင်စုန့် သူမကိုနှိပ်စက်ထားသလားဟုပင် သူမတကယ်တွေးမိသည်။ စစ်ရေးလေ့ကျင်ခန်းပြီးနောက် ခြေမချနိုင်သည်ထက်ပင် ပို၍နာကျင်၏။


    ခါးနှင့် ရင်ဘတ်ရှိ ခရမ်းရောင် အမှတ်အသားများကိုမူ သူမ ကြည့်ပင်မကြည့်ဝံ့ပေ။ အားတွေ မည်မျှ သုံးထားမှန်းမသိ...


အကြာကြီး ရေမစီးရခဲ့လို့များလား...


    သူမသည် ဝတ်စုံပြည့် ဝတ်လိုက်ပြီး ၎င်းနောက်  ရှောင်ဝမ်က သူမမျက်နှာကို မျက်နှာသုတ်ပဝါဖြင့် သုတ်ပေးကာ ဆံပင်ကို သစ်သားဖြီးဖြင့် ဖြီးပေးလေသည်။


လင်းလန် : ... ဂရုစိုက်တတ်တဲ့အနွေးဂွမ်းကပ်လေး... ဖက်ထားပြီး မြင့်မြင့်မြှောက်ပစ်လိုက်မယ်...


 

ရှောင်ဝမ်က စကားစကာ ပြန်ရယ်မောလာ၏ သူ၏ နှုတ်ခမ်းထောင့်မှ ရံဖန်ရံခါ လှုပ်ရမ်းသွားခြင်းမှလွဲ၍ သူ့အမူအရာက အနည်းငယ်ထူးဆန်းနေ၏။ သိုပေမဲ့ တစ်ခုခုဖြစ်နေပုံလည်းမရပေ။


 သူက ပျော်ရွင်စွာဆိုလေသည်။ 


  "မားမား နေကောင်းတယ်... သားလည်းမဖျားဘူး...မားမားက အရမ်းမိုက်တယ်~~"


 သူက   လင်းလန် သူ့ကို နမ်းသည့်ပုံစံကို အတုယူကာ လင်းလန်၏ပါးကို နမ်းလိုက်ပြီး ၎င်းနောက်  လင်းလန်၏ ခေါင်းကို ပွတ်ကာ လင်းလန်၏လည်ပင်းကို ပွေ့ဖက်၊ လင်းလန်၏လက်မောင်းကို လှုပ်ယမ်း၍ အနမ်းများ၊ ပွေ့ဖက်မှုများနှင့် မြင့်မားများပြားသော ရင်းနှီးချစ်ခင်မှုအတွဲလိုက်ကြီးကို ပြီးမြောက်စေခဲ့သည်။


    "လိမ္မာလိုက်တဲ့ပေါင်ပေါင်း...

 သွားကစားကြစို့... မားမားတို့ ထပြီးနေ့လည်စာချက်လိုက်ဦးမယ်နော်"


    မြေကြီးပေါ် ဆင်းလိုက်ချိန်တွင်  အချိန်အတော်ကြာ မလှုပ်မရှားနေပြီးနောက် သွေးပူအောင်မလုပ်ဘဲ  မီတာ 100 အခေါက်ရေအနည်းငယ် ပြေးရန် တွန်းပို့ခံထားရသလို သူမ ခံစားရ၏။ သူမခြေထောက်များက ဂရိပ်ဖရုသီးစားပြီး ထွက်ကျသွားသော သွားများကဲ့သို့ဖြစ်နေပြီး သူမခြေထောက်များမဟုတ်သလိုပင်။


    ဟင်းချက်ခြင်း၊ အဝတ်လျှော်ခြင်းနှင့် အိမ်သန့်ရှင်းရေးလုပ်ခြင်းတို့သည် မူလက လွယ်ကူသောအလုပ်များဖြစ်သော်လည်း ယနေ့တွင် လင်းလန် ဘဝက အလွန်ခက်ခဲသည်ဟု ခံစားရသည်။


    သူမ ဟင်းကို အရင်ချက်ပြီး အဝတ်လျှော်ခါနီးမှာ ဟန်ချင်စုန့်က အပြင်ကနေ လှမ်းဝင်လာ၏။


    အလုပ်မဆင်းသေးဘဲ သူဘာလို့ပြန်လာတာလဲ...

 မသိစိတ်ဖြင့် လင်းလန်က ပုန်းရန် နေရာရှာချင်မိ၏။


ဟန်ချင်စုန့်က သူမဘာတွေလုပ်နေလဲဆိုသည်ကို နားမလည်သည့်အတွက် ချက်ခြင်းပဲ ရှေ့ကိုလှမ်းတက်ကာ သူမကို ပွေ့ဖက်လိုက်ပြီး ညင်သာစွာမေးလိုက်သည်။

"နေကောင်းရဲ့လား..."


    မနေ့ည၏အစပိုင်းမှာ သူမ ကြောက်မသွားအောင် သူ့ကိုယ်သူ  ထိန်းချုပ်ချင်ခဲ့သော်လည်း  နောက်ပိုင်းမှာ ထိန်းချုပ်မှု ပျောက်ဆုံးသွားခဲ့သည်။ အလွန်အမင်း စိတ်လွတ်ကိုယ်လွတ်ဖြစ်သွခြင်းအတွက် နောင်တရနေချိန်တွင် သူ ပို၍ ထိန်းမနိုင်သိမ်းမရဖြစ်လို့လာပြီး ရလဒ်အနေဖြင့်  အနည်းငယ် စိတ်ရှုပ်ထွေးနေကာ သူမကို နာကျင်စေမိသလား သူမသိပါချေ။ 


    သူမ သူ့ကို ကြောက်နေပြန်သည်။


    လင်းလန်၏မျက်နှာ ပူလောင်နေ၏။


ရှင့်စကားတွေကို ရပ်ပေးလို့မလား...ဒါက မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိပေးနေတာကြီး မဟုတ်ဘူးလား ...နေ့ခင်းကြောင်တောင်ကြီးမှာ ရှင် သတိထားပေးလို့ရမလား...


    ကံကောင်းထောက်မစွာဖြင့် ရှောင်ဝမ်က ဝမ်ဝမ်ကို  ခေါ်၍ သွားကစားနေပြီး အိမ်တွင် မရှိတော့ပေ။


 သူမ သူပြောသည်စကားကို မသိချင်ယောင်ဆောင်ကာဖြင့်

   "ထမင်းချက်ပြီးအဝတ်တွေလျှော်နေတာ... ​​ဒီအချိန်ကြီး ဘာလို့ပြန်လာတာလဲ" "


  "ကွန်မြူနတီက လူတစ်ယောက်က ကိုယ့်ကို ကိစ္စတစ်ခု လာပြော တယ်..." 


ဟန်ချင်စုန့်က သူမခါးကိုဖက်ပြီး အလျားလိုက် ပွေ့ချီလိုက်ကာ

 "ကိုယ် ကလေးကို မင်းက ပင်ပန်းပြီး ဖျားနေတယ်လို့ပြောထားတယ် ... ​​နှစ်ရက်လောက် အနားယူလေ"


လင်းလန်က အလန့်တကြားပြောလိုက်၏။

 "ကျွန်မကိုမြန်မြန်ချပေး "


ဟန်ချင်စုန့်:  "မင်းက လေးနေတာ မဟုတ်ဘူးလေ"  


လင်းလန် : ကျွန်မရှင့်ကို လေး မလေး  မေးလို့လား...


  xxxxxx

Part 200


  သူက သူမကို အနွေးကုတင် ပေါ်တင်ပြီး သူ့လက်တွေကို ဘေးမှာထောက်ကာ  သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက သူမကို ထိကပ်လုနီးပါး ရှေ့ကို ကိုင်းလိုက်သည်။


    လင်းလန် အလိုလို ကျောကို နောက်ကပ်ထားမိလိုက်၏။  သူ့မျက်လုံးများက နက်ရှိုင်းကာ မှောင်ရိပ်သန်းနေပြီး  အလွန်လေးနက်နေသော်လည်း သေချာကြည့်ပါက ပြင်းပြသော ဆန္ဒများက ၎င်းတို့ထဲတွင် သိသိသာသာ တောက်လောင်နေသည်။


    "ရှင် ရှင်... နေ့ခင်းကြီးမှာနော် သတိလေးဘာလေးထားဦး"


    ကလေးတွေက တခြားသူတွေထက် ပိုမျက်လုံးကစားသဖြင့် ယခုလို ရှက်စရာကောင်းသည့် သူမ အခြေအနေမျိုးမှာ ရှိမနေချင်ပေ။ သူမ  ကလေးတွေကို ရှင်းပြနေရလိမ့်မည်။


    မိဘ စုံတွဲတိုင်းနီးပါးသည် ၎င်းတို့၏ သားသမီးများထံမှ ယင်းနှင့်ပတ်သက်သည့် မေးခွန်းများကို မလွဲမသွေ အမေးခံကြရမည်ဖြစ်ပြီး အရှက်ကွဲမှုအတွက် ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်တစ်ခု ပေးရမည်၊ထိုသို့ မဟုတ်ပါက ရူးသွပ်စရာများ အကြောင်းအရာ အများအပြား ၎င်းတို့၏ စိတ်လေးများထဲတွင် ထွက်ပေါ်လာမည်ဖြစ်သည်။


ဟန်ချင်စုန့်က ရုတ်တရက် ပြုံးလိုက်ပြီး သူ့မနှုတ်ခမ်းထောင့်စွန်းတွေကို နမ်းလိုက်ကာ

 "ကိုယ် မင်းကို မကြည့်ဘဲမနေနိုင်ဘူး"


    လင်းလန် လန့်လွန်း၍  ချက်ချင်း နောက်ပြန်ဆုတ်ကာ သူ့ရင်ဘတ်ကို သူမခြေထောက်ဖြင့် ကန်ပစ်လိုက်၏။ သားရဲ​ကောင်ကြီး...ရှင်ကိုယ်ရှင် လူ့ဘောင်အရသာကို အခုမှစ မြည်းစမ်းဖူးတဲ့ ကလေးတစ်ယောက်လို့ ထင်နေတာလား...


    “မကြောက်နဲ့ ...မကြောက်ပါနဲ့ကွာ...” 


သူက ကန်ကျောက်နေသော ခြေထောက်လေးတွေကို ဖမ်းဆုပ်ကာ သူမ၏ခြေသလုံးသားများကို ချော့မြူ ပွတ်သပ်ပေးလိုက်ရင်း 

“အနားယူလို့ရပြီနော်"


  သူက သူမကို  အဝတ်ကူလျှော်ပေးရန် ခြံဝင်းထဲသွားလိုက်သည်။

 “လက်သမားအလုပ်က သိပ်မရှိဘူး... ကိုယ် လက်သမားဆရာဝမ့်ကို  သစ်ပြန်ယူသွားပြီး လုပ်ခိုင်းလိုက်မယ်”


    လင်းလန်က စိတ်သက်သာရာရစွာဖြင့်  သက်ပြင်းချကာ သူမ လက်သမားဆရာဝမ့်ကို  မတွေ့မိသေးဘူးဟုပါ ပြောလိုက်၏။


    လင်းလန်က ပြတင်းပေါက်ဘောင်ကို မှီကာ သူ ခြံဝင်းထဲတွင် အဝတ်လျှော်ရန် ဆောင့်ကြောင့်ထိုင်နေသည်ကို ကြည့်နေလိုက်သည်။  သူ့ပုံသဏ္ဍာန်က ပုခုံးကျယ်ကျယ် ခါးကျဉ်းကျဉ်းနှင့် အလွန်ဆွဲဆောင်မှုရှိ၏။


  ဤသည်ကိုတွေးရင်း နှလုံးသားထဲမှာ အပူလှိုင်းတစ်ခု တဟုန်းဟုန်းတောက်လာပြီး ရှက်စိတ်အနည်းငယ် ခံစားလိုက်ရကာ  မနေ့ညက ပြင်းထန်သည့် တိုက်ပွဲအကြောင်း အမှတ်တမဲ့ တွေးလိုက်မိချိန်တွင်မူ  လုံးလုံးလျားလျား နာကျင်မိသွားသည်။ သူမလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ထိုသည်က သူမပင်။


  သူမ ရုတ်တရတ် ပြဿနာတစ်ခုကိုတွေးမိလိုက်၏။   မနေ့ညက သန္ဓေတားဆေးမသောက်လိုက်ရဘူးးး...


သူမ    ကိုယ်ဝန်ထပ်မလိုချင်တော့ပေ။ သူမတွင် ကိုယ်ဝန်ဆောင်သည့် အတွေ့အကြုံနှင့်မွေးကင်းစကလေးကို ပြုစူစောင့်ရှောက်သည့် အတွေ့အကြုံလည်းမရှိသလို ယခုလိုဒုက္ခမျိုးကိုရင်ဆိုင်ရနိ စိတ်ပြင်ဆင်ထားခြင်းလည်းမရှိပါချေ။ 


    သို့ပေမဲ ဤကဲ့သို့သော ကိုယ်လုံးကိုယ်ပေါက်မျိုးနှင့် ဆိုပါက သူမ ကိုယ်ဝန်ရှိပြီးလောက်ပြီ မဟုတ်ပါလော။


    သူမ ရာသီလာချိန်ကို လက်ချောင်းများဖြင့် အလျင်အမြန် ရေတွက်လိုက်ရာ ကိုယ်ဝန်မရနိုင်သည့်ကာလဖြစ်နေသဖြင့် စိတ်သက်သာရာရပြီး  သက်ပြင်း မှုတ်ထုတ်လိုက်သည်။


သို့သော် စိတ်မချရပေ။ ဤတစ်ခါ အဆင်ပြေလျှင်ပင်  အနာဂတ်အတွက်ရော မည်သို့လုပ်ရပါမည်နည်း။ သူက ည ၈ နာရီ ၉ နာရီလောက်မှာ အနွေးကုတင်ပေါ်တက်ခဲ့ခြင်းဖြစ်ပြီး  ထိန်းနိုင်မှသာထူးဆန်းနေပေလိမ့်မည်။ 


    ကိုယ်ဝန်မရအောင် တားဆီးရန် နည်းလမ်းရှာနေဆဲပင်။


    မကြာမီ ကလေးတွေ တယောက်ပြီး တယောက် ပြန်လာကြကာ မိုင်စွေ့နှင့်အားဝမ်က အိမ်အရင်ပြန်ရောက်လာပြီး မေးလိုက်သည်။


"မားမား အဆင်ပြေရဲ့လား”


ဟန်ချင်စုန့်က သူတို့ကို  သူတို့အမေက အလုပ်လုပ်ခြင်း၊ အိမ်ဆောက်ခြင်းနှင့် ဤရက်ပိုင်း အိမ် ရွှေ့ခြင်းတို့ကြောင့် ပင်ပန်းနေသဖြင့် သူမအနားကိုမသွားရန်ပြောထား၏။ ဆူညံနေကျ မားမားက တမနက်လုံး တိတ်ဆိတ်​နေခဲ့သည်။


    လင်းလန်က ပြုံးပြီး မြေကြီးပေါ် အမြန်ဆင်းကာ "အများကြီး  ပိုကောင်းနေပါပြီ...မားမားက  ခဏလောက် အိပ်နေရုံပါ"မိုင်စွေ့က သူမကို သံသယနှင့် ကြည့်ကာ သူမလက်ကိုဆွဲ၍ တိုးတိုးလေးပြောလေ၏။


 "မားမား... အဖေက မားမားကို ရိုက်ခဲ့တာလား"


    လင်းလန်:... ! ! !


    "ဘာလို့အဲ့လိုပြောရတာလဲ...ဘယ်သူကအဓိပ္ပာယ်မရှိတာတွေပြောတာလဲ"


မိုင်စွေ့ လင်းလန်ကိုကြည့်လိုက်ရာ လည်ပင်းမှာ ခြစ်မိထားသလိုလို သံသယဖြစ်ဖွယ် အနီရောင်အမှတ်တစ်ခုကို တွေ့လိုက်ရသဖြင့် ချက်ချင်း မျက်မှောင်ကြုတ်ကာ

 "စန်းဝမ်ကပြောတယ်...  အဖေက မားမားကို ရိုက်ထားတာပဲဖြစ်ရမယ်...မဟုတ်ရင် မားမားအရင်တစ်ခါ​ ပင်​ပန်းတုန်းက ဘာလို့ မဖျားတာလဲ...  အခုဖေ​ဖေနဲ့ အိပ်တဲ့အခါမှ ဘာလိုလုပ် ဖျားတာလဲ... အဖေကရိုက်ထားလို့ပဲမဟုတ်ဘူးလားတဲ့ " 

 

လင်းလန် :!


သူမ တကယ်ကို ပိုကောင်းမလာနိုင်ခဲ့တဲ့အပြင် ကလေးအများကြီးမွေးရထားခြင်းကလည်း ပြဿနာတစ်ခုပါပင်။


တခြားလူတွေရော အတူတူပဲလား...


ထိုစုံတွဲများသည် သားသမီးများကို အတူတူ အနွေးကုတင်ပေါ်တွင် အိပ်ခိုင်းကြပြီး အစ်ကိုကြီးဟန် နှင့် အစ်ကိုကြီးဟန်၏ မိသားစုသည်ပင် ကလေးအယောက်စီတိုင်း၏ မွေးဖွားခြင်းကို နှောင့်နှေးခြင်း မရှိဘဲ တစ်ခန်းတည်း တွင် အိပ်ခဲ့ကြသည်။


ဤသည်က  လင်းလန်၏ ကွင်းဆင်း အတွေ့အကြုံမရှိခြင်းကြောင့်ဖြစ်၏။  အခြားအိမ်များတွင် ကြီးသောကလေးများသည် တစ်စုံတစ်ရာကို သေချာပေါက်ကြားရပေလိမ့်မည်။ အသိဥာဏ်ရှိသူများက ရှက်ရွံ့ကာ ဘာမှမသိဟန်ဆောင်ကြပြီး မသိနားမလည်သူများကြားရချိန်တွင်မူ  ဘာဖြစ်နေသည်ကို နားမလည်ကြပေ။ .


    ရှက်ရွံ့ခြင်းမရှိသော၊ စိတ်ပူပန်ခြင်းမရှိသော ယောက်ျားလေးများသာ အပြင်ထုတ်ပြီး သူတို့သိသမျှကို ကြွားပေလိမ့်မည်။ 


    သူမ၏မိသားစုရှိ ကလေးအနည်းငယ်က အခြေခံအားဖြင့် ဤသို့သော အပျော်အပြက်နိုင်ခြင်းမျိုးထဲတွင် တစ်ခါမှ   သွတ်သွင်းမခံရဖူးပါဘဲ သူတို့၏စိတ်ပိုင်းဆိုင်ရာခရီးစဥ်က အခြားကလေးများနှင့်လည်း ကွဲပြားပေသည်။


    သူမအဖေက သူမကို(လင်းလန်)  မရိုက်ကြောင်း မိုင်စွေ့  စိတ်ချရန် ထပ်ခါတလဲလဲ ပြောရုံသာ သူမတတ်နိုင်၏။


    "သမီးအဖေက မားမားကို ကောင်းကောင်းဂရုစိုက်ပါတယ် ရိုက်ရမှန်းတောင်မသိဘူး... သူက တခြားယောက်ျားတွေနဲ့ မတူဘူး... တခြားယောက်ျားတွေက အိမ်မှုကိစ္စမလုပ်ဖူးဘူး...သူကကျ  အိမ်မှုကိစ္စတွေလုပ်ရုံတင်မကဘူး စိတ်ပါလက်ပါလည်းလုပ်တယ်" 


မိုင်စွေ့က ရယ်ကာ

 " မှန်တယ်...သမီးအဖေက အကောင်းဆုံးပဲ"


    


လင်းလန်က ချက်ချင်းဆိုသလို သူမကို သင်ကြားပေးလိုက်သည်။

"သမီး ကြီးလာလို့ လက်တွဲဖော်ရှာတဲ့အခါ တခြားသူတွေကို မနာကျင်စေမဲ့သူ ယောက်ျားပီသတဲ့ သူကို ရှာသင့်တယ်...သမီး မရှာရမှာက....." 


"မားမားးး..."


 မိုင်းစွေ့က  စိတ်ဆိုးနေကာနှုတ်ခမ်းဆူ၍ ပြောလိုက်သည်။


 "သမီးအသက်က ဘယ်လောက်ရှိသေးလို့လဲ ဒါတွေလာပြောနေတာ"


 

xxxxxxx