အပိုင်း ၂၀၁-၂၀၂
Viewers 23k

Part 201


လင်းလန်က ပြုံးကာတွေးလိုက်သည်။

နင်က အရွယ်နဲ့မလိုက်အောင်ထက်မြက်တယ်လေ...


သူမ ဒါတွေမပြောပါက  မူရင်းဇာတ်ကြောင်းမှာ မိုင်စွေ့က ငယ်ငယ်ရွယ်ရွယ်နှင့် ဇာတ်လိုက်မင်းသားနှင့်တွေ့ကာချစ်မိသွားလိမ့်မည်။ ဇာတ်လိုက်မင်းသမီးဆီကနေ ထိုလူကို အလုယူခံလိုက်ရပြီး  နောက်ဆုံးမှာ အမြောက်စာဇာတ်ကောင်ဖြစ်ခဲ့ရ၏။


    "မားမား သမီးကို တကယ် ဘာမှ မပြောဘဲနေရမှာလား...သမီးက ရုပ်ချောပြီး စာတော်တယ်... နောင်ကျရင် တက္ကသိုလ်တက်တော့မှာ...အသုံးမကျတဲ့ လူမိုက်တွေကို ချစ်မိသွားလို့မဖြစ်ဘူးလေ... ယဉ်ကျေးပြီး အဆင့်အတန်းမြင့်တဲ့မိန်းမ ဖြစ်အောင်လုပ်... သမီးကြီးလာတဲ့အခါ   အသိဥာဏ်ရှိရှိနဲ့ လိုချင်တဲ့ ယောက်ျားကို ရွေးနိုင်တယ်"


မိုင်စွေ့က  ရှက်ရွံ့စွာဖြင့် "တော်ပါတော့မားမား... သမီး မားမားအတွက် ထမင်းကူချက်ပေးမယ်"


လင်းလန်က တိုးတိုးပြောပြန်သည်။ "ကောင်မလေး မားမားကိုယုံလား... နောင်တစ်ချိန်မှာ သမီးက  ကောလိပ်ဝင်ခွင့်စာမေးပွဲကို သေချာပေါက်အောင်မှာ"


 မိုင်စွေ့က ရှက်သွေးဖြာသွားကာ

 "မားမား သမီးမားမားစကားကို နားထောင်မှာပါ"


လင်းလန်က စိတ်ထဲမှာ အတော်လေး  ပျော်သွား၏။ 


တခြားကလေးတွေက ဘာကိုမှ သံသယမဝင်တော့ဟု  မိုင်စွေ့က ရှင်းပြသည်။ တကယ်တမ်းတွငိ ဟန်ချင်စုန့်က  ​​သူ့အမေအပေါ် သူတို့ထက် အများကြီး ပိုနူးညံ့ပြီး သေမည်ဆိုလျှင်ပင်  သူတို့အမေပေါ် လက်ချောင်းနှင့်တောင် မထိရဲပါချေ။


နေ့လယ်စာစားပြီးနောက် ကလေးတွေက အရင်ဆုံး ပြေးထွက်ကြပြီး လက်ရှိမှာ ဆရာက သူတို့ကိုပြောင်းဖူး အခွံနွှာရန် ခေါ်သွား၏။ 


လင်းလန်က အားဝမ်နှင့်မိုင်စွေ့တို့ကို သူမလုပ်စရာတစ်ခုခုရှိ၍ ဆိုပြီး ရှောင်ဝမ်ကို ခေါ်သွားခိုင်းလိုက်သည်။ မည်သို့ပင်ဖြစ်စေ  သူတို့အားလုံးက ဆရာ့နောက်ကိုလိုက်ပြီး  အလုပ်လုပ်ကြမှာဖြစ်၏။ ရှောင်ဝမ်က လျှောက်မသွားတတ်သည့်အတွက် ဒုက္ခဖြစ်စေမှာမဟုတ်ပေ။


    ကလေးတွေ ထွက်သွားပြီးနောက် ဟန်ချင်စုန့်က လင်းလန်ကို ဆိုလေသည်။ 

 "ကိုယ်မင်းအတွက်ခွင့်တိုင်ခဲ့တယ်... မင်းအိမ်မှာ အနားယူလို့ရတယ်"


 လင်းလန် : " နေ့လည်ကျရင် ထောက်ပံ့ရေးနဲ့ရောင်းဝယ်ရေး အေဂျင်စီကို ကျွန်မ သွားမယ်"


 ဟန်ချင်စုန့် : " ကိုယ်မင်းကိုလိုက်ပို့မယ်"


    "ဟင့်အင်း မပို့နဲ့... ရှင်ကအလုပ်သွားလေ" 

လင်းလန် သူနှင့် အပြင်မထွက်ချင်၊ မနေ့ညက အတူတူအိပ်ခဲ့ကြောင်းကို တခြားသူတွေမသိပေမဲ့ သူမ အပြစ်ရှိသလိုခံစားရသည်။  ဒီနေ့အတူတူထွက်သွားပါက  တစ်ရွာလုံး ကြောက်လန့်တကြားဖြစ်နေလိမ့်မည်။ သူမစိတ်လှုပ်ရှားနေသည်ကို သူတို့တွေ့ရ့လိမ့်မည်။


ဟန်ချင်စုန့်က သူမကို  လှမ်းဖက်လိုက်၏။


လင်းလန်က အနည်းငယ် ငြင်းဆန်နေပြီးနောက် သူ့ကို ဖက်ခွင့်ပြုထားလိုက်သည်။


 ဟန်ချင်စုန့်က ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို အမှန်တကယ် နှစ်သက်ကြောင်း သူမတွေ့ရှိခဲ့သော်လည်း သူ၏အမူအရာမှာ လေးနက်တည်ကြည်လွန်းနေသည်။  နှလုံးခုန်မြန်နေပေငြား သူ၏အမူအရာက လွန်စွာ ကွဲပြားပုံမရပေ။


 မှန်ပေသည်၊  မျက်လုံးများကမူ များစွာပိုမိုနူးညံ့နေပေလိမ့်မည်။


ဤသည်က လင်းလန်၏ ထင်ယောင်ထင်မှားဖြစ်မှုမဟုတ်ပေ။  မနေ့ညက အထိန်းအကွပ်မဲ့စွာ ကြားကွက်လပ်မရှိ ဆက်သွယ်မှုအပြီးမှာ သူတို့ကြားရှိ သံလိုက်စက်ကွင်းသည် သိသိသာသာ ကို ပြောင်းလဲသွား၏။


သူမအနေဖြင့်  သူ့ရှေ့မှာ  ပို၍ပေါ့ပေါ့ပါးပါးရှိလာကာ သူ့အတွက် ပိုနူးညံ့ပြီး အရသာရှိသော ကလူ၏သို့မြှူ၏သို့ အမူအရာကို သူမ မလုပ်မိဘဲမနေနိုင်ပေ။ သူ့အမူအရာက လေးနက်တည်ကြည်နေလျှင်ပင် သူ့လှုပ်ရှားမှုတွေနှင့် သူ့မျက်လုံးတွေက သူ၏မြတ်နိုးတွယ်တာမှုတွေကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပါချေ။ 

(လင်မယားတွေများနော်)


ဤသည်က ထူးဆန်းသည့် ခံစားချက်တစ်ခုပင်၊ သူတို့က နှစ်ချို့ စုံတွဲတွေဆိုသည်မှာ သိသာလှသော်လည်း  အဘယ့်ကြောင့် ဤသို့ဖြစ်နေရပါသနည်း။


    သူက ခေါင်းငုံ့ကာ သူမကို ထပ်မံနမ်းရှိုက်လာပြီး လင်းလန် အသက်ရှုကြပ်ကာ သူ့ကို တွန်းဖယ်လိုက်သည့်တိုင်အောင် လွှတ်မပေးပေ။ 


    လင်းလန်က သူ့ကို စိတ်တိုတိုဖြင့် ကြည့်ရင်း "သဘောတူညီချက်မှာ အခန်းသုံးခန်း ရှိတယ်... နေ့ခင်းဘက်တွေမှာ ကလေးတွေ မမြင်​စေဖို့အတွက်  ပူးပူကပ်ကပ်မနေရဘူး... ညဘက်မှာ ဆိုရင်တော့ အရမ်းချုပ်တည်းမနေရဘူး"


 သူမ တည်ငြိမ်ယောင်ဆောင်နေသော်လည်း   သူ၏နက်ရှိုင်းသော မျက်လုံးများထဲတွင် စုပ်ယူခြင်းခံလိုက်ရမည် စိုးသဖြင့် သူမ သူ့ကို မကြည့်ဝံ့ချေ။


သူ့မျက်လုံးတွေက ပိုမိုနက်ရှိုင်းလာပြီး နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုဖြစ်တည်သွားကာ

 "မင်းစကားကို နားထောင်မယ်"


 လင်းလန် ပိုသက်တောင့်သက်သာရှိလာသည်။


ဟန်ချင်စုန့်က ခွဲခွာဖို့ရာ တွန့်ဆုတ်နေပုံရပြီး

 "ကိုယ် သွားတော့မယ်"


 လင်းလန်: ... ရှင်နဲ့ကျွန်မ မတွေ့ရတာ နှစ်တွေကြာနေတာလည်းမဟုတ်ဘူး... ကျွန်မက အအေးမီးဖိုကို စောင့်နေတဲ့ ဝမ်ပေါင်ချွမ်းလည်း မဟုတ်ဘူး... တားမြစ် သစ်သီးကို ပထမဆုံးအကြိမ် မြည်းစမ်းဖူးတဲ့ ကလေးလိုမျိုးလုပ်မနေနဲ့...

(T/N–ဝမ်ပေါင်ချွမ်းက သူ့ခင်ပွန်း ရွှယ်ဖျင်ကွေ့ စစ်တိုက်ထွက်ရာကနေပြန်အလာကို အအေးမီးဖိုမှာ 18နှစ်အကြာစောင့်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒိအချိန်မှာ သူ့ခင်ပွန်းက မင်းသမီးနဲ့လက်ထပ်ပြီးဘုရင်ဖြစ်နေပါပြီ။ အများဝေဖန်မှာစိုးတဲ့အတွက်

ရွှယ်ဖျင်ကွေ့က သူ့ဘုရင်ဖြစ်တဲ့အခါမှာ ဝမ်ပေါင်ချွမ်းကို ဘုရင်မနေရာပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဲဒီအချိန်မှာ ဝမ်ပေါင်ချွမ်းက ဆင်းရဲပင်ပန်းမှုဒဏ်ကြောင့် သတ်လတ်ပိုင်းအမျိုးဖြစ်နေပြီဖြစ်တဲ့အတွက်  ဘုရင်ရဲ့စိတ်က ငယ်ရွယ်လှပတဲ့ မင်းသမီးအပေါ်မှာပဲရှိပါတယ်။ နန်းတော်ထဲမှာ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန်နေရပေမဲ့ဝမ်ပေါင်ချွမ်းဟာ 18နှစ်အကြာ အအေးမီးဖိုစောင့်ခဲ့ရတဲ့ဒဏ်တွေကြောင့် ဘုရင်မဖြစ်ပြီး 18ရက်အကြာမှာကွယ်လွန်သွားပါတယ်။ သူမသေတော့ ဘုရင်က စိတ်သက်သာရာရပြီး သက်ပြင်းချပါတယ်တဲ့)


ဟန်ချင်စုန့် ထွက်ခွာသွားသည်နှင့် လင်းလန်က ရှောင်ဝမ်ကို သူမအမေအိမ်မှာ ကစားနေရန် ပြောကာ နာရီဝတ်၊ ပိုက်ဆံယူကာ ကွန်မြူနတီဆီသို့ စက်ဘီးစီးခဲ့သည်။


    သူမ ပထမဦးစွာ ကွန်မြူနတီကျန်းမာရေးဌာနသို့ သွားကာ သားဖွားမီးယပ်ဆိုင်ရာ တာဝန်ခံ အမျိုးသမီးဆရာဝန် ကျိုးလင်လင်နှင့် တွေ့ပြီး သူမ၏အခြေအနေကို ရှင်းပြခဲ့၏။


လိင်ဆက်ဆံစဉ်မှာ နာကျင်တာ၊ ပုံမှန်မဟုတ်သလို ခံစားရတာ၊ တင်ပဆုံရိုး ရောင်ရမ်းတာမျိုး ရှိသလား...


မင်းမှာ ကလေးငါးယောက်ရှိထားသားနဲ့ ဘာလိုွနာကျင်နေရတာလဲ...


သူမ စိတ်ပူနေသဖြင့် ရောဂါ တစ်ခုခုရှိမည်စိုး၍ ဆေးစစ်ရန် အရင်ဆုံး လာခဲ့သည်။


 ဒေါက်တာကျိုးက  ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း ရှိမရှိ၊ အမျိုးသမီးအင်္ဂါတွင် ယားယံခြင်းရှိမရှိ အစရှိသည့် မေးခွန်းအချို့ကို မေးမြန်းခဲ့၏။


လင်းလန်က ခေါင်းယမ်းသည်။ သူမအနေဖြင့်  တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်သည့်အတွက် ထိုသို့မဟုတ်ပေ။


ဒေါက်တာကျိုးက   သူမကို စစ်ဆေးပြီးနောက်မှာ အရာအားလုံးက ပုံမှန်ဖြစ်ကာ သားအိမ်အရွယ်အစားကလည်း ပုံမှန်ဖြစ်ပြီး သားအိမ်ခေါင်းက ချောမွေ့နေပြီး ပွန်းပဲမှုမရှိဟုဆိုလာသည်။


လင်းလန်က သူမ ဘာလို့နာရသလဲဟု မေးလိုက်၏။ 


 ဒေါက်တာကျိုးက   ပြဿနာမရှိဟု မြင်သော်လည်း နာကျင်မှုက ရှိနေဆဲပင်။


Xxxxxx

Part 202


 သူမက   အမျိုးသမီးဖွဲ့စည်းပုံအကြောင်း လင်းလန် ကို စတင်ရှင်းပြခဲ့ပြီး ပညာရပ်ဆိုင်ရာနှင့် လူကြိုက်များသည့်အရာများအကြောင်းပြောကာ နောက်ဆုံးတွင် ပြောလေသည်။


 "ဒီအတိုင်းထားလိုက်ရအောင်လေ... မင်းရဲ့ တင်ပါးဆုံရိုးက အတော်လေးသေးတယ်... မင်းရဲ့အမျိုးသမီးအဂ်ါက တင်းကြပ်နေပြီး မင်းယောက်ျားက ကြီးလွန်းနေတယ်...  ဒီလိုမျိုး ပြဿနာမျိုး ကြုံရတတ်တယ် မဟုတ်လား... ရောဂါဗေဒဆိုင်ရာ ပြဿနာတွေအတွက်တော့ မင်းရဲ့ ခန္ဓာကိုယ် အနေအထားကို အာရုံစိုက်နေဖို့ မလိုဘူး” 


သူမ ပြောပြီးနောက် လင်းလန်ကို ကြည့်ကာ စနောက်လိုဟန်ဖြင့် ရယ်မောလိုက်သည်။


လင်းလန်: ...


သူမက အလျင်အမြန် ခေါင်းစဥ်ပြောင်းလိုက်၏။

 "ဒေါက်တာကျိုး ကိုယ်ဝန်တားဖို့ နည်းလမ်းရှိလား" 


ကျိုးလင်လင်သည် မူလက ကျေးလက်ဒေသရှိ ဆရာဝန်တစ်ဦးဖြစ်သော်လည်း ကျွမ်းကျင်အဖြစ် အဆင့်သတ်မှတ်ခံရသောကြောင့် ကွန်မြူနတီ ကျန်းမာရေးဌာနသို့ ပြောင်းရွှေ့ခံခဲ့ရပြီး  ခရိုင်​​ဆေးရုံပုံမှန်​​လေ့ကျင့်​​ရေးကို သွားခဲ့သည်။  ဆေးရုံများတွင် ပုံမှန်လေ့ကျင့်သင်ကြားမှု အတွေ့အကြုံများစွာဖြင့် သူမက သာမာန်ခြေဗလာဆရာဝန်များထက် အသိပညာနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ပိုမိုကောင်းလေသည်။


လင်းလန်က  အိမ်ထောင်သည်အမျိုးသမီးဖြစ်ပြီး ကလေးငါးယောက်ထားမွေးသော ကျေးလက်သူတစ်ဦးဖြစ်ကြောင်း သူမတွေ့သောကြောင့် သန္ဓေတားနည်းကို ရုတ်တရက်မေးလိုက်ခြင်းသည် ထူးဆန်းလှ၏။ကျေးလက်ရှိ အမျိုးသမီးများသည် သန္ဓေတားခြင်းဟူသည့် စကားလုံးကိုပင် မပြောတတ်ကြပေ။  သူမ ဘယ်ကကြားလာပါသနည်း။  


ကျေးလက်ဒေသရှိ အမျိုးသမီးများထဲမှ ပထမဦးဆုံးအကြိမ် သန္ဓေတားရန်  တောင်းဆိုခြင်းဖြစ်သည်။  ခရိုင်အတွင်း၌ပင် လူအများစုက နားမလည်ကြ၊ မမေးကြပေ။ အချို့သော အမျိုးသမီး ကေဒါများကသာ သူတို့ကိုယ်သူတို့ တိုးတက်စေချင်ကြပြီး  သားသမီးတွေနှင့် အချည်နှောင်မခံလိုကြသဖြင့် မေးကြခြင်းဖြစ်၏။


ဒေါက်တာကျိုး၏အမူအရာကိုမြင်သောအခါ 

လင်းလန်က  မေးလိုက်သည်။


 "ဒေါက်တာကျိုး  ဆေးရှိလား" 


 ကျိုးလင်လင်က ခေါင်းခါကာ "အခု ကွန်မြူနတီမှာ ဆေးမရှိဘူး... ငါ သတိပေးမယ်နော်...ဆေးကို လက်လွတ်စပယ်မသောက်နဲ့"


လူဘယ်နှစ်ယောက်က ဆေးကို လက်လွတ်စပယ် သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေကြသသည်ကို မသိနိုင်ပေ။


ကျေးလက်သို့သွားသည့် ပညာတတ်လူငယ်အချို့က ရှေကားကိုနောက်ကားကျော်ကြသည့်အပြင် ပညာတတ်လူငယ်များနှင့် ကွန်မြူနတီအဖွဲ့ဝင်များ ကြားတွင် အချင်းချင်း တိတ်တခိုး ချစ်ကြိုက်ကြသောကြောင့် ကိုယ်ဝန်ရမည်စိုး၍ သန္ဓေတားဆေးများအကြောင်း ဆရာဝန်ထံ လာရောက်  မေးမြန်းကြသည်။


 ပဲပိစပ်အစိမ်းစားခြင်း ၊ သိုးအူတွေသုံးခြင်း၊တောက်တဲ့စားခြင်း ... ယင်းတို့က ပေါက်ပန်းလေးဆယ်တွေသာ။


 လင်းလန်က အကာအကွယ်ရောရှိလားဟုမေးလိုက်၏။ 


 ကျိုးလင်လင် ထိုစကားပြောနေသည့်အချိန် လင်းလန်၏တည်ငြိမ်တဲ့အမူအရာကို မြင်လိုက်ရပြီး သူမက လုံးဝ မရှက်သလို အလွန်လည်း သိချင်နေခဲ့သည်။


 "အဲဒီ ကွန်ဒုံးက ရှိတယ်...ဒါပေမဲ့ ငါတို့ဆီမှာ ကွန်ဒုံးမရှိဘူး... မင်း ခရိုင်ဆေးရုံကို သွားမေးလို့ရတယ်"


 လင်းလန်က  သူမကို ကျေးဇူးတင်ပြီး အချိန်မဖြုန်းဘဲ ထွက်ခွာသွားခဲ့၏။


 ကွန်မြူနတီက ထွက်လာပြီး အိမ်ပြန်ရောက်၍ သူနာရီကြည့်လိုက်ချိန်တွင် သုံးနာရီပင် မထိုးသေးချေ။  ခရိုင်ကိုသွားပြီး ပြန်လာပါက မှောင်လိမ့်မည်ဖြစ်ကာ သူမ ခါးနှင့်ခြေထောက်တွေကလည်း နာကျင်နေသ​ဖြင့် ထိုမျှကြာအောင်နေနိုင်မည်မဟုတ်ပေ။


သူမက ဆေးကြောပြီး သူ့အမေအိမ်သို့သွား၍  ရှောင်ဝမ်ကို ပြန်သွားခေါ်ခဲ့သည်။


လမ်းမှာ တခြားအမျိုးသမီးတွေက မျက်လုံးလှန်ကာ မေးကြပြန်၏။


 “နင်နေမကောင်းလို့ ခွင့်ယူထားတာ မဟုတ်လား ...ဘာလို့ စက်ဘီးစီးနေသေးတာလဲ” 


 ရွာက အမျိုးသမီးအချို့က ယခု အထက်လူကြီးအပေါ် ထင်မြင်ချက်များရှိလာပြီး သူမကြောင့် ရွာ၏ အငွေ့အသက်တွေ ပျက်ပြယ် ကုန်သလို ခံစားကြရသည်။  အထူးသဖြင့် ဟန်ချင်စုန့်က သူမအတွက် အလုပ်သွားပေးချိန်၊ သူမအတွက် ခွင့်တိုင်ပေးချိန်၊ သူမအတွက် အိမ်အလုပ်တွေလုပ်ပေးချိန်များတွင် ဟန်ချင်စုန့်က သူ့မိန်းမကို ဂရုစိုက်သည်ဟု သူတို့ကမမြင်ကြပေ။

သူတို့က လင်းလန်က နတ်ဆိုးတစ်ကောင်လိုပြုမူနေပြီး ယောကျာ်းယူထားပြီး ဘာတာဝန်မှမရှိဟုဟာ တွေးကြ၏။


လင်းလန် သူတို့စကားများကို ကြားသောအခါ သူမက မနာလိုစကားများပြောနေကြသည်ဟုသာ တွေးလိုက်သည်။  ကိုယ့်ယောက်ျားကိုကိုယ် ကိုင်တွယ်နိုင်စွမ်းရှိလျှင် သူမကို မည်သို့ မနာလိုဖြစ်ပါမည်နည်း။


 ဆယ်မိနစ်လောက်ကြာသည့်အခါ လင်းအိမ်ဟောင်းကို သူမရောက်သွား၏။ မိသားစုဝင်တွေ အကုန်လုံး  အလုပ်မှာရောက်နေကြပြီး အဖွားကြီးလင်းက ကလေးတွေကို ဦးဆောင်၍  အိမ်သန့်ရှင်းရေးလုပ်ပြီး  ထမင်းချက်လေသည်။


    လင်းလန်ပြန်လာသည်ကိုမြင်သည့်အခါ အဖွားကြီးလင်းက “ဆောင်းဦးကောက်ရိတ်ချိန်လေ ...ဘာလို့ မအေ့အိမ်ကို ရုတ်တရက်ကြီး ပြန်လာတာလဲ”


   


 လင်လန်းက ပြုံးပြုံးလေးဖြင့် “မနေ့က ဆောင်းဦးပေါက်ပွဲတော်မှာ အလုပ်ရှုပ်ပြီး ပြန်မလာဖြစ်လို့  ဒီနေ့ ခွင့်ယူပြီးလာတာ ..."


"ဆောင်းဦးရာသီ ရိတ်သိမ်းပွဲမှာ ဘာလို့ ခွင့်ယူ လဲ" 

မေမေလင်းက  အလျင်စလို မေးလိုက်သည်။ 


 "ညည်းကတနေကုန် ခွင့်တိုင်ပြီး ခွင့်ယူရင်  အလုပ်က ဘယ်သူလုပ်မှာလဲ... ဘယ်သူက အလုပ်မှတ်ရမှာလဲ...နောက်မှာက အစာစားဖို့ စောင့်နေတဲ့ ကလေးတွေတပြုံကြီးနဲ့"


ယခုအချိန်တွင် အိမ်သူအိမ်သားတိုင်း အလုပ်မှတ်ရရန် အလုပ်ကိုသာ အားကိုးနေရသည်။ အပြင်းအထန် ဖျားနာနေခြင်းကလွဲ၍  ခွင့်တိုင်,ခဲ,လေ၏။


 အဖွားကြီးလင်း  သူမသမီးက နေကောင်းလျက်နှင့် ခွင့်တိုင်နေသေးသည် မြင်သည့်အခါ သည်းမခံနိုင်တော့ပေ။ သူမက သူ့မကို ပျင်းမနေရန်စတင်ဆုံးမတော့သည်။


ရှောင်ဝမ်: "ဘွားဘွား ...မားမားက ပင်ပန်းပြီး နေမကောင်းဖြစ်နေတာ... မပျင်းဘူး"


 လင်းလန်က လမုန့်နှင့် ပန်းသီးအနည်းငယ်ကို ထုတ်ယူလိုက်ပြီး

 "ဒါက လက်ဆောင်ပါ။"


သူမ ဆင်းရဲပေမဲ့ သိက္ခာရှိသည့်ဘဝမှာ အသက်ရှင်ချင်ပါသေး၏။ အကောင်းဆုံးနည်းလမ်းက ထုံးတမ်းအစဥ်အလာတွေကို လိုက်နာရန်ပင်။


ထိုအခါမှ မေမေလင်းက သူမသမီးကို သံသယဖြင့် ကြည့်ကာ "

နေမကောင်းလို့လား...ပြင်းထန် လား"


လင်းလန်က ပြုံးပြီး 

" အနားယူရုံနဲ့အဆင်ပြေပါတယ် " 


အဖွားကြီးလင်းက သူမကို ထိုင်ပြီး ရေသောက်ရန်ပြောသည်။ ရှောင်ဝမ် စားရန် သလဲသီးတစ်လုံး ထုတ်လိုက်ပြီး

 "ညည်း​ယောက်မမိသားစုက ပေးလိုက်တာ"


 လင်းလန်က ရှောင်ဝမ်ကို ကလေးတွေနှင့် ကစားခိုင်းလိုက်ပြီး  ပိုက်ဆံအနည်းငယ်ထုတ်၍ စားပွဲပေါ်တင်ကာ

 "အမေ...ဒါက အရင်တစ်ခေါက် သမီးကိုချေးလိုက်တဲ့ဟာ ... နောက်တစ်ပုံက အမေနဲ့အဖေကို  ကန်တော့တာပါ"


အဖွားကြီးလင်းက  သူမကိုယ်ပိုင်ငွေကိုပဲ ယူလိုက်ပြီး 

“ကောင်းပြီ ....ညည်းက အခုမှ ခွဲထွက်ပြီး အိမ်ဆောက်ထားတာ...ကြပ်တည်းနေလိမ့်မယ်  ”


သူမ  သူမသားမက်က ငွေရှာနိုင်သည်ဟုထင်၍  သူ့ကိုကူညီသည်က မဆိုးလှသော်လည်း ငွေပိုတောင်းရန်ကိုမူ ငြင်းဆိုခဲ့သည်။


 ထို့နောက် ထပ်ခါတလဲလဲ ပေးလိုက်ပြန်တွန်းလိုက်အခြေအနေကိုရောက်သွားပြီး   လင်းလန် စွမ်းအားမဲ့သွားသလို ခံစားလိုက်ရ၏။


 


Xxxxxxx