အပိုင်း ၂၀၃-၂၀၄
Viewers 23k

Part 203


သူမသည် ဤနေရာရှိ လူများ၏ ပစ္စည်းများကိုအတင်းပေးသည့် အလေ့အထကို အမှန်တကယ် ကျင့်သားရနေပြီဖြစ်သည်။ လူတိုင်းက ဆင်းရဲချို့တဲ့ကြသည်မှာ ထင်ရှားသော်လည်း ပွဲတော်ရက်များတွင် လည်ပတ်သည့်အခါ တစ်စုံတစ်ခုကို ရယူရန် မကြာခဏ တွန်းအားပေးကာ အဆုံးမရှိအောင် ထိုးပေးလေ့ရှိသည်။


    

စစ်တိုက်နေရသလိုပဲ...


 သော့ချက်က လွှတ်ထားလိုက်ရန်ပင်။သူမ က ရိုးသားမှုမရှိပေ၊  ဘယ်သူက သူမကိုဘယ်လောက်ပေးခဲ့သည် မပေးခဲ့သည်၊ ဘယ်သူက ဘယ်သူက အပေးဆုံးလဲဆိုသည်ကို ရေတွက်ထားရပေလိမ့်မည်။


ထို့ကြောင့် လင်းလန်သည် အလွန်ခေါင်းမူး သွားသည်။


 "အမေ... သမီးကို ဒီလို မလုပ်ပါနဲ့... သမီးက အမေ့ရဲ့သမီးပါ...ညီမ မဟုတ်ဘူး"


သူမသမီးလေးက အလေးအနက်ထားပြောနေသည်ကိုတွေ့ရာတွင်  အဖွားကြီးလင်း ထိုဟာကို သူမကိုယ်ပိုင်ပိုက်ဆံဖြစ်မှတ်ယူလိုက်၏။   အချင်းချင်း ယှဥ်ရန် တတိယညီမပြန်အလာကို စောင့်ဆိုင်းနေစရာ မလိုတော့သော ကလေးမလေးအကြောင်း သူမတွေးမိသည်။  ယခု ထိုကလေးမလေးက တကယ် ပြောင်းလဲသွားပြီဟု တွေးရသည်မှာလည်း ကြည်နူးစရာပင်။


 သူမက လင်းလန်ကို  အိမ်မှာ ဂွမ်းနှင့်အထည်အလုံအလောက်ရှိမရှိ၊ ခွဲထွက်ပြီးနောက် သူမသားမက် သူမအပေါ် ဘယ်လောက်ကောင်းအောင် ဆက်ဆံလဲ၊ ယောက္ခမတွေက သူမကိုအပြစ်ရှာမရှာနှင့် သားသမီးတွေက နာခံမှုရှိမရှိ စသဖြင့် မေးမြန်းလေ၏။


 လင်းလန်က တစ်ခုပြီးတစ်ခု ဖြေလိုက်ပြီး  

“​အမေ  နောက်ကျနေပြီ... အိမ်ပြန်ပြီး ထမင်းချက်ရဦးမယ်” ​​


အဖွားကြီးလင်းက သူမအတွက် သလဲသီးကြီး သုံးလုံးကို ကမန်းကတန်း ထုပ်ပိုးပြီး 

“ပြန်သွားရင် ကလေးတွေကို ပေးလိုက်” 


  သူမ  လင်းလန်နှင့် ရှောင်ဝမ်ကို  

 တံခါးအပြင်ကို လိုက်ပို့ပြီး ထပ်ခါတလဲလဲ ပြော၏။


  "သားမက်လေးနဲ့ ဘဝကို ကောင်းကောင်းနေထိုင်... ဒုက္ခမရှာနဲ့"  


 သူတို့ စတုတ္ထသမီးက သူမကိုယ်သူမ  ကြိုးဆွဲချပြီး ဆေးသောက်သည်ဟူသော သတင်းရလာမှာကို ကြောက်ပြီး အိမ်ကနေ နေ့တိုင်း စိတ်ပူနေရသည်။


"သိပါပြီအမေ... သမီးသွားပြီ " 

လင်းလန်က ရှောင်ဝမ်ကို အိမ် ပြန်ခေါ်သွားလိုက်၏။


    ...


ရှန်ရွေ့လုပ်သားပြုပြင်ပြောင်းလဲရေးစိုက်ခင်းသည် ဤဒေသရှိ အဓိက လုပ်သား ပြုပြင်ပြောင်းလဲရေး စိုက်ခင်း (၃) ခုအနက်မှ တစ်ခုဖြစ်သည်။


သူတို့၏ ခံတပ်ကို ဖျင်တင်းရှန်တောင်ကြားထဲမှာ တည်ဆောက်ခဲ့သည်။ ပတ်ဝန်းကျင်က ကြမ်းတမ်းပြီး ၎င်းတို့ကို စစ်တပ်မှ နေ့စဉ် သေနတ်ကိုင် အစောင့်များဖြင့် စောင့်ကြပ်ထား၏။


ဤနေရာရှိ လုပ်သား ပြုပြင်ပြောင်းလဲရေး  အကျဉ်းသားများ၏ အဓိကတာဝန်မှာ ဖျင်တင်းရှန်မြို့တစ်ဝိုက်ရှိ လယ်မြေဧကရာချီနှင့် အခြားတောင်ထူသောမြေ နှင့်မြေရိုင်းဧကရာချီကို တာဝန်ယူရန်ဖြစ်သည်။


အလုပ်အားသည့်ရာသီတွင် ကျောက်တူးဖော်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ တူးမြောင်းများ ဖောက်လုပ်ခြင်းစသည်ဖြင့် တာဝန်ယူဆောင်ရွက်ကြပြီး ဘဝနေထိုင်မှုမှာလည်း မခက်ခဲလှပေ။


 ဟန်ချင်ဟွ ထောင်ကျပြီးကတည်းက သူ့ခေါင်းထက်မှာ ဓားတစ်ချောင်း အမြဲတွဲလောင်း ရှိနေသည်ဟု  ခံစားခဲ့ရပြီး ယင်းဓားဟာ အချိန်မရွေး ပြုတ်ကျပြီး သူကို သတ်ပစ်တော့မလိုပင်။


ပင်ပန်းတယ်...


 ရေချိုးရန် မနက်ငါးနာရီမှာ အိပ်ရာထရမည်၊ ပြီးလျှင် လေ့ကျင့်ခန်းလုပ်ရန် စောင့်ကြပ်ခေါ်သွားခံရပြီး နာရီဝက်အတွင်း ထမင်းစားရသည်။ 


 ဤမှာစားရသည်က စစ်တိုက်ရသည်နှင့်တူ၏။ လုယက်ခြင်းကို အားကိုးရသည်၊နောက်ကျပါက ဗိုက်ဟောင်းလောင်းနေရပေလိမ့်မည်။


စားပြီးပါက အလုပ်သွားရပြီး ယခုက ဆောင်းဦးကောက်ရိတ်သိမ်းချိန်ဖြစ်လေရာ အနှီလူငယ်တွေအနေဖြင့်  ပြောင်းပင် တူးရန် စီစဉ်ပေးခြင်းခံကြရသည်။


ဒါကို  လူသားတွေ ဘယ်လိုလုပ်နိုင်မှာလဲ...


နှစ်ရက်အတွင်း သူ၏လက်တွင် အရည်ကြည်ဖု များ ပေါက်လာသည်။


သေချင်းဆိုး ကပ္ပတိန် ကလည်း သူတို့ကို ပြိုင်ခိုင်း၏။ လူတချို့ကို တန်းစီခိုင်းပြီး အဆုံးမှာ တူး၍ မပြီးပါက ဆက်သွားရမည်ဖြစ်ကာ မပြီးမချင်း ထမင်းမစားရပေ။


ရလဒ်အနေဖြင့် ဟန်ချင်ဟွက  အချိန်တိုင်း နောက်ဆုံးမှရောက်လာပြီး နေ့တိုင်း အေးစက်နေသော ကျန်အကြွင်းအကျန်တွေကိုပဲ စားရလေသည်။


နေ့လည်စာလည်း ဤသို့ပင်ဖြစ်ကာ ညစာလည်း ထိုနည်းလည်းကောင်းသာ။


အနွေးကုတင်ပေါ်သို့ ဗိုက်ဆာဆာနှင့် တက်ရရုံသာမက အိပ်ရာပေါ်က အနံ့ဆိုးတွေကို သည်းခံရပြီး အိပ်ပျော်ရန် ခက်လှ၏။


ထိုသို့ဖြင့် သူ ညလယ်မှာ ဗိုက်ဆာ၍ နိုးလာပေလိမ့်မည်။


ညဉ့်နက်သန်းခေါင်မှာ နိုးလာပါက တတုန်းအဆောင်သည် ကြောက်စရာကောင်းသော ငရဲတစ်ခုဖြစ်ပြီး လူတွေက သွားကြိတ်၊ ဟောက်၊ အိပ်ရင်း စကားပြောကြပြီး အိပ်ပျော်ရင်းလမ်းလျှောက်ခြင်းပင် ရှိလေသည်။ ဟန်ချင်ဟွထိတ်လန့်လွန်း၍ သူ့အာရုံကြောတွေထံုထိုင်း သွား၏။


 သူရောက်သည့် ပထမဆုံးနေ့တွင် ဟန်ချင်ဟွတစ်ယောက်  ညဘက်မှာ ထိတ်လန့်စွာ နိုးလာပြီး လုံးဝ အိပ်မပျော်ပါချေ။


နောက်နေ့ လေ့ကျင့်ခန်းလုပ်ရန် အမောင်းခံရသည့်အခါ  သူ့အနေဖြင့် ခြေကုန်လက်ပန်းကျကာ အိပ်ရေးမဝဘဲအလုပ်သွားရလေသည် ...


ထိုမျှသာမကဘဲ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေလည်း ခံရ၏။


ကျောက်ကျန့်ရှယ်က ဟန်ချင်စုန့်အပေါ်ထားရှိသည့်ဒေါသတွေအကုန်လုံးကို သူ့အပေါ် ပုံချ၍

သူ့ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ဖိနပ်ထဲမှာ အပ်တွေထည့်ပြီး အိပ်ဆောင်ပေါ်မှာလည်း အညစ်အကြေးခြောက်တွေကို ဝှက်ထားခဲ့သည်။


 ဟန်ချင်ဟွက  အတိတ်မှာ အစဥ်အမြဲ အင်မတန်ကို စဥ်းလဲ၊ မောက်မာကာ မာနကြီးသူဖြစ်ရာ ယခု   ဆိုးရွှားကြမ်းတမ်းမှုတွေများစွာရှိလာသည့်အခါ   တွင်းတစ်တွင်းတူးပြီး လွတ်မြောက်နိုင်စေဖို့ကိုသာ ဆုတောင်းနေတော့၏။


ဤနေရာတွင် စစ်သားများအားလုံးက ကျည်ဆန်များ ကိုင်ဆောင်ထားပြီး ၎င်းတို့၏ မျက်လုံးများက ရှာဖွေရေးမီးများကဲ့သို့ဖြစ်နေသည်ကား စိတ်မကောင်းစရာပါပင်။လွတ်မြောက်ရန် နေနေသာသာ၊ နောက်ကျကျန်နေ သော မည်သူမဆိုမြင်နိုင်လေသည်။


 တစ်ယောက်ယောက်က ထွက်ပြေးဝံ့သရွေ့ ၎င်းတို့ကို တိုက်ရိုက် ပစ်သတ်နိုင်၏။


 အိုး ဘုရားရေ ... ဟန်ချင်ဟွ သူ အဆုံးမဲ့ ငရဲတစ်ခုထဲ ကျရောက်နေပြီး အိမ်ပြန်ဖို့ မဖြစ်နိုင်တော့သလို ခံစားရသည်။ 


 အိပ်ရာထရန် ဝီစီသံ"ပီပီ"က  မြည်လာပြန်သည်။


ဟန်ချင်ဟွ အခြေအနေအရ အလိုအလျောက် တုံ့ပြန်မှုတစ်ခုကဲ့သို့ အိပ်ရာထကာ အဝတ်အစားကိုဝတ်၍ စောင်ကိုခေါက်ပြီး ဖိနပ်စီးရန် ကြမ်းပြင်ပေါ် အမြန်ဆင်းလိုက်၏။


  "ကောင်းမွန်စွာ ပြုမူနေထိုင်ပြီး ပြစ်ဒဏ်လျှော့ပေါ့ဖို့ ကြိုးစားပါ" 

သူတို့ကို အစောင့်အကြပ်တာဝန်ယူသည့် အဖွဲ့ခေါင်းဆောင်က ထို ဝါကျကို ထပ်ပြန်တလဲလဲပြောနေသည်။


ဟန်ချင်ဟွ၏ အမူအရာက ထုံထိုင်းနေပြီး သူ့နှလုံးသားက နာကျင်နေ၏။ ဂျပုနှင့် ဂျပိန်တို့ကမူကျင့်သားရ ဖြစ်နေပြီဖြစ်သည်။


တတိယအစ်ကိုက သူ့ကို အပြစ်ပေးရုံပေးပြီး မကြာခင်မှာ  ပြန်ခေါ်သွားလိမ့်မယ်သည် သူ စိတ်ကူးယဥ်ခဲ့၏။


ပြန်လည်ပေါင်းစည်းရေးပွဲတော်ဖြစ်သည့် ဆောင်းဦးပေါက်ပွဲတော်ကို သူစောင့်မျှော်နေပြီး တတိယမြောက်အစ်ကိုက သူ့ကို  သေချာပေါက်လာခေါ်လိမ့်မည်။


သူ လာမခေါ်ရင် မိဘတွေကသူ့ကိုလာခေါ်ခိုင်းလိမ့်မယ်...


သူ ထိုသည်ကို စိတ်ချလက်ချ စောင့်မျှော်နေပေမဲ့ ရလဒ်အနေဖြင့်  ဆောင်းဦးပေါက်ပွဲတော်တွင် မနက်အစောကြီး ထကာ လေ့ကျင့်ခန်းတွေ ပြေးလွှားလုပ်၊ စားစရာလု၊ ကောက်ရိတ်သိမ်းခဲ့ရသည်... ညစာစားပြီးသည့်အချိန်အထိ ကျောက်ကျန့်ရှယ်နှင့်တခြားသူတွေ၏ ထင်းတဲထဲမှာ ပိတ်လှောင်ခြင်းကို ခံခဲ့ရ၏။  


ဟန်ချင်စုန့်က သူ့ကို လာခေါ်သည်အထိ သူမစောင့်နိုင်တော့ပေ။


 

Xxxxxxx

Part 204


အဆုံးတွင် သူဂျုံးဂျုံးကျသွားပြီး နည်းနည်းမှ သည်းမခံနိုင်တော့ချေ။


မနေ့ညက မြင်ကွင်းက ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။


"ဟန်ချင်ဟွ...မင်းရဲ့တတိယအစ်ကိုက ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ညွှန်မှူးလို့ မထင်ရဘူး... သူက တကယ်တော့ မိုက်မဲတဲ့လူပဲ... ငါ့ဒုတိယဦးလေးလောက် မကောင်းဘူး... မင်းမြင်တယ်မလား ငါ့ဒုတိယဦးလေးက ငါ့ကို လွှတ်ပေးမှာ...ငါ့ကို ဒီကိုလာပြီး အလုပ်ပင်ပင်ပန်းပန်းမလုပ်ရဘဲ ချိချိုငန်ငန် စားရသောက်ရအောင်လုပ်ပေးတယ်... အနိုင်ကျင့်ချင်ရင် အနိုင်ကျင့်လို့ရတယ်...မင်းနဲ့ဘာမှကို မဆိုင်ဘူး"

 

"မင်း...မင်း ငါ့ကို မထိရဘူး..." 


 ဟန်ချင်ဟွ လေပန်ကာ လိုမျိုး တုန်နေပေမဲ့ အကျိုးသင့်အကြောင်းသင့်ရှိဟန် ပုံသဏ္ဍာန်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။


ကျောက်ကျန့်ရှယ်က သူ့ကို နောက်ကွယ်မှာ အမြဲတိတ်တိတ်လေး အနိုင်ကျင့်ခဲ့သော်လည်း သူ့ကို မရိုက်နှက်ရဲခဲ့ပေ။


ဤနေရာတွင် တိုက်ခိုက်ခြင်းနှင့်ရန်ဖြစ်ခြင်းများကို တင်းတင်းကျပ်ကျပ် တားမြစ်ထား၏။ မည်သူမည်ဝါပဲ ဖြစ်ပါစေ ၊တစ်စုံတစ်ဦးကို ရိုက်နှက်သူ မည်သူမဆို ပိတ်လှောင်ခံရမည် သို့မဟုတ် နောက်ထပ် ထောင်ဒဏ်တစ်ခု ချမှတ်ခံရမည်ဖြစ်သည်။


"ဟဲဟဲ...မင်းက နုံအလွန်းတယ်...ငါတို့ မင်းကို ဖမ်းပြီး မလှုပ်မရှားနိုင်အောင် လုပ်ခဲ့တယ်မဟုတ်ဘူးလား ...နားမလည်ဘူးလား"


 ဟန်ချင်ဟွ ကျောက်ကျန့်ရှယ်က လုပ်နိုင်စွမ်း အလွန်ရှိသည်ကို  ရုတ်တရက် သဘောပေါက်သွား၏။ သူက အစောင့်တွေကို လာဘ်ထိုးထားသဖြင့် ဘယ်သူဂရုမစိုက်ကြပေ။


"ဒီအတိုင်းထားရအောင်" 


ကျောက်ကျန့်ရှယ်က သူ့ကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်ပြီး

 "ငါတို့ မင်းကို သတ်ချင်ရင် ပုရွက်ဆိတ်တစ်ကောင်ကို ချေမွပစ်ရတာလောက်ကို လွယ်တယ်..." 


 "မင်းက ဘာလုပ်မလို့လဲ...ငါ့ကို လွှတ်ပေးပါ...ငါကလည်း ခံရသူပါ... ငါလည်း ဟန်ချင်စုန့်ကိုမုန်းတယ်" 


ဟန်ချင်ဟွ   သေမလောက်ကြောက်နေသည်။


"ကောင်းပြီလေ... မင်းငါ့စကားကိုနားထောင်ရင် ငါမင်းကို ပင်ပင်ပန်းပန်းအလုပ်တွေမလုပ်ခိုင်းဘဲ အမြန်ဆုံးအိမ်ပြန်ခွင့်ပေးမယ်" 


ကျောက်ကျန့်ရှယ်က လက်ထဲက ဓားဖြင့်  သူ့မျက်နှာကိုပုတ်ကာ "အဲ့ဒါက မင်းဒီကနေ ထွက်ချင်မထွက်ချင်ဆိုတာ ပေါ်မူတည်တယ်"


 "စဉ်းစားမယ်... စဉ်းစားမယ်...ငါစဉ်းစားမယ်...ငါပြန်သွားနိုင်သရွေ့ ငါ့ကိုဘာမဆို လုပ်ခိုင်းလို့ရတယ်" 


ဟန်ချင်ဟွက  သူ၏သဘောထားကို ပြောဖို့ရာ မစောင့်နိုင်တော့ပေ။


 ဟန်ချင်ဟွ  သည်းမခံနိုင်တော့ချေ၊ သူ တတိယအစ်ကို၏မိသားစုကို မုန်းသည် *သူတို့အားလုံးက သူတို့အတွက်ကြောင့်သာမဟုတ်ပါက အလုပ်ကြမ်းစခန်းကို မရောက်ပေ။ 

(T/N— သူတို့အားလုံး=သူ၊ကျောက်ကျန့်ရှယ်နဲ့အပေါင်းအပါများ)


သူ့ကို ဒီနေရာကနေ ရုန်းထွက်ပြီး ဟန်ချင်စုန့်ကို ကို ကံဆိုးအောင်လုပ်နိုင်သရွေ့ သူ ဘာမဆို  ပျော်ပျော်ကြီး လုပ်မှာပင် ။


ကျောက်ကျန့်ရှယ်က သူ့အတွက် စီစဉ်ပြီးသားဖြစ်သည့်အတွက် ယနေ့နေ့လည်မှာ လူတိုင်းထမင်းစားနေချိန် သူထွက်ပြေးနိုင်၏။

တမနက်လုံး ပြောင်းဖူးရိုးတံ တူးသောအခါ ဟန်ချင်ဟွ  ပထမဆုံးအကြိမ် ပင်ပန်းနွမ်းနယ်မှုကို မခံစားရဘဲ အဆုံးမရှိသော ခွန်အားရှိနေသလို ခံစားခဲ့ရသည်။


ရလဒ်တစ်ခုအနေဖြင့်  ဝီစီမှုတ်လိုက်သောအခါတွင် သူက အစီအစဥ်မပြီးပြတ်သေးပေ။  အခြားသူများလည်း စားရန်တန်းစီနေပြီဖြစ်သော်လည်း သူက ဆက်ချင်နေသေး၏။


ကျောက်ကျန့်ရှယ်က သူ့အနားမှဖြတ်သွားကာ သူ့ပခုံးကို လက်ဖြင့်ပုတ်၍ "ငါမင်းကိုကာထားပေး  မယ်...မြန်မြန်ပြေး"


 ဟန်ချင်ဟွက ပေါက်ပြားသေးသေးလေးကို ကျောက်ကျန့်ရှယ်ဆီ ချက်ချင်းလွှဲပေးပြီး ပြောင်းခင်းထဲကို ကိုယ်တိုင်ကိုယ်ကျ ဆင်းသွားလိုက်သည်။ စစ်သားက သူ့ကို မြင်ပုံမရပေ။


သူ့နှလုံးသားက တဒိန်းဒိန်းခုန်ပေါက်နေပြီး တုံ့ဆိုင်းမနေဘဲ ပြေးလိုက်သည်... သူက လွတ်လပ်မှုဆီကို ၊အလင်းရောင်ဆီကို ​ပြေးနေသည်ဟုတွေးနေခဲ့၏။


 .............


လင်းလန်းက ရှောင်ဝမ်ကို အိမ်ပြန်ခေါ်သွားကာ ပြန်ရောက်ချိန်တွင်  မှောင်နေလေပြီ။ အသားနှင့် ဟင်းရည်က  ယနေ့အတွက် ထပ်နွေးလိုက်ရသော်လည်း အရသာရှိနေဆဲပင်။


ကလေးများ တယောက်ပြီး တယောက် ပြန်လာသောအခါတွင် လင်းလန် အဖွားကပေးသည်ဟု ဆိုကာ ၎င်းတို့စားရန် သလဲသီးများကို ထုတ်ပေးလိုက်သည်။


လင်းလန် နေကောင်းနေသည်ကို မြင်လိုက်ရသဖြင့် အားလုံးက သူမ ပင်ပန်းနေရုံသာဟု ယုံကြည်သွားကြပြီး မနက်ဖြန် အိမ်မှာ ဆက်အနားယူရန် ပြောကြ၏။


စားပြီးသောအခါတွင် ကလေးတွေက အလုပ်မှတ်များရရှိရန်  ထုတ်လုပ်ရေးအဖွဲ့ထံ အမြန်သွားကာ ပြောင်းဖူးအခွံခွာကြပြီး ရှောင်ဝမ်က  ပြောင်းဖူးခွံများကို ကောက်ယူကာ ဟန်ချင်စုန့်ကိုခေါက်ဖျာသေးသေးလေးတစ်ခု ယက်ခိုင်းသည်။


 လင်းလန်က သူတို့ကို  ဂွမ်းကပ်အနွေးထည်တွေ ဝတ်ခိုင်းလိုက်သည်။ ယခုချိန်၌ ပူပြင်းသည့် နေ့တွေမှာဆို အောက်ခံမပါသော အကျီနှင့် ညဘက် အေးသည့် အချိန်မှာ ဂွမ်းကပ်အနွေးထည်တွေ ၀တ်ကြ ပေလိမ့်မည်။


ကလေးများ ထွက်သွားပြီးနောက် အခန်းထဲတွင် လူ နှစ်ယောက်သာ ကျန်တော့ပြီး ဟိုလိုလိုသည်လိုလို  အငွေ့အသက်များ စတင် ထွက်ပေါ်လာသည်။


 လင်းလန် သူ၏ဥပုဒ်စောင့်နေဟန်အမူအရာကို သည်းမခံနိုင်သောကြောင့် ပူလောင်ပြင်းပြသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။


"အဆင်မပြေသေးလို့လား" ဟုမေးကာ သူက သူမကို သဘာဝကျကျ ပွေ့ဖက်လာ၏။


နှီးနှောခြင်း၏ နောက်ဆက်တွဲကို လေးနက်သော လေသံဖြင့် မေးလိုက်ရာ သူမ မျက်နှာပူလာပြီးအလုပ်မှတ်ရဖို့ရာ ပြောင်းဖူးခွံ သွားခွာရန် ကမန်းကတမ်း တိုက်တွန်းလိုက်သည်။


ဟန်ချင်စုန့် က သူမကို နမ်းလိုက်ပြီး ညင်သာစွာပြောလိုက်သည်။

"မင်း အနားယူလေ ...ကိုယ်သွားမယ်"


 လင်းလန်က အိမ်မှာ သန့်ရှင်းရေးလုပ်နေရင်း ကျန်ခဲ့လေသည်။


 ရှစ်နာရီထိုးပြီးနောက် ဟန်ချင်စုန့်က ကလေးတွေကိုခေါ်၍ ပြန်ရောက်လာ၏။


 တံခါးကနေ ဝင်လိုက်သည်နှင့် ကလေးတွေက စကားပြော ရယ်မောကာ အနွေးကုတင်ဆီ ပြေးသွားမည်ပြုသော်လည်း   လင်းလန်က သူတို့ကိုမျက်နှာသစ်၊ခြေဆေးရန်  လှမ်းအော်သည်။


တဝမ်က ခြံထဲမှာ ရေအေးနှင့် သွားဆေးချင်ပေမဲ့ လင်းလန်က သူ့ကို့တားလိုက်၏။

 “အိုးထဲမှာ ရေနွေးရှိတယ်...ရေအေး မသုံးနဲ့” 

 

 ရာသီဥတုက အေးလေရာ လင်းလန်က ယောက်ျားလေးတွေကို နေမကောင်းဖြစ်မည်စိုး၍ ရေအေးဖြင့် ရေချိုးခွင့်မပြုပေ။


  စန်းဝမ်က ထွက်ပြေးချင်သော်လည်း ဟန်ချင်စုန့်က သူ့နားရွက်ကို ဆွဲပြီး လင်းလန်ဆီ ပစ်ချလိုက်သည်။ စန်းဝမ်က  တစ်နေ့လုံး ရွှံ့ထဲမှာ လူးလိမ့်နေပုံရပြီး ခေါင်းနှင့် မျက်နှာတွင် ရွှံ့များဖုံးကာ တစ်ကိုယ်လုံး ညစ်ပတ်နေသည်။ သူက ရေကူးရသည်ကိုကြိုက်သော်လည်း  ရေချိုးသည်ကို မကြိုက်ပေ။

 

လင်းလန်က သူ့ကို ကိုယ်လုံးတီးဖြစ်အောင်  ချွတ်လိုက်ပြီး အိုးထဲမှာ မတ်တပ်ရပ် ခိုင်းကာ ရယ်မောလိုက်သည်။ 


 "ဒီရွှံ့မျောက်က ဘယ်ကလာတာလဲ... ညစ်ပတ်လိုက်တာ" 

 

သူမက သူ့ကို ကိုယ်တိုင် ဆေးကြောပေးလိုက်ပြီး

ရှောင်ဝမ်ကိုလည်းဆေးကြောပေးလိုက်၏။

ရှောင်ဝမ် ကောင်းကောင်းနေသော်လည်း သူ့တစ်ကိုယ်လုံးတွင် ခွေးမွှေးများရှိနေလေ့ရှိ၏။  


သူမ ရှောင်ဝမ်  နှင့် စန်းဝမ် တို့ကို ​ရေချိုးပေးရန်  ခုံတန်းလေးပေါ်တွင် ထိုင်နေစဥ် ဟန်ချင်စုန့်က  အသံတိတ်ရေခပ်လိုက်ရင်း သူ့မိန်းမကို တိတ်တိတ်လေး  ကြည့်နေသည်။  ခါးသွယ်သွယ်၊ တင်ပါးဝိုင်းဝိုင်းနှင့်သူမက နူးနူးညံ့ညံ့ပြောဆိုနေပြီး  သူမ၏မျက်နှာပေါ်ရှိ အမူအရာက အလွန်နူးညံ့ပျော့ပြောင်းနေသောကြောင့် သူ့ကို တစ်ကိုယ်လုံး ပူလောင်လာစေသော်လည်း မျက်လုံးများကို မခွာနိုင်ဖြစ်နေ၏။     


ကြည့်နေရင်း  စန်း၀မ်ကိုယ်ပေါ်ကို ရေ တစ်ကြိမ် လောင်းချပြီး သူမ၏တောင်းဆိုမှုအတိုင်း နှစ်ကြိမ်ပွတ်ပေးလိုက်သည်။


Xxxxxx