Part 205
ဟန်ချင်စုန့်၏ ပွတ်တိုက်ခြင်းကို ခံရသဖြင့် စန်းဝမ်အော်ဟစ်လိုက်၏။ အလွန်နာသည်၊ သူ့အဖေ၏ လက်ကြီးများသည် နာကျင်စေပြီး ရေချိုးပေးသည့်အခါ သူက အကြမ်းပတမ်းနိုင်လေသည်။
လင်းလန် က ပြုံးပြီး
"မင်းကို ဘယ်သူက ဒီလောက် ညစ်ပတ်အောင်လုပ်ခိုင်းလို့လဲ...မင်း ရေသန့်နဲ့ မဆေးရင် မင်းအဖေရဲ့ တန်ခိုးရှင်ပွတ်တိုက်ခြင်းလက်ကို သုံးရမယ်...လူအများစုမှာ သုံးဖို့တောင် အခွင့်အရေး မရှိဘူးနော် "
ရေချိုး အခြောက်ခံပြီးနောက် သူမက ဟန်ချင်စုန့်ကို သူမအတွက် သယ်သွားခိုင်းလိုက်၏။ ရှောင်ဝမ်က လွှဲယမ်းခံနေရသည့် တတိယမြောက်အစ်ကိုဖြစ်သူအား အားကျမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
လင်းလန်က ခပ်သုတ်သုတ် သူ့ကိုရေချိုးပေးလိုက်ပြီး တင်ပါးကို ပုတ်ကာ ဟန်ချင်စုန့်ကို သယ်ခိုင်းလိုက်သည်။ ဟန်ချင်စုန့်က ရှောင်ဝမ် ကို မြှောက်လိုက်သည့်အခါ သူက တခစ်ခစ်ရယ်ကာ သူ့ခြေဖဝါးလေးများကို ကန်ကျောက်ရင်း ပျော်ရွှင်နေသည်။ရှောက်ဝမ်က နူးညံ့သော အသံလေးဖြင့် "အဖေ...အနောက်ခန်း " ဟုဆိုလိုက်၏။
သူအနောက်ခန်းမှာ မားမားနှင့်အတူ တစ်နေရာတည်း အိပ်ချင်သည်။
ဟန်ချင်စုန့်က သူ့ကို မငြင်းဘဲ အနွေးကုတင် တစ်ဖက်ခြမ်းက စောင်ထဲကို တိုက်ရိုက်သယ်သွားခဲ့၏။
ရှောင်ဝမ်က ဟန်ချင်စုန့်ကို သိပ်မကြောက်သည်ကိုတွေ့ရာတွင် လင်းလန်လည်း စိတ်သက်သာရာရသွားသည်။
ရှောင်ဝမ်က နာခံစွာ အိပ်ရာထဲဝင်လိုက်ပြီး
"မားမား ဝမ်အန်း" ဟုပြောလိုက်သည်။
ထို့နောက် ဟန်ချင်စုန့်ကို တစ်ချက်ကြည့်လိုက်ပြီး
"အဖေ ဝမ်အန်း"
ဤသည်က ပထမဆုံးအကြိမ် သူ့ဘက်ကနေ စ၍ ဟန်ချင်စုန့်ကို ကောင်းသောညပါဟုပြောခြင်းဖြစ်၏။
လင်းလန်က သူ့နဖူးကို နမ်းလိုက်ပြီး "ကောင်းကောင်း အိပ်ပျော်ပါစေ ပေါင်ပေါင်း "
ရှောင်ဝမ်က ဝမ်းသာအားရဖြင့် မျက်လုံးမှိတ်ကာ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ပွင့်တင်လျက် အိပ်ပျော်သွားသည် ။
လင်းလန် သူ့လက်ထဲတွင် စုတ်ပြဲနေသော လက်ကိုင်ပုဝါကို ကိုင်မထားသည်အား မြင်လိုက်ရသည်မှာ ပထမဆုံးအကြိမ်ပင်။ သူမက ဟန်ချင်စုန့် ကို နူးညံ့စွာ ပြုံးပြလိုက်ပြီး
"ရှောင်ဝမ်က ရှင့်ကို နည်းနည်း သဘောကျတယ်"
ယခင်က ရှောင်ဝမ်က ဟန်ချင်စုန့်ကို သတိထား ကြောက်ရွံ့ပြီး ဟန်ချင်စုန့်နှင့် တစ်ယောက်တည်းရှိနေရမည်ကို ငြင်းဆန်ခဲ့သည်။ ယနေ့က သူဟန်ချင်စုန့်ကိုပထမဆုံး အကြိမ် တောင်းဆိုခြင်း ဖြစ်၏။
အမေနှင့်အတူတူ တစ်အိပ်ရာတည်းအိပ်ရန် ရည်ရွယ်ချက်လည်းပါသော်လည်း တိုးတက်မှုရှိသည်ဟုဆိုရပေမည်။
သူမ အလွန်ပျော်သည်။
ဟန်ချင်စုန့်၏မျက်လုံးများလည်း နူးညံ့လာပြီး ပင်မအခန်းသိုသွား၍ ရှောင်ဝမ်၏အဝတ်အစားများကို ယူကာ အနွေးကုတင်ကဗီရိုပေါ်တွင်တင်လိုက်သည်။
ရှောင်ဝမ့်ဘောင်းဘီရှည်၏ မျှော့ကြိုးက ပွင့်နေသည်ကို မြင်လိုက်ရသောကြောင့် လင်းလန် ချုပ်ရိုးနှစ်ကြောင်းကို အပ်နှင့်ချည်ဖြင့် ချုပ်လိုက်၏။
ဟန်ချင်စုန့်က သူမအတွက် ရေနွေး ယူလာပေးပြီး သတိပေးလိုက်သည်။
"နောက်ကျနေပြီ"
လင်းလန် သူမနာရီကို ကြည့်လိုက်ရာ ကိုးနာရီပဲရှိသေးကာ စောသေးလေသည်။ ညတာက ရှည်ပြီး တုံးလုံးလှဲလျှင်ပင် အိပ်ပျော်မှာမဟုတ်ပေ။
သူ အလွန်တက်ကြွ၏၊ လင်းလန်၏အမြင်မှာ တခြားအရာတစ်ခုခုကို အရိပ်အမြွက်ပြနေဟန်ပင်။
ယနေ့ သူမ မြေကြီးထဲမဆင်းသည့်အတွက် ရေစွတ်ထာသည့် မျက်နှာသုတ်ပုဝါနှင်ပဲ သုတ်လိုက်၏။
ဟန်ချင်စုန့်က သူမကို စိုက်ကြည့်နေသည်ဟု သူမထင်သည့်အတွက် သူမျက်လုံးတွေက သူမကို မီးလိုမျိုး တောက်လောင်သွားစေမှာစိုးသဖြင့် တံခါးနောက်မှာ ဇလုံကိုထားပြီး ရေပတ်တိုက်လိုက်သည်။
ယောကျာ်းဖြစ်သူက ဥပဒေကို မချိုးဖောက်ဘူးဟု ထင်ရသော်လည်း ထိန်းရမည်ပဲ မဟုတ်ပါလော။လူကအပြင်မှာ ပိုအေးလေလေ၊ ပူလောင်လာသည့်အခါ သည်းမခံနိုင်လေလေပင်။
သူမ ဆေးကြော ၊ အခြောက်ခံ၍ အနွေးကုတင်ပေါ်သို့တက်ပြီးနောက် ဟန်ချင်စုန့်က ရေကိုအပြင်ထုတ်ကာ ပြန်မလာမီ အပြင်ဘက်တွင် ဆေးကြောနေသေးသည်။မကြာခင် ရှောင်ဝမ် အိပ်ပျော်သွား၏၊ အနွေးကုတင်က အလွန်ပူသောကြောင့် သူက စောင်ကို ခြေသလုံးလေးနှင့် ကန်ထုတ်လိုက်ကာ ချွေးသီးများထွက်ပြီး အိပ်ပျော်သွားသည်။
လင်းလန်က ရှောင်ဝမ်ကို ပဝါနှင့် သုတ်ပေးရန် ဟန်ချင်စုန့်ကို ပြောလိုက်ပြီး စောင်ကို တင်းကြပ်လွန်းစွာမခြုံမိစေရန် အနည်းငယ် မတင်လိုက်၏။
ဟန်ချင်စုန့်ကလည်း သူမတောင်းဆိုတဲ့အတိုင်း လုပ်ပေးသည်။
လင်းလန်က တိုးတိုးလေး ပြော၏။
"ရှောင်ဝမ်က တခြားကလေးတွေနဲ့ မတူဘူး...သူ့မှာ လုံခြုံစိတ်ချတဲ့ခံစားချက်မရှိဘူး...သူက နည်းနည်း ရှက်တတ်ပြီး အလွယ်တကူ လက်လျော့တတ်တယ်... မိဘတွေအနေနဲ့ ကျွန်မတို့ သူ့ကို ဂရုစိုက်ပြီး စိတ်ရှည်ဖို့ လိုတယ်"
ထိုသို့ ပြောပြီးသည်နှင့် သူမက အလျင်အမြန်ထပ်ဖြည့်ပြောလေသည်။
“ဆရာဝန်က ပြောတာ”
ယခင်က ဟန်ချင်စုန့်ကို အများကြီး မတောင်းဆိုခဲ့စဥ်က သူမ သူ့ကို ဤအကြောင်း ဘာတစ်ခုမှ မပြောခဲ့ဘဲ သူ့ တစ်ခုခုလုပ်ပေးမည်ကို မမျှော်လင့်ထားကြောင်း သိသာ၏။ ယခု သူမပြောလိုက်သည်က သူမမှာ သူ့အပေါ် တောင်းဆိုချက်တွေရှိလာပြီး ကလေးတွေကို အတူတူ သင်ကြားဆုံးမရန်သည့်နေရာမှာ သူ ဂရုစိုက်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ခြင်းဖြစ်ပေသည်။
ဟန်ချင်စုန့်က ရှောင်ဝမ်၏ နဖူးကို သူ့လက်ကြီးဖြင့် ပွတ်လိုက်ပြီး ရှောင်ဝမ်၏ စုတ်ပြဲနေသော လက်ကိုင်ပုဝါကို ခေါင်းအုံးထဲသို့ ထိုးထည့်လိုက်၏။
"အကုန် အဆင်ပြေရဲ့လား" သူက သူမကို စိုက်ကြည့်နေလာသည်။
လင်းလန် က ခေါင်းယမ်း လိုက်ပြီး
"ရှင် သူ့ကို စွန့်ပယ်ထားတယ်လို့ မခံစားရအောင် ဂရုစိုက်နေသရွေ့ အဆင်ပြေမှာပါ"
ဟန်ချင်စုန့်က ဘယ်သူ့ကိုမှ အပြစ်တင်လိုသော ရည်ရွယ်ချက် မပြဘဲ ခေါင်းညိတ်ပြပြီး
"ကောင်းပြီ...ကိုယ် သတိထားလိုက်ပါ့မယ် ”
အနွေးကုတင်ဘောင်ပေါ်တွင် စကားပြောရင်း သူက သူမကို ကုတင်ပေါ် အမြန်တက်ရန် အမူအရာပြလေသည် ။
လင်းလန် သူ၏နက်ရှိုင်းသောမျက်လုံးများနှင့် ဆုံတွေ့လိုက်ရာ သူမနှလုံးသားက တုန်ရီသွားပြီး ကုတင်ပေါ်သို့ အမြန်တက်ကာ စောင်နှင့် ပတ်ထားလိုက်၏။
ဟန်ချင်စုန့်က သူ့ခြေတံရှည်ကြီးများဖြင့် ကုတင် ပေါ်သို့ တက်လာပြီးနောက် ချက်ချင်းလက်ငင်း စောင်ကိုမပြီး သူမဘေးတွင် လှဲချလိုက်ကာ လက်မောင်းများဖြင့် သူမကိုသိုင်းဖက်၍ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ပထမတွင် အေးမြသော အထိအတွေ့ကို ခံစားရပြီး ၎င်းနောက် ပူထွေးသော ခန္ဓာကိုယ်က နွေးလာစေ၏။ လင်းလန် အလွန် သက်တောင့်သက်သာ ခံစားရပြီး သူ့ရင်ခွင်ထဲသို အလိုအလျောက် တိုးမှီလိုက်သည်။
“လက်တွေထုံနေလိမ့်မယ်”
လင်းလန် သူ့က အလွန် ထူးဆန်းနေသည်ကို တွေ့လိုက်ရ၏။ခေါင်းအုံးနှစ်လုံးပင်ရှိပေငြါး သူမက သူ့လက်မောင်းကို ခေါင်းအုံးနေရသည်။ လင်နဲ့မယားဆိုတာ ဒီလိုပဲလား...
သူက "မထုံဘူး"ဟုဆိုလာ၏။
လင်းလန်၏ စိုစွတ်နေသော ဆံပင်များကို ညင်သာစွာ ပွတ်သပ်ရင်း
"သေနတ်တစ်လက်ထက် ပိုမလေးပါဘူး"
သူ သေနတ်အကြောင်း ပြောနေသည်ကို ကြားရာတွင် လင်းလန် သူက သတင်းနှင့်ပတ်သတ်ပြီး ဒေါသဖြစ်မှာ စစ်တပ်ကို ပိုလွမ်းသွားမှာစိုးသည့်အတွက် သူမမေးလိုက်တော့ပေ။
"သစ်သားစည်ကြီးတစ်လုံးကို တစ်ယောက်ယောက်ကို မှာခိုင်းလို့ရမလား..ဒီနည်းနဲ့ဆို ဆောင်းရာသီမှာ နွေးထွေးပြီး သန့်ရှင်းနေမှာ"
ပိုအေးလာပြီး ရေမချိုးနိုင်တော့ဘူးဟု တွေးကာ လင်းလန် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ဟန်ချင်စုန့်က သူမ၏ ကျောကို သူ၏လက်ကြီးများဖြင့် ညင်သာစွာ ဖိလိုက်ပြီး နောက်ဆုံးတွင် သူမ၏ပခုံးများကို ဆုပ်နယ်ကာ ဖြေလျှော့ပေးပြီး
"ကိုယ်လုပ်လိုက်မယ်"
သူ့အသံက နေ့ခင်းဘက်ကလောက် မအေးစက်တော့ဘဲ အသံနိမ့်နိမ့်ထဲတွင် အက်ရှမှု အရိပ်အယောင်ပါနေ၏။
ဟိုးအရင်ကလောက် သူမက သူနှင့် သိပ်မဝေးတော့ဘဲ သူမ သူ့ကို မကြောက်တော့ဟုခံစားရသည်။ သူမက သူနှင့် ပိုပြီး နီးစပ်လာကာ ရှောင်ဝမ်အကြောင်းကိုပြောပြလာ၏။
ဤခံစားချက်က ကောင်းမွန်းလွန်း၍ ပိုလိုချင်လာမိပြီး ခေါင်းငုံ့ကာ သူမကို နမ်းလိုက်တော့သည်။
Xxxxxxx
Part 206
ခဏအကြာတွင် လင်းလန်က မရဲတရဲဖြင့် “ရှင်သိပ်ပြီးအိပ်ရသေးတာမဟုတ်ဘူး... တစ်နေကုန် ပင်ပန်းထားတာ...ဒီည စောစောအိပ်တော့” ဟု တိုးတိုးလေးဆိုလိုက်၏။
သူက အွန်းဟု အသံပြုလိုက်ပြီး သူမစွပ်ကျယ်ကို မတင်လိုက်ကာ “ကိုယ် အကောင်းဆုံးကြိုးစားပါ့မယ်"
လင်းလန် : "... "
"ကောင်းပြီ ... ကျွန်မ နည်းနည်းနာနေတယ်...ကျွန်မတို့... မ...လုပ်...လို့..."
"ကိုယ်ညင်သာပါ့မယ်..."
သူ့အသံက တိုးရှပြီး သူမနားသံဖျားကို ပွတ်တိုက်နေကာ လျှပ်စစ်စီးကြောင်းကဲ့သို့ တုန်ယင်နေသည့် ခံစားချက်ကို သယ်ဆောင်လာသည်။
ညင်သာပါ့မည်ဟုပြောသောယောက်ျားသည် ကိုယ်မဝင်ပါဘူးဟုပြောသောယောကျာ်းများကဲ့သို့ပင် မယုံကြည်ရကြောင်း အချက်အလက်တွေက သက်သေပြခဲ့၏။ အရသာကို သိသွားသည်နှင့် ကိုယ့်ကိုကိုယ် ချုပ်တည်းမှုအားကောင်းသော ဟန်ချင်စုန့်ပင်လျှင် မထိန်းချုပ်နိုင်ပေ။
တစ်ညလုံးနီးပါး အလုပ်ကြိုးစားပြီးနောက် လင်းလန် ပင်ပန်းလွန်း၍ အိပ်ပျော်သွားခဲ့သည်။
...
...
လမင်းက ကောင်းကင်အလယ်မှာရှိနေပြီး ရုတ်တရတ် တိတ်ဆိတ်သောညကို ဖြိုခွင်း ဖြတ်သန်းသွားသော ဆူညံ့သံတစ်ခုထွက်ပေါ်လာ၏။
မကြာခင်မှာပဲ လင်းလန် အိမ်တံခါးဝမှာ ဒုန်းခနဲ မြည်လာခဲ့သည်။
"တံခါးဖွင့် တံခါးဖွင့်..."
လင်းလန် လန့်နိုးလာပြီး "ဘယ်သူလဲ"
ဟန်ချင်စုန့်က သူမကို သူရင်ဘက်နှင့်ဆွဲကပ်ကာ သူမပခုံးကို ကိုင်ပြီး ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး အိပ်နေလိုက်နော်"
တံခါးခေါက်သံက ရပ်သွားသည့်အခါ လင်းလန် သူမအိပ်မက်မက်နေသည်ထင်ပြီး ရေရွတ်ရင်း တကယ်ကို ပင်ပန်းကာအိပ်ချင်
နေသဖြင့် မကြာခင် ပြန်အိပ်ပျော်သွားသည် ။
ဟန်ချင်စုန့်က ထိုခါမှထပြီး စောင်ကို တင်းတင်းကြပ်ကြပ် ခြုံပေးလိုက်ကာ ၊ ၎င်းနောက် ထပြီး အဝတ်အစားဝတ်၍ မြေကြီးပေါ် ဆင်းလိုက်၏။
အပြင်ဘက်တွင် လက တောက်ပနေပြီး ကြယ်များက ပြန့်ကျဲနေကာ ပြဒါးရောင်က မြေပြင်အနှံဖြန်းပက်နေခဲ့သည်။
အနောက်ဘက်နံရံမှ လူတစ်ယောက် ထွက်လာပြီး နှစ်ကြိမ် လေချွန်လိုက်သည်။
ဟန်ချင်စုန့်က လက်ယပ်ခေါ်လိုက်ပြီး ထိုလူက ကြောင်ကတိုးတစ်ကောင်ကဲ့သို့ နံရံမှခုန်ဆင်း၍ ခြေလှမ်းနှစ်လှမ်းသုံးလှမ်းဖြင့် ရှေ့ကို ပြေးလာကာ...
"ခေါင်းဆောင်ဟန်... အရာအားလုံးက ခင်ဗျားမျှော်လင့်ထားတဲ့အတိုင်းပဲ"
ဟန်ချင်စုန့်က ခေါင်းညိတ်ပြကာ
"ကျောက်အန်းဖျင်က ငါးစာဟပ်ပြီလား"
လော့ဟိုင်ချန်က ပြုံးပြီးပြော၏။
"ခေါင်းဆောင်ဟန် ငါမင်းကို လေးစားတယ်...မင်းက ကိစ္စတွေကို ခန့်မှန်းတဲ့နေရာမှာ တကယ်တော်တယ်"
ဟန်ချင်စုန့်က ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး... လူ့သဘာဝပါပဲ"
လော့ဟိုင်ချန် : ခေါင်းဆောင်ဟန်ဆီမှာပဲအမှုထမ်းကြစို့...
စွန်းကျောက်ဝမ်က ခေါင်းဆောင်ဟန်ကို အရူးတစ်ယောက်ဟု ထင်မှတ်နေ၏။သူ့ကို ရူးသည်ဟုပြောနေသူကသာ ရူးနေခြင်းဖြစ်သည်။
သူက ဟန်ချင်စုန့်ကို မြန်မြန်ဆန်ဆန် အကျဉ်းချုံး အစီရင်ခံလိုက်သည်။
"ကျောက်အန်းဖျင်က အရာအားလုံးကို ဂရုတစိုက်နဲ့ သူ့တူလေးအတွက် စနစ်တကျ စီစဉ်ပေးခဲ့တာ... ကျောက်ကျန့်ရှယ်က ခုရက်ပိုင်းမှာ လူပေါ်လူဇော်ဖြစ်နေတာ... ဟန်ချင်ဟွက ခက်ခဲတဲ့ ပတ်ဝန်းကျင်ကို သည်းမခံနိုင်တော့ဘဲ နောက်ဆုံးမှာ ကျောက်ကျန့်ရှယ် ရဲ့ အနိုင်ကျင့် ဖြားယောင်းခြင်းကို ခံရပြီး သဘောတူလိုက်တယ်... အကူအညီနဲ့...လွတ်မြောက်ဖို့ကိုပေါ့"
သောက်ကျိုးနည်းကိုလွတ်မြောက်အောင်ကူညီပါ့လား ...
အနှီကျောက်ကျန့်ရှယ်ကား သေပေတော့မည်။ ခေါင်းဆောင်ဟန်သူ့ညီလေးအပေါ် မကျေနပ်၍ ကောင်းကောင်းပညာပေးချင်သည်ဆိုလျှင်ပင် လူ့အဖွဲ့အစည်း၏ဘော့စ်အဖြစ်ဟန်ဆောင်ရန် မလိုအပ်ပေ။
ထိုအချိန်တွင် အပြင်ဘက်မှ တံခါးကို ဖြည်းညှင်းစွာခေါက်သံထွက်ပေါ်လာသည်။
"တတိယအစ်ကို... တတိယအစ်ကို~~"
ထိုကဲ့သို့ တိုးညင်းသည့်အသံကိုကြားရာတွင် လော့ဟိုင်ချန်က ဟန်ချင်စုန့်ကို ကြည့်လိုက်သည်။
ဘယ်သူလဲ...
ဟန်ချင်စုန့် တံခါးကိုဖွင့်လိုက်သည်နှင့် ဟန်ချင်းယွမ်က လျှောခနဲဝင်လာပြီး တံခါးကို ပိတ်လိုက်၏။
"တတိယအစ်ကို...မကောင်းတော့ဘူး...ဟန်ချင်ဟွ လွတ်သွားပြီ..."
ဟန်ချင်စုန့်က သူ့ကို ဘေးဖယ်လိုက်ပြီး တံခါးဖွင့်လိုက်ကာ
"သူတို့က ဌာနခွဲအတွင်းရေးမှူးကို သွားတွေ့ကြတာလား"
ဟန်ချင်းယွမ် အံဩသွားသည်။
"တတိယအစ်ကို...ဘယ်လိုသိလဲ"
လော့ဟိုင်ချန်က ပြုံးပြီးဆို၏။
"ဒါက ရန်သူကို ကြိုခန့်မှန်းတာလို့ခေါ်တယ်... ကောင်လေး နည်းနည်းလောက် လေ့လာထား"
ဟန်ချင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ဟေး...ခင်ဗျားက မဟုတ်ဘူး…အဲဒါ…”
သူ ခဏအကြာ နာမည်မမှတ်မိနိုင်ဖြစ်သွားသည်။
လော့ဟိုင်ချန်က ခေါင်းညိတ်လိုက်ပြီး "ငါက အဲ့ဒီတစ်ယောက်ပါ"
ဟန်ချင်းယွမ်က ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ပြီး "တောင်းပန်ပါတယ်...ကျွန်တော့်နာမည်က ဟန်ချင်းယွမ်ပါ"
လော့ဟိုင်ချန်က သူနှင့် တင်းတင်းကျပ်ကျပ် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"လော့ဟိုင်ချန် "
ဟန်ချင်စုန့်က သူတို့ကို လမ်းဖယ်ပေးရန် အချက်ပြလိုက်ပြီး တံခါးကိုပိတ်လိုက်သည်။
“သွားစို့”
သူတို့သုံးယောက် တပ်မဟာဌာနချုပ်ကို သွားကြ၏။
ဟန်ချင်းယွမ်က ရှန်ရွေ့လယ်ယာ၏တပ်စုခေါင်းဆောင်ကျန်းက လူတွေကိုဦးဆောင်၍ ထွက်ပြေးလွတ်မြောက်သွားသော ဟန်ချင်ဟွကို ဖမ်းဆီးနေကြောင်း အကျဉ်းချုံးရှင်းပြခဲ့သည်။
ဟန်ချင်စုန့် ကသူ့ညီကို လွတ်မြောက်အောင် ကူညီပေးခဲ့သည်ဟု ယုံကြည်သောကြောင့် ရာဇဝတ်မှုကို မေးမြန်းရန် လာရောက်ခဲ့ကြ၏။ လုံခြုံရေးညွှန်မှူးက ဦးဆောင် ကင်းလှည့် နေသည်ဖြစ်ရာ ဆူညံ့သံကြားသောအခါ တပ်မဟာကို လူတွေကို အရင်လွှတ်လိုက်ပြီးနောက် ဟန်ရုံဖန်က ဟန်ချင်းယွမ်ကို ဟန်ချင်စုန့်အား လာပြောခိုင်းခြင်းဖြစ်လေသည်။
ဟန်ချင်းယွမ်က အနည်းငယ်ရှုပ်ထွေးသွားပြီး "တတိယအစ်ကို..ဘာကိစ္စရှိလို့လဲ...အရေးကြီးလား"
ဟန်ချင်စုန့်: "အဆင်ပြေ ပါတယ်... သွားရအောင်"
တပ်မဟာဌာနချုပ်သို့ ရောက်သည့်အခါ၌ ဟန်ချင်းယွမ် ရုတ်တရက် လော့ဟိုင်ချန် ပျောက်သွားသည်ကို တွေ့လိုက်ရပြီး အံ့အားသင့်စွာ မေးလိုက်သည် "လော့ဟိုင်ချန်ရော"
ဟန်ချင်စုန့်: "သွားကြစို့"
စစ်တပ်ကြီးသည် များသောအားဖြင့် အစည်းအဝေးများအတွက်အသုံးပြုပြီး ဝင်းကျယ်ကြီး၊ အိမ်ဝိုင်းတစ်ခုနှင့် အလယ်တွင် နေရာလွတ်တစ်ခုရှိသည်။ ထုတ်လုပ်ရေးအဖွဲ့များကဲ့သို့ပင် ၎င်းတို့သည် တပ်မဟာ၏ခွဲဝေပိုင်ဆိုင်ခွင့်ရှိသည့် ဝက်၊ နွား၊ သိုး၊ နွားများအပါအဝင် တိရစ္ဆာန်အချို့ကိုလည်း မွေးမြူထား၏။
ရက်သတ္တပတ်များတွင် တိရစ္ဆာန်များကို အစာကျွေးရန်နှင့် ခြံကို စောင့်ရှောက်ရန် တာဝန်ရှိသော အစောင့်နှစ်ဦးသာ ရှိသော်လည်း ယနေ့ညတွင် အချို့မှာ မီးပုံးများကိုင်ဆောင်ထားကာ အခြားသူများက မီးတုတ်များ ကိုင်ဆောင်ထားသောကြောင့် ထိန်ထိန်လင်းနေသည်။
ဟန်ချင်စုန့် နှင့် အခြားလူများ ဝင်လာသောအခါတွင် သေနတ် ကိုင်ဆောင်ထားပြီး ရန်လိုသည့်အမူအရာဖြင့် တစ်ဖက်မှ လူ စုစုပေါင်း ဆယ်ယောက် လာသည်ကို တွေ့လိုက်ရ၏။
ဦးဆောင်လာသူက ခါးပတ်ကိုကြက်ခြေခတ် သဏ္ဍာန်ပတ်ထားလျက် နှစ်ဘက်လုံးတွင် သေနတ်များချိတ်ဆွဲထားကာ ခါးထောက်နေသည့် တပ်စုခေါင်းဆောင်ကျန်း ဖြစ်ပြီး တောက်ပ ထူထဲသောမျက်ခုံးမွှေးများဖြင့် ခံ့ညားသောအသွင်ရှိသည်။ ကံမကောင်းစွာဖြင့် သူ့အသားအရည်က နက်မှောင်လွန်းသဖြင့် အမှောင်ထဲတွင် သူ့တည်ရှိမှုကို အားနည်းစေ၏။
သို့သော် ဟန်ချင်းယွမ်၏အမြင်တွင် ၎င်းသည် အခြားသူများကို အနိုင်ကျင့်ခြင်းနှင့် အခွင့်အရေးကို အသုံးချလိုခြင်းတို့နှင့် ပိုတူနေသည်။
Xxxxxx