အပိုင်း ၂၀၇-၂၀၈
Viewers 20k

Part 207


ဟန်ရုံဖန်က တပ်စုခေါင်းဆောင်ကျန်းကို ကြိုဆို လိုက်သည်။


 "တပ်စုခေါင်းဆောင်ကျန်း...မင်းဘာပြောမှန်း ငါတို့မသိဘူး...ဟန်ချင်ဟွက ရွာကို ပြန်ထွက်ပြေး မလာဘူး... သူပြန်လာရဲရင် ငါတို့က  သူ့ကို ထိန်းသိမ်းပြီး တတ်နိုင်သမျှမြန်မြန် ပြန်ပို့ပေးမှာပါ" 


တပ်စုခေါင်းဆောင်ကျန်းက လှောင်ပြောင်ပြောဆိုလိုက်၏။


 " တစ်စုံတစ်ယောက်က သူ့ကို လွတ်မြောက်အောင် ကူညီပေးခဲ့တယ်... တစ်ယောက်ယောက်က သူ့ကို အကာအကွယ်ပေးထားတာ... သူ့ကို ဘယ်လိုပြန်ပို့နိုင်မှာလဲ"


ဟန်ချင်းယွမ်က ဒေါသတကြီးဖြင့်  "မင်းဘာတွေပြောနေတာလဲ...သူ့ကို ခေါင်းဆောင်ဟန် ကိုယ်တိုင် ပို့လိုက်တာ..ဘယ်သူက သူ့ကို ကာကွယ်ရမှာလဲ"


တပ်စုခေါင်းဆောင်ကျန်းက သူ့နှုတ်ခမ်းတွေကို တွန့်ကွေးပြီး ဟန်ချင်စုန့်ကို စောင်းကြည့်လိုက်ကာ

 "မလုပ်နိုင်ဘူးလို့ပြောတာနဲ့ မလုပ်တော့ဘူးလား... နာမည်ကောင်းရဖို့ တမင်တကာ အမှတ်ယူ...  ပြီးမှ လုပ်လိုက်သလားဆိုတာ ဘယ်သူသိမှာလဲ"


ဟန်ချင်စုန့် က ရှေ့ကို တိုးလာပြီး

 "ဟန်ချင်ဟွနဲ့ ကျောက်ကျန့်ရှယ်  နှစ်ယောက်လုံးက မင်းရဲ့ စီရင်ပိုင်ခွင့်အောက်မှာမလား " 


တပ်စုခေါင်းဆောင်ကျန်းက မျက်ခုံးပင့်လိုက်ပြီး "မင်းက ဘယ်သူလဲ"


"ဒါက မင်းရှာနေတဲ့ ဟန်ချင်စုန့်ပဲ" 


လူတစ်ယောက်က ဘေးကို ကပျာကယာလာပြီး တခြားသူတွေထက်ဦးအောင်ပြောလိုက်သည်။


၎င်းမှာ ရှန်ရွေ့ရွာ၊ဒုတိယထုတ်လုပ်ရေးတပ်မဟာ၏ လက်ထောက်ကပ္ပတိန် ဟန်ရုံလု ဖြစ်၏။ သူနှင့်ဟန်ချင်စုန့် တို့သည် မျိုးရိုးတူသော်လည်း ပဉ္စမတပ်မမှ ထွက်ခဲ့ကြသောကြောင့် မရင်းနှီးခဲ့ကြပေ။ သို့သော် ဟန်ရုံလု နှင့် ဟန်ရုံဖန်တို့ အကြား ဆက်ဆံရေးက ဆာဗာငါးခုအပြင်ရောက်ပြီးနေပြီဖြစ်ကာ မနီးကပ်ကြချေ။ (မတည့်ဘူး)


သူ့တွင်လည်း ဟန်ချင်စုန့် ဟုခေါ်သော သားတစ်ယောက်ရှိသည်။ ဟန်ချင်စုန့်နှင့် နာမည်တူသော်လည်း မိသားစုနှစ်ခုလုံးက နာမည် မပြောင်းလဲကြသောကြောင့် နှစ်ယောက်စလုံးကို ထိုသို့သာ ခေါ်ကြသည်။ နောက်ပိုင်း စစ်တပ်ထဲကိုပင် အတူတူဝင်လာကြ၏။   ဟန်ချင်စုန့်  ​​ သုံးနှစ်သက်တမ်း ကုန်ဆုံးပြီးနောက် စစ်မှုထမ်းရာမှထွက်ကာ ရွာကို ပြန်လာခဲ့သော်လည်း  *ဟန်ချင်စုန့်က ​​စစ်တပ်မှာ ဆက်လက်နေခဲ့သည်ကား စိတ်မကောင်းစရာပင်။ 

(T/N–ဒါက တို့လောင်ဟန်)


အချို့သောမကျေနပ်မှုများကြောင့် အထက်လူကြီးများသည် တစ်ရွာတည်းရှိသူတို့အား မနာလို၍ ညည်းညူရန်မှတပါး ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် ဟန်ရုံလုသည်လည်း ဟန်ချင်စုန့်နှင့် ပတ်သက်၍ ကြီးမားသောမကျေနပ်မှု ရှိခဲ့သည်။


အထူးသဖြင့် ဟန်ချင်စုန့်(ဒါက သူ့သား) အလုပ်ပြောင်းပြီး အိမ်ပြန်သောအခါတွင် သူ့အား ဆယ်နှစ်ကျော်ကြာအောင်မကောင်းသောအမြင် ကို ပေးခဲ့သည်။


ဟန်ချင်စုန့်   ဗျူရို၏ အကြီးအကဲဖြစ်လာပြန် ကြောင်း ကြားသိရသည်မှာ အတော်လေး စိတ်မသက်မသာဖြစ်စရာကောင်း၏။


ထိုအချိန်တွင် တပ်စုခေါင်းဆောင်ကျန်းက  လူများကို ဖမ်းဆီးရန် ရောက်ရှိလာလေရာ သူက  စုံစမ်းစစ်ဆေးမှုတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် ဌာနခွဲအတွင်းရေးမှူး နှင့် လုံခြုံရေးညွှန်မှူးထံ ချက်ချင်းလွှဲပြောင်းပေးခဲ့သည်။


ဟန်ချင်းယွမ်က ဟန်ရုံလုကို မကျေနပ်သည့်အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။


"ဦးလေး...ဦးလေးကဘာလို့ ဒီလောက်  တက်ကြွနေတာလဲ"     


ဟန်ရုံလုက ပြုံးပြီးဆို၏။

 "ဒါက ခေါင်းဆောင်ရဲ့ကိစ္စမဟုတ်ဘူးလား... ငါတို့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ရမယ်"


ဟန်ရုံဖန်နှင့် တခြားသူများ၏ အမူအရာပြောင်းသွားပြီး "တပ်စုခေါင်းဆောင်ကျန်း...မင်းများလွန်းသွားပြီး...ပြည့်သူ့ လုံခြုံရေးဗျူရိုရဲ့ညွှန်မှူး  ဟန်ချင်စုန့်ဘာလို့ဖြစ်ရမှာလဲ...  မင်းမေးစရာရှိရင် မေးလို့ရတယ်...ဖမ်းဆီးခွင့်တော့မရှိဘူး  "


တပ်စုခေါင်းဆောင်ကျန်းက မောက်မာစွာပြောလေသည်။

 "ကျုပ်က ဌာနခွဲအတွင်းရေးမှုလို့ပြောနေလို့လား ...နားမလည်တာလား နားမလည်သလို ဟန်ဆောင်နေတာလား...အခု ဘယ်ခေတ်ရောက်ပြီလဲ... စစ်တပ်က အရာရာကို ဦးဆောင်နေတာနားလည်လား...  အလုပ်သမားဝါဒဖြန့်ရေးအဖွဲ့နဲ့ လယ်သမား ဝါဒဖြန့်ရေးအဖွဲ့ထက် ပိုမြင့်တယ်... ကွန်မြူနတီက စစ်ကော်မရှင်ရဲ့ စီမံမှာအောက်မှာ...ကွန်မြူနတီပြည်သူ့လုံခြုံရေးဗျူရိုရဲ့ခေါင်းဆောင်ဆိုတာကဘာကောင်မလို့လဲ...ကျုပ်တို့ ကွန်မြူနစ်စစ်တပ်က စီရင်စုထဲက ကိစ္စအားလုံးကို တာဝန်ယူထားတာ"


ဟန်ချင်းယွမ်က မခံမရပ်ဖြင့်ပြောလိုက်၏။

 "ငါ့ရဲ့ တတိယအစ်ကိုက  Xစစ်တပ် ကပဲ"


"တော်တိတ်...စစ်မှုထမ်းဟောင်းက ဘယ်လိုစစ်သားမျိုးမလို့လဲ...သူက စစ်မှုထမ်းဟောင်းဆိုရင်  စစ်သားမဟုတ်ဘူးကွ" 


တပ်စုခေါင်းဆောင်ကျန်းက လက်ကိုဝှေ့ယမ်းကာဖြင့် စိတ်ကြီးဝင်စွာပြောလိုက်သည်။

သို့ရာတွင် ​ ယင်းကိုကြည့်​ပါက ဟန်ချင်စုန့်​ကိုသူမသိသည့်ဟန်ပင်။


တစ်ချိန်လုံး နှုတ်ဆိတ်နေသော ဟန်ချင်စုန့်က ရုတ်တရက် ပြောလာ၏။

 "ငါတို့ အချင်းချင်း အဆက်အဆံလုပ်ဖူးကြလား"


တပ်စုခေါင်းဆောင်ကျန်းက ချက်ချင်းနှာမှုတ်လိုက်ပြီး

 "မဖြစ်နိုင်ဘူး...စစ်မှုထမ်းဟောင်းတစ်ယောက်နဲ့ ကျုပ်ကဘယ်လိုလုပ်ပတ်သက်မှာလဲ... အဲ့လိုမျိုးမရှိဘူး..."


ဟန်ချင်စုန့် တရားမျှတချင်ယောင်ဆောင်နေသည့် မျက်နှာကို ကြည့်ပြီး စိတ်ထဲမှာ ပေါ်လာသော ပုံရိပ်တွေ အများကြီးရှိသော်လည်း သူက  စစ်တပ်မှာ ဆယ်နှစ်ကျော်ကြာအောင်နေခဲ့ကာ လေ့ကျင့်ရေး ၊ တိုက်ခိုက်ရေး အစီအစဉ်တွေနှင့် ပြိုင်ပွဲတွေမှာ အများအပြားမှာ ပါဝင်ခဲ့သဖြင့် မရေမတွက်နိုင်သော မျက်နှာများကို မြင်တွေ့ခဲ့ရလေရာ အချို့မှာ မှတ်မိရန်မလိုအပ်သောကြောင့် သူ့စိတ်ထဲမှာ မည်သည့်အမြင်မှ မချန်ထားခဲ့သည်ကား စိတ်မကောင်းစရာပင်။ 


တပ်စုခေါင်းဆောင်ကျန်းက  အနည်းငယ် ပဟေဠိဖြစ်နေကာ သူ့ကိုမှတ်မိပုံမရသော ဟန်ချင်စုန့်ကို ကြည့်ပြီး  ရုတ်တရက် အရှက်ရသွားသလို ခံစားလိုက်ရသည်။


 "ဟမ့်... တပ်ခွဲမှူးဟန်က   ကိစ္စတွေကို မေ့တတ်တဲ့  မြင့်မြတ်သူကြီးပါလား" 

 

ဟန်ချင်စုန့်က ခေါင်းအသာညိတ်ပြပြီး 

 "ဘယ်အချိန်မှာ မင်းနဲ့ပတ်သတ်ခဲ့ပြီး ဘယ်နေရာမှာ မင်းကိုဆန့်ကျင်မိလဲငါတကယ်မမှတ်မိတာ"


တပ်စုခေါင်းဆောင်ကျန်းက ရှေ့ကို လှမ်းတက်ကာ သူ့ကိုစိုက်ကြည့်ပြီး "ကျုပ်ကို သတိပေးစေချင်လား"


ဟန်ချင်စုန့်၏  မျက်လုံးတွေမှာ  ရွံရှာနေဟန် အရိပ်အယောင်တွေ ဝိုးတဝါး ပေါ်နေပြီး

 "မလိုဘူး... ရှုံးနိမ့်သွားတဲ့ ဗိုလ်ကြီးတွေက အများကြီးပဲလေ ...ဆက်ပြီးမှတ်မိနေစရာ  မလိုဘူး"


တပ်စုခေါင်းဆောင်ကျန်း: "..." 


သူ့မျက်လုံးထဲမှာ ရက်စက်     ကြမ်းကြုတ်သည့် အရိပ်အယောင်တွေ ရှိနေပြီး လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။


 "သူ့ကို လာဖမ်းကြစမ်း..."


မင်းအရင်တုန်းက ဘာ်လောက်ပဲ အာဏာရှိပြီးကြောက်စရာကောင်းကောင်း...အခုအလုပ်ပြောင်းလိုက်ပြီဆိုကတည်းက အစွယ်နှုတ်ခံထားရတဲ့ကျားပဲကွ... သောက်လေကြီးမနေစမ်းနဲ့...


ကွန်မြူနတီတစ်ခု၏ ပြည်သူ့လုံခြုံရေးဗျူရိုက အသုံးမဝင်ပေ၊  ကေဒါဆိုခြင်းက လူကြားကောင်းသော်လည်း  ဆိုးသည်မှာ  လုံခြုံရေးညွှန်မှူးလောက်ပင် အသုံးမဝင်ပေ။


ဟန်ချင်စုန့်ကိုဖမ်းဆီးရန် လူနှစ်ဦးရောက်လာကြရာ လုံခြုံရေးညွှန်မှူး၊ ဟန်ရုံဖန်နှင့်လျှိုကွေ့ဖာ တို့က ရှေ့တိုးကာ ဖြောင့်ဖြကြသည်။


 “တပ်စုခေါင်းဆောင်ကျန်း ပြောစရာရှိတယ်...ဒေါသမထွက်ပါနဲ့...ဒေါ်သမထွက်ပါနဲ့... ကိစ္စက မဖော်ထုတ်ရသေးပါဘူး"


လူတော်တော်များများက ဟန်ချင်စုန့်ကိုကူညီနေကြသည်ကိုမြင်သော် တပ်စုခေါင်းဆောင်ကျန်းက ဒေါသတကြီး ပြောလိုက်၏။


 "ခင်ဗျားတို့က စစ်သားတွေ တာဝန်ထမ်းဆောင်နေတာကို နှောက်ယှက်နေတာပဲ"


သူက သူ့သေနတ်ကို တစ်ခါတည်းဆွဲထုတ်လိုက်ပြီး ဟန်ရုံဖန်ဆီကို ချိန်လိုက်သည်။


 "နောက်ဆုတ်...ဆုတ်စမ်း"


ဟန်ချင်းယွမ်က ရှေ့ကိုပြေးတက်လာပြီး "တပ်စုခေါင်းဆောင်လို ဟန်လုပ်မနေနဲ့... မင်းက ခိုးဝင်လာတဲ့ အတုအယောင်တစ်ယောက်လို့ ငါထင်တယ် ..."


တပ်စုခေါင်းဆောင်ကျန်း ဒေါသထွက်ပြီး သေနတ်ကိုင်ကာ ဟန်ချင်းယွမ်  ဆီသို့ ပစ်ခတ်လိုက်သည် ။


Xxxxxx

Part 208


သို့ပေမဲ့ သူမပစ်နိုင်မီ ဟန်ချင်စုန့်ကသူ့ကို လမ်းတစ်ဝက်မှာ တားလိုက်၏။


 လူတိုင်း မျက်စိရှေ့မှာ ဝေဝါးသွားသလို ခံစားလိုက်ရပြီး ဟန်ချင်စုန့်၏လှုပ်ရှားပုံကို မမြင်လိုက်ကြဘဲ ချက်ခနဲမည်သံ အနည်းငယ်ကိုသာ ကြားလိုက်ကြရပြီး တပ်စုခေါင်းဆောင်ကျန်း၏ သေနတ်နှစ်လက် အပိုင်းပိုင်းအဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသည်။ 


လူတိုင်း : "..."


တပ်စုခေါင်းဆောင် ကျန်း: "!!!"


လွန်ခဲ့သော နှစ်ပေါင်းများစွာက အရှက်တရားသည် လူတိုင်းရှေ့တွင် တစ်ဖန် သောက်ကျိုးနဲအောင် ထွက်ပေါ်လာပြီး၊ ၎င်းက လူအများရှေ့မှာ  ပါးရိုက်ခံလိုက်ရသလိုပင်။


 ဟန်ချင်စုန့်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းက တော်တော် ရှင်းရှင်းလင်းလင်း မှတ်မိနေပုံပဲ"


တပ်စုခေါင်းဆောင်ကျန်ူ: "..." 


ဒီအမုန်းတရားက ပြေလည်နိုင်မှာမဟုတ်တော့ဘူး... 


တပ်စုခေါင်းဆောင်ကျန်း၏ နောက်လိုက် စစ်သားအနည်းငယ်လည်း အံ့အားသင့် သွားကြသည် ။၎င်းတို့၏ တပ်စုခေါင်းဆောင်က အဖွဲ့ ဌာနချုပ်၌ ရှိနေစဉ်တွင် သူက လက်နက် တပ်ဆင်ခြင်း နှင့်ဖြုတ်ခြင်းတို့တွင် အကောင်းဆုံး ဖြစ်သည်ဟု နေ့တိုင်း အော်ဟစ်နိုင်သူဖြစ်လေ  သည်။ယခုမူ ရှန်ရွေ့ကွန်မြူနတီ ပြည်သူ့လုံခြုံရေးဗျူရို၏ညွှန်မှူးရှေ့တွင်  ဂုဏ်သိက္ခာနည်းနည်းမှမကျန်အောင် မြေကြီးပေါ်ပြားပြားဝပ်  အနိုင်ပိုင်းခံလိုက်ရ၏။


သူ့ရှေ့ရှိလူက  ထိုစဥ်က  တပ်စုခေါင်းဆောင်ဟန်နှင့် လက်ရှိမူ ညွန်မှူးဟန်ဖြစ်သော ဟန်ချင်စုန့်ပင်။


 သူ၊ ထိုတနေ့လုံး ခံစားချက်ကောင်းနေပြီး ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့သည့် တပ်စုခေါင်းဆောင်ကျန်းက သူတို့မျက်စိရှေ့မှာတင် ကူကယ်ရာမဲ့စွာ အပြတ်အသတ်အနိုင်ယူခံလိုက်ရသည်။


ကနဦး၌ တုန်လှုပ်သွားပြီးနောက် ဤစစ်သားများ စိတ်လှုပ်ရှားလာသည်။


စိတ်လှုပ်ရှားလိုက်တာ...


အရမ်းမိုက်တယ်...


သူတို့သည် တဟုန်းဟုန်းတောက်လောင်နေ  သောမျက်လုံးများဖြင့် ဟန်ချင်စုန့်ကို စိုက်ကြည့်နေကြပြီး ဟန်ချင်စုန့်ကို ထိုင်ရှိခိုးလုနီးပါးပင်။


ဟန်ချင်စုန့်က  အံ့အားသင့်ကာထိတ်လန့်သွားသော တပ်စုခေါင်းဆောင်ကျန်း ကို ကြည့်လိုက်ပြီး

 "စစ်မှုထမ်းဟောင်းတွေက စစ်သားတွေမဟုတ်ဘူးဆိုရင် စစ်မှုထမ်းဟောင်းစစ်သားတွေကဘာလဲ... မင်းကရော ...မင်းက အလုပ်ကြမ်းစခန်းရဲ့ တပ်စုခေါင်းဆောင်ပဲ...ပုံမှန်စစ်တပ်ရဲ့ တပ်စုခေါင်းဆောင်မဟုတ်ဘူး...သေချာတယ်..."


သူက မြေပြင်ပေါ်ရှိ သေနတ်အစိတ်အပိုင်းများကို ကြည့်လိုက်ပြီး သူ့အသံက အေးစက်နေသည်- "ပရော်ဖက်ရှင်နယ်(လုပ်ငန်း) စွမ်းရည်က အရာအားလုံးကို ရှင်းပြတယ်" 

 

" ဟန် ချင် စုန့်..." 


 တပ်စုခေါင်းဆောင်ကျန်း ၏ မျက်လုံးများ တခဏတွင်းချင်း  နီရဲသွားကာ

  "မင်း အနိုင်ကျင့်တာတွေများနေပြီ..."

(Lol)


သူက သူ့လက်သီးကြီးကို မြှောက်ကာ ဟန်ချင်စုန့်ကို ထိုးလိုက်၏။


လူတိုင်း အော်ဟစ်ပြီး အမြန်နောက်ဆုတ်လိုက်ကြသည်။


ဟန်ချင်စုန့်ကမူ တပ်စုခေါင်းဆောင်ကျန်းနှင့် တိုက်ခိုက်နေလေပြီ။


ထိုးလိုက်ကန်လိုက် တဖမ်းဖမ်းတဖုန်းဖုန်းဖြင့်    အချီအနည်းငယ်ကြာပြီးနောက် တပ်စုခေါင်းဆောင်ကျန်း မြေကြီးပေါ်အမှောက်သိပ်ခံလိုက်ရသည်။


ဟန်ချင်စုန့်က သူ့နောက်ကျောကို  ဒူးနှင့်ထောက်ကာ လက်တွေကိုလိမ်၍ ကျောနောက်သို့ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ

 "ကျန်းဟေးလု...အလုပ်ကြမ်းစခန်းရဲ့ တပ်စုခေါင်းဆောင်အနေနဲ့ မင်းက  လာဘ်ငွေကို လက်ခံပြီး အလုပ်ကြမ်းစခန်းကို ခွင့်ပြု ချက်မရှိဘဲ လွှတ်ထားတယ်... ရှာဇဝတ်မှုတွေတိုးလာလိမ့်မယ်"


လူတိုင်း:"!!!"

ကျန်းဟေးလုဘာဖြစ်သွားတာလဲ...


ပြည်သူ့တပ်စုခေါင်းဆောင်ကျန်းက ခပ်မည်းမည်းဖြစ်နေသောကြောင့် သူကမြည်းမည်းတစ်ကောင်မျှသာမဟုတ်တော့ပေ။


 ထိုအချိန်တွင် စပါးကျီရှိ မြည်းနက်ကြီးက ကျယ်လောင်စွာ မြည်ဟည်းလိုက်သည်။


"မင်းတို ဘာလုပ်​​နေကြတာတုန်း..." 

ကျန်းဟေးလုက  ​ဒေါသတကြီး​ဟောက်​လိုက်၏။


 သူနှင့်အတူ ပါလာသော စစ်သားတွေက ဟန်ချင်စုန့်ကို သေနတ်နှင့် မချိန်မဝံ့ကြသည့်အတွက်  မနီးမဝေးကသာ ဝိုင်းထားနိုင်ကြလေသည်။


 ဟန်ချင်စုန့်က အမြန်ထပြီး နောက်ဆုတ်လိုက်၏။


ကျန်းဟေးလုက  ရုတ်တရတ် ခုန်ထလာပြီး ၎င်းနောက် စူးစူးဝါးဝါး အော်ဟစ်ကာ မြေကြီးပေါ်ပြန်လဲသွားပြန်သည်။  သူ့လက်နှင့် ခြေထောက်များကို မချုပ်ထားသော်လည်း နာကျင်ကိုက်ခဲသည့် ခံစားချက်က သိသာထင်ရှားသဖြင့် မတ်တပ်မရပ်နိုင်ဘဲ စိတ်ကြီးဝင်စွာ  အော်ဟစ်နေရလေသည်။


 "ဟန်ချင်ဟွက မင်းရဲ့တရားစီရင်ပိုင်ခွင့်မှာရှိပြီး အလုပ်မှာလည်း အစောင့်တွေရှိတယ်...ဒါပေမဲ့...မင်းက မင်းတာဝန်ကို ပေါ့ဆမှုရှိနေတယ်... ဟုတ်တာပေါ့ မင်းရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလည်းဖြစ်နိုင်တယ်" ဟုဟန်ချင်စုန့်က လေးနက်သောပုံစံဖြင့်ပြောလိုက်၏။


ကျန်းဟေးလု၏ မျက်နှာက မုန်းတီးမှုကြောင့် မည်းမှောင်သွားသည်။


 မည်သူမျှ ဤနည်းဤပုံဖြစ်လာမည်ဟု မမျှော်လင့်ထားဘဲ သူတို့အားလုံး ဘာလုပ်ရမှန်းမသိဖြစ်သွားကြ၏။


မူလက ဓားသည် ဖောက်ထွက်ခါနီးဖြစ်ကာ တစ်ခုခုဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။


သို့သော် ဟန်ချင်းယွမ်၏ မျက်လုံးများက တောက်ပနေခဲ့၏။ သူ့အဖေက သူ့ကို တတိယအစ်ကိုဖြစ်သူထံမှ ပြင်ပလောကကြီးအကြောင်းကို ထပ်မံလေ့လာရန် ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။


ဟန်ချင်စုန့်က ကျန်းဟေးလု၏ပုခုံးကို ပုတ်လိုက်ပြီး

 " ကျောက်အန်းဖျင်က မင်းကို လာဘ်ထိုးလိမ့်မယ်...သူကမင်းကို အကျိုးအမြတ်ဘယ်လောက်ပေးနိုင်မှာလဲ...မင်းသေချာစဥ်းစားပြီး အရုဏ်တက်တဲ့အခါ အသေအကြေတိုက်ပွဲအတွက် ခရိုင်တော်လှန်ရေးကော်မတီကိုသွားတာက ပိုကောင်းမယ်"


သူက ကျန်းဟေးလုကို ဒုတိယအရူးတစ်ယောက်ပဲဟူသောအကြည့်များဖြင့်  ကြည့်ပြီး ခေါင်းခါ၍ ဟန်ရုံဖန်နှင့် တခြားသူတွေကို စကားပြောရန် လှည့်ကြည့်လိုက်ပြီး ဟန်ချင်ဟွက အိမ်ကို တည့်တည့်ပြန်သွားသည်ကို မြင်ပါက ဘာမှထောက်ထားညှာတာစရာမလိုဘူးဟုပြောလိုက်သည်။


သူ လှည့်ထွက်လာပြီး တံခါးဝကို ရောက်သည်အခါ တစ်ခုခုကို တွေးမိလိုက်၍ ထပ်ပေါင်းပြောလိုက်သည်။


 "စကားမစပ် ရှန်ရွေ့လယ်ယာရဲ့တော်လှန်ရေး ကော်မတီညွှန်မှူး လျန့်ချန်းစုန့်လည်း အဲဒီမှာ ရှိနေလိမ့်မယ်"


 ဟန်ချင်းယွမ်က နောက်ကနေလိုက်ထွက်ကာ "တတိယအစ်ကို...ကျွန်တော် အစ်ကိုနဲ့လိုက်ခဲ့မယ်" 


သူ့အဖေက တတိယအစ်ကိုဆီကနေ ကြိုးကြိုးစားစားသင်ယူခိုင်းထားပြီး  အခွင့်အလမ်းကလည်း ယခုရောက်လာလေပြီ။


ဟန်ချင်စုန့်က ဆို၏။

"မပူပါနဲ့...ငါက မနက်မိုးလင်းမှ ပြောမှာ"


ထို့နောက်  သူက အရင်ထွက်ခွာသွားလေသည်။


အိမ်ပြန်ရောက်သည့်အခါ မှောင်နေသေးပြီး လက အနောက်ဘက်သို့ မေးတင်လျက်ရှိကာ နေရာအနှံ့ လင်းလက်တောက်ပနေဆဲပင်။


သူက နိုးစက်ပေးပြီး အ၀တ်အစားတွေ ချွတ်ကာ သူ့ကိုယ်သူ ပွတ်သပ်ပြီး အိပ်ရာထဲပြန်ဝင်လိုက်၏။


အိပ်ပျော်နေသော လင်းလန် အအေးဒဏ်ကြောင့် လန့်ဖျပ်သွားသည် ။


ဟန်ချင်စုန့်က သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူ့ရင်ဘတ်ရှိ အပူတွေနှင့် သူမကို နွေးထွေးစွာ ဖိကပ်ထားလိုက်ချိန်တွင်  သူမက ပိုနီးကပ်အောင် ဆွဲကပ်ကာ လက်တစ်ဖက်ကို သူ့လည်ပင်းမှာ ဖက်၍ ပိုပို၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။


သူ သူမကို ငုံ့ကြည့်လိုက်ပြီး  အလင်းရောင်မရှိသော်လည်း သူမမျက်ခုံးလေး များကို မြင်နိုင်စွမ်းရှိဟန်ရကာ ငုံ့မိုး နမ်းရှိုက်၍ သူမကို ဖက်လျက် အိပ်ပျော်သွားခဲ့၏။


 မိုးသောက်ချိန်...


လင်းလန်နိုးလာသောအခါ အိပ်ချင်မူးတူး မျက်လုံးများကို ဖွင့်လိုက်ရာ သူမခေါင်းထက်ရှိ သူမကို စူးစူးစိုက်စိုက်စိုက်ကြည့်နေသည့်မျက်နှာတစ်ခုကို တွေလိုက်ရသည်။


Xxxxxxx