Part 209
သူမနိုးလာသည်ကိုမြင်ရာတွင် ဟန်ချင်စုန့်က ခေါင်းငုံ့ကာ နမ်းလိုက်ပြီး
"ကိုယ်ခရိုင်ရုံးကို သွားတော့မလို့... မင်းမှာဝယ်စရာတစ်ခုခုရှိလား"
ခရိုင်ရုံး...
လင်းလန် ဘာမှဝယ်စရာမရှိဘူးဟု ပြောမည်ကြံသော်လည်း ကွန်ဒုံးအကြောင်း ရုတ်တရက် သတိရသွားပြီး မျက်လုံးကိုဖွင့်ကာ ပြောလိုက်သည်။
"ကျွန်မလည်း ခရိုင်ဆေးရုံကို သွားလိုက်ဦးမယ်"
ဟန်ချင်စုန့်က သူမကို ချက်ချင်း စိုးရိမ်တကြီးကြည့်ကာ
"ဘာဖြစ်လို့လဲ"
လင်းလန် : " အဆင်ပြေပါတယ်...ကျွန်မရှောင်ဝမ့်ကို မျက်လုံး ထပ်စစ်ကြည့်ဖို့ခေါ်သွားမလို့"
တလက်စတည်း ကွန်ဒုံးပါသွားဝယ်မည်ပင်။
ဟန်ချင်စုန့် : "အတူတူသွားကြရအောင်"
သူက ရှောင်ဝမ် ကိုကောက်ချီပြီး "မားမားက မင်းကို ခရိုင်ကို ခေါ်သွားချင်တယ်တဲ့"
သူ့အမေက သူ့ကို ခေါ်သွားချင်သည်ဟု ကြားသည့်အခါ ရှောင်ဝမ်က မျက်လုံးမဖွင့်ဘဲ ချက်ချင်း ထလိုက်ကာ ဇဝေဇဝါဖြင့် စိုက်ကြည့်လေသည်။၎င်းနောက် အဝတ်အစားကိုစမ်းကာ ဝတ်တော့၏။
မည်သို့ပင်ဖြစ်စေ သူက မျက်မှန်မပါဘဲ သိပ်ပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို ယခုလိုမျိုး ရင်းနှီးနေသည့် နေရာတွေကို ထိလိုက်လျှင်ပင် အတူတူနီးပါးသာ။
ဟန်ချင်စုန့်က သူ့ အင်္ကျီကို ခြေထောက်မှာ ခက်ခက်ခဲခဲ တွန်းတင်ပြီး ဘောင်းဘီကို ခေါင်းပေါ်တင်ထားသည့်ကို ကြည့်ကာ အမြန်ပြောင်းဝတ်ပေးလိုက်သည်။
ရှောင်ဝမ်က သူ့လက်နှစ်ဖက်ကိုဖွင့်ကာ အဝတ်အစားလဲပေးရန် အကူအညီတောင်းလာပြီး အဝတ်လဲပြီးသည်နှင့် ဖင်လေးထောင်လျက် ခေါင်းအုံးပေါ် လှဲကာ ဆက်အိပ်လိုက်၏။
လင်းလန်က အဝတ်အစားတွေဝတ်ပြီး ထမင်းချက်ရန် သွားခဲ့သော်လည်း ချက်ပြီးနေပြီကို တွေ့လိုက်ရသည်။
သူမ ဟန်ချင်စုန့်ကိုလှည့်ကြည့်လိုက်ကာ
"ရှင် ဘယ်ချိနိတုန်းက ထချက်တာလဲ"
ဟန်ချင်စုန့်: - "ခုနကမှချက်ပြီးတာ"
ကလေးတွေမထသေးသည်ကိုမြင်ရာတွင် လင်းလန်က ဝမ်းသာအားရ ခုန်ဝင်ပြီး ခြေဖျားထောက်လျက် သူ့ကို နမ်းလိုက်၏။
ရလဒ်အနေဖြင့် အရွယ်အစားကွာခြားချက်က အတော်လေးကြီးသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် မနမ်းမိလိုက်ကြပေ။
လင်းလန် : "..."
ဟန်ချင်စုန့်က ခပ်ဟဟရယ်မောရင်း သူမခါးကို ဖက်ကာ လွယ်လွယ်ကူကူ ဆွဲမြှောက်လိုက်ပြီး နှုတ်ခမ်းကို နမ်းလိုက်သည်။
လင်းလန် ကလေးတွေမမြင်ရန်နှင့် ကလေးတွေကို ရှင်းရှင်းလင်းလင်း မရှင်းပြရစေရန် ကပျာကသီတတ်နိုင်သမျှ မြန်မြန်ဆန်ဆန်လက်ခံလိုက်၏။
သူမ မနက်စာကို ထုပ်ပိုးပြီးေနာက် ဟန်ချင်စုန့်နှင့် အနည်းငယ်မျှစားလိုက်သည်။ ရှောင်ဝမ်ကို လည် ပန်ကိတ်တစ်ပိုင်းနှင့် ကြက်ဥဆားစိမ်တစ်လုံး ယူကျွေးလိုက်ပြီး ကျန်သည်များကို ကလေးများ အိပ်ရာထပြီးနောက်စားရန် အိုးထဲတွင် ထည့်ထားလိုက်သည်။
"မင်းတို့အဖေနဲ့မားမားက ရှောင်ဝမ်ကို သူ့မျက်လုံးကိုပြန်စစ်ဖို့ ခရိုင်ကိုခေါ်သွားမှာ...မနက်စာစားပြီးရင် ကျောင်းသွားရမယ်... အတန်းလစ်ရဲတဲ့လူရှိရင် တန်ခိုးရှင်လက်ကြီးက မင်းတို့ပြန်လာမှာစောင့်နေလိမ့်မယ်..."
လင်းလန်က တဝမ် နှင့် စန်းဝမ်ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့၏။
အခန်းက တိတ်ဆိတ်နေပြီး တဝမ်က မကြားချင်ယောင်ဆောင် နေသသည် စန်းဝမ်ကမူ အိပ်ပျော်နေတုန်းပင်။
ဟန်ချင်စုန့်က စက်ဘီးကို တောင်ဘက်ခန်းမှ တွန်းထုတ်လိုက်ပြီး နောက်ထပ်ဂွမ်းကပ်အနွေးထည်တစ်ထည် ယူ၍ ရှေ့တွင် တင်လိုက်ကာ ၎င်းနောက် ရှောင်ဝမ်ကို အရှေ့ဘားတန်းပေါ်တွင် ထားလိုက်သည်။
လင်းလန်: "ကျွန်မ ရှောင်ဝမ်ကို
ချီလိုက်မယ်"
ဟန်ချင်စုန့်: "မလိုပါဘူး"
ထွက်ခွာချိန်တွင် ဟန်ချင်စုန့်က သူ၏ခြေတံရှည်များနှင့် ခြေနင်းပြားပေါ် နင်းပြီး လင်းလန်ကို အပေါ်တက်ခိုင်း၏။
ယေဘုယျအားဖြင့် စက်ဘီးဖြင့် လူတစ်ဦးကို တင်သောအခါ နောက်မှလူသည် လမ်းလျှောက်၍ ခုန်ကာ တက်ရသည်၊ မဟုတ်ပါက နင်းရ မလွယ်ကူပေ။
မည်သို့ပင်ဖြစ်စေ လင်းလန်က လူကြီးတစ်ယောက်ခေါ်လာလျှင် သူဤသို့လုပ်ရမည်ပင်။
ဟန်ချင်စုန့်က အရပ်ရှည်ပြီး ခြေတံရှည်သည်ဟု သူမထင်သောကြောင့် သူမစိတ်ထဲထားမနေဘဲ တက်ထိုင်လိုက်သည်။
ဟန်ချင်စုန့်: "မြဲမြဲကိုင်ထား"
လင်းလန်: "..."
ဒီလိုလှိုင်းလုံးကြီးပြီးရင် ငါ တံတွေးခွက်မှာပက်လက်မျှောမှာတော့မဟုတ်ဘူးမလား...
သူမက သူ့အဝတ်အစားများကို ရည်ရွယ်ချက်ရှိရှိ ဆုပ်ကိုင်လိုက်သည်။
ဟန်ချင်စုန့် သူမ၏လက်ကို တိုက်ရိုက်ဆွဲကိုင်ကာ သူ့အိတ်ကပ်ထည့်လိုက်ပြီးနောက် တပ်မဟာဌာနချုပ်သို့ စီးသွားခဲ့သည်။
(ကြံဖန်ရို)
ရှောင်ဝမ် : "ဒူဒူ...သွားကြစို့"
ထို့နောက် လင်းလန်က သူ့ကိုသင်ပေးထားသော "ရထားလေး ဝူးဝူး... ကားလေး တွီတွီ... စက်ဘီးကလေး ကလင်ကလင်" ဟူသည့် ကလေးကဗျာကို စတင်သီဆိုခဲ့သည်။
ဟန်ချင်စုန့်က သူနှင့်ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ စက်ဘီးဘဲလ်ကို တီးလိုက်၏။ ယင်းက ရှောင်ဝမ်ကို ရယ်မောစေပြီး ဘဲလ်တီးရန် သူ့လက်လေးကို ဆန့်လိုက်သည်။
ကလင်လင်~~
(ရေခဲချောင်းသည်မိသားစုပါ)
"ဒီကို ဒီကို..."
ဟန်ချင်းယွမ်က သူ့စက်ဘီးကို ကွေ့လိုက်ပြီး ကျန်းဟေးလုနှင့် စစ်သားတွေက နောက်ကလိုက်လာကြ၏။
ကျန်းဟေးလု၏ သေနတ်က ပြန်တပ်ထားပြီဖြစ်ကာ ဤတစ်ခါတွင် အိတ်ထဲကို သေချာကျနမြဲမြဲ ထိုးထည့်ထားသည် ။သူက ဟန်ချင်စုန့်ကို အုံ့မှိုင်းနေသော အကြည့်တို့ ပေးလိုက်၏။ ဟန်ချင်စုန့်က သူ့မိန်းမ၊သူ့သားသမီးတွေနှင့်အတူ ရှိနေသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာက ပိုမည်းလာသည်။
ဟန်ချင်းယွမ်က လင်းလန်ကို နှုတ်ဆက်လိုက်သည်။
"မရီး ခရိုင်ကို သွားမလို့လား"
လင်းလန်က ပြုံးပြီး
"ရှောင်ဝမ်ရဲ့ မျက်လုံးတွေကို သွားစစ်ဆေးမလို့ "
ဟန်ချင်းယွမ်က ရှောင်ဝမ်၏ခေါင်းကို ကိုင်လိုက်ပြီး မျက်မှန်ကို တည့်ပေးလိုက်၏။
"အရမ်း ချောတာပဲကွာ"
ထို့နောက် သူကထပ်ဖြည့်လိုက်သည်။
“ဖြူဖွေးနုဖက်နေတာပဲ"
ထိုနေရာမှာရှိနေသည့် *မြည်းနက်က နှာမှုတ်ကာသရော်လိုက်၏။
(T/N–ကျန်းဟေးလု)
ဟန်ချင်စုန့်က ခေါင်းလှည့်ကာ သူ့ကို ပြုံးပြပြီး "တပ်စုခေါင်းဆောင်ကျန်း... မင်းသားကေရာ အသက်ဘယ်လောက်ရှိပြီလဲ"
ကျန်းဟေးလုနှင့် ခဏအကြာ အဆက်အဆံလုပ်ပြီးနောက် သူက သိပ်စိတ်အနှောက်အယှက်ဖြစ်စရာမကောင်းဘဲ နည်းနည်းတုံးအနေခြင်းဟု ခံစားရသည်။
ကျန်းဟေးလု : "..."
ကျုပ်မှာ မိန်းမမရှိသေးဘူး... သေစမ်း သောက်ရမ်းအနိုင်ကျင့်လွန်းတယ်..
ဟန်ချင်စုန့်က သူအိမ်ထောင်မပြုရသေး ကြောင်းသိသဖြင့် ဇနီးနှင့် သားသမီးများကို ကြွားရန် ခေါ်လာခဲ့၏။
သူ့အပေါ်မြည်းမည်းဟုခေါ်ခြင်း မှလွဲ၍ တခြားအမြင် မရှိသော ဟန်ချင်စုန့်က လင်းလန်ကို တိုးတိုးလေးပြောလိုက်သည်။
"တင်းတင်းကိုင်ထား... သွားကြရအောင်"
(T/N–Hei=black,lu=donkey>>ဟေးလု=မြည်းမည်း)
လင်းလန်က နာခံစွာ သူမလက်များကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်၏။
ကျန်းဟေးလု : မင်းဖင်ကြီးကိုကြွား... မင်း တို့ကောင်တွေ သွားကြစမ်းပါ... ကျုပ်မိန်းမနဲ့လက်ထပ်ပြီးတဲ့အထိစောင့်...ဟမ့်...ကျုပ်ရှန်ရွေ့ ရွာကမိန်းမတစ်ယောက်ရှာချင်တယ်...ပြီးရင်
နေ့တိုင်းလာကြွားမယ်...
ဟန်ချင်စုန့် နှင့် ဟန်ချင်းယွမ်တို့က စက်ဘီးစီးကြပြီး ကျန်းဟေးလုနှင့် အခြားသူများက ခြေလျင်လျှောက်လာကြသည်။
ဟန်ချင်စုန့်: "ကျန်းဟေးလု... အလုပ်ထုတ်ခံရဖို့ အဆင်သင့်ဖြစ်ပြီလား"
ကျန်းဟေးလု : " ကျုပ်က ဘယ်သူ့ကို ကြောက်ရမှာလဲ ...ကျုပ် အရင်က အလုပ်ထုပ်မခံရဖူးတာလဲမဟုတ်ဘူး...ကျုပ်က ရိုးးးဟိုး ဟိုး...နေပြီ ...ကျုပ် ဘယ်သူကို ကြောက်ရမှာလဲ ... ကျုပ်ပြောမယ် ဒီတစ်ခါတော့ ကျုပ်က ဟန်ချင်ဟွကို ချက်ချင်း မဖမ်းလိုက်မိဘူး...မဟုတ်ရင် ကျုပ် မင်းကို အပိုင်ကိုင်ပြီပဲ... စဥ်းတောင်မ မစဉ်းစားနဲ့...ကျောက်ကျန့်ရှယ် အဲ့ဒီမျိုးမစစ်ကတော့ …”
Xxxxxxx
Part 210
သူက တစ်လုံးချင်းပြောနေလေရာ
ရှောင်ဝမ်အတွက် အလွန်ဆန်းသစ်နေလေသည်။
သူက "လေယာဥ်ပျံကြီး ဘွန်း ဘွန်း ဘွန်း " ကို သီဆိုနေရင်းကနေ ယခုအခါ ရုတ်တရက်ကြီး"ဟေးလောင်ဇီရယ် ကြောက်ပါကွယ်~~"ဖြစ်သွား၏။
ဟန်ချင်စုန့်: "..."
သူတို့မိသားစုက နောက်ကလူတွေကို မစောင့်ပဲ ထွက်ခွာလာခဲ့သည်။
ခဏအကြာတွင် ကျန်းဟေးလုက မည်းမှောင်နေသည့် မျက်နှာနှင့် အော်လိုက်သည်။
"နောက်ကလိုက်...ဆက်လိုက်စမ်း... စစ်မှုထမ်းဟောင်းကတစ်ယောက်က မင်းတို့ကို အထင်မသေးစေနဲ့... မင်းတို့ ဘယ်လောက်သူရဲဘောကြောင်လဲကြည့်စမ်း...အကုန်လုံးထမင်းမစားခဲ့ကြဘူးလား"
ဟန်ရုံဖန်က အခုလေးတင် တပ်မဟာကလူတွေကို သူတို့အတွက် အစားအသောက်ပြင်ဆင်ပေးခိုင်းခဲ့၏။
“တပ်စု... တပ်စုခေါင်းဆောင်... မြန်လွန်းတယ်” သူတို့ တကယ်ကို လိုက်မမီနိုင်ပေ။
ဟန်ချင်စုန့်က ရည်ရွယ်ချက်ရှိရှိဖြင့် စက်ဘီးကို ဤမျှမြန်မြန်နင်းသွားသည်ဟု ခံစားလိုက်ရသည်။
သူတို့ ခရိုင်ကို ရောက်သည့်အခါ ကျန်းဟေးလုနှင့် သူ့အဖွဲ့ ရောက်မလာခင်မှာ ဟန်ချင်စုန့်က လင်းလန်ကို ဆေးရုံကို အရင်ပို့ပြီး ဟန်ချင်းယွမ် ကို ခရိုင်တော်လှန်ရေး ကော်မတီဆီ ခေါ်သွားခဲ့၏။
သူ လင်းလန်ကရှောင်ဝမ်ကို ဆေးရုံတံခါးဝဆီသို့ ခေါ်ဆောင်သွားသည်ကို ကြည့်ပြီးနောက် လှည့်ကာ စက်ဘီးနင်းလိုက်စဥ်တွင် သူ့နောက်မှ ရယ်မောနေသည့် လူတစ်ယောက်၏အသံကို ကြားလိုက်ရသည် ။
"လန်ဟွားဟွား၊ တကယ်ကိုမင်းပဲ"
ဟန်ချင်စုန့် မသိစိတ်ဖြင့် စက်ဘီးကို ရပ်လိုက်ပြီး နောက်ကို လှမ်းကြည့်လိုက်ရာ အထဲမှာ အဖြူရောင်ကုတ်အကျီ နှင့် လူငယ်တစ်ယောက်က ရှောင်ဝမ်ကိုကောက်ချီကာ လင်းလန်ကိုစကားပြောနေသည်ကို တွေ့လိုက်ရ၏။
ဟန်းချင်ယွမ်က လှမ်းကြည့်ကာ
"တတိယအစ်ကို...အဲ့ဒါဘယ်သူလဲ"
ဟန်ချင်စုန့် : "မသိဘူး"
ဟန်ချင်းယွမ် ဆက်မပြောရဲတော့ဘဲ
လင်းလန်နှင့်အဖြူရောင်ကုတ်အကျီဖြင့်လူ ဆေးရုံထဲကို ရယ်မော စကားပြောကာ အတူတူဝင်သွားကြသည်ကိုကြည့်ပြီး စိတ်ထဲမှာဆိုလိုက်သည်။
မရီးရေ...ဟုတ်တယ်...ဆေးရုံမှာမရီးးနဲ့သိတဲ့လူတွေရှိနေတာပဲ...
သူက ရယ်ပြီးပြောလိုက်၏။
"အရင်တစ်ခေါက် မရီး ရှောင်ဝမ်ရဲ့မျက်လုံးတွေကို လာပြတုန်းက ကြည့်ပေးတဲ့ ဆရာဝန်ဖြစ်လောက်တယ်"
ဟန်ချင်စုန့်က နင်းထွက်သွားသဖြင့် ဟန်ချင်းယွမ် အမြန်နောက်ကို လိုက်သွားရသည်။
.... .... .... .....
လင်းလန် လာလာချင်း ယန်ဟန်နှင့် တည့်တည့်တိုးမည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ယန်ဖန်ဖန်..တိုက်ဆိုင်လိုက်တာ" ဟုဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး ရှောင်ဝမ်ကို ဦးလေးဟုနှုတ်ဆက်ခိုင်း၏။
ရှောင်ဝမ်က ဟေးလောင်ဇီအကြောင်း ပြောနေဆဲဖြစ်ပြိး နာခံမှုရှိရှိဖြင့် အော်ခေါ်လိုက်သည်။
ယန်ဟန်က သူ့ကို ကောက်ချီလိုက်ပြီး သကြားလုံးတစ်လုံးပေးကာ လင်းလန်ကို အထဲကို ခေါ်၍ ဆရာဝန်အိုကြီးလျှိုနှင့် အရင်ဆုံး စစ်ဆေးစေခဲ့၏။ ဆရာဝန်အိုကြီးလျှိုက ကြင်နာတတ်ပြီး ဂရုတစိုက်နှင့် ရှောင်ဝမ်ကို သေသေချာချာ စစ်ဆေး၍ ခေါင်းညိတ်ပြကာ
" သူ့ကို ကောင်းကောင်း ဂရုစိုက်ထားတာပဲ... မျက်စဉ်းကို အချိန်မီ ထည့်ပေးထားတယ်...အရင်ကထက် အများကြီး ပိုကောင်းလာတယ်"
လင်းလန်က သူ့ကို မျက်စဥ်းအသစ် ညွှန်းခိုင်းလိုက်သည်။ အိမ်ကဟာက ကုန်သွားလေပြီ။
ဆရာဝန်အိုကြီးက လင်းလန်ကို နှိပ်နည်းအနည်းငယ်သင်ပေးပြီး သူမအား ရှောင်ဝမ်ကို နေ့တိုင်း နှိပ်ပေးခိုင်းကာ ရှောင်ဝမ်ကိုလည်း သူ့ဘာသူနှိပ်ခိုင်း၏။ အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးအခြေအနေ ပိုကောင်းလာပေလိမ့်မည်။
"ကလေးက နှစ်နှစ်ပြည့်ပြီးရင် ခွဲစိတ်ဖို့ ပြည်နယ်မြို့တော်ဆေးရုံကို ခေါ်သွားလို့ရတယ်"
"ခွဲစိတ်ဖို့ တကယ်ဖြစ်နိုင်ပါ့မလား"
လင်းလန်က ပျော်လည်းပျော်၊အံလည်းအံ့ဩသွားသည်။
မျက်လုံးကို ခွဲစိတ်ထားလျှင် သာမန်လူတွေလောက် မျက်လုံးက မကောင်းနိုင်သော်ငြား အနည်းဆုံး ဒီမျက်မှန်နက်ကြီး မလိုအပ်တော့ဟု ဆရာဝန်အိုကြီးလျှိုက ရှင်းပြ၏။
လင်းလန်က နားမလည်သောကြောင့် ဆရာဝန်ပြောသည့်အတိုင်း လုပ်မည်ပင်။
သူမကလေးကို ခွဲစိတ်ကုသနိုင်မှန်း သိလိုက်ရသောအခါ သူမ အလွန်ပျော်နေသည်။ အခုကနေ စပြီး ငွေစုကာ နှစ်နှစ်အတွင်း ရှောင်ဝမ်ကို ကို ခွဲစိတ်ရန် စိတ်ပိုင်းဖြတ်ထားသည်။
မျက်စိရောဂါဗေဒဌာနမှ ထွက်ပြီးနောက် လင်းလန်က သားဖွားမီးယပ်ဌာနသို့ သွားမည်ဖြစ်ကြောင်း ပြောခဲ့၏။
ယန်ဟန် သူမကိုကြည့်ရင်း "ဟုတ်လား..."
လင်းလန်.. "ပါးစပ်မဖွာနဲ့ သွားကြည့်ရုံတင်"
ယန်ဟန် အပြစ်ကင်းသည့်အမူအရာဖြင့်
"မီးယပ်ရောဂါရှိလို့လား... ဟုတ်ပြီငါ မင်းကို ခေါ်သွားပေးမယ်"
လင်းလန် : "..."
နင်ပါးစပ်ဖွာလွန်းမှန်း ငါဘာလို့ သတိမထားမိတာလဲ...
"နင် အလုပ်မရှုပ်ဘူးလား ငါတစ်ယောက်တည်းသွားလို့ရတယ်"
ယန်ဟန်:"ငါဒီနေ့အလုပ်မရှုပ်ဘူး ငါမင်းကိုခေါ်သွားပေး မယ်"
ထိုအချိန်မှာပဲ သူနာပြုဆရာမတော်တော်များများရောက်လာပြီး ချောချောလှလှ တစ်ယောက်က သူ့ကို ဟာသလုပ်လေသည်။
"အိုး ဒေါက်တာယန်... မိန်းမနဲ့ သားသမီးတွေက ဘယ်တုန်းက ရှိတာလဲ...ကျွန်မတို့ မင်္ဂလာဝိုင်လည်း မသောက်ရပါလား"
ယန်ဟန်က ပြုံးပြီး ရှောင်ဝမ်ကို အနည်းငယ် မြှောက်လိုက်ကာ
" ဘန်းမုန်အကြီးကြီး ဝယ်စားလိုက်နော်"
သူနာပြုဆရာမ၏အမူအရာက သိပ်မကောင်းချေ။ သူမက နှုတ်ခမ်း မဲ့နေပြီး တခြားသူတွေက သူမကို ဆွဲခေါ်သွား၏။
လင်းလန်:"နင်ဘာလို့ နားလည်မှုလွဲအောင်လုပ်တာလဲ...နင်က လက်ထပ်ရသေးတာမဟုတ်ဘူး... နင့်မိဘတွေ က အလျင်မလိုဘူးလား"
ယန်ဟန်: "ဘာကိုနားလည်မှုလွဲနေတာလဲ..
သူ့စကားတွေကို နားမထောင်နဲ့... တစ်နှစ်ရှိပြီ...ဘယ်သူက အိမ်ထောင်ရှိ မရှိ မသိလို့လဲ ...သူတို့ကို ဂရုမစိုက်နဲ့”
သူက လင်းလန်ကို ပြင်ပလူနာ ဆေးခန်းတံခါးကို ပို့လိုက်သည်။
လက်ရှိတွင် အမျိုးသမီး အများအပြား တန်းစီနေကြ၏ ။ ယန်ဟန်က လင်းလန်ကို စောင့်နေရန်ပြောပြီး သားဖွားမီးယပ် အထူးကုဌာန ညွှန်ကြားရေးမှူးထံသွားကာ သူမကို တိုက်ရိုက် ဝင်ခွင့်ပြုလိုက်၏။
လင်းလန် စောင့်နေစဉ်တွင် နူးညံ့သိမ်မွေ့သောအသွင်အပြင်၊သိက္ခာရှိသောဟန်ပန်တို့ဖြင့် မိန်းကလေးတစ်ဦး အခြားအခန်းမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးက အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်ရှိကာ ကျစ်ဆံမြီးနှစ်ချောင်းရှိပြီး အောက်ခြေမှာ အနီရောင်ကြိုးဖြင့် ချည်နှောင်ထား၏။သူမက မဲနယ်အပြာရောင် ဘောင်းဘီရှည်နှင့် အနီရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားသည်။
လက်ရှိတွင် ထိုမိန်းကလေးက အနည်း စိုးရိမ်နေပုံရပြီး သူမ၏အဝတ်ထောင့်များကို လက်ဖြင့်လိမ်နေကာ ကြေကွဲနေသည့်ဟန်ပင်။
လင်းလန်က သူမကို မှတ်မိပြီး "ရှုယွင် "ဟု အော်လိုက်ပေမဲ့ ကောင်မလေးက သူမအသံကို မကြားရလောက်အောင်အတွေးထဲမှာ နစ်မွန်းနေခဲ့၏။
လင်းလန်က ထိုကိုသွားချင်သော်လည်း ယန်ဟန်က “မင်းအလှည့်ရောက်ပြီ” ဟုဆိုကာလင်းလန်ကို အကြံပေးခန်းထဲတွန်းပို့လိုက်ပြီး ရှောင်ဝမ်ကို ရုပ်ပြစာအုပ်တွေဖတ်ရန် တခြားရုံးခန်းကို ပို့လိုက်သည်။
လင်းလန်က အသက်ငါးဆယ်ကျော်အရွယ် အမျိုးသမီးဆရာဝန်တစ်ဦးထံ ဝင်သွားလိုက်၏။ သူမက ဆရာဝန်ကို နှုတ်ဆက်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျေးလက်ဒေသရှိ ခရိုင်ဆေးရုံတွင် ပြုလုပ်ခဲ့သော ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာအုပ်ကို ထုတ်ယူကာ စားပွဲပေါ်တင်ကာ သူမ၏ပြဿနာကို ဆွေးနွေးခဲ့သည်။
သူမမှာ ကလေးငါးယောက်ရှိပြီး နောက်ထပ်ကလေးမလိုချင်တော့သည့်အတွက် ကောင်းမွန်သည့် သန္ဓေတားနည်း ရှိသလားဟူ၍။
အမျိုးသမီးဆရာဝန်က ဆို၏။
"မင်းက ကလေးမလိုချင်တော့ဘူးဟုတ်လား"
လင်းလန်က ခေါင်းညိတ်လိုက်သည်။
Xxxxxxx