အပိုင်း ၂၁၁-၂၁၂
Viewers 23k

Part 211


  " ကလေးမရှိရင် ကောင်းတယ်...

အခုတော့ သားဆက်ခြားနည်းကို အကောင်အထည်ဖော်ရတော့မယ်” 


 သူမက  ဆရာဝန်ဖြစ်ပြီး အစည်းအဝေးတွေအတွက် ပြည်နယ်ဒေသကို မကြာခဏ သွားလေ့ရှိ၏။ အထူးသဖြင့် မြို့ကြီးပြကြီးများတွင် အလုပ်သွားလုပ်ကြသော စုံတွဲများကလည်း အလုပ်များသောကြောင့် သန္ဓေတားခြင်းကို အာရုံစိုက်ကြပြီး သားသမီး သိပ်မလိုချင်ကြပေ။


 သို့သော် ဤသည်မှာ ကျေးလက်ဒေသမှ သူမကို မေးခွန်းတစ်ခုမေးရန် ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။ ဆေးစာအုပ်ကိုကြည့်လိုက်ရာတွင် သာမန်ကျေးလက်ရွာဖြစ်သည့် ရှန်ရွေ့ရွာဖြစ်နေ၏။


 လင်းလန်က  ပြုံးပြုံးလေး ခေါင်းညိတ်ပြပြီး "သားဆက်ခြားခြင်းဆိုတာ ဘာလဲ" 

ဆရာဝန်က သူမကို စိုက်ကြည့်ကာ "မင်းက ငါပြောတာကို နားမလည်နိုင်ဘူး... 

 ဒီလိုလုပ်ရအောင်...မင်းကငယ်သေးတယ်  မဟုတ်ရင် မင်း သန္ဓေထိန်းကွင်းကို အရင်တပ်ရမှာ... ကိုယ်ဝန်မရအောင်လည်း တားနိုင်တယ်... ကလေးမွေးချင်ရင် ကွင်းကို ချွတ်လိုက်ရုံပဲ"


လင်းလန်က မမွေးချင်ဘူးဟု ဆိုလိုက်သည်။


သူမမှာ သားသမိးငါးယောက်ရှိပြီး မွေးကင်းစကလေးကို မည်သို့ ပြုစုရမည်ကို သူမ တကယ်ကို မသိပေ။  အထူးသဖြင့် ယခုအချိန်မှာ ကလေးက ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးတတ်ပြီး မွေးကင်းစကလေးက ဖျားနာလွယ်၏။ အသားဝါရောဂါ၊ အင်ပြင်ထွက်ခြင်း ၊ အဖျား၊ ဝမ်းလျှော၊ မည်သို့ပင်ဖြစ်စေ  ပြဿနာမျိုးစုံရှိပြီး သူမ ထိုဒုက္ခတွေကို သည်းခံနိုင်မှာမဟုတ်ပေ။ 


ကလေး နေမကောင်းသောအခါ အနာကျင်ရဆုံးမှာ မိခင်ဖြစ်ပြီး သက်သာပျောက်ကင်းရန် စောင့်ဆိုင်းရုံမှတပါး ဘာမှမတတ်နိုင်ချေ။


  အများကြီး မြင်တွေ့ရမည်ကို လင်းလန် တကယ်ကြောက်သည်။


 ဆရာဝန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး

 “ဒါဆို ခွဲစိတ်မှုလုပ်ရအောင်”


“ဒေါက်တာ ခွဲစိတ်မှုက ခန္ဓာကိုယ်ကို ထိခိုက်နိုင်လား...”


မည်သို့ပင်ဖြစ်စေ  ခွဲစိတ်မှုတစ်ခုဖြစ်လေရာ လင်းလန် အနည်းငယ် စိုးရိမ်နေသေး၏။


ဆရာဝန်က သူ့မျက်လွှာချကာ

"ဘာကိုထိခိုက်ရမှာလဲ...ဒဏ်ရာက သေးသေးလေးပဲ.... သုံးရက်ဆို ဆေးရုံက ဆင်းလို့ရပြီ"


သုံးရက်၊ ဤသည်က စိတ်ဒဏ်ရာအသေးစားတစ်ခုဖြစ်ပြီး လင်းလန် သူမအရဲမစွန့်ရဲဟုခံစားရသည်။


ခွဲစိတ်မှုအပြီးမှာ သူမ၏တက်ကြွမှုကို ထိခိုက်စေသည့်အတွက် မေ့ပစ်သည်က ပိုကောင်းသည်ဟု သူမထင်၏။


ထိုအချိန်တွင် ယန်ဟန် ဝင်လာပြီး

 "ဒေါက်တာကျောင်း... ယောက်ျားလေးတွေရော သားကြောဖြတ်လို့ရလား" 


 ဆရာဝန်က ပြုံးပြီး "ရှောင်ယန် မင်းက သားကြောဖြတ်ချင်တာလား"


ယန်ဟန်က ရယ်ပြီး 

"ကျွန်တော်က အိမ်ထောင်မပြုရသေးပါဘူး...ဒီအကြောင်းစဥ်းစားဖို့က ကျွန်တော့် အလှည့်မဟုတ်ဘူး" 


သူက လင်းလန်ကိုပြောလေသည်။

 "ဟန်ချင်စုန့်သားကြောဖြတ်လိုက်ရင် လုံလောက်ပြီမဟုတ်ဘူးလား"


 သားကြောဖြတ်ခြင်းက  ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေမှာကို ကြောက်ပြီး သူမက သားကြောမဖြတ်ချင်လေရာ သဘာဝအတိုင်း သူများတွေကို တွန်းအားပေး လုပ်ခိုင်းခြင်းက မဖြစ်သင့်ဟု လင်းလန်တွေးမိ၏။ ကိုယ်မလုပ်ချင်သည့်အရာကို တခြားသူတွေကို မလုပ်ခိုင်းသင့်ပေ။

အကယ်၍ သားကြောဖြတ်ခြင်းက ယောကျာ်းတွေ၏ခန္ဓာကိုယ်ကိုထိခိုက်စေပါက မည်သို့ဖြစ်မည်နည်း။ ဟန်ချင်စုန့်က  သူမ၏ခင်ပွန်းဖြစ်ပြီး ကလေးများ၏ဖခင်ဖြစ်သည်။ သူကျန်းမာရေးမကောင်ပါက သူတို့ မည်သို့ကောင်းကောင်းမွန်မွန်ရှိနိုင်မည်နည်း။


ဒေါက်တာကျောင်းက သူမ၏အမူအရာကိုမြင်၏။ ယန်ဟန်က သူမကို ဤနေရာသို့ခေါ်လာပေးသည့်အတွက် သူမ၏သဘောထားက အလွန်ကြင်နာပြီး အသိမိတ်ဆွေတစ်ယောက်လိုပါပင်။


 "ကွင်းနဲ့လည်း လုံခြုံနေသေးတာပဲ... မြို့က အမျိုးသမီးတွေက အခုကွင်းကို ဝတ်နေကြပြီလေ...ကလေးမွေးချင်တဲ့အခါ ချွတ်လိုက်တယ်... ဒါက သန္ဓေတားကိရိယာပါ... အကျိုးသက်ရောက်မှုက ကောင်းတယ်”


လင်းလန် သူမဖတ်ဖူးသည့် အမျိုးသမီးအချို့ တစ်နှစ်ပတ်လုံး သန္ဓေထိန်းကွင်းကို  ၀တ်ဆင်ထားသော်လည်း အချိန်အတော်ကြာပြီးနောက် ခန္ဓာကိုယ်ထဲတွင် ကြီးထွားလာပြီး မထုတ်နိုင်တော့ကြောင်း သတင်းကို အမှတ်ရသွားသည်။


အချိန်အကြာကြီး ဝတ်ပြီးနောက် ကိုယ်လုံးကိုယ်ပေါက် ကွဲပြားသွားကာ အချို့လူများတွင် သားဖွားမီးယပ်ရောဂါများ ဆက်လက်ရှိနေဦးမည်ဖြစ်၏။


 လင်းလန် မစွန့်စားလိုပေ။   တစ်စုံတစ်ယောက်က နေကောင်းနေသည်ဆိုလျှင်  သူမကို ခံစားခွင့်ပေးလိုက်ပါက 100% မှားသွားပေလိမ့်မည်။


 “ကောင်းပြီ... ဒေါက်တာ ဆေးရုံမှာ ကွန်ဒုံးရှိလား” 

ကွန်ဒုံးသုံးရသည်က ပိုအဆင်ပြေမည်ထင်သည်။


ဒေါက်တာကျောင်းက စကားမပြောမီ ယန်ဟန်က ရယ်မောလိုက်၏။


လင်းလန် သူ့ကို စိုက်ကြည့်လိုက်သည်။

 ရယ်စရာပါလားပြော...


ဒေါက်တာကျောင်းက ဆို၏။

 "ဒီတစ်ခုက ပိုစျေးကြီးပြီး အရေအတွက်က အကန့်အသတ်ရှိတယ်... အိမ်ထောင်သက်နည်းရင် မင်းနည်းနည်းပဲ ဝယ်လို့ရတယ်"


လက်ရှိမှာ အမျိုးသမီးအများစုက သန္ဓေထိန်းကွင်းတွေဝတ်ဆင်ကြပြီး နှစ်မျိုးလုပ်သားတွေပင်   လုပ်အားခက အလွန်မများပဲ ကွန်ဒုံးအမြဲဝယ်မည်မဟုတ်ပေ။


အားလုံးက ပိုက်ဆံချည်းသာ။


ယခုအချိန်တွင် အဓိကခရိုင်ဆေးရုံမှာ များစွာမရှိသော်လည်း မည်သို့ပင်ဖြစ်စေ  ၎င်းတို့သည် လူကြိုက်များခြင်းမရှိပေ။


ဒေါက်တာကျောင်းက တစ်ချို့ကို သွားယူလိုက်သည်။


 လင်းလန်က မရှက်တတ်ပါချေ။  သူမအနေဖြင့်  ဟန်ချင်စုန့်၏ရှေ့တွင် ရှက်သွေးဖြာနေတတ်သော်လည်း တခြားသူများ၊ အထူးသဖြင့် ကျွမ်းကျင်သော ဆရာဝန်များရှေ့တွင် တည်ငြိမ်နေသည်။


 ဆရာဝန်နဲ့တွေ့တာ ရှက်စရာဘာရှိလဲ...

သူမ သူတို့အကြောင်း အများကြီးမစဥ်းစားပေ။


အထုပ်သေးလေးတစ်ထုပ်ကို ထုတ်ယူ၍ သူမတစ်ချက်ကြည့်လိုက်၏။  အဖျားကျဆေးပြားငယ်နှင့် ဆင်တူသော  စက္ကူအိတ်ဖြင့် ထုတ်ပိုးထားကာ XX *ကြက်ပေါင်ဆေးစက်ရုံမှ ထုတ်လုပ်ပြီး ၎င်းတို့ထဲတွင် နှစ်ခုပါရှိသည်။ ပါကင်အိတ်ပေါ်တွင် ရိုက်နှိပ်ထားသော ညွှန်ကြားချက်များ ပါရှိပြီး 12345ဟုဖော်ပြထား၏။

(T/N–ကြက်ပေါင်ဆေးပါ၊ ကြက်ပေါင်မဟုတ်...)


အကြီး ၃၅ မီလီမီတာ၊ အလတ်စား ၃၃ နှင့် အသေး ၃၁ မော်ဒယ်များလည်း ရှိပါသည်။ အရွယ်အစား ပြဿနာကို သူမ နားမလည်သည့်အပြင် ဟန်ချင်စုန့်၏ဖော်ပြ၍မရသော အစိတ်အပိုင်းများ ပါဝင်သဖြင့် မေးရန် ရှက်ရွံ့မိသည်။


အကြီးဆုံးအရွယ်အစားဖြစ်မည်ဟု သူမထင်ခဲ့သော်လည်း အကြီးဆုံးအရွယ်အစားမှာ လုံလောက်မှုရှိမရှိ သူမမသိပေ။


 sizeကြီးတချို့ကို ကောက်ယူပြီး “ဒေါက်တာ ထပ်ဝယ်လို့ရမလား” ဟု သူမမေးလိုက်၏။


အနှီအနည်းစုက မလုံလောက်ပေ၊ တစ်ညတည်းနှင့် သုံးကုန်သွားလိမ့်မည်။

(ကြွားတာလားအယ်မ)


ဒေါက်တာကျောင်း : "... " 

ဒီခတ်လူငယ်တွေက တကယ့်ကို ထိန်းထိန်းသိမ်းသိမ်းမရှိတာပဲ...


သူမက ယန်ဟန်ကိုလည်း စိုက်ကြည့်လိုက်သည်။


ယန်ဟန် : "..." 

ငါနဲ့ဘာဆိုင်လို့လဲ...ငါကအိမ်ထောင်မပြုရသေးပါဘူးနော်...


 သူမက ပါကင်အိတ်ကိုညွှန်ပြကာ

"အိုး မဖတ်တတ်ဘူး မလား...အဆင်ပြေပါတယ်...  ဒီအရာက ရေဆေးပြီး ပြန်သုံးလို့ရတယ်...ရေဆေးပြီးရင် ခြောက်အောင်ချိတ်ဆွဲထား...ပြီးရင် ပေါင်ဒါမှုန့်လိမ်းပြီး အရိပ်မှာ သိမ်းထားလိုက်ပါ"


လင်းလန် : "!!!!!!"


တစ်ကိုယ်လုံး နေထိုင်မကောင်းဖြစ်လာ၏။

ဆေးပြီး ပြန်​သုံးလို့ရတယ်ပေါ့လေ....


သူမ ကွန်ဒုံးပြုလုပ်ရာတွင် အသုံးပြုသည့် ပီကေကိုချက်ချင်းသတိရသွားသည်။ ကွန်ဒုံးကို ပီကေ၏ပင်စည်ပြုလုပ်ရန် အသုံးပြုခဲ့သော်လည်း ပိုကောင်းမလာနိုင်ခဲ့ပေ။


Xxxxxx

Part 212


လင်းလန်၏ မိုးကြိုးအပစ်ခံလိုက်ရသလို အမူအရာကို မြင်သည့်အခါ  ယန်ဟန် သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်ပြီး သူမ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။


"သွားရအောင်...ငါ မင်းကို အပိုတစ်ထုပ်ဝယ်ပေးမယ်... ခွဲစိတ်ဖို့ စောစောလာဖို့ ဟန်ချင်စုန့်ကို ပြောလိုက် "


 ဒေါက်တာကျောင်း မနေနိုင်ဘဲပြောလိုက်မိသည်။

 "လူငယ်တို့... ကိုယ့်ခန္ဓာကိုယ်ကိုကိုယ် ဂရုစိုက်ပြီး တန်ဖိုးထားသင့်တယ်"


လင်းလန်က အလျင်အမြန်  ပြုံးကာ ခေါင်းညိတ်ပြပြီး

 "ကျေးဇူးတင်ပါတယ် ဒေါက်တာ "


ဒေါက်တာကျောင်း သူမ(လင်းလန်)က ရှက်လည်းမရှက် မျက်နှာလည်းမနီသည်ကိုတွေ့သော်  သူမလည်း ဤအကြောင်းအရာကို ကျယ်ကျယ်ဝံဝံ့ပြောနိုင်သည့်အတွက် အလွန်အံဩမိ၏။ ဒီခေတ်မှာ မရှက်တဲ့သူ ဘယ်သူရှိလို့လဲ...

ကွယ်ရာမှာသာ အမျိုးသမီးအနည်းငယ်က ယောက်ျားတွေ အဆင်မပြသည့်အကြောင်း အသိအကျွမ်းတွေအချင်းချင်းပြောကြပြီး  မရင်းနှီးသည့်သူတွေရှေ့မှာဆိုပါက ထည့်ပြောရန်ရှက်ရွံ့ကြသည်။

 

လင်းလန် ယန်ဟန့်နောက်ကနေ ရှောင်ဝမ်ရုပ်ပြစာအုပ်ဖတ်နေသည့် ရုံးခန်းထဲလိုက်သွား၏။  လင်းလန် ၎င်းကို လှမ်းကြည့်လိုရာ ဆံပင်ဖြူ နှင့်ကောင်မလေးဖြစ်သည်။


လင်းလန်ပြန်လာသည်ကိုမြင်သောအခါ ရှောင်ဝမ်က ချက်ချင်းပြေးလာ၏။


လင်းလန်က ခေါင်းညိတ်ပြပြီး ဆက်ကြည့်ရန်ပြောကာ စကားလုံးအနည်းငယ် ဆို​ညည်းလိုက်သည်။

 "မြောက်လေက တိုက်တယ်... နှင်းပွင့်တွေက ပျံနေတယ်~~" 


 ယန်ဟန်က ချီးကျူးလိုက်ပြီး 

"မင်း သီချင်းဆိုတာ အရမ်းကောင်းတာပဲ"


 လင်းလန်က ချက်ချင်း ပြောလိုက်၏။

 " ငါ့ယောက်ျား သင်ပေးထားတာလေ... စစ်သီချင်းလည်း ဆိုနိုင်တယ်”


 ကလေးက စာဖတ်နည်းကို သင်ပေးပြီး ခင်ပွန်းက သီချင်းဆိုနည်းကို သင်ပေးသည်။ လင်းလန်က တစ်ခုမှထုတ်မပြသော်လည်း  တခြားမည်သူမှ သက်သေမပြနိုင်ပေ။


ယန်ဟန် သူမရင်ဘက်ကိုကော့ကာ မည်မျှစိတ်ကြီးဝင်နေသည်  မြင်လိုက်ရ၏။ မျှော်လင့်ထားသလိုပင် ယောက်ျားတစ်ယောက် ပြန်ရောက်လာသည်က ထူးဆန်းလေသည့်။ သူက တစ်ကိုယ်ရည်သုံးအိတ်ကို ယူသွားပြီး စားပွဲပေါ်ပစ်ချလိုက်၏။ 

"ငါမင်းကို ဂရုမစိုက်ဘူးလို့ မပြောနဲ့ ...ငါအများကြီးသိမ်းထားတာ...မင်းကို ပေးလိုက်မယ်"


လင်းလန်က သူ့ကို စိုက်ကြည့်သည်။

 "ငါပြောမယ် ယန်ဖန်ဖန်... နင်မလက်ထပ်ဘဲ ကွန်ဒုံးအများကြီးသိမ်းထားတာ သတိထားရမယ်...နင့်ရဲ့ အတွေးအခေါ်မှာ ပြဿနာရှိတော့ နင့်ကို လူရမ်းကားတစ်ယောက်အဖြစ် စွဲချက်တင်ခံရလိမ့်မယ်" 


ယန်ဟန်က ကောင်းကင်ကို မော့ကြည့်လိုက်၏။


သူက လူရမ်းကားဟူသည့်အသံကိုကြားသည့်အခါ ရှောင်ဝမ်ကချက်ချင်းခေါင်းမော့ပြီး ယန်ဟန်ကိုကြည့်ကာ

 "ဦးလေးက လူရမ်းကား"


ယန်ဟန်က ကမန်းကတမ်း အမှန်ပြင်ပေးလိုက်သည်။

 "ကောင်လေး...လျှောက်မပြောနဲ့...  ဦးလေးအသတ်ခံရလိမ့်မယ်"


 လင်းလန်က ကလေးလျှောက်ပြောနေမှာဆိုးသဖြင့် ရှောင်ဝမ်ကို အလျင်အမြန်  ပြောလိုက်၏။ဤသည်က ဟာသမဟုတ်ပေ။ သူမက ရုပ်ပြ စာအုပ်ထဲက ဟွမ်ရှီရန်ကို ညွှန်ပြကာ

 "ဟေး ဒါက လူရမ်းကားဟောင်းကြီးပဲ"


ရှောင်ဝမ်း ရုပ်ပြပေါ်က ဟွမ်ရှီရန်ကို လေးလေးနက်နက် မျက်နှာထားဖြင့် တို့ကာ ဆိုလေသည်။


 “ငါ့အဖေကို မင်းကို ဖမ်းပြီး အလုပ်ကြမ်း စခန်းကို ပို့ခိုင်းလိုက်မယ်”


လင်းလန် ရေဆေးပြီး ပြန်သုံးလို့ရသည့် ရှက်စရာကောင်းသော ကွန်ဒုံးပါကင်အိတ်ကို သူမပခုံးလွယ်အိတ်ထဲ ထည့်လိုက်ပြီး ခွဲစိတ်ရန် စဉ်းစားရင်း ထလာခဲ့၏။


သန္ဓေထိန်းကွင်းက သားဖွား မီးယပ်ရောဂါများဖြစ်မည်စိုးသောကြောင့် မျှမျှတတ ဤရှက်စရာကောင်းသော ကွန်ဒုံးကို သုံးကြရမည်ပင်။ 


သေချာပါ၏၊ သူမက ရေဆေးပြီး ပြန်သုံးရန်ခွင့်ပြုမည်မဟုတ်ပေ။


သို့သော် ဤအထုပ်ကို ရက်မည်မျှအသုံးပြုနိုင်မည်နည်း။ တစ်လစာ လုံလောက်မလား...

 လင်းလန်လည်း အနည်းငယ်ကြံရာမရဖြစ်သွားသသည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်းရှိ အကြိမ်အရေအတွက်အရ သူမခံစားရသည်က...


ထားလိုက်ပါ၊ သူက အစပိုင်းမှာ အသစ်အဆန်းဖြစ်နေခြင်းဖြစ်ပြီး  ရက်အနည်းငယ်ကြာပြီးနောက် ငြီးငွေ့ဖွယ်ကောင်းနေပေလိမ့်မည်။


သူမ သူမ၏မိန်းကလေးသူငယ်ချင်းတွေပြာကြသည့် ယောက်ျားလေးတွေက ဇနီးမယားကို တဖြည်းဖြည်း  စိတ်ဝင်စားမှု လျော့ပါးလာလိမ့်မည်ဟုသောအရာများဖြင့် အတော်လေးနားရည်ဝနေ၏။   အစပိုင်းမှာ သူတို့က နေ့တိုင်း နေ့တိုင်း တောင်းဆိုးကောင်းတောင်းဆိုးလိမ့်မည်ဖြစ်သော်လည်း နောက်ပိုင်းမှာ သူတို့က တစ်ပတ်ကို နှစ်ကြိမ် သုံးခါလောက်သာ လုံ့လစိုက်ထုတ်တော့သည်။ အဆုံးတွင် သူတို့က ပြည်သူပိုင်အစားအစာကိုမစားချင်ကြတော့ဘဲ သူတို့ဘာသူတို့ ဖြေရှင်းချင်ကြ၏။


သူမမှာ ကလေးငါးယောက် မွေးထားသည်။ ဟန်ချင်စုန့်၏ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုက ကျေနပ်အားရမှု လျော့နည်းသွားလောက်မည်မဟုတ်ပါလော။


ထို့ကြောင့် သူမ သိပ်ကြောက်နေးရာ မလိုပါချေ။


လင်းလန် သူမကိုယ်သူမ စိတ်ချ ဆေးပြားကျွေးပြီးနောက် အများကြီး ပိုကောင်းလာသည်ဟု ခံစားခဲ့ရသည်။ သူမက ယန်ဟန်ကို သားဆက်ခြားရေးရုံးရှိမရှိ၊ ကိုယ်ကာယသန့်ရှင်းမှု မြှင့်တင်ရေးရှိမရှိ အစရှိသည်တို့ကို မေးမြန်းခဲ့၏။


ယန်ဟန်က အံ့အားသင့်သွားကာ

 "ဒါကို မင်းဘာလို့မေးနေတာလဲ...ဒါက သားဖွားဆရာဝန်တွေနဲ့ အမျိုးသမီးညွှန်မှူးတွေရဲ့ အလုပ် မဟုတ်ဘူးလား"


 "ငါ့မိသားစုမှာ ကလေးတွေအများကြီးရှိတယ်လေ"

လင်းလန်က ပြုံးကာ

"ကလေးတွေအရွယ်ရောက်လာတဲ့အခါ...ယောကျာ်းလေးတွေချည်းဆိုတော့...နင်သိပါတယ်"

 


 ယန်ဟန် သူမကို နားမလည်ဟန်အကြည့်ဖြင့် ကြည့်ကာ ခဏလောက် စကားလုံးတွေပျောက်ဆုံးသွား၏။

ငါက ဘာသိရမှာလဲ... ဘာကိုသိရမှာလဲ...


"ဒါက လူပျို/အပျိုဖော်ဝင်စရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်းပဲ..." 


ယန်ဟန်   တကယ်နားလည်သွားသည်။ သူက ဆယ်ကျော်သက်တွေအကြောင်း အရာအားလုံးကို တွေ့ကြုံခံစားဖူး၏။


"ငါနင့်အတွက် စာအုပ်နှစ်အုပ်ရှာပေးမယ်"

သူက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး

"အဓိကက...မင်းစာဖတ်တတ်လား"


လင်းလန် : “… ငါ့ကလေးတွေက ကျောင်းတက်နေပြီမလို့ ငါလည်း စာသင်နေတယ်”


 “အိုး...မင်းအတွက် ရှာပေးမယ်”


မကြာမီတွင် ဇီဝကမ္မဗေဒနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အသိပညာများပါရှိပြီးအမျိုးသားနှင့် အမျိုးသမီးတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာကာ ရေးဆွဲထားသည့် "ခြေဗလာဆရာဝန်လက်စွဲစာအုပ်" အပါအဝင် စာအုပ်အချို့ကို သူတွေ့ရှိခဲ့သည်။


နောက်ထပ် အလားတူနှစ်ခု ရှိသေး၏။


လင်းလန် အတော်လေး  ပျော်သွားသည်၊ သူမက ၎င်းကို ပြန်ယူ၍ ဟန်ချင်းဖျင်အား  ကလေးများကို မှန်ကန်သော သိပ္ပံနည်းကျ နိဒါန်းတစ်ခု ပေးခိုင်းရမည်။သို့မှသာ ကလေးများ ယင်းကို စူးစမ်းချင်စိတ်ဖြစ်ပြီး ရှားရှားပါးပါး အကြောင်းအရာကဲ့သို့ ပြောဆိုခြင်း မပြုကြမည်ပင်။ 


 ယန်ဟန်က ပြောင်လိုက်သည်။

 "တားမြစ်ထားတဲ့ စာအုပ်တွေက ဒီစာအုပ်လောက် အသေးစိတ်မကျဘူး"


လင်းလန်က ခဏအကြာ သိချင်နေပြီး

 "တားမြစ်စာအုပ်ကဘာလဲ"


ယန်ဟန်က ပြုံးပြီး စားပွဲပေါ်ကို လက်ညိုးနှင့်တောက်ကာ  "ဟေ့ မင်းက မင်းမေးနေတဲ့ဟာကို နားမလည်ဘူးလား...လူရမ်းကားကို အပြစ်ပေးတာက ဟာသမဟုတ်ဘူးနော် "


 လင်းလန်က မကြောက်ပေ။


 ငါ့ယောက်ျားက ဒါကို တာဝန်ခံယူမှာ...


"ဘာဖြစ်လို့ နင်တို့ဆေးရုံက ကျေးလက်မှာ သားဆက်ခြားဖို့ ကျန်းမာရေးမြင့်တင်ဖို့မလာတာလဲ.. ကျေးလက်ကလူတွေက ဒီအရာတွေကို နားမလည်တဲ့အတွက် မြင့်တင်ပေးဖို့လိုတယ်...မဟုတ်ရင်  မတော်တဆမှုတွေ ဖြစ်လွယ်တယ်”


 သူက ပြုံးကာဆို၏။

"လူငယ် ယောက်ျား မိန်းမဆိုတာ ကျေးလက်မှာ အကန့်အသတ် မရှိဘူး...မြို့မှာလည်း အများကြီးပဲ... ဝါဒဖြန့်တာက ဘာအသုံးဝင်မှာလဲ"


"အသုံးဝင်တာပေါ့... နားမလည်သူတွေအတွက် ဝါဒဖြန့်မှုက နားလည်စေမှာလေ... အနည်းဆုံးတော့ အာရုံစိုက်နည်းကို သိလာမယ်လေ"


 

    xxxxxxxx