Part 213
ယန်ဟန်က သူမကို စူးစမ်းလိုသည့် ရည်ရွယ်ချက်ကို ဖုံးကွယ်မထားဘဲ ခေါင်း လှည့်ကြည့်လိုက်သည်။ ယခု သူမက တောသူနှင့် မတူတော့ပေ။ သူမ၏အသားအရေက ပြန်လည်ကောင်းမွန်လာကာ သူမ ပို၍ ဖြူဖွေးလာ၏။ သူမ၏ မျက်လုံးများက တည်ငြိမ်ပြီး တင်းမာနေသည်။ယင်းက သူ၏ ထင်ယောင်ထင်မှားဖြစ်မှုမဟုတ်၊ ထိုအကြည့်တွင် သူမနှင့်မသက်ဆိုင်သော ဉာဏ်ပညာအလင်းရောင်တစ်ခုရှိနေ၏။
ငယ်စဉ်ကတည်းက သူမကို မသိခဲ့ပါက သူမကို ကြည့်ရုံဖြင့် ကောလဟာလ ကြွက်စုတ်နှင့် မည်သူမျှ ဆက်စပ်နိုင်မည်မဟုတ်ပေ။
ဟန်ချင်စုန့်က အလုပ်ပြောင်းပြီး အိမ်ပြန်လာသည့်အတွက် သူမတည်ငြိမ်သွားသည်က ကောင်းသည့်အရာတစ်ခုပင်။
“နောင်မှာရှိလာရင် ငါ သူတို့ကို မင်းတို့ရွာကို အရင်ဝါဒဖြန့်အောင် လွှတ်လိုက်မယ်”
"မင်း ဒါကို အလေးအနက်ထားရမယ်...မင်းရဲ့ညွှန်းမှူးနဲ့ ဥက္ကဌဆီကို လျှောက်ထားရမယ်... သတ်မှတ်ထားတဲ့ ဝါဒဖြန့်ရေး အဖွဲ့တစ်ဖွဲ့ဖွဲ့စည်း၊ခြေဗလာဆရာဝန်တွေကို အရင်လေ့ကျင့်ပြီးမှ... ဝါဒဖြန့်ရအောင် ကျေးလက်ကို သွားရမှာ"
ယခုလို ဝါဒဖြန့်ခြင်းမျိုးက ဖျော်ဖြေရေး အစီအစဥ်တွေလည်းလုပ်ဆောင်မည်ဖြစ်၍ သာမန်လူတွေက အကြိုက်ဆုံးအရာပင်။
နားထောင်ရသည်ကို မကြိုက်သူ ၊ရှက်ရွံ့ သူတိုင်းအား ရိုးစင်းစွာ ဟောပြောသည်က အဆက်ပြေ၏။ ထို့အပြင် ပြပွဲက ဖျော်ဖြေမှုနှင့်ပညာပေးမှာဖြစ်လေသည်။
"ဟေး ဒေါက်တာယန်...ရှင်ဘာတွေပြောနေလို့ ဒီလောက်ပျော်နေတာလဲ".
ထိုအချိန်တွင် အမျိုးသမီးဆရာဝန်တစ်ယောက်ဝင်လာပြီး လင်းလန်ကိုကြည့်လေသည်။
ယန်ဟန်က ချက်ချင်းပင် အလေးအနက်ဖြစ်သွားပြီး. "ဘာမှမဟုတ်ပါဘူး...ကလေးမျက်လုံးပြဖို့ ရွာက မိန်းကလေးတစ်ယောက်နဲ့ လိုက်လာတာ"
အမျိုးသမီးဆရာဝန်က လင်းလန်၏ ပခုံးလွယ်အိတ်ထဲမှ တစ်ကိုယ်ရေသန့်ရှင်းရေးအိတ်ထွက်နေသည်ကို တွေ့လိုက်ရသည်။ သူမက ရှင်းသွားပြီဟူသော အကြည့်ဖြင့်ထွက်သွားလေ၏။
သူမက အပြင်ထွက်ပြီးသည်နှင့် သူမနှင့်ရင်းနှီးသည့် သူနာပြုခေါင်းဆောင်းဆီသွား၍ ချဲ့ကားကာ အတင်းတုပ်လိုက်သည်။
"နင်သိလား...ဒေါက်တာရှောင်ယန်က ယူသွားပြီ... အကြီးကြီးပဲ..အဲဒီအမျိုးသမီးကို ကွန်ဒုံးတစ်ဗူးပေးလိုက်တယ်"
တစ်ယောက်ပြီးတစ်ယောက် ပြောကြရင်း မကြာမီ ဒေါက်တာချန်ရှောင်ယန်နှင့် အမျိုးသမီးတစ်ယောက်က ဆေးရုံက ထုတ်ပေးသည့် ကွန်ဒုံးဖြင့် တစ်နေရာမှာ လုပ်နေကြသည်ဟူ၍ဖြစ်သွား၏။
ဘာလုပ်ရမည်ဆိုလျှင်ကား သက်သေမပြပါဘဲ မည်သူမှ မှားမှာမဟုတ်ပေ။
နေမြင့်နေပြီဖြစ်၍ ယန်ဟန်ကဆိုလိုက်သည်။
"သွားရအောင်...မင်းကို ထမင်းစားဖို့ ဖိတ်တယ်...ဒီနေ့ ကန်တင်းမှာ ကိုးဘီးအူကြီးနဲ့ ဝက်ဗိုက်သားရှိတယ်"
သူက ရှောင်ဝမ်ကို အလွယ်တကူ ကောက်ချီလိုက်ပြီး ရှောင်ဝမ်က လက်ထဲမှာ စာအုပ်လေးကို ကိုင်ထားဆဲပင်။
လင်းလန် သူမအလာတုန်းက ယန်ဖန်ဖန်အတွက် ဘာမှမယူလာဘဲ သူ့ထမင်းနှင့်သူ့ဆန်သွားစားတော့မည်ဟု တွေးကာ အနည်းငယ်ရှက်သွားသည်။
ယန်ဟန်က သူမကို ငြင်းရန် အခွင့်အရေးမပေးဘဲ ရှောင်ဝမ်ကို ပွေ့ချီကာ ကန်တင်းသို့ ခေါ်သွားခဲ့၏။
လမ်းခရီးမှာ သူကစလိုက်သည်။
“အဲဒါကို ပြောရရင် မင်းက ခေတ်ဆန်တယ်လို့ ယူဆရတယ်... သန္ဓေတားဆေးအကြောင်း မေးဖို့ ဆေးရုံကို လာရမှာ မရှက်တဲ့သူတွေ အများကြီး မရှိဘူး”
လင်းလန်: “ငါအရေထူတာ ငါသိပါတယ်နော်... ကျေးဇူးပဲ"
ယန်ဟန်က ရယ်မောကာ
"တကယ်တော့ ကိုယ်ဝန်ရှိရင် ကလေးမွေးရမှာ... ဘယ်လိုပဲဖြစ်ဖြစ် မင်းကငါးယောက်ရှိပြီးသားဆိုတော့ နောက်ထပ် ငါးယောက် ထပ်မွေးရမှာကို မကြောက်တော့ဘူးလေ... အခု ကလေးတွေက အသက်ကြီးလာတဲ့အခါ မင်းကို အကူအညီပေးနိုင်တယ်လား...ကလေးမွေးဖို့ပဲလိုတာ”
ဒီစကားတွေက ဘာကြောင့်များ တစ်ချိန်လုံးပေါ်လာတာပါလိမ့်… ကိုယ်ဝန်ရှိတဲ့အခါ မွေးမှာပေါ့ …
လင်းလန်က ဒေါသထွက် ဟန်ဆောင်ပြီး
“ငါက သားဖောက်တဲ့ဝက်သားမွေးမကြီးလား"
"တောင်းပန်ပါတယ်...ငါကနောက်နေတာပါ ...နောက်ခါသတိထားပါ့မယ်"
သူက ပြုံးပြီး တောင်းပန်၏။
သူက ပြုံးနေသော်လည်း ရုတ်တရက် အပြုံးရပ်သွားပြီး အပြင်မှာ လမ်းလျှောက်နေသည့် လူကိုကြည့်ကာ
"လန်ဟွားဟွား... မင်းရဲ့ယောက်ျား ရောက်နေတယ် "
လင်းလန်က ယင်းကိုမြင်ပြီးနေပြီဖြစ်ကာ ပြုံးပြုံးလေးနှင့် ဟန်ချင်စုန့်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ရှင်ဘာလို့ဒီကိုရောက်နေတာလဲ"
ဟန်ချင်စုန့်၏ တင်းမာသည့်အမူအရာက သူမနှင့်ရှောင်ဝမ်ကို တွေ့သောအခါ အနည်းငယ်ပျော့ပြောင်းသွားပြီး ခြေလှမ်းကျဲကြီးတွေနှင့် လျှောက်လာကာ ရှောင်ဝမ်ကိုလက်လှမ်း၍ ခေါ်လေသည်။
လင်းလန်က မိတ်ဆက်လိုက်၏။
"ဒါက ယန်ဖန်ဖန်...ငယ်ငယ်က သူငယ်ချင်း..."
ဟန်ချင်စုန့်က ယန်ဟန်ကို လက်ပေးကာ
"ဟဲလို"
ယန်ဟန်က ပြုံးပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်ကာ "ခေါင်းဆောင်ဟန်...ကျွန်တော် ခင်ဗျားကို လေးစားနေတာကြာပါပြီ"
Xxxxxxx
Part 214
ဟန်ချင်စုန့် ဘာကြောင့်မှန်း မသိသော်လည်း ယန်ဟန်၏ အပြုံးမှာ လှောင်ပြောင်မှုအနည်းငယ်ကို မြင်လိုက်ရသည်။ ဘာကို ဆိုလိုတာလဲ...
ယန်ဟန်က ဆို၏။
"နောက်ကျနေပြီ...ထမင်းစားဖို့ ကန်တင်းကို သွားကြရအောင်"
ဟန်ချင်စုန့်က ပြောလိုက်သည်။
"မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော် စီစဉ်ထားပြီးသားပါ"
လင်းလန်က ယန်ဟန်ကို နှုတ်ဆက်ပြီး
"ဖန်ဖန်...အချိန်ရရင်၊ ငါ့အိမ်လာလည်... ငါနင့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်လေ "
ယန်ဟန်က သူ့လက်ကို ဆန့်တန်းပြီး တန်းပြောလိုက်သည်။
"...ဘိုင့်"
.... .... ....
ဟန်ချင်စုန့်က ရှောင်ဝမ်၏ကိစ္စအတွက် စိတ်ပူနေ၏။
လင်းလန်က သူ ပိုက်ဆံစုရမည်ဖြစ်ပြီး နှစ်နှစ်အတွင်း ရှောင်ဝမ် ခွဲစိတ်နိုင်ကြောင်း၊ သူ့မျက်လုံးက 60 %ကနေ 70% အထိ ပြန်ကောင်းလာမည်ဖြစ်ကြောင်း သူ့ကိုပြောလိုက်သည်။
ဟန်ချင်စုန့်က ရှောင်ဝမ်၏ဆံပင်ကို ပွတ်သပ်လိုက်ပြီး လင်းလန်၏လက်ကို ဆုပ်ကိုင်ကာ ခါယမ်းလျက် တည်ကြည်စွာပြောလိုက်၏။
"ကောင်းပြီ...ကိုယ့်တာဝန်ထား"
လင်းလန်က သူမဘက်ကနေစကာ လက်ကို ဟန်ချင်စုန့်အိတ်ကပ်ထဲထည့်လိုက်သော်လည်း
ရလဒ်အနေဖြင့် လှုပ်ရှားမှုကများလွန်းသွားလေရာ မတော်တဆ သူမအိတ်ကိုမြှောက်မိလိုက်ကာ ကွန်ဒုံးတချို့ထွက်ကျလာပြီး မြေကြီးပေါ် ပြန့်ကျဲသွား၏။
ဟန်ချင်စုန့်က လှမ်းကြည့်ကာ
"အဲ့ဒါ ဘာလဲ"
လင်းလန်:" ...! "
သူမ အသုတ်သုတ်အပျာပျာခုန်ဆင်းကာ
ကောက်ယူလိုက်သည်။
"ဟားဟား ဘာမှမဟုတ်ပါဘူး ...ဆေးပြားတွေပါ"
ရှေ့ရှိ ရှောင်ဝမ်က ခေါင်းလှည့်လာပြီး
"သားသိတယ်...ကွန်ဒုံးတွေ "
ဟန်ချင်စုန့်"ဘာရယ် ..."
ဟန်ချင်စုန့်:"အဲဲဒါက ဘာလဲ"
လင်းလန်က မူလက ဘာမှ မဖြစ်ဟန်ဆောင်ချင်ပေမဲ့ ဟန်ချင်စုန့်က မေးလာသည့်အခါ သူမ၏ပါးပြင်များ နီရဲလာပြီး
"အဟမ်း..."
ရှောင်ဝမ် ဘယ်တုန်းက ကြားလိုက်တာလဲ...
သူ့ရှေ့မှာ မပြောမိဘူးဘူးထင်တယ်နော်...
သေချာသည်ပင်၊ ကလေးတွေရှေ့မှာ အရေးကြီးသည့်အရာတွေ မပြောရပေသူတို့ အားလုံးက သူလျှိုတွေချည်းသာ။
သူမ ရှက်စရာကောင်းသည့် ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။
"ဗိုက်ဆာနေပြီ...ဘာစားရမလဲ"
ဟန်ချင်စုန့် မူလက သာမန်ကာလျှံကာ မေးလိုက်ခြင်းဖြစ်သော်လည်း ယခု သူမ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကိုတွေ့သောအခါ သိချင်စိတ်တွေ နိုးကြားလာကာ သူ့လက်ကြီးကို သူမ၏ပခုံးလွယ်အိတ်ဆီ ဆန့်တန်းလိုက်သည်။
"ကိုယ်ကြည့်ပါရစေ"
လင်းလန် အကြံတစ်ခုကို အလျင်အမြန် ဖျစ်ညစ်ထုတ်လိုက်၏
"... ဆေး၊ ဟုတ်တယ် ရှောင်ဝမ့်ရဲ့ ဆေး"
သူမက ပြုံးလိုက်ကာ ချက်ချင်း သူ့လက်ကို ကိုင်၍ နောက်ခုံမှာ ဝင်ထိုင်လျက် သူ့ခါးကို ပုတ်ပြီး ညုတုတုလေးဆိုလိုက်၏။
"သွားကြစို့...ကျွန်မ ဗိုက်ဆာလို့သေတော့မယ်လို့"
ဟန်ချင်စုန့်၏ နှုတ်ခမ်းများ အလိုအလျောက် တွန့်ကွေးသွားကာ ဘာမှ မပြောဘဲ အိမ်ပြန်ရောက်မှ မေးရန် ဆုံးဖြတ်လိုက်သည်။
သူက သူမတို့ကို ခရိုင်တော်လှန်ရေး ကော်မတီ၏ ကန်တင်းသို့ ခေါ်သွား၏။
၎င်းသည် မူလက ခရိုင်အစိုးရဖြစ်ပြီး နောက်ပိုင်းတွင် တော်လှန်ရေးကောင်စီက အစားထိုးခဲ့သည်။ တော်လှန်ရေးကော်မတီကို အစပိုင်းတွင် စစ်တပ်က ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေးဆိုင်ရာ အရေးကိစ္စများကို လုပ်ဆောင်ရန် လိုအပ်နေသေးသဖြင့် လုပ်ကြံမခံခဲ့ရသော အစိုးရအရာရှိများကို အကူအညီဖြစ်စေခဲ့ပြီး အလုပ်သမား ဝါဒဖြန့်ချိရေးအဖွဲ့၊ လယ်သမား ဝါဒဖြန့်ချိရေး အဖွဲ့တို့နှင့် အဖွဲ့လေးဖွဲ့ စုပေါင်းပြီး အတူတူဆောင်ရွက်ခဲ့၏။
ယခု အခြေအနေတွေ တည်ငြိမ်လာပြီဖြစ်ရာ ဒေသဆိုင်ရာ အေဂျင်စီတွေ၏အုပ်ချုပ်ရေး လုပ်ငန်းတွေက ပိုထင်ရှားပြီး အရေးပါလာသည့်အတွက် အစိုးရ အရာရှိတွေက တာဝန်ယူလာပြီး တပ်မတော်က အာဏာ ရလာသလို တောင်သူလယ်သမား ဝါဒဖြန့်ချီရေး အဖွဲ့က ဖျက်သိမ်းလိုက်သည်မှာကြာပြီဖြစ်ကာ အလုပ်သမား ဝါဒဖြန့်ချိရေး အဖွဲ့ကလည်း ယခုအခါတွင် အရေးမပါသောအဖွဲ့အစည်းတစ်ခုသာဖြစ်သည်။
သို့ပေမဲ့ အလုပ်သမား ဝါဒဖြန့်ချီရေး အဖွဲ့ကမူ ဤနေရာ၌ စားသောက်နေကြဆဲပင်။
ကန်တင်းကို အလုပ်သမား ဝါဒဖြန့်ချိီရေးအဖွဲ့နှင့် တောင်သူလယ်သမား ဝါဒဖြန့်ချီရေးအဖွဲ့တို့က စီစဉ်ခြင်းဖြစ်၏။ ၎င်းကို တောင်သူလယ်သမား ဝါဒဖြန့်ချိရေးအဖွဲ့က ပူးပေါင်းစီစဉ်ထားသောကြောင့် အစားအသောက်ကောင်းပြီး ဟင်းသီးဟင်းရွက်နှင့် အသားများ စုံလင်လှသည်။ယခုလိုအချိန်မျိုးမှာ လူတွေက ဝင်လိုက်ထွက်လိုက်နှင့်အလွန်အသက်ဝင်နေ၏။
ယနေ့တွင် ဝက်သားနှပ်၊ အာလူးနုပ်နုပ်စဥ်းမွှေကြော် ၊ မက်ကရယ်ငါးနှပ်၊ ဂေါ်ဖီချဥ်စပ်များရှိပြီး မုန့်ပေါင်းများဝယ်ရန် အစားအသောက်လက်မှတ် လိုအပ်ပြီး အသီးအရွက်အတွက် ငွေသာလိုအပ်လေသည်။
"ချင်းယွမ် ဘယ်မှာလဲ"
လင်းလန်က ဟန်ချင်စုန့်ကို မကြည့်ဘဲ မေးလိုက်၏
"သူဘာလို့ လာမစားတာလဲ... အစားအသောက်လက်မှတ် မရှိဘူးလား"
"သူက လယ်သမား ဝါဒဖြန့်ရေးအဖွဲ့ကို သွားပြီးတော့ သူတို့နဲ့ အတူစားမှာ"
ဟန်ချင်စုန့်က ရှောင်ဝမ်ကို ကောက်ချီပြီး ထိုင်ခုံပေါ်မှာ ထိုင်လိုက်၏။
လင်းလန် အတူတူပြေးလာသော စစ်သားများကို မေးလိုက်ပြန်ရာ ဟန်ချင်စုန့်က ခပ်တိုးတိုးနှာမှုတ်လိုက်သည်။
“သူတို့ ဗိုက်ဆာနေမှာပေါ့"
လင်းလန်က တစ်ခုခုမှားနေပြီဟု ထင်သောကြောင့် သူကို့ လျှို့ဝှက်ချက်တွေ ပေါက်ကြားအောင်လုပ်ခိုင်းသလိုဖြစ်ပြီးအမှားလုပ်မိ မှာစိုး၍ မေးခွန်းတွေ အများကြီး မမေးတော့ပေ။
ဟန်ချင်စုန့်က မုန့်ပေါင်းလေးခုနှင့် ဝေါ်ဝေါ်ထိုငါးခု အရင်သွား ဝယ်ပြီး ၎င်းနောက် အသီးအရွက်တွေ သွားဝယ်လေသည်။ သူနှင့်အတူ နေ့လည်စာဘူးတစ်ဘူးသာ ယူလာခဲ့ပေမဲ့ ဟင်းအမယ်တိုင်းကိုယူချင်သည့်အတွက် ကန်တင်းက ပန်းကန်နှစ်ချပ် ငှားပြီး နောက်ထပ် နှစ်ပန်းကန်ယူခဲ့လိုက်၏။
ကန်တင်းထဲမှာ ကျောင်းသားကေ ညှပ်ထားသည့် တုတ်တုတ်ခိုင်ခိုင်အမျိုးသမီးက သူ့ကိုမြင်သည့်အခါ အဖွဲ့ခေါင်းဆောင်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။
အဖွဲ့ခေါင်းဆောင်က သူမကို ခေါင်းညိတ်ပြပြီး ထိုလူက ဟန်ချင်စုန့် ဖြစ်ကြောင်းအမူအရာပြ၏။
လည်ပင်းကမျက်နှာလောက်တုတ်သည့် အမျိုးသမီးက ခပ်ကြမ်းကြမ်းဆိုသည်။
"ဘယ်ကလဲ...နင်ဘာလို့ဒီလောက် ထူးဆန်းနေတာလဲ...ဟင်းတွေအများကြီးရှိတယ်...အလုပ်များတဲ့သူတွေကစောင့်နေကြတာ... အပျင်းထူတဲ့သူေတွမစားနဲ့"
ဟန်ချင်စုန့်က ပြောလိုက်၏။
"ရှန်ရွေ့ကွန်မြူနတီက အစည်းအဝေးပွဲအတွက် ဒီကိုရောက်နေတာ"
လက်အောက်ခံ ကွန်မြူနတီက အစည်းအဝေးလာသည့်အခါ သူတို့စားသောက်ရန်အတွက် ပိုက်ဆံနှင့်အစားအသောက်လက်မှတ်တွေ ယူလာနိုင်လေသည်။ဤသည်ကလည်း စည်းမျဥ်းတစ်ခုပင်။
ထိုမျှတင်မကသေးဘဲ ထောက်ပံ့ကြေးတွေလည်း ရှိ၏၊ မဟုတ်ပါက တချို့ ကွန်မြူနတီ ကေဒါတွေက ဒီကို လာချင်မှာ မဟုတ်ပါချေ။ စက်ဘီးမရှိသူတွေ လမ်းလျှောက်ရပေလိမ့်မည်။
အမျိုးသမီးက ယခုလို နှာခေါင်းရှုံ့ပြီးပြောမည်ဟုမည်သူသိပါမည်နည်း။
“အစည်းအဝေးရှိတာလား... ဒီနေ့ ဘယ်လိုအစည်းအဝေးရှိလို့လဲ... မသိချင် ဟန်ဆောင်မနေပါနဲ့ ...ဘာလို့စစ်ယူနီဖောင်း၀တ်ပြီး စစ်ဝါဒဖြန့်အဖွဲ့လို ဟန်မဆောင်တာလဲ...စားစရာသောက်စရာတွေ လှည့်စားယူနေတာလား...အဲဒါကိုမြင်ရင် ကွန်မြူနတီက ကေဒါတစ်ယောက်လို ဟန်ဆောင်လိမ့်မယ်... မမြင်လောက်အောင်ကိုကန်းနေတာ။ ဟမ့်... ကေဒါတွေက သူတို့ရဲ့ မိသားစုဝင်တွေကို ခေါ်လာတုန်းပဲ"
သူမက သူမ၏ လည်ပင်းထူထူကို ဆွဲဆန့်ကာ
ထိုနေရာတွင် ထိုင်နေသော လင်းလန် နှင့် ရှောင်ဝမ်တို့ကိုကြည့်ပြီး နှာပြင်းပြင်းမှုတ်ကာ ကွန်ကရစ်စားပွဲပေါ်သို့ လက်ထဲကဇွန်းဖြင့် ခေါက်လိုက်၏။
xxxxx